ဟို့မျိုးနွယ်
Vol. 24 Ch. 335
အခန်း (၃၃၅) : ဟို့မျိုးနွယ်
ဝမ်ဝေ့က အပြာရောင်ဝတ်စုံအပေါ် ရွှေရောင်ကြိုးမျှင်များပါသည့် ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးအား ကြည့်လိုက်သည်။ သူမ၏ ဝတ်စုံက ကိုယ်ကျပ်ဖြစ်ပြီး သူမ၏ မိန်းမဆန်သည့် ကောက်ကြောင်းများအား ပြသနေလေသည်။ သူမတွင် ပန်းပုထုထားသည့်အလား ပြီးပြည့်စုံသည့် လက်ရာမြောက် အလှမျိုး ရှိ၏။
သူမ၏ မျက်ဝန်းများက နေရောင်ကို ရောင်ပြန်ဟပ်စေသည့် ရတနာများနှင့် ဆင်နေသည်။ သူမ၏ ဆံပင်ရှည်ရှည်က လေထဲတွင် လွင့်မြောနေလေ၏။
သူမ၏ နဖူးအလယ်တွင် မီးတောက် အမှတ်အသားရှိသောကြောင့် သူမ၏ အလှတရားကို ပိုမိုတိုးမြှင့်ပေးသလို ဖြစ်နေသည်။ သူမက မတ်တပ်ရပ်နေသော်လည်း နတ်ဘုရားမတစ်ပါးလိုမျိုး မြင့်မြတ်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေလေ၏။
အံ့ဖွယ်တာအိုမျိုးနွယ်မှ ဖန်းလီကျွမ်းနှင့် မတူဘဲ သူမ၏ မြင့်မြတ်သည့် ပုံစံက မောက်မာခြင်းမှ ဖြစ်တည်လာခြင်း မဟုတ်ဘဲ သဘာဝဆန်နေသည်။ ပြောရလျှင် မိုးမြေက သူမသည် တော်ဝင်ဆန်ကြောင်း လက်ခံထားသကဲ့သို့ ဖြစ်သည်။
အလှအပနှင့် အသွင်အပြင်ကို ယှဉ်ကြည့်ပါက ထိုအမျိုးသမီးသည် စုယာ၊ ဝူဟုန် သို့မဟုတ် ရှီရှစ်ကိုပင် ရှုံးနိမ့်မည်မဟုတ်ပေ။
ဝမ်ဝေ့က သူမအား အာရုံစိုက်သည့်အချက်မှာ သူမ၏ အလှတရားကြောင့် မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အားကောင်းသည့် သွေးမျိုးဆက်ကို ခံစားမိ၍ ဖြစ်သည်။ ထို့အပြင် သူမ၏ အရှိန်အဝါက အလွန်ထူးဆန်းကာ ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်သလိုမျိုး ခံစားရစေသည်။
သူမသည် သူမ၏ လျှို့ဝှက်ချက်များအား မကြည့်နိုင်ရန် တားဆီးထားသည့် နည်းလမ်းရှိထားပုံ ပေါ်သောကြောင့် သူ့အမြင်အာရုံက ဘာမှကို မမြင်နိုင်ခဲ့ပေ။
ဝမ်ဝေ့၏ မေးခွန်းကို ကြားသည့်အခါ ယန်းချန်က ခဏတာမျှစဉ်းစားပြီး ပြောလိုက်သည် “ သူမက ဟို့မိသားစုက ဖြစ်လောက်တယ်။”
“ ဟို့မိသားစုကလား။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”
“ အဲဒါက သူတို့က ရှေးဟောင်း ဆွေကြီးမျိုးကြီး မျိုးနွယ်ကမလို့ပါ”
“ ကျွန်တော် မကြားဖူးတဲ့ နောက်ထပ် အသုံးအနှုန်းတစ်ခုပါလား။ အကြီးအကဲချုပ် ကျွန်တော်ကို ရှင်းပြပေးပါဦး” ဝမ်ဝေ့က မေးလိုက်သည်။
“ ရှေးဟောင်း ဆွေကြီးမျိုးကြီး မျိုးနွယ်တွေက ဗလာခေတ်ကာလမှာ ရှင်သန်ခဲ့တဲ့ မိသားစုတွေပဲ။ ပြောရရင် အစောပိုင်းဧကရာဇ်ခေတ် ကာလကတည်းက တည်ရှိခဲ့တဲ့ မျိုးနွယ်တွေပေါ့။ နမူနာအားဖြင့် ပြောရမယ်ဆိုရင် ဒီဟို့မိသားစုက ရှေးဟောင်းမျိုးနွယ်တွေကြားမှာ အတော်လေး ဩဇာကြီးမားတယ်။
