← Chapters

သဘာဝအစီအရင်

Vol. 24 Ch. 336

သဘာဝအစီအရင်

Vol. 24 Ch. 336

အခန်း (၃၃၆) : သဘာဝအစီအရင်

“ တကယ်ကို သဘာဝအစီအရင်ပဲ” ယန်းချန်က ပြောလိုက်သည်။

“ သခင်လေး အစီအစဉ်တစ်ခုခုများ ရှိလို့လား”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက် စဉ်းစားလိုက်သည်။ နာမည်အတိုင်း သဘာဝအစီအရင်များသည် သဘာဝအားဖြင့် ဖြစ်တည်နေသည့် အစီအရင်များဖြစ်ပြီး တောင်တန်းများ၊ မြစ်များ သို့မဟုတ် တောအုပ်များကဲ့သို့ နေရာမျိုးတွင် တွေ့ရလေ့ရှိသည်။

သူ သိထားသလောက် သဘာဝအစီအရင်များသည် ရှေးဟောင်းဧကရာဇ် ခေတ်ကာလကတည်းက အတွေ့အများဆုံး ဖြစ်လေသည်။ အတိအကျဆိုရလျှင် ဗလာခေတ်ကာလအပြီး ရှေးဟောင်းဧကရာဇ်ခေတ် မစတင်ခင် အချိန် ဖြစ်၏။

အသင်္ချေအင်ပါယာကမ္ဘာ၏ လူမှုအဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့ရာအတွက် အစောပိုင်းကျင့်ကြံသူအများစုသည် သဘာဝအစီအရင်ကို လေ့လာခဲ့ကြသည်။ ဤသည်က အစီအရင်ဆရာ အတတ်ပညာ စတင်ခဲ့ခြင်း ဖြစ်၏။

မိုးမြေက ထိုကျင့်ကြံသူများ၏ ဆရာတစ်ပါး ဖြစ်ခဲ့သည်။

ထို့အပြင် ထိုသဘာဝအစီအရင်များသည် အချိန်ကြာမြင့်လာမှုကြောင့် သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် ပင်ကိုစည်းမျဉ်းများ ဖယ်ရှားခံထားရသည့် ပင်ကိုအစီအရင်များ ဖြစ်သည်ဟု ကောလဟာလများ ရှိခဲ့ဖူးသည်။

သဘာဝအစီအရင်ကို မြင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တောင်ပေါ်တက်ရန် အတင်းအကြပ် အားသုံးမည့် အစီအစဉ်မှ ချက်ချင်းပြောင်းလဲလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ တာအိုအခွင့်အလမ်းဂိုဏ်းသည် လျူမိန်ရှုကို စောင့်ဆိုင်းဖို့ သရုပ်ပြမှုတစ်ခု ဖန်တီးရမည်သာ ဖြစ်၏။

ယခုတွင် သူက ပြီးပြည့်စုံသည့် အကြောင်းပြချက်ကို တွေ့ရှိသွားသည်။ ထိုအရာမှ သူက အကျိုးအမြတ် ရရှိနိုင်သေး၏။ ထို့ကြောင့် သူက အစီအရင်တစ်ခုရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ အနီးကပ်ကြည့်လိုက်ပြီး စတင်လေ့လာလိုက်သည်။ မိနစ်ပိုင်းကြာမြင်ပြီးသည့်နောက်တွင် သူက သူ့တွက်ချက်မှုများ ပြီးဆုံးသွားပြီး အစီအရင် အလံများကို ထုတ်လိုက်သည်။

သူက သူတို့အတွင်းမှ မြောက်များစွာသော သင်္ကေတများရှိသည့် စက်ဝန်းများကို ကြည့်လိုက်ပြီးနောက် အစီအရင်စက်ဝန်းရှိ သီးသန့်နေရာများတွင် အလံများကို ထားကာ သူ့ မူလအဆီအနှစ်ကို သုံး၍ အသက်သွင်းလိုက်သည်။

သူ အလံထားထားသည့် နေရာများက တောက်ပလာကာ ချက်ချင်းဆိုသလို အက်ကြောင်းများ ပေါ်လာလေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစီအရင်က ထောင်ပေါင်းများစွာ အလင်းပြောက်များအဖြစ် ပြိုကွဲသွားလေ၏။ ဝမ်ဝေ့က အားမသုံးဘဲ အစီအရင်ကို ချိုးဖျက်နိုင်သွားသည်။

