← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း (၃၆၇) အရုပ်စစ်ပွဲ

"ဓားကို ငါးပုံပဲ ဆွဲထုတ်ရသေးတယ်၊ အရှိန်အဝါကလည်း ခုနစ်ပုံပဲ ရှိသေးတာတောင်... ဒီလောက် ပြင်းတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတုန်းပဲလား..."

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

"ကြည့်ရတာ... ခုနက ငါမင်းကို ယှဉ်ပြိုင်ဖို့ အရည်အချင်းတောင် မရှိခဲ့တာပဲ"

သူ စကားပြောရင်းဖြင့် သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသက်သွင်းလိုက်ပြီး မွန်းဝေါ့ခ်ခြေလှမ်းဖြင့် အရှိန်ပြင်းစွာ ပြေးထွက်လိုက်သည်။ သူ့ပုံရိပ်မှာ အစစ်အမှန်မှ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ရီရူလီရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ရီရူလီ၏ မျက်ဝန်းများက အသာအယာ လှုပ်ရှားသွားပြီး သူမ၏ အသတ်အဖြတ်ဆန္ဒမှာ ပိုမို အေးစက်လာလေသည်။ သူမသည် သူမလက်ထဲက မြင့်မြတ်ချိပ်တံဆိပ်ဓားကို အပေါ်သို့ ဝှေ့ယမ်းကာ ထက်မြက်သော ဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

ဖုန်းပုကြွယ်သည်လည်း လုံးဝ အလျော့မပေးဘဲ သူ၏မုန်တိုင်းကန်ချက်ဖြင့် တုံ့ပြန်လိုက်ရာ နက်မှောင်သော လခြမ်းကွေးပုံစံ စွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အော်ဟစ်သံတစ်ချက်နှင့်အတူ တိုက်ခိုက်မှုနှစ်ခုလုံးသည် လေထဲတွင် ထိပ်တိုက်တိုးမိသွားပြီး စွမ်းအင်များ ပေါက်ကွဲထွက်ကာ လေပြင်းဝဲဂယက်များ အရပ်လေးမျက်နှာသို့ လွင့်စင်သွား၏။ ဖုန်းပုကြွယ်သည် လေထဲတွင်ရှိနေသူဖြစ်သဖြင့် ရိုက်ခတ်မှုဒဏ်ကို ပိုခံလိုက်ရပြီး နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်ရသည်။ ဤတစ်ကြိမ် အပြန်အလှန်ဖလှယ်အပြီးတွင် သူသည် သိသိသာသာ အားနည်းချက် ရှိနေခြင်းဖြစ်သည်။

"မပြီးသေးဘူးနော်"

ရီရူလီ ပြောလိုက်ပြီး သူမ၏ ဓားရှည်ကို ချက်ချင်းပင် ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။

ဝှစ်...။

ဓားစွမ်းအင်လှိုင်းများသည် အဆုံးမဲ့လှိုင်းလုံးကြီးများကဲ့သို့ လေထုကို တရစပ် ဖြတ်သန်း ခုတ်ပိုင်းလာလေသည်။ ခုတ်ချက်များမှာ အလွန်အမင်း မြန်ဆန်လွန်းသဖြင့် ကြည့်ရှုနေသူများအတွက်တော့ ပုံရိပ်ယောင်များအဖြစ်သာ မြင်တွေ့ရပေလိမ့်မည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ..."

ဖုန်းပုကြွယ်က ပျင်းရိစွာ ပြန်လည်ဖြေကြားလိုက်ပြီး သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ထိန်းညှိရန်အတွက် မွန်းဝေါ့ခ်ခြေလှမ်းကို ချက်ချင်းအသုံးပြုလိုက်ရင်း ဆက်တိုက် ထွက်ပေါ်လာသော ဓားစွမ်းအင်လှိုင်းများကို တစ်ခုချင်းစီ ရင်ဆိုင်ရန် မုန်တိုင်းကန်ချက်ပေါင်း ဒါဇင်ချီ၍ ထုတ်လွှတ်လိုက်တော့သည်။

