← Chapters

ဟွမ်ယွမ်

Vol. 24 Ch. 334

ဟွမ်ယွမ်

Vol. 24 Ch. 334

အခန်း (၃၃၄) : ဟွမ်ယွမ်

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ လန်လင်းနှင့် ဝမ်လော့တို့က သူ့နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့ကလည်း တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ ကြည့်နေလေ၏။

“ အစ်ကိုကြီးက နောက်နေတာပဲ။ ကျွန်တော်က ဝမ်ဝေ့လိုမျိုး အားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံကို ဘယ်လိုလုပ် သိမှာလဲ”

ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ကိုယ်သူ ချီးကျူးလိုက်ပြီးသည့်နောက်တွင်ပင် ရှက်မိသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိပေ။

“ အမှန်ပဲ။ ဒီလိုမျိုး မဟာဧကရာဇ် ဖြစ်လာနိုင်ချေရှိတဲ့ လူမျိုးက ငါတို့နဲ့ မတူညီတဲ့ ကမ္ဘာမျိုးမှာ နေထိုင်ကြတာ”  ဝမ်လော့က ပြောလိုက်စဉ် သူ့လေသံထဲတွင် အနည်းငယ် စိတ်အားငယ်မှုတို့ ပါဝင်နေလေသည်။

“ အစ်ကိုကြီး ကိုယ့်ဘာသာကို စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ အစ်ကိုကြီးလည်း ကိုယ့်အားသာချက်နဲ့ကိုယ် ရှိတာပဲလေ။ အဲဒါကို ဂုဏ်ယူသင့်တာပေါ့”  လန်လင်းက နူးနူးညံ့ညံ့ဖြင့် ဝင်ပြောလိုက်သည်။

“ ညီမလေး ပြောတာမှန်တယ်။ တကယ်လို့ ဝမ်ဝေ့က အားကောင်းတယ်ဆိုရင်တောင် ဆေးဝါးပညာနဲ့ ပတ်သက်လာတဲ့အခါမှာ ငါ ဝမ်လော့က ဘယ်သူ့ကိုမှ မကြောက်ဘူး”

“ အမွေခံသားတော် ဝမ်ဝေ့က အလွန်အားကောင်းပြီးတော့ ထူးခြားတဲ့ ဝိညာဉ်ရှိတယ်ဆိုတာကို လူတိုင်းသိထားကြတယ်လေ။ တကယ်လို့ သူသာ ဆေးဝါးပညာကို သင်ယူဖို့ ဆုံးဖြတ်လိုက်ရင် သူ့အောင်မြင်မှုက စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး” ဝမ်ဝေ့က ရုတ်တရက် ဝင်ပြောလိုက်သည်။

ဝမ်လော့က ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားလေသည်။

သူက သူ့ယုံကြည်ချက်တို့ ပြန်ရှိလာသော်လည်း ယခုတွင်မူ….

“ ပြီးတော့ သူက အရမ်းလည်း ရုပ်ချောတယ်။ အစ်ကိုကြီးထက်တောင် ရုပ်ချောလောက်တယ်။ အစ်မလည်း သဘောတူတယ်မလား” ဝမ်ဝေ့က ဝမ်လော့၏ ဒဏ်ရာအား ဆားထပ်ဖြူးလိုက်သည်။

လန်လင်းက စိတ်အတွင်းမှသာ သက်ပြင်းချလိုက်သည်။ သူမက လော့ချန်၏ ပြောစကားအား သဘောတူသော်လည်း အစ်ကိုကြီးရှေ့တွင်မူ ဝန်မခံနိုင်ပေ။

“ မင်း” ဝမ်လော့က လော့ချန်အား လက်ညှိုးထိုးကာ ပြောလိုက်သည် “ မင်းကရော ဘယ်လိုလဲ။ မင်းကရော သူနဲ့ ရုပ်ရည်ရော စွမ်းရည်ရော ယှဉ်နိုင်လို့လား”

“ အစ်ကိုကြီး ပြောတာမှန်တယ်။ ကျွန်တော်က မယှဉ်နိုင်ဘူး။ အဲဒီအချက်ကို ကျွန်တော်က လက်ခံတယ်”

ဝမ်လော့က ထိုအဖြေကို ကြားပြီး ချက်ချင်းဆိုသလို ရင်ဘတ်ထဲ ဆို့တစ်လာသလို ခံစားလိုက်ရသည်။ အဆုံးသတ်တွင်မူ သူက အေးစက်စက် သက်ပြင်းချကာ လော့ချန်အား လျစ်လျူရှုထားလိုက်တော့သည်။

