← Chapters

အခန်း ၂၆၃

Vol. 26 Ch. 263

အခန်း ၂၆၃

Vol. 26 Ch. 263

Chapter 263

~

အခန်း ၂၆၃ ပေါင်တင်းသို့ သွားခြင်း

~

​" ဘာလို့ သူ့ကို ပြောရမှာလဲ.. "

​ဟဲယွီဆွေက မျက်မှောင်ကြုတ်လိုက်သည် ။

​သူမရင်ထဲတွင် ဟဲတာချင်းအပေါ် နာကြည်းချက်များ ရှိနေ၏ ။ ထိုစဉ်က သူမသည် အလွန် ငယ်ရွယ်သေးသော်လည်း ဟဲတာချင်းက သူမအား ရက်စက်စွာ ပစ်ထားခဲ့သည် ။

​ဟဲတာချင်း ထွက်ပြေးသွားချိန်တွင် သူမနှင့် ရှာကျူးတို့က သူ့ကို လိုက်ရှာခဲ့ကြသေးသည် ။ သို့သော် နောက်ဆုံးတွင် သူ၏ မျက်နှာကိုပင် မမြင်တွေ့ခဲ့ရချေ ။ ထိုအချိန်က ဟဲယွီဆွေသည် အလွန် ဝမ်းနည်းစွာ ငိုကြွေးခဲ့ရ၏ ။

​နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်၍ သူမ ဟဲတာချင်း၏ ရုပ်သွင်ကိုပင် မေ့လုနီးပါး ဖြစ်နေချေပြီ ။ ယခု ယန်ကျီဝမ်ထံမှ ထိုနာမည်ကို ရုတ်တရက် ကြားလိုက်ရချိန်တွင် သူမ ရင်ထဲ၌ အနည်းငယ် နေရခက်သွားသည် ။

​ယန်ကျီဝမ်က သက်ပြင်းချလိုက်ပြီး...

​" ယွီဆွေ.. တကယ်တော့ ညီမလေးက ဦးလေးဟဲကို အထင်လွဲနေတာပါ.. အဲ့တုန်းက သူ ထွက်မသွားခင် အရာအားလုံးကို စီစဉ်ပေးခဲ့ပါတယ်.. "

​" ညီမလေး အစ်ကိုရဲ့ အလုပ်ကိုလည်း သူကိုယ်တိုင် စီစဉ်ပေးခဲ့တာ.. ပြီးတော့ သူက လစဉ်လတိုင်း ငွေတွေတောင် ပို့ပေးခဲ့သေးတယ်.. ရှာကျူးရဲ့ လစာနဲ့ သူပို့ပေးတဲ့ ငွေတွေ ပေါင်းလိုက်ရင် မောင်နှမ နှစ်ယောက် ဝမ်းဝဖို့ လုံလောက်မယ်လို့ သူ တွေးခဲ့တာဖြစ်မယ်.. "

​ဟဲယွီဆွေ ထိုစကားကို ကြားလျှင် မျက်မှောင်ကြုတ်သွားပြီး ယန်ကျီဝမ်၏ စကားအပေါ် သံသယဝင်သွားဟန်ဖြင့်...

​" ပိုက်ဆံ ပို့ပေးတယ်.. အစ်ကိုရှာကျူး ပြောတာကို တစ်ခါမှ မကြားဖူးပါလား.. "

​" ပြီးတော့ အကိုရှာကျူးရဲ့ အလုပ်က ယီကျုံးဟိုင် ကူညီပေးလို့ ရခဲ့တာ မဟုတ်ဘူးလား.. "

​ရှာကျူးက ဦးလေးယီသည် သူ့အပေါ် ကောင်းသည်ဟု အမြဲပြောလေ့ရှိပြီး ယီကျုံးဟိုင်၏ စကားကိုလည်း လိုလိုလားလား နားထောင်တတ်၏ ။ ဤသည်မှာ အရေးအကြီးဆုံး အကြောင်းရင်းပင် ဖြစ်သည် ။

​ထိုစဉ်က ယီကျုံးဟိုင်သည် ရှာကျူးအား တမင်သက်သက် ဟိုဟိုဒီဒီ ခေါ်သွားခဲ့ပြီး နောက်ဆုံးမှ အလုပ်ရအောင် လုပ်ပေးခဲ့သည် ။ ရှာကျူးအား သူ၏ ကျေးဇူးကို မှတ်မိနေစေရန်အတွက်ပင် ။

