ချပ်ဝတ်စည်းမျဉ်း
Vol. 24 Ch. 327
အခန်း (၃၂၇) : ချပ်ဝတ်စည်းမျဉ်း
ခွန်အားသက်သက် အသုံးပြုခြင်းက လှံကို မတားဆီးနိုင်သည့်အတွက် သေခြင်းတရားနတ်ဘုရားက နောက်ထပ်ဗျူဟာ ထပ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။
သူက လက်တစ်ဖက်တွင် လှံကို ကိုင်ထားရင်း တစ်ဖက်မှ တောင်ဝှေးကို ထုတ်ယူလိုက်သည်။
သူက သူ့စွမ်းအားအကုန်လုံးကို စုစည်းလိုက်ပြီး လှံကို ထပ်မံရိုက်ချလိုက်သည်။ ဤတစ်ကြိမ်တွင် ရပ်တန့်ဖို့ ကြိုးစားခြင်း မဟုတ်ဘဲ ဦးတည်ချက် ပြောင်းဖို့ ကြိုးစားခြင်း ဖြစ်၏။ ထို့နောက် သေခြင်းတရားနတ်ဘုရားက လမ်းမှ ဖယ်လိုက်သည်။
လှံက အမြင့်ဆုံးအရှိန်ဖြင့် ကောင်းကင်အထိ ပျံသန်းသွားကာ မရဏနယ်မြေကို ဝန်းရံထားသည့် အကာအကွယ်ကို ထိမှန်သွားသည်။ ထိုအရာက မထိုးဖောက်နိုင်လိုက်ဘဲ အနည်းငယ်မျှသာ တုန်လှုပ်သွားစေသည်။ ထိုအသေးစား အပြုအမူလေးက အထဲရှိလူများအတွက် ပြဿနာမရှိသော်လည်း အပြင်ဘက်ရှိလူများအတွက်မူ ပြဿနာရှိသည့် သတင်းအချက်အလက် ဖြစ်၏။
မရဏနယ်မြေ အပြင်ဘက်ရှိ လေဟာနယ်ထဲ အထွတ်အထိပ်နတ်ဘုရား ၃၅ ယောက်က မရဏနယ်မြေအား ကမ္ဘာရှိ တခြားနယ်မြေများဖြင့် ခွဲခြားလိုက်သည့် ဒိုင်းကာ ပေါ်ထွက်လာသည်ကိုသာ ကြည့်နေရသည်။ နောက်ဆုံးတွင် အပြင်လူများက စတင်လှုပ်ရှားလာကြောင်း သတိပြုမိလိုက်သည်။ သူတို့အား အံ့အားသင့်သွားစေသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကြီးကြီးမားမား လှုပ်ရှားလိုက်ခြင်း ဖြစ်၏။ ယခင်က သူတို့ တခြားကမ္ဘာမှ ကျူးကျော်မှုများကို ရင်ဆိုင်ခဲ့ရစဉ် ယခုလောက် အားကောင်းခြင်းမျိုး မရှိပေ။
ထို့ကြောင့် အများစုက ဂယောင်ခြောက်ခြား ဖြစ်လာကာ ဘာလုပ်ရမည်မှန်း မသိတော့ပေ။ သူတို့က နောက်အပြုအမူအား စတင်ဆွေးနွေးကာ ပဋိပက္ခ ဖြစ်လာကြသည်။ ကံကောင်းစွာဖြင့် ကံကြမ္မာ နတ်ဘုရားမနှင့် ရှင်သန်ခြင်း နတ်ဘုရားမတို့က ဝင်ရောက်တာဝန်ယူခဲ့သည်။
သူတို့က ကျန်ရှိနေသည့်သူများအား အားကုန်သုံး၍ ထိုဒိုင်းကာအား ချိုးဖောက်ပြီး အထဲရှိလူများကို အထဲရှိ အဖြစ်အပျက်ကို ကြည့်ဖို့ ပြောခဲ့သည်။ ကံဆိုးစွာဖြင့် သူတို့ မည်သည့်နည်းလမ်းကို ထုတ်သုံးစေကာမူ ဒိုင်းကာက မတုန်မလှုပ်သာ ကျန်ရှိနေလေသည်။
သို့သော် သူတို့က ကြိုးစားမှုကို မရပ်တန့်လိုက်ပေ။
ထိုစဉ် သေခြင်းတရား နတ်ဘုရားက တိုက်ခိုက်မှုအပြီး ပို၍ဒေါသထွက်လာသည်။ သူ့ဘဝတွင် ဒီလို အရှက်ရမှုမျိုး တစ်ခါမှ မကြုံတွေ့ဖူးပေ။ သူက တစ်ဖက်လူအား ဒေါသထွက်စွာ ကြည့်လိုက်ပြီးနောက် ကောင်းကင်ဘုံဗိမာန်ဆီ ပျံသန်းသွားလိုက်သည်။