လော့ချန် ပြောသည်က မှန်ပေသည်။ ဝမ်လော့အနေဖြင့် သူက ဆေးလုံးဝိဇ္ဇာငယ်ရာထူးကို ရယူခဲ့ပြီး ဤမျိုးဆက်၏ မူလဆေးလုံးတာအိုဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာခဲ့မည်ဆိုလျှင်ပင် ဝမ်ဝေ့လိုမျိုး လူနှင့် မယှဉ်နိုင်ကြောင်း သိထားလေသည်။

သူက ဒေါသထွက်ကာ အရှက်ရမိသော်လည်း မျိုသိပ်လိုက်ရုံမျှသာ တတ်နိုင်လေသည်။ ဝမ်ဝေ့ကို သူ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အဆင့်အတန်းအရ၊ အင်အားချင်းအရနှင့် အလားအလာအရ သူက လုံးဝကို ရှုံးနိမ့်လေသည်။ ထို့ကြောင့် သူ တတ်နိုင်သည့်အရာက ထိုအရာကို ဂရုမစိုက်သလို နေထိုင်ခြင်း သို့မဟုတ် ထိုအရာက သူနှင့် ဘာမှမသက်ဆိုင်သလို နေထိုင်ခြင်းသာ ဖြစ်၏။ သူ ယခင်က ပြောဖူးသလိုမျိုး သူတို့တွေက မတူညီသော ကမ္ဘာတွင် နေထိုင်ကြသည် မဟုတ်ပါလော။

လန်လင်းက သူမ၏ ဆရာတူ မောင်လေးအား ကြည့်လိုက်သည်။

ဆရာတူ မောင်လေးက အခုလတ်တလော တော်တော်လေး ပြောင်းလဲသွားတာပဲ

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်း၏ သင်္ဘောပေါ်ရှိ ဝမ်ဝေ့၏ ကိုယ်ပွားကလည်း လူများကို လိုက်ပြီး လေ့လာဆန်းစစ်နေသည်။ ဧကရာဇ်မျိုးနွယ်အများစု ရောက်မလာသောကြောင့် ယခုလက်ရှိလူအများအတွင်း အာရုံစိုက်စရာ လူတချို့သာ ထိုက်တန်လေသည်။

သူက ဓားရေးစံအိမ်ဘက်သို့ ကြည့်လိုက်သည့်အချိန် ဓားမျက်ခုံးနှင့် ရုပ်ချောချော လူငယ်လေးကို မြင်လိုက်ရသည်။ ထိုလူက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ဓားကို ချိတ်ထားလေသည်။ ထိုလူက ကျန့်ဝူရွှမ်း ဖြစ်၏။

သူ၏ တည်ငြိမ်ကာ ငြိမ်သက်လှသည့် အပြုအမူ ရှိသော်လည်း ဝမ်ဝေ့က သူ့တည်ရှိမှုအတွင်း ပုန်းအောင်းနေသည့် မောက်မာမှုတချို့ကို ခံစားမိလေသည်။

ဝမ်ဝေ့က ကျန့်ဝူရွှမ်းသည် တာအိုကျောက်ပြား လျှို့ဝှက်နယ်မြေအတွင်း သူ့အဆုံးမဲ့ဓားဆန္ဒဖြင့် သူ့အဖေ၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားဆန္ဒကို အနိုင်ယူပြီးနောက်တွင် သူ့ပင်ကိုသဘာဝ ပြောင်းလဲသွားကြောင်း သတိပြုမိခဲ့သည်။

ဝမ်ဝေ့ မြင်ရသလောက် ဓားရေးစံအိမ်မှ အထက်ပိုင်းများကလည်း ထိုအရာကို သတိပြုမိကြသောကြောင့် သူ့အား ကမ္ဘာအနှံ့သွားကာ လေ့ကျင့်စေခဲ့သည်။

အကယ်၍ လူတစ်ယောက်၏ စိတ်အခြေအနေ သို့မဟုတ် တာအိုနှလုံးသားက ခိုင်ခိုင်မာမာ မရှိပါက ရုတ်ချည်း စိတ်သဘောထား ပြောင်းလဲသွားခြင်းက ပုံမှန်ကိစ္စသာ ဖြစ်လေသည်။ သဘောတရားအရ ပြောရလျှင် ကျန့်ဝူရွှမ်းသည် လွန်ခဲ့သည့် နှစ်ငါးရာခန့်က လင်းဖန်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နိုးထလာခဲ့သင့်သည်။ သို့သော်လည်း ထိုသို့ မဖြစ်ခဲ့ပေ။

