← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

Chapter 260

~

အခန်း ၂၆၀ : လူကောင်းကတ် အပေးခံလိုက်ရသည့် ငတုံးရှာကျူး

~

​နောက်တစ်နေ့ အလုပ်ဆင်းချိန်...

ရှာကျူးက ထမင်းဘူးနှစ်လုံးကို ကိုင်၍ ခြံဝင်းထဲသို့ မြှောက်ကြွမြှောက်ကြွဖြင့် ပြန်ရောက်လာသည် ။

​သူ အလယ်ခြံထဲသို့ ဝင်လိုက်သည်နှင့် ဘုံဘိုင်ဘေးတွင် အမြဲလိုလို အဝတ်လျှော်နေတတ်သည့် ချင်ဟွိုင်ရုကို တွေ့လိုက်ရ၏ ။

​ရှာကျူးက သူ့လက်ထဲရှိ ထမင်းဘူး( ချိုင့် .. ဘယ်ဟာ ပိုကောင်းလဲ မသိတော့ဘူး ..😑 ) နှစ်လုံးကို အလေးချိန်ဆသလို ချိန်ဆကြည့်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာကာ ပြုံးဖြီးဖြီး သူမအနားသို့ ချဉ်းကပ်သွားကာ...

​" ညီမချင်.. အဝတ်လျှော်နေတာလား.. "

​ချင်ဟွိုင်ရု လန့်သွားပြီး ခေါင်းလှည့်ကြည့်ကာ အသက်ကို ဝဝရှူလိုက်ပြီးမှ...

​" နင်ကတော့လေ ရှာကျူး.. ငါ့ကို လန့်သေစေချင်နေတာလား.. "

​ရှာကျူးက တဟားဟား ရယ်မောလိုက်ပြီးနောက် အပြစ်တင်သလိုဖြင့်...

​" ကျားကျန်းရှီကလည်း တကယ်ပဲ.. ညီမချင်မှာ ကိုယ်ဝန်ရှိနေတာကို အဝတ်တွေ လျှော်ခိုင်းနေတုန်းပဲ.. "

​ချင်ဟွိုင်ရု၏ မျက်ဝန်းများ နီရဲလာပြီး ခါးသီးသော အပြုံးဖြင့်...

​" ဒုံရွှီ ဆုံးသွားတာ မကြာသေးတော့ အမေလည်း စိတ်မကောင်းဖြစ်နေတုန်းပဲလေ.. "

​ဤသည်က ဆင်ခြေသက်သက်သာ ဖြစ်သည် ။ ပုံမှန်အချိန်များတွင်လည်း အိမ်မှုကိစ္စအားလုံးကို သူမတစ်ဦးတည်းကသာ လုပ်ဆောင်ရခြင်း ဖြစ်၏ ။ ရှောင်တန် မွေးဖွားစဉ်က သူမ မီးတွင်းကပင် မထွက်ရသေးဘဲ ကျားကျန်းရှီက အလုပ်ခိုင်းစေခဲ့ဖူးသည် ။ သို့သော်လည်း ဘဝကို ဆက်လက် လျှောက်လှမ်းရဦးမည် မဟုတ်ပါလော ။ သူမ ကျားကျန်းရှီအပေါ် မကျေမနပ် ဖြစ်မိသော်လည်း သူမ၏ ကလေးနှစ်ယောက်နှင့် ဗိုက်ထဲက ကလေးငယ်ကိုတော့ ပစ်ပယ်ထား၍ မရပေ ။

​ချင်ဟွိုင်ရု၏ သနားစရာ အမူအရာကို မြင်လျှင် ရှာကျူးက ကသိကအောက်ဖြင့် ခေါင်းကို ကုတ်ကာ...

​" တောင်းပန်ပါတယ် ..ညီမချင်.. ငါ တမင်ပြောတာ မဟုတ်ပါဘူး.. "

​ချင်ဟွိုင်ရုက ကြိုးစား ပြုံးလိုက်ပြီး...

​" ရပါတယ်.. ငါ့ကံကြမ္မာကပဲ ခါးသီးလွန်းလို့ပါ.. "

​ထိုစကားကို ကြားရပြီး အထူးသဖြင့် ချင်ဟွိုင်ရု၏ နီရဲ၍ မျက်ရည်လဲ့နေသော မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ ရှာကျူး၏ ရင်ထဲတွင် ကလိကလိ ဖြစ်သွားကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်း၍ နှစ်သိမ့်ပေးချင်စိတ်များပင် ပေါက်လာသည် ။ သို့သော်လည်း သူ့တွင် ထိုသို့ လုပ်ရဲသည့် သတ္တိမရှိသဖြင့် ပျာပျာသလဲပင်...

