အခန်း ၄၁၀
Vol. 41 Ch. 410
အခန်း ၄၁၀။ မထင်မှတ်ထားသော ကိစ္စ... လယ်ယာခြံဝင်း၏ ညဘက် ကြားဖြတ် ဇာတ်လမ်းလေး
တစ်နေကုန် လည်ပတ်ပြီးနောက် ပြန်ရမည့် အချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်လေသည်။
"ဒီသားပိုက်ကောင် ပုလေးတွေ တကယ် မဆိုးဘူး... ရှောင်ဟေး လိုမျိုး ပျော်နေတတ်တဲ့ တိရစ္ဆာန် မျိုးကို ပထမဆုံး မြင်ဖူးတာပဲ"
ရွှီယန်က မြက်ခင်းပြင်ပေါ်ရှိ အမြီးတို သားပိုက်ကောင် ပုလေးများကို ကြည့်ရင်း အကြောဆန့်ကာ သက်သောင့်သက်သာဖြင့် စကားဆိုလိုက်သည်။
ရှောင်ဟေး ကလည်း အမြဲတမ်း ပျော်ရွှင် တက်ကြွနေတတ်လေသည်။
ဤအမြီးတို သားပိုက်ကောင် ပုလေးများနှင့် အတူတူပင် ဖြစ်လေသည်။
စုယွီထုံက ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ဖုန်းကိုင်လျက် အမြီးတို သားပိုက်ကောင် ပုလေးများကို အဆက်မပြတ် ဓာတ်ပုံရိုက် နေလေသည်။
ဤအမြီးတို သားပိုက်ကောင် ပုလေးများက ပို့စ်ပေး အလွန် ကျွမ်းကျင်ကြပြီး ရိုက်ထွက်လာသော ဓာတ်ပုံများ အားလုံးက အထူး လှပနေလေသည်။
"သူတို့လေးတွေက ဓာတ်ပုံ ရိုက်ခံရတာ တော်တော် ကြည့်ကောင်းတာပဲ... ဘယ်လို ရိုက်ရိုက် လှနေတာပဲ"
စုယွီထုံက အံ့အားသင့် ဝမ်းသာစွာဖြင့် စကားဆိုလိုက်သည်။
"တကယ်ပဲ... ဖုန်းနောက်ခံပုံ လုပ်ထားဖို့ တောင် သင့်တော်တယ်"
ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။
အမြီးတို သားပိုက်ကောင် ပုလေးများက သိမ်မွေ့ပြီး ဖော်ရွေလှပေသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့နှစ်ယောက်လည်း မတ်တတ်ရပ်ကာ ထွက်ခွာလာခဲ့ကြသည်။
"ငါတို့ ပြန်ရတော့မယ်... ဆိပ်ကမ်း ဘက်ကို သွားပြီး လေယာဉ် စီးရဦးမယ်... ပြီးမှ ကျွန်းမကြီး ဆီကို ပြန်သွားရမှာ"
"ဟိုတယ်မှာ တစ်ရက်လောက် ထပ်ပြီး အနားယူရဦးမယ်... သေချာလေး အနားယူလိုက်ဦးမယ်"
ရွှီယန်က စုယွီထုံ၏ လက်ကို ဆွဲကာ အနောက်သို့ လှည့်ပြန်လာခဲ့သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားသောအခါ အမြီးတို သားပိုက်ကောင် ပုလေးများက သစ်ရွက်များကို ဝါးစားရင်း သူတို့နှစ်ယောက် ရှိရာဘက်သို့ လှမ်းကြည့်နေကြလေသည်။
၎င်းတို့က ပြုံးနေဆဲပင် ဖြစ်ပြီး ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းလှပေသည်။
"တာ့တာပါ သားပိုက်ကောင် ပုလေးတို့"
စုယွီထုံက အမြီးတို သားပိုက်ကောင် ပုလေးများကို လက်ဝှေ့ယမ်း ပြလိုက်သည်။
