← Chapters

အဆင့်မြင့် လူမှုအဖွဲ့အစည်း၏ အရေးသာချက်

Vol. 24 Ch. 328

အဆင့်မြင့် လူမှုအဖွဲ့အစည်း၏ အရေးသာချက်

Vol. 24 Ch. 328

အခန်း (၃၂၈) : အဆင့်မြင့် လူမှုအဖွဲ့အစည်း၏ အရေးသာချက်

လီကျွင်းက သေခြင်းတရား နတ်ဘုရား၏ ဝန်းကျင်ရှိ ချပ်ဝတ်ကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ယေဘုယျအားဖြင့် ကိစ္စများက ဘာမှပြောင်းလဲမသွားပေ။ ထိုချပ်ဝတ်စည်းမျဉ်းဖြင့်  စည်းမျဉ်းနှင့် မပတ်သက်သည့် တိုက်ခိုက်မှုများအပေါ် ကာကွယ်ပြီးသား ဖြစ်နေလိမ့်မည်။

ကမ္ဘာဦးစိတ်ဝိညာဉ်ထောင်ချီ တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင်ပင် ဘာပျက်စီးမှုမှ ဖြစ်စေမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကန့်သတ်ချက် ရှိနေသေး၏။ ထိုတိုက်ကွက်တစ်ခုက ထိုကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားသ၍ ကျိုးပျက်နိုင်လေသည်။

ထို့ကြောင့် သူ့အနေနှင့် တာအိုသတ္တုလုံး သုံးထောင်မှ ဉာဏ်အလင်းပွင့်ထားသည့် သတ်ဖြတ်ရေးတာအိုမှ အသစ်ဖန်တီးထားသည့် တိုက်ကွက်ဖြင့် အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

လီကျွင်းအနောက်ဘက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် သွေးမြစ်တစ်ခု ပေါ်ထွက်လာသည်။ သူက သူ့နောက်တွင် သွေးချောင်းစီးကာ ဖျက်ဆီးမှုကိုသာ ချန်ထားခဲ့သည့် သွေးအုပ်စိုးသူ နတ်ဘုရားတစ်ပါးလိုမျိုး ဖြစ်နေလေသည်။

လီကျွင်းက ပုဆိန်လှံရှည်ကို မြှောက်ကာ သွေးပင်လယ်ကို ထိန်းချုပ်လိုက်သော်လည်း ချက်ချင်းဆိုသလို ရပ်တန့်လိုက်သည်။ သူ့စိတ်ထဲ၌ နာကျင်လွန်းသည့် အော်သံနှင့်အတူ ချိုးဖျက်နေသည့် အသံကိုပါ ကြားနေရသည်။ ထိုအရာက ဤကမ္ဘာသည် အလယ်အလတ်ကမ္ဘာ ဖြစ်၍ ဤသို့သော အင်အားကို ခံနိုင်ရည် မရှိကြောင်း သဘောပေါက်သွားလေသည်။ လက်ရှိတိုက်ကွက်က ထိုခံနိုင်ရည်အားကို ကျော်လွန်နေလေ၏။

အမှန်အတိုင်းဆိုရလျှင် သေခြင်းတရား နတ်ဘုရားနှင့် သူ့တိုက်ပွဲတိုလေးက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ထိ ရောက်ရှိခဲ့သောကြောင့် ဤကမ္ဘာ၏ ခံနိုင်ရည်ထက် ကျော်လွန်နေလေသည်။ သို့သော်လည်း ကောင်းကင်ဘုံဗိမာန်ကမူ ထူးခြားသည့်အရာ ဖြစ်သည့်အတွက် သက်ရောက်မှု မရှိပေ။

သို့သော် သေခြင်းတရား နတ်ဘုရား၏ ချပ်ဝတ်စည်းမျဉ်းကို ချိုးဖောက်ဖို့ အသုံးပြုမည့် လီကျွင်း၏ တိုက်ကွက်က အားကောင်းလွန်းနေသည်။ လီကျွင်းက ထိုအရာကို တွေ့ရှိပြီးနောက် သူ့တိုက်ကွက်ကို ပယ်ဖျက်လိုက်လေသည်။