​" ကိစ္စမရှိပါဘူး ညီမချင်ရဲ့.. ညီမချင်မှာ ငါ ရှိသေးတာပဲ.. "

​ချင်ဟွိုင်ရုက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည် ။

​ရှာကျူး၏ အိုမင်းနေသော မျက်နှာကြီး ရဲတက်သွားပြီး အလျင်အမြန် လက်ဝှေ့ယမ်းကာ ရှင်းပြလိုက်ရ၏ ။

​" ငါပြောတာက.. အရင်က ညီမချင်နဲ့ ဒုံရွှီက ငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်လေ.. အခု ဒုံရွှီ မရှိတော့ ဒုံရွှီကိုယ်စား ညီမချင်တို့.. ပြီးတော့ ပန့်ကန့်တို့ မောင်နှမတွေကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်လို့ ပြောတာပါ.. "

​" ကျေးဇူးပါပဲ ရှာကျူးရယ်.. နင်က တကယ် စိတ်ကောင်းရှိတာပဲနော်.. "

​ချင်ဟွိုင်ရုက ရှက်ပီတိပြုံးလေး ပြုံးလိုက်သည် ။

​ရှာကျူးက ရိုးအစွာ ပြုံးလိုက်ပြီး ထမင်းဘူးနှစ်လုံးကို ကမ်းပေးရင်း...

​" အခုလောလောဆယ် ညီမချင်တို့ မိသားစု အခြေအနေ မကောင်းမှန်း ငါသိပါတယ်.. ဒါကြောင့် ဒီထမင်းချိုင့်တွေကို ညီမချင်တို့အတွက် ငါ တမင် ယူလာပေးတာ.. "

​" ကျေးဇူးတင်ပါတယ် ရှာကျူး.. "

​ချင်ဟွိုင်ရုက ထမင်းဘူးများကို လှမ်းယူရင်း ပြောလိုက်သည် ။ သူမ ထမင်းဘူးကို လှမ်းယူလိုက်စဉ် ရှာကျူး၏ လက်ကို တမင်တကာ မသိမသာလေး ထိကပ်ပွတ်ဆွဲသွားသည် ။

​ရှာကျူး၏ အဆီပြန်နေသော မျက်နှာက တဏှာရူးရုပ် ပေါက်သွားပြီး ရင်ထဲတွင် တရွရွနှင့် အသည်းယားသွားရချေသည် ။

​ရှာကျူး၏ ပုံစံကို မြင်လျှင် ချင်ဟွိုင်ရု ရင်ထဲ၌ ကျေနပ်သွားမိသည် ။ သူမက စိတ်ထဲတွင်...

​' ရှာကျူးလို ငတုံးမျိုးကို လက်ဖြောက်တစ်ချက်တီးရုံနဲ့တင် လှည့်စားလို့ရတာပဲ.. '

​သူမ ကျားဒုံရွှီ မှာကြားခဲ့သည့် စကားများကို ပြန်လည် သတိရလိုက်မိသည် ။ ရှာကျူးကို အခွင့်ကောင်း အနည်းငယ် ပေးရမည်ဖြစ်သော်လည်း လွန်လွန်ကျွံကျွံ မဖြစ်စေရ ။ သူ့ကို ကြိုးဆွဲထားကာ ကလေးများကို ကူညီကျွေးမွေးခိုင်းရချေမည် ။

​ရှာကျူးက မသိမသာ ပို၍ တိုးကပ်သွားပြီး လက်ကိုပင် မြှောက်လိုက်ကာ တစ်ခုခု လုပ်ရန် ပြင်လိုက်မိသည် ။

​"အဟွတ်.. အဟွတ်.."