အမြီးတို သားပိုက်ကောင် ပုလေးများကို နှုတ်ဆက်ပြီးနောက် သြစတြေးလျ ခရီးစဉ် ကလည်း နိဂုံးချုပ်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
အင်တာနက်သုံးစွဲသူများ မှာတော့ တကယ်ကို အားကျ နေကြတော့သည်။
[အစ်ကိုယန်... မရီး မှာ တိုရင်န် အကောင့် ရှိလား... ဖောလိုး လုပ်ချင်လို့ပါ]
[အစ်ကိုယန် က မရီး ရဲ့ လက်ကို ဒီလိုကြီး ဆွဲထားတော့ နောက်ပိုင်း မရီး က ဘယ်လို လုပ်ပြီး အိမ်ထောင် ပြုလို့ ရတော့မှာလဲ]
ဤအချိန်တွင် အင်တာနက်သုံးစွဲသူ အများအပြားက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ၌ တစ်ယောက်တစ်ပေါက် အော်ဟစ် နေကြလေသည်။
ရွှီယန်က ကွန်မန့်စာသားများကို တိုက်တိုက်ဆိုင်ဆိုင် ကြည့်လိုက်မိပြီး အင်တာနက်သုံးစွဲသူများ၏ ပြောစကားများကို မြင်တွေ့သောအခါ သူက ဖုန်းကို စုယွီထုံ၏ အရှေ့သို့ ချက်ချင်း ထိုးပေးလိုက်သည်။
"အားလုံးက မေးနေကြတယ်... မရီးရေ... တိုရင်န် အကောင့် ရှိလား တဲ့"
ဤစကားကို ကြားသောအခါ စုယွီထုံ မှာ ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။
ပုံမှန်အားဖြင့် ရွှီယန် တိုက်ရိုက်ထုတ်လွှင့်လျှင် သူမက မျက်နှာပြရသည်ကို မနှစ်သက်ဘဲ အမြဲတမ်း ဦးထုပ် ဆောင်းထားကာ ကင်မရာ မှန်ဘီလူး ထဲတွင် ပါဝင်လာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားလေ့ ရှိလေသည်။
"မရီး ဆိုတဲ့ အခေါ်အဝေါ် က တော်တော် ထူးဆန်းတာပဲ... ငါ က အသက် နှစ်ဆယ့်နှစ်နှစ် ပဲ ရှိသေးတာကို... ဘယ်လို လုပ်ပြီး မရီး ဖြစ်သွားရတာလဲ"
"ငါ က တိုရင်န် မှာ ဘာမှ မတင်ပါဘူး... ဗီဒီယို ကြည့်ရုံ သက်သက်ပါ... အဲဒါကြောင့် ဖောလိုး လုပ်ဖို့ မလိုပါဘူး"
စုယွီထုံက စကားနှစ်ခွန်းခန့် ပြန်လည် ဖြေကြားလိုက်သည်။
ရွှီယန်က ချက်ချင်း ရယ်မောလိုက်ပြီးနောက်
"မရီး ရဲ့ စကားကို ကြားတယ် မဟုတ်လား... သူ က တိုရင်န် မှာ ဘာမှ မတင်ဘူး တဲ့... အားလုံး ဖောလိုး သွားမလုပ်ကြနဲ့တော့"
ဤစကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ လည်း ပျော်ရွှင်စွာ ရယ်မောလိုက်ကြလေသည်။
ထို့နောက် ရွှီယန်က အားလုံးနှင့် စကား အနည်းငယ် ထပ်မံ ပြောဆိုလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ လေယာဉ် စီး၍ ကျွန်းမကြီး ဆီသို့ ပြန်လာခဲ့တော့သည်။
အမှန်အတိုင်း ပြောရလျှင် ချစ်သူ ကောင်မလေး ကို ခေါ်ဆောင်ကာ အပြင်ထွက် ဆော့ကစားရသည်မှာ တကယ်ကို ပျော်ရွှင်စရာ ကောင်းလှပေသည်။
