← Chapters

နတ်ဘုရားများ၏ အားနည်းချက်

Vol. 24 Ch. 326

နတ်ဘုရားများ၏ အားနည်းချက်

Vol. 24 Ch. 326

အခန်း (၃၂၆) : နတ်ဘုရားများ၏ အားနည်းချက်

လီကျွင်းက ဒေါသထွက်နေသည့် သေခြင်းတရား နတ်ဘုရားအား ကြည့်ကာ အသာခေါင်းခါလိုက်သည်။ သူတို့က မရဏနယ်မြေအကြောင်း သတင်းများကို ရှာဖွေစဉ်အခါက ထိုအရာသည် အကြီးဆုံးနယ်မြေ သာမက အားအကောင်းဆုံး နတ်ဘုရား အုပ်ချုပ်မှန်းလည်း သိခဲ့သည်။

လီကျွင်းက သူ ငါးနှစ်၊ ခြောက်နှစ်အရွယ်တုန်းက အရွယ်တူ ကလေးများကြား ပထမဆုံး ဉာဏ်အလင်းပွင့်မှုကို ဖြတ်ကျော်ခဲ့ရသည်။ သူ၏ ပထမဆုံး တိုက်ခိုက်မှုဆိုင်ရာ စာသင်ခန်းတွင် တိုက်ပွဲတွင် ဘယ်အရာက အရေးကြီးဆုံးလဲဟု မေးခဲ့ဖူးသည်။

ကလေးအများစုက အားကောင်းဖို့၊ ပြိုင်ဘက်ကင်းဖို့ သို့မဟုတ် ပြိုင်ဘက်ကင်းသည့် နှလုံးသားရှိဖို့ ဟူ၍ ဖြေခဲ့ကြသည်။ သူ့အစ်ကိုကြီး ဝမ်ဝေ့ကသာ တိုက်ပွဲမတိုင်ခင် ဗျူဟာကောင်းကောင်း ရှိထားသင့်ကြောင်း ဖြေခဲ့သည်။

ဆရာက သူ့အား ချီးကျူးခဲ့သော်လည်း မှားယွင်းသည်ဟု ပြောခဲ့သည်။ ဆရာက တိုက်ပွဲမတိုင်ခင် အရေးကြီးဆုံးအချက်မှာ စိတ်အခြေအနေ ဖြစ်ကြောင်း ပြောပြခဲ့သည်။ ပထမဦးစွာ မိမိဘာသာ စိတ်တည်ငြိမ်အောင် ထားရမည် ဖြစ်သည်။ ထို့နောက်တွင် တစ်ဖက်လူ၏ စိတ်အခြေအနေကို ‌နှောင့်ယှက်ဖို့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုရမည်။

ထိုဆရာ၏ ပြောစကားအရ စိတ်ခံစားချက် လွန်ကဲခြင်းက တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည်။ ထိုလူက လုံလုံလောက်လောက် စိတ်တည်ငြိမ်ခြင်း မရှိသရွေ့ သူတို့က အားအပြည့်ထုတ်သုံးနိုင်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ယောက်က ဒေါသကြောင့် အင်အားတိုးသွားခဲ့လျှင်ပင် ထိုအရာက ယာယီမျှသာ ဖြစ်ပြီး တစ်ဖက်လူ၏ အပြုအမူများတွင် ချို့ယွင်းချက်များစွာ ရှိနေလိမ့်မည်။

ထိုစာသင်ခန်းထဲတွင် ဆရာက မဟာဧကရာဇ်ပင်ဖြစ်စေ ကျင့်ကြံသူတိုင်းက တည်ငြိမ်သည့် စိတ်အခြေအနေ မရှိဘဲ အင်အားအပြည့် ထုတ်မပြနိုင်ကြောင်း ပြောခဲ့သည်။

ထို့ကြောင့် ဆရာက သူတို့အား တိုက်ပွဲမတိုင်ခင် စကားဖြင့် တစ်ဖက်လူအား ရန်စဖို့ သင်ကြားပေးခဲ့သေးသည်။ လီကျွင်းက သူ့အစ်ကိုကြီးသည် ထိုအရာကို မယုံကြည်နိုင်စွာ ကြည့်ရင်း နှုတ်ခမ်းတွန့်သွားပြီး ရေရွတ်လိုက်သည်ကို အမှတ်ရသေးသည်။

“ ငါတို့က အဲလိုအရေမရ အဖတ်မရ စကားတွေ ပြောရဖို့ သင်ရမှာလား”