​တကယ်တမ်းတွင် ရှာကျူး၏ အလုပ်သည် သူနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိ ။ ထိုစဉ်က ဟဲတာချင်းသည် သံမဏိစက်ရုံ၏ ခေါင်းဆောင်စားဖိုမှူး ဖြစ်ပြီး ရှာကျူး စက်ရုံသို့ ဝင်ရောက်ခြင်းမှာ ဖခင်၏ နေရာကို ဆက်ခံခြင်းနှင့် အတူတူပင် ဖြစ်သည် ။

​သို့သော် ယီကျုံးဟိုင်၏ ပါးစပ်ထဲ ရောက်သွားသောအခါ အဓိပ္ပါယ် ပြောင်းလဲသွားခဲ့၏ ။ ထို ယီကျုံးဟိုင်က အလွန် ဉာဏ်များလှပေသည် ။ ထိုအချိန်ကတည်းက ရှာကျူးအား သူ၏ အရန်လူအဖြစ် မွေးမြူရန် ကြံစည်ထားခဲ့သည် ။

​ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

​" အစ်ကိုလည်း သေချာ မသိဘူး.. အဲ့ဒါတွေ အားလုံးကို အဖေ ပြောနေတာ မတော်တဆ ကြားလိုက်တာ. "

​သူက ယန်ဖူကွေ့ထံသို့ အပြစ်ကို ပုံချလိုက်သည် ။ မည်သို့ပင် ဆိုစေကာမူ မူရင်းဝတ္ထုမူရင်းထဲမှ သိသည်ဟု မပြောနိုင်ပေ ။

​ယွီလီက ခန့်မှန်း၍...

​" ရှာကျူးများ ဖွက်ထားတာလား.. "

​ဟဲယွီဆွေက ခေါင်းခါလိုက်ပြီး...

​" မဖြစ်နိုင်ပါဘူး.. အဖေ ထွက်သွားတုန်းက ညီမလေးတို့ နှစ်ယောက် ငတ်သေလုနီးပါး ဖြစ်ခဲ့ရတာ.. တကယ်လို့သာ သူ့ဆီမှာ ရှိနေခဲ့မယ်ဆိုရင် သူ ထုတ်မသုံးဘဲ နေမှာ မဟုတ်ဘူး.. "

​အခြေအနေ အရပ်ရပ် ဆိုးရွားနေချိန်တွင် ရှာကျူးသည် ငွေများကို ဖွက်ထားရန် မဖြစ်နိုင်ပေ ။ ထို့အပြင် ယခင်က သူမနှင့် ရှာကျူး၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်ခဲ့သည် ။

​လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းမှသာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏ ။ အကြောင်းရင်းကို ပြောရလျှင် ချင်ဟွိုင်ရုကြောင့် ဖြစ်သည်မှာ သေချာပေသည် ။ အနည်းဆုံးတော့ ဟဲယွီဆွေက ထိုသို့ ယူဆထား၏ ။

​ယန်ကျီဝမ်က အလေးအနက်ထား၍...

​" ယွီဆွေ.. အိမ်ခွဲတဲ့ ကိစ္စပဲဖြစ်ဖြစ် ငွေပို့တဲ့ ကိစ္စပဲဖြစ်ဖြစ် ညီမလေး ကိုယ်တိုင် အဖေ့ကို သွားတွေ့သင့်တယ်လို့ အစ်ကို ထင်တယ်.. သူတစ်ယောက်တည်းကသာ ညီမလေးကို အဖြေပေးနိုင်လိမ့်မယ်.. "

​" ငွေပို့တဲ့ ကိစ္စကို ကြည့်မယ်ဆိုရင် သူ ညီမလေးတို့ကို ထားခဲ့တုန်းက အခက်အခဲ တစ်ခုခု ရှိနေလို့ ဖြစ်နိုင်တယ်.. အစ်ကို့အထင်တော့ ညီမလေး သေချာ သွားမေးသင့်တယ်.. အနည်းဆုံးတော့ နောင်တ မရ တော့ဘူးပေါ့.. "

​ဟဲယွီဆွေက သံသယဖြစ်ဟန်ဖြင့်...