ဝမ်ဝေ့က စုယာသည် နည်းလမ်းတချို့ဖြင့် ကျန့်ဝူရွှမ်းကို လွှမ်းမိုးထားကြောင်း ခန့်မှန်းမိလိုက်သည်။ သူ သိထားသလောက် သူမသည်လည်း ထိုသူ့အား ရင်ဆိုင်ဖို့ အချိန်ယူ ပြင်ဆင်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

အကယ်၍ သူမ အကြံအစည်သာ အလုပ်ဖြစ်ခဲ့လျှင် ဝမ်ဝေ့က ကျန့်ဝူရွှမ်းသည် သေဆုံးသွားလိမ့်မည် သို့မဟုတ် ဆိုးဆိုးရွားရွား သက်ရောက်မှု ခံရလိမ့်မည်မှန်း သိထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ဝမ်ဝေ့က ဂရုမစိုက်ပေ။ ပြောရလျှင် ကျန့်ဝူရွှမ်းက သူ့ ပြိုင်ဘက်သာ မဟုတ်ပါလော။ ထိုသူ၏ သေခြင်းတရားက သူ့အတွက် အကျိုးရှိလေသည်။

ထို့အပြင် သူ့သေဆုံးခြင်းက အရေးမပါပေ။ သူ့အဖေနှင့် အဘိုးမှ သိထားသလောက် ကမ္ဘာ့စင်မြင့်အထက်တွင် အသက်ဝင်နေသည့် ကောင်းကင်ရွေးချယ်ခံအားလုံးက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို တိုက်နိုင်ကြခြင်း မဟုတ်ပေ။

တချို့က လမ်းတစ်ဝက်နှင့် သေဆုံးသွားကြပြီး တချို့ကမူ ဧကရာဇ်လမ်းစဉ်နောက် လျှောက်လှမ်းချင်စိတ် မရှိတော့ဘဲ တာအိုနှလုံးသား ကြေမွသွားကြသည်။ အခြားလူများကမူ ရုတ်ချည်း ကြီးထွားလာကြပြီး လက်ရှိလူများကို အစားထိုးသွားကြသည်။

ပို၍ အရေးကြီးသည်က မိသားစုများ သို့မဟုတ် အင်အားစုများက သင့်တော်သည့်အချိန် မဟုတ်သေးသည့်အတွက် ဝှက်ထားသည့် ဝှက်ဖဲများ ရှိနေသေးလေသည်။

အချုပ်အားဖြင့် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲသည် မရိုးရှင်းလှပေ။ ပြောရလျှင် ပါဝင်ယှဉ်ပြိုင်သူ ဆယ်ပုံတစ်ပုံပင် ထွက်ပေါ်မလာသေးပေ။

ထိုအရာကို တွေးပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ကိုယ်ပွားအကြည့်က တခြားလေသင်္ဘောဆီ ရောက်ရှိသွားလေသည်။ ထိုအရာက လေလွင့်ကျင့်ကြံသူ အဖွဲ့အစည်း ပိုင်ဆိုင်သည့် အရာဖြစ်ပြီး သူတို့၏ လက်ရှိကောင်းကင်ရွေးချယ်ခံ ဟွမ်ယွမ် ဖြစ်၏။

လတ်တလော သူ့အကြောင်း သိရှိထားသည့် သတင်းအချက်အလက်များအရ သူသည် အလွှာနိမ့်မှ ဖြစ်ကာ လေလွင့်ကျင့်ကြံသူ အဖွဲ့အစည်း၏ အဖွဲ့သားတစ်ယောက်မှ ရှာတွေ့ထားခြင်း ဖြစ်၏။ သူတို့၏ အရင်းအမြစ်အားလုံးကို ထုတ်သုံးကာ သူ့အတွက် ဤမျိုးဆက်၏ တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမှတ်အသားပြားကို ထုတ်ပေးခဲ့သည်။

ထိုလူကို တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်းခံစားမိလိုက်၏။ သူက ဟွမ်ယွမ်ထံမှ ထူးခြားသည့် အငွေ့အသက်တစ်ခုကို ခံစားမိလေသည်။ ထိုအငွေ့အသက်က ကောင်းကင်တာအို အငွေ့အသက် ဖြစ်၏။ သူ သိထားသလောက် ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ပေါ်တွင် ရေးထိုးထားသည့် လူများတွင်သာ ထိုသို့ တူညီသည့် အငွေ့အသက်မျိုး ရှိတတ်ကြသည်။

