← Chapters

သတင်းပျံ့နှံ့ခြင်း

Vol. 24 Ch. 332

သတင်းပျံ့နှံ့ခြင်း

Vol. 24 Ch. 332

အခန်း (၃၃၂) : သတင်းပျံ့နှံ့ခြင်း

မြောက်ဘက် လိပ်နက်ကုန်းမြေ၊ ကျားအုပ်စိုးရေး နယ်မြေ၊ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း

အရိုင်းဆန်သည့် မိန်းမလှတစ်ဦးက အမျိုးသားနှစ်ဦး ဝန်းရံလျက် တောင်အလယ်တွင် ရပ်နေလေသည်။ လူတစ်ယောက်က သုံးမီတာအမြင့်ရှိပြီး ခေါင်းအထက်တွင် ဦးချိုနှစ်ခု ပါရှိလေသည်။ နောက်တစ်ယောက်ကား လူသားခန္ဓာကိုယ်နှင့် ဆင်ခေါင်း ပါရှိ၏။

သုံးယောက်လုံးက တောင်တစ်ခုလုံးကို ဖြန့်ကျက်ထားသည့် အစီအရင်များ၏ ဝန်းရံခြင်းကို ခံနေရသည်။

ထိုအမျိုးသားနှစ်ယောက်က သူတို့၏ စွမ်းအားအကုန်သုံး၍ သူတို့ရှေ့မှ အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေသည်ကို လျူမိန်ရှုက ကြည့်နေသည်။ ထို့နောက် အဖွဲ့က ရှေ့အနည်းငယ်တိုးကာ ထပ်မံ တောင်ပေါ်တက်လိုက်ကြသည်။

ထို့နောက် သူတို့က နောက်ထပ် အစီအရင်တစ်ခု တွေ့ကာ ရပ်တန့်သွားပြန်သည်။ ထိုအစီအရင်ကို ချိုးဖောက်ဖို့အတွက် ထပ်မံ အချိန်ယူလိုက်ရပြန်သည်။ သူတို့သည် တောင်တစ်ဝက်သို့ ရောက်ရှိနေသည်ကို မြင်ကာ သုံးယောက်သားသည် ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ သူတို့ရည်မှန်းချက်နှင့် နီးကပ်နေပြီဖြစ်ကြောင်း သိသာလှသည်။

နောက်ထပ် အစီအရင်တစ်ခုကို ချိုးဖောက်ပြီးသည့်နောက်တွင် လျူမိန်ရှုက ပြောလိုက်သည် “ အကြီးအကဲတို့ အခုနားလိုက်ကြပါဦး”

အမျိုးသားနှစ်ဦးက ခေါင်းအသာညိတ်ကာ ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က လူသားအသွင် ပြောင်းလိုက်ကြ၏။ အတိအကျဆိုရလျှင် သူတို့က လူသားတစ်ယောက်နှင့် နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ကွဲထွက်သွားဟန်ပေါ်သည်။

ဦးချိုပါသည့် အမျိုးသားက တော်ဝင်သွေးဆက်မှ အာဏာရှင်လက်သီးကျွဲရိုင်းဟု ခေါ်သည့် နတ်ဆိုးသားရဲနှင့် ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ တခြားအမျိုးသားကမူ တော်ဝင်သွေးဆက်ဖြစ်သည့် မြေကမ္ဘာဖိနှိပ်ရေး ဆင်ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်၏။

ထိုနတ်ဆိုးမျိုးနွယ်နှစ်ခုလုံးတွင် မဟာဧကရာဇ် တစ်ယောက်စီ ရှိကြသည်။

အကြီးအကဲများက သူတို့၏ ပေါင်းစပ်ရေးအသွင်မှ ပြောင်းလဲလိုက်ပြီးသည့်နောက်တွင် သူတို့၏ သားရဲများအား သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းကာ ဆေးလုံးတချို့သောက်ကာ အားဖြည့်လိုက်သည်။

လျူမိန်ရှုကလည်း သူတို့လို လိုက်လုပ်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အားပြန်ဖြည့်ဖို့ ကျင့်ကြံလိုက်သည်။

သူမအနားရှိ အရှိန်အဝါများအရ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ရောက်နေကြောင်း ပြသနေလေသည်။

သူမက မျက်လုံးကို မှိတ်လိုက်ပြီး စဉ်းစားလိုက်သည်။

ငါ ဒီလျှို့ဝှက်နယ်မြေထဲကို ရောက်လာတာ နှစ်၇၀၀ ကျော်နေပြီ။ ဒီနှစ်ရာချီအတွင်းမှာ နောက်ဆုံးတော့ ဗဟိုချက်ကို ရောက်တော့မယ်