မျက်နှာကျက်ပေါ်ရှိ ရေဖျန်းစနစ်များမှာ ပိတ်သွားပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ စိုထိုင်းဆမှာမူ မြင့်မားနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများသည် လေထဲတွင် ပေါက်ကွဲသွားပြီး ထူးခြားဆန်းပြားလှသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

"ဆိုးတာပဲ... ငါ မျှော်လင့်ထားတာထက်တောင် ပိုပြင်းထန်နေသေးတယ်"

ဖုန်းပုကြွယ် စိတ်ထဲမှ သူဘာသာ တွေးလိုက်မိသည်။

သူက အပြင်ပန်းတွင် အနိုင်မခံ အရှုံးမပေးသည့် ပုံစံမျိုး လုပ်ဆောင်နေသော်လည်း သူအသွင်ပြောင်းလဲပြီးနောက် ရရှိလာသော ခွန်အားနှင့် အမြန်နူန်းမှာ သူ၏ မူလစွမ်းအားထက် သုံးဆသာ ပိုမိုသန်မာလာခြင်း ဖြစ်ကြောင်းကို သူကိုယ်တိုင် ကောင်းစွာသိရှိပေသည်။

ဤမျှလောက်သော တိုးတက်မှုအဆင့်သည် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်နှင့် အခြေခံအားဖြင့် တူညီပေသည်။ သို့သော်လည်း မိစ္ဆာဆင်းသက်ခြင်းတွင် အသက်အမှတ် သုံးဆ တိုးမြင့်လာခြင်းနှင့် အကန့်အသတ်မဲ့ သက်လုံနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့ ပါဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြာချိန်မရှိသော မုန်တိုင်းကန်ချက်နှင့် မွန်းဝေါ့ခ်ခြေလှမ်းကဲ့သို့ စကေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ပေသည်။

ထို့အပြင် အကယ်၍ သူသာ ယခုအခါတွင် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို ထပ်မံ အသုံးပြုလိုက်ပါက ၎င်း၏အကျိုးသက်ရောက်မှုက ပိုမို အားကောင်းလာမည် ဖြစ်သည်။ သူ့ခွန်အားသည် မူလအခြေအနေထက် ခြောက်ဆကျော်အထိ သန်မာလာပေလိမ့်မည်။

သို့သော်လည်း ဤမျှသန်မာလာလျှင်ပင် ခန့်မှန်းခြေအားဖြင့် သူ့ခွန်အားသည် ရီရူလီနှင့် ညီမျှရုံသာ ရှိသေးသည်။

အကြောင်းမှာ... သူမ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဖုန်းပုကြွယ်အကြောင်းကို ဆွေးနွေးကြည့်ကြပါစို့။ သူ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်မှာ အဆက်မပြတ် တည်ရှိနေသော "အချိန်ကွာဟချက်မရှိသော တွက်ချက်မှုစနစ်" ဖြစ်သည်။ ဤစွမ်းရည်သည် "အကဲခတ်ဟာကီ" နှင့် အနည်းငယ် ဆင်တူသကဲ့သို့ ရှိသော်လည်း ၎င်းတို့သည် အခြေခံအားဖြင့် လုံးဝကွဲပြားခြားနားပေသည်။ အချိန်ကွာဟချက်မရှိသော တွက်ချက်မှုသည် ပြိုင်ဘက်၏ တိုက်ခိုက်လိုသော ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းခြင်း မဟုတ်ဘဲ တိုက်ခိုက်မှု ဖြစ်ပွားသည့် ထိုအခိုက်အတန့်၌ပင် မိမိ၏ ခွန်အားဖြင့် ပြုလုပ်နိုင်မည့် အသင့်တော်ဆုံး တုံ့ပြန်မှုကို တွက်ချက်ပြီး ၎င်းကို အတိအကျ လုပ်ဆောင်ခြင်း ဖြစ်သည်။

