← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း (၃၆၂) အရုပ်စစ်ပွဲ - ၁၅

ဖုန်းပုကြွယ် ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"အာ... ငါ သဘောပေါက်ပြီ၊ ငါမင်းကို ကတိပေးနိုင်တာကတော့ ဒီစစ်ပွဲရဲ့ အခြေအနေတစ်ခုလုံးကို ကြားဖြတ်နှောင့်ယှက်ဖို့ ငါ ထပ်မကြိုးစားတော့ပါဘူး၊ ဒါပေမဲ့... ကျန်တဲ့ တခြားကမ္ဘာက ခရီးသွားနှစ်ယောက် ဘာလုပ်မလဲဆိုတာကိုတော့ ငါ အာမမခံနိုင်ဘူး"

သူက စမ်းသပ်သည့်အနေဖြင့် ဆက်ပြောလိုက်သည်။

"တကယ်လို့ မင်း ငါတို့ကို ဒီနေရာကနေ အမြန်ဆုံး ထွက်သွားစေချင်တာ တကယ်ဆိုရင်..."

"မင်း ဘာလိုချင်လို့လဲ"

ပရောဖက်က စကားဖြတ်၍ တိုက်ရိုက် မေးလိုက်သည်။

"ငါ့ကို မင်းရဲ့ စစ်တပ် ခဏလောက် ငှားပေးပါ..."

ဖုန်းပုကြွယ်က ဆိုသည်။

"ဟမ်"

ပရောဖက်သည် ဤအာမေဍိတ်သံ တစ်ခွန်းတည်းဖြင့်ပင် သူ့ဒေါသကို ဖော်ပြလိုက်လေသည်။

"...ဒါက မဖြစ်နိုင်ဘူး"

ဖုန်းပုကြွယ်သည် ရှေ့နောက်စကားကို ပြန်လည်ထိန်းညှိရင်း "အမှန်တော့ ငါတို့မှာ ရည်မှန်းချက် နှစ်ခုပဲ ရှိတာဆိုတော့ အကြီးအကျယ် လုပ်နေဖို့ မလိုပါဘူး"

"ဟမ်..."

အလားတူ စကားလုံးပင် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ပရောဖက်က ‘ဒါမှ ဟုတ်သေးတယ်’ ဆိုသည့် သဘောကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

"ဒီလိုလုပ်ရင်ကော..."

ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

"ငါတို့ကို လီဂိုတုံး တစ်သေတ္တာလောက် ပေးရင်ကော ဘယ်လိုလဲ"

"မင်း ဘာလုပ်မလို့လဲ"

ပရောဖက်က မေးလိုက်သည်။

"သေချာတာပေါ့ ငါတို့ကို ပစ်မှတ်ကို ရှာဖွေပြီး ချဉ်းကပ်နိုင်မယ့် ယာဉ်တစ်စီး ဖန်တီးဖို့ပေါ့..."

ဖုန်းပုကြွယ်က အုံ့မှိုင်းသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

"ရန်သူ့စစ်တပ် အလယ်က စစ်သေနာပတိချုပ်ကို သွားဖမ်းဖို့အတွက်..."

"နားလည်ပြီ"

ပရောဖက်က စကားဖြတ်ပြောလိုက်ပြန်သည်။

"ငါ လီဂိုပရောဖက် အနေနဲ့ ဒီအမိန့်ကို ထုတ်ပြန်ပေးမယ်၊ မင်းတို့ရဲ့ လှုပ်ရှားမှုကို ‘နိုဗယ် က လီဂိုအရင်းအမြစ်တွေကို ခိုးယူသွားတဲ့အပေါ် ပရောဖက်ရဲ့ တရားဝင် တုံ့ပြန်မှု’ အဖြစ် သတ်မှတ်ပေးမယ်"

ရှောင်တန်က ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့က နာမည်ခံအရ CLS အဖွဲ့ဝင်တွေ ဖြစ်နေဆဲပဲလေ၊ လီဂိုအတွက် တာဝန်တွေ ထမ်းဆောင်ပေးဖို့ တကယ် အဆင်ပြေပါ့မလား"

"ငါတို့က ဒီညပြီးရင် ထာဝရ ပျောက်ဆုံးသွားမယ့်သူတွေပဲ၊ မင်းက ဘာလို့ အဲဒါတွေ တွေးနေသေးတာလဲ"

ဖုန်းပုကြွယ်သည် ပရောဖက်ကိုယ်စား ပြန်ဖြေပေးလိုက်ပြီး စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုကို မော့ကြည့်လိုက်သည်။

"ဒါဆို... ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ရအောင်"

...