သူမက ဗဟိုချက်ကို ချိုးဖောက်ပြီးသည်နှင့် ရရှိမည့် အကျိုးအမြတ်ကို တွေးကာ စိတ်လှုပ်ရှားလာမိသည်။ သူမက ထိုလျှို့ဝှက်နယ်မြေအတွက် များစွာ စတေးထားရသည်။

သူမက ကျောင်းတော်ရှိ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုကိုလည်း မတက်ရောက်နိုင်ခဲ့သည့်အတွက် သူမ နာမည်ကိုလည်း ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်တွင် ထားဖို့ အခွင့်အရေး မရခဲ့ပေ။ ထိုအရာက သူမအား တာအိုကျောက်ပြားကို အသုံးပြုခွင့်မရဘဲ သူမ၏ ကိုယ်ပိုင်ကျမ်းကို ဖန်တီးဖို့လည်း မဖြစ်နိုင်ခဲ့ပေ။

သို့သော်လည်း လျူမိန်ရှုက ထိုအရာများကို ဂရုမစိုက်ပေ။

ကာကွယ်ရေးစာအုပ်နှင့် ပတ်သက်လာသည့်အခါ ထိုအရာက သူမအား ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိသာ ကာကွယ်ပေးထားနိုင်လိမ့်မည်။ သူမ၏ အဆင့်အတန်းဖြင့် သူမသာ ဂရုစိုက်သရွေ့ သေခြင်းတရားကို စိုးရိမ်နေစရာ မလိုပေ။

တာအိုကျောက်ပြားများနှင့် ကျမ်း ဖန်တီးဖို့အတွက်မူ သူတို့က သူမအပေါ် အနည်းငယ်သာ သက်ရောက်မှု ရှိလေသည်။ သူမက အထွတ်အထိပ်နယ်ပယ်သို့ မရောက်ခင် ဖန်တီးနိုင်သရွေ့ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာကာ ကောင်းကင်အလိုဆန္ဒကို ယှဉ်ပြိုင်နိုင်လိမ့်မည်။

အံ့ဖွယ်ခန္ဓာကိုယ်အဆင့် မဝင်ခင် ကျမ်း ဖန်တီးခြင်းက ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ထားရှိဖို့ အကောင်းဆုံးအချိန် ဖြစ်၏။ သို့သော်လည်း တစ်ယောက်ယောက်က အထွတ်အထိပ်နယ်ပယ် အဆင့်မဝင်ရောက်ခင် လုပ်နိုင်ပါက အဆင်ပြေသေးသည်။ အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အချိန်ပိုယူရရုံမျှသာ ဖြစ်၏။

လျူမိန်ရှုက အသက်ပြင်းပြင်း ရှူပြီးသည့်နောက်တွင် သူမ၏ သားရဲသခင်မြေပုံနှင့် ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုကာ သူမ၏ အတွင်းအင်္ဂါများကို စတင်လေ့ကျင့်လိုက်သည်။ ဤလျှို့ဝှက်နယ်မြေအတွင်းမှ ရရှိထားသော အရင်းအမြစ်များဖြင့် သူမက လူသားအဆင့်ပင် ပြီးမြောက်လုနီးပါး ဖြစ်နေလေပြီ။ သို့သော် သူမက ကြာကြာမကျင့်ကြံနိုင်ခင် ဆက်သွယ်ရေးအဆောင်မှ သတိပေးချက်တစ်ခု လက်ခံရရှိလိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ အဆောင်ကို ယူပြီး ရေရွတ်လိုက်သည် “ ငါက အရေးကြီးကိစ္စ မဟုတ်ရင် မဆက်သွယ်ဖို့ ပြောထားတယ်လေ”

သူမက အံ့ဖွယ်အသိစိတ်ဖြင့် သတင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ ရုတ်ချည်းထရပ်မိသွားသည်။ ထိုအခါ အကြီးအကဲနှစ်ဦးကလည်း အလန့်တကြား ဖြစ်သွားလေ၏။

“ သားရဲသခင်ငယ် ဘာဖြစ်လို့လဲ” တစ်ယောက်က မေးလိုက်သည်။

“ ဒီလျှို့ဝှက်နယ်မြေအကြောင်း သတင်းက ပေါက်ကြားသွားပြီ” လျူမိန်ရှုက အံကြိတ်ကာ ပြောလိုက်သည်။

