← Chapters

မျှားခေါ်ခြင်း

Vol. 24 Ch. 329

မျှားခေါ်ခြင်း

Vol. 24 Ch. 329

အခန်း (၃၂၉) : မျှားခေါ်ခြင်း

အစွန်းရောက် ကိုးကွယ်သူများသည် နတ်ဘုရားများအတွက် အကြီးမားဆုံး အဖိုးတန်အရာများသာ ဖြစ်သည်။ သူတို့၏ အားကောင်းသော ယုံကြည်သက်ဝင်မှုများကြောင့် သူတို့က နတ်ဘုရားများအား ယုံကြည်မှုစွမ်းအား အမြောက်အများ ပေးစွမ်းနိုင်လေသည်။ အပြန်အလှန်အားဖြင့် သူတို့က နတ်ဘုရားဖြစ်လာဖို့အတွက် ကျင့်ကြံရေးနည်းစနစ် ပေးဖို့ ရွေးချယ်ခံရသည့် ပထမဆုံးလူများ ဖြစ်တတ်ကြသည်။

သူတို့၏ ဝိညာဉ်က အားကောင်းလေလေ သူတို့ ထောက်ပံ့နိုင်သည့် ယုံကြည်မှုပမာဏက များပြားလေလေ ဖြစ်၏။

မရဏဘုရင်၏ စကားများကို ကြားပြီးသည့်အခါ ထျဲ့ကန်က မြို့တော်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းမှ ထူးဆန်းသည့် သင်္ကေတများ ပေါ်ထွက်လာသည်။ သူက ထိုလူများကို လေ့လာလိုက်၏။ သူတို့က လူအများစုသည် သူတို့ခေါင်းအထက်တွင် ရွှေရောင်အလွှာ တစ်ခုရှိနေကြောင်း မြင်လိုက်ရသည်။ ထိုရွှေရောင်အလွှာ၏ ပြင်းအားသည် လူတစ်ယောက်နှင့် တစ်ယောက် မတူညီပေ။ နတ်ဘုရားများပင် သူတို့၏ ခေါင်းအထက်တွင် ရှိတတ်ကြသည့် အကြောင်းမှာ သူတို့၏ ယုံကြည်မှုပြင်းအား ဖြစ်၏။

ထျဲ့ကန်က ချီစောင့်ကြည့်ရေး နည်းစနစ်ဟုခေါ်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ မိုးမြေကြားရှိ အရာအားလုံးတွင် သူတို့၏ ကိုယ်ပိုင်ချီ သို့မဟုတ် အငွေ့အသက် ရှိတတ်ကြသည်။ ထိုချီကို လေ့လာခြင်းအားဖြင့် သူတို့၏ အနှစ်သာရများကို ကြည့်နိုင်လေသည်။

ဤသို့သော နည်းစနစ်က ချီကံကောင်းမှုကို ကြည့်ဖို့ရာ အသုံးပြုလေ့ရှိပြီး တစ်ယောက်ချင်းဖြစ်စေ၊ တိုင်းပြည်၏ ချီကံကောင်းမှုကိုဖြစ်စေ၊ ဂိုဏ်းတစ်ဂိုဏ်း၏ ကံကောင်းမှုကိုဖြစ်စေ ကြည့်၍ရသည်။ ပြောရလျှင် မမြင်နိုင်သည့် အရာများကို မြင်အောင်၊ မသိနိုင်သည့်အရာများကို သိအောင် ကြည့်ခြင်း ဖြစ်၏။

ဝမ်ဝေ့က သူ့စံပြဝိညာဉ်ကြောင့် ထိုအရာများကို မြင်ဖို့ သဘာဝစွမ်းရည် ရှိထားသောကြောင့် ထိုသို့နည်းစနစ်မျိုး သင်ယူဖို့ မလိုအပ်ပေ။

ထျဲ့ကန်က မြို့တော်ရှိလူများ၏ ယုံကြည်မှုများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လူတချို့အပေါ် အာရုံစိုက်ထားလိုက်သည်။ အားလုံးက သူတို့ခေါင်းအထက်တွင် တောက်တောက်ပပ ခရမ်းရွှေရောင်အလင်း စက်ဝန်းတစ်ခု ရှိနေကြပြီး သူတို့၏ ယုံကြည်မှုများသည် ပြိုင်ဘက်ကင်းကြောင်း ဖော်ပြနေလေသည်။