နံနက်နှစ်နာရီတိတိတွင် ညဆိုင်း လုံခြုံရေးဝန်ထမ်းနှစ်ဦးသည် လုံခြုံရေးအခန်းထဲမှ အချိန်မှန် ထွက်ခွာလာခဲ့ကြသည်။

ပရောဖက် ပြောခဲ့သလိုပင် ထိုလုံခြုံရေးဝန်ထမ်းများသည် သူဖန်တီးထားသည့် ရုပ်သေးရုပ်များသာ ဖြစ်ပြီး ‘၎င်းတို့’တွင် မည်သည့် အတွေးအခေါ်မှ မရှိပေ။ သတ်မှတ်ချိန်သို့ ရောက်သောအခါ ၎င်းတို့သည် လုံခြုံရေးအခန်းထဲမှ ထွက်လာပြီး ဓာတ်မီးများကို ဖွင့်ကာ ကင်းလှည့်ရန်အတွက် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။ ဖြစ်စဉ်တစ်ခုလုံး ၁၅ မိနစ်တိတိ ကြာမြင့်ပေသည်။ ကင်းလှည့်ပြီးနောက်တွင် ၎င်းတို့သည် လုံခြုံရေးအခန်းသို့ ပြန်လာပြီး တံခါးကို အတွင်းမှ သော့ခတ်လိုက်ကြသည်။

ဤအချိန်အတွင်း အရုပ်များသည် အပြင်ထွက်လာကြမည် မဟုတ်ပေ။ ၎င်းတို့သည် မီးအားလုံး ပိတ်ထားပြီး စင်များ၏ အောက်ခြေ သို့မဟုတ် မျက်ကွယ်နေရာများတွင် ပုန်းအောင်းကာ ကင်းလှည့်ခြင်း ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

သို့သော်လည်း ကစားသမားများ ဖြစ်ကြသည့် ရီရူလီနှင့် ရီရူယွီတို့အတွက်မူ ထိုစိုးရိမ်စရာများ မရှိပေ။ သူမတို့အတွက် ဤအချိန်က ပို၍ပင် အဆင်ပြေ လွယ်ကူနေသေးသည်။

နာရီလက်တံ နှစ်နာရီအတိသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် သူမတို့သည် နိုဗယ်နယ်မြေမှ ချက်ချင်း ထွက်ခွာလာကြသည်။ ဖျတ်လတ်ပေါ့ပါးနေသောပုံရိပ်နှစ်ခုသည် စင်များကို ကျော်လွှား ခုန်ပျံရင်း လီဂိုအခန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ အနီးနားရှိ ကင်းစောင့်များ အားလုံးမှာ ယခုအခါ အသုံးမဝင်တော့သဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ CLS အနေဖြင့်လည်း သူမတို့၏ လှုပ်ရှားမှုကို သိရှိအရေးယူ ဆောင်ရွက်နိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"ဟူး... ဒါဆို ငါတို့ ဘေးထွက်တာဝန်ကို နောက်တစ်ကြိမ် လက်လျှော့လိုက်ရပြန်ပြီပေါ့..."

