← Chapters

ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

Vol. 24 Ch. 331

ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

Vol. 24 Ch. 331

အခန်း (၃၃၁) : ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

အားလုံးက ဝမ်ကျူအား ခေါင်းလှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားများက ဘာပြဿနာလဲဟု မေးနေဟန်ပေါ်၏။ လွန်ခဲ့သည့်ရက်ပိုင်းအထိ အရာအားလုံးက အဆင်ပြေနေခဲ့သေးသည် မဟုတ်ပါလော။

ဝမ်ကျူက တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်သည် “ ကျွန်မတို့ စုစည်းထားတဲ့ ယုံကြည်မှုအားလုံး ပျောက်သွားပြီ”

“ အဲဒါဘာကို ပြောချင်တာလဲ”

“ ကျွန်မ ပြမယ်” သူမက အဖွဲ့အား ဦးဆောင်ခေါ်သွားလိုက်သည်။ သိပ်မကြာခင် အဖွဲ့က မြို့တော်ရှိ အကြီးမားဆုံး ကျောင်းဆောင်ဆီ ရောက်ရှိသွားလေ၏။

အဓိကအခန်းအတွင်း နတ်ဘုရားများမြောက်များစွာက ဝမ်ဝေ့၏ ရုပ်ထုရှေ့တွင် ဒူးထောက်ကာ ဆုတောင်းနေကြသည်။ ချီစောင့်ကြည့်ရေးနည်းစနစ်ဖြင့် အဖွဲ့က ထိုနတ်ဘုရားများ၏ ခေါင်းအထက်မှ မှိန်ဖျဖျရွှေရောင်စွမ်းအားကို ခံစားမိလိုက်ကြသည်။ သူတို့၏ စွမ်းအားက အစစ်အမှန် ယုံကြည်ကိုးကွယ်သူများ မဟုတ်တာကြောင့် မသန့်စင်သော်လည်း သူတို့၏ အားကောင်းသည့်ဝိညာဉ်များကြောင့် သူတို့ပေးနိုင်သော ယုံကြည်မှုစွမ်းအားက များပြားနေဆဲဖြစ်၏။

လီကျွင်း၏ အဖွဲ့က ထိုနတ်ဘုရားများ၏ စွမ်းအားမှ ရွှေရောင်ယုံကြည်မှုများ ထွက်လာပြီးသည့်နောက် ယုံကြည်မှုစွမ်းအား ထိန်းနိုင်ရန် ပြုလုပ်ထားသော အသုံးအဆောင်ဖြစ်သည့် ရုပ်ထုအတွင်းသို့ ဝင်ရောက်သွားလေသည်။ ကံဆိုးစွာဖြင့် ထိုအတွင်း ဝင်ရောက်ပြီး သိပ်မကြာခင် ယုံကြည်မှုစွမ်းအားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

အဖွဲ့က ထိုအဖြစ်အပျက်ကို ဖြည်းဖြည်းချင်း ကြည့်ကာ လီကျွင်းက မေးလိုက်သည် “ ဒါက ဘာဖြစ်သွားတာလဲ။ ရုပ်ထုကို သန့်စင်တုန်းက တစ်ခုခုများ မှားယွင်းသွားလို့လား”

“ အဲလိုလည်း မဖြစ်နိုင်ဘူး” ဝမ်ကျူက ပြောလိုက်သည် “ ဒီပြဿနာကို သတိထားမိပြီးတော့ လူတွေကို စုပြီးတော့ နယ်မြေအနှံ့ရှာခိုင်းပြီးပြီ။ ပြဿနာက တခြားနေရာတွေမှာလည်း အတူတူပဲ”

“ သေခြင်းတရား နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲကရော ဘာများရှာတွေ့သေးလဲ” ယန်းလီလင်းက မေးလိုက်သည်။

“သူ့ဝိညာဉ်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဆိုတော့ ရှာဖို့ရာအတွက် အချိန်ယူရဦးမယ်” ဝမ်ကျူက ပြောလိုက်သည်။

အားလုံးက မျက်မှောင်ကြုတ်နေစဉ် ထျဲ့ကန်က လက်ဝှေ့ကာ နတ်ဘုရားငယ်တစ်ပါးကို ဖမ်းလိုက်ပြီး “ ဒီယုံကြည်မှုနဲ့ ပတ်သက်ပြီး မင်း ဘာသိထားသေးလဲ”