သူ့ထိန်းချုပ်မှုအောက်တွင် ဘုံဗိမာန်က ကြယ်အသေးလေးအဖြစ် ပြောင်းလဲသွားပြီး သေခြင်းတရား နတ်ဘုရား၏ စုပ်ယူမှုကို ခံလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက် ထွက်လာကာ မရဏနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထိုအရှိန်အဝါက အားကောင်းကာ သေစေလောက်ပြီး သက်ရှိတိုင်း၏ ဝိညာဉ်များအား တုန်လှုပ်စေကာ သူ့အား ကိုးကွယ်လိုသည့်စိတ်ကို ပေါ်ပေါက်လာစေသည်။ ကံကောင်းစွာဖြင့် သတ်ဖြတ်ရေးအဖွဲ့နှင့် မသေနိုင်သော အဖွဲ့တို့က သူတို့၏ ခန္ဓာကိုယ်တွင် အပြင်းအထန် လေ့ကျင့်မှုများမှ သတ်ဖြတ်ရေးချီ အမြောက်အများ ရှိနေကြသည်။
ထိုအရှိန်အဝါက သူတို့စိတ်ထဲ ကျူးကျော်လာသည်နှင့် ထိုတပ်ဖွဲ့များတွင် အနီရောင်အရှိန်အဝါက ရုတ်ချည်းပေါ်ထွက်လာကာ သူတို့အား ကာကွယ်ပေးထားလေသည်။
ဝမ်ကျူ၊ ထျဲ့ကန်နှင့် ယန်းလီလင်းတို့ကဲ့သို့သော လူများအတွက်မူ ထိုသို့သော တိုက်ကွက်ကို ဂရုမစိုက်ပေ။
လီကျွင်းက လက်မြှောက်ကာ သေခြင်းတရား နတ်ဘုရားကို ကြည့်လိုက်ပြီး ရေရွတ်လိုက်သည် “ သူ့အင်အားက လေဟာနယ်ဖြိုခွင်းခြင်း အစောပိုင်းအဆင့်ကနေ ဒီအဆင့်ကို တိုးတက်သွားတာပဲ။ သူ့ကို သူတော်စင်အဆင့်လို့တောင် ယူဆလို့ရပြီ”
သူ့မျက်ဝန်း၌ တိုက်ခိုက်လိုစိတ် မြင့်တက်လာသည်။ သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် ရှိနေသေးသော်လည်း သူ့စွမ်းအားက ဝမ်ဝေ့၏ လေ့ကျင့်မှုအပြီးတွင် သူတော်စင်အဆင့်များနှင့် ယှဉ်နိုင်လေသည်။
သူက သာမန်သူတော်စင်များကို သတ်ဖြတ်နိုင်ပြီး ပါရမီရှင်သူတော်စင်များနှင့် လက်ရည်ညီ တိုက်ခိုက်နိုင်လေသည်။ ထို့အပြင် ကောင်းကင်ရွေးချယ်ခံ သူတော်စင်များ၏ လက်မှ ထွက်ပြေးနိုင်လေ၏။ ဂိုဏ်းချုပ် ဝမ်ထျန်းလိုမျိုး ကောင်းကင်ဘုံ သွေဖယ်နေသည့်အဆင့်မျိုးသာ သူ့အား ချက်ချင်းသတ်နိုင်လိမ့်မည်။
ထိုဖော်ပြချက်က သူတော်စင်အဆင့် ဝင်ရောက်ခါစ လူများအပေါ်တွင်သာ သက်ရောက်မှု ရှိလေသည်။
ထို့ကြောင့် သေခြင်းတရား နတ်ဘုရား၏ လက်ရှိခွန်အားက သူ့တိုက်ခိုက်လိုစိတ်အား အနည်းငယ် မြှင့်တင်ပေးနိုင်လိုက်သည်။ သူက ပုဆိန်လှံရှည်နှင့် တစ်ဖက်လူဆီ ပြေးသွားလိုက်သည်။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပုဆိန်လှံရှည်နှင့်အတူ ကြည့်ရသည်မှာ စစ်ပွဲကို ဖြတ်ကျော်တော့မည့် စစ်နတ်ဘုရားသဖွယ် ပုံပေါ်နေလေသည်။
သူက အားပြင်းပြင်းဖြင့် ဝှေ့ယမ်းလိုက်သည်။
သေခြင်းတရား နတ်ဘုရားက သတိလက်လွတ်ဖြစ်သွားပြီး သူ့တောင်ဝှေးကို မြှောက်ကာ တားဆီးလိုက်ရသည်။
