အခန်း ၅၇၁
Vol. 58 Ch. 571
အခန်း (၅၇၁)
" လူသားအင်မော်တယ်အဆင့် ကောင်းကင်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "
" လူသားအင်မော်တယ်အဆင့် ကောင်းကင်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "
" လူသားအင်မော်တယ်အဆင့်...."
စနစ်မှ အသိပေးချက်များက ဆက်တိုက်ထွက်ပေါ်လာသည်။
" ဟားဟား... ဒီစွမ်းရည်အမှတ်တွေနဲ့ဆိုရင် ငါ့ရဲ့ စွမ်းရည်တွေက နောက်တစ်ကြိမ် ပြောင်းလဲသွားဦးမှာပဲ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဓားအစီအရင်ကို ထပ်မံထိန်းချုပ်လိုက်သည်။ ထို့နောက် နိယာမယွမ်စွမ်းအားများကို ထည့်သွင်းပြီး ဓားအလင်းတန်းများကို ထုတ်ဖော်လိုက်သည်။
ကျူးရှန်းဓား၊ လုရှန်းဓား၊ ရှန်းရှန်းဓား၊ ကျွဲရှန်းဓား ဓားအစီအရင်၏ ဓားအလင်းတန်းလေးခုက ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ဓားအစီအရင်၏ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင် ကောင်းကင်စစ်သည်ငါးထောင်လုံး ပျက်စီးသွားခဲ့သည်။ ကောင်းကင်အင်မော်တယ်ဆယ်ယောက်နှင့် ရွှေအင်မော်တယ်တစ်ယောက်သာ အကာအကွယ်ကို ကြိုးစားထိန်းချုပ်ရင်း ကျန်နေခဲ့သည်။
" ဒါ ဒါမဖြစ်နိုင်ဘူး။ လူသားဘုံမှာ ဒီလောက်သန်မာတဲ့လူ ဘယ်လိုလုပ်ရှိနေတာလဲ။ မင်းက ဘယ်အဖွဲ့အစည်းကလဲ။ ဘာလို့ ငါတို့ ကောင်းကင်ဘုံကို ဆန့်ကျင်တာလဲ။ " ရွှေအင်မော်တယ်က ကျောက်ဖုန်းကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
" ကောင်းကင်အင်မော်တယ်၊ ရွှေအင်မော်တယ်။ မင်းတို့ကို သတ်လိုက်ရင် ပိုကြီးတဲ့ ဆုလာဘ်တွေ ရလိမ့်မယ်။ " ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ဓားအစီအရင်ထဲမှ သတ်ဖြတ်ခြင်းအရှိန်အဝါများက ဓားကြီးလေးလက်အဖြစ် စုစည်းသွားပြီး သူတို့ကို ခုတ်ပိုင်းလိုက်သည်။
" အား..." အင်မော်တယ်စွမ်းအားအကာအကွယ်နှင့် မှော်ရတနာများက ကွဲအက်သွားသော အသံများနှင့်အတူ ကောင်းကင်အင်မော်တယ်ဆယ်ယောက်နှင့် ရွှေအင်မော်တယ်တစ်ယောက်တို့က အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်အောက်တွင် သေဆုံးသွားကြသည်။
" ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀ မှတ် ရရှိပါတယ်။ "
" ကောင်းကင်အင်မော်တယ်ကို..." စနစ်မှ အသိပေးချက် ဆယ်ကြိမ်ထွက်ပေါ်လာပြီး စွမ်းရည်အားလုံး တစ်သောင်းတိုးလာခဲ့သည်။
" ရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀ မှတ် ရရှိပါတယ်။ "
" အင်မော်တယ်အဆင့်ကို ပထမဆုံး သတ်ဖြတ်ခြင်းပတွင် အဆင့်လေးရတနာသေတ္တာကို ရရှိပါတယ်။ "
" ကောင်းကင်အင်မော်တယ်အဆင့်ကို ပထမဆုံးသတ်ဖြတ်ခြင်းအတွက် အဆင့်ငါးရတနာသေတ္တာကို ရရှိပါတယ်။ "
" ရွှေအင်မော်တယ်အဆင့်ကို ပထမဆုံး သတ်ဖြတ်ခြင်းအတွက် အဆင့်ခြောက်ရတနာသေတ္တာကို ရရှိပါတယ်။ "
ရန်သူများသတ်ဖြတ်ပြီးနောက် စွမ်းရည်အားလုံးက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
ဝုန်း ဝုန်း....