ထိုအရာက သေခြင်းတရား နတ်ဘုရားအား အံ့အားသင့်သွားကာ သူ့ပြိုင်ဘက်တစ်ခုခု ဖြစ်သွားသည်လားဟု တွေးမိသွားစေသည်။

ရေစီးကြောင်းက ငါ့ဘက်ပဲ အရေးသားတာ ဖြစ်ရမယ်…

သေခြင်းတရား နတ်ဘုရားက တွေးလိုက်သည်။ ကံဆိုးစွာဖြင့် သူ့အတွေးများက မှားယွင်းနေခဲ့၏။

လီကျွင်းက ကျောက်စိမ်းအဆောင် တစ်ခုကို ထုတ်ကာ တစ်ယောက်ယောက်နှင့် ဆက်သွယ်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက် ကောင်းကင်အထက် အစီအရင်တစ်ခုက တောက်ပစွာ လင်းလက်လာပြီး သေခြင်းတရား နတ်ဘုရား၏ မျက်နှာထက်တွင် အကြောက်တရားတစ်ခု ပေါ်ထွက်လာသည်။

သူ့ချပ်ဝတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

“ မိခင် နတ်ဘုရားကို ဘာလုပ်လိုက်တာလဲ” သူက အော်ပြောလိုက်သည် “ ငါက ဘာလို့ သူမနဲ့ ဆက်နွယ်မှုကို မခံစားမိတော့တာလဲ”

သေခြင်းတရား နတ်ဘုရားက သူ့စည်းမျဉ်းစွမ်းအားကို အသုံးပြုဖို့ ကြိုးစားလိုက်သော်လည်း ဘာမှဖြစ်မလာပေ။ သူက အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေနှင့် စွမ်းအားကို ပျောက်ဆုံးသွားလေပြီ။

“ မိခင် နတ်ဘုရားလား။ မင်းတို့က ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုကို အဲ့လိုခေါ်တာလား” လီကျွင်းက မေးလိုက်သည် “ အတော်လေးတော့ သင့်တော်သားပဲ”

“ ငါ့မေးခွန်းကို ဖြေ”

“ ငါတို့က မင်းတို့အထွတ်အထိပ် နတ်ဘုရားတွေရဲ့ စည်းမျဉ်းစွမ်းအားက ကောင်းကင်တာအိုဆီကနေ ရလာတယ်ဆိုတာကို သိထားပြီးသား။ မင်းတို့နှစ်ယောက်ကြားက ဆက်နွယ်မှု ပြတ်တောက်သွားတာနဲ့ မင်းတို့အားလုံးက အဲ့စွမ်းအားကို ပျောက်ဆုံးသွားမှာပဲ”

သေခြင်းတရား နတ်ဘုရားက ထိုအရာကို ကြားပြီးနောက် ဒေါသထွက်လာသည်။ နတ်ဘုရားအားလုံးက ကောင်းကင်တာအိုကို ကိုးကွယ်ယုံကြည်ကြပြီး သူတို့၏ ဖန်တီးသူအဖြစ် သတ်မှတ်ထားသောကြောင့် မိခင်ဟု အမည်တွင်နေခြင်း ဖြစ်သည်။

သူမသည် ဤကမ္ဘာလောကရေးရာ ကိစ္စများအား ဝင်မစွက်ဖက်တတ်သော်လည်း သူတို့အနေနှင့် သူမ၏ စွမ်းအားက အထွတ်အထိပ်ဖြစ်ကာ အားကောင်းကြောင်း ယုံကြည်ထားကြသည်။ သို့သော် ယခုတွင် လူများက သူမအား ဝင်စွက်ဖက်နိုင်ခြင်း ရှိကြောင်း ပြသသွားလေသည်။ သူမ သူတို့ဆီ ချီးမြှင့်ထားသည့် ကောင်းချီးကိုပင် ဖြတ်တောက်လိုက်လေ၏။