​" တကယ်လို့ သူ့မှာ အခက်အခဲ ရှိနေခဲ့ရင်တောင် ဘာလို့ ဒီလောက်နှစ်တွေ အကြာကြီး တစ်ခါမှ ပြန်မလာခဲ့ရတာလဲ.. "

​" အဲ့ဒါကိုတော့ အစ်ကိုလည်း မသိဘူးလေ.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။

​သူသည် ငွေများကို ယီကျုံးဟိုင် ယူထားကြောင်းကိုသာ သိပြီး အခြား ကိစ္စများကိုမူ သေချာ မသိပေ ။ ဤကိစ္စအား မူရင်းဝတ္ထု ရေးသူကိုသာ အပြစ်တင်ရပေမည် ။

​ယခု ဟဲယွီဆွေ အိမ်ခွဲလိုပြီး သူ၏ အကူအညီကိုလည်း လက်မခံလို၍ ဟဲတာချင်း ပို့ပေးခဲ့သော ငွေများကို အသုံးချရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏ ။

​ဟဲတာချင်း ထိုစဉ်က ငွေပို့ပေးခဲ့ခြင်းမှာ ဟဲယွီဆွေအတွက် စရိတ်အဖြစ် ပေးပို့ခဲ့ခြင်း ဖြစ်သည် ။ ရှာကျူးတွင် ကိုယ်ပိုင် အလုပ်ရှိသဖြင့် ငတ်သေမည်မဟုတ်ပေ ။

​ထို့ကြောင့် ယီကျုံးဟိုင် လိမ်ယူထားသော ငွေများမှာ အမှန်တကယ်တွင် ဟဲယွီဆွေ၏ ငွေများသာ ဖြစ်၏ ။ ထိုငွေများသာ ရှိပါက ဟဲယွီဆွေ အထက်တန်းကျောင်း ပြီးဆုံးသည်အထိ လုံလောက်ပေလိမ့်မည် ။

​သူမ ကျောင်းပြီး၍ အလုပ်တစ်ခု ရရှိသွားချိန်တွင် အကုန်အဆင်ပြေသွားမည်ပင် ။

​ဟဲယွီဆွေ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းမော့ကာ ယန်ကျီဝမ်ကို ကြည့်၍...

​" အစ်ကိုကျီဝမ်.. ညီမလေး သူ့ကို သွားရှာသင့်တယ်လို့ အစ်ကို ထင်လား.. "

သူဆိုသည်မှာ ဟဲတာချင်းကို ရည်ညွှန်းခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်က...

​" အစ်ကိုကတော့ သွားသင့်တယ်လို့ ထင်တယ်.. ညီမလေးက သူ့ကို မတွေ့ချင်ဘူး ဆိုရင်တောင် ငွေကိစ္စကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမယ်လေ.. "

​ဟဲယွီဆွေသည်လည်း မှန်သည်ဟု တွေးလိုက်မိသည် ။

​ယခင်က သူမသည် လက်မှုအလုပ်များ လုပ်ကိုင်ရင်း ကျောင်းတက်မည်ဟု ပြောခဲ့ခြင်းမှာ ယန်ကျီဝမ်အား အလုပ်မရှုပ်စေလို၍သာ ။

​ကျောင်းတွင် ထိုအရာများကို မတားမြစ်ထားသော်လည်း တစ်နေ့တာ အချိန် အနည်းငယ်အတွင်း သူမ မည်မျှ လုပ်နိုင်မည်ကို မသိနိုင်ချေ ။ ထို့အပြင် အဆောင်တွင် လူများစွာ အတူနေထိုင်ရသဖြင့် အဆင်မပြေနိုင် ။

​ယခုအခါတွင် သူမ၏ ငွေများကို မည်သူ ယူသွားမှန်း မသိသော်လည်း ရှိနေကြောင်း သိသွားပြီဖြစ်၍ ပြန် ယူရချေမည် ။

​ထိုငွေများသာ ရှိပါက သူမ ခက်ခဲစွာ ဖြတ်သန်းရတော့မည် မဟုတ်ပေ ။

​ထိုအကြောင်းကို တွေးမိလျှင် ဟဲယွီဆွေက ခေါင်းညိတ်လိုက်ပြီး...

​" အစ်ကိုကျီဝမ်.. ညီမလေး အစ်ကို့ စကားကို နားထောင်ပါ့မယ်.. "

​" ဒါမှပေါ့.. "

​ယွီလီက ဝမ်းသာအားရ ပြုံးလိုက်ပြီး ယန်ကျီဝမ်အား ...