သို့သော်လည်း ဟွမ်ယွမ်ထံ မှိန်ဖျဖျ အငွေ့အသက်မျိုး ရှိနေလေသည်။ မှိန်ဖျလွန်းသည့်အတွက် သတိမထားလုနီးပါး ဖြစ်၏။ တကယ်တော့ ကိုယ်ပွားက ထိုအငွေ့အသက်ကို အာရုံမခံနိုင်ခဲ့ပေ။ သို့သော် လော့ချန် အယောင်ဆောင်နေသည့် တကယ့်ခန္ဓာကိုယ်အစစ်က အာရုံခံနိုင်ခဲ့၏။

ဝမ်ဝေ့က ချက်ချင်းဆိုသလို တွက်ချက်လိုက်သည်။ ဤနေရာတွင် လျှို့ဝှက်ချက် တချို့ရှိနေကြောင်း သိလိုက်၏။ သူ့ ပထမဆုံးအလိုလိုသိစိတ်က သူ့ ကံကြမ္မာဖတ်ရှုရေး နည်းစနစ်ကို သုံးကာ အမှန်တရားကို ရှာဖွေဖို့ ပြောနေလေသည်။ ကံဆိုးစွာဖြင့် ဟွမ်ယွမ်အား ကာဆီးထားသည့် အနက်ရောင် အရှိန်အဝါတစ်ခု ရှိနေဟန်ပေါ်သည်။ ထို့ကြောင့် သူက ဦးနှောက်ကိုသာ သုံးလိုက်ရသည်။

သူက ကျောင်းတော်၏ စစ်ဆေးမှုအတွင်း ထိပ်တန်းကောင်းကင် ရွေးချယ်ခံ အယောက် ၃၀ထဲမှ တစ်ယောက်ကို မှတ်မိလိုက်သည်။ ထိုသူက အဆင့် ၂၃ ဖြစ်ပြီး နာမည်က ဟွမ်ယွမ် ဖြစ်ပေသည်။ သူ မှတ်မိသလောက် ထိုလူက  ပျံဝဲမီးအိမ်တောင်ကြားဟုခေါ်သည့် အထွတ်အထိပ်နယ်မြေမှ ဖြစ်၏။

အခုမေးခွန်းထုတ်စရာက ဒီဟွမ်ယွမ်နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲ

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဤနှစ်ဦးသည် တူညီသည့် နာမည် ရှိနေပြီး တူညီသည့် အငွေ့အသက်ရှိနေခြင်းက တိုက်ဆိုင်မှုသက်သက်ဟု မထင်မိပေ။

ချက်ချင်းဆိုသလို သူက ဝမ်ကျူ မရှိသည့်အတွင်း လက်ရှိကံကြမ္မာအရိပ်အဖွဲ့ကို အုပ်ချုပ်ပေးနေသည့် ယာယီအဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်လိုက်သည်။ သူက ပျံဝဲမီးအိမ်တောင်ကြားမှ ဟွမ်ယွမ်၏ နေရာအကြောင်း စုံစမ်းခိုင်းခဲ့သည်။

ဝမ်ဝေ့က ဟွမ်ယွမ်အား အဝေးမှ စိုက်ကြည့်နေစဉ် ထိုလူကလည်း သူ့အကြည့်ကို သတိထားမိကာ ပြန်ကြည့်လာလေသည်။ ချက်ချင်းဆိုသလို ဝမ်ဝေ့က ထိုလူတွင် လျှို့ဝှက်ချက်ရှိကြောင်း ကောက်ချက်ချသည်က မှန်ကန်သွားသည်ကို သိလိုက်သည်။

အကြောင်းမှာ သူ့ မျက်ဝန်းကြောင့် ဖြစ်၏။ ထိုအရာထဲတွင် အချိန်များစွာ ဖြတ်သန်းလာရသည့်သူများသာ ပိုင်ဆိုင်ထားသည့် ဉာဏ်ပညာ မျက်ဝန်းမျိုး ပိုင်ဆိုင်ထားလေသည်။ သူက ထိုအရာကို သူ့အဘိုးနှင့် အဘွားဆီကသာ မြင်ဖူးလေသည်။

