← Chapters

မမျှော်လင့်ထားသည့် ပြဿနာ

Vol. 24 Ch. 330

မမျှော်လင့်ထားသည့် ပြဿနာ

Vol. 24 Ch. 330

အခန်း (၃၃၀) : မမျှော်လင့်ထားသည့် ပြဿနာ

လီကျွင်းက နတ်ဘုရားတချို့၏ မျက်နှာမှ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည့်အတွက် ရန်သူအား မျှားခေါ်ဖို့အတွက် ဆက်လက်သရုပ်ဆောင်လိုက်သည်။

“ ခင်ဗျားတို့တွေလည်း ပိုအားကောင်းပြီးတော့ ခင်ဗျားတို့ရဲ့ ဂုဏ်ပုဒ်ကို ချီးကျူးပြီး သီကျူးပေးမဲ့ မျိုးနွယ်သန်းချီရှိလာမဲ့ နတ်ဘုရားတစ်ပါး ဖြစ်ချင်ကြမှာပဲ။ ပိုအရေးကြီးတာက ခင်ဗျားတို့က မသေမျိုးဘဝကို ရရှိနိုင်တယ်။ အထွတ်အထိပ် နတ်ဘုရားအနေနဲ့တောင်မှပဲ ခင်ဗျားတို့က အသက်အရွယ်ကြီးရင့်ပြီး တစ်ရက်မှာ သေရဦးမှာပဲ။”

“ ဒါက ကလေးတွေကို မြှူဆွယ်နေတဲ့စကားနဲ့ ပိုတူတယ်” မီးနတ်ဘုရားက ပြောလိုက်သည် “ မင်းက ငါတို့ကို အဲလိုအင်အားမျိုး ပေးနိုင်စရာ အကြောင်းမရှိဘူး”

“ ခင်ဗျား ပြောတာ မှန်တယ်” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည် “ ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို ဒီလိုစွမ်းအားမျိုး မပေးနိုင်ပေမဲ့ ဒီလိုအရာကို ရနိုင်တဲ့ အခွင့်အရေးတော့ ပေးနိုင်တယ်။ ဒီကမ္ဘာမှာ ချုပ်နှောင်ခံနေမယ်ဆိုရင် ခင်ဗျားတို့တွေ အဲဒီအခွင့်အရေးကို ရလာနိုင်မှာ မဟုတ်ဘူး”

အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ လူများစွာက စိတ်ယိုင်သွားကြသော်လည်း တချို့လူများက လီကျွင်း၏ စကားကို သရော်လိုက်ကြသည်။ သို့သော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ လူတချို့က စိတ်ပါသွားသရွေ့ သူတို့အချင်းချင်းကြားတွင် အဖွဲ့ခွဲများဖြစ်သွားစေဖို့ လုံလောက်စေသည်။

“ မင်းတို့ကမ္ဘာက အရမ်းအားကောင်းတယ်ဆိုတော့ ငါတို့ဆီ လာဖို့ ဘာလို့ လိုနေတာလဲ” ထိုနတ်ဘုရားထဲမှ တစ်ယောက်က မေးလိုက်သည်။

“ ကျုပ်တို့ဂိုဏ်းရဲ့ အမွေခံသားတော်က ဒီကမ္ဘာကို အကြောင်းအရင်းတစ်ခုကြောင့် လိုအပ်လို့ပဲ” လီကျွင်းက ပြောလိုက်သည်။ ထို့နောက် လီကျွင်းက သက်ပြင်းချကာ အသာလေး ရေရွတ်လိုက်သည် “ ဟား…အစ်ကိုကြီးသာ ဒီမှာ ရှိလို့ကတော့ ခင်ဗျားတို့ကမ္ဘာကို အုပ်စိုးဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ အားလုံးကို ချက်ချင်းသတ်ဖြတ်လိုက်တာနဲ့ ဒီကမ္ဘာကို အလွယ်လေး အုပ်စိုးနိုင်မှာပဲ”