ဤစွမ်းရည်တွင် ပြဿနာတစ်ခုသာ ရှိသည်။ "ကြိုတင်ခန့်မှန်းခြင်း" နှင့် "တွက်ချက်ခြင်း" တို့သည် အခြေခံ အချက်အလက်များ လိုအပ်ခြင်းဖြစ်သည်။ တိုက်ခိုက်သည်ဖြစ်စေ၊ တိုက်ခိုက်ခံရသည်ဖြစ်စေ စိတ်ဝိညာဉ်ရည်ရွယ်ချက်၏ တွက်ချက်မှုသည် "သတင်းအချက်အလက်" ပေါ်တွင် အခြေခံခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကျည်ဆန်တစ်တောင့်ကို ရှောင်တိမ်းရန်အတွက် သင့်အနေဖြင့် ထိုကျည်ဆန်၏ အရှိန်နှင့် လမ်းကြောင်းကို အနည်းဆုံးတော့ သိရှိထားရမည် ဖြစ်သည်။ သင်သိထားရမည်မှာ "အသံမြန်နူန်း၊ မျဉ်းဖြောင့်လမ်းကြောင်း" ဖြစ်သည်။ သို့မဟုတ်ပါက တွက်ချက်မှု မှားယွင်းသွားလိမ့်မည် ဖြစ်သည်။ ပြီးလျှင် တုံ့ပြန်မှုလည်း လွဲချော်သွားပေလိမ့်မည်။

အစ်ကိုကြွယ်နှင့် သျှီဝတို့၏ တိုက်ပွဲကို နမူနာအဖြစ် ကြည့်ကြပါစို့။ သူ နောက်ဆုံးတွင် အလွယ်တကူ အနိုင်ရရှိသွားခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက် နိုးထလာချိန်တွင် သူသည် သျှီဝနှင့် အချိန်အတော်ကြာ လုံးထွေးနေခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သျှီဝ၏ ကိုယ်ခံပညာများ၊ စကေးများ၊ သူ၏ စိတ်စွမ်းအင်လက်နက်များ၏ ပစ်ခတ်မှုနှုန်း စသည်တို့ကို အလွန် တိကျသော အယူအဆတစ်ခု ရရှိထားခဲ့ပြီ ဖြစ်သည်။ သတင်းအချက်အလက် ပိုမိုတိကျလေလေ၊ သူ၏တုံ့ပြန်မှုက ပိုမိုပြီးပြည့်စုံလေလေ ဖြစ်သည်။

"တာဝါပေါ်တက်ခြင်း" ထဲက အနီရောင်ခေါင်းစွပ်မလေးကို နောက်ထပ် နမူနာအဖြစ် ကြည့်ကြရအောင်။ ဖုန်းပုကြွယ်သည် သူမနှင့် တိုက်ရိုက်မတိုက်ခိုက်ခဲ့ရသော်လည်း သူ့စိတ်ထဲတွင် အခြေခံအယူအဆတစ်ခု တည်ဆောက်နိုင်ခဲ့ဆဲ ဖြစ်သည်။ ဥပမာ "သူ့ လက်သီးချက်တွေက ကျည်ဆန်ထက် မြန်တယ်၊ ပြီးတော့ သူက ငါ့ကို လက်ဝါးတစ်ချက်တည်းနဲ့ အသားပြားဖြစ်အောင် ရိုက်သတ်နိုင်တယ်" ဆိုတာမျိုး ဖြစ်သည်။ ဤအချက်ကို အခြေခံ၍ သူသည် "ငါ ရှေ့ကို ပြေးဝင်ပြီး သူ့ကို သွားရိုက်လိုက်မယ်" ဆိုသော ရလဒ်ကို တွက်ချက်ရန် သူ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို အသုံးပြုခဲ့သည်။ ယင်းသည် "သေမယ်၊ သေမယ်၊ သေမယ်၊ သေမယ်..." သို့မဟုတ် အနည်းဆုံးတော့ သေနိုင်မည့် နည်းလမ်းပေါင်း တစ်ထောင် သို့မဟုတ် ထိုထက်မကသော ရလဒ်ကိုသာ ထွက်ပေါ်စေလိမ့်မည် ဖြစ်သည်။