လူငယ်လေးတစ်ယောက်တွင် ထိုသို့အကြည့်မျိုး ရှိနေဖို့ မဖြစ်နိုင်ပေ။ အမှန်အတိုင်းဆိုရလျှင် သူ သိထားသည့် လူငယ်လေးထဲ ထိုသို့အကြည့်မျိုး ရှိသည့်သူက တိထျန်းသာ ဖြစ်၏။ သို့သော်လည်း ထိုလူက နှစ်ဘယ်လောက်ကြာကြာ နေထိုင်ခဲ့မှန်း မသိသည့် မကောင်းဆိုးဝါးအိုကြီးသာ ဖြစ်လေသည်။

ထို့ကြောင့် ဟွမ်ယွမ်၏ အကြည့်ကို မြင်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။

ပြန်လည်ဝင်စားခြင်းလား ဒါမှမဟုတ် ခန္ဓာကိုယ် ဝင်စီးထားတာလား

ထိုလူက သံသရာကို ကြုံတွေ့ပြီး အသင်္ချေဘဝများစွာကို တွေ့ကြုံခံစားရဖို့ သံသရာကို ထပ်ခါတလဲလဲ ဖြတ်သန်းနိုင်စေသည့် ကံကြမ္မာအပြောင်းအလဲ အခွင့်အရေးနှင့် တွေ့ဆုံနိုင်ချေ ရှိနိုင်လေသည်။ ထို့ကြောင့် ထိုသို့ မျက်ဝန်းမျိုး ရှိနေခြင်းလည်း ဖြစ်နိုင်၏။

သို့သော် အမှန်တရားက မည်သို့ပင် ဖြစ်စေကာမူ ဟွမ်ယွမ်သည် ဤမျိုးဆက်တိုက်ပွဲအတွက် အမည်မသိ အချက်တစ်ခု ဖြစ်လာသည်မှာ မလွဲဆန်နိုင်ပေ။

ထို့ကြောင့် သူက သူ့လျှို့ဝှက်ချက်ကို သိအောင် စုံစမ်းရလိမ့်မည်။ ဤနည်းဖြင့် ဝမ်ဝေ့အနေဖြင့် သူ့အား ရင်ဆိုင်ဖို့ ပို၍ လွယ်ကူလာလိမ့်မည်။

ဝမ်ဝေ့က ကောက်ချက်ချပြီးသည့်နောက်တွင် ဟွမ်ယွမ်ဆီမှ အကြည့်ဖယ်လိုက်သည်။

ထိုစဉ် ဟွမ်ယွမ်က သူ့ဘာသာသူ စဉ်းစားမိလိုက်၏။

သူက တစ်ခုခုများ တွေ့သွားတာလား။ အဲလိုလည်း မဖြစ်လောက်ပါဘူး။ ဒါပေမဲ့ သူ့အပြုအမူအရဆိုရင် ငါ့ကို သံသယဝင်နေတာပဲ။ ဟူး … ဒီ အားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံတွေက အလွှာနိမ့်နဲ့ ဘာမှကို ယှဉ်စရာမရှိပါလား။

အကယ်၍ သူ့ခန္ဓာကိုယ် ပူးကပ်ခြင်းသာ တွေ့ရှိသွားလျှင် သူ့အတွက် အကျိုးဆက် ခံစားရသည့်အခါ မသက်မသာမှု တချို့ဖြစ်လာစေလိမ့်မည်။ သို့သော်လည်း သူက ထိုဗဟုသုတကို အသုံးပြုဖို့ စွမ်းရည်ကို ဆုံးရှုံးသွားလိမ့်မည်။

ထို့ကြောင့် သူ့လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက် လှုပ်ရှားဖို့ လိုအပ်နေလေသည်။

ငါ့အတွက် ကံကောင်းသွားတာက ဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မဖျက်ဆီးပစ်လိုက်တာပဲ။ ဒါပေမဲ့ ငါ သူ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ နည်းလမ်းရှာရမယ်။

ဟွမ်ယွမ်က သူ့လမ်းကြောင်းကို ဖျောက်ဖျက်ပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို ကာကွယ်ဖို့ နည်းလမ်းကို စဉ်းစားနေလေသည်။

ထိုစဉ် ဝမ်ဝေ့၏ အကြည့်များက တခြားဖက်သို့ ကျရောက်သွားလေသည်။

“ သူမက ဘယ်သူလဲ” သူက ဘေးနားမှ အဖော်ပြုပေးနေသည့် အထွတ်အထိပ် အကြီးအကဲတစ်ဦးအား မေးလိုက်သည်။

All Chapters