ယခင်က ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းသည့် နေ့ရက်များကို ပြန်လည် တွေးတောမိလေသည်။
မြေပြင်သို့ ဆင်းသက်သည်နှင့် တစ်ပြိုင်နက် တောနက် ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ သရေစာ အနည်းငယ် စားသောက်ပြီး တစ်နေ့လုံး ဗိုက်ဆာခံ နေခဲ့ရလေသည်။
သေချာသည်ကတော့ ဤကဲ့သို့သော နေ့ရက်များကိုလည်း သူ အတော်လေး နှစ်သက်ဆဲ ပင်ဖြစ်သည်။
အကယ်၍ မျှတအောင် ညှိနှိုင်း လုပ်ဆောင်နိုင်ပါက အလွန် ပြီးပြည့်စုံ သွားမည် ဖြစ်လေသည်။
သူတို့နှစ်ယောက် က ဟိုတယ်သို့ ပြန်ရောက်သောအခါ ရေပူစမ်း စိမ်ချိုးပြီး တစ်ညတာ အနားယူလိုက်ကြသည်။
ဒုတိယနေ့ သို့ ရောက်သောအခါ ရွှီယန် က သစ်တော ထဲသို့ တစ်ယောက်တည်း ထပ်မံ ထွက်ပြေး သွားပြန်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု လည်း မဖွင့်တော့ဘဲ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ဖွင့်ကာ သံလိုက်အိမ်မြှောင်၏ နေရာသတ်မှတ်သည့် လုပ်ဆောင်ချက် ကို အသုံးပြု၍ သြစတြေးလျ အဆိပ် ပင့်ကူ နေရာကို သတ်မှတ်လိုက်လေသည်။
တိရစ္ဆာန် မှတ်တမ်း မှာ ဤတစ်မျိုးသာ ကျန်ရှိတော့ပြီး အဆိပ် ပင့်ကူ ပင် ဖြစ်လေသည်။
နေရာ တိုက်ရိုက် သတ်မှတ်လိုက်သည်က ပို၍ ကောင်းမွန်ပေသည်။
ဤကောင်မျိုးကို ကံစမ်း၍ မရနိုင်ချေ။ မဟုတ်ပါက ကြုံတွေ့ရသည် ဖြစ်စေ မကြုံတွေ့ရသည် ဖြစ်စေ လူကို ခေါင်းကိုက် စေမည် ဖြစ်လေသည်။
သြစတြေးလျ မှ ပင့်ကူများ က တကယ်ကို ကြီးမားလှပြီး ကြည့်လိုက်ရုံ ဖြင့်ပင် ကြက်သီး မွေးညင်း ထစေလေသည်။
ရွှီယန်က ဓာတ်ပုံ တစ်ပုံ ရိုက်ယူကာ မှတ်တမ်း ကို ဖွင့်လှစ်လိုက်ပြီးနောက် အလျင်စလို ထွက်ခွာလာခဲ့တော့သည်။
[ရှားပါး တာဝန် ပြီးမြောက်ပါပြီ]
[ဆုလာဘ် အဖြစ် ရဟတ်ယာဉ် မောင်းနှင်ခြင်း ကျွမ်းကျင်မှု စွမ်းရည် နှင့် သစ်မာ ပရိဘောဂ တစ်စုံ ကို ရရှိပါသည်]
ဆုလာဘ် များကိုလည်း အောင်မြင်စွာ ရရှိသွားခဲ့လေပြီ။
ရဟတ်ယာဉ် မောင်းနှင်ခြင်း ကျွမ်းကျင်မှု နည်းပညာ... ကြားရုံ ဖြင့်ပင် အလွန် အစွမ်းထက်ကြောင်း သိသာလှပေသည်။
သို့သော် အသုံးမဝင်ဘူး ဟု မဆိုလိုချေ။ တကယ်ကို အသုံးမဝင်ခြင်း ပင်ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သြစတြေးလျ ဘက်ရှိ လယ်ယာခြံဝင်း များတွင် ရဟတ်ယာဉ် မောင်းနှင်ကာ နွားကျောင်း သိုးကျောင်း ကြသည်မှာ အမှန်ပင် ဖြစ်လေသည်။