“ ဆရာ ကျွန်တော် ဘာမှမသိပါဘူး” ထိုကပ်ဘေးနတ်ဘုရားက ပြောလိုက်သည်။ သို့သော်လည်း ထျဲ့ကန်က ထိုလူ၏ မျက်ဝန်းများသည် သံသယဖြစ်ဖွယ်ကောင်းကာ အိုးမလုံအုံပွင့်သည့် အရိပ်အယောင်မျိုး မြင်နေရ၏။

“ ဒီမှာ လူအများကြီးရှိတယ်ဆိုတော့ ငါ့အဖြေကို သိမဲ့သူတော့ ပါလောက်တယ်” ထျဲ့ကန်က အေးစက်စက်ဖြင့် ပြောလိုက်သည် “ တကယ်လို့ မင်းက အဲဒီလူတွေထဲက မဟုတ်ရင် အသက်ရှင်ဖို့ တန်ဖိုးမရှိဘူး။ ငါ့ဘာသာငါ မင်းရဲ့ဝိညာဉ်ကို တိုက်ရိုက်ရှာတာ ပိုကောင်းလိမ့်မယ်”

ကပ်ဘေးနတ်ဘုရားက ချက်ချင်းဆိုသလို ထပြောလိုက်သည် “ အဲဒါက ကြမ္မာနတ်ဘုရားမကြောင့်ပါ”

(အရင်က ကံကြမ္မာနတ်ဘုရားမအစား ကြမ္မာနတ်ဘုရားမလို့ ပြောင်းသုံးထားပါတယ် )

“ အဲဒါက ဘာပြောချင်တာလဲ” မှန်းဆပြီးသားဖြစ်သည့် လီကျွင်းက မေးလိုက်သည်။

“ သူမက ကံကြမ္မာနဲ့ ကံတရားကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ သူမ အသက်ရှင်နေသရွေ့ ဒီအရာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုအားလုံးက သူမ အပိုင်ပဲ။ ဘယ်သူမှ ဒီစည်းမျဉ်းကို မချိုးဖောက်နိုင်ဘူး”

အဖွဲ့က နတ်ဘုရားများဟု ခေါ်သည့် ကိုးကွယ်ရေးသည် သူတို့၏ ကျင့်ကြံသူများခေါ်သည့် စည်းမျဉ်းဖြစ်ကြောင်း သိကြလေသည်။ ထိုလူ၏ စကားများက ဤကမ္ဘာကို အုပ်စိုးနေသည့် စည်းမျဉ်းအရ လူတစ်ဦးက စည်းမျဉ်းအတူတူရှိဖို့ ခွင့်မပြုပေ။

ကြမ္မာနတ်ဘုရားမက ကံကြမ္မာ သို့မဟုတ် ကံတရားကို ထိန်းချုပ်နိုင်ထားပြီဖြစ်၍ သူတို့က အတူတူ လိုက်မလုပ်နိုင်ပေ။

“ ကျွန်မတို့တွေ ဘာလုပ်ကြမလဲ” ယန်းလီလင်းက မေးလိုက်သည်။

“ ငါတို့တွေ သေခြင်းတရား စည်းမျဉ်းကိုသုံးပြီးတော့ ယုံကြည်မှုကို စုဆောင်းကြမလား။ ပြောရရင် သေခြင်းတရားကလည်း ကံတရားရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ” ထျဲ့ကန်က ပြောလိုက်သည်။

လူအားလုံးက သူ့အား လှည့်ကြည့်လာကြသည်။ သူတို့၏ အကြည့်များက ဤသို့ပြောနေဟန်ပေါ်၏ “ မင်းက ဘယ်တုန်းက ဒီလောက်ဉာဏ်ကောင်းလာတာလဲ”

“ မင်းတို့ရဲ့ အကြည့်တွေကို ငါသိတယ်နော်” သူက ပြောလိုက်သည် “ သခင်လေး ဝမ်ဝေ့က တစ်ခါက ပြောဖူးတယ်။ သေမျိုးအားလုံးရဲ့ နောက်ဆုံးကံကြမ္မာက သေခြင်းတရားတဲ့။ ငါ သူ့စကားတွေကို မှတ်မိသေးတယ်”

အားလုံးက ခေါင်းညိတ်ပြလိုက်သည်။ ထိုစကားများက သေမျိုးများအပေါ် သွားသက်ရောက်မှုရှိရုံသာမက ကျင့်ကြံရေးလောကအတွင်းပင် ဧကရာဇ်အဆင့်အောက် ကျင့်ကြံသူအားလုံးက သေမျိုးများဟု ယူဆရသည့်အတွက် နောက်ဆုံးတွင် သေဆုံးကြမည်သာ ဖြစ်၏။