ထျဲ့ကန်က လက်ဝှေ့လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ အသင်္ချေအလင်းတန်းများ ထွက်ပေါ်သွားပြီး ထိုအစွန်းရောက် ကိုးကွယ်သူများဆီ ရောက်ရှိသွားကာ အမှတ်အသား ဖြစ်သွားစေသည်။  နောက်ဆုံးတွင် သူက သူ့လူများအား အမှတ်အသားများနှင့် လူများကို ဖမ်းဆီးဖို့ အမိန့်ပေးလိုက်သည်။

ထို့နောက် သူက သူ့ဆီ အညံ့ခံထားသည့် နတ်ဘုရားများအား သူ့နားတွင် လာရပ်ဖို့ အမိန့်ပေးလိုက်သည်။ သူက သူတို့အများစုကို မယုံကြည်သောကြောင့် သူတို့စကားများ ပြန်ရုတ်သိမ်းမည့် ဖြစ်ရပ်မျိုးအတွက် ချက်ချင်းအသင့်ပြင်ထားသည်။

အညံ့ခံဖို့ ငြင်းပယ်နေသည့် လူများအတွက်မူ ထျဲ့ကန်က ဖျောင်းဖျနေခြင်းမျိုး မရှိပေ။ သူက သူ့တပ်ဖွဲ့အား အမိန့်ပေးကာ သတ်ဖြတ်စေလိုက်သည်။

မသေနိုင်သော တပ်ဖွဲ့၏ စွမ်းအားဖြင့် လူအားလုံးက အသတ်ခံလိုက်ရသည်။ ပြောရလျှင် မျှတသည့် တိုက်ပွဲပင် မဟုတ်ခဲ့ပေ။ နတ်ဘုရားများက ဆက်တိုက် သတ်ခံလိုက်ရပြီး သူတို့၏ ရွှေရောင်သွေးများက မြစ်များကဲ့သို့ စီးဆင်းသွားလေသည်။

သူတို့၏ ခန္ဓာကိုယ်များကို လေ့လာမှုအတွက် သိမ်းဆည်းထားလိုက်ကြ၏။

မြို့တော်နှင့် မြို့များကို သိမ်းပိုက်ပြီးသည်က အတော်လေး လွယ်ကူခဲ့သောကြောင့် ထျဲ့ကန်အနေဖြင့် အနည်းငယ် ဒေါသထွက်မိ၏။ ပြောရလျှင် သူ့မသေမျိုး တပ်ဖွဲ့က သူတို့၏ စွမ်းအားအစစ်အမှန်ကို ပြသနိုင်ဖို့ အခွင့်အရေး မရလိုက်ပေ။

သူ့အတွက် ကံကောင်းသွားသည်က ဤတိုက်ပွဲက မပြီးဆုံးသေးပေ။ နတ်ဘုရားများက သူတို့၏ ဘုံဗိမာန်တွင် ရှိနေဆဲဖြစ်ကာ ထွက်မသွားကြသေးပေ။

ထို့ကြောင့် မရဏနယ်မြေရှိ ပိုင်နက်အားလုံးကို အလျင်အမြန် ဖြေရှင်းပြီးသည့်နောက်တွင် ထျဲ့ကန်က ထိုဘုံဗိမာန်များဆီ စတင်သွားလိုက်သည်။

ပထမဆုံးပစ်မှတ်က တိုက်စားရေးနတ်ဘုရား စေလွှတ်ထားသည့် နတ်ဘုရား ဖြစ်သည်။ ထျဲ့ကန်က ကောင်းကင်ဘုံဗိမာန်သို့ ကျူးကျော်လိုက်သည်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ဖြင့် ပြုလုပ်ထားသည့် တပ်ဖွဲ့တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက သူ့အား ပျော်ရွှင်သွားစေ၏။

ထို့ကြောင့် သူက သူ့တပ်ဖွဲ့အား အမိန့်ပေးကာ စတင်တိုက်ခိုက်စေလိုက်သည်။ ထို့နောက် တိုက်ခိုက်ရေးနတ်ဘုရား၏ အိပ်မက်ဆိုးစတင်လာခဲ့သည်။ ပြောရလျှင် ထိုတပ်ဖွဲ့ရှိ တပ်သားများသည် မသေမျိုးဖြစ်ကြောင်း သတိပြုမိဖို့ သိပ်မကြာလိုက်ပေ။