ဤဘက်ရှိ လယ်ယာခြံဝင်း များ က အလွန် ကြီးမား ကျယ်ဝန်းပြီး နွားနှင့် သိုးများကို လွှတ်ကျောင်း ထားကြရာ ခြံပိုင်ရှင် များ က ရဟတ်ယာဉ် မောင်းနှင်ကာ လှည့်လည် စစ်ဆေးကြခြင်း ပင်ဖြစ်သည်။
သို့သော် တရုတ်နိုင်ငံ တွင်တော့ ဤအရာက အနည်းငယ် လက်တွေ့ မဆန်လှချေ။
အနည်းဆုံးတော့ ရွှီယန် မှာ ဤမျှလောက် အထိ ဘဝင်မြင့်စရာ မလိုသေးချေ။
သစ်မာ ပရိဘောဂ များကိုတော့ ရွှီယန်က သူ၏ နှစ်ထပ် တိုက်ငယ်လေး ထဲတွင် နေရာချထားရန် စီစဉ်လိုက်သည်။
အိမ်ထဲတွင် ဇိမ်ခံ အလှဆင်ထားသော်လည်း ပရိဘောဂ အတော်များများ လိုအပ်နေသေးလေသည်။
ယခင်က တစ်သုတ် ဝယ်ယူထားခဲ့ပြီး ယခု နောက်တစ်သုတ် ထပ်မံ ဖြည့်တင်း လိုက်ပါက ကွက်တိ ပင် ဖြစ်သွားလေပြီ။
သြစတြေးလျ ခရီးစဉ် က ယခု အချိန်တွင် အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ရွှီယန်က စုယွီထုံ ကို အရှေ့မြောက်ဒေသ သို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုက်ရာ စုယွီထုံ မှာ အလွန် စိုးရိမ် ထိတ်လန့် သွားခဲ့ရလေသည်။
မူလကတည်းက လူမှုဆက်ဆံရေး ကို အနည်းငယ် ကြောက်ရွံ့တတ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသော လူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ရာ ယခုအခါ မိဘများနှင့်ပါ တွေ့ဆုံရမည် ဖြစ်သဖြင့် သူမ မှာ ချက်ချင်းပင် ဖိအားများ အလွန် ကြီးမားသွားတော့သည်။
ရွှီယန် က အစောကြီး ဖြစ်စေ နောက်ကျမှ ဖြစ်စေ တွေ့ရမည်သာ ဖြစ်ပြီး သူတို့နှစ်ယောက် က အတူတကွ ရှိနေကြပြီ ဖြစ်ရာ နောက်တစ်ဆင့် သို့ သေချာပေါက် တက်လှမ်းရမည်သာ ဖြစ်ကြောင်း ပြောပြလေသည်။
စုယွီထုံ လည်း သဘောတူ လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ပေးသင့်ပေးထိုက်သည် များ အားလုံး ကို ပေးအပ်ခဲ့ပြီး ဖြစ်ရာ ရွှီယန် ကို သေချာပေါက် သတ်မှတ်ထားပြီး ဖြစ်လေသည်။
ရွှီယန် က အလွန် အားကိုးရပြီး တည်ငြိမ် ရင့်ကျက်သူ တစ်ဦး ပင်ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ယောက် က ရှန်ဟိုင်း သို့ တစ်ခေါက် ပြန်သွားကြပြီးနောက် အရှေ့မြောက်ဒေသ သို့ တိုက်ရိုက် ထွက်ခွာလာခဲ့ကြတော့သည်။
လေဆိပ် တွင် မာဝန် က ရွှီယန်ကို လာရောက် ကြိုဆိုပြီး စုယွီထုံ ကို မြင်သောအခါ လည်ဝယ်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"သူဌေးကတော် မင်္ဂလာပါ"
"အင်း... မင်္ဂလာပါ"
စုယွီထုံက ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။
ရွှီယန်က ပြုံးနေသော်လည်း ဘာမှ မပြောချေ။
