← Chapters

အခန်း ၅၇၂

Vol. 58 Ch. 572

အခန်း ၅၇၂

Vol. 58 Ch. 572

အခန်း (၅၇၂)

" ဖုန်းအာ ကောင်းကင်စစ်သည်တွေ ဝတ်ထားတဲ့ သံချပ်ကာတွေက အင်မော်တယ်ရတနာတွေလား။ " ရင်ကျန့်က မေးလိုက်သည်။

" အင်မော်တယ်ဘုံမှာတော့ ကောင်းကင်စစ်သည်တွေကို သာမန်အင်မော်တယ်ရတနာတွေ တပ်ဆင်ပေးထားတယ်။ အဲ့ဒါက လူသားဘုံထက်တော့ သာလွန်တာပေါ့။ ဘာဖြစ်မလဲ ကြည့်ရတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ သူ၏ နတ်ဘုရားအာရုံကို လင်းယွင်ပုလင်းထဲသို့ ပို့လွှတ်လိုက်သည်။ ပုလင်းထဲတွင် ဝိညာဉ်အနှစ်သာရဆေးလုံးငါးထောင်ကျော် ပေါ်နေသည်။

" ဒီလင်းယွင်ပုလင်းက တိုက်ခိုက်ရေးနဲ့ ခုခံရေးစွမ်းအားမရှိပေမယ့် ဝိညာဉ်အနှစ်သာရကို ဆေးလုံးအဖြစ် ထုတ်ယူနိုင်တဲ့ စွမ်းရည်က အံ့ဩစရာပဲ။ နေဦး ဒီကောင်းကင်စစ်သည်တွေက အသွေးအသားမရှိဘဲ သူတို့ရဲ့ ဝိညာဉ်တွေက ဝိညာဉ်အနှစ်သာရနဲ့ ပေါင်းစပ်သွားတဲ့ပုံရတယ်။ ဒါက ကောင်းကင်စစ်သည်တွေရဲ့ သဘာဝလား။ " ကျောက်ဖုန်းက လင်းယွင်ပုလင်းထဲမှ ကောင်းကင်စစ်သည်များ၏ ထူးခြားမှုကို သတိထားမိလိုက်သည်။

ထို့နောက် သူက ကောင်းကင်စစ်သည်များ၏ ငွေရောင်မျက်နှာဖုံး၊ ချပ်ဝတ်၊ ဝတ်ရုံနှင့် လက်နက်များကို ထုတ်ယူလိုက်သည်။ သာမန်ကောင်းကင်စစ်သည်များက အဆင့်နိမ့် အင်မော်တယ်ရတနာများကို ဝတ်ဆင်ကြသည်။ ကောင်းကင်အင်မော်တယ်များက အလယ်အလတ်အဆင့် အင်မော်တယ်ရတနာများကို ပိုင်ဆိုင်ကြသည်။ ရွှေအင်မော်တယ်က အဆင့်မြင့် အင်မှော်တယ်ရတနာများကို ပိုင်ဆိုင်သည်။ ကောင်းကင်ဘုံက လက်နက်များကို ခွဲဝေရာတွင် ကျင့်ကြံမှုနှင့် ရာထူးအပေါ်တွင် မူတည်သည်မှာ ထင်ရှားသည်။

ကျောက်ဖုန်းက ဓားချီတစ်ခုကို ထုတ်လွှတ်ပြီး သံချပ်ကာတစ်ခုကို ဖွင့်လိုက်သည်။ အနက်ရောင်စွမ်းအားများ စီးထွက်လာပြီး အထဲတွင် အလောင်း သို့မဟုတ် အသွေးအသားများ ရှိမနေပေ။

" ဒီသံချပ်ကာထဲမှ ဘာလို့ခန္ဓာကိုယ်မရှိတာလဲ။ "အရာရှိအားလုံးက သံချပ်ကာကို ကြည့်ပြီး အံ့ဩသွားကြသည်။

" ကောင်းကင်ဘုံက တကယ်ကို ရက်စက်တာပဲ။ ကောင်းကင်စစ်သည်တွေက ​ဘာလို့မပျက်စီးနိုင်တာလဲဆိုတာ အခုမှ နားလည်တော့တယ်။ " ကျောက်ဖုန်းက စဉ်းစားပြီးပြောလိုက်သည်။