လီကျွင်း၏ ရေရွတ်သံက တိုးလျသောကြောင့် သေမျိုးများက ကြားနိုင်မည် မဟုတ်သော်လည်း ဤလူများကား လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူညီသည့် အထွတ်အထိပ်နတ်ဘုရားများ ဖြစ်သောကြောင့် သူ့စကားများကို မကြားနိုင်စရာ မရှိပေ။

လီကျွင်းက ထိုစကားများကို ယုံကြည်လောက်ဖွယ် ပြောလိုက်သည့်အတွက် တခြားလူများအား သူတို့စကားကို ယုံကြည်လာအောင် လွှမ်းမိုးဖို့ လုံလောက်ပေသည်။ ထို့အပြင် သူက လိမ်ညာနေခြင်း မဟုတ်ပေ။

လက်ရှိ ဝမ်ဝေ့၏ စွမ်းအားဖြင့် အလယ်အလတ်ကမ္ဘာကို အုပ်စိုးဖို့ ခက်ခဲမည် မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် လီကျွင်း၏ လက်ရှိအဆင့်ဖြင့်ပင် ဤကမ္ဘာအား အလွယ်တကူ အုပ်စိုးနိုင်လေသည်။

သို့သော်လည်း သူက ဤကမ္ဘာသည် မြင်ရသလောက် မရိုးရှင်းသည့်အတွက် ကိစ္စများကို ဖြည်းဖြည်းချင်း လုပ်ကိုင်ဖို့အတွက် သတိပေးထားလေသည်။ ဂမ္ဘီရက ဤကမ္ဘာအတွက် အဆုံးစွန်သော နည်းလမ်းများ ထုတ်သုံးခြင်းက မမျှော်လင့်သည့် ကပ်ဘေးများကို ဖြစ်ပေါ်လာလိမ့်မည်ဟု ပြောထားသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း စီမံကာ သူ့ခြေလှမ်းများအား တစ်လှမ်းချင်းစီ စီစဉ်နေခြင်း ဖြစ်၏။

လီကျွင်းက ထိုနတ်ဘုရားများအား ကြည့်ကာ ပြောလိုက်သည် “ ကျုပ်က ခင်ဗျားတို့ကို ဖိတ်ခေါ်ပြီးသွားပြီ။ တကယ်လို့ ကျုပ်တို့ကို ဆက်သွယ်ပြီးတော့ အပေးအယူ လုပ်ချင်တယ်ဆိုရင် ဒါလေးကို သုံးလိုက်ပါ”

သူက လက်ဝှေ့လိုက်ပြီး ကျောက်စိမ်းအဆောင်တစ်ခုစီကို အထွတ်အထိပ်နတ်ဘုရားများဆီ ပို့ပေးပြီး သူက ထွက်သွားဖို့ ပြင်လိုက်သည်။

“ ခဏလေး။ သေခြင်းတရားနတ်ဘုရားက ဘာဖြစ်သွားတာလဲ” ရှင်သန်ခြင်းနတ်ဘုရားမက မေးလိုက်သည်။

“ သူက သေပြီ” လီကျွင်းက ပျောက်ကွယ်မသွားခင် ပြောလိုက်၏။

အထွတ်အထိပ် နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး အဆောင်ကိုယူကာ သူတို့၏ ဘုံဗိမာန်သို့ ပြန်သွားကြလေသည်။ လေးယောက်တည်းသာ ကျန်ရှိနေလေ၏။ ထိုသူများမှာ ကံကြမ္မာ နတ်ဘုရားမ၊ ရှင်သန်ခြင်း နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရားနှင့် အမိန့်မှာတမ်း နတ်ဘုရားတို့ ဖြစ်ကြသည်။

သူတို့က သူတို့၏ မြင့်မြတ်ဝိညာဉ်ဖြင့် တစ်ယောက်နှင့် တစ်ယောက် စတင်ဆက်သွယ်နေကြသည်။

“ ငါ သေခြင်းတရား နတ်ဘုရားဆီကနေ သတင်းရလိုက်တယ်။ အပြင်လူတွေက မိခင်နတ်ဘုရားကို လွှမ်းမိုးဖို့ နည်းလမ်း ရှိတယ်တဲ့” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည်။