ထို့နောက်တွင်တော့ အထူး ပျော်ရွှင် ချမ်းမြေ့ဖွယ် ကောင်းသော မြင်ကွင်းများ ဆက်တိုက် ပေါ်ထွက် လာခဲ့တော့သည်။
ရွှီယန်၏ မိဘများ က ဤမိန်းကလေး ကို အထူး သဘောကျ နှစ်သက်ကြပြီး ရွှီယန် က တကယ်ကို အစွမ်းထက်လှသည်... ဤမျှ ကောင်းမွန်သော ချွေးမလေး ကို ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ ဟု တွေးတော နေကြလေသည်။
စုယွီထုံ လည်း လယ်ယာခြံဝင်း ၏ ဘဝကို အလွန် နှစ်သက်ပြီး စိတ်အေးချမ်းမှု ရရှိသည် ဟု ခံစားရလေသည်။
ရွှီယန် က သူမနှင့် ဘဝ ရှေ့ဆက် ရည်မှန်းချက် အများအပြား ကို ဆွေးနွေး တိုင်ပင်ခဲ့ပြီး ဖြစ်ရာ သူတို့နှစ်ယောက် ၏ ဦးတည်ချက် က တစ်ထပ်တည်း ကျနေလေသည်။
ထို့ကြောင့် အတူတကွ ပေါင်းသင်း နေထိုင်ရသည်မှာ လည်း သက်သောင့်သက်သာ ရှိလှပေသည်။
ရွှီယန် က မြို့ထဲတွင် ပတ်ဝန်းကျင် အလွန် ကောင်းမွန်သော ခြံဝင်းကျယ် ဗီလာ အိမ်ငယ်လေး တစ်လုံး ကို ဝယ်ယူထားပြီး မင်္ဂလာ အိမ်တော် အဖြစ် သတ်မှတ် ထားလေသည်။
သူတို့နှစ်ယောက် ၏ တိုးတက်မှု အရှိန်အဟုန် က အလွန် မြန်ဆန် လွန်းလှပေသည်။
နွေရာသီ အချိန်အခါ ဖြစ်ရာ လယ်ယာခြံဝင်း ၏ ရှုခင်း က အထူးပင် လှပပြီး စိမ်းလန်း စိုပြည် နေလေသည်။
အမျိုးအစား စုံလင်သော အပင်များ အားလုံး က ကြီးထွား ရှင်သန်မှု အားကောင်း နေကြလေသည်။
စုယွီထုံ လာရောက်သော အခါ လယ်ယာခြံဝင်း အတွင်း၌ လှုပ်လှုပ်ရှားရှား ဖြစ်မှု အချို့ ကို ဖြစ်ပေါ်စေခဲ့လေသည်။
ခွေးများ နှင့် ဝံပုလွေများ အားလုံး က ဝိုင်းအုံကာ သူမကို လာရောက် ကြည့်ရှုကြလေသည်။
ကြောင်စင်းကျားလေး ဆန်းပြောင် ကလည်း မှောင်ရိပ် ထဲမှနေ၍ တိတ်တဆိတ် စောင့်ကြည့် အကဲခတ် နေလေသည်။
ပြောရမည် ဆိုလျှင် ဤတိရစ္ဆာန်များ အနက် မည်သည့် အကောင် ကမဆို မျိုးဆက် သားသမီး အတော်များများ ရရှိနေကြပြီ ဖြစ်လေသည်။
ရွှီယန် တစ်ယောက်တည်း သာ အမြဲတမ်း လူပျိုကြီး ဖြစ်နေခဲ့ခြင်း ပင်ဖြစ်သည်။
ယခုအခါ တွင်တော့ နောက်ဆုံး၌ အဖော် ရရှိသွားခဲ့ပြီ ဖြစ်လေသည်။
သေချာသည်ကတော့ တိရစ္ဆာန်များ ၏ သက်တမ်း က တိုတောင်းပြီး ဘဝ စက်ဝန်း က ပို၍ မြန်ဆန်သဖြင့် ကလေး စောစော ရရှိခြင်း ပင်ဖြစ်သည်။
လူသားများ ကတော့ ထိုမျှလောက် မမြန်ဆန်နိုင်ချေ။
ဤကောင်လေးများ ကလည်း စုယွီထုံ ကို အလွန် သဘောကျကြပြီး သူမ၏ ပတ်ပတ်လည် တွင် အချိန် အတန်ကြာအောင် လှည့်ပတ် နေကြလေသည်။