ယခင်ဘဝရှုထောင့်မှ ကြည့်လျှင် ကောင်းကင်ဘုံမှ ကောင်းကင်စစ်သည်များက နတ်ဘုရားများအဖြစ် ပြောင်းလဲသွားသော လူသားများဟု ထင်မိပေလိမ့်မည်။ သို့သော် ထိုသို့မဟုတ်ပေ။ ထိုသံချပ်ကာက အင်မော်တယ်ရတနာဖြစ်သော်လည်း အမှန်တော့ လှောင်အိမ်တစ်ခုဖြစ်သည်။ ဝိညာဉ်တစ်ခုကို အင်မော်တယ်ရတနာထဲသို့ ထည့်လိုက်သည်နှင့် ၎င်းက အင်မော်တယ်ရတနာ၏ ရတနာစိတ်ဝိညာဉ်ဖြစ်လာသည်။ ကောင်းကင်ဘုံက ထူးခြားတဲ့ နည်းစနစ်များကို အသုံးပြု၍ ဝိညာဉ်အနှစ်သာရများကို သံချပ်ကာထဲသို့ ထည့်သွင်းထားသည်။

ကောင်းကင်စစ်သည်များနှင့် တပ်မှူးများ သေဆုံးသွားလျှင်တောင် ကောင်းကင်ဘုံက သူတို့၏ ဝိညာဉ်နှင့် သံချပ်ကာများကို ပြန်လည်ခေါ်ယူပြီး ဝိညာဉ်အနှစ်သာရကို ပြန်ဖြည့်ကာ ကောင်းကင်ဘုံအတွက် အ​ကြိမ်ကြိမ် တိုက်ခိုက်ခိုင်းသည်။ ၎င်းက ဝိညာဉ်ပျက်စီးသည်အထိ သံသရာလည်နေပေလိမ့်မည်။

" ဖုန်းအာ ဒါတွေမှာ လျို့ဝှက်ချက်တစ်ခုခုရှိနေတာလား။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ဒီကောင်းကင်စစ်သည်တွေအားလုံးက အသွေးအသားမရှိတဲ့ ဝိညာဉ်တွေပဲ။ သံချပ်ကာက သူတို့ရဲ့ အခွံဖြစ်ပြီး ဝိညာဉ်မပျက်စီးသရွေ့ ချွတ်နိုင်မှာမဟုတ်ဘူး။ သူတို့က ကောင်းကင်ဘုံအတွက် ထာဝရတိုက်ခိုက်နေရတယ်။ ဒီတစ်ခါ သူတို့ကို သတ်လိုက်တာက သူတို့ရဲ့ ဝေဒနာတွေကို သက်သာသွားစေတာပေါ့။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်မှ သံချပ်ကာငါးထောင်ကျော်ကို ​ကြည့်လိုက်သည်။ အရာရှိများကလည်း ထို့အတူပင်ဖြစ်သည်။ ကျောက်ဖုန်း၏ စကားများမှတစ်ဆင့် ကောင်းကင်စစ်သည်များ၏ ကြီးမားသော ဆင်းရဲဒုက္ခများကို သူတို့နားလည်နိုင်သည်။ အသွေးအသား ခန္ဓာကိုယ်မရှိ၊ ပျော်ရွှင်မှုမရှိ၊ ဝိညာဉ်က လှောင်အိမ်ကဲ့သို့ သံချပ်ကာထဲတွင် ပိတ်မိနေသည်။ သူတို့ထွက်လာခြင်းက တိုက်ခိုက်ရန်ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်ရှင်လာလျှင်လည်း ဆက်ပြီးတိုက်ခိုက်ရမည်ဖြစ်သည်။

" ချန်ဖျင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" အရှင်မင်းသား အမိန့်ရှိပါ။ " ချန်ဖျင်က ရှေ့ထွက်လာသည်။

" ဒီသံချပ်ကာနဲ့ လက်နက်တွေကို ရတနာသန့်စင်ခြင်းခန်းမကို ယူသွားပါ။ ဒါတွေကို သေချာစစ်ဆေးပြီးရင် အနက်ရောင်သံချပ်ကာအဖြစ် ပြန်ပုံသွင်းပြီး အင်ပါယာတပ်ဖွဲ့ကို ပေးလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ချန်ဖျင်က ထျန်းရွှမ်ကြေးမုံကို ထုတ်ပြီး အင်မော်တယ်ရတနာများကို သိမ်းဆည်းလိုက်သည်။