ဝမ်ဝေ့၏ ကိုယ်ပွားက တခြားသော အကြီးအကဲချုပ်များနှင့်အတူ တောင်ပေါ်တက်သွားကာ သင်္ကေတများ မတူညီသည့် နောက်ထပ်အစီအရင်တစ်ခုကို မြင်လိုက်ရသည်။

သူက အတူတူ လုပ်ဆောင်လိုက်ပြီး ဟာကွက်ကိုရှာပြီး အစီအရင်ကို ချိုးဖောက်လိုက်ပြန်သည်။ ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့၏ သင်္ကေတများနှင့် အစီအရင်များကို နားလည်နိုင်စွမ်းက သိသိသာသာတိုးမြင့်လာခဲ့သည်။

သူက မူလဆေးလုံးတာအိုဂိုဏ်းသို့ ကျူးကျော်စဉ်ကတည်းက သူသည် ဆေးဝါးပညာနှင့် အစီအရင်ကဲ့သို့သော ပညာရပ်များအပေါ် စိတ်ဝင်စားမှုအသစ် ပေါ်လာခဲ့သည်။ သူက ဤအချိန်ကို အသုံးချကာ သူ့စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားသည်။ အထူးသဖြင့် အံ့ဖွယ်သင်္ကေတများကို လေ့လာသည့်အခါတွင် ဖြစ်၏။

ဝူဟုန်က သူ့အား ဧကရီဝူစည်းပိတ်ရေးကျမ်းကို ပေးထားခဲ့ဖူးသည်။ ထိုကျမ်း၏ အစောပိုင်းနှင့် အလယ်အလတ်အဆင့်များက သင်္ကေတများအပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်းကို လိုအပ်လေသည်။

နောက်ပိုင်းအဆင့်များတွင်မူ အားကောင်းသော စည်းတံဆိပ်ကျင့်စဉ် တချို့သည် စည်းပိတ်မည့် အရာအပေါ် နက်နဲသည့် ဗဟုသုတကို လိုအပ်လေသည်။ ထို့ကြောင့် ဝူဟုန်က အစီအရင်နှင့် အဆောင်ပြုလုပ်ခြင်း အစရှိသည့် ပညာရပ်မျိုးတွင် နက်နက်နဲနဲ နားလည်ထားသူ ဖြစ်သည်။

ဝမ်ဝေ့ လုပ်နေသည့် အရာများကို မြင်ပြီး အစီအရင်တာအို လေ့လာနေသည့် အကြီးအကဲချုပ် လီဖန်းက ထိုအစီအရင်များမှ စတင်လေ့လာလိုက်သည်။ ပြစ်ချက်များကို ရှာကာ အစီအရင်ကို ချိုးဖောက်ခြင်းက သူ့ထက်ပင် မြန်ဆန်နေသည်။

ပြောရလျှင် သူမက တစ်ဘဝလုံး အစီအရင်များကို လေ့လာရင်း ကုန်ဆုံးခဲ့သည့်အပြင် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။

တခြားသော လူများကလည်း ထိုအရာကို မြင်ကာ အတူတူ ကြိုးစားကြည့်လိုကြသည်။ သို့သော်လည်း သိပ်မကြာခင် သူတို့က အားသုံးချိုးဖောက်သည်က မြန်ဆန်ကြောင်း သဘောပေါက်သွားကြသည်။

သူတို့က အလျင်လိုနေပြီး လျူမိန်ရှုထက်အရင် ဗဟိုချက်ကို ရောက်လိုသည့်အတွက် ထိုလူများက မြန်ဆန်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ တချို့သော ဉာဏ်ကောင်းသည့်သူများကမူ လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်နှင့် ပတ်သက်၍ အေးဆေးတည်ငြိမ်သည့် သဘောထားကို ချက်ချင်းသတိပြုမိသွားကြသည်။

“ သခင်လေး ဘယ်လိုထင်လဲ” ဓားရေးစံအိမ်မှ  အစစ်အမှန် အုပ်ချုပ်သူက မေးလိုက်သည်။

“ တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေရဲ့ အပြုအမူက ဒီလျှို့ဝှက်နယ်မြေ သတင်းထွက်လာကတည်းက ထူးဆန်းနေတာ။ ဝမ်ဝေ့ကို သိထားသလောက် သူ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။

“ အဲဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ”

ကျန့်ဝူရွှမ်းက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည် “ ဒီအခြေအနေနဲ့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ များများစားစား မရှိဘူးဆိုတော့ တတ်နိုင်တာ နည်းနည်းပဲ ရှိတယ်။

ပြီးတော့ သူတို့ပုံစံအတိုင်း ကျုပ်တို့က အင်အားကို ခွဲသုံးလို့လည်း မဖြစ်ဘူး။ အဲဒါကြောင့် စံအိမ်သခင်ဆီ မေးပြီးတော့ အစီအရင်ပိုင်းကို လေ့လာနေတဲ့ သူတော်စင်အဆင့်နဲ့အောက်ကလူတွေကို လျှို့ဝှက်နယ်မြေကို လာဖို့ ပြောပေး။ သူတို့လည်း ဒီသဘာဝအစီအရင်ကနေ အကျိုးအမြတ် ရနိုင်လိမ့်မယ်။ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေကိုလည်း စောင့်ကြည့်နိုင်လိမ့်မယ်”

…………………………

ထိုလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်ပိုင်းရှိ ဝမ်ဝေ့၏ တကယ့်ခန္ဓာကိုယ်က လေသင်္ဘောပေါ်မှ သူ့ အစ်ကို အစ်မများနှင့်အတူ ဆင်းသက်လာလေသည်။ အားလုံးက မြက်နံ့သင်းနေသည့် တောင်ကုန်းတစ်ခုအပေါ် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

“ ရှောင်ဝူ … ငါတို့နဲ့အတူတူ သွားမှာလား။ မင်းဘာသာမင်း သွားမှာလား။ တကယ်လို့ ငါတို့နဲ့အတူတူ သွားမယ်ဆိုရင်တော့ ပိုပြီးဘေးကင်းလိမ့်မယ်” လန်လင်းက ပြောလိုက်သည်။

“ အစ်မ(၃)ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ကံကောင်းမှုကို ကျွန်တော်ဘာသာ ကျွန်တော် ရှာဖွေချင်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ပြီးတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်အပေါ်မှာ ဘယ်လိုလုပ် မှီခိုလို့ ဖြစ်မှာလဲ”

သူက ထိုသို့ပြောလိုက်ပြီးနောက် သူ့အကြည့်က ဝမ်လော့ဆီသာ ရောက်ရှိနေသည်။ ထိုအပြုအမူကြောင့် ဝမ်လော့က ရှုံ့မဲ့သွားလေသည်။ သူက သူ့ညီငယ်၏ ဆိုလိုရင်းကို နားလည်လေသည်။ အားနည်းသည့် သဘာဝလွန်အဆင့် ကျင့်ကြံသူဖြစ်သည့် သူကိုယ်တိုင်က ဤလျှို့ဝှက်နယ်မြေအတွင်း တစ်ယောက်ထဲ စွန့်စားလိုလေရာ အစ်ကိုကြီးဖြစ်သူက အဘယ်ကြောင့် မလုပ်ရဲသနည်း ဟူ၍ ဖြစ်သည်။

ဤနည်းဖြင့် ဝမ်လော့က အရှက်မမဲ့နိုင်တော့ဘဲ လန်လင်းနှင့် အတူတူရှိဖို့ အကြောင်းပြချက် မသုံးနိုင်တော့ပေ။

လော့ချန်က ဘယ်တုန်းက ဒီလောက်တောင် ဉာဏ်များသွားတာလဲ။

ဝမ်လော့က တွေးလိုက်မိသည်။

ထိုစဉ် လန်လင်းက လော့ချန် ထွက်သွားသည်ကိုသာ ကြည့်နေပြီး သူမ၏ နှုတ်ခမ်းအထက် သတိမပြုမိနိုင်ဖွယ် အပြုံးလေးတစ်ခု ပေါ်ထွက်လာလေသည်။

“ လော့ချန် လော့ချန် … ငါ မင်းအပေါ် မှားတယ်လို့ မပြောနဲ့။ ငါ ရှိနေရင် မင်းရဲ့ အစ်ကိုကြီးက မင်း ကြိုက်နေတဲ့သူအပေါ် အခွင့်အရေး ဘယ်တော့မှမရစေရဘူး။ စိတ်ချနေလိုက်။ မင်းတို့နှစ်ယောက် အတူတူရှိနိုင်ဖို့ကတော့ မင်းရဲ့ ကံကြမ္မာကိုသာ အပ်ထားလိုက်တော့”