“ အခြေအနေတွေက ဖြည်းဖြည်းချင်း ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်သွားပြီ” ကံကြမ္မာနတ်ဘုရားမက ထပ်ပြောလိုက်သည် “ ငါတို့တွေ လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့ အစောင့်အရှောက်ကို အသက်သွင်းလိုက်တာ အကောင်းဆုံးပဲ”

“ အဲလိုတုံးအအတွေ မပြောစမ်းပါနဲ့။” ဖျက်ဆီးခြင်း နတ်ဘုရားက ပြောလိုက်သည် “ ငါတို့ကမ္ဘာက ဖျက်ဆီးခံရလုနီးပါး မဖြစ်နေသရွေ့ အဲဒါကို အသက်သွင်းလို့ မဖြစ်ဘူး”

“ ငါတို့တွေ ကိစ္စတွေ ဆိုးရွားတဲ့အထိ စောင့်နေရမှာလား” သူမက ပြန်ပြောလိုက်သည်။ ယနေ့အဖြစ်အပျက်အပြီး ကံကြမ္မာနတ်ဘုရားမက သေခြင်းတရား နတ်ဘုရားနောက်တွင် ကပ်ဘေးခံစားရမည့်သူမှာ သူမ ဖြစ်နေမည်ဟု ခံစားချက် ရရှိနေလေ၏။ သူမက သူမ၏ အလိုလိုသိစိတ်ကို ယုံကြည်ထားသည်။

“ ဖျက်ဆီးခြင်း နတ်ဘုရားပြောတာမှန်တယ်” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ ပြီးတော့ ငါတို့တွေ သေခြင်းတရား နတ်ဘုရား မရှိဘဲ အစောင့်အရှောက်ကို အသက်သွင်းလို့ မရဘူး။ ငါတို့တွေ လူတစ်ယောက် လိုအပ်နေသေးတယ်”

“ သေခြင်းတရား နတ်ဘုရားက သေတာ ဒါမှမဟုတ်ဘူးဆိုလည်း ဖမ်းဆီးခံရတာဆိုတော့ ငါတို့တွေ အခမ်းအနားတစ်ခု ကျင်းပပြီးတော့ သေခြင်းတရား နတ်ဘုရားရဲ့ တာဝန်ကို လွှဲပေးမဲ့ လူတစ်ယောက်ကို ရှာလိုက်ရုံပဲလေ။ အဲဒီနည်းနဲ့ဆိုရင် ငါတို့တွေ အစောင့်အရှောက်ကို အသက်သွင်းချင်တဲ့အခါ ပြဿနာမရှိဘဲ အမြန်အဆန် လုပ်ဆောင်နိုင်လိမ့်မယ်” ကံကြမ္မာနတ်ဘုရားမက အကြံပြုလိုက်သည်။

တခြားသူများကလည်း ခဏတာ စဉ်းစားလိုက်ကြသည်။ ထိုစဉ် ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ အကြံပြုချက်က ကောင်းတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေသေးတယ်။ ငါတို့တွေ ဘယ်သူ့ကို ယုံကြည်မှာလဲ။ အခု အပြင်လူတွေက ငါတို့လူတွေကို သူတို့ဘက်ပါအောင် မျှားခေါ်နေတာကို မြင်တယ်မလား။ တကယ်လို့ ငါတို့တွေ သေခြင်းတရား နတ်ဘုရားရဲ့ တာဝန်ကို လွှဲပေးမဲ့ လူတစ်ယောက်ကို ရွေးချယ်ချင်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူ ဖြစ်ဖို့ လိုအပ်တယ်”