လီကျွင်းက အရေမရ အဖတ်မရ စကားများသည် ဘယ်အရာလဲဟု မေးခဲ့သော်လည်း သူက ပြန်မဖြေခဲ့ပေ။ သူတို့က စတင်မကျင့်ကြံခင်လေးကမှသာ စကား၏ ဆိုလိုရင်းကို သိခဲ့ရသည်။ သူ့အစ်ကိုကြီးက တစ်ဖက်လူ၏ စိတ်အခြေအနေအား နှောင့်ယှက်ဖို့အတွက် စကားလုံးများကိုပင် သင်ကြားပေးခဲ့သေးသည်။

လီကျွင်းက အံ့အားသင့်သွားကာ သူသာ စိတ်ပျက်လုနီးပါး သေမင်းခံတွင်းဝ အခြေအနေသို့ ရောက်နေတာ မဟုတ်မချင်း ထိုစကားများ သူ့ပါးစပ်က ထွက်လာမည် မဟုတ်ကြောင်း ကျိန်ဆိုခဲ့သေးသည်။ ပြောရလျှင် သူ့အမေက သူ့အား ကောင်းကောင်းပျိုးထောင်ထားသည် မဟုတ်ပါလော။

ယခု လီကျွင်းကတော့ ဒေါသထွက်နေသည့် သေခြင်းတရား နတ်ဘုရားအား လျစ်လျူရှုထားပြီး လက်တစ်ချက်အဝှေ့တွင် မတူညီသည့် လက်နက် ၁၈ မျိုး ပါဝင်နေသည့် လက်နက်စင်မြင့် တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက သူ့တာအိုသက်သေပြပစ္စည်း ဖြစ်၏။ လီကျွင်းက ထိုစင်ပေါ်မှ အပြာရောင် ပုဆိန်လှံရှည်အား ဆွဲယူလိုက်သည်။

ထို့နောက် ထိုလက်နက်စင်က ပျောက်ကွယ်သွားလေသည်။

သူ့အရှိန်အဝါက မြင့်တက်သွားပြီး သေခြင်းတရားနတ်ဘုရားအား ပစ်မှတ်ထားလိုက်သည်။

“ ခင်ဗျား အဆင်သင့်ပဲလား။ ဒီနေ့က ဒီကမ္ဘာမှာ ခင်ဗျားရဲ့ နောက်ဆုံးနေ့ပဲ”

သေခြင်းတရား နတ်ဘုရားက ပြန်မဖြေဘဲ လက်ဝှေ့လိုက်သည်။ သူက စည်းမျဉ်းစွမ်းအားကို လှုံ့ဆော်လိုက်ပြီး ဧရာမအနက်ရောင်လက်ကြီးကို ဖန်တီးကာ လီကျွင်းပေါ် ကျရောက်စေဖို့ ပြင်လိုက်သည်။

ထိုလက်ကြီးက ဖုံးလွှမ်းသွားသောကြောင့် ကောင်းကင်က မှောင်မိုက်လာလေသည်။ ထိုလက် ဝန်းကျင်တွင် မြောက်များစွာသော ဝိညာဉ်များ၏ အော်သံများကို ကြားနေရ၏။

ဝုန်း…

ထိုလက်က လီကျွင်းကို ထိသွားကာ ကောင်းကင်အထက် မိုင်သောင်းချီအထိ လှိုင်းလုံးများ ထသွားစေသည်။ ကံကောင်းစွာဖြင့် ထိုနယ်မြေအား ဖုံးလွှမ်းထားသည့် အကာအကွယ်က ထိုတိုက်ကွက်၏ တုန်ခါလှိုင်းများအား မြေပေါ်မထိအောင် ကာကွယ်ထားသည်။

လေပြင်းတစ်ချက်က လီကျွင်းရှိရာဆီ တိုက်ခတ်သွားလေသည်။ မြေပြင်ရှိလူများက အသက်အောင့်ပြီး ကြည့်လိုက်ကြ၏။ နတ်ဘုရားများကလည်း မျက်နှာအထက် လှောင်ပြောင်သည့် အရိပ်အယောင်မျိုး ရှိနေကြစဉ် လီကျွင်း၏ သတ်ဖြတ်ရေး အဖွဲ့နှင့် ထျဲ့ကန်၏ မသေနိုင်သော တပ်ဖွဲ့တွင် တည်ငြိမ်သော အမူအရာများ ရှိနေကြသည်။

လီကျွင်း၏ ခန္ဓာကိုယ် ထွက်ပေါ်လာသည်နှင့် သူ့ကိုယ်ပေါ်တွင် ခြစ်ရာတစ်ချက်ပင် ရှိမနေပေ။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ ဒါက ဒီလိုကိုး” သူက‌ ရေရွတ်လိုက်သည်။