စုယွီထုံ က ဤနေရာတွင် တစ်ရက်သာ နေထိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တရားဝင် အိမ်ထောင် မကျသေးသဖြင့် ယောကျာ်းလေး ဘက် အိမ်တွင် နေထိုင်ရန် သေချာပေါက် မသင့်တော်သောကြောင့် သူမ က ရှန်ဟိုင်း သို့ အရင် ပြန်ပြီးနောက် ထိုင်ဝမ်ကျွန်း သို့ တစ်ခေါက် ပြန်သွားရန် စဉ်းစား ထားလေသည်။
ရွှီယန် လည်း သဘောတူ လိုက်လေသည်။
ကိစ္စရပ် များကို တဖြည်းဖြည်း ချင်း လုပ်ဆောင်ရမည် သာ ဖြစ်လေသည်။
စုယွီထုံ က တက္ကသိုလ် တွင် ဒီဇိုင်း ပညာ ကို သင်ယူခဲ့ပြီး ရှန်ဟိုင်း တွင် အလုပ်အကိုင် နေရာများ အလွန် များပြားသော်လည်း သူမ လျှောက်ထားသော အလုပ် အတော်များများ တွင် လူတွေ့ စစ်ဆေးသည့် အဆင့် အထိ ရောက်ရှိခဲ့သော်လည်း အားလုံးကို လက်လွှတ် ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူမ က ခြေသလုံးအိမ်တိုင် လွင့်မျောနေရသည့် ခံစားချက် ကို မနှစ်သက်သောကြောင့် ပင်ဖြစ်သည်။
ထိုစဉ်က အတွေး မှာ သင့်တော်သော သူ နှင့် တွေ့ဆုံရန် သို့မဟုတ်ပါက လည်း ထိုင်ဝမ်ကျွန်း သို့ ပြန်သွားရန် သာ ဖြစ်လေသည်။
အပြင်ဘက် တွင် အခြေတကျ မရှိ လှည့်လည် သွားလာ နေရခြင်း က အမြဲတမ်း ပင်ပန်း ဆင်းရဲ လှပေသည်။
နောက်ပိုင်း တွင် သူမ က ရွှီယန် နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံ ခဲ့ရခြင်း ပင်ဖြစ်သည်။
ထို့ကြောင့် အရာအားလုံး တွင် ဖန်တီးရှင် ၏ အလိုတော် ပါဝင်နေခြင်း ပင်ဖြစ်လေသည်။
ရွှီယန် က လယ်ယာခြံဝင်း သို့ ပြန်ရောက်လာပြီးနောက် လယ်ယာခြံဝင်း ၏ စီးပွားရေး လုပ်ငန်းများ ကို စတင် အလုပ်များ နေတော့သည်။
နောက်ထပ် အာလူး တစ်သုတ် ရင့်မှည့် လာခဲ့ပြီ ဖြစ်ရာ အော်ဒါ များကို အလျင်စလို ရှင်းလင်း ရလေသည်။
ထို့အပြင် မှန်လုံအိမ် ထဲရှိ ချယ်ရီ သစ်ပင်များ ကလည်း အသီးများ သီးနေကြပြီ ဖြစ်ရာ ကြည့်ရသည်မှာ နောက်ထပ် လအနည်းငယ် ကြာပါက ဒီနှစ် အတွက် ချယ်ရီသီး များ လည်း ရင့်မှည့် လာတော့မည် ဖြစ်လေသည်။
ယခင်က သူ က ဘလူးဘယ်ရီ ဘုရင် ဖြစ်ခဲ့သော်လည်း တကယ်တမ်း တွင် သူ၏ ချယ်ရီသီး များ ကလည်း လုံးဝ မညံ့ဖျင်းချေ။
ရင့်မှည့် လာပြီးနောက် ဈေးကွက် အတွင်းသို့ တင်ပို့ရန် သာ စောင့်ဆိုင်း ရမည် ဖြစ်လေသည်။
ရွှီယန်၏ လယ်ယာခြံဝင်း က ယခုအခါ နာမည်ကောင်း အထူး ရရှိနေပြီး ထို့အပြင် သူ က ရုံးခန်း အဆောက်အအုံ ဘက်တွင် ဖန်တုန်းလိုင် ဈေးဝယ်စင်တာ ကဲ့သို့ပင် အစားအစာ ဘေးကင်း လုံခြုံရေး စစ်ဆေးသည့် ဓာတ်ခွဲခန်း တစ်ခု ကို တည်ဆောက်ထားကာ စိုက်ပျိုးရေး သီးနှံများ တွင် ကြွင်းကျန် ရစ်သော ပိုးသတ်ဆေး များကို စစ်ဆေး လေသည်။