ထိပ်တိုက်တွေ့မှုတွင် အားကောင်းသည့် လှိုင်းတစ်ခု ပေါ်ထွက်လာကာ သူ့အား လွင့်စင်သွားစေသည်။ သူက ကိုယ့်ဘာသာကို ထိန်းချုပ်ကာ ခြေငြိမ်အောက် လုပ်လိုက်ရ၏။ သေခြင်းတရားနတ်ဘုရားက နောက်ထပ်တစ်ဖန် အရှက်ကွဲသလို ခံစားလိုက်ရသည်။
နတ်ဘုရားတစ်ပါးအနေနှင့် သူက ဤအခြေအနေမျိုးအထိ ရောက်ရှိခဲ့ရသည်။
သူက လက်ကို မြှောက်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ သေခြင်းတရား အကဲဖြတ်ချက်”
ကောင်းကင်အထက်တွင် ဧရာမစာအုပ်ကြီးတစ်အုပ် ပေါ်ထွက်လာကာ စည်းမျဉ်းစွမ်းအားများဖြင့် တောက်ပနေလေသည်။ ထိုအရာက လီကျွင်းကို ပစ်မှတ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အား ထူးဆန်းသည့် နည်းလမ်းတချို့ဖြင့် စစ်ဆေးကြည့်လိုက်ဟန်ပေါ်သည်။
နောက်ဆုံးတွင် သူ့နာမည် ပါဝင်သော စာလုံးများက စာအုပ်ပေါ်တွင် ဖြည်းဖြည်းချင်း ရေးသားထွက်ပေါ်လာလေ၏။
ထိုစဉ် လီကျွင်းက သူ့အသက်ဓာတ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့နာမည်ရေးသားမှု ပြီးဆုံးသွားသည်နှင့် သူ သေသွားမည်ဟု ခံစားနေရသည်။
သူက မူလအဆီအနှစ်ကို ထိန်းချုပ်ကာ မရဏချီအဖြစ် ပြောင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အား ဝန်းရံလိုက်သည်။ ထို့နောက် သူက စာအုပ်နှင့် သူ့ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့အပြုအမူများက တစ်စိတ်တစ်ပိုင်းသာ အောင်မြင်ခဲ့သည်။
သူက ဆက်နွယ်မှုကို အပြီးတိုင် မဖြတ်လိုက်နိုင်ပေ။ သို့သော် သူ့သက်တမ်း လျော့ကျမှုက အတော်လေး နည်းပါးသွားသည်။ သူ့ တွက်ချက်မှုအရ သူသည် နောက် ၂၄ နာရီအတွင်း ၅နှစ်သက်တမ်းသာ ပျောက်ဆုံးသွားလိမ့်မည်။ သူ့အတွက် ဤတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်များစွာ ရှိလေသည်။
လီကျွင်းက သေခြင်းတရား နတ်ဘုရားအား ကြည့်လိုက်ပြီး ပုဆိန်လှံရှည်အား ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ခွန်အားသက်သက်ချည်း အသုံးပြုထားခြင်း မဟုတ်ဘဲ မူလစွမ်းရည်ကိုပါ အသုံးပြုထားသည်။
စာအုပ်အရွယ်အစားနှင့်တူသည့် ဧရာမပုဆိန်လှံရှည်ကြီးက ပေါ်ထွက်လာကာ ကျရောက်လာသည်။ ထိုအရာ၏ ရည်ရွယ်ချက်ကား စာအုပ်ကို ဖျက်ဆီးပစ်ဖို့ ဖြစ်၏။
သေခြင်းတရားနတ်ဘုရားက ထိုသို့မဖြစ်စေသောကြောင့် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ဧရာမလက်ကြီးတစ်ခု ထွက်လာလေသည်။ ထိုလက်ကြီးက အရေပြားနှင့် အသားများ မရှိဘဲ အနီရောင် အရိုးများသာ ရှိ၏။
ကောင်းကင်က အားပြင်းပြီး ကြီးမားသည့် အရာနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် တုန်ခါသွားလေသည်။ ထိုတုန်ခါလှိုင်းများက ကမ္ဘာအနှံ့ပျံ့နှံ့သွားလေ၏။ ဇာတ်ကြောင်းများထဲ၌သာ နတ်ဘုရားများ၏ စွမ်းအားကို ကြားဖူးကြသည့် သေမျိုးများအတွက် ဤသည်က နတ်ဘုရားတိုက်ပွဲသာ ဖြစ်လေသည်။