ထိုစကားများကို ရေရွတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အဖွဲ့မှ ကီလိုမီတာ အဝေးသို့ ပြေးသွားလိုက်သည်။

“ လန်လင်းရဲ့ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုပြီး မီးတောက်ထိန်းချုပ်ရေး ပညာရပ်ရဲ့ လျှို့ဝှက်ချက်ကို သိဖို့က နောက်မှာပဲ။ အခု ငါ့အင်အားနဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးနိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေး လိုအပ်နေပြီ။ ဒီနည်းနဲ့ဆိုရင် ငါ မူလဆေးလုံး မီးတောက်ကျမ်းကို ရရှိဖို့ အခွင့်အရေးတိုးလာနိုင်လိမ့်မယ်”

ဝမ်ဝေ့၏ အကြည့်က ချက်ချင်းဆိုသလို ပြောင်းလဲသွားလေသည်။ သူက သူ့ခေါင်းအထက်မှ လိမ္မော်ရောင် နဂါးတစ်ကောင်ကို မြင်လိုက်ရလေသည်။ ထိုအရာက လော့ချန်၏ ချီကံကောင်းမှု ဖြစ်၏။ ထို့နောက် သူက လျှို့ဝှက်နည်းစနစ်ဖြင့် ထိုနဂါးနှင့် ဆက်နွယ်လိုက်သည်။

ထိုအရာ၏ မျက်ဝန်းမှတဆင့် သူက နေရာအသီးသီးတွင် ပြန့်ကျဲနေသည့် ခရမ်းရောင်အလင်း ၁၅ ခုကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလို ဝမ်ဝေ့၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်ပေါ်လာလေ၏။

“ ကံကြမ္မာအပြောင်းအလဲက ၁၅ ခုပဲလား။ ဒါပဲလား။” သူက ချက်ချင်းဆိုသလို သူ့နဂိုချီကံကောင်းမှုနဂါးကို ပြောင်းလိုက်သည့်အချိန် ခရမ်းရောင်အလင်းပြောက် ရာချီကို မြင်လိုက်ရသည်။ တချို့က တလက်လက် တောက်ပနေသေး၏။

ထိုလျှို့ဝှက်နယ်မြေအတွင်း လော့ချန်က အခွင့်အရေး ၁၅ ခု ရရှိလေသည်။ သူက ဘာမှလုပ်ဖို့ မလိုအပ်ပေ။ သူက ထိုအခွင့်အရေးများကို ဖြည်းဖြည်းချင်း တွေ့ရှိလာမည် ဖြစ်ပြီး ထိုအရာများမှ အကျိုးအမြတ် ရရှိလာလိမ့်မည်။

ဝမ်ဝေ့အတွက်မူ သူ့အတွက် အခွင့်အရေးက ရာချီစောင့်ဆိုင်းနေလေသည်။ သူက အားထုတ်မှု မရှိဘဲ ထိုလျှို့ဝှက်နယ်မြေအတွင်း လျှောက်သွားနေခြင်းဖြင့် ထိုအရာများကို တွေ့ရှိနိုင်လေသည်။

တလက်လက်တောက်ပနေသည့် အခွင့်အရေးများအတွက်မူ သူတို့ကို ရရှိဖို့ သူ့အင်အား ထုတ်သုံးဖို့ လိုအပ်သည့် ကံအပြောင်းအလဲ အခွင့်အရေးများ ဖြစ်၏။

သူနှင့် လော့ချန်ကြားမှ ကွာခြားချက်ကို မြင်လိုက်ရသည့်အခါ အကြောင်းအရင်းကို နားလည်သွားလေသည်။

ဤကမ္ဘာ၏ အားအကောင်းဆုံးဂိုဏ်းတွင် မွေးဖွားလာသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် သူက ကံကောင်းမှုဖြင့် ကောင်းချီးပေးခံထားရသည်။ ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း သူ့ ကံကောင်းမှုက မယုံနိုင်သည့် အနေအထားသို့ ရောက်ရှိသွားလေရာ ကံကြမ္မာသားတော်ထက် အနည်းငယ်သာ နိမ့်ကျလေသည်။