သူတို့က သူတို့ဘိုးဘေးတွေက မီးတောက်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ မီးတောက်ရယူရေးလူသားလို့ ပြောကြတယ်။ သူတို့တွေ့ရှိမှုကြောင့် လူသားတွေက အမှောင်ကို ကြောက်စရာ မလိုတော့သလို အေးစက်မှုကနေလည်း မသေဆုံးနိုင်တော့ဘူး အဲလိုမျိုးပေါ့။
အဲဒီတွေ့ရှိမှုကြောင့် သူတို့မျိုးနွယ်က ချီကံကောင်းမှုနဲ့ ကုသိုလ်ကို အမြောက်အများ ရရှိလိုက်ကြတယ်။ ဒါပေမဲ့ အဲဒါက သက်သေအခိုင်အမာ မရှိတဲ့ ကောလဟာလတစ်ခုပဲ။ ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ အဲဒီညွှန်းဆိုချက်တွေက မှန်ကန်ဖို့များတယ်။
ကံဆိုးတာက အင်အားစု အများစုက အဲဒါကို ဟို့မိသားစုနဲ့ တခြားဆွေကြီးမျိုးကြီး မျိုးနွယ်တွေ ကုသိုလ်နဲ့ ကံကောင်းမှုကို အများကြီး မရအောင် အသိအမှတ်ပြုဖို့ ငြင်းပယ်ကြတယ်။”
ဝမ်ဝေ့က စိတ်ဝင်စားမိသွားသည်။ ဤကမ္ဘာ၏ ကိစ္စများက နက်နဲမှန်း သိသော်လည်း သူ မသိထားသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေသေးလေသည်။ ထို့ကြောင့် သူက ရှေးဟောင်းမျိုးနွယ် တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မအံ့ဩမိပေ။
“ သူတို့က ဒီလောက်အချိန်ကြာကြာ ရှင်သန်နေခဲ့တာဆိုတော့ အတော်လေး အားကောင်းမှာပဲပေါ့” သူက မေးလိုက်သည်။
“ အဲလိုတွေးနိုင်ပေမဲ့ မဟုတ်ဘူး” ယန်းချန်က မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“ သူတို့အများစုက ဗလာခေတ်ကာလမှာ အတော်လေး ဆိုးဆိုးရွားရွား ဆုံးရှုံးမှုတွေ ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒါက သူတို့ကျရှုံးရတဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်ဘူး။ အဲဒီရှေးဟောင်းမျိုးနွယ်တွေက ဓလေ့ထုံးတမ်းတို့ စည်းမျဉ်းတို့နဲ့ ပတ်သက်လာတဲ့အခါ အရမ်းကို ခေါင်းမာတယ်။ ရှေးဟောင်းဧကရာဇ်ခေတ်ကာလအတွင်းမှာ အများစုက ကမ္ဘာရဲ့ ပြောင်းလဲမှုကို လိုက်လျောညီထွေနေဖို့ ငြင်းဆန်ခဲ့ကြတော့ အချိန်ကြာလာတာနဲ့ ဖြည်းဖြည်းချင်း ပျက်သုဉ်းသွားကြတယ်”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ နမူနာအနေနဲ့ ပြောရမယ်ဆိုရင် အဲဒီမျိုးနွယ်တွေက မူလနည်းစနစ်ကို ကျင့်ကြံဖို့ ငြင်းပယ်ကြတယ်။ ပြောရရင် သူတို့က ရှေးအချိန်အခါကတည်းက ကျင့်ကြံရေး နည်းစနစ်ကိုပဲ ဆက်လက်အသုံးပြုကြတယ်။ ကံဆိုးတာက လက်ရှိပတ်ဝန်းကျင် အနေအထားက ရှေးဟောင်းခေတ်ကာလနဲ့ ယှဉ်လိုက်ရင် အရမ်းကို နိမ့်ကျလွန်းတော့ ရှေးဟောင်း ကျင့်ကြံရေးနည်းစနစ်နဲ့ မသင့်တော်တော့ဘူး”
ထိုအရာကို ကြားပြီး ဝမ်ဝေ့က ထိုရှေးဟောင်းမျိုးနွယ်များသည် အဘယ်ကြောင့် ကျဆင်းလာကြောင်း နားလည်သွားလေသည်။ မိုးမြေသည် ကမ္ဘာရှိ အသုံးအများဆုံး ကျင့်ကြံရေး နည်းစနစ်ကိုသာ ပြုစုပျိုးထောင်ပေးလိမ့်မည်။