ကျောက်ဖုန်း၏ စွမ်းရည်အားလုံးက ရုတ်တရက် တိုးတက်လာကာ နိယာမယွမ်စွမ်းအားများက ပေါက်ကွဲလာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဤတစ်ကြိမ်တွင် သူက စွမ်းရည်အမှတ်များစွာကို ရရှိလိုက်သည်။ ထို့အပြင် သူက တစ်နှစ်လုံး မရပ်မနား ကျင့်ကြံခဲ့သည်။ ယခု သူ၏ စွမ်းရည်များက များစွာတိုးတက်လာခဲ့သည်။
နာမည် - ကျောက်ဖုန်း
အသက် - ၃၇ နှစ်
အထူးစွမ်းရည်များ....
နိယာမယွမ်စွမ်းအား - ၂၁၃၄၅၃ မှတ်
အစစ်အမှန်နဂါးစွမ်းအား - ၂၀၅၅၆၀ မှတ်
နတ်ဘုရားအလင်းအမြန်နှုန်း - ၂၀၄၃၄၅ မှတ်
ဟောက်ထျန်းတာအိုခန္ဓာ - ၂၀၃၉၄၅ မှတ်
နတ်ဘုရားအာရုံ - ၂၁၂၃၄၅ မှတ်
နိယာမမူလစိတ်ဝိညာဉ် - ၂၃၈၅၄၇ မှတ်
သက်တမ်း - ၂၀၀၈၆၄ နှစ်
ကုသိုလ် - ၅၀၂၃၀၄ မှတ်
ကံကြွေး - ၁၀၂၀၃ မှတ်
သိုလှောင်နေရာ - နှစ်သန်းကုဗမီတာ
ကျင့်စဉ် - ကိုးဆင့်ပြောင်းလဲခြင်းဖရိုဖရဲသိုင်းတာအို၊ ကျင့်စဉ်ရဲ့ အဆင့်သုံးပြောင်းလဲခြင်းက တစ်ရက်ကျင့်ကြံရင် စွမ်းရည်အမှတ် ၃၀၀ တိုးတက်စေသည်။
" ကောင်းကင်ဘုံက တကယ်သဘောကောင်းတာပဲ။ ဒီလိုလက်ဆောင်ကို တစ်ခါတည်း ပို့ပေးလိုက်တော့ ငါ့ရဲ့ စွမ်းရည်တွေ အများကြီးတိုးတက်သွားပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဒါတွေအားလုံးက အင်မော်တယ်ခန္ဓာတွေပေါ့။ လင်းယွင်ပုလင်းကို သုံးပြီး သူတို့ရဲ့ ဝိညာဉ်အနှစ်သာရကို ဆေးလုံးအဖြစ် ပြောင်းလဲလိုက်ရင် ချင်ကို အထောက်အကူအများကြီး ဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက ကောင်းကင်စစ်သည်များ၏ အလောင်းများကို ကြည့်ကာ လင်းယွင်ပုလင်းကို ထုတ်ပြီး ၎င်းတို့ကို ပုလင်းထဲသို့ စုပ်ယူလိုက်သည်။
ကောင်းကင်ဘုံနှင့်တိုက်ပွဲက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ လူသားဘုံက အများဆုံး ရွှေအင်မော်တယ်အဆင့်သာ လက်ခံနိုင်သည်။ သို့သော် ကျောက်ဖုန်း၏ လက်ရှိစွမ်းအားကို သူတို့ ခုခံနိုင်စွမ်းမရှိပေ။
" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ။ အနာဂတ်မှာ ဓားအစီအရင်အစစ်ကိုရရင် ဘယ်လောက်ကောင်းမလဲ။ " ကျောက်ဖုန်းက ဓားအစီအရင်ကို ပထမဆုံးစမ်းသပ်ပြီးနောက် အလွန်ကျေနပ်နေသည်။
ထို့နောက် သူက အတွေးတစ်ချက်နှင့် ကောင်းကင်မှ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို သိမ်းဆည်းလိုက်သည်။ ပြည်နယ်ကိုးခုအကာအကွယ်အတွင်း ကောင်းကင်စစ်သည်များကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသူအားလုံးက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။
" အဲ့ဒီအင်မော်တယ်တွေ ဘယ်ရောက်သွားတာလဲ။ အိမ်ရှေ့စံမင်းသား ဖျက်ဆီးလိုက်တာလား။ " အရာရှိအားလုံးက အံ့ဩစွာဖြင့် တွေးလိုက်ကြသည်။
