အခန်း ၅၇၃
Vol. 58 Ch. 573
အခန်း (၅၇၃)
" ချီအာ မင်းမှာ ဒီလိုစိတ်ကူးရှိနေမှတော့ မင်းပဲ နှစ်စဉ်လစာ တိုးမြှင့်ပေးမယ့် ပမာဏကို သတ်မှတ်လိုက်ပါ။ နှစ်စဉ်လစာအပြင် ရာထူးဂုဏ်ထူးတွေအပေါ် မူတည်ပြီး ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာကို ဖွင့်ပေးမယ့် အခွင့်အာဏာလည်း ရှိသေးတယ်။ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာအတွက် စွမ်းဆောင်မှုရမှတ်တွေ ဘယ်လိုကောက်ခံမလဲဆိုတာတဲ့ အသေးစိတ် အချက်အလက်တွေကို မင်းပြန်ပြီး စီစဉ်လိုက်ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အဘိုးနဲ့ ခမည်းတော်တို့ စိတ်မပျက်စေရပါဘူး။ " ကျောက်ချီက အမိန့်ကို လက်ခံလိုက်သည်။
ထျန်းရွှမ်ကြေးမုံက ချင်အင်ပါယာ၏ အဓိကရတနာတစ်ခုဖြစ်သည်။ စစ်ရေးထောက်ပံ့ရေးပစ္စည်းများနှင့် အခြားအရာများကို ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ပို့ပေးရသည်။ ထျန်းရွှမ်ကြေးမုံ၏ ပစ္စည်းပေးပို့ခွင့်ကို ပြည်သူများအတွက် ခွင့်မပြုထားပေ။ သူတို့က ကျင့်ကြံခြင်းအရင်းအမြစ်များကို ဒေသအတွင်း ဆိုင်များတွင်သာ လဲလှယ်နိုင်သည်။
ချင်အင်ပါယာတွင် ကျင့်ကြံမှုက ပျံ့နှံ့နေပြီဖြစ်သောကြောင့် ဆေးပင်ရှာသူများ၊ ဆေးဖော်စပ်သူများနှင့် ရတနာသန့်စင်သူများလည်း ထွက်ပေါ်လာပြီဖြစ်သည်။ သို့သော် ချင်အင်ပါယာ၏ အရင်းအမြစ် အများစုကတော့ ကျောက်ဖုန်း၏ ကမ္ဘာငယ်မှလာခြင်းဖြစ်သည်။
" စစ်ကြေညာလိုက်ပြီ။ ကောင်းကင်ဘုံက ရန်သူတွေ ထပ်ပြီး ကျူးကျော်လာနိုင်တယ်။ အဲ့ဒီရန်သူတွေက မင်းတို့ ရင်မဆိုင်နိုင်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းတို့တာဝန်က ချင်အင်ပါယာတိုးတက်ဖို့နဲ့ လူသားဘုံတစ်ခုလုံးကို အမြန်ဆုံး သိမ်းပိုက်နိုင်အောင် လုပ်ဖို့ပဲ။ တစ်နှစ်အတွင်းမှာ ပြီးမြောက်ရမယ်။ " ရင်ကျန့်က အရာရှိအားလုံးကို အမိန့်ပေးလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြသည်။
" အရင်ဆုံး လူသားဘုံကို သိမ်းပိုက်ပြီးရင် အင်မော်တယ်ဘုံကို သိမ်းပိုက်ရမယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
" စိန်ခေါ်စာကို ပို့လိုက်တဲ့အတွက် ကောင်းကင်ဘုံက ကောင်းကင်စစ်သည်တွေကို ထပ်ပြီး စေလွှတ်လောက်ပါတယ်။ " ကျောက်ဖုန်းက ကောင်းကင်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။
ကောင်းကင်ဘုံ၊ လင်းရှောင်နန်းတော်။
ကောင်းကင်ဧကရာဇ်က ပလ္လင်ပေါ်တွင် ဂုဏ်ယူစွာ ထိုင်နေသည်။ ယခုအချိန်တွင် လင်းရှောင်နန်းတော်မှ အင်မော်တယ်များနှင့် နတ်ဘုရားများက မပြန်ကြသေးပေ။ အင်မော်ဘုံတွင် တစ်ရက်က လူသားဘုံတွင် တစ်နှစ်ဖြစ်သည်။ ကောင်းကင်စစ်သည်ငါးထောင်၏ စွမ်းအားနှင့်ဆိုလျှင် တစ်နာရီအတွင်း လူသားဘုံကို သိမ်းပိုက်နိုင်သည်။ အင်မော်တယ်များနှင့် နတ်ဘုရားများက လူသားဘုံကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
" ဧကရာဇ်မင်းမြတ် တစ်နာရီနီးပါးရှိပြီဆိုတော့ လူသားဘုံမှာ ရက်အတော်ရှိပါပြီ။ ကောင်းကင်စစ်သည်တွေက လူသားဘုံကို ဖျက်ဆီးပြီးလောက်ပါပြီ။ " လီကျင်းက ရှေ့တိုးပြီး ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်က ဘာမှမပြောဘဲ ပြုံးနေသည်။ သူကလည်း ကောင်းကင်စစ်သည်များ လူသားဘုံကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော် ထိုအချိန်တွင်....