​ထိုအခိုက် ကျားမိသားစု အိမ်ထဲမှ ချောင်းဆိုးသံ ထွက်ပေါ်လာလေသည် ။

​ရှာကျူး လန့်သွားပြီး ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်မှ ဒေါသတကြီး ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည့် ကျားကျန်းရှီကို တွေ့လိုက်ရ၏ ။

​ရှာကျူး ချက်ချင်း သတိဝင်လာပြီး လှုပ်ရှားခါနီး လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ကာ ချင်ဟွိုင်ရုကို ပြောလိုက်သည် ။

​" ညီမချင်.. ငါ အိမ်ပြန်တော့မယ်.. နောက်ဆိုရင် နေ့တိုင်း ညီမချင်တို့အတွက် ထမင်းဘူး ယူလာပေးပါ့မယ်.. တစ်ခုခု အခက်အခဲရှိရင်လည်း ငါ့ကို ပြောနော် အားမနာနဲ့.. "

​" အင်း.. ကျေးဇူးပါပဲ ရှာကျူးရယ်.. နင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ.. "

​" ဘာမှမဟုတ်ပါဘူး.. ဒါက ငါလုပ်သင့်တဲ့ ကိစ္စပဲဟာ.. "

​ရှာကျူးက လူကောင်းကတ်ပြား အပ်နှင်းခံလိုက်ရသဖြင့် ဝမ်းသာအားရနှင့် အိမ်သို့ ပြန်သွားလေတော့သည် ။

​ရှာကျူး ထွက်သွားသည်နှင့် ကျားကျန်းရှီ အပြင်သို့ ထွက်လာခဲ့သည် ။ သူမက ချင်ဟွိုင်ရုကို စိုက်ကြည့်ကာ သတိပေးလိုက်၏ ။

​" ချင်ဟွိုင်ရု.. သရုပ်ဆောင်တယ်ဆိုတာ သရုပ်ဆောင်တာပဲ.. ဒါပေမဲ့ ငါ သတိပေးလိုက်မယ်.. အဲ့ဒါကို အတည်ကြီး ဖြစ်မသွားစေနဲ့.. မဟုတ်ရင် အကျိုးဆက်ကို နင်သိတယ်နော်.. "

​မှန်ပေသည် ။ စောစောက အဖြစ်အပျက်မှာ ယောက္ခမနှင့် ချွေးမနှစ်ဦး ပူးပေါင်း၍ ကပြခဲ့သည့် ပြဇာတ်တစ်ခုသာ ဖြစ်၏ ။ ချင်ဟွိုင်ရု၏ လုပ်ရပ်က ရှာကျူးကို အချိုကျွေးခြင်း ဖြစ်ပြီး ရှာကျူးက အခွင့်ကောင်းယူရန် ကြိုးပမ်းလာချိန်တွင် ကျားကျန်းရှီက ဝင်ရောက်၍ အခြေအနေကို ကယ်တင်ရန် ကြိုတင် စီစဉ်ထားခြင်း ဖြစ်ပေသည် ။ ထို့အပြင် ကျားကျန်းရှီအနေဖြင့် ချင်ဟွိုင်ရုကို စောင့်ကြည့်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်နေ၏ ။

​ထိုစကားကို ကြားရလျှင် ချင်ဟွိုင်ရုက မချိတင်ကဲဖြင့်...

​" အမေရယ်.. ကျွန်မ ဒီမိသားစုအတွက် လုပ်နေရတာ မဟုတ်ဘူးလား.. အမေက ကျွန်မကို တကယ်မယုံဘူးဆိုရင်လည်း နောက်ဆို ရှာကျူးကို ဂရုမစိုက်တော့ပါဘူး.. "

​" နင် မလုပ်ရဲပါဘူး.. "

​ကျားကျန်းရှီက ခက်ထန်စွာ ပြောလိုက်သည် ။

​" အကယ်၍ ငါတို့သာ ရှာကျူးရဲ့ အကူအညီကို ဆုံးရှုံးလိုက်ရရင် ငါတို့မိသားစု ဘယ်လို ရှင်သန်ရမှာလဲ.. ညည်းကိုပဲ အားကိုးရမှာလား.. "

​ချင်ဟွိုင်ရု ပို၍ပင် စိတ်မကောင်း ဖြစ်သွားသည် ။ သူမ လုပ်ဆောင်သမျှ အရာအားလုံးမှာ ကျားဒုံရွှီ၏ အကြံဉာဏ်များ မဟုတ်ပါလော ။ ယခုမူ သူမသာ အပြစ်တင်ခံနေရ၏ ။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူမ ရှာကျူးကို လုံးဝ မပတ်သက်ချင် ။