လီကျွင်းက သူ့အမူအရာ အပြောင်းအလဲများကို ချက်ချင်းသိလိုက်သည်။ သူက ခေါင်းအသာခါလိုက်၏။ ဤသည်က အားကောင်းသည့် ကမ္ဘာနှင့် သေးငယ်သည့် ကမ္ဘာကြားမှ ကွာခြားချက် ဖြစ်လေသည်။ သူတို့က ကမ္ဘာအား မြင်သည့်ပုံစံနှင့် နားလည်နိုင်စွမ်းက အတော်လေး ကွဲပြားနေလေသည်။

ထိုအရာက လူမှုအဖွဲ့အစည်းတိုးတက်မှု ပုံရိပ် ဖြစ်၏။ ဤကမ္ဘာ၏ နတ်ဘုရားများက ကောင်းကင်တာအိုကို သက်ရောက်နိုင်လာမည့်သူရှိသည်ကို ခွင့်ပြုမည် မဟုတ်ပေ။

သို့သော်လည်း အားကောင်းသည့် ကမ္ဘာမှ လီကျွင်းအတွက်မူ အလယ်အလတ်ကမ္ဘာ၏ ကောင်းကင်တာအိုကို ကျွန်ပြုဖို့ရာက ပုံမှန်သာဖြစ်လေသည်။ လီကျွင်းက ခေါင်းအသာခါလိုက်ပြီး ပုတီးလုံးနှင့်တူသည့် စည်းပိတ်ရေးအသုံးအဆောင်ပစ္စည်းကို ထုတ်လိုက်သည်။ ထို့နောက် သေခြင်းတရားနတ်ဘုရားကို စည်းပိတ်ဖို့ ပြင်လိုက်၏။ ထိုလူ၏ ခွန်အားက သူတော်စင်တစ်ပိုင်းအဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ သိသိသာသာလျော့ကျသွားလေပြီ။

ထို့နောက် မတော်တဆ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာခဲ့၏။ ဒေါသထွက်နေသည့် သေခြင်းတရားနတ်ဘုရားက သူ့ဝိညာဉ်ကို လောင်မြိုက်ကာ သူ့ကောင်းကင်ဘုံဗိမာန်အတွင်းရှိ ယုံကြည်မှုအများစုကို စုပ်ယူပစ်လိုက်သည်။

လီကျွင်းက လက်ဝှေ့လိုက်ပြီး ပုတီးစေ့ကို အံ့မခန်းနှုန်းဖြင့် ပစ်ခတ်လိုက်သည်။ ထိုအရာက သေခြင်းတရား နတ်ဘုရားရှေ့ ရောက်ရှိသွားသည့်အခါ ချက်ချင်းဆိုသလို ဝါးမျိုသွားလေသည်။ သို့သော်လည်း လီကျွင်းက သူသည် ခြေတစ်လှမ်း နောက်ကျသွားကြောင်း ခံစားမိလိုက်သည်။

သူက ပုတီးစေ့ကို လက်မှာ ကိုင်ရင်း အထဲရှိ အိပ်ပျော်နေသည့် သေခြင်းတရားနတ်ဘုရား၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူက သက်ပြင်းချလိုက်ပြီးနောက် မရဏတိုင်းပြည် မြို့တော်ထိပ်သို့ ရောက်သွားစေရန် ကူးသန်းသွားလာရေးမန္တန်ကို အသုံးပြုလိုက်သည်။

အသင်္ချေအင်ပါယာကမ္ဘာတွင် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများက လေဟာနယ်ကို ချိုးဖောက်ကာ ကူးသန်းသွားလာနိုင်သော်လည်း ဧကရာဇ်မျိုးနွယ်တချို့ကမူ အာကာပြင်မန္တန်များကို ဖန်တီးထားကြသည်။