" ဧကရာဇ်မင်းမြတ် တစ်ခုခုမှားနေပါပြီ။ လူသားဘုံကို စေလွှတ်လိုက်တဲ့ ကောင်းကင်စစ်သည်ငါးထောင်ရဲ့ ဝိညာဉ်ပြားတွေ ကွဲအက်သွားပါတယ်။ ရွှေအင်မော်တယ်လည်း ပါပါတယ်။ ပြီးတော့ ဟင်းလင်းပြင်ပိတ်ခါနီးမှာ လူသားဘုံက စာလိပ်တစ်ခု ပို့လိုက်ပါတယ်။ " ဝူချွီကြယ်နတ်ဘုရားက လေးနက်သော အမူအရာဖြင့် လင်းရှောင်နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
" လုံးဝ ချေမှုန်းလံလိုက်ရတာလား။ " ကောင်းကင်ဧကရာဇ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်စွာ မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ်..." ဝူချွီကြယ်နတ်ဘုရားက တွန့်ဆုတ်သွားသည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကောင်းကင်စစ်သည်ငါးထောင်က သာမန်အင်မော်တယ်တွေဆိုပေမယ့် လူသားဘုံက်ု ဆင်းသွားတာနဲ့ ဘယ်လိုလုပ်သတ်ခံလိုက်ရတာလဲ။ "
" လူသားဘုံမှာ အင်အားကြီးကျင့်ကြံသူတစ်ယောက် ပုန်းကွယ်နေတာလား။ ဒါပေမယ့် ကျင့်ကြံလို့မရတဲ့ နေရာတစ်ခုက အင်အားကြီးကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုလုပ်မွေးထုတ်ပေးနိုင်မှာလဲ။ "
လင်းရှောင်နန်းတော်ထဲမှ အင်မော်တယ်များနှင့် နတ်ဘုရားများကလည်း အံ့ဩသွားကြသည်။
" ဧကရာဇ်မင်းမြတ် ဒါက လူသားဘုံက ပေးပို့လိုက်တဲ့ စာလိပ်ပါ။ " ဝူချွီကြယ်နန်ဘုရားက ချင်အမိန့်တော်စာလိပ်ကို မြှောက်ပြီး ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်က တစ်ချက်ကြည့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ ဝူချွီကြယ်နတ်ဘုရား၏ လက်ထဲမှ အမိန့်တော်စာလိပ်က ပျံသန်းသွားသည်။ ထို့နောက် အမိန့်တော်စာလိပ်က ပွင့်သွားခဲ့သည်။
ဝုန်း....
အင်ပါယာကံကြမ္မာစွမ်းအားများက လင်းရှောင်နန်းတော်ထဲတွင် ပျံ့နှံ့သွားပြီး ရွှေရောင်စာလုံးများ ပေါ်လာသည်။
" ငါ ရင်ကျန့်က ကောင်းကင်ဘုံကို စစ်ကြေညာတယ်။ မင်းတို့ ကောင်းကင်ဘုံးရဲ့ ကျူးကျော်မှုက ရှုံးနိမ့်သွားပြီ။ မင်းတို့မှာ အစွမ်းအစရှိရင် ထပ်လာခဲ့။ ဘယ်နှစ်ယောက်လာလာ ငါတို့ သတ်ပစ်မယ်။ တစ်နေ့ကျရင် ငါ့ရဲ့ ချင်က တပ်ဖွဲ့တွေ စုစည်းပြီး ကောင်းကင်ဘုံကို တက်လာပြီး လင်းရှောင်နန်းတော်ကို ဖျက်ဆီးပစ်မယ်။ "
ရွှေရောင်စာလုံးများက ခန်းမအထက်တွင် ပေါ်လာသောကြောင့် အင်မော်တယ်များနှင့် နတ်ဘုရားအားလုံးက ၎င်းကို မြင်လိုက်ရသည်။ ကောင်းကင်ဧကရာဇ်၏ မျက်နှာက မဲမှောင်သွားပြီး အင်မော်တယ်များနှင့် နတ်ဘုရားများက မျက်နှာပျက်သွားကြသည်။
" အမှိုက်တွေ " ကောင်းကင်ဧကရာဇ်က ကြိမ်းမောင်းလိုက်ပြီး ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။