သူ့ကိုယ်ပေါ်မှ ဆီညှော်နံ့များနှင့် ရင့်ထော်နေသော မျက်နှာကြီးကို မြင်ရုံမျှနှင့်ပင် သူမ အန်ချင်မိသည် ။ စားစရာများနှင့် ကျားဒုံရွှီ၏ မှာကြားချက်များသာ မရှိပါက သူမ ဤကဲ့သို့ လုပ်ဆောင်ရန် မည်သို့ စိတ်ကူးပါမည်နည်း ။

​သူမက ထိုအကြောင်းကို တွေးတောရင်း မေးလိုက်မိသည် ။

​" အမေ.. မနေ့ညက ဦးလေးယီဆီ သွားခဲ့တယ်မလား.. သူ ကျွန်မတို့မိသားစုကို ကူညီမယ်လို့ ကတိမပေးဘူးလား.. "

​ကျားကျန်းရှီက နှာခေါင်းရှုံ့၍ လှောင်ပြုံး ပြုံးလိုက်ပြီး...

​" ရှာကျူးက နောက်ဆို ငါတို့မိသားစုအတွက် နေ့တိုင်း ထမင်းဘူး ယူလာပေးပါ့မယ်လို့ ဘာလို့ သဘောတူသွားတယ် ထင်လဲ.. "

​ချင်ဟွိုင်ရုက အံ့အားသင့်စွာဖြင့်...

​" အမေပြောချင်တာက အဲ့ဒါ ဦးလေးရဲ့ အကြံပေါ့လေ.. "

​" မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ.. "

​ကျားကျန်းရှီက နှာခေါင်းရှုံ့ကာ...

​" ယီကျုံးဟိုင်ဆိုတဲ့ အဘိုးကြီးက အပြင်ပန်းကြည့်ရင် လူကြီးလူကောင်းလိုလိုနဲ့ နင် ညာမခံလိုက်နဲ့.. သူက သိပ်ကို တွန့်တိုတာ.. တို့မိသားစုကို ကူညီဖို့ သူ့အိတ်ထဲကနေ စိုက်ထုတ်မှာ မဟုတ်ဘူး.. တကယ်လို့ ဒုံရွှီသာ အသက်ထင်ရှား ရှိနေသေးရင်တော့ တစ်မျိုးပေါ့.. အခုတော့ အဲ့ဒါမျိုး လုံးဝ စိတ်မကူးနဲ့တော့.. "

​ချင်ဟွိုင်ရု နားထောင်ရင်း သူမ၏ မျက်နှာတစ်ခုလုံး ခါးသီးမှုများဖြင့် ပြည့်နှက်သွားသည် ။ အမှန်တကယ်ပင် လူမရှိလျှင် လက်ဖက်ရည် အေးရသည် ဆိုသကဲ့သို့ပင် ။

သူမ၏ အမျိုးသား ဆုံးပါးသွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ ။ ဤကဲ့သို့သော ဘဝမျိုး မည်မျှအထိ ဆက်သွားရဦးမည်ကို သူမ မသိတော့ပေ ။ သို့သော်လည်း သူမအနေဖြင့် အခြား မည်သို့ လုပ်နိုင်ပါဦးမည်နည်း ။ ကလေးတွေကို ပစ်ထားပြီး ထွက်ပြေးသွားရန်လည်း မဖြစ်နိုင် ။

​အချိန်များ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် အချိန်ကာလကို ရောက်ရှိလာခဲ့သည် ။

​ယနေ့က သောကြာနေ့ ဖြစ်သည် ။ ဟဲယွီဆွေက ကျောင်းမှ အိမ်သို့ ပြန်ရောက်လာပြီးနောက် ရိက္ခာကူပွန် သို့မဟုတ် တစ်ခုခုကို ယူရန်အတွက် ရှာကျူး၏ အခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏ ။

​ယန်ကျီဝမ်က သူမကို အသက်မွေးဝမ်းကျောင်းကျောင်း တက်ရောက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ပြောခဲ့သော်လည်း သူမ မတတ်နိုင်ခဲ့ဘဲ အထက်တန်းကျောင်းသို့သာ တက်ရောက်ခွင့် ရခဲ့သည် ။

​အထက်တန်းကျောင်း စတင်တက်ရောက်ပြီးနောက် ကျောင်းနှင့် အိမ် အလှမ်းကွာဝေးသဖြင့် သူမ အဆောင်တွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့သည် ။ အပတ်စဉ် သောကြာနေ့တိုင်းမှသာ အိမ်သို့ ပြန်လာတတ်၏ ။