အစ်ကိုကြွယ်၏ စိတ်ဝိညာဉ်အသိစိတ်မှာ အကြမ်းဖျင်းအားဖြင့် ဤကဲ့သို့ ဖြစ်သည်။ ယခု ရီရူလီအကြောင်း ဆက်ပြောကြပါစို့။

ရီရူလီ၏ စိတ်ဝိညာဉ်အသိစိတ်မှာ "အမြင့်ဆုံး စွမ်းဆောင်ရည်" ဖြစ်ပြီး ၎င်းသည် လျှပ်တပြက် အသုံးပြုရသော အမျိုးအစား ဖြစ်သည်။ ဤစွမ်းရည်သည် သာမန်အခြေအနေများတွင် အကျိုးသက်ရောက်မှု မရှိသလို ယင်းကို တိုင်းတာရန် ဒေတာအချက်အလက်လည်း မရှိပေ။ ထို့ကြောင့် စနစ်အနေဖြင့် ၎င်းကို တိုက်ခိုက်ရေးစွမ်းအားတွင် ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိဘဲ ရီရူလီကို အဆင့် ၂၀ အပြင်သို့ ရောက်ရှိနေစေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။

သို့သော်လည်း ဤစိတ်ဝိညာဉ်ရည်ရွယ်ချက်ကို အသုံးပြုလိုက်သည့် အကျိုးသက်ရောက်မှုကတော့ ထူးခြားဆန်းပြားနေဆဲ ဖြစ်သည်။

ကစားသမားတစ်ဦးသည် "အမြင့်ဆုံး စွမ်းဆောင်ရည်" အခြေအနေသို့ ရောက်ရှိသွားသောအခါ သူတို့၏ လှုပ်ရှားမှုများတွင် ရှိသမျှချို့ယွင်းချက်အားလုံးကို ပြုပြင်ပေးလိုက်ပြီး စွမ်းအင်သုံးစွဲမှုကို အနည်းဆုံးအထိ လျှော့ချပေးလိုက်ခြင်းဖြစ်သည်။

နောက်ထပ် ဥပမာအချို့ကို ကြည့်ကြပါစို့၊ ပြေးတာမျိုးပေါ့... တာဝေးအပြေးသမားတစ်ဦးက မီတာ ၁၀၀၀၀ ပြေးပြီးတဲ့နောက်မှာတောင် မတ်တတ်ရပ်နိုင်သေးပြီး ငါကျတော့ ဘာလို့ လမ်းတစ်ဝက်တင် လဲကျသွားရတာလဲ။ ကြွက်သားထုထည်၊ ကိုယ်အလေးချိန်နှင့် အဆုတ်ပမာဏတို့လို ခက်ခဲသော အခြေအနေများအပြင် အရေးကြီးဆုံးအရာမှာ နည်းစနစ် ဖြစ်သည်။ တူညီသော အကွာအဝေးကို ကျိုးကြောင်းဆီလျော်သော လှုပ်ရှားမှုများ၊ စနစ်တကျ ရှိသော စည်းချက်များနှင့် ပေါင်းစပ်ညှိနှိုင်းထားသော အသက်ရှူခြင်းတို့ဖြင့် ပြေးခြင်းသည် အပျော်တမ်းသမားတစ်ဦး ဦးတည်ချက်မရှိ ပြေးခြင်းနှင့် နှိုင်းယှဉ်ပါက သေချာပေါက် စွမ်းအင်သက်သာစေလိမ့်မည် ဖြစ်သည်။

အုတ်ခဲ ရိုက်ခွဲတာကို ဆက်ပြောရအောင်။ ငါတို့နှစ်ယောက်စလုံးမှာ လက်၊ အရေပြား၊ အရိုးနဲ့ အသားတွေ ရှိနေတာပဲ။ ဒါဆို ဘာလို့ တစ်ယောက်က အုတ်ခဲကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ခွဲနိုင်ပြီး ငါကျတော့ လက်ဝါးရိုးပဲ ကျိုးသွားရတာလဲ။ ယင်းမှာလည်း တူညီသော နည်းစနစ်ပင်။