​" ကျီဝမ်.. ယွီဆွေလို မိန်းကလေး တစ်ယောက်တည်း ပေါင်တင်းကို သွားဖို့က စိတ်မချရဘူး.. မနက်ဖြန် ရှင် သူ့ကို လိုက်ပို့ပေးလိုက်ပါ.. "

​ဟဲယွီဆွေက ထိုစကားကို ကြားလျှင် အလျင်အမြန် လက်ကာပြလိုက်ပြီး...

​" အစ်ကိုကျီဝမ်ကို အလုပ်မရှုပ်စေချင်ပါဘူး.. ညီမလေးဘာသာပဲ သွားလိုက်ပါ့မယ်.. "

​" မမ ပြောတာကို နားထောင်လိုက်ပါ.. "

​ယန်ကျီဝမ်က စကားဖြတ်ပြောလိုက်ပြီး...

​" ညီမလေးတို့ သွားတုန်းက မတွေ့ခဲ့ရတာကို မေ့သွားပြီလား.. ပြီးတော့ လမ်းခရီးကလည်း အန္တရာယ် မကင်းဘူးလေ.. အစ်ကိုပဲ လိုက်ပို့ပေးပါ့မယ်.. "

​" ဒီလိုပဲ သတ်မှတ်လိုက်ပြီ.. မနက်ဖြန် အစ်ကို လမ်းရုံးကို လိုက်သွားပြီး ထောက်ခံစာ သွားယူပေးမယ်.. ပြီးရင် ပေါင်တင်းကို သွားကြတာပေါ့.. "

​ယန်ကျီဝမ်က ဟဲယွီဆွေအား ငြင်းဆန်ခွင့် မပေးတော့ဘဲ တိုက်ရိုက်ပင် ဆုံးဖြတ်ချက် ချလိုက်သည် ။

​ဟဲယွီဆွေက ကျေးဇူးတင်စကားသာ ပြောနိုင်တော့၏ ။

​" အစ်ကိုကျီဝမ်နဲ့ မမယွီ.. ကျေးဇူးအများကြီး တင်ပါတယ်.. "

​"ဂွီ..ဂွီ.."

​ဟဲယွီဆွေ စကားပြောပြီးသည်နှင့် သူမ၏ ဗိုက်ထဲမှ ဆန္ဒပြသံများ ထွက်ပေါ်လာခဲ့သည် ။

​ယွီလီက ချက်ချင်းပင်...

​" ညနေက ပြောင်းဖူးပေါင်းနဲ့ ဟင်း နည်းနည်း ကျန်သေးတယ်.. ယွီဆွေ ခဏစောင့်နေနော်.. မမ အခု သွားယူပေးမယ်.. "

​ဟဲယွီဆွေက သူမအား ဒုက္ခမပေးလိုသဖြင့် အလျင်အမြန် ငြင်းဆန်လိုက်သည် ။

​"ရပါတယ် မမ.. ညီမလေးအိမ်မှာ စားစရာတွေ ရှိပါသေးတယ်.. "

​" ခဏ စောင့်နေ.. "

​ယွီလီက ပြောရင်းဆိုရင်း အိမ်မကြီးဘက်သို့ ထွက်သွားလေပြီ ။

​သူတို့က ဟဲယွီဆွေ၏ အကြောင်းကို ကောင်းကောင်း နားလည်ထားကြ၏ ။ ဤကောင်မလေးက အလွန် ခေါင်းမာလှသည် ။ အခြား ရွေးချယ်စရာ မရှိတော့၍သာ ရိက္ခာကူပွန် လာချေးရခြင်း ဖြစ်ပြီး အိမ်၌ စားစရာ ပြတ်လပ်နေပြီ ဖြစ်ကြောင်း သေချာနေသည် ။

​ထို့ကြောင့် သူမ ဘာမှ မစားရသေးသည်မှာ အသေအချာပင် ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" အစ်ကိုတို့ကို ဘာအားနာစရာ လိုလို့လဲ.. ခဏလေး စောင့်နေလိုက်ပါ.. "

​" ဟုတ်ကဲ့.. "

​ဟဲယွီဆွေက ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည် ။

​ထို့နောက် သူမ၏ စိတ်ထဲတွင် တွေးလိုက်၏ ။

' နောင်တစ်ချိန် ငါ အောင်မြင်လာတဲ့အခါ အစ်ကိုကျီဝမ်နဲ့ မမယွီကို သေချာပေါက် ကျေးဇူးဆပ်ရမယ်.. '

​အချိန် အနည်းငယ် ကြာသောအခါ ယွီလီက ပြောင်းဖူးပေါင်း အနည်းငယ်နှင့် ဟင်းကျန်တစ်ပန်းကန်ကို ယူဆောင်၍ ပြန်လာခဲ့သည် ။

​သူမက ဟဲယွီဆွေအား ကမ်းပေးလိုက်ပြီး...