သို့သော်လည်း ထိုသို့သော မန္တန်မျိုး မသင်ယူခင် မူလအဆီအနှစ် လိုအပ်ချက်က ရှိလေသည်။ မဟုတ်လျှင် အသုံးပြုသူက ချက်ချင်းဆိုသလို သူတို့စွမ်းအားများ ကုန်ဆုံးသွားလိမ့်မည်။

“ တစ်ခုခု ဖြစ်ခဲ့လို့လား” ယန်းလီလင်းက လီကျွင်းရောက်ရှိလာသည်ကို မြင်ပြီး မေးလိုက်သည်။

“ သေခြင်းတရား နတ်ဘုရားက အစီအရင်ကို ချိုးဖောက်ဖို့ လျှို့ဝှက်နည်းလမ်း တချို့ သုံးသွားပြီးတော့ သတင်းအချက်အလက်တွေကို အပြင်ဘက်ကို ပို့လိုက်တယ်”

“ အဲဒါက ကျွန်မတို့ အစီအစဉ်အပေါ် သက်ရောက်မှု ရှိနိုင်မှာလား”

“ အဲလိုဖြစ်ဖို့ များတယ်” လီကျွင်းက ပြန်လည်တွေးရင်း ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက စိုးရိမ်နေမိသည်။ ထို့နောက် သူက ပုတီးစေ့အား ဝမ်ကျူဆီ ပေးလိုက်သည် “ သူ့ဝိညာဉ်ထဲကနေ ဘာသတင်းအချက်အလက် ရနိုင်လဲ ရှာကြည့်လိုက်ဦး”

“ သခင်လေးက ဘယ်သွားမလို့လဲ” သူမက ယူဆောင်ပြီးနောက် ပြန်မေးလိုက်သည်။

“ အထွတ်အထိပ် နတ်ဘုရားတွေက အစီအရင်တွေကို ဆက်တိုက် တိုက်ခိုက်နေတယ်ဆိုပြီး သတင်းရထားတယ်။ အဲဒါကြောင့် မတော်တဆ ဖြစ်ရပ်တစ်ခုကို ဖြစ်မလာအောင် တားဆီးမလို့။ ပြီးတော့ အစီအရင်ကို ထိန်းထားနိုင်ဖို့လည်း အရင်းအမြစ် လျှော့ချနိုင်မလား သွားကြည့်ရဦးမယ် ”

အားလုံးက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့၏ လုပ်ငန်းများ၌သာ အာရုံစိုက်ထားလိုက်ကြသည်။ လီကျွင်းက ပျောက်ကွယ်မသွားခင် ပြောလိုက်သေး၏ “ မင်းတို့တွေ သတင်းတင်ပြဖို့ မေ့မနေနဲ့ဦး”

ဤကမ္ဘာသို့ ရောက်မလာခင် ဝမ်ဝေ့က သူတို့အား ကမ္ဘာအသီးသီးကြား အလွှာတွင်း စစ်ပွဲအတွင်း သိရမည့် အချက်အလက်ကို သတင်းပို့ခိုင်းထားခဲ့သည်။ သူက နောင်အနာဂတ် လိုအပ်လာခဲ့လျှင် ကြိုတင်ပြင်ဆင်ထားလိုခြင်းသာ ဖြစ်၏။

ဤလမ်းညွှန်မှုက ယေဘုယျမျှသာ ဖြစ်လေသည်။ ကမ္ဘာအများစုက ကွဲပြားသော ချဉ်းကပ်မှုတို့ လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အသုံးပြုနိုင်သည့် တူညီမှုတို့တော့ ရှိနေသေးလေသည်။

လီကျွင်း ထွက်သွားပြီးသည့်နောက်တွင် ထျဲ့ကန်က သူ့ မသေနိုင်သော တပ်ဖွဲ့အား ဦးဆောင်လိုက်ပြီး ယန်းလီလင်းကမူ သတ်ဖြတ်ရေးအဖွဲ့ကို ဦးဆောင်လိုက်သည်။