ရီရူယွီက လမ်းတွင် ညည်းတွားလိုက်သည်

"ဒါပေမဲ့ အစောင့်တွေကို မခေါ်လာတာ တကယ်အဆင်ပြေရဲ့လား၊ ဇာတ်လမ်းအရင်းအမြစ်တွေ မပါဘဲနဲ့ ငါတို့ ခေါင်းဆောင်ကို အနိုင်တိုက်နိုင်ပါ့မလား"

ရီရူလီမှာမူ အတော်လေး တည်ငြိမ်ပုံရသည်။

"ဒါတော့ မတတ်နိုင်ဘူးလေ... လုံခြုံရေး ကင်းလှည့်နေချိန်မှာ တခြားအရုပ်တွေကို လုံးဝ လှုပ်ရှားခွင့်ပိတ်ထားတာဆိုတော့၊ အစောင့်တွေကို ခေါ်ချင်တယ်ဆိုရင် ကင်းလှည့်တာ ပြီးတဲ့အထိ စောင့်ရလိမ့်မယ်၊ ဒါပေမဲ့ လီဂိုဘက်ကလည်း နိုဗယ်ကို သတိထားနေပြီဆိုတော့ အခုက ငါတို့ ချောချောမွေ့မွေ့ ချဉ်းကပ်နိုင်မယ့် တစ်ခုတည်းသော အချိန်ပဲ"

"ဝမ်းကွဲ... နင်က တမင်ရှုံးအောင် လုပ်နေသလိုပဲနော်..."

ပေလင်က သူမ၏ အတွေးကို ထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဒါက အဖွဲ့တွင်းလေ့ကျင့်ရေးတိုက်ပွဲ သက်သက်ပဲဆိုတော့ နိုင်တာ ရှုံးတာက သိပ်အရေးမကြီးပါဘူး"

ရီရူလီ ပြန်ဖြေရင်း သူမခေါင်းကို အနည်းငယ်စောင်းကာ ရီရူယွီကို ကြည့်လိုက်သည်။

"ဒါ့အပြင်... ပုကြွယ်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် နင့်အကြံပြုချက်ကို သူသေချာပေါက် ရိပ်မိပြီး ရှောင်တန်ကို ပြောပြထားလောက်ပြီ မဟုတ်လား"

"ဟင်၊ ဘာ... ဘာရည်ရွယ်ချက်လဲ၊ ငါ မသိပါဘူး"

ရီရူယွီက ဘာမှမသိဟန်ဖြင့် အလျင်အမြန် ဟန်ဆောင်လိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီတိုက်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ရှောင်တန်ကို တခြားကစားသမားတွေနဲ့ တိုက်ခိုက်တဲ့ နေရာမှာ အတွေ့အကြုံပိုရစေချင်တာ ဖြစ်လို့ တိုက်ခိုက်တဲ့အခါကျရင် ငါ သဘာဝကျကျပဲ သတိထားပါ့မယ်"

ရီရူလီသည် တစ်ဖက်လူ၏ ငြင်းဆိုမှုကို လုံးဝလျစ်လျူရှုပြီး ဆက်ပြောလိုက်သည်။

"အနီးကပ် တိုက်ခိုက်ရေးကျွမ်းကျင်သူအနေနဲ့ ရှောင်တန်ရဲ့ အခုလက်ရှိ အင်အားက ပျမ်းမျှအဆင့်ထက် နည်းနည်းလောက်ပဲ မြင့်တာ၊ ငါသာ အစွမ်းကုန် ထုတ်သုံးလိုက်ရင် သူ ဆယ်ကွက်အတွင်း သေချာပေါက် သေလိမ့်မယ်"

သူမက ယုံကြည်မှုအပြည့်ဖြင့် သုံးသပ်ပြလိုက်သည်။

"ဒါကို... ဖုန်းပုကြွယ်လည်း ရှင်းရှင်းလင်းလင်း သိမှာပဲ၊ သူက ဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါ့ကို စိတ်စုစည်းဖို့ အချိန်မရအောင် အစကတည်းက ငါ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်"

"အာ... ငါက စနိုက်ပါသမားပဲလေ၊ လူတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လေ အိုကေလား၊ နင်တို့အားလုံးက ငါ့ကို လျစ်လျူရှုထားကြတယ်..."