“ မင်းက ဘယ်လိုလုပ် အဆင်ပြေနေရတာလဲ” သေခြင်းတရား နတ်ဘုရားက အနည်းငယ် တုန်ယင်စွာမေးလိုက်သည်။ သူက အားအပြည့် ထုတ်သုံးထားခြင်း မဟုတ်သော်လည်း ၇၀ ရာခိုင်နှုန်းကျော် ထုတ်သုံးထားလေသည်။

သို့သော်လည်း သူ့ပြိုင်ဘက်က အကောင်းအတိုင်း ရှိနေသေး၏။

လီကျွင်းက ထိုအရာကို ကြားပြီးနှာခေါင်းရှုံ့လိုက်သည်။ ဖန်းလီကျွမ်း၏ လက်ထဲ ရှုံးနိမ့်မှုအပြီးတွင် သူက ဝမ်ဝေ့၏ စကားများမှ အကျိုးအမြတ်ရကာ ဉာဏ်အလင်းပွင့်ခဲ့သော်လည်း အနည်းငယ် ပျောက်ရှနေခဲ့သည်။ သူက သူ့အင်အားကို အချိန်တိုအတွင်း တိုးတက်လာနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့သည်။ ထို့ကြောင့် သူက အဆောင်ဘိုးဘေး၏ စစ်ပွဲအဆောင်စာရွက်ကို ရှာဖွေလိုခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသို့သော မသေချာသည့် အရာမျိုးအပေါ် မှီခိုနေမည့်အစား သူ့အား ပို၍လေ့ကျင့်သည်က ကောင်းသည်ဟု ပြောခဲ့သည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့အား လေ့ကျင့်ပေးခဲ့သည်။ သူက လီကျွင်းအား သင့်တော်သော ခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် ပြောင်းလဲပေးခဲ့သည်။ ကံဆိုးစွာဖြင့် လီကျွင်းက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံဖို့ ပါရမီမပါပေ။

ထိုကျမ်းကို ကျင့်ကြံဖို့အတွက် ထူးခြားသည့် ပါရမီ လိုအပ်ပေသည်။ ထိုပါရမီက ကောင်းကင်ပစ္စည်းများနှင့် ရတနာများ၏ အနှစ်သာရ သို့မဟုတ် တာအိုစည်းချက်ကို ရှာဖွေနိုင်ရန် ဖြစ်သည်။ ဝမ်ဝေ့၏ အဘိုးက ကျင့်ကြံရေး ပါရမီ ကောင်းခဲ့သော်လည်း ထိုသို့သော ပါရမီမျိုး မရှိခဲ့ပေ။

သူ့အဖေအတွက်မူ သူက ထိုကျမ်းကို မကျင့်ကြံလိုပေ။ သူ့လမ်းစဉ်က ဓားသမားသီးသန့်သာ ဖြစ်၏။ ဓားသမားများက အဆုံးစွန်သော တိုက်ခိုက်မှုမျိုးသာ သုံးတတ်ကြပြီး အားကောင်းသည့် ခန္ဓာကိုယ်မျိုး မလိုအပ်ပေ။

ဓားသမားတစ်ယောက်အတွက် အကောင်းဆုံး ကာကွယ်မှုက အကြွင်းမဲ့တိုက်ကွက် ဖြစ်လေသည်။ အကယ်၍ သူတို့လက်ထဲရှိ ဓားက တစ်ဖက်လူအား မသတ်နိုင်လျှင် သူတို့တွင် အသက်ရှင်ဖို့အတွက် အားကောင်းသည့် ခန္ဓာကိုယ် ရှိနေဖို့ မလိုအပ်ပေ။ သူတို့အတွက် ထိုအရာက အရှက်ရဖွယ် ဖြစ်၏။

ဝမ်ဝေ့က ထိုသို့သော အဆုံးစွန် သဘောတရားများကို မယုံကြည်ပေ။ ထို့ကြောင့် သူက ဓားသမားလည်း မဟုတ်ခဲ့ပေ။

လီကျွင်းက ထိုကျမ်းကို ကျင့်ကြံနိုင်မည့် ပါရမီ မရှိသော်လည်း ဝမ်ဝေ့က နယ်ရှင်လက်သီးအား ကျင့်ကြံစေခဲ့သည်။ သူ့အား အကြိမ်များစွာ ရိုက်နှက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က အားကောင်းလာခဲ့၏။