အတိတ်မှာသာ ဖြစ်ပါက သူတို့ရွေးချယ်ရမည့် လူတချို့ ရှိလေသည်။ သို့သော် ယနေ့အဖြစ်အပျက်အပြီးတွင် မည်သူ့ကိုမှ မယုံကြည်နိုင်တော့ပေ။ ပြောရလျှင် သူတို့လေးဦးထဲတွင်ပင် တစ်ယောက်ယောက်က တခြားအတွေးများ ရှိနေနိုင်လေ၏။

ကံကြမ္မာနတ်ဘုရားမက အမိန့်မှာတမ်း နတ်ဘုရားအား တစ်ချက်ကြည့်လိုက်သည်။ ထိုနတ်ဘုရားသည် သူမနှင့် ယှဉ်လိုက်လျှင် အမြဲလိုလို ဆန်းကြယ်သည်။ မည်သူမှ သူ့အတွေးအခေါ်၊ သဘောတရား သို့မဟုတ် ယုံကြည်ချက်များကို မသိကြပေ။ အချိန်အများစုက သူက သူ့နယ်မြေတွင်သာ နေထိုင်လေ့ရှိသည်။

တခြားနတ်ဘုရားများနှင့် ပတ်သက်သည့်အခါ သူက အမြဲလိုလို တိတ်ဆိတ်နေပြီး နတ်ဘုရားများ ချမှတ်သည့် သဘောတူညီချက်များကိုသာ တိတ်ဆိတ်နေလျက် သဘောတူခဲ့သည်။ သူ့အမြင်ကို ထုတ်ပြောခြင်းမျိုး မရှိပေ။ အကယ်၍ သူတို့ငါးယောက်ကသာ အစောင့်အရှောက်ကို အသက်သွင်းထားနိုင်သည့်သူများကြောင့် မဟုတ်လျှင် သူမက သူ့ကို ပို၍ သံသယဝင်မိလိမ့်မည်။

“ ငါတို့တွေ ယုံကြည်ရမယ်လို့ ထင်တဲ့ နတ်ဘုရားတစ်ပါးကို ရွေးပြီးတော့ လျှို့ဝှက်ချက်အနေနဲ့ သူ့ကို ကျိန်ဆိုခိုင်းပြီးတော့  ဝိညာဉ်မှာ အတားအဆီး ချထားလိုက်ရင် ဘယ်လိုလဲ။ အဲလိုဆိုရင် သူတို့က ငါတို့ကို သစ္စာဖောက်ပြီးတော့ အပြင်လူတွေကို သတင်းပေးလို့ မရတော့ဘူး” ကံကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။

“ အဲလိုတော့ အလုပ်ဖြစ်နိုင်တယ်။ သူတို့သာ ကျိန်ဆိုပြီးတော့ တားမြစ်ထားနိုင်သရွေ့ သူတို့အလိုရှိရင်တောင် ငါတို့ကို သစ္စာဖောက်နိုင်မှာ မဟုတ်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက ပြောလိုက်သည် “ ငါတို့စိတ်ပူရမဲ့ တစ်ခုတည်းသော အရာက သတင်းကြိုထွက်သွားပြီးတော့ အခမ်းအနား နှောင့်ယှက်ခံရမှာကိုပဲ။ ဒါပေမဲ့ ရွေးချယ်ခံ နတ်ဘုရားက သူတို့လုပ်ရမဲ့အရာကို မသိသေးဘူးဆိုရင်တော့ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”

“ အဲဒါကလည်း အပြင်လူတွေက ငါတို့ဝိညာဉ်မှာရှိနေတဲ့ အတားအဆီးကို ဖယ်ရှားနိုင်မဲ့ နည်းလမ်း မရှိသရွေ့ပေါ့” ရှင်သန်ခြင်းနတ်ဘုရားမက ပြောလိုက်သည်။

သူမ၏ စကားများက ကျန်ရှိနေသည့်သူများကို တိတ်ဆိတ်သွားစေသည်။

အဆုံးတွင် အမိန့်မှာတမ်း နတ်ဘုရားက စကားဝိုင်းတွင် ပထမဆုံး ဝင်ပြောလိုက်သည် “ မင်းတို့တွေ နတ်ဘုရားဘုရင်ရဲ့ စွမ်းအားကို ယုံကြည်သင့်တယ်”