ပြင်းထန်လှသော လေ့ကျင့်မှုများမှတစ်ဆင့် ကြွက်သားမှတ်ဉာဏ်သည် အလိုလိုသိမြင်လာသော ဗီဇတစ်ခု ဖြစ်လာပြီး အာရုံကြော တုံ့ပြန်မှုနှုန်းကလည်း အဆပေါင်းများစွာ မြန်ဆန်လာခြင်းဖြစ်သည်။ အရှိန်၊ ခွန်အားနှင့် ကျွမ်းကျင်မှုတို့... စုဆုံပြီး တစ်နေရာတည်းတွင် ပေါက်ကွဲထွက်သွားသည့်အခါ သာမန်လူများ မလုပ်ဆောင်နိုင်သော အရာကို လုပ်ဆောင်နိုင်လာခြင်း ဖြစ်ပေသည်။

အမြင့်ဆုံး စွမ်းဆောင်ရည်ဆိုသည်မှာ ဤအခြေအနေကို အချိန်ပြည့် ဆက်ထိန်းထားနိုင်သည့် စွမ်းရည် ဖြစ်သည်။

ဤစိတ်ဝိညာဉ်ရည်ရွယ်ချက်ကို အသုံးပြုလိုက်သည့်အခါ ရီရူလီသည် သူမ၏ ခွန်အားကို သီအိုရီအရ အမြင့်ဆုံး ကန့်သတ်ချက်အထိ ထုတ်ဖော်နိုင်သည်။ သူမသည် တူညီသော ဓားဝှေ့ယမ်းမှုကို ပိုမို မြန်ဆန်ပြီး ပိုမိုသန်မာစွာ လုပ်ဆောင်နိုင်သလို သက်လုံကိုလည်း ပိုမို သက်သာစေလေသည်။

မှန်ပေသည် ထိုမျှအစွမ်းထက်သော စွမ်းရည်တွင်လည်း အားနည်းချက် ရှိပေသည်။ ဤစိတ်ဝိညာဉ်ရည်ရွယ်ချက်သည် ဂိမ်းတွင်း မည်သည့်အညွှန်းကိန်းကိုမှ သုံးစွဲခြင်း မရှိသော်လည်း ကစားသမား၏ စိတ်စွမ်းအင်ကို သုံးစွဲရန် လိုအပ်ခြင်းဖြစ်သည်။ အာရုံစူးစိုက်မှု ပျက်ပြားသွားသည်နှင့် ၎င်း၏ အကျိုးသက်ရောက်မှု ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

ဖုန်းပုကြွယ်နှင့် ရီရူလီတို့၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို နှိုင်းယှဉ်ကြည့်ပါက ရီရူလီ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်သည် ကစားသမား၏ မူလခွန်အားကို ပိုမိုမြင့်မားစွာ တိုးတက်စေကြောင်း ထင်ရှားပေသည်။ သူမသည် ရှောင်တိမ်းမရသော ကျည်ဆန်တစ်ခုကဲ့သို့ ဖြစ်သည်။ ခွန်အား လုံလောက်နေသရွေ့ ဖုန်းပုကြွယ် မည်မျှတွက်ချက်နေစေကာမူ သို့မဟုတ် လိုက်လျောညီထွေဖြစ်အောင် လုပ်နေစေကာမူ သူသည် အခြေခံအညွှန်းကိန်းများ၏ ပကတိ ကွာခြားချက်ကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုတွင် အပြောင်းအလဲတစ်ခု ရှိနေသေးသည်။ ထိုအရာမှာ မိစ္ဆာဆင်းသက်ခြင်းပင်။

ဤဘွဲ့ထူးစွမ်းရည်၏ အာနိသင်များသည် စကေးဖော်ပြချက်တွင် ရေးသားထားသော အရာများထဲတွင်တင် ကန့်သတ်မနေပေ။

ဖုန်းပုကြွယ်သည် မိစ္ဆာအသွင်ပြောင်းပြီးနောက် သူ့"အဆင့်အတန်း" က ကွဲပြားခြားနားသွားကြောင်း သတိပြုမိပြီး ဖြစ်သည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား "တို့ဟူးရောင်းသမားရဲ့ ကံကြမ္မာ၊ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ နှလုံးသား" ဆိုတာမျိုးပေါ့။