အနီရောင် အရိုးလက်ကြီးက လှံကို ခေတ္တမျှသာ တားဆီးနိုင်လိုက်သည်။ သို့သော်လည်း ထိုအချိန်လေးသာ လိုအပ်ခြင်း ဖြစ်၏။ သိပ်မကြာခင် နောက်ထပ် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ထိုအရိုး၏ တခြားအစိတ်အပိုင်းက သေခြင်းတရားနတ်ဘုရား၏ ခန္ဓာကိုယ်မှ အလျင်အမြန်ထွက်ပေါ်လာသည်။ ထို့နောက် နံရိုးအောက်တွင် ခုန်နေသည့် နှလုံးနှင့်အတူ ဧရာမအနီရောင် အရိုးခေါင်းကြီး ပေါ်ထွက်လာသည်။
သူ့လက်နှစ်ဖက်ဖြင့် စာအုပ်ဆီ ကျဆင်းလာသည့် ပုဆိန်လှံရှည်အား ကိုင်ထားလေသည်။ ထိုအခွင့်အရေးကို အသုံးချကာ သေခြင်းတရား နတ်ဘုရားက အကဲဖြတ်စာအုပ်အား သူ့စည်းမျဉ်းစွမ်းအားဖြင့် အင်အားကို တိုးမြှင့်ပေးလိုက်သည်။
လီကျွင်းက သူ့အသက်ဓာတ် လျှော့ကျလာသည်မှာ မြန်ဆန်လာကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ ကျုပ်က အစတုန်းကတော့ ခင်ဗျားတို့ အထွတ်အထိပ်နတ်ဘုရားတွေ ဘယ်လောက်တိုက်ခိုက်နိုင်လဲဆိုတာကို ကြည့်ဖို့ ဖြည်းဖြည်းချင်း ကစားမလို့ပဲ။ အခုတော့ အဲလိုလုပ်ချင်စိတ် သိပ်မရှိတော့ဘူး”
အထွတ်အထိပ် နတ်ဘုရားသည် စည်းမျဉ်းစွမ်းအားကို အသုံးပြုနိုင်ကြောင်း ကြားမိပြီးသည့်နောက်တွင် လီကျွင်းနှင့် အဖွဲ့တို့က ဤကမ္ဘာသည် မရိုးရှင်းကြောင်း သိခဲ့ရပြီး သတင်းအချက်အလက်ကို ဆက်လက်စုဆောင်းချင်ခဲ့သည်။
ထို့ကြောင့် သူတို့၏ အကြံအစည်က ဤတိုက်ပွဲကို အသုံးပြုကာ နတ်ဘုရားများအကြောင်း သင်ယူရန် ဖြစ်၏။ ဤတိုက်ပွဲတွင် လီကျွင်းက အရေးကြီးသည့် တစ်စုံတစ်ခုကို သင်ယူခဲ့ရသည်။ အတိအကျဆိုရလျှင် သူ့တွင်ရှိထားသော သဘောတရားတစ်ခုကို အတည်ပြုနိုင်ခဲ့၏။ ထိုနတ်ဘုရားများသည် စည်းမျဉ်းများကို မထိန်းချုပ်နိုင်ပေ။ သူတို့က ထိုစွမ်းအားကို ငှားယူရုံသာဖြစ်၏။
အကြောင်းအရင်းမှာ သေခြင်းတရား နတ်ဘုရားသည် သေခြင်းတရားဟူသော စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်သော်လည်း သူက အလွန်အားနည်းနေသေးသည်။ သူတို့၏ နတ်ဘုရားအဖွဲ့အစည်းမှာ သီးသန့် ဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်တာကြောင့် မဖွံ့ဖြိုးတော့ပေ။
အလယ်အလတ်ကမ္ဘာများက စည်းမျဉ်းကို ထိန်းချုပ်နိုင်သည့် ကျင့်ကြံသူကို မွေးထုတ်မပေးနိုင်ပေ။ သို့သော်လည်း ဤကမ္ဘာ၏ နတ်ဘုရားများက ထူးဆန်းသည့် ကျင့်ကြံရေးနည်းစနစ်နှင့်အတူ စည်းမျဉ်းစွမ်းအားကို ငှားယူအသုံးပြုနိုင်ကြသည်။