“ အဟုတ်ပဲ” ကျန်လူများက ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့က တခြားသော အထွတ်အထိပ် နတ်ဘုရားများကြားတွင် မည်သူ့ကို ယုံကြည်ရမလဲဟု စတင်ဆွေးနွေးလာကြသည်။ သူတို့တွင် အစီအစဉ်တစ်ခု ရှိထားသော်လည်း ယုံကြည်စိတ်ချရပြီး ကောင်းကင်ဘုံဗိမာန် ကမ္ဘာသားတစ်ယောက်ဟု ခံယူထားသည့် သူကို ရွေးချယ်သည်က အကောင်းဆုံး ဖြစ်ပေသည်။

ထိုစဉ် လီကျွင်းက မရဏနယ်မြေမှ ထွက်လာပြီးနောက် သိပ်မကြာခင် တီးတိုးစွာ ရေရွတ်လိုက်သည် “ ကြည့်ရတာ ငါ အဲဒီအထွတ်အထိပ် နတ်ဘုရားတွေကို လျှော့တွက်လို့ မဖြစ်ဘူးပဲ။ အများစုက တခြားကမ္ဘာတွေအကြောင်း သိထားပြီးပေမဲ့ ငါ့ဆီက သတင်းအချက်အလက် နှိုက်ဖို့ ရူးချင်ယောင်ဆောင်နေကြတယ်”

ထိုအရာကို သိထားသော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ သူ့ရည်ရွယ်ချက်က ထိုနတ်ဘုရားများအား ပူးပေါင်းပြီး အစီအရင် ဖြိုခွင်းခြင်းကို တားဆီးဖို့ ဖြစ်၏။ ဤအရာက အားကောင်းသည့် ကောင်းကင်အဆင့် အစီအရင်ဖြစ်သော်လည်း ကန့်သတ်ချက်တော့ ရှိနေသေးသည်။

အကယ်၍ ထိုနတ်ဘုရားများသာ ထိုအစီအရင်ကို အချိန်အကြာကြီး ဆက်လက် တိုက်ခိုက်နေပါက အရင်းအမြစ်များစွာ ကုန်ဆုံးသွားနိုင်သည်။

ယခု သူက သူ့ရည်ရွယ်ချက်ကို ပြည့်မြောက်ရုံသာမက ထိုအထွတ်အထိပ်နတ်ဘုရားများကြားတွင် သူတို့၏ အလိုဆန္ဒနှင့် စွမ်းအားပေါ် မူတည်၍ အချင်းချင်း တိုက်ခိုက်နေကြောင်း စုံစမ်းနိုင်ခဲ့သည်။

မရဏနယ်မြေကို အုပ်စိုးပြီး သုံးရက်တာ ကြာမြင့်သွားပြီ ဖြစ်၏။

ပတ်လည်တွင် ချမှတ်ထားသည့် အစီအရင်က ကာကွယ်ရေးအတွက်သာမက တခြားသော ရည်ရွယ်ချက်အမျိုးမျိုးအတွက်လည်း အသုံးပြုနိုင်လေသည်။

တစ်ခုကား အမြောက်အများ ကူးသန်းပို့ဆောင်ရေး ဖြစ်၏။ ထိုအရာဖြင့် လီကျွင်းနှင့် ထျဲ့ကန်က သူတို့၏ တပ်ဖွဲ့အား နယ်မြေ၏ ဘယ်နေရာမဆို ကူးသန်းသွားလာ ပြောင်းရွှေ့နိုင်လေသည်။

နယ်မြေကို အုပ်စိုးပြီးသည်နှင့် လီကျွင်းက သူ့လူများအား နတ်ဘုရားရုပ်ထုများနှင့်အတူ ကျောင်းဆောင်များအား ဖြိုချဖို့ အမိန့်ပေးလိုက်သည်။ သူတို့အား အစားထိုးဖို့အတွက် ဝမ်ဝေ့ကို ပင်မနတ်ဘုရားအဖြစ် ထားထားသည့် ကျောင်းဆောင်များကို ဆောက်လုပ်ဖို့ ပြင်ဆင်ထားကြသည်။