ထို့အပြင် ဝမ်ဝေ့က သူ့အတွက် သီးသန့် ဖန်တီးပေးထားသည့် ရတနာခန္ဓာ လေ့ကျင့်ရေးနည်းစနစ်ကိုလည်း ဖန်တီးပေးခဲ့သည်။ အကြောင်းမှာ တခြားသော ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းစနစ်များက သူနှင့် မသင့်တော်၍ ဖြစ်သည်။

ထိုနည်းစနစ်က ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကို အတုယူထားခြင်း ဖြစ်၏။ သို့သော် တာအိုစည်းချက် သို့မဟုတ် အနှစ်သာရကို စုပ်ယူမည့်အစား ဝမ်ဝေ့က ခန္ဓာကိုယ်အတွင်းရှိ ပစ္စည်းများကို စုပ်ယူဖို့ နည်းလမ်းကို ဖန်တီးခဲ့သည်။ ခန္ဓာကိုယ်ကို ပစ္စည်းတစ်ခုအဖြစ် ဆက်ဆံပြီး ကောင်းကင်သတ္တုများနှင့် ပစ္စည်းများဖြင့် သန့်စင်လိုက်လေသည်။

ထိုနည်းစနစ်က နယ်ရှင်လက်သီး သို့မဟုတ် ရှေးဟောင်းခန္ဓာကိုယ်သန့်စင်ကျမ်းအား အလားအလာအားဖြင့် မရှုံးနိမ့်ပေ။ ထိုအရာက လီကျွင်း ဘယ်လောက်ထိ သွားနိုင်မလဲအပေါ်သာ မူတည်နေလေသည်။

သို့သော် တစ်ခုတည်းသော ဆိုးကျိုးမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုချင်းစီကို လေ့ကျင့်ဖို့အတွက် ပစ္စည်းမြောက်များစွာ လိုအပ်နေခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် လီကျွင်းကလည်း ချမ်းသာသည့် ဒုတိယမျိုးဆက် မဟုတ်ပါလော။

ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်မည့် အပျော့စား နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကိုပါ စည်းပိတ်ပေးခဲ့သည်။

လီကျွင်းက သေခြင်းတရား နတ်ဘုရားကို လျစ်လျူရှုထားရင်း သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်ထွက်လာကာ ပုဆိန်လှံရှည်က သူ့အနောက်နား လေထုထဲ မျောလွင့်နေလေသည်။ သူက ပုခုံးပေါ်မှ လှံပစ်သမားလိုမျိုး ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။

ဝုန်း…ဝုန်း…

လေထုထဲ ပေါက်ကွဲသံက ထွက်ပေါ်လာပြီး တိမ်ကွင်းများကလည်း လှံသွားရာတစ်လျှောက် ပေါ်ထွက်လာသည်။ ထို့နောက် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်အတွင်း ဝင်ရောက်သွားလေသည်။

မရဏနယ်မြေအတွင်းရှိ လူအားလုံးအနက် အဆင့်အနိမ့်ဆုံး သေမျိုးမှ နတ်ဘုရားများအထိ အားလုံးက လှံ ထိုးခွင်းလာသံကို ကြားလိုက်ရသည်။

သူတို့က အနီရောင် အလင်းတန်းက တိမ်တိုက်ထဲ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူတို့စိတ်ထဲ အံ့ဩမှုသာ ကျန်ရှိနေလေသည်။

ထိုစဉ် သေခြင်းတရားနတ်ဘုရားက ထိုလှံ၏ ပစ်မှတ်ကို မှန်းဆမိသည့်အတွက် အသားအရည်က ဖြူဖျော့လာလေသည်။ ဤသည်က သူ့ကောင်းကင်ဘုံဗိမာန် ဖြစ်၏။ အကယ်၍ သူ့ကောင်းကင်ဘုံဗိမာန်သာ တစ်ခုခုဖြစ်သွားလျှင် သူ့အင်အားက သိသိသာသာ လျှော့ကျသွားလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သေခြင်းတရား နတ်ဘုရားက ထိုလှံကို တားဆီးရမည်။ သူက ထိုလှံရှေ့ ချက်ချင်းဆိုသလို ကူးပြောင်းသွားလာလိုသော်လည်း လီကျွင်းနှင့် အခြားလူများ ချမှတ်ထားသည့် အစီအရင်က မရဏနယ်မြေ၏ လေဟာနယ်အား ပိတ်လှောင်ထားသလို ဖြစ်နေသည်။