သူတို့က နှလုံးသား သို့မဟုတ် ခေါင်း အထိုးခံရစေကာမူ သို့မဟုတ် သူတို့ခန္ဓာကိုယ်များက တိုက်စားခံရပြီး အရေပြားများက လောင်ကျွမ်းသွားစေကာမူ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားကြသည်။

တစ်ခေါက်တွင် တပ်သားတစ်ယောက်က ခေါင်းဖြတ်ခံလိုက်ရသော်လည်း သူ့အနားရှိလူက သူ့ခေါင်းကို ယူကာ ပြန်လည်ဆက်ပေးခဲ့သည်။

ထိုအရာကိုမြင်ကာ ထိုနတ်ဘုရားက ကြောက်ရွံ့လာပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့အတွက် ကံဆိုးသည်က ထျဲ့ကန်၏ လက်သီးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

ထိုကောင်းကင်ဘုံဗိမာန်ကို အုပ်စိုးပြီးသည့်နောက်တွင် သူက နောက်တစ်ခုဆီသွားဖို့ ဆုံးဖြတ်လိုက်သည်။ အများစုက ထျဲ့ကန်သည် မနာခံသော နတ်ဘုရားနှင့် သူ့နောက်လိုက်များ၏ ကံကြမ္မာကို ပြသပြီးသည့်နောက်တွင် အညံ့ခံသွားကြသည်။

တချို့လူများက မရဏနယ်မြေမှ ထွက်ပြေးရန်ကြိုးစားဖို့ ဆုံးဖြတ်ထားကြပြီး တချို့က ပြန်လည်တိုက်ခိုက်ကြသည်။ သတ်ဖြတ်ရေး နတ်ဘုရားဟု ခေါ်သည့် နတ်ဘုရားငယ်တစ်ပါးက ထို မသေနိုင်သောတပ်ဖွဲ့၏ ဟာကွက်ကို တွေ့ရှိသွားလေသည်။ ထို့ကြောင့် သူက သူ့လူများအား အမိန့်ပေးကာ ထိုမသေနိုင်သော တပ်ဖွဲ့အား တစ်ယောက်နှင့်တစ်ယောက် အသက်ဓာတ်မျှဝေနေသည့် နည်းလမ်းအား တားဆီးဖို့ အမိန့်ပေးခဲ့သည်။ အဆုံးသတ်တွင် သူတို့က စစ်ပွဲကို အနိုင်ရသွားသော်လည်း သေဆုံးမှုတချို့ ရှိနေဆဲသာ ဖြစ်၏။

ထိုအဖြစ်အပျက်အပြီးတွင် ထျဲ့ကန်က ဆက်လက် မကစားလိုတော့ပေ။ ထို့ကြောင့် သူ တိုက်ခိုက်သည့်အချိန်တိုင်း သူက ပြတ်ပြတ်သားသား နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိသည်။ သူ ပထမဆုံးအပြုအမူက ကောင်းကင်ဘုံဗိမာန်ကို ဖောက်ခွဲပစ်ဖို့ ဖြစ်ပြီး လေဟာနယ် နတ်ဘုရားများနှင့် နတ်ဘုရားငယ်များ၏ စွမ်းအားကို လျော့ကျသွားစေဖို့ ဖြစ်သည်။

ထို့နောက် သူက လူအများဝိုင်းရံထားသည့် လူအား ဖမ်းဆီးကာ ခုခံသည့်သူများအား သတ်ပစ်လေသည်။

ထျဲ့ကန်က မရဏနယ်မြေကို အလျင်အမြန် အုပ်စိုးနေစဉ် အပြင်ဘက်တွင် အထွတ်အထိပ်နတ်ဘုရားများက ဖန်တီးထားသည့် ဒိုင်းကာကို တိုက်ခိုက်နေခြင်းအား မရပ်တန့်လိုက်ကြပေ။ သို့သော်လည်း သူတို့က အစီအရင်မှ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာကြောင်း ခံစားမိလိုက်ကြ၍ ချက်ချင်းဆိုသလို ရပ်တန့်လိုက်ကြသည်။ သူတို့ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာလေ၏။ ထိုသူက လီကျွင်း ဖြစ်လေသည်။

အားလုံးက သူတို့ရှေ့ပေါ်ထွက်လာသည့် လူငယ်လေးကို ကြည့်ကာ တိတ်ဆိတ်နေလေသည်။ နောက်ဆုံးတွင် ကံကြမ္မာနတ်ဘုရားမက မေးလိုက်၏ “ မင်းက ဒီလူတွေရဲ့ ခေါင်းဆောင်လား”