ရီရူယွီက ပြန်ပြောလိုက်သည်။

"နင့်စကေးတွေနဲ့ နင့်ရဲ့ စနိုက်ပါရိုင်ဖယ်အစွမ်းက အားတီးမစ်ရဲ့ထွေးပွေ့မှု အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနိုင်ပေမဲ့ ဒါက တာဝေးတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ အထူး ဒီဇိုင်းဆွဲထားတဲ့ ပြည့်စုံအဆင့် လက်နက်တစ်ခုပဲလေ"

ရီရူလီက ရှင်းပြလိုက်သည်။

"နင့်မှာလည်း ပြည့်စုံအဆင့်ရှိတဲ့ အဝေးပစ်လက်နက် မရှိဘူးဆိုရင် သူ ဒီအတိုင်းရပ်နေပြီး နင့်ကို အချိန်ပေး ချိန်ခိုင်းရင်တောင် တစ်ချက်တည်းနဲ့ သတ်နိုင်ဖို့တော့ အခွင့်အရေးက အရမ်းနည်းတယ်၊ ပြီးတော့ ပုကြွယ်လိုလူမျိုးကို နင်တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် နောက်ထပ်ချောင်းပစ်ဖို့ အခွင့်အရေး ရှာရတာ အရမ်းခက်ခဲသွားလိမ့်မယ်"

"အင်း..."

ရီရူယွီသည် စက္ကန့်အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

"ငါ ဆိုလိုတာက... ကပ္ပတိန်က ငါရှောင်တန်ကို ချောင်းပစ်မှာကို သတိထားဖို့ မလိုဘူးလား"

"နင် ရှောင်တန်ကို ချောင်းပစ်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်"

ရီရူလီက ပြန်ဖြေလိုက်သည်။

"ဘာလို့ အဲလို ပြောရတာလဲ"

ရီရူယွီမှာ အကြောင်းပြချက် မရှိဘဲ စိတ်ဆိုးသွားလေသည်။

"ငါလည်း သိတယ်၊ နင် ရှောင်တန်ကို ပစ်မှာ မဟုတ်ဘူးဆိုတာ"

ရီရူလီက ထပ်လောင်း ပြောကြားလိုက်သည်။

"ဝမ်းကွဲ... နင် ငါ့ကို တမင်အနိုင်ကျင့်နေတာပဲ..."

"ဒါက လေ့ကျင့်ရေးတိုက်ပွဲ ဖြစ်နေလို့ပဲ၊ သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ရင် ဘာမှ အဓိပ္ပာယ်မရှိတော့ဘူးလေ"

ရီရူလီက ဆိုသည်။

"ဟင်"

ရီရူယွီ တခဏမျှ ဆွံ့အသွားသည်။

"အာ... ဟုတ်သားပဲ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါက သူ့ကို လေ့ကျင့်ပေးဖို့ပဲလေ"

သူမသည် အခွင့်အရေးကို အရယူ၍ ကောက်ကျစ်စဉ်းလဲစွာ ရယ်မောလိုက်သည်။

"ကြည့်နေလိုက်၊ ငါ သူ့ကို အပေါက်တွေ အပြည့်ဖြစ်အောင် ပစ်ပြမယ်"

...

"ဟတ်ချိုး"

ရှောင်တန်သည် ပြင်းပြင်းထန်ထန် နှာချေလိုက်မိသဖြင့်... အနည်းငယ်ပင် ထခုန်လိုက်ရသည်။

"ဘာဖြစ်တာလဲ... ရှောင်လင်က ငါ့ကွယ်ရာမှာ ငါ့ကို ထပ်ကျိန်ဆဲနေပြန်ပြီလား..."

"သူက သူ့ရဲ့ ပုံမှန်လေသံကို သုံးရုံတင်မကဘဲ လူနာမည်ကိုပါ တိုက်ရိုက်ခေါ်လိုက်တာ..."