“ ဘယ်လို” အကြီးအကဲနှစ်ဦးလုံးက တစ်ပြိုင်နက် ပြောလိုက်ကြသည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လျူမိန်ရှုက သူတို့ကို မတုံ့ပြန်သေးဘဲ တစ်ယောက်ယောက်နှင့် ဆက်နွယ်ကာ အဖြေကို ရှာဖို့ ကြိုးစားလိုက်သည်။

“ ကျီမိသားစုက ငါတို့ကို တွေ့သွားတယ်လို့ ထင်လား” ကျွဲရိုင်းအကြီးအကဲက မေးလိုက်သည်။

“ အဲလိုလည်း မဖြစ်နိုင်ဘူး။ ကျွန်မက ဒီကို မလာခင်ကတည်းက အကုန်လုံးကို ဖိဖိစီးစီး လုပ်ခဲ့ပြီးသား။ ဒဏ်ရာရချင်ယောင်ဆောင်ပြီးတော့ ပြန်လည်အားမွေးနေတယ်ဆိုပြီးတော့တောင် အယောင်ဆောင်ခဲ့သေးတယ်” သူမက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

သားရဲမွေးမြူရေး တောင်ကြားသည် မဟာဧကရာဇ်တစ်ပါးရှိသည့် ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့၏ သားရဲများကို ထိန်းချုပ်နိုင်စွမ်းနှင့် လေ့ကျင့်ပေးနိုင်စွမ်းကြောင့် ကမ္ဘာတွင် ထူးခြားသည့် အနေအထားကို ပိုင်ဆိုင်ထားကြသည်။ သူတို့ဂိုဏ်း၏ သားရဲဧကရာဇ်သည် သူ့တာအိုကို သက်သေပြပြီးသည့်နောက်တွင် အဆင့် ၁၀ သို့မဟုတ် မဟာဧကရာဇ်အဆင့် နတ်ဆိုးသားရဲငါးကောင်နှင့်အထက်ကို သူ့နောက်လိုက်အဖြစ် စုဆောင်းနိုင်ခဲ့သည်ကို ကောလဟာလများ ရှိခဲ့ဖူးသည်။

သူက ထိုအရာအားလုံး သို့မဟုတ် တချို့တစ်ဝက်ကို သားရဲမွေးမြူရေး တောင်ကြားဆီ ပေးကာ ကမ္ဘာမှ ထွက်သွားခဲ့သည်။ မဟာဧကရာဇ်တစ်ပါးတည်း ရှိသော်လည်း သူတို့ဂိုဏ်း၏ အဆင့်အတန်းက ဤကမ္ဘာတွင် အတော်လေး မြင့်မားလာသည်။

ထို့နောက် သူမက လူတချို့သည် သူမနောက် နောက်ယောင်ခံကြောင်း မှတ်မိသွားသည်။ သူမက သူတို့၏ နောက်ယောင်ခံမှုကို မျက်ခြေဖြတ်ခဲ့ကြောင်း တွေးမိသော်လည်း ထိုသို့ဖြစ်ခဲ့ဟန် မပေါ်ပေ။

ထို့ကြောင့် သူမက သူမနောက်ကို လျှို့ဝှက်စွာ လိုက်နေသည့် ထိုလူများအား အမှတ်ရဖို့ ကြိုးစားလိုက်သည်။

“ ကျီမိသားစုက ငါတို့ကို တကယ်ပဲ ရှာတွေ့သွားတာလား” လျူမိန်ရှုက ရေရွတ်လိုက်သည်။

သားရဲမွေးမြူရေး တောင်ကြား၏ အခြေအနေများက ရှုပ်ထွေးလွန်းလှသည်။ ဂိုဏ်းက သားရဲဧကရာဇ် တစ်ယောက်ကို သက်သေပြပြီး သူ့ကိုယ်သူ ဧကရာဇ်ဟု မကြေညာခင်အထိ အထွတ်အထိပ်နယ်မြေ တစ်ခုသာ ဖြစ်ခဲ့သည်။

သူ၏ လမ်းညွှန်မှုဖြင့် သူက အသင်္ချေအင်ပါယာကမ္ဘာတစ်ဝှမ်း နတ်ဆိုးသားရဲများ ရောင်းချခြင်း စီးပွားရေးကို စတင် ဖန်တီးခဲ့ပြီး ဂိုဏ်းအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။ ထို့နောက် သူက ထွက်ခွာသွားခဲ့၏။