“ ဟုတ်တယ်။ ကျုပ်ကို လီကျွင်းလို့ ခေါ်နိုင်တယ်” သူက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက အထွတ်အထိပ် နတ်ဘုရားအားလုံးကို ကြည့်လိုက်သည်။ သူတို့အများစုက လူသားနှင့်တူသော်လည်း တချို့လူများက မိစ္ဆာမျိုးနွယ်ကဲ့သို့ လူသားသွင်ပြင်နှင့် တိရစ္ဆာန်သွင်ပြင်တချို့ပါ ရှိတတ်ကြသည်။

“ မင်းက ဘာလို့ ငါတို့ကမ္ဘာကို ကျူးကျော်တာလဲ” သူမက ခက်ထန်စွာ မေးလိုက်သည်။

“ ယုံကြည်မှုကို စုစည်းဖို့ပဲပေါ့” လီကျွင်းက ထိုလူများ၏ မျက်နှာအမူအရာကို လေ့လာရင်းဖြေလိုက်သည်။

“  ခင်ဗျားတို့တွေလည်း ကျုပ်တို့က ခင်ဗျားတို့ကမ္ဘာကို အကြာကြီးအုပ်စိုးဖို့ စိတ်ကူးမရှိဘူးဆိုတာကို သိကြမှာပါ။ ကျုပ်တို့ ရည်မှန်းချက်ပြီးတာနဲ့ ထွက်သွားမယ်။ ပြောရရင် ကျုပ်တို့က ပိုအားကောင်းတဲ့ကမ္ဘာကပဲ။ လှောင်ချိုင့်လိုမျိုးဖြစ်နေတဲ့ ဒီလိုကမ္ဘာငယ်လေးမှာနေဖို့ မလိုဘူး”

လီကျွင်းက လှောင်ချိုင့်ဟူသော စကားကို သုံးနှုန်းပြီးသည့်နောက်တွင် ထိုလူများ၏ ခန္ဓာကိုယ်အပြုအမူကို တိတ်တဆိတ် လေ့လာလိုက်သည်။

စက္ကန့်ပိုင်းအကြာတွင် မိုးကြိုးနတ်ဘုရားက မေးလိုက်သည် “ မင်းက ဘယ်ကမ္ဘာကလဲ။ ဘာလို့ အဲလောက်တောင် အားကောင်းနေတာလဲ”

လီကျွင်းက ခပ်ယဲ့ယဲ့ ပြုံးကာ မေးခွန်းကို ရှင်းပြလိုက်သည်

“ အဆုံးမဲ့လေဟာနယ်ထဲမှာ အသင်္ချေကမ္ဘာတွေကို လေးဆင့်ခွဲထားတယ်။ သေမျိုးကမ္ဘာ။ အဲဒါက ကမ္ဘာတွေထဲမှာ အနိမ့်ဆုံးပဲ။ ပြောရရင် ကျင့်ကြံဖို့မဖြစ်နိုင်ဘူး။

အဲဒီနောက်က ကမ္ဘာငယ်။ ကမ္ဘာငယ်မှာကျတော့ အမြင့်ဆုံး ရောက်ရှိနိုင်တဲ့ ကျင့်ကြံဆင့်က ခင်ဗျားတို့ခေါ်တဲ့ နတ်ဘုရားတစ်ပိုင်း ဒါမှမဟုတ် အဆင့် ၃ ပဲ။

အဲဒါပြီးရင် အလယ်အလတ်ကမ္ဘာ။ အဲဒီမှာရောက်ရှိနိုင်တဲ့ အမြင့်ဆုံးအဆင့်က အဆင့် ၆ ဒါမှမဟုတ်ဘူးဆိုရင် နတ်ဘုရားငယ်ပေါ့။ နောက်ဆုံး တတိယအဆင့်ကိုတော့ မဟာကမ္ဘာလို့ခေါ်ပြီးတော့ အဆင့် ၉ကို မွေးထုတ်ပေးနိုင်တယ်။

နောက်ဆုံးအနေနဲ့ ကျုပ်တို့လာခဲ့တဲ့ကမ္ဘာကို ကောင်းကင်အလိုဆန္ဒကမ္ဘာလို့ ခေါ်တယ်။ အဲဒီကမ္ဘာက မဟာဧကရာဇ်လို့ ခေါ်ကြတဲ့ သက်ရှိတွေကို မွေးထုတ်ပေးနိုင်တယ်”