လီကျွင်းက ထိုကျင့်ကြံရေး နည်းစနစ်ကို ဘယ်သူဖန်တီးခဲ့ကြောင်း စဉ်းစားနေမိ၏။ ထိုကျင့်စဉ်တွင် ပြစ်ချက်နှင့် အတားအဆီးများစွာ ရှိနေသော်လည်း အတော်လေးတော့ ဖန်တီးဉာဏ်ကောင်းလှသည်။ ဤကမ္ဘာမှ နဂိုလူများ ဖန်တီးထားသည်ဟု တစ်စက္ကန့်မျှပင် မယုံပေ။
သူက မာနကြီးလွန်းသူ ဖြစ်နိုင်သော်လည်း သူ့ အကဲဖြတ်မှုကိုသာ ယုံကြည်ထားလေ၏။
လီကျွင်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ရေး အလိုဆန္ဒတစ်ခု ထွက်ပေါ်လာကာ ပုဆိန်လှံရှည်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။ ထိုစဉ် အသံလှိုင်းထက်မြန်သည့် အနီရောင် ခုတ်ချက်က သေခြင်းတရားနတ်ဘုရားဆီ ကျရောက်သွားလေသည်။
ထိုစဉ် သေခြင်းတရား နတ်ဘုရားက သူ့ဆီ သေခြင်းတရား ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။
သေခြင်းတရား နတ်ဘုရား၏ ခန္ဓာကိုယ်အထက်တွင် အနက်ရောင် ချပ်ဝတ်တစ်ခု ရုတ်ချည်းပေါ်ထွက်လာကာ အစိတ်အပိုင်းတိုင်းကို ကာကွယ်ထားလေ၏။ ထိုရိုက်ချက် ထိမှန်သည်နှင့် သူက ခြေလှမ်းအနည်းငယ်မျှသာ နောက်ဆုတ်သွားလေသည်။ ချပ်ဝတ်ပေါ်၌ ခြစ်ရာတစ်ခုသာ ကျန်ရှိခဲ့၏။
“ချပ်ဝတ် စည်းမျဉ်းလား” လီကျွင်းက တအံ့တဩရေရွတ်လိုက်သည်။
ဤသည်က အသင်္ချေအင်ပါယာကမ္ဘာတွင် တော်ဝင်နယ်မြေနှင့်အထက် ဂိုဏ်းများ အသုံးပြုလေ့ရှိကြသည့် လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်၏။ ထိုအရာက လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံသူအား သူတို့၏ စည်းမျဉ်းစွမ်းအားကို အသုံးပြုကာ ချပ်ဝတ်အဖြစ် ပြောင်းလဲပြီး အသက်ကယ်သည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြလေသည်။
အန္တရာယ်များသည့် အခြေအနေမျိုး၌ ထိုနည်းစနစ် ရှိသည့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူက သာမန်လူထက် အသက်ရှင်နိုင်ချေ ပိုများလေသည်။ ဤနည်းစနစ်ကို အဆင့်မြင့်ဂိုဏ်းများ၏ တပည့်များကသာ အရေးသာချက်ရှိဖို့ တင်းကျပ်စွာ ထိန်းချုပ်ထားလေသည်။
ထိုကျင့်ကြံသူအားလုံး၏ သဘောတရားအရ ဂိုဏ်းတစ်ဂိုဏ်းအနေနှင့် တော်ဝင်နယ်မြေဟု ယူဆနိုင်ဖို့အတွက် သူတော်စင်အဆင့် ကျင့်ကြံသူအရေအတွက် လုံလောက်သည့် အရေအတွက် ရှိဖို့လိုအပ်ရုံသာမက ချပ်ဝတ် စည်းမျဉ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခုလည်း လိုအပ်ပေသည်။
လီကျွင်းက သေခြင်းတရား နတ်ဘုရားသည် ဤနည်းစနစ်ကို ထုတ်သုံးလိုက်ပြီးနောက် အံ့ဩသွားသည့် အကြောင်းအရင်း ဖြစ်၏။ သူက ထိုသူ ဘယ်နေရာမှ ရောက်ရှိလာကြောင်း စဉ်းစားနေမိသည်။
လီကျွင်းက ထိုကမ္ဘာ၏ လျှို့ဝှက်ချက်များသည် သူ ထင်ထားသည်ထက် နက်နဲကြောင်း သတိပြုမိသည့်အခါ အကြည့်များက တောက်ပသွားလေသည်။