သူတို့က သူ့နာမည်ကို သူတို့မွေးဖွားလာစဉ်ကတည်းက ကံကြမ္မာကို ဆုံးဖြတ်ပေးထားသည့် ကံကြမ္မာကြိုးမျှင်ကို ချုပ်ကိုင်ထားပြီး သက်ရှိအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်သည့် ကံကြမ္မာနတ်ဘုရားအဖြစ် သတင်းဖြန့်လိုက်ကြသည်။

သူ့ကျောင်းဆောင်တွင် ကံကြမ္မာမြစ်ကြောင်းကို သူ့သင်္ကေတအဖြစ် အသုံးပြုထားပြီး သူ့ခြေထောက်အောက်တွင် အမြဲတမ်းရှိနေလေသည်။

ထို့နောက် စစ်သားများက ထိုကိုးကွယ်ယုံကြည်မှုများကို နယ်မြေတစ်လျှောက် ဖြန့်ဝေကြပြီး သေမျိုးများနှင့် နတ်ဘုရားများအား သူတို့၏ ယုံကြည်ကိုးကွယ်မှုများ မြင့်လာအောင် လှုံ့ဆော်ခဲ့သည်။ သို့သော်လည်း ဖြစ်စဉ်က အတားအဆီးတချို့တော့ ရှိနေသေးသည်။

ထူးဆန်းစွာဖြင့် သူတို့၏ ယုံကြည်ကိုးကွယ်မှုကို အားကောင်းသည့် နတ်ဘုရားများအပေါ် မှီခိုကြသည့် နတ်ဘုရားများမှ မဟုတ်ဘဲ သေမျိုးများဆီမှ ဖြစ်နေလေသည်။ ယုံကြည်ချက် ပြောင်းလဲလိုက်ခြင်းက သူတို့၏ ငယ်စဉ်ဘဝကတည်းက သက်ရောက်မှုအပေါ် အကြီးမားဆုံးဖြစ်စေသည်။

နမူနာအားဖြင့် စိုက်ပျိုးရေးနတ်ဘုရားမကို ကိုးကွယ်သည့် သူများသည် သူမ၏ ကောင်းချီးဖြင့် သူတို့၏ သီးပင်ထွက်နှုန်းတိုးအောင် ဆုတောင်းကြသည်။ ထိုကောင်းချီးဖြင့် သူတို့မိသားစုကို ကျွေးမွေးဖို့ အစားအစာ အလုံအလောက် ရကြသည်။

ရှင်သန်ခြင်း နတ်ဘုရားမကို ကိုးကွယ်သည့်သူများက ရောဂါများကို ကုသနိုင်ကြပြီး ကမ္ဘာမြေနတ်ဘုရားက သူတို့အား မြေငလျင်လို ကပ်ဘေးမျိုးမှ မခံစားရစေဖို့ ကာကွယ်ပေးထားသည်။ သစ်သားနတ်ဘုရားကမူ အိမ်ဆောက်သည့် အဆောက်အဦးများ ဖြစ်လာစေသည်။

ထိုအခြေအနေကို ကိုင်တွယ်ဖို့အတွက် လီကျွင်းနှင့် တခြားလူများက ကံကြမ္မာနတ်ဘုရားဟူသော နာမည်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ထိုအခါမှ ပြဿနာက ဖြည်းဖြည်းချင်း လျော့ကျသွားလေ၏။ တော်ဝင်နန်းတော်အတွင်း လီကျွင်းနှင့် သူ့အဖွဲ့များက ဆွေးနွေးနေကြစဉ် ဝမ်ကျူက လျှောက်လှမ်းလာသည်။

“ မမျှော်လင့်ထားတဲ့ ပြဿနာ တစ်ခု ဖြစ်လာတယ်။” သူမက ပြောလိုက်သည်။

All Chapters