​" ယွီဆွေ.. လောလောဆယ် ဒါလေး အရင် စားလိုက်ပါဦး.. ပန်းကန်ကို မနက်ဖြန်မှ လာပေးလို့ ရပါတယ်.. "

​" ဒါက အများကြီး ကောင်းနေပါပြီ.. "

​ဟဲယွီဆွေက ပန်းကန်ကို ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်ပြီး ထပ်မံ၍ ကျေးဇူးတင်စကား ဆိုပြီးနောက် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည် ။

​...

​နောက်တစ်နေ့ မနက်ပိုင်း...

​ယန်ကျီဝမ်သည် ဟဲယွီဆွေအား ခေါ်ဆောင်ကာ ယွီလီနှင့်အတူ လမ်းရုံးသို့ သွားရောက်ခဲ့ကြသည် ။ ယွီလီ ရှိနေသဖြင့် ထောက်ခံစာကို အလျင်အမြန် ရရှိခဲ့၏ ။

​ထို့နောက် ယန်ကျီဝမ်နှင့် ဟဲယွီဆွေတို့ ပေါင်တင်းသို့ သွားမည့် ရထားပေါ်သို့ တက်ခဲ့ကြသည် ။ ရထား လေးနာရီခန့် စီးနင်းပြီးနောက်တွင်တော့ ပေါင်တင်းသို့ ဆိုက်ရောက်လာခဲ့သည် ။

​ရထားပေါ်မှ ဆင်းဆင်းချင်းပင် ယန်ကျီဝမ်က စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ကို လက်ညှိုးထိုးပြလိုက်ပြီး...

​" ယွီဆွေ.. ဗိုက်ဆာနေပြီလား.. အရင် တစ်ခုခု စားကြရအောင်.. "

​ဟဲယွီဆွေက ခေါင်းခါလိုက်ပြီး...

​" လူ အရင်သွားရှာတာ ပိုကောင်းမယ် ထင်တယ်.. "

​သူမ ယန်ကျီဝမ်အား ငွေအကုန်မခံစေချင် ။

​သို့သော် ယန်ကျီဝမ်က သူမအား စားသောက်ဆိုင်ထဲသို့ ဆွဲခေါ်လာခဲ့သည် ။ ထို့နောက် ခေါက်ဆွဲနှစ်ပွဲ မှာယူကာ စားသောက်လိုက်ကြ၏ ။

​ဟဲယွီဆွေက အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့်...

​" အစ်ကိုကျီဝမ်.. သူ ညီမလေးကို တွေ့ချင်ပါ့မလား မသိဘူးနော်.. "

​သူမ ငယ်စဉ်က အဖြစ်အပျက်များကို ပြန်လည် သတိရသွားမိသည် ။ ထိုနှစ်က ဟဲတာချင်း ထွက်သွားခါစတွင် ရှာကျူးက သူမအား ခေါ်ဆောင်ကာ ပေါင်တင်းသို့ လိုက်သွားခဲ့၏ ။

​သို့သော် လူကိုပင် မတွေ့လိုက်ရဘဲ ပိုင်မုဆိုးမက ဟဲတာချင်း သူတို့ကို မတွေ့ချင်ကြောင်း ပြောဆိုခဲ့သည် ။

​နောက်ဆုံးတွင် မောင်နှမ နှစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် မြို့တော်ဆီသို့သာ ပြန်လာခဲ့ရ၏ ။ ယခု ဤနေရာသို့ ထပ်မံ ရောက်ရှိလာချိန်တွင် ဟဲယွီဆွေ၏ ရင်ထဲ၌ အနည်းငယ် စိုးရိမ် ပူပန် မိနေသည် ။

​ယန်ကျီဝမ်က နှစ်သိမ့်ပေးလိုက်သည် ။

​" သေချာပေါက် တွေ့ချင်မှာပါ.. ဒီတစ်ကြိမ်တော့ သူ့အိမ်ကို မသွားဘဲ သူ အလုပ်လုပ်တဲ့ နေရာကို တစ်ခါတည်း သွားရှာကြမယ်လေ.. "

​" ဟုတ်ကဲ့.. "

All Chapters