ဖုန်းပုကြွယ်၏ မှတ်ချက်မှာလည်း အလားတူပင် ထိရောက်လှသည်။

ဤအခိုက်အတန့်၌ သူတို့နှစ်ဦးသည် လီဂိုမြို့၏ ထောင့်တစ်နေရာတွင် ရပ်၍ မူဆာရှီကိုဂါနဲက ယာဉ်တပ်ဆင်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ယင်းမှာ ဖုန်းပုကြွယ်အနေဖြင့် ဤလူကို ဒုတိယအကြိမ် ဆင့်ခေါ်ခြင်း ဖြစ်သည်။ ပထမအကြိမ်မှာ တောင်ဘက်ပန်းခြံတွင် ဖြစ်သည်။ Sandbox ထဲမှ မထွက်ခွာမီ အသုံးပြုရန်ကြာချိန်ကို မဖြုန်းတီးရန်အတွက် အစ်ကိုကြွယ်က ဤဆင့်ခေါ်စကေးကို တစ်ကြိမ် အသုံးပြုခဲ့ပြီး ဆင့်ခေါ်ခံရသည့် ဇာတ်ကောင်နှင့် အပြန်အလှန် ဆက်သွယ်မှုအချို့ ပြုလုပ်ခဲ့ဖူးသည်။

မူဆာရှီကိုဂါနဲ၏ ရုပ်သွင်မှာ ခြုံငုံပြောရလျှင် ဟာသရုပ်ပြဇာတ်လမ်းထဲမှ မူလတန်းကျောင်းသားတစ်ယောက် ပုံစံမျိုး ဖြစ်သည်။ သူ့ဦးခေါင်းမှာ တြိဂံပြောင်းပြန်ပုံသဏ္ဍာန် ရှိလေသည်။ မေးစေ့သည် အလွန်ချွန်ပြီး မျက်နှာက အတော်လေး ရှည်လျား၏။ သူသည် မျက်နှာတစ်ဝက်နီးပါးကို ဖုံးအုပ်ထားသော မျက်မှန်ကို တပ်ဆင်ထားခြင်းဖြစ်သည်။ ဝတ်စားပုံမှာ အဝါရောင် လက်တိုတီရှပ်၊ ခရမ်းရောင် ဘောင်းဘီတိုနှင့် အနီရောင်ပုခုံးသိုင်းကြိုး နှစ်ချောင်းကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူသည် ထင်ရှားသော အနီရောင်ခြေအိတ်များကို ဝတ်ဆင်ထားပြီး ခရမ်းရောင် အစက်အပြောက်များပါရှိသည့် အစိမ်းရောင် ဖဲပြားနက်ကတိုင်ကိုလည်း တပ်ဆင်ထားသေးသည်...။

မူရင်းဇာတ်လမ်းထဲ၌ သူ၏ ပထမဆုံး ပေါ်ထွက်လာမှုမှာ... ဆရာမက သူ့အား သူ့နာမည်ကို ခန်းဂျီး (Kanji) စာလုံးနှင့် ရေးခိုင်းချိန်တွင် သူသည် အလွန်ထောင်လွှားစွာဖြင့် မတ်တတ်ရပ်ပြီး ဤသို့ပြန်ဖြေခဲ့လေသည်။

"ငါ မူဆာရှီ ကိုဂါနဲဆိုတာ... စုတ်ချက် ခြောက်ချက်ထက်ပိုတဲ့ ခန်းဂျီးစာလုံးတွေကို မရေးတတ်တဲ့ ထူးဆန်းတဲ့ တတိယတန်းကျောင်းသားတစ်ယောက်ပဲ"