သူ ထွက်ခွာသွားပြီးသည့်နောက်တွင် သူ့မိသားစု ဖြစ်သည့် ကျီမိသားစုက သားရဲမွေးမြူရေးတော င်ကြားတွင် စတင်အာဏာကြီးထွားလာသည်။ သားရဲဧကရာဇ်က ပေးခဲ့သည့် တချို့လျှို့ဝှက်နည်းလမ်းများကြောင့် ကျီဧကရာဇ်က အသင်္ချေတစ်ပိုင်း သားရဲခန္ဓာကိုယ် ဖန်တီးနိုင်စွမ်း ရှိခြင်းနှင့် အစစ်အမှန် ပေါ်လာပါက နောက်ယောင်ခံနိုင်ခြင်း နည်းလမ်းတို့ကို ပိုင်ဆိုင်ထားလေသည်။

ထိုရုပ်ခန္ဓာက သူတို့၏ ဧကရာဇ်ကျမ်းဖြစ်သည့် သားရဲသခင်မြေပုံနှင့် အသင့်တော်ဆုံး ဖြစ်လေသည်။ အားကောင်းသည့် ကောင်းကင်ရွေးချယ်ခံများက သူတို့မိသားစုအတွင်း ပေါ်ထွက်လာကာ ဂိုဏ်းအတွင်း အားအကောင်းဆုံး အင်အားစုအဖြစ် သူတို့အဆင့်အတန်းကို ခိုင်မာအောင် ပြုလုပ်ထားသည်။

တခြားသော အင်အားစုများကလည်း ကျီမိသားစု ရုတ်ချည်းမြင့်တက်လာမှုနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြပေ။ မျိုးဆက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သားရဲမွေးမြူရေး တောင်ကြားသည် ကျီမိသားစု၏ အပိုင်အဖြစ် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ သူတို့တွင် ကိုင်ဆောင်ထားသည့် အာဏာကြောင့် ဖြစ်၏။

တခြားလူများက ထိုအချက်ကို လက်မခံနိုင်ကြပေ။ ထို့ကြောင့် အချင်းချင်း တိုက်ခိုက်မှုများက စတင်ဖြစ်ပျက်လာ၏။ ကံဆိုးစွာဖြင့် ကျီမိသားစုက အလွန်အားကောင်းနေကာ တခြားသော အင်အားစုများက အတူတကွ ပေါင်းစည်းမှသာ သူတို့နှင့် ယှဉ်နိုင်ရုံမျှသာ ဖြစ်၏။

သူတို့အတွက် ကံကောင်းသည်မှာ ဤမျိုးဆက်တွင် သူတို့က ကျီမိသားစုထက်အရင် အသင်္ချေသားရဲခန္ဓာပိုင်ရှင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့က လျူမိန်ရှုကို ခေါ်ယူကာ သူမအား သူတို့အရင်းအမြစ်များ၊ အားစိုက်ထုတ်မှုများဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။ သူတို့က သူမအပေါ် မျှော်လင့်ချက်အကုန် ပုံအောထားခဲ့ကြ၏။

သူမကလည်း သူတို့ကို စိတ်မပျက်စေပေ။ သူမက ကျီမိသားစု၏ အသင်္ချေတစ်ပိုင်း သားရဲခန္ဓာကိုယ်ပိုင်ရှင်အား အလွယ်တကူ ဖိနှိပ်ကာ သတ်ဖြတ်နိုင်ခဲ့ပြီး သူ့ သွေးအဆီအနှစ်ကို စုပ်ကာ ဤမျိုးဆက်အတွင်း သားရဲမွေးမြူရေး တောင်ကြား၏ သားရဲသခင်ငယ်တစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း လျူမိန်ရှု၏ ဘဝက မလွယ်ကူပေ။ ကျီမိသားစုက သူမ ရရှိသည့် အရင်းအမြစ်များကို လျှော့ချနိုင်ဖို့အတွက် ဘာမဆိုလုပ်နေကြသည်။ အကယ်၍ သူမသာ မဟာဧကရာဇ်ဖြစ်လာပါက သူတို့မိသားစုသည် သူတို့အဆင့်အတန်း ပျောက်ဆုံးသွားမည်သာမက အသတ်ခံရနိုင်ချေရှိကြောင်း သိထားကြလေသည်။