" ရန်ရှောင် " ကျောက်ဖုန်းက ထပ်ခေါ်လိုက်သည်။

" အရှင်မင်းသား " ရန်ရှောင်က နားမလည်သော အမူအရာဖြင့် ထွက်လာသည်။

" မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အဲ့ဒါက မင်းကို အဆင့်တက်စေနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်။ " ရန်ရှောင်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

" မင်းက ကျင့်ကြံခြင်းနယ်မြေမှာ ဆယ်နှစ်ကျင့်ကြံခဲ့ပြီး အခု ရှန်းထုံအဆင့်ငါးကို ရောက်နေပြီ။ ဒီဆေးလုံးကို ယူလိုက်ပါ။ မင်း အဆင့်ဘယ်လောက်ထိတက်နိုင်မလဲ ကြည့်ရတာပေါ့။ " ကျောက်ဖုန်းက ဝိညာဉ်အနှစ်သာရဆေးလုံးတစ်လုံးကို ထုတ်ပြီး ပေးလိုက်သည်။

ရန်ရှောင်က တွန့်ဆုတ်ခြင်းမရှိဘဲ ဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက် သူက ထိုင်ပြီး ကျင့်စဉ်ကို လှည့်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်က စွမ်းအားလှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ရှန်းထုံအဆင့်ခြောက်၊ အဆင့်ခုနှစ်၊ အဆင့်ရှစ် အတားအဆီး လုံးဝမရှိပေ။

ရန်ရှောင်က ကောင်းကင်ဖြစ်စဉ်အဆင့်သို့ ဝင်ရောက်သွားသည်။ သူက ထိုအဆင့်သို့ ရောက်သွားသည်နှင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်လိုက်သည်။ ထို့နောက် ရပ်တန့်သွားခြင်းမရှိဘဲ ကောင်းကင်ဖြစ်စဉ်အဆင့် အဆင့်နှစ်၊ အဆင့်သုံး၊ အဆင့်ငါးအထိ တိုက်ရိုက်ရောက်သွားသည်။

သို့သော် ထိုအချိန်တွင် ရန်ရှောင်၏ အော်ရာက ထိန်းချုပ်ရခက်ခဲနေပြီး ရှုပ်ထွေးသော အော်ရာတစ်ခုပေါ်လာသည်။ ကျောက်ဖုန်းက လက်မြှောက်လိုက်ပြီး ယွမ်စွမ်းအားမျှင်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းက ရန်ရှောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ဒန်တျန်ထဲမှ ဝိညာဉ်အနှစ်သာရများကို ဖိနှိပ်လိုက်ရာ ရန်ရှောင်က ဖြည်းညင်းစွာ ပြန်ကောင်းလာသည်။

" အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်။ " ရန်ရှောင်က အသိပြန်ဝင်လာပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

" မင်းက ဒီဆေးလုံးရဲ့ ၃၀ ရာခိုင်နှုန်းကိုတောင် မစုပ်ယူရသေးခင်မှာ ကောင်းကင်ဖြစ်စဉ်အဆင့် အဆင့်ငါးအထိ ရောက်သွားပြီး အဆင့်ကိုးဆင့်ကို တိုက်ရိုက်ဖြတ်ကျော်သွားတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ " ကျောက်ဖုန်းက ယွမ်စွမ်းအားကို သုံးပြီး ရန်ရှောင်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

" အရှင်မင်းသား ကျွန်တော်မျိုးလည်း ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရပါဘူး။ ဒီဆေးလုံးက ဆေးပညာခန်းမက ထုတ်တဲ့ အဆင့်ချိုးဖျက်ဆေးလုံးထက် ပိုအစွမ်းထက်တယ်။ တကယ်ကို အင်မော်တယ်ဆေးလုံးပဲ။ " ရန်ရှောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရန်ရှောင် ကောင်းကင်ဖြစ်စဉ်အဆင့်သို့ တက်လှမ်းသွားသည်ကို မြင်သောအခါ အခြားအရာရှိများက ကျောက်ဖုန်းကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

" မင်းပြောတာမှန်တယ်။ ဒါက တကယ်ကို အင်မော်တယ်ဆေးလုံးပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူက ဝိညာဉ်အနှစ်သာရ၏ အသုံးဝင်ပုံကို အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်သည်။ အင်မော်တယ်များနှင့် ​ဗုဒ္ဓများက ၎င်းကို အသုံးပြု၍ ကျင့်ကြံနေကြသည်မှာ အံ့ဩစရာမရှိပေ။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံမှုကို အဆမတန်မြှင့်တင်ပေးနိုင်သည်။