ဖုန်းပုကြွယ်သည် လက်ရှိတွင် ထိုအခြေအနေမျိုး ဖြစ်နေခြင်းဖြစ်သည်။ သူ့ "အဆင့်အတန်း" က သိုင်းသခင်တစ်ဦး၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာမူ ဒုတိယတန်းစား ဂိုဏ်းသားတစ်ဦး၏ အဆင့်တွင်သာ ရှိနေသေးသည်။ သူသည် ရီရူလီ၏ ခွန်အားကို မြင်တွေ့နိုင်သော်လည်း သူမ၏ ပြိုင်ဘက် မဟုတ်သေးပေ။

သို့သော်လည်း ဆရာသခင်ဟူသည် ဆရာသခင်ပင် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ဖုန်းပုကြွယ်သည် အစီအစဉ်တစ်ခု ရရှိသွားပြီး အခွင့်အရေးကို ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။

အမှန်တကယ်တွင် သုံးမိနစ်က လုံလောက်ပါသည်။ အလယ်အလတ် အကွာအဝေးက ဓားချက် အပြန်အလှန် ဖလှယ်မှုများသည် စမ်းသပ်ရုံသာ ဖြစ်သည်။ ရလဒ်အစစ်ကိုတော့ လှုပ်ရှားမှု သုံးကွက်အတွင်း ဆုံးဖြတ်ပေးပေလိမ့်မည်။

ရုတ်တရက် လေထဲရှိ နက်မှောင်သော စစ်ပွဲအော်ရာများမှ ကြက်သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ဖုန်းပုကြွယ်သည် သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသုံးပြုလိုက်ပြီး မွန်းဝေါ့ခ်ခြေလှမ်းဖြင့် အစွမ်းကုန် တိုက်ခိုက်တော့သည်။ ယခုတစ်ကြိမ်တွင်မူ သူ့အရှိန်နှင့် ခွန်အားသည် ဓားစွမ်းအင်သက်သက်ဖြင့်သာ နောက်သို့ တွန်းထုတ်နိုင်မည့် အဆင့်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ယင်းကို မြင်သော်လည်း ရီရူလီသည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများသည် သိသိသာသာ ပြောင်းလဲသွားပြီး စွမ်းအားပြင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် သူမအနေအထားအတိုင်း နောက်ဆုတ်လိုက်ရင်း တိုက်စစ်နှင့် ခံစစ် ပေါင်းစပ်လျက် သူမ၏ဓားဖြင့် ကာကွယ်လိုက်သည်။

ခြေလှမ်းတစ်လှမ်းတည်းဖြင့် ဖုန်းပုကြွယ်သည် အောက်သို့ တဟုန်ထိုး ဆင်းသက်လာသော သူ့အရှိန်အဟုန်ကို အသုံးချကာ လက်တစ်ဖက်စီတွင် သေမင်းဖဲချပ် အနည်းငယ်စီကို ကိုင်ဆောင်၍ တရစပ်တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်တော့သည်။

ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး ဖဲချပ်တစ်ချပ်ချင်းစီသည် သေစေနိုင်သော ဘေးဒုက္ခများဖြင့် ပြည့်နှက်နေလေသည်။ ရီရူလီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ဓားချက်က ကြာတစ်ပွင့်ပွင့်လာသကဲ့သို့ ဖျတ်ခနဲ လှုပ်ရှားသွားကာ ၎င်း၏ ထက်မြက်လှသော အနားစွန်းများက ဖဲချပ်များကို အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်ပစ်လိုက်သည်။ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် သတ္တုချင်း ထိခိုက်မိသည့် တချွင်ချွင်မြည်ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာရသည်။