သို့သော် အမှန်တကယ်တွင်... သူသည် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူ့အဖြေသည် ဆရာမများနှင့် အတန်းဖော်များဆီမှ အထင်သေးမှု၊ လျစ်လျူရှုမှု၊ အေးစက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ရရှိရန်အတွက်သာ ဖြစ်သည်...။ အခြားသူများက သူ့အား လူထူးလူဆန်း (စိတ်မမှန်သူ) ဟု ထင်မှတ်သွားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မူဆာရှီ ကိုဂါနဲ၏ သုံးသပ်ချက်အရ သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်များ၏ ၉၉ ရာခိုင်နှုန်းမှာ သူတို့ကလေးဘဝနှင့် ကျောင်းတက်နေစဉ်က လူထူးလူဆန်းများအဖြစ် သတ်မှတ်ခံခဲ့ကြရခြင်း ဖြစ်သည်။ မူဆာရှီ ကိုဂါနဲသည် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာချင်သောကြောင့် ဦးစွာ လူထူးလူဆန်းတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဤထူးဆန်းသောလော့ဂျစ်ကြောင့် မူဆာရှီ ကိုဂါနဲသည် လူထူးလူဆန်း ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ ပြတ်ပြတ်သားသား လျှောက်လှမ်းခဲ့တော့သည်။ သူလမ်းလျှောက်သည့်အခါ သို့မဟုတ် သူမတ်တတ်ရပ်သည့်အခါတွင် သူ့လက်များကို မြွေလက်သီးပုံစံမျိုးဖြင့် သူ့ရှေ့တွင် သဘာဝကျကျပင် မြှောက်ထားတတ်သည်။ သူသည် ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်စရာကောင်းသော အသံဖြင့် စကားပြောတတ်ကာ တစ်ခါတလေကျလျှင် ရှူးရှူးရှဲရှဲနှင့် ကောက်ကျစ်စဉ်းလဲစွာ ရယ်မောတတ်ပေသည်။ သူသည် ထူးဆန်းသောလုပ်ရပ်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီး အခြားသူများ၏ စူးစိုက်ကြည့်ခြင်းကို ခံရသည့်အခါ အလွန် ကျေနပ်ပီတိဖြစ်ရုံမျှမက တစ်ခါတလေကျလျှင် သူ့ခန္ဓာကိုယ်က ဘီးတစ်ခုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် လည်ပတ်နေတတ်သေးသည်။

အာကီရာ တိုရီယာမာသည် Dr. Slump ၏ အတွဲ ၆ တွင် စိတ်မမှန်ခြင်းကို အဆင့်ငါးဆင့် ခွဲခြားထားသည့် ဂိမ်းတစ်ခုကို ဒီဇိုင်းဆွဲခဲ့ဖူးသည်။

ထိုအဆင့်ငါးဆင့်မှာ ‘ မက်မွန်သီးစူပါမန်းအဆင့် - မင်းရဲ့ ရဲရင့်တဲ့လက်ညှိုးနဲ့ ဘေးလူရဲ့ ဖင်ကို လိုက်တို့တာ၊ တောရိုင်းဘုရင် ဘာရှန်အဆင့် - ပြတင်းပေါက်ကို ဖွင့်ပြီး "အား" လို့ သုံးကြိမ် အော်တာ၊ မြောက်ဝင်ရိုးစွန်း ရေခဲလူသားအဆင့် - ထခုန်ပြီး "ချေးတုံး၊ ချေးတုံး" လို့ အော်တာ၊ ဒေါက်တာမာစတာအဆင့် - "ပေါင်းစည်းမယ်" လို့ အော်ပြီး တခြားလူရဲ့ ရင်ခွင်ထဲကို တိုးဝင်သွားတာ၊ နီကိုဘုရင်အဆင့် - မြေပဲစေ့တွေကို နှာခေါင်းထဲထည့်ပြီး ပြန်မှုတ်ထုတ်တာ’ ဖြစ်သည်။ တကယ်လို့ သင်သာ ဒီအဆင့်ငါးဆင့်လုံးကို လုပ်နိုင်တယ်ဆိုရင် လုံးဝကုမရတော့တဲ့ စိတ်မမှန်သူတစ်ယောက် ဖြစ်နေပါပြီ။

ဤစံနှုန်းအရ ... မူဆာရှီ ကိုဂါနဲသည် ရူးသွပ်နေပြီး ကယ်တင်လို့မရတော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အတိုချုပ်ပြောရလျှင်... ယင်းမှာ အလွန်စိတ်ပျက်စရာကောင်းသော ဆင့်ခေါ်ခြင်းအခြေအနေတစ်ခု ဖြစ်သည်။ သူ၏ ဆင့်ခေါ်ခြင်းအခြေအနေ ဖြစ်သည့် "ထူးဆန်းတဲ့ အရာတစ်ခု လုပ်ဆောင်ပါ" ဆိုသည်မှာ အတော်လေး ပုံမှန်မဟုတ်ပေ။ တိုက်ပွဲတွင် လုံးဝအသုံးမဝင်သည်ကိုထားဦး သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သုညနီးပါး ဖြစ်သည်ကိုမူ ဆိုဖွယ်မရှိတော့ချေ။