ထိုအချက်၏ အထူးခြားဆုံး နမူနာအနေမှာ အသင်္ချေအင်ပါယာကမ္ဘာတွင် ငွေကြေးအဖြစ်နှင့် ကျင့်ကြံဖို့အတွက် အသုံးပြုကြသည့် မူလအရင်းအမြစ် ကျောက်တုံး သို့မဟုတ် မူလအရင်းအမြစ်များ ဖြစ်လေသည်။ မူလချီက မိုးမြေတွင် တည်ရှိသည့် စွမ်းအား မဟုတ်ဘဲ ဧကရာဇ်ချီယွမ်မှ ဖန်တီးထားခြင်း ဖြစ်၏။
သို့သော်လည်း တစ်ကမ္ဘာလုံးတွင် မူလကျောက်တုံးနှင့် အရင်းအမြစ်များ ပါဝင်နေသည့် မိုင်းတွင်းများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ကျင့်ကြံသူများက တိုက်ရိုက် စုပ်ယူနိုင်ကြ၏။ သဘောတရားအရဆိုရလျှင် ကမ္ဘာသည် မိုးမြေအတွင်း ချီများ ပျံ့နှံ့နေသောကြောင့် ဝိညာဉ်ကျောက်တုံးများ ရှိသည့် မိုင်းတွင်းများသာ ရှိသင့်လေသည်။
ဤထူးဆန်းသည့် အချက်မှာ ကောင်းကင်တာအိုက မူလနည်းစနစ်သည် ဤကမ္ဘာ၏ သမာသမတ် ကျင့်ကြံရေး နည်းစနစ်ဖြစ်ကြောင်း အသိအမှတ် ပြုထားသောကြောင့် ထိုနည်းစနစ်ကို အကျိုးအမြတ်ရရှိဖို့အတွက် ကမ္ဘာကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပေသည်။
နှစ်များကြာမြင့်လာသည်နှင့်အမျှ အရင်းအမြစ်များက ထိုစနစ်အတွက် သီးခြားဖြစ်တည်လာကာ ပိုမိုကြွယ်ဝလာသည်။ ဤသည်က ကမ္ဘာအများစုသည် ကျင့်ကြံရေး နည်းစနစ်များစွာ မရှိရသည့် အကြောင်းအရင်းထဲမှ တစ်ချက် ဖြစ်ပေသည်။
“ ရှေးဟောင်း ဆွေကြီးမျိုးကြီး မျိုးနွယ်တွေ ရှိတယ်ဆိုတော့ တခြားရှေးဟောင်း ဂိုဏ်းတွေလည်း ရှိတာပဲလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ကျုပ် သိထားသလောက်ကတော့ မရှိဘူး” ယန်းချန်က ပြန်ဖြေလိုက်သည် “ အစောပိုင်းဧကရာဇ် ခေတ်ကာလတုန်းက မျိုးနွယ်တွေ၊ မိသားစုတွေ၊ ဘာသာရေးအဖွဲ့တွေကပဲ အုပ်စိုးခဲ့တာ။ ဂိုဏ်းဆိုတဲ့ အသုံးအနှုန်းက ရှေးဟောင်းဧကရာဇ်ခေတ် ကာလမတိုင်ခင်အထိ ပေါ်ထွက်မလာခဲ့ဖူးဘူး”
ခဏအကြာတွင် သူက ဆက်ပြောလိုက်သည်။
“ အဲဒီမျိုးနွယ်တွေက စောစောစီးစီး ထွက်ပေါ်လာတာ တကယ်ကို အံ့ဩစရာပဲ။ ပုံမှန်ဆိုရင် သူတို့က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲနီးမှသာ ထွက်ပေါ်လာကြတာ။ ဒီလျှို့ဝှက်နယ်မြေမှာ တစ်ခုခု တန်ဖိုးရှိတာတော့ ပါဝင်နေလိမ့်မယ်။ သူတို့က အဲဒီလျှို့ဝှက်ချက်ကို သိထားတဲ့ပုံပဲ”
ဝမ်ဝေ့၏ ကိုယ်ပွားက ခေါင်းညိတ်လိုက်ပြီးနောက် သူမဆီမှ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူက တခြားလူများကိုလည်း စစ်ဆေးကြည့်လိုက်သည်။ ထိုမိန်းကလေးနှင့် ကျန့်ဝူရွှမ်းအပြင် လူငယ်မျိုးဆက်မှ တခြားဘယ်သူ့ကိုမှ ဂရုမစိုက်မိပေ။