သတ်မှတ် စံညွှန်း ထက် ကျော်လွန်နေသော မည်သည့် အရာ ကိုမဆို သေချာပေါက် ဖျက်ဆီး ပစ်ရလေသည်။
တစ်ချိန်တည်းမှာပင် ရွှီယန် က ရောင်းချမည့် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ အမျိုးအစား တိုင်း အတွက် စစ်ဆေး အတည်ပြုချက် အစီရင်ခံစာ များကိုပါ ပူးတွဲ ထည့်သွင်းပေး လေသည်။
စီးပွားရေး က ပို၍ပို၍ ကြီးမား လာသည် နှင့်အမျှ အမြဲတမ်း ပိုမို စနစ်ကျ တရားဝင် လာရမည် သာ ဖြစ်လေသည်။
လယ်ယာခြံဝင်း ပိုင်ရှင်ကြီး တစ်ယောက် ၏ အငွေ့အသက်များ အနည်းငယ် ရရှိလာခဲ့ပြီ ဖြစ်လေသည်။
ထိုနေ့ ညဘက် တွင် လယ်ယာခြံဝင်း က ယခင် အတိုင်းပင် တိတ်ဆိတ် ငြိမ်သက် အေးချမ်း နေလေသည်။
လယ်ယာခြံဝင်း ၏ အပြင်ဘက် တွင် အနက်ရောင် လူရိပ် နှစ်ခု က သူခိုး မျက်စိ သူခိုး ခြေလှမ်း ဖြင့် ရွှီယန်၏ လယ်ယာခြံဝင်း ရှိရာဘက်သို့ ချဉ်းကပ် လာခဲ့ကြသည်။
ဤလူနှစ်ယောက် က ဘေးရွာ မှ ဖြစ်ကြပြီး ဤနေရာသို့ လာရောက်ရခြင်း မှာလည်း တစ်ခုခု ကို ခိုးယူရန် မဟုတ်ဘဲ ရွှီယန်၏ စပါးခင်း ကို အဆိပ်ခတ် ကာ စပါးခင်း ငါးများ အားလုံး ကို သေအောင် အဆိပ်ခတ် လိုခြင်း သက်သက် သာ ဖြစ်လေသည်။
စိတ်သဘောထား ယုတ်မာ သူများ က များပြား နေဆဲပင် ဖြစ်လေသည်။
စပါးခင်း က နေထိုင်ရာ ဧရိယာ နှင့် အလွန် ဝေးကွာ သဖြင့် ခွေးများ ကလည်း သတိမထား မိနိုင်ကြချေ။
ထိုလူနှစ်ယောက် က ခြံစည်းရိုး ကို ကျော်တက် ကာ ခိုးဝင်ရန် ပြင်ဆင် လိုက်ကြသည်။
မထင်မှတ် ထားသည်မှာ သူတို့ ခြံစည်းရိုး အနားသို့ ချဉ်းကပ်သွားသည် နှင့် တစ်ပြိုင်နက် လုံခြုံရေး ကင်မရာ ၏ ပစ်မှတ်ထားခြင်း ခံလိုက်ရသဖြင့် မီးရောင် များ က ဖျတ်ခနဲ လင်းထိန် လာခဲ့တော့သည်။
ဤသည်မှာ အသိဉာဏ်တု ပါဝင်သော လုံခြုံရေး ကင်မရာ ဖြစ်ပြီး ညဘက် တွင် အနားသို့ ချဉ်းကပ်လာသူ များကို ပစ်မှတ်ထားကာ မီးရောင် လင်းထိန် စေခြင်းဖြင့် တုံ့ပြန် လေသည်။
လူနှစ်ယောက် မှာ လန့်ဖြတ် သွားကြပြီး အလင်းရောင် နှင့် ရင်ဆိုင်ရသောအခါ ဆက်လက် မနေရဲ တော့ဘဲ ကြောက်လန့်တကြား ဖြင့် အပြင်ဘက် သို့ ကမန်းကတန်း ထွက်ပြေး ကြတော့သည်။
လယ်ယာခြံဝင်း ဘက်တွင်တော့ တောခွေးကြီး ကျည်ဆန် က ပထမဆုံး လန့်နိုး သွားခဲ့ပြီး ချက်ချင်းပင် ဤဘက်သို့ ပြေးလာခဲ့တော့သည်။
ဘာပဲပြောပြော ရဲခွေး ဆိုသည်မှာ ထူးခြားလှပေသည်။