သို့သော်လည်း သူသည် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အခြား အဆင့် F ဆင့်ခေါ်သတ္တဝါများထက် ပိုအသုံးဝင်နိုင်ပေသည်။ အကြောင်းမှာ မူဆာရှီ ကိုဂါနဲသည် "အရာဝတ္ထုများကို ဖန်တီးနိုင်" သောကြောင့် ဖြစ်သည်။

မှန်ပေသည် ယင်းမှာ သူ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုစွမ်းရည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဆန်ပိုင်း နိုရီမာကီ (Senpai Norimaki - ဒေါက်တာအိုင်ကျူ) သို့မဟုတ် မျက်လုံးသုံးလုံးကလေး စသည့် နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်များထက် အများကြီး နိမ့်ကျနေသော်လည်း မူဆာရှီ ကိုဂါနဲ၏ ဖန်တီးမှုများသည် ထို "သိပ္ပံ" စိတ်ကူးယဉ်ဇာတ်ကောင်များထက် များစွာ ပိုအထင်ကြီးစရာ ကောင်းလေသည်။

"ဟားဟားဟား၊ ပြီးသွားပြီကွ"

မိနစ်နှစ်ဆယ်ခန့် တပ်ဆင်ပြီးနောက် မူဆာရှီ ကိုဂါနဲသည် လီဂိုတုံးများဖြင့် ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်ရှိသည့် စက်ရုပ်တစ်ကောင်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ သူ စိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်သည်။

"ဒါပဲကွ၊ လီဂို ငါးပူတင်း စစ်သည်တော်"

"ဒါက ငါ မြင်ဖူးသမျှထဲမှာ ရွံစရာအကောင်းဆုံး စက်ရုပ်ပဲ..."

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါက 'Spore' (စပိုးရ်ဂိမ်း) ကို ကစားတဲ့ လူသစ်တွေဖန်တီးတတ်တဲ့ ကောက်ကောက်ကွေ့ကွေ့နဲ့ မတ်တတ်ရပ်နေတဲ့ အကောင်တွေလိုပဲ..."

"အာ... တကယ်တော့ အကောင်တွေရဲ့ ကျောရိုးကို ညှိလို့ရတယ်လို့ မင်းငါ့ကို မပြောခင်တုန်းက ငါလည်း အဲဒီလိုမျိုးတွေပဲ ဖန်တီးခဲ့တာ..."

ဖုန်းပုကြွယ်၏ စကားများသည် ရှောင်တန်အတွက် ထူးဆန်းသော မှတ်ဉာဏ်အချို့ကို ပြန်လည် နှိုးဆွပေးလိုက်ပုံရသည်။

"ဟားဟား၊ ဒီလိုမျိုးအရာကို ဖန်တီးလို့ ငါ့ကို လူထူးလူဆန်းလို့ မင်းတို့ ထင်နေမှာပဲ၊ ရှူးရှူး..."

မူဆာရှီ ကိုဂါနဲသည် မြွေတစ်ကောင်ကဲ့သို့ ဒေါင်လိုက် လည်ပတ်လိုက်သည်။

"ငါ့ရဲ့ စိတ်မမှန်ခြင်း အညွှန်းကိန်းက ထပ်ပြီး မြင့်တက်သွားပြန်ပြီ၊ ဟီးဟီးဟီး..."