" ဖုန်းအာ တစ်နှစ်တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်မှာ မင်းရဲ့ စွမ်းအားက အများကြီး တိုးတက်လာတာပဲ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" အရှင်မင်းသားက ကျွန်တော်မျိုးထက် အများကြီး သာလွန်သွားပြီပဲ။ အဲ့ဒီကောင်းကင်စစ်သည်တွေက အတွေ့အကြူံရှိတဲ့ စစ်သည်တွေပဲ။ ပြီးတော့ သူတို့ခေါင်းဆောင်က ရွှေအင်မော်တယ်အဆင့်မှာရှိနေတာ။ သူ့ကို ရှင်းဖို့ ကျွန်တော်မျိုးဆို အချိန်နည်းနည်းလိုပေမယ့် အရှင်မင်းသားကတော့ ခဏအတွင်း ရှင်းပစ်လိုက်တယ်။ " ကွေ့ကူကျိက လေးစားစွာ ပြောလိုက်သည်။
" ခမည်းတော် အမိန့်တော်ရေးပြီး စိန်ခေါ်လိုက်ပါ။ " ကျောက်ဖုန်းက အထက်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် အာကာသလမ်းကြောင်းက ဖြည်းညင်းစွာ ပိတ်နေပြီး အပြီးတိုင်ပိတ်သွားရန် အနည်းငယ် ကျန်နေသေးသည်။
ရင်ကျန့်က မော့ကြည့်လိုက်ပြီး ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
" ငါ ရင်ကျန့်က ကောင်းကင်ဘုံကို စစ်ကြေညာတယ်။ မင်းတို့ ကောင်းကင်ဘုံးရဲ့ ကျူးကျော်မှုက ရှုံးနိမ့်သွားပြီ။ မင်းတို့မှာ အစွမ်းအစရှိရင် ထပ်လာခဲ့။ ဘယ်နှစ်ယောက်လာလာ ငါတို့ သတ်ပစ်မယ်။ တစ်နေ့ကျရင် ငါ့ရဲ့ ချင်က တပ်ဖွဲ့တွေ စုစည်းပြီး ကောင်းကင်ဘုံကို တက်လာပြီး လင်းရှောင်နန်းတော်ကို ဖျက်ဆီးပစ်မယ်။ " ရင်ကျန့်က အားမန်အပြည့်ဖြင့် ပြောလိုက်ပြီး ရွှေရောင်စာလုံးများက အမိန့်တော်ထဲသို့ ရေးသားလိုက်သည်။
ထို့နောက် အမိန့်တော်က ပိတ်သွားပြီး ကျောက်ဖုန်း၏ ရှေ့သို့ ကျရောက်လာသည်။
" ကောင်းကင်ဘုံရေ ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက ပြုံးပြီး အမိန့်တော်ကို ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်က ပိတ်သွားပြီး ကောင်းကင်ကလည်း တည်ငြိမ်သွားသည်။
ကျောက်ဖုန်းက နန်းတော်သို့ ဆင်းသက်သွားပြီး အရာရှိများကလည်း နောက်မှ လိုက်ပါသွားကြသည်။ သူတို့၏ အမူအရာများက ယခုအချိန်ထိ မတည်ငြိမ်ကြသေးပေ။
" မင်းတို့ ဘာဖြစ်နေကြတာလဲ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းသား အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက အရမ်းသန်မာကြတယ်။ သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်အဆင့်မှာ ရှိနေတာ။ ချင်နဲ့ သူတို့ကြားက ကွာခြားချက်က အရမ်းကြီးမားလွန်းပါတယ်။ " ဟန်ဖေးက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
" ကောင်းကင်ဘုံက ဘယ်လောက်ကြာကြာ တည်ရှိနေခဲ့လဲဆိုတာ မင်းတို့ သိကြလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ မသိပါဘူး။ " အရာရှိများက ခေါင်းခါပြီး ပြောလိုက်သည်။