ထျဲ့ကန်၏ အစီအစဉ်က ကောင်းသော်လည်း လီကျွင်းက ခေါင်းခါလိုက်သည် “ ကံကြမ္မာက ငါတို့ ယုံကြည်မှု စုဆောင်းရမဲ့ အဓိကစည်းမျဉ်းပဲ ဖြစ်သင့်တယ်။ ကျန်တဲ့အရာအားလုံးက ဒုတိယပဲ ဖြစ်သင့်တယ်”

အားလုံးက ဝမ်ဝေ့သည် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့အတွက် ယုံကြည်မှုစွမ်းအားကို လိုအပ်နေမှန်းသိကြသည်။ အကယ်၍ ယုံကြည်မှုစွမ်းအားက သူ့တာအိုနှင့် အသက်ဆိုင်ဆုံးဖြစ်လျှင် အောင်မြင်နိုင်ချေက ပို၍ တိုးမြင့်လာလိမ့်မည်။

“ အဲဒါဆိုရင် ငါတို့တွေ ဘာလုပ်ကြမလဲ”

“ သေခြင်းတရား နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲကနေ နောက်ထပ် နည်းလမ်းရှိသေးလား ကြည့်ရမယ်” လီကျွင်းက ဖြေလိုက်သည် “ ပြီးတော့ ဒီအချိန်အတွင်းမှာ အစီအရင်ဆရာတွေကို တောင်းဆိုပြီးတော့ ယုံကြည်မှုတွေကို တခြားနည်း ပြောင်းနိုင်မဲ့ အစီအရင်တစ်ခု ဖန်တီးဖို့ပြောရမယ်။ အဲဒါမှ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငါတို့တွေ ကြမ္မာနတ်ဘုရားမကို ဖမ်းဆီးတာဖြစ်ဖြစ်၊ သတ်ဖြတ်တာဖြစ်ဖြစ် လုပ်ရမယ်”

ဤသို့ဖြင့် နှစ်ပတ်တာ ကုန်ဆုံးသွားလေသည်။ အစီအရင်အသစ် ခင်းကျင်းလိုက်ခြင်းက လက်ရှိပြဿနာကို ပြေလည်သွားစေ၏။ ရလဒ်များက သာမန်ထက်တော့ ပိုကောင်းလာသည်။ အစီအရင်က ယုံကြည်မှုစွမ်းအားကို စုဆောင်းနိုင်သော်လည်း ပမာဏက အရမ်းကို နည်းပါးလွန်းလှသည်။

“ ဘယ်လိုလဲ။ သေခြင်းတရား နတ်ဘုရားရဲ့ ဝိညာဉ်ကနေ နည်းလမ်းရှာတွေ့ပြီလား” လီကျွင်းက မေးလိုက်သည်။

“ မတွေ့သေးဘူး။ ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်အချို့ကိုတော့ ရှာတွေ့ထားပေမဲ့ လက်ရှိအခြေအနေနဲ့ ဘာမှမသက်ဆိုင်ဘူး”

“ အဲဒါဆိုရင်တော့ ကံဆိုးတာပဲ။ ဒီလိုဆိုရင် ကြမ္မာနတ်ဘုရားမကိုပဲ သတ်ဖို့ပြင်ရအောင်။ ငါ အစ်ကိုကြီးဆီ လှမ်းပြီးအကြောင်းကြားလိုက်မယ်”

ထို့နောက်တွင် သူက ကမ္ဘာငယ်ပါဝင်သည့် အခန်းတစ်ခုအတွင်း ကူးပြောင်းလိုက်သည်။ ထိုအခန်းတစ်ခုအတွင်း လီကျွင်းက သင်္ကေတများစွာ ရေးဆွဲထားသည့် အစီအရင်တစ်ခုရှေ့ထိုင်ကာ အမှတ်အသားပြားအား မူလအဆီအနှစ်ဖြင့် အသက်သွင်းလိုက်သည်။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ခဲဖြူရောင်ဆံပင်နှင့် ရုပ်ချောချောအမျိုးသားတစ်ဦးက လီကျွင်းရှေ့ ပေါ်ထွက်လာလေ၏။

သူက နောက်ခံကို မြင်ကာ ထိုလူသည်လည်း သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာအတွင်း ရှိနေကြောင်း သိလိုက်ရသည်။

“ အစ်ကိုကြီး”