"ဟေး... အဲဒီအညွှန်းကိန်းက မင်းစိတ်ကူးထဲမှာပဲ ရှိနေတာမို့ လုံးဝအသုံးမဝင်ဘူးနော်"

ရှောင်တန်အနေဖြင့် ဤလူထူးဆန်း၏ အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူ သေချာပေါက် တုန်လှုပ်သွားခဲ့သည်။

သို့သော်လည်း ရှောင်တန် စကားမဆုံးမီမှာပင် မူဆာရှီ ကိုဂါနဲသည် အဖြူရောင် အလင်းတစ်ချက်နှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ဟင်၊ ဘာဖြစ်သွားတာလဲ၊ သူ ကိုယ်ပျောက်တတ်တာလား"

ရှောင်တန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သူ့အချိန်ကုန်သွားလို့ပါ"

ဖုန်းပုကြွယ်က သူ့ဒူးကို လက်ညှိုးထိုးရင်း ပြန်ဖြေလိုက်သည်။

"အမှန်တော့ သူက လွန်ခဲ့တဲ့လေးမိနစ်ကတည်းက ပျောက်ကွယ်သွားရမှာ၊ ဒါက ခန္ဓာကိုယ်ထဲ မြှုပ်နှံထားရတဲ့ အဆင့်မြင့်အဂ္ဂိရတ်ပစ္စည်းရဲ့ သက်ရောက်မှုကြောင့် သူတည်ရှိချိန်ကို တိုးပေးလိုက်တာ ဖြစ်မယ်"

သူက မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

"သီအိုရီအရ ပြောရရင် ‘ဆင့်ခေါ်စကေးရဲ့ သက်ရောက်မှုကို အနည်းငယ် မြှင့်တင်ပေးတယ်’ ဆိုတဲ့ သက်ရောက်မှုက အချိန်တစ်ခုတည်းမှာပဲ ပြသတာ မဟုတ်သင့်ဘူး၊ ဖြစ်နိုင်တာက မူဆာရှီရဲ့ တီထွင်စွမ်းရည် ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းရည်ကလည်း အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ခံလိုက်ရတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီမြှင့်တင်မှုကိုတော့ တိုက်ရိုက် မမြင်နိုင်ဘူးပေါ့"

"မဟုတ်ဘူး၊ ငါ့အမြင်အရတော့ သူ့ရဲ့ စိတ်မမှန်တဲ့အဆင့် မြင့်တက်သွားတာက ငါ့မျက်စိရှေ့မှာတောင် အရမ်းထင်ရှားနေတာပဲ"

ရှောင်တန်က ဖြည့်စွက် ပြောလိုက်သည်။

ဖုန်းပုကြွယ်က ပြုံးရင်း ဆိုသည်။

"ကောင်းပါပြီ၊ ငါတို့ အဓိကအကြောင်းအရာဆီ ပြန်သွားကြရအောင်၊ ငါတို့မှာ အခု ဂန်ဒမ်နဲ့ တူတဲ့ စက်ရုပ်ယာဉ်ရှိနေပြီ ဆိုပေမဲ့ နိုဗယ်အဖွဲ့ထဲမှာ ရီရူလီနဲ့ ရီရူယွီတို့ကို ရှာဖို့ကတော့ အခက်အခဲတွေနဲ့ ပြည့်နှက်နေတုန်းပဲ၊ ငါတို့ နိုဗယ်ထဲမှာ သူတို့ရဲ့ တည်နေရာနဲ့ တာဝန်တွေကို မသိနိုင်သေးဘူး၊ သူတို့က နိုဗယ်အဖွဲ့ထဲမှာ တကယ်ရှိမရှိ ဆိုတာကိုတောင် ၁၀၀ ရာခိုင်နှုန်း မသေချာသေးဘူး၊ ဒါကြောင့်..."

"သူတို့က ဒီဘက်ကို ဦးတည်လာနေကြပြီ"

ရုတ်တရက် သူတို့နှစ်ဦးနောက်ဘက်မှ အခြားအသံတစ်သံ ထွက်ပေါ်လာပြီး စကားဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ကစားသမားနှစ်ဦးလုံး လှည့်ကြည့်လိုက်သောအခါ လီဂိုအရုပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ ပုံရိပ်မှာ ဝှီးချဲပေါ်တွင် ထိုင်နေပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ကတုံးနှင့် လူအိုကြီးတစ်ဦး ပုံစံမျိုး ဖြစ်သည်။

All Chapters