တခြားအင်အားစုများနှင့် ပတ်သက်လာသည့်အခါ သူက သားရဲမွေးမြူရေး တောင်ကြားမှ ကျီမိသားစုကို သတိထားမိလေသည်။ သူက အကြည့်တစ်ချက်ဖြင့် ထိုလူများသည် လျှို့ဝှက်နယ်မြေအတွင်းဝင်ဖို့ စိတ်ပူပန်နေကြောင်း ပြောနိုင်လေသည်။ ထိုအကြောင်းအရင်းကိုလည်း ဝမ်ဝေ့က သိထားလေသည်။
ထိုလူများက လျူမိန်ရှုသည် အထဲမှာရှိကြောင်း သိထားကြပြီး သူမ အကျိုးအမြတ်ရရှိမည့် ကိစ္စကို မည်သည့်နည်းလမ်းမဆို အသုံးပြု၍ တားဆီးလိုကြသည်။ ဖြစ်နိုင်လျှင် သူမကို တိတ်တဆိတ် သတ်ပစ်လိုလေသည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့က ဂိုဏ်းအား အသုံးပြုကာ ထိုလူများဝင်ရောက်ဖို့အတွက် အချိန်ကို ဆွဲထားလေသည်။ သူက လျူမိန်ရှုအား သူမ၏ အင်အားစုမှ လူများ စုစည်းဖို့ အချိန်လုံလုံလောက်လောက် ပေးထားပြီး သူမ၏ ကြိုးကြိုးစားစားနှစ်များကို အသုံးချကာ လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်သို့ ရောက်ဖို့ ခွင့်ပြုပေးထားသည်။ ဤနည်းလမ်းဖြင့် သူမက အလုပ်ကြိုးစားကာ သူက အကျိုးအမြတ်ရရှိလိမ့်မည်။
အားလုံးက ဝင်ရောက်ဖို့အတွက် အချိန်ကို စောင့်ဆိုင်းနေကြစဉ် ဟို့ဖုန်းဟွမ်က ဝမ်ဝေ့၏ အကြည့်ကို သတိထားမိလိုက်သည်။
ဝမ်မျိုးနွယ်က အမွေဆက်ခံသူလား။ အကြီးအကဲတွေက သူ့အကြောင်း ပြောဖူးပြီးတော့ အာရုံစိုက်ဖို့ သတိပေးထားတယ်။ သူက တကယ်ကို အားကောင်းတာပဲ။ ဒါပေမဲ့ တစ်ခုခုမှားနေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်
သူမ၏ ကျောက်မျက်ရတနာလို မျက်ဝန်းက ချက်ချင်းဆိုသလို တောက်ပသွားလေသည်။ ထိုအခါ သူမ၏ မျက်နှာအထက် အံ့အားသင့်သွားသည့် အမူအရာ တစ်ချက် ပေါ်ထွက်လာသည်။
ဒါက ကိုယ်ပွားတစ်ခုလား။ သူက ဒီလောက်တောင် အားကောင်းနေတာလား
ခဏအကြာတွင် သူမက ကောင်းကင်မျက်ဝန်း နည်းစနစ်က မှားယွင်းနေတာလားဟု တွေးမိသွားလေသည်။
ဒီမျိုးဆက်ရဲ့ ပလ္လင်တိုက်ပွဲကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ။
မည်သို့ပင်ဆိုစေကာမူ ဟို့ဖုန်းဟွမ်က ဂရုမစိုက်ပေ။ သူမက သူမကိုယ်သူမ ယုံကြည်ချက်အပြည့် ရှိ၏။ ဟို့မျိုးနွယ်တွင် မျိုးဆက်များစွာအတွင်း ပေါ်ထွက်လာသည့် ပါရမီအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် သူမ၏ အလားအလာအပေါ် အပြည့်အဝ ယုံကြည်ထားသည်။
သူမက လက်ရှိ ဝမ်မျိုးနွယ်၏ အမွေဆက်ခံသူ၏ ပြိုင်ဘက် မဖြစ်နိုင်သေးသော်လည်း အနာဂတ်တွင် အတူတူဖြစ်နေမည်ဟု မဆိုလိုပေ။ အထူးသဖြင့် သူမက ဤလျှို့ဝှက်နယ်မြေအတွင်းရှိ အခွင့်အရေးကို ရရှိပြီးသည့်နောက်တွင် ဖြစ်၏။
…………………