ကောင်းကင်စစ်သည်ငါးထောင်ဆီမှ ထုတ်ယူထားသော ဝိညာဉ်အနှစ်သာရဆေးလုံးများက ချင်အင်ပါယာတွင် အစွမ်းထက်ကျင့်ကြံသူများစွာ ထွက်ပေါ်လာရန် လုံလောက်သည်။ ဥပမာ ရန်ရှောင်က ဆေးလုံး၏ ၃၀ ရာခိုင်နှုန်းကို စုပ်ယူပြီး အဆင့်ကိုးဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်ဖြစ်စဉ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဆေးလုံးကို အပြည့်အဝ စုပ်ယူလိုက်လျှင် သူက ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်သို့ ရောက်သွားပေလိမ့်မည်။

" ဒါပေမယ့် ဝိညာဉ်အနှစ်သာရဆေးလုံးထဲမှာ ပါဝင်တဲ့ စွမ်းအားက အရမ်းပြင်းထန်လွန်းတယ်။ အဲ့ဒါကို သန့်စင်ဖို့ဆိုရင် အနည်းဆုံး ရှန်းထုံအဆင့်ကို ရောက်ဖို့လိုတယ်။ မဟုတ်ရင် ခန္ဓာကိုယ်က ပေါင်းကွဲပြီး သေသွားနိုင်တယ်။ " ကျောက်ဖုန်းက တွေးပြီးနောက် ရင်ကျန့်ကို ကြည့်လိုက်သည်။

" ခမည်းတော် ရန်ရှောင်ကို တိုက်လိုက်တဲ့ ဆေးလုံးမျိုး သားတော်မှာ ​ထောင်ချီရှိတယ်။ ဒီဆေးလုံးတွေကို ရှန်းထုံအဆင့်အထက် သိုင်းတာအိုကျင့်ကြံသူတွေနဲ့ ချီသန့်စင်ခြင်းအထက် အင်မော်တယ်ကျင့်ကြံသူတွေကို ခွဲဝေပေးဖို့ ခမည်းတော် တာဝန်ယူပေးပါဦး။ ဒါပေမယ့် တဖြည်းဖြည်း သန့်စင်ဖို့တော့ လိုတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အင်း ငါ ဒီကိစ္စကို သတိထားပြီး ဆောင်ရွက်လိုက်မယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

ကျောက်ဖုန်းက ဆေးလုံးငါးထောင်ကို ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ရင်ကျန့်ကို လွှဲပြောင်းပေးလိုက်သည်။

" ဖုန်းအာ ကောင်းကင်ဘုံရဲ့ လက်ရှိခြိမ်းခြောက်မှုကိုတော့ ဖြေရှင်းပြီးသွားပြီ။ ချင်ရဲ့ စုစုပေါင်းအင်အားကတော့ တိုးမြှင့်ဖို့ လိုအပ်နေသေးတယ်။ ကျင့်ကြံခြင်းနယ်မြေရဲ့ အချိန်ကို တိုးမြှင့်လိုက်ရင် ကောင်းမလား။ " ရင်ကျန့်က မေးလိုက်သည်။

" လာမယ့်အကြိမ်အတွက် ခြောက်လသတ်မှတ်လိုက်မယ်။ ခြောက်လဆို နှစ်ဆယ့်ငါးနှစ် အရည်အချင်းရှိတဲ့သူတွေက အရင်းအမြစ်တွေ ထောင်ပံ့မှုနဲ့ဆိုရင် မဟာဆရာသခင်အဆင့်ကို ရောက်နိုင်လိမ့်မယ်။ အနာဂတ်မှာ ချင်က ကောင်းကင်စစ်သည်တွေကို တိုက်ပွဲမှာ ရင်ဆိုင်နိုင်ဖို့ သိုင်းတာအိနတ်အသွင်အဆင့်ကို ရောက်ဖို့လိုတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အဘိုး၊ ခမည်းတော် အခု ချင်အင်ပါယာရဲ့ ဘဏ္ဍာရေးက ကြွယ်ဝနေပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေလည်း ပေါများနေပြီဆိုတော့ အရာရှိတွေနဲ့ စစ်သည်တွေကို နှစ်စဉ်လစာ တိုးမြှင့်ပေးပြီး ကျင့်ကြံလိုစိတ်ကို လှုံ့ဆော်ပေးသင့်ပါတယ်။ " ကျောက်ချီက အကြံပြုလိုက်သည်။

ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters