← Chapters

အခန်း ၂၆၂

Vol. 26 Ch. 262

အခန်း ၂၆၂

Vol. 26 Ch. 262

Chapter 262

~

အခန်း ၂၆၂ : ဟဲမိသားစု၏ အစဥ်အလာ

~

​" နင်ပြောတဲ့စကားက တကယ်ကို ရယ်ရတာပဲ.. နင် ငါ့ကို နောက်ဆုံးအကြိမ် ပိုက်ဆံပေးခဲ့တာ ဘယ်တုန်းကလဲ ဆိုတာ မှတ်မိသေးရဲ့လား.. "

​ဟဲယွီဆွေက လှောင်ပြုံး ပြုံးလိုက်သည် ။ ရှာကျူးထံမှ ပိုက်ဆံမတောင်းခဲ့သည်မှာ မည်မျှကြာနေပြီဖြစ်ကြောင်း သူမကိုယ်တိုင်ပင် မမှတ်မိတော့ချေ ။

​အရင်က ကျောင်းပိတ်ထားချိန်တွင် သူမသည် နေ့တိုင်းလိုလို အိမ်၌သာနေကာ လက်မှုအလုပ်များကို လုပ်ကိုင်ခဲ့သည် ။ ထို့နောက် ရိက္ခာကူပွန် ယူကာ ကိုယ်တိုင် ရိက္ခာသွားဝယ်ခဲ့ရ၏ ။ အကယ်၍ ရှာကျူးကိုသာ အားကိုးနေရပါက သူမ အစောကြီးကတည်းက ငတ်သေနေလောက်လေပြီ ။

​" နင်...... ငါ...... "

​ရှာကျူးသည် မျက်နှာကြီး နီရဲသွားသော်လည်း ပြန်လည် ချေပစရာ စကား မရှိပေ ။

​ဟဲယွီဆွေအား နောက်ဆုံးအကြိမ် ငွေပေးခဲ့သည်မှာ မည်သည့်အချိန်က ဖြစ်ကြောင်းကို သူကိုယ်တိုင်လည်း မမှတ်မိတော့ ။ သူ့တွင် ညီမတစ်ယောက် ရှိနေသေးကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ချေပြီ ။ ဤသည်မှာ နောက်ပြောင်နေခြင်း လုံးဝ မဟုတ် ။ သူ၏ ရင်ထဲတွင် ဟဲယွီဆွေအတွက် နေရာလေး အနည်းငယ်မျှ ရှိနေသေးပါလျှင် ယခုလို အခြေအနေမျိုးအထိ ဆိုက်ရောက်လာမည် မဟုတ်ချေ ။

​ဟဲယွီဆွေက စိတ်မရှည်တော့ဘဲ တည်ငြိမ်စွာဖြင့်...

​" ရပြီ.. နင် ဘာမှ ရှင်းပြနေစရာ မလိုတော့ဘူး.. ရှင်းပြဖို့လည်း မလိုအပ်တော့ဘူး.. အိမ်ခွဲတဲ့ ကိစ္စအတွက် ငါ့မှာ တခြား တောင်းဆိုစရာ ဘာမှမရှိဘူး.. အခု ငါနေနေတဲ့ အခန်းလေးကို လိုချင်တယ်.. ပြီးတော့ ရိက္ခာစာအုပ် ခွဲပေးရင် ရပြီ.. "

​သူမက ပို၍ မတောင်းဆိုချင်သည် မဟုတ်ဘဲ ပိုတောင်းလျှင်လည်း ရှာကျူးဘက်က ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း နားလည်ထားသောကြောင့် ဖြစ်သည် ။

​" နင့်သဘောပဲ.. "

​ရှာကျူး၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေသော်လည်း ရင်ထဲတွင်တော့ လှောင်ပြုံး ပြုံးနေခဲ့သည် ။

​ဟဲယွီဆွေ မည်မျှအထိ ခေါင်းမာနိုင်မည်ကို သူ စောင့်ကြည့်ချင်သေးသည် ။ အချိန်တန်လျှင် သူ့ထံသို့ ပြန်လာ၍ တောင်းပန်မည့် အချိန်ကို သူ စောင့်မျှော်နေပေမည် ။

​" ကောင်းပြီလေ.. မနက်ဖြန် ငါတို့ အိမ်သွားခွဲကြမယ်.. "

​ဟဲယွီဆွေက သူ မနက်ဖြန် အလုပ်ဆင်းရမည်၊ မဆင်းရမည်ကို ဂရုမစိုက်တော့ဘဲ စကားတစ်ခွန်း ချန်ထားရစ်ကာ ထွက်သွားသည် ။

​" တောက်.. ဘာကိစ္စတွေလဲကွာ.. "

​ရှာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ အားပါးတရ ဖွာရှိုက်လိုက်သည် ။

​သူ့ကိုယ်သူ အပြစ်ရှိသည်ဟု မထင်ဘဲ ဟဲယွီဆွေကသာ ကိစ္စကို ပုံကြီးချဲ့နေသည်ဟု ထင်မြင်နေ၏ ။ ထမင်းတစ်နပ် ငတ်သွားရုံမျှသာ မဟုတ်ပါလော ။ မနက်ဖြန်တွင် သူမအား ရိက္ခာပေးမည်ဟု သူ သဘောတူထားပြီး ဖြစ်သော်လည်း သူမက အိမ်ခွဲရန် အတင်းအကြပ် ပြဿနာရှာနေသေးသည် ။

​...

​အခြားတစ်ဖက်တွင် ။

​ဟဲယွီဆွေသည် ရှာကျူး၏ အိမ်မှ ထွက်လာပြီးနောက် သူမ၏ အခန်းသို့ မပြန်ဘဲ ရှေ့ဘက်ခြံဝင်းဆီသို့ ထွက်လာခဲ့သည် ။

​တကယ်တော့ သူမ မွန်းတည့်ချိန်ကတည်းက ဘာမှ မစားရသေးပေ ။

​ရှာကျူးကို အားကိုး၍ မရမှန်း သူမ သိထားသဖြင့် ချွေတာနိုင်သမျှ ချွေတာရန် တွေးကာ နေ့လယ်စာ မစားဘဲ အိမ်ပြန်ရောက်မှ စားမည်ဟု တွေးထားခဲ့သည် ။ သို့သော် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ ။

​ထို့ကြောင့် သူမက အိမ်ခွဲရန် ပြတ်ပြတ်သားသား တောင်းဆိုနေခြင်းဖြစ်သည် ။

လူတွေဆိုသည်က ဤသို့ပင် ။ ဟဲယွီဆွေသည် ဝမ်းတစ်ခါးစာအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ။ သို့သော် ရှာကျူးကတော့ ထိုသို့ မထင်မြင်သည့်အပြင် ဟဲယွီဆွေကို အသိဉာဏ်ကင်းမဲ့သည်ဟုပင် ယူဆနေသေးသည် ။

​လူတို့၏ စိတ်နှလုံးထဲမှ အစွဲအလမ်းဆိုသည်မှာ ကျော်ဖြတ်၍မရနိုင်သော ကြီးမားမြင့်မားသည့် တောင်ကြီးတစ်လုံးနှင့် တူလှပေသည် ။

​ဟဲယွီဆွေသည် ယန်ကျီဝမ်၏ အိမ်ရှေ့သို့ ရောက်လာပြီး တံခါးကို ခေါက်လိုက်ကာ...

​" အစ်ကိုကျီဝမ်.. မမယွီလီ.. အိပ်ကြပြီလား.. "

​ခဏအကြာတွင် တံခါး ပွင့်လာသည် ။ ယွီလီက ပါးလွှာသော အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏ ။ ဤခေတ်တွင် ဖျော်ဖြေရေး အစီအစဉ်များ သိပ်မရှိသဖြင့် သူတို့ ဇနီးမောင်နှံသည် ထမင်းစားပြီးသည်နှင့် အိပ်ရာဝင်ရန် ပြင်ဆင်နေကြလေပြီ ( အဟဲ.. အဟဲ..) ။ ရှီတိုးအား အဘိုးအဘွားများ ထံ၌သာ သိပ်ထားသည် ။

​" ယွီဆွေ.. ညီမလေး ဘယ်လိုလုပ် ရောက်လာတာလဲ.. "

​ယွီလီက သိချင်စိတ်ဖြင့် မေးလိုက်သည် ။

​ဟဲယွီဆွေသည် အထက်တန်းကျောင်း တက်ကတည်းက သူတို့ထံသို့ လာရောက်လည်ပတ်ခြင်း သိပ်မရှိတော့ပေ ။ ဟဲယွီဆွေက သူတို့ကို အလုပ်မရှုပ်စေချင်၍ဖြစ်ကြောင်း ယွီလီ နားလည်ပေသည် ။

​" မမ.. ညီမလေး.အီးးဝူးဝူးး.... "

​ဟဲယွီဆွေက စကားစပြောရန် ပြင်လိုက်သော်လည်း စကားလုံးများ ထွက်မလာဘဲ မျက်ရည်များ ကျဆင်းလာခဲ့သည် ။

​" ယွီဆွေ.. မငိုပါနဲ့.. ဘာဖြစ်လာတာလဲဟယ်.. မမတော့ စိတ်ပူလွန်းလို့ သေတော့မယ်.. "

​ယွီလီက ထိုမြင်ကွင်းကို မြင်လျှင် အလွန် စိုးရိမ်ပူပန်သွားသည် ။ သို့သော် ဟဲယွီဆွေက ဘာမှမပြောသဖြင့် သူမ မခန့်မှန်းနိုင်ပေ ။

​ထိုစဉ် ယန်ကျီဝမ် ထွက်လာပြီး ဟဲယွီဆွေ၏ ပုံစံကို မြင်လျှင် မျက်မှောင်ကြုတ်၍...

​" ယွီဆွေ.. ရှာကျူးက ညီမလေးကို ထပ်အနိုင်ကျင့်ပြန်ပြီလား.. လာ.. အစ်ကို သူ့ကို ညီမလေးအတွက် ဒေါသဖြေပေးမယ်.. "

​ဟဲယွီဆွေက ခေါင်းခါလိုက်ပြီး...

​" မလိုပါဘူး.. ညီမလေး လာတာက အစ်ကိုတို့ဆီက ရိက္ခာကူပွန်လေး နည်းနည်းလောက် ချေးချင်လို့ပါ.. "

​စကားအဆုံးတွင် သူမ ခေါင်းငုံ့သွားပြီး အားနာနေပုံရသည် ။

​ယန်ကျီဝမ်နှင့် ယွီလီတို့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည် ။

​ယွီလီက...

​" ယွီဆွေ.. ညီမလေး ဘယ်လောက် လိုချင်လို့လဲ.. "

​" အစိတ်... မဟုတ်ဘူး.. ဆယ့်ငါးကျင်းဆိုရင် ရပါပြီ.. "

​ဟဲယွီဆွေသည် အစိတ်ဟု ပြောချင်သော်လည်း အနည်းငယ် အားနာသွားမိသည် ။ ယန်ကျီဝမ်တို့ ဇနီးမောင်နှံက သူမအား ကူညီပေးခဲ့သည်မှာ လုံလောက်နေလေပြီ ။ ဆယ့်ငါးကျင်း ဆိုလျှင်လည်း ချွေတာစားပါက လုံလောက်ပေလိမ့်မည် ။

​သူမ ရှာကျူးနှင့် အိမ်ခွဲရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သော်လည်း ယခုလအတွက် ရိက္ခာကူပွန်များကို ရှာကျူးက သုံးပစ်လိုက်ပြီ ဖြစ်၍ ယန်ကျီဝမ်ထံတွင် လာချေးရခြင်း ဖြစ်သည် ။ ခြံဝင်း တစ်ခုလုံးတွင် သူမအား ချေးနိုင်သူ ဟူ၍ ယန်ကျီဝမ် တစ်ယောက်သာ ရှိပေသည် ။ ဟဲယွီဆွေသည် ယန်ကျီဝမ်အား ထပ်မံ၍ ဒုက္ခမပေးလိုသော်လည်း ယခုအချိန်တွင် သူမ၌ အခြား နည်းလမ်း မရှိတော့ပေ ။

​ထိုစကားကို ကြားလျှင် ယန်ကျီဝမ်က ယွီလီအား ခေါင်းညိတ်ပြလိုက်သည် ။ ယွီလီက ရိက္ခာကူပွန်များ ယူရန် အခန်းထဲသို့ ပြန်ဝင်သွား၏ ။ သိပ်မကြာမီ ယွီလီ ပြန်ထွက်လာခဲ့သည် ။ သူမက ရိက္ခာကူပွန် တစ်ထပ်ကို ဟဲယွီဆွေထံ ကမ်းပေးရင်း...

​" ယွီဆွေ.. ဒါတွေ အကုန်ယူသွားလိုက်ပါ.. မလောက်ရင် မမကို လာပြောဦးနော်.. အားနာမနေနဲ့.. "

​ဟဲယွီဆွေက လှမ်းယူလိုက်ပြီးနောက် ဝမ်းသာစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည် ။

​" ကျေးဇူးတင်ပါတယ် အစ်ကိုကျီဝမ်.. ကျေးဇူးတင်ပါတယ် မမ.. "

​ယန်ကျီဝမ်က သက်ပြင်းချလိုက်ပြီး...

​" ယွီဆွေ.. ညီမလေး ရှေ့ဆက် ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ.. "

​ရှာကျူးက ကျားမိသားစုကို ထောက်ပံ့နေသည့် ကိစ္စကို သူ ကြားထား၏ ။ အရင်ကလိုပင် ဖြစ်မည်ဟု ထင်မှတ်ထားသဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ ။ သို့သော် ယခု ကြည့်ရသည်မှာ ရှာကျူးက အရင်ကထက် ပို၍ လွန်ကဲလာခဲ့လေပြီ ။ ကျားဒုံရွှီ သေဆုံးသွားသဖြင့် သူ့အတွက် အခွင့်အရေး ရှိလာပြီဟု ထင်မြင်ကာ ကျားမိသားစုအား ပိုမို၍ အင်တိုက်အားတိုက် ထောက်ပံ့ပေးနေခြင်း ဖြစ်ပုံရ၏ ။ သို့သော် ဟဲယွီဆွေ အတွက်ကတော့ ခက်ခဲသွားပေပြီ ။ သူမသည် ယခုတိုင် ကျောင်းတက်နေဆဲ ဖြစ်ပြီး ဝင်ငွေလည်း မရှိသေးချေ ။ ထို့အပြင် ကျောင်းပြီးရန် သုံးနှစ်ခန့်ပင် လိုသေးသည် ။

​ဟဲယွီဆွေက ခါးသီးစွာ ပြုံးလိုက်ပြီး...

​" မသိတော့ပါဘူး.. ညီမလေး ကတော့ သူနဲ့ အိမ်ခွဲဖို့ ဆုံးဖြတ်ပြီးသွားပြီ.. မနက်ဖြန်ပဲ သွားလုပ်တော့မှာ.. "

​ယွီလီက အံ့သြသွားကာ...

​" အိမ်ခွဲမယ်.. ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ဖြစ်သွားရတာလဲ.. "

​ဟဲယွီဆွေက ခါးသီးစွာ ပြုံးလိုက်ပြန်ပြီး...

​" အခု အိမ်ခွဲတာနဲ့ မခွဲတာ ဘာများ ကွာခြားတော့လို့လဲ.. သူက ကျားမိသားစုကို ထောက်ပံ့ဖို့လောက်ပဲ စိတ်ထဲမှာ ရှိနေတာ.. ညီမတစ်ယောက် ရှိနေတာကိုတောင် သူ မေ့နေပြီလေ.. ဒီလိုမှတော့ သူ့ဆန္ဒအတိုင်း ဖြစ်သွားတာပဲ ပိုကောင်းပါတယ်.. "

​ယွီလီက ယန်ကျီဝမ်ကို လှမ်းကြည့်လိုက်သည် ။ သူမ မည်သို့ ဖျောင်းဖျရမည်ကို မသိတော့ပေ ။ အရင်က မောင်နှမ နှစ်ယောက် အတူတကွ မှီခိုနေထိုင်ခဲ့ကြပြီး ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်ဟု ကြားသိရ၏ ။ ယခုလို အိမ်ခွဲရမည့် အခြေအနေမျိုးအထိ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ ။

​ယန်ကျီဝမ်က ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ...

​" အင်း.. ညီမလေး ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ပြီးတာပါပဲ.. ပိုက်ဆံနဲ့ ရိက္ခာအတွက်တော့ စိတ်မပူပါနဲ့.. အစ်ကို အရင် ချေးပေးထားပါ့မယ်.. နောက်မှ ညီမလေး အလုပ်ရတဲ့အခါ ပြန်ဆပ်ပေါ့.. "

​ယွီလီကလည်း ဝင်၍...

​" ဟုတ်တယ်.. အခက်အခဲ တစ်ခုခုရှိရင် မမကို လာပြောနော်.. "

​" ကျေးဇူးတင်ပါတယ်.. "

​ဟဲယွီဆွေ၏ ရင်ထဲတွင် အလွန် ဝမ်းသာပီတိ ဖြစ်သွားသည် ။ တစ်ချိန်တည်းမှာပင် အလွန် ရယ်စရာကောင်းသည်ဟုလည်း ခံစားလိုက်ရ၏ ။ သူမ၏ အကို အရင်းခေါက်ခေါက်က အိမ်နီးချင်း လောက်ပင် သူမအပေါ် မကောင်းချေ ။

​ထို့နောက် သူမက သူတို့နှစ်ဦးကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး ခေါင်းခါပြကာ...

​" ဒါပေမဲ့ မလိုတော့ပါဘူး.. ညီမလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်လို့ပါ.. "

​ယွီလီက မျက်မှောင်ကြုတ်လိုက်ပြီး...

​" နင်က တကယ် ခေါင်းမာတဲ့ ကောင်မလေးပဲ.. နင်က အခု ကျောင်းတက်နေရတာလေ.. ဘယ်ကနေ ဝင်ငွေ ရမှာလဲ.. "

​ဟဲယွီဆွေက အားတင်း၍ ပြုံးပြကာ...

​" ညီမလေး ကျောင်းတက်ရင်းနဲ့ လက်မှုအလုပ်တွေ တွဲလုပ်လို့ ရပါတယ်.. ချွေချွေတာတာ သုံးမယ်ဆိုရင် လောက်ငမှာပါ.. "

​" အဲ့ဒါဆို အရမ်း ပင်ပန်းမှာပေါ့.. "

​ယွီလီ အလွန် သနားသွားမိသည် ။ တစ်ချိန်တည်းမှာပင် ရှာကျူးအား လူမဆန်သူဟု စိတ်ထဲမှ ကျိန်ဆဲလိုက်၏ ။ ဤမျှ လိမ္မာရေးခြားရှိသော ညီမလေးကို တန်ဖိုးမထားတတ်ဘဲ မုဆိုးမ တစ်ယောက်ကို ထောက်ပံ့ရန်သာ ခေါင်းထဲ၌ အပြည့်တွေးနေသည် ။ ထိုအရူး မည်သို့များ တွေးနေသည်ကို သူမ နားမလည်နိုင်တော့ပေ ။

​အကယ်၍သာ ယန်ကျီဝမ်က သူမ၏ အတွေးကို သိရှိခဲ့ပါလျှင်.....

' ဒါကတော့ မတတ်နိုင်ဘူးလေ.. ဟဲမိသားစုရဲ့ အစဥ်အလာအရ မုဆိုးမတွေကိုမှ သဘောကျတတ်တဲ့ အကျင့်.. '

​ယန်ကျီဝမ်သည်တော့ အတွေးနက် နေလေ၏ ။ ဟဲယွီဆွေ၏ စရိုက်က အလွန် ခေါင်းမာလွန်းလှပြီး သူ၏ အကူအညီကို လက်မခံလိုပေ ။ သို့သော် သူမ ပြောသလိုသာဆိုလျှင် နောင်လာမည့် နှစ်အနည်းငယ် အတွင်း သူမ ဒုက္ခများစွာ ခံစားရပေလိမ့်မည် ။

​ထိုအကြောင်းကို တွေးမိလျှင် ယန်ကျီဝမ် သည် သူ၏ ဝှက်ဖဲကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည် ။ မူလက ယီကျုံးဟိုင် သူ့အား လာရောက် ရန်စသည့် တစ်နေ့တွင် ရင်ဆိုင်ရန်အတွက် ထိုအကြံကို သိမ်းထားခဲ့ခြင်း ဖြစ်သည် ။ သို့သော် ယခုတော့ ကြိုတင်၍ ထုတ်သုံးရတော့မည့်ပုံ ပေါ်နေ၏ ။

​ထို့ကြောင့် သူက ရုတ်တရက် စကားစလိုက်သည် ။

​" ယွီဆွေ.. အိမ်ခွဲမယ့် ကိစ္စက အရေးမကြီးသေးပါဘူး.. အစ်ကို ထင်တာတော့ ဒီလိုကိစ္စမျိုးကို ညီမလေး အဖေကို အရင် အသိပေးတာ အကောင်းဆုံး ဖြစ်မယ်.. "

All Chapters