ဖုန်းပုကြွယ်သည် ရှေ့သို့ ဆက်လက်ဖိအားပေးနေပြီး နောက်ထပ် ခြေလှမ်းတစ်လှမ်းလှမ်းကာ ရီရူလီနှင့် အကွာအဝေးကို အသက်တစ်ရှိုက်မျှသာ ကွာဝေးတော့သည့်အထိ နီးကပ်အောင် ပြုလုပ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် ဘယ်တုန်းကမှ ဤမျှမနီးကပ်ခဲ့ဖူးပေ။

သူတို့နှစ်ဦးလုံးသည် အချင်းချင်း၏ သတ်ကွက်များနှင့် အခြားတစ်ယောက် ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို အပြန်အလှန် သိရှိနေကြသည်။

တောင်ပိုင်းကြယ်စုနဂါးပျံလက်သီးသည် သံသဖွယ်ဖြစ်ဖွယ်မရှိ ဖုန်းပုကြွယ်၏သတ်ကွက် ဖြစ်သည်။ မိစ္ဆာဆင်းသက်ခြင်းနှင့်ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်တို့ ပေါင်းစပ်ထားသော အာနိသင်အောက်တွင် ၎င်းသည် အမှန်တကယ် ထိုက်တန်လှသော အဆုံးစွန်လှုပ်ရှားမှုကြီး ဖြစ်သည်။ ပုံမှန် ဇာတ်လမ်းထဲရှိ ဘော့စ်တစ်ကောင်ပင်လျှင် ၎င်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ရီရူလီ၏ သတ်ကွက်မှာမူ ဓားသိုင်းတစ်ခု ဖြစ်သည်။

“ကြည်လင်သောနှင်း ခုနစ်ချက်”

နှစ်ဦးလုံးသည် သူတို့၏ အဆုံးစွန်လှုပ်ရှားမှုများကို ထုတ်ဖော်လိုက်ကြပြီး သူတို့၏ စကေးများ၊ အခြေအနေများနှင့် စိတ်ဝိညာဉ်ရည်ရွယ်ချက်များကို အမြင့်ဆုံးကန့်သတ်ချက်အထိ တွန်းပို့လိုက်ကြသည်။ ဓားအရိပ်များနှင့် လက်သီးအရိပ်များသည် လေထဲတွင် လုံးထွေးသွားကြပြီး ထိပ်တိုက်တိုးမိကာ ကြေမွပျက်စီးသွားကြတော့သည်။

အေးခဲသွားပုံရသော ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကြလေသည်။

လက်တွေ့ကမ္ဘာတွင် သာမန်လူသားများနှင့် မတူညီကြသော ဤလူသားနှစ်ဦးသည် တစ်စုံတစ်ရာသော နားလည်မှုတစ်ခုကို ရှာတွေ့သွားကြပုံရပြီး သူတို့နှစ်ဦးသာ နားလည်နိုင်မည့် ထူးဆန်းသည့် ဆက်သွယ်မှုပုံစံတစ်ခုကို ရရှိသွားကာ... ၎င်းကို ပျော်ရွှင်နေကြပုံရသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လှုပ်ရှားမှုများ အဆုံးသတ်သွားခဲ့သည်…။

လက်သီးများနှင့် ဓားများ ရပ်တန့်သွားပြီး ရလဒ်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ကွန်တိန်နာထိပ်ပိုင်းပေါ်တွင် ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ အခြားတစ်ဦးမှာမူ အဖြူရောင်အလင်းတစ်ခုအဖြစ် လျပ်တစ်ပြက်လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ ပင်မတာဝန်များအားလုံး ပြီးဆုံးပါပြီ”

“သင်သည် ဤဇာတ်လမ်းကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးပါပြီ၊ စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် ပြန်လည်ပို့ဆောင်ပေးပါမည်”

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ် စိတ်သက်သာရာရစွာ သက်ပြင်းအသာ ချလိုက်မိသည်။ သူသည် သွေးချင်းချင်းနီနေပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။

"အင်း... ငါသာ မိစ္ဆာအသွင်ပြောင်းအခြေအနေမှာ ရှိမနေခဲ့ရင် သူ့ဓားချက်တွေက ငါ့စကေးတွေကို တိုက်ရိုက် ဖျက်ဆီးသွားမှာ သေချာတယ်..."

All Chapters