သို့သော် လူများ က ထွက်ပြေး သွားခဲ့ပြီ ဖြစ်ပြီး ခြံစည်းရိုး လည်း ရှိနေသဖြင့် ကျည်ဆန် က အပြင်သို့ ဆက်လက် လိုက်မသွားတော့ချေ။
လယ်ယာခြံဝင်း တွင် တစ်ခါတစ်ရံ တွင် ကြားဖြတ် ဇာတ်လမ်း အငယ်စားလေး များ ရှိနေတတ်လေသည်။
ဒုတိယနေ့ တွင် ရွှီယန် က ဤကိစ္စကို သိရှိသွားသောအခါ အတော်လေး အဓိပ္ပာယ်မဲ့လွန်း သည် ဟု ခံစားလိုက်ရသည်။
ဤကဲ့သို့သော ကိစ္စမျိုး က ရှားပါးသည် ဟု ဆိုလိုခြင်း မဟုတ်ဘဲ သူ၏ လယ်ယာခြံဝင်း က ယခုအခါ ကြီးမားသော လယ်ယာခြံဝင်းကြီး တစ်ခု ဖြစ်နေပြီ ဖြစ်ရာ သာမန် လူများ အနေဖြင့် လာရောက်ရန် မဝံ့ရဲကြသောကြောင့် ပင်ဖြစ်သည်။
မနာလို ဝန်တိုမှု ဆိုသည်မှာ ကွာဟချက် သိပ်မကြီးမား သော အခြေအနေမျိုး တွင်သာ ဖြစ်ပေါ်တတ်လေသည်။
ဥပမာအားဖြင့် အိမ်နီးချင်း နှစ်အိမ် က စီးပွားရေး အခြေအနေ သိပ်မကွာခြား ကြဘဲ တစ်အိမ် က ရုတ်တရက် ငါးမွေးမြူ ရာမှ ငွေအများကြီး ရရှိသွားပါက အခြား တစ်အိမ် က သေချာပေါက် သေမတတ် ခံစားရမည် သာ ဖြစ်လေသည်။
သို့သော် ရွှီယန် ၏ သာမန် လယ်သမား များထက် အများကြီး ပိုမို ကြီးမားသော လယ်ယာခြံဝင်း မျိုး တွင်တော့ ထိုမျှလောက် စိတ်ညစ်စရာ ကောင်းသော ကိစ္စများ မရှိလှချေ။
"ဘယ်သူလဲ ဆိုတာကိုတော့ ခွဲခြား လို့ မရဘူး... မျက်နှာဖုံး စွပ်ထားတယ် လေ... ဒါပေမဲ့ သေချာပေါက် ကျွန်တော်တို့ ရွာက လူတွေ မဟုတ်ဘူး... ရွာက လူတွေ ဆိုရင် ကျွန်တော် အကုန် သိတယ်"
လီဆန်း က လုံခြုံရေး ကင်မရာ ကို အသေအချာ ကြည့်ရှုပြီးနောက် ရွှီယန် ကို ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး... ကင်မရာ တွေ က စောင့်ကြည့် နေတာပဲ... တွေ့တာနဲ့ အချက်ပြ လိမ့်မယ်... ပြဿနာ မကြီးပါဘူး"
"နောက် နှစ်ရက် သုံးရက် နေရင် လုံခြုံရေး ကင်မရာ နည်းနည်းလောက် ထပ်တပ်ရမယ်... သေချာ စောင့်ကြည့် ထားမှ ရမယ်"
ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။
ဤကိစ္စ က ကြားဖြတ် ဇာတ်လမ်းလေး တစ်ခု သာ ဖြစ်ပြီး ဘာကိုမှ ထိခိုက်မှု မရှိချေ။
နောက်ထပ် တစ်ရက် ကုန်လွန်သွားသောအခါ ရွှီယန် က အလုပ်အား နေသည် နှင့် အတူတူ တောင်ထဲသို့ ဝင်ကာ ကျားသစ် သွားရောက် ရှာဖွေ ကစားရန် ရည်ရွယ်လိုက်သည်။
ကျားသစ် များကို ခေါ်ဆောင်ကာ တောင်ပေါ်တက် ၍ မှို အချို့ ခူးဆွတ်ပြီး ပြန်လာသောအခါ ကြက်သား နှင့် မှို ပေါင်းဟင်း ချက်စားရန် စဉ်းစားလိုက်သည်။
ရှောင်ဟွာ ကို မတွေ့ရသည်မှာ အတော် ကြာပြီ ဖြစ်ရာ အနည်းငယ် လွမ်းဆွတ် သတိရ နေမိလေသည်။