" လူသားမျိုးနွယ်ပေါ်မလာခင်ကတည်းက ကောင်းကင်ဘုံက တည်ရှိနေခဲ့တာပဲ။ တစ်ချိန်က ငါတို့လူသားဘုံကလည်း အင်မော်တယ်ဘုံမှာ ရှိနေခဲ့တာ။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ ဧကရာဇ်က ခွဲထုတ်လိုက်တဲ့အတွက် လူသားဘုံလို့ဖြစ်လာပြီး အင်မော်တယ်တွေနဲ့ လူသားတွေကို ခွဲခြားထားခဲ့တာပဲ။ အဲ့ဒီလိုခွဲထုတ်လိုက်တဲ့အတွက် အင်မော်တယ်ဘုံမှာ တစ်ရက်က လူသားဘုံမှာ တစ်နှစ်ဖြစ်တယ်။ ကောင်းကင်ဘုံက နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အခုအခြေအနေထိ တိုးတက်လာတာပဲ။ ချင်အင်ပါယာက ကျင့်ကြံမှုကို ဖြန့်ဝေတာ ငါးနှစ်ပဲရှိသေးတယ်။ ကောင်းကင်ဘုံကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းသားက ကောင်းကင်ဘုံကို ရန်သူလို့မြင်ပြီး ဖျက်ဆီးချင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးတို့က ဘာမှမလုပ်နိုင်ဘဲ ချင်ရဲ့ စိုးရိမ်မှုကို မဖြေရှင်းပေးနိုင်ကြဘူး။ " ဟန်ဖေးက ရှက်ရွံ့သည့် အမူအရာဖြင့် ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့က အရည်အချင်းမရှိပါဘူး။ " အရာရှိများကလည်း ဦးညွှတ်လိုက်ကြပြီး အားလုံး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။ " မင်းတို့အားလုံးအပေါ် ငါ့ရဲ့ မျှော်လင့်ချက်က ကိုယ့်တာဝန်ကို ကျေပွန်ပြီး ချင်ကို သန်မာအောင်လုပ်ဖို့ပဲ။ မင်းတို့ ကိုယ့်တာဝန်ကိုယ် ကျေပွန်သရွေ့ ငါ ကျေနပ်ပါတယ်။ ဒါကလည်း မင်းတို့အပေါ် ခမည်းတော်ရဲ့ မျှော်လင့်ချက်ပါပဲ။ "
" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ကျင့်ကြံမှုကို ဖြန့်ဝေခဲ့တာ ငါးနှစ်ရှိပြီ။ ချင်အင်ပါယာက ဘယ်လောက်ထိတိုးတက်လာလဲဆိုတာ မင်းတို့မျက်မြင်ပဲ။ ဒါတွေအားလုံးက ငါနဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကြိုးစားမှုကြောင့်သာမဟုတ်ဘဲ မင်းတို့အားလုံးကြောင့်သာ ချင်က သာယာဝပြောတဲ့ ခေတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ။ "
" ကျွန်တော်မျိုးတို့ ချင်အပေါ် သေတဲ့အထိ သစ္စာစောင့်သိပါမယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို စိတ်မပျက်စေရပါဘူး။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
" ဝန်ကြီးတို့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို သိပ်စိုးရိမ်စရာမလိုဘူး။ သူတို့က သန်မာပေမယ့် ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ အနည်းဆုံးတော့ လူသားဘုံကို အတားအဆီးမရှိ မဝင်ရောက်နိုင်ကြဘူး။ လူသားဘုံထဲ ဝင်လာနိုင်တဲ့သူတွေက ငါ့စွမ်းအားထက် မကျော်လွန်နိုင်ဘူး။ ချင်အင်ပါယာတိုးတက်ဖို့ အချိန်အများကြီး လိုပါသေးတယ်။ " ကျောက်ဖုန်းက အရာရှိများကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့