“ ရှောင်ကျွင်း ဘာဖြစ်လို့လဲ။ မင်းရဲ့ မောင်းမဆောင်မှာ နောက်ထပ်အဖွဲ့ဝင် ထပ်တိုးလိုက်ပြီလား” ဝမ်ဝေ့က ဉာဏ်များစွာ ပြုံးရင်း ပြောလိုက်သည်။

“ ယန်းလီလင်းက ကျွန်တော်ကို မသတ်သေးဘူးဆိုတော့ အဖြေက အသစ်မရသေးဘူးပေါ့။” လီကျွင်းက အနည်းငယ် ဆွံ့အမိသွားသည်။ သူက မိန်းမလိုက်စားခြင်းကို စွန့်လွှတ်လိုက်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

“ ပြီးတော့ အစ်ကိုကြီးခေါ်တာနဲ့ပဲ ကျွန်တော်က အသက်ပိုကြီးတယ်ဆိုတာကို မေ့မနေနဲ့ဦး။ အကြီးတွေကို လေးစား”

ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်သည်။ သူတို့နှစ်ဦးက အဓိကအကြောင်း မဆွေးနွေးခင် ထွေရာလေးပါး ပြောဆိုနေကြသည်။ လီကျွင်းက လက်ရှိအခြေအနေအား ရှင်းပြလိုက်သည့်အခါ ဝမ်ဝေ့က အာရုံစိုက်ပြီး နားထောင်လိုက်သည်။

“ မင်းနဲ့ အခြားလူတွေ ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ လက်ရှိအခြေအနေအရ ကံကြမ္မာစည်းမျဉ်းကို အသုံးပြုပြီးတော့ ယုံကြည်မှုစွမ်းအား စုဆောင်းတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ မင်း သေခြင်းတရား ယုံကြည်မှုကိုလည်း အနည်းငယ် စုဆောင်းထားလို့ရတယ်။ ငါ ရောက်လာတဲ့အခါ အဲဒါတွေကို ပေါင်းစပ်ဖို့ နည်းလမ်းရှာလိုက်မယ်။”

“ ဟုတ်ပြီ။ အစ်ကိုကြီးဘက်မှာရော အခြေအနေတွေက ဘယ်လိုလဲ”

“ ပျင်းရိစရာကောင်းပြီး ငြိမ်းချမ်းတယ်။ ငါ နေ့တိုင်းလုပ်ရတာက ဆေးဖော်စပ်ပြီး ကျင့်ကြံနေရုံပဲ”

“ ကြည့်ရတာ လီလင်းအတွက်တော့ ကောင်းကင်ဘုံလို ဖြစ်နေမှာပဲ။ သူမအတွက် ဆေးဖော်စပ်နည်းယူခဲ့ဖို့ မမေ့နဲ့ဦးနော်”

ဝမ်ဝေ့က တစ်ဖန် ဆွံ့အသွားပြန်သည်။ ထိုလူက ဘယ်တုန်းက သူ့လောက် အရှက်မဲ့လာလေသနည်းဟု စဉ်းစားနေလေ၏။ ထို့နောက် သူတို့က ထွေရာလေးပါး ပြောလိုက်ကြသည်။ အကြောင်းမှာ အလွှာပြောင်း ဆက်သွယ်ရေးအစီအရင်က အရင်းအမြစ်များစွာ လိုအပ်လေသည်။ အထူးသဖြင့် လီကျွင်းက ဤကမ္ဘာ၏ သလင်းကျောက်အကာကြောင့် ပို၍ကုန်ကျကြောင်းသိလိုက်ရသည်။

ဆက်သွယ်ရေးကို ဖြတ်တောက်ပြီးသည့်အခါ လီကျွင်းက သေခြင်းတရား နတ်ဘုရားကို ဖြေရှင်းပြီး သူ့ဝိညာဉ်မှ သတင်းအချက်အလက်များကို စုဆောင်းဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ဝမ်ဝေ့ကမူ အစီအစဉ်ချမှတ်နေ၏။

သူ့ လတ်တလောအခြေအနေအရ သူ့ရည်မှန်းချက်ကို အောင်မြင်နိုင်ဖို့ အမြန်ဆုံးနည်းလမ်းမှာ ဤကမ္ဘာရှိ သူ့အဆင့်အတန်းကို တိုးမြှင့်ရန် ဖြစ်သည်။ အကောင်းဆုံးက သူ့ကျင့်ကြံရေးအဆင့်နှင့် ဆေးဝါးပညာအဆင့်တို့ကို အလျင်အမြန် တိုးတက်စေဖို့ ဖြစ်၏။