​သူမ အိမ်ပြန်ရောက်တိုင်း ပထမဦးဆုံး လုပ်ဆောင်သည့် အလုပ်မှာ ရှာကျူး ကူပွန်အားလုံးကို ကျားမိသားစုထံ ပေးပစ်လိုက်မည်ကို စိုးရိမ်သဖြင့် ရှာကျူး၏ အခန်းထဲသို့ သွားရောက်၍ ရိက္ခာကူပွန်များ ရှာဖွေခြင်း ဖြစ်သည် ။

​သို့သော်လည်း ဗီဒိုထဲတွင် အချိန်အတော်ကြာ မွှေနှောက်ရှာဖွေပြီးသည့်တိုင် ကူပွန်များကို လုံးဝ မတွေ့ရသည့်အခါ သူမ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည် ။

​ယခုအခါ ကျားဒုံရွှီ မရှိတော့သဖြင့် ချင်ဟွိုင်ရုက မုဆိုးမတစ်ဦး ဖြစ်လာခဲ့လေပြီ ။ သူမ အရင်က အိမ်ပြန်လာစဉ်ကပင် ရှာကျူးတစ်ယောက် ကျားမိသားစုထံသို့ နေ့စဉ် ထမင်းဘူးများ ပို့ဆောင်ပေးနေကြောင်း ကြားသိခဲ့ရ၏ ။

​သို့သော် သူမ ရှာကျူးကို လက်လျှော့လိုက်ပြီ ဖြစ်၍ သူမ စားစရာရှိနေသရွေ့ ရှာကျူး ဘာလုပ်လုပ် စိတ်မဝင်စားတော့ပေ ။

​ကျောင်းပိတ်ထားစဉ် အချိန်အတွင်းက သူမသည် လက်မှုအလုပ်များ လုပ်ကိုင်ပြီး ငွေအနည်းငယ် စုဆောင်းထားခဲ့သည် ။ ကျောင်းလခကို သူမဘာသာ ပေးဆောင်ခဲ့ပြီး စားစရိတ်မှာလည်း သူမ၏ ငွေသာ ဖြစ်သဖြင့် ယွီဆွေက ရှာကျူးအပေါ် လုံးဝ အားကိုးခြင်း မရှိတော့ချေ ။

​သို့သော်လည်း သူမ၏ လစဉ် ရိက္ခာဝေစုမှာ သူမ ရသင့်ရထိုက်သော အရာဖြစ်သဖြင့် ထိုသည်ကိုတော့ သူမအား ပေးအပ်ရမည်သာ ။

​သို့သော် ယခုမူ အခြေအနေက ပိုမိုဆိုးရွားလာပေသည် ။ကူပွန်များနှင့် ပစ္စည်းအားလုံး လုံးဝ မရှိတော့ ။ ရှာကျူးက ကျားမိသားစုကို ကူညီရန်အတွက် ထိုအရာများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သူမ အလွယ်တကူပင် ခန့်မှန်းမိလိုက်သည် ။

​ချက်ချင်းပင် သူမ၏ မျက်နှာ မည်းမှောင်သွားတော့သည် ။ ရှာကျူး ဘာလုပ်သည်ကို သူမ ဝင်ရောက် မစွက်ဖက်နိုင်သလို စွက်ဖက်ပိုင်ခွင့်လည်း မရှိပေ ။ သို့သော် သူမ၏ ပစ္စည်းများကို ယူ၍ တခြားလူကို ကူညီပြီး သူမကို ငတ်သေအောင် လုပ်သည့် ကိစ္စမျိုးကိုတော့ လုံးဝ ခွင့်လွှတ်ပေးနိုင်စရာ မရှိ ။

​ယွီဆွေက ရှာကျူးကို သွားရောက်ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် လက်ဗလာဖြင့် ပြန်လာနေသော ရှာကျူးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရ၏ ။ သူမ မော့ကြည့်လိုက်သည့်အခါ ချင်ဟွိုင်ရုက ထမင်းဘူးနှစ်လုံးကို ကိုင်ဆောင်၍ အခန်းထဲသို့ ပြန်ဝင်သွားသည်ကို မြင်လိုက်ရပေသည် ။

​ဟဲယွီဆွေကို မြင်လျှင် ရှာကျူး အံ့အားသင့်သွားပြီး...

​" ယွီဆွေ.. နင် ဘာလို့ ပြန်ရောက်နေတာလဲ.. "

All Chapters