ကျီမိသားစုက သူမကို သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူများလည်း စေလွှတ်ကာ သူမ ကြီးထွားလာခြင်းကို တားဆီးကြသည်။ တခြားအင်အားစုများက ဒေါသထွက်ကြသော်လည်း သူတို့တွင် ကောင်းကင်ရွေးချယ်ခံ မြင့်တက်မှုနှင့် သူတို့၏ မြင့်တက်မှုကို အာမခံပေးနိုင်သည့် အစီအစဉ် ရှိထားသောကြောင့်သာ အောင့်အီးသည်းခံနေရသည်။

လျူမိန်ရှုသည် ငယ်စဉ်အခါကတည်းက လျှို့ဝှက်နယ်မြေအကြောင်းကို သင်ယူခဲ့ရသည်။

သူမက ထိုလျှို့ဝှက်နယ်မြေအတွင်းမှ အကျိုးအမြတ် ရရှိနိုင်သရွေ့ ကောင်းကင်ဇာမဏီဧကရာဇ်၏ ဂုဏ်သတင်းကို ပြန်လည်ဖန်တီးနိုင်လိမ့်မည်။ သူမက လျူမိန်ရှုနှင့် ရုပ်ခန္ဓာတူ ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း အစစ်အမှန် ဇာမဏီတစ်ကောင်၏ သွေးအဆီအနှစ်ကို စုပ်ယူပြီးသည့်နောက် ကံအပြောင်းအလဲ အခွင့်အရေး ရခဲ့ခြင်း ဖြစ်လေသည်။

ထိုသွေးအဆီအနှစ်ဖြင့် အသင်္ချေသားရဲခန္ဓာကိုယ်က လူများစွာ၏ စိတ်ကူးထက်အလွန် စွမ်းအားကို ထုတ်ပြနိုင်လာခဲ့သည်။

………………………………

လျူမိန်ရှုက သူမ ဘယ်လိုရှာတွေ့သွားကြောင်း စဉ်းစားနေစဉ် ရုတ်ချည်းဆိုသလို အားပျော့ကာ သေချာထိန်းချုပ်ထားသည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ခံစားမိသည်ကို အမှတ်ရသွားလေသည်။ အကယ်၍ သူမ၏ သားရဲ အလိုလိုသိစိတ်ကြောင့်သာ မဟုတ်လျှင် ထိုအရာကို သတိထားမိမည် မဟုတ်ပေ။

“ အဲဒါက အရိပ်ရဲ့ စွမ်းအားပဲ။ ဒါကို တော်တော်လေး ရင်းနှီးနေတယ်။ ဘယ်မှာခံစားဖူးပါလိမ့်… တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အရိပ်အုပ်စိုးသူကျမ်းပဲ”

ထို့နောက် သူမက ရုတ်ချည်းဆိုသလို ချီကံကောင်းမှုစစ်ဆေးပွဲအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အမှတ်ရသွားလေသည်။

“ ဝမ်ဝေ့ … သူပဲ ဖြစ်ရမယ်” လျူမိန်ရှုက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူမက ဝမ်ဝေ့သည် သူမကို အာရုံစိုက်ကာ နောက်ယောင်ခံဖို့ လူများလွှတ်ထားကြောင်း မှန်းဆမိလိုက်သည်။

သို့သော် သူမက သူသည် ထိုလျှို့ဝှက်နယ်မြေအကြောင်းကို အဘယ်ကြောင့် သတင်းလွှင့်လိုက်ရသလဲဟု နားမလည်နိုင်ဖြစ်နေသည်။ ဤအခြေအနေတွင် အကောင်းဆုံးအပြုအမူက သူမ ဗဟိုချက်ထဲ ဝင်သွားသည်အထိ စောင့်ကာ မျှားခေါ်သင့်သည် မဟုတ်ပါလော။

သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။

“ ဒါက တမင် သတင်းလွှင့်လိုက်တာ မဟုတ်သရွေ့ပေါ့” လျူမိန်ရှုက ရေရွတ်လိုက်သည်။ သူမက ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် နှာခေါင်းရှုံ့ကာ အကြီးအကဲများအား ပြောလိုက်သည်။

“ အခု ကျွန်မတို့ ဖျက်ဆီးခဲ့တဲ့ အစီအရင်တွေအကုန်လုံးကို ပြန်ပြီးတော့ အသက်သွင်းရမယ်။ ကျွန်မတို့ ကြိုးစားခဲ့တာတွေကို တခြားသူတွေကို အခွင့်ကောင်း ယူခိုင်းလို့ မဖြစ်ဘူး”

All Chapters