သို့သော်လည်း မြန်ဆန်သည့် အဖြစ်အပျက်များကို ရှင်းပြဖို့အတွက် အကျိုးအကြောင်းဆီလျော်သည့် နည်းလမ်း ဖြစ်ရမည်။ မဟုတ်ပါက လူများက သူ့အား သံသယဝင်လာကြမည် ဖြစ်၏။ အထူးသဖြင့် လော့ချန် ယခင် ပြသထားသည့် ပါရမီနှင့် ယှဉ်လိုက်လျှင် ဖြစ်သည်။

ဆေးဝါးအဆင့်နှင့် ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်သည့် အမြန်ဆန်ဆုံးနဲ့ အကျိုးအကြောင်း အသင့်တော်ဆုံးနည်းလမ်းက ဘာဖြစ်မလဲ…

ရှားပါးရင်းမြစ်တွေရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခု

ထို့နောက် ပထမဦးစွာ ဝမ်ဝေ့က ဂိုဏ်းအား လျှို့ဝှက်နယ်မြေတစ်ခု စီစဉ်ပေးပြီး တစ်ယောက်ယောက် မတော်တဆ ရှာဖွေတွေ့ရှိသွားယောင်ဆောင်ချင်သော်လည်း သူက ဂိုဏ်း၏ အရင်းအမြစ်များကို တခြားသူများအတွက်  အသုံးမပြုလိုပေ။

ထို့အပြင် သူက ဧကရာဇ်မျိုးနွယ်များကိုပင် ဆွဲဆောင်နိုင်လောက်သည့် ထူးကဲသည့် လျှို့ဝှက်နယ်မြေကို လိုအပ်နေသည်။ အကယ်၍ ထိုအကြံအစည်သာ အလုပ်ဖြစ်ပါက သူက လော့ချန်၏ ကျင့်ကြံဆင့်အား အလျင်အမြန်တိုးတက်လာဖို့ အထဲရှိ အရင်းအမြစ်များကို အသုံးပြုနိုင်သည်။ တစ်ချိန်တည်းဆိုသလို သူ့အစ်မ(၃) ကိုလည်း မျှားခေါ်နိုင်လိမ့်မည်။

ထို့နောက် သူက မီးထိန်းချုပ်ရေး ပညာရပ်၏ လျှို့ဝှက်ချက်များကို သိနိုင်ဖို့ အခွင့်အရေးရလာလိမ့်မည်။

ဝမ်ဝေ့က စတင်တွေးမိသည့်အခါ ထိုအကြံအစည်မှ အကျိုးအမြတ်များ ပိုများနေကြောင်း သဘောပေါက်သွားသည်။ နမူနာအားဖြင့် သူက ထိုအခွင့်အရေးကို အသုံးချကာ ဖူချိုက်ယွင်၏ လူများကို ပြန်ခေါ်ပြီး သတ်ပစ်နိုင်လေသည်။

ယခင်လပိုင်းအတွင်း သူ့အတွေ့အကြုံမှ တစ်ဆင့် ထိုပါရမီရှိသည့် ဆေးပညာရှင်များသည် သူ့ရည်မှန်းချက်အတွက် ပြဿနာ ဖြစ်နေကြောင်း ပြောနိုင်လေသည်။ ထို့ကြောင့် သူတို့ကို ရှင်းထုတ်ပစ်ခြင်း သို့မဟုတ် အားနည်းအောင် လုပ်ခြင်းက သူ့အကောင်းဆုံး အကျိုးအမြတ် ဖြစ်၏။ နောက်ဆုံးတွင် သူက ထိုအခွင့်အရေးကို အသုံးချကာ လော့ချန်နှင့် သူ့အား တစ်နေရာထဲ ပေါ်ထွက်လာသည်ကို ပြသနိုင်သည်။ လူများက သူတို့နှစ်ယောက်ကို အတူတကွ တွဲမြင်မည် မဟုတ်သော်လည်း သတိထားသည်က ပို၍ကောင်းလေသည်။

ယခုတွင် ပြဿနာကား ဝမ်ဝေ့က ထိုသို့သော လျှို့ဝှက်နယ်မြေကို ဘယ်နေရာတွင် ရှာဖွေမည်လဲဟူ၍ ဖြစ်သည်။

ထို့နောက် ရုတ်ချည်းဆိုသလို သူက သူ့ပြဿနာကို ဖြေရှင်းနိုင်သည့် တစ်ယောက်ကို ရုတ်ချည်းအမှတ်ရသွားကာ သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူက ရေရွတ်လိုက်၏ “ လျူမိန်ရှု”

All Chapters