ထျဲ့ကန်က သူ့ခြေထောက်အောက်မှ မြို့တော်ကို ကြည့်ရင်း ပြောလိုက်သည် “ နတ်ဘုရားတွေအကုန်လုံး အညံ့ခံမလား။ အကျိုးဆက်ကို ခံစားမလား”

သူ့အသံက မြို့တော်အတွင်း ပျံ့နှံ့သွားရုံသာမက မရဏတိုင်းပြည်အောက်ရှိ မြို့အားလုံးအထိ ပျံ့နှံ့သွားလေသည်။ ကျင့်ကြံရေးနည်းစနစ်များ ချီးမြှင့်ခံထားရသည့် ဆွေကြီးမျိုးကြီး မိသားစုများနှင့်အတူ ဘုရင်က ကောင်းကင်အား အထိတ်တလန့် ကြည့်လိုက်ကြသည်။ သူတို့၏ အထွတ်အထိပ် ခေါင်းဆောင် သေခြင်းတရား နတ်ဘုရားသည် နတ်ဘုရားများအကြား အားအကောင်းဆုံးဖြစ်နေလျက်နှင့် အလွယ်တကူ ရှုံးနိမ့်သွားပြီး စည်းပိတ်ခံလိုက်ရသည်ကို မြင်လိုက်ကြရသည်။ ထို့ကြောင့် သူတို့က ကြောက်ရွံ့နေကြပြီး ဘာလုပ်ရမလဲဟု စဉ်းစားနေကြသည်။

ဘုရင်က လူတချို့ကို စုစည်းကာ သူတို့၏ နောက်အပြုအမူကို ဆွေးနွေးလိုက်ကြသည်။ ခဏတာ ဆွေးနွေးပြီးသည့်နောက်တွင် တစ်ယောက်ယောက်ကို ထျဲ့ကန်ထံ သံတမန်အနေနှင့် စေလွှတ်လိုက်သည်။

သေမျိုးများအတွက်မူ နတ်ဘုရားများက ဘာလို့ အချင်းချင်း တိုက်ခိုက်နေလဲဟုသာ စဉ်းစားနေကြသည်။ သူတို့အနေနှင့် နတ်ဘုရားများနှင့် ကျင့်ကြံသူများကြား မခွဲခြားတတ်ပေ။ သူတို့အတွက် ထူးကဲစွမ်းရည်ရှိသည့်သူအားလုံးက နတ်ဘုရားများသာ ဖြစ်ကြ၏။

ထျဲ့ကန်က သူ့ဆီ ပျံသန်းလာသည့် နတ်ဘုရားတစ်ပိုင်းအား ကြည့်လိုက်သည်။ သူမအား စကားပြောဖို့ အခွင့်အရေး မပေးဘဲ ပြောလိုက်၏ “ မင်းက ငါနဲ့ ဆွေးနွေးဖို့ အရည်အချင်း မပြည့်မှီဘူး။ မင်းတို့ ဘုရင်ကို လာခိုင်းလိုက်။ မဟုတ်ရင် သုတ်သင်ခံရမယ်”

နတ်ဘုရားတစ်ပိုင်းက ထိုအရာကို ကြားပြီး နင်လုမတတ် ဖြစ်သွားလေသည်။ သူမ၏ အသက်ရှူနှုန်းများက ချက်ချင်းဆိုသလို မြန်ဆန်လာလေ၏။ သူမက ဒေါသထွက်လိုသော်လည်း ထျဲ့ကန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်ငွေ့အား ခံစားပြီးသည့်နောက်တွင် စကားများ ပြန်ပါးပေးဖို့သာ ဆုံးဖြတ်လိုက်သည်။