သင့်တော်သည့်အချိန် ကျရောက်လာသည့်အခါ ဧကရာဇ်မျိုးနွယ်အများစုက လျှို့ဝှက်နယ်မြေ၏ အဝင်အဝကို ဖွင့်ဖို့အတွက် အတူတကွ ကြိုးစားလိုက်ကြသည်။ ထိုစဉ် အားလုံးရှေ့မှောက်တွင် ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး လေသင်္ဘောများက အထဲသို့ ဝင်ရောက်လိုက်ကြသည်။
သူတို့ကို ထောက်ပံ့ပေးမည့်သူ မရှိသည့် လေလွင့်ကျင့်ကြံသူများကလည်း သူတို့ဘာသာသူတို့ အကာအရံ ခြုံလွှမ်းကာ ဂိုဏ်းကြီးများ ဝင်ရောက်ပြီးသည့်နောက် သူတို့လည်း အပြေးအလွှား ဝင်လိုက်ကြသည်။
ဝင်ရောက်ပြီးနောက် သိပ်မကြာခင် အင်အားစုအများစုက သူတို့၏ တပည့်များအား လျှို့ဝှက်နယ်မြေအစွန်အဖျားကို စေလွှတ်လိုက်ကြပြီး သူတို့ကမူ ပင်မဗဟိုချက်၏ အဝင်ဝသို့ ပြေးလွှားသွားလိုက်ကြသည်။
အားလုံးရှေ့မှောက်တွင် ကောင်းကင်ထိလုမတတ် မြင့်မားသည့် တောင်တစ်လုံးရှိနေကာ အစီအရင်များဖြင့် ပြည့်နှက်နေလေသည်။ တောင်အလယ်တွင် အားလုံးက လူတစ်စုကို မြင်နိုင်လေ၏။ ထိုလူများက လျူမိန်ရှုနှင့် သားရဲမွေးမြူရေး တောင်ကြားမှ သူမ၏ လူများဖြစ်လေသည်။
ကျိမိသားစုနှင့်အတူ ပါလာသည့် လူတချို့က လျူမိန်ရှုတို့နှင့် နည်းလမ်းတူရာ အသုံးပြုကာ မြန်မြန် အမီလိုက်လိုကြသည်။ သို့သော်လည်း သိပ်မကြာခင် ထိုအစီအရင်များသည် ပြန်ကောင်းသွားကာ အနည်းငယ်ပင် ပိုအားကောင်းသွားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူတို့က အားလုံးကဲ့သို့ အစကနေ ပြန်စရလေသည်။
ဝမ်ဝေ့က တောင်ခြေသို့ရောက်ပြီးနောက် သိပ်မကြာခင် သူက လျူမိန်ရှုအား ကြည့်လိုက်သည်။ သူက သူ့သတ်ဖြတ်ငွေ့အား မဖုံးကွယ်ထားပေ။
ထိုစဉ် သူ့အား ပြန်ကြည့်နေသည့် လျူမိန်ရှုက အောက်နှုတ်ခမ်း ကိုက်ကာ ထိုလူက သူမအပေါ် အဘယ်ကြောင့်များ အငြိုးတရားကြီးနေရတာလဲဟု စဉ်းစားနေမိသည်။ သူမအနေဖြင့် သူက သူမအကြံအစည်အားလုံးကို ဖျက်ဆီးလိုက်သည့်အတွက် ဒေါသထွက်နေမိသည်။ ထို့နောက် သူမမျက်ဝန်းအထက် ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ သူမက သူမအနားမှ အထွတ်အထိပ်ကျင့်ကြံသူ ငါးယောက်အား ကြည့်လိုက်ကာ ပြောလိုက်သည် “ တန်ကြေး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့တွေ လျှို့ဝှက်နယ်မြေရဲ့ ပင်မဗဟိုချက်ကို တတ်နိုင်သမျှ စောစောရောက်ရမယ်”
လျူမိန်ရှုကို ခဏမျှကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ရှေ့မှာရှိနေသည့် တောင်နှင့် အစီအရင်များကို ကြည့်လိုက်သည်။ သူက ထိုဟို့မျိုးနွယ်မှ မိန်းကလေးသည် ဤနေရာသို့ ရောက်မလာသည်ကို သတိပြုမိသော်လည်း သူက အာရုံများများ မထားဘဲ တစ်ယောက်ယောက်ကိုသာ သူမနောက် လိုက်သွားခိုင်းလိုက်သည်။
သူ့အာရုံက အစီအရင်ပေါ်တွင်သာ အာရုံစိုက်ထားလေသည် “ သဘာဝအစီအရင်လား”
သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာလေ၏။