ထို့ကြောင့် အဆင့်နိမ့် နတ်ဘုရားများအနေဖြင့် ကူးသန်းသွားလာဖို့ မဖြစ်နိုင်စဉ် သေခြင်းတရား နတ်ဘုရားအတွက်လည်း အလွန်ခက်ခဲနေလေသည်။ သူက သူ့ ပျံသန်းနှုန်းသည် သူ ကူးသန်းပြောင်းရွှေ့သွားတာထက် မြန်ဆန်ကြောင်း သဘောပေါက်လိုက်ပြီးနောက် သူက အနက်ရောင်အရိပ်အဖြစ် ပြောင်းကာ ပျံသန်းသွားလိုက်သည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ မြင့်မြတ်စွမ်းအားများကို လောင်ကျွမ်းကာ အရှိန်ကို တိုးမြှင့်လိုက်သည်။ ထိုလှံက မြန်ဆန်နေသော်လည်း သူက စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် အမှီလိုက်နိုင်သွားသည်။

သေခြင်းတရား နတ်ဘုရားက ရှေ့တွင် ရပ်ကာ လက်နှစ်ဖက်လုံးဖြင့် လှံကို ကိုင်ထားပြီး ဖမ်းဆီးဖို့ ကြိုးစားလိုက်သည်။ ထိုပစ်ခတ်မှု နောက်ကွယ်ရှိ အင်အားက သူ တတ်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် သူ့အနေနှင့် မတားဆီးနိုင်လိုက်ပေ။ ထို့ကြောင့် လှံက သူ့ဦးတည်ရာအတိုင်း ဆက်လက်သွားကာ သေခြင်းတရား နတ်ဘုရားကိုပါ ဆွဲခေါ်သွားလေသည်။ ထို့ကြောင့် သေခြင်းတရား နတ်ဘုရားက တခြားရွေးချယ်စရာ မရှိဘဲ တခြားနည်းလမ်းကို အသုံးပြုလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက်များ ထွက်လာပြီး လှံကို သူ့ မရဏစည်းမျဉ်းဖြင့် တိုက်စားပစ်ဖို့ ကြိုးစားလိုက်သည်။

ထိုနည်းလမ်းက ဘာမှဖြစ်မလာသောကြောင့် အသုံးမဝင်ကြောင်း သက်သေပြသွားလေသည်။ လှံပေါ်မှ အနီရောင်အရှိန်အဝါက သူ့ ကြိုးစားမှုအား ကာဆီးနေလေ၏။ အမှန်အတိုင်းပြောရလျှင် ထိုအရှိန်အဝါ မပါရှိလျှင်ပင် မရဏစည်းမျဉ်းက တိုက်စားနိုင်ချေအား နည်းပါးလွန်းလှသည်။ လှံက ထိပ်သီးကောင်းကင်အဆင့် ဖြစ်၏။ ဆိုလိုသည်မှာ စည်းမျဉ်းကို ထိန်းချုပ်နိုင်သည့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူညီလေသည်။

လီကျွင်း၏ အရင်းအမြစ်များဖြင့် အထွတ်အထိပ်အဆင့် ပစ္စည်းရရှိဖို့ မခက်ခဲပေ။ သို့သော်လည်း တာအိုသက်သေပြပစ္စည်းများက သာမန်နှင့် ကွဲပြားလေသည်။ ပြောရလျှင် ပစ္စည်းများအပေါ် မူတည်နေခြင်း မဟုတ်ပေ။

တာအိုသက်သေပြပစ္စည်း အဆင့်မြင့်လာဖို့အတွက် ပိုင်ရှင်၏ မူလအဆီအနှစ်၊ ဝိညာဉ်စွမ်းအားနှင့် ယေဘုယျ အင်အားဖြင့် ဆက်တိုက်ဆိုသလို ပြုစုပျိုးထောင်ပေးရခြင်း ဖြစ်၏။

သေခြင်းတရား နတ်ဘုရားက သူ့ကြိုးစားမှု အရာမထင် ဖြစ်သွားသည်ကို မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ လှံက သူ့ ကောင်းကင်ဘုံဗိမာန်ဆီ ဦးတည်နေစဉ် သူ့ကိုပါ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။ သူက သူ့အင်အားအများစုသည် ထိုဘုံဗိမာန်မှ အများဆုံး လာသောကြောင့် တစ်ခုခုသာ ဖြစ်သွားခဲ့လျှင် သူ့အနေနှင့် စည်းမျဉ်းထိန်းချုပ်နိုင်စွမ်း ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် လှံကို ဘယ်လိုပဲဖြစ်ဖြစ် ရပ်တန့်ပစ်ရမည်။

All Chapters