ထျဲ့ကန်က ထိုသို့လုပ်လိုက်ခြင်းမှာ သူက အားကောင်းသည့် ကမ္ဘာမှဖြစ်၍ အာဏာပြလို၍ မဟုတ်ပေ။ သူ၏ နဂိုကမ္ဘာက ဤထက်ပင် အားနည်းသေး၏။

သူ လုပ်လိုက်သည့် အကြောင်းအရင်းမှာ လက်ရှိအခြေအနေတွင် သူတို့၏ သာလွန်မှုကို ပြသရန် ဖြစ်၏။ ဤသည်က ညှိနှိုင်းရာ၌ သူတို့အတွက် အရေးသာစေလိမ့်မည်။

သူတို့အဖွဲ့က စစ်မက်ရေးရာ ကြွယ်ဝကာ ထိုနတ်ဘုရားများကို သုတ်သင်နိုင်လေသည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းက သူတို့အတွက် အကောင်းဆုံး မဟုတ်ပေ။ ထိုသူများ၏ အကြွင်းမဲ့ အညံ့ခံလိုက်ခြင်းကသာ သူတို့အတွက် အကောင်းဆုံး ဖြစ်၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သရဖူဆောင်းထားသည့် လူလတ်အရွယ် အမျိုးအသားက ထျဲ့ကန်ရှေ့တွင် ပေါ်ထွက်လာသည်။ သူ့တွင် သဘာဝလွန်နယ်ပယ်အဆင့်နှင့် တူညီသည့် အစစ်အမှန် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါ ရှိ၏။

ထျဲ့ကန်က ထိုလူအား ခြုံငုံကြည့်ပြီးသည့်နောက် ပြောလိုက်သည် “ ငါ တည့်တိုးပဲပြောမယ်။ တကယ်လို့ မင်းတို့ အညံ့ခံပြီးတော့ ငါတို့နတ်ဘုရားကို ကိုးကွယ်မယ်ဆိုရင် မင်းတို့တွေရဲ့ စွမ်းအားတွေ၊ စွမ်းရည်တွေ၊ နတ်ဘုရားအဖြစ် ဂုဏ်ပုဒ်တွေကို ဆက်လက်သိမ်းထားလို့ရတယ်။ မဟုတ်ရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့”

မရဏဘုရင်၏ အကြည့်များက တောက်ပသွားလေသည်။ သူ အကြောက်ဆုံးက ထိုလူများသည် သူတို့အားလုံးကို သတ်ကာ သူတို့၏ စွမ်းအားကို ယူပစ်မည်ကို ဖြစ်၏။ သို့သော် ယခုတွင် သူတို့အားလုံး အလိုရှိသည်က သူတို့၏ ယုံကြည်မှုကို ပြောင်းလဲလိုက်ရုံမျှသာ ဖြစ်သည်။

“ ကျွန်တော်တို့ ချက်ချင်းအညံ့ခံပါ့မယ်” မရဏဘုရင်က ပြောလိုက်သည်။

သူက မရဏနတ်ဘုရား၏ မျိုးဆက် ဖြစ်သော်လည်း ဂရုမစိုက်ပေ။ သူက မျိုးဆက် မည်မျှမှန်းပင် မသိတော့ပေ။ ဤသည်မှာ သေခြင်းတရား နတ်ဘုရား မည်မျှ အသက်ရှည်နေသည်ကို ပြသနေလေသည်။

“ မင်းက ဒီမြို့ထဲက တခြားနတ်ဘုရားတွေကိုရော ကိုယ်စားပြုလား”

“ ဟုတ်ပါတယ်” ဘုရင်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ အစွန်းရောက် ကိုးကွယ်တဲ့ သူတချို့တော့ ရှိပါသေးတယ်။ သူတို့ကတော့ သေခြင်းတရား နတ်ဘုရားအပေါ် ယုံကြည်မှုကို စွန့်ပယ်မှာ မဟုတ်ဘူး”

“ အဲဒါဆိုလည်း သူတို့ပျောက်ကွယ်သွားရမှာပေါ့”

All Chapters