ဝမ်ဝေ့၏ ကံကောင်းမှုဖြင့် သူ့ဂိုဏ်းမှ ထွက်လာသရွေ့ ကံအပြောင်းအလဲ အခွင့်အရေးများစွာကို တွေ့နိုင်လေသည်။ ကံဆိုးစွာဖြင့် ထိုအခွင့်အရေးအများစုက အထွတ်အထိပ်နယ်ပယ်အဆင့်သာ ဖြစ်သောကြောင့် သူ့အတွက် သိသာမှု မရှိပေ။

သူတို့က သူ့ချမ်းသာမှုအတွက် တန်ဆာဆင်မှုတစ်ခုသာဖြစ်ပြီး သူ့အင်အားကို တိုးမြှင့်ဖို့အတွက် ဘာမှကြီးကြီးမားမား မစွမ်းဆောင်နိုင်ပေ။

ထိုအကြောင်းအရင်းကြောင့် သူ့လိုမျိုး အဆင့်အတန်း မြင့်မားသည့် ကောင်းကင်ရွေးချယ်ခံများက လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ သူတို့၏ ကံကောင်းမှုများကို ဖွဲ့စည်းထားပြီး စီးဆင်းသွားမှုကို တားဆီးထားကြသည်။

ကံအပြောင်းအလဲ အခွင့်အရေးအားလုံးက သူတို့၏ ကံကောင်းမှုကို ဖြည်းဖြည်းချင်း လျော့ကျသွားစေနိုင်သည်။

ကံကောင်းမှုကို စုစည်းထားပြီး မဟာဧကရာဇ်အဆင့်၊ ပင်ကို သို့မဟုတ် ရှားပါးသည့် ထူးဆန်းသည့် အခွင့်အရေးမျိုးနှင့် တွေ့သည်က ပိုကောင်းပေသည်။ သူတို့၏ ကံကောင်းမှုကို ဖွဲ့စည်းထားသည့် အရေးသာချက်တစ်ခုမှာ ကျင့်ကြံဆင့်က မြန်ဆန်လာပြီး ကျင့်ကြံရေး အတားအဆီးများကို ချိုးဖောက်ဖို့အတွက် လွယ်ကူလာခြင်း ဖြစ်၏။

ချီကံကောင်းမှု မြင့်မားပြီး ထိုအရာကို မည်သို့စုဆောင်းရမည်မှန်း မသိသည့်သူများနှင့် ယှဉ်လိုက်လျှင် ကောင်းကင်ရွေးချယ်ခံများက အရေးသာလေသည်။ လော့ချန်၏ ကံကောင်းမှုက သူနှင့် ယှဉ်လိုက်လျှင် မည်မျှအားနည်းနေသည်ကို မြင်ပြီး ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ လူတွေက ကောင်းကင်က တရားမျှတတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ တကယ်ရော ဟုတ်လို့လား။ လူတချို့က မွေးဖွားလာကတည်းက ထူးခြားဖို့အတွက် ကံကြမ္မာဖန်လာပြီးသား။ လူတချို့ရဲ့ စမှတ်က လူတချို့ရဲ့ ဆုံးမှတ်လည်း ဖြစ်နေနိုင်တယ်။ ဘယ်မှာ တရားမျှတမှု ရှိလို့လဲ။

ကံကြမ္မာက လူအားလုံးကို သူတို့မွေးဖွားလာကတည်းက သတ်မှတ်ပေးပြီးသား။ ကျင့်ကြံတာက ကောင်းကင်ကို သွေဖယ်နေပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ဖြည်းဖြည်းချင်းထိန်းချုပ်ခွင့် ရယူလိုက်တာပဲ။ ဒါပေမဲ့ ဒီလိုဆိုတော့ရော ဘာအရေးလဲ။ ကံကြမ္မာက လွယ်လွယ်ကူကူ သွေဖယ်လို့ရမှာလား။

ကံကြမ္မာကို သွေဖယ်တယ်လို့ ခေါ်နေတဲ့အရာက အဲဒါရဲ့ စီစဉ်မှုတစ်ခုပဲ ဖြစ်နေမလားဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ ငါတို့ရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒဆိုတာက ပုံရိပ်ယောင် တစ်ခုကလွဲပြီးတော့ ဘာမှ မဟုတ်နေရင်ရော ငါတို့က ဘယ်လိုလုပ် သိနေမှာလဲ”

All Chapters