လီကျွင်းက မဟာဧကရာဇ်ဟူသော စကားများကို ပြောလိုက်သည့်အချိန် ထိုအထွတ်အထိပ် နတ်ဘုရားများ၏ စိတ်အတွင်း သတင်းအချက်အလက်တစ်ခု ဝင်ရောက်လာလေသည်။

မဟာဧကရာဇ် မိုးမြေကြားက အချုပ်အနှောင်တွေအားလုံး လွတ်မြောက်သွားသော တည်ရှိမှုတစ်ခု။ အသင်္ချေမျိုးနွယ်တွေရဲ့ ကမ္ဘာတွေထက်မှာ ရပ်တည်နေသော သက်ရှိ

ထိုနတ်ဘုရားများက ထိုစကားများ၏ နောက်ကွယ်မှ အကြောင်းအရာကို နားလည်ပြီးသည့်နောက်တွင် မကြည်မလင် ဖြစ်လာကြသည် “ မင်းပြောတာက အဓိပ္ပာယ်မရှိဘူး”

ကံကြမ္မာနတ်ဘုရားမက အလျင်အမြန်ပြောလိုက်သည် “ မင်း စကားအရ ငါတို့ကမ္ဘာက နတ်ဘုရားငယ်ကိုပဲ မွေးထုတ်ပေးနိုင်တယ်ဆိုတော့ ငါတို့အထွတ်အထိပ် နတ်ဘုရားတွေကရော ဘာလဲ”

“ ဟုတ်တယ် သူမ ပြောတာမှန်တယ်” နတ်ဘုရားအများစုကလည်း တွေးလိုက်မိကြသည်။

သို့သော်လည်း လီကျွင်းက တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်

“ ခင်ဗျားတို့လည်း ခင်ဗျားတို့ကမ္ဘာက ထူးခြားတယ်ဆိုတာ သိမှာပါ။ ဒီထူးခြားတဲ့ သဘာဝကြောင့် ခင်ဗျားတို့ အထွတ်အထိပ်နတ်ဘုရားတွေက အဆင့်၇ စွမ်းအားရှိနေကြတာ။ အဲဒါက ခင်ဗျားတို့ရဲ့ သလင်းကျောက်အလွှာနဲ့ ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးခဲ့သူကြောင့်ပဲ”

အများစုက သူတို့ကမ္ဘာမှ ဒဏ္ဍာရီများအကြောင်း ရုတ်ချည်းအမှတ်ရသွားကြသည်။ ကြယ်တာရာများအလွန်ရှိ အထွတ်အထိပ် သက်ရှိတစ်ပါးက ဤကမ္ဘာကို သူတို့ရောက်လာခဲ့ပြီး  ပထမဆုံးနတ်ဘုရားအဖြစ် ခံယူခဲ့ကာ သူ သို့မဟုတ် သူမက ဤကမ္ဘာကို ကာကွယ်ဖို့ သလင်းကျောက်အလွှာ ဖန်တီးခဲ့သည်ဟု ဒဏ္ဍာရီလာ ရှိခဲ့သည်။

ကံကြမ္မာနတ်ဘုရားမနှင့် ရှင်သန်ခြင်းနတ်ဘုရားမတို့ကဲ့သို့သော သက်တမ်းရင့် နတ်ဘုရားများက ထိုဒဏ္ဍာရီအကြောင်းကို တခြားနတ်ဘုရားများထက် ပိုသိလေသည်။ သို့သော်လည်း သူတို့က အမူအရာကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ကြသည်။

လီကျွင်းက ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည် “ ကျုပ်တို့ကြားမှာ အတိုက်အခံ လုပ်နေဖို့ မလိုဘူး။ ကျုပ်တို့က ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတို့သာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ကျယ်ပြောတဲ့ ကမ္ဘာရဲ့ အတွေ့အကြုံကို ခံစားဖို့ ခေါ်ထုတ်သွားနိုင်တယ်။

တကယ်လို့ အဲဒီဟာမှ မလိုချင်ဘူးဆိုရင်လည်း ကျုပ်တို့ရဲ့ ကျင့်ကြံရေးနည်းစနစ်ကို ခင်ဗျားတို့ဆီ ထားခဲ့နိုင်တယ်။ အဲဒါဆိုရင် ခင်ဗျားတို့က ယုံကြည်သက်ဝင်တဲ့သူတွေနဲ့ ယုံကြည်မှုစွမ်းအားကို အားကိုးနေစရာ မလိုတော့ဘူး”

All Chapters