ရွှေရောင်စာလုံးများက ပေါက်ကွဲသွားပြီး ချင်အမိန့်တော်ကလည်း အမှုန့်ဖြစ်သွားသည်။ ကြောက်စရာကောင်းသော အေးစက်မှုတစ်ခုက လင်းရှောင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
" ဝူချွီ ကောင်းကင်စစ်သည်တစ်သိန်းကို စေလွှတ်လိုက်။ ကောင်းကင်အင်မော်တယ်တစ်ထောင်၊ ရွှေအင်မော်တယ်တစ်ရာနဲ့ မဟာရွှေအင်မော်တယ်တစ်ယောက် အောက်ဘုံကို စေလွှတ်ပြီး ချင်ကို ဖျက်ဆီးပစ်စမ်း။ " ကောင်းကင်ဧကရာဇ်၏ အသံက အေးစက်နေပြီး လင်းရှောင်နန်းတော်တစ်ခုလုံးက သူ၏ ဒေါသကြောင့် တုန်ခါသွားသည်။
" ဧကရာဇ်မင်းမြတ် ဒီလောက်များတဲ့ ကောင်းကင်စစ်သည်တွေနဲ့ တပ်မှူးတွေနဲ့ဆို လူသားဘုံကို သွားတဲ့ အာကာသလမ်းကြောင်းက ဖွင့်လို့ရပါ့မလား။ ပြီးတော့ မဟာရွှေအင်မော်တယ်က လူသားဘုံရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ။ နိယာမတွေရဲ့ တန်ပြန်မှုကို ခံရနိုင်ပါတယ်။ " ဝူချွီကြယ်နတ်ဘုရားက ရိုသေစွာ ပြောလိုက်သည်။
" မဟာရွှေအင်မော်တယ်က တစ်ချက်တိုက်ဖို့ပဲလိုတယ်။ ငါ့ရဲ့ ကောင်းကင်စစ်သည်တွေကို သတ်ခဲ့တဲ့လူကို ရှာပြီး တစ်ချက်တည်း သတ်ပစ်လိုက်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝူချွီကြယ်နတ်ဘုရားက နာခံရုံသာ တတ်နိုင်သည်။
" အမှားအယွင်းမရှိစေဖို့ မဟာရွှေအင်မော်တယ်ကို နတ်ဆိုးနှိမ်နင်းခြင်းဓားကို ပေးလိုက်ပါ။ " ကောင်းကင်ဧကရာဇ်က ထပ်ပြောလိုက်သည်။
နတ်ဆိုးနှိမ်နင်းခြင်းဓားကို ကြားလိုက်ရသောအခါ အင်မော်တယ်များနှင့် နတ်ဘုရားများက အံ့ဩသွားကြသည်။ ၎င်းက ကောင်းကင်ဘုံ၏ ကြယ်တာယာဌာနက နတ်ဆိုးများကို တိုက်ခိုက်ရန် အသုံးပြုသော အင်မော်တယ်လက်နက်ဖြစ်သည်။ ဟောက်ထျန်းအဆင့် အဆင့်မြင့်လက်နက်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံ၏ စည်းမျဉ်းစွမ်းအားများဖြင့် ပေါင်းစပ်ထားသည်။ တိုက်ကြီးလေးခုမှ နတ်ဆိုးများကို တိုက်ခိုက်ချိန်ကပင် ထိုလက်နက်ကို အသုံးမပြုခဲ့ပေ။
ဗုဒ္ဓနယ်မြေ၊ မဟာမိုးခြိမ်းသံဘုရားကျောင်း။
ဘုရုးကျောင်းထဲတွင် ဗုဒ္ဓအရှင်များ၊ ရဟန်းများ၊ ဗောဓိသတ်များ၊ ဘုန်းကြီးငယ်အများအပြား ရှိပြီး ဗုဒ္ဓအလင်းများနှင့် ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများက မဟာမိုးခြိမ်းသံဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
" တထာဂတအရှင်မြတ် ကောင်းကင်စစ်သည်ငါးထောင်နဲ့ ရွှေအင်မော်တယ်တစ်ယောက်က လူသားဘုံကို ဆင်းသွားပြီး အားလုံး လူသားဘုံမှာ ပျက်စီးသွားပါတယ်။ " ဗုဒ္ဓအရှင်တစ်ပါးက ကြာပန်းပေါ်တွင် ရပ်ပြီး ရိုသေစွာ ပြောလိုက်သည်။
" လောဘ၊ ဒေါသ၊ မောဟ။ ကောင်းကင်ဧကရာဇ်ရဲ့ လုပ်ရပ်က လောဘကြီးလွန်းတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။ " တထာဂတက ဖြည်းညင်းစွာ ပြောလိုက်သည်။
" တထာဂတအရှင်မြတ် ကောင်းကင်ဘုံက ချင်ကို ဖျက်ဆီးပြီး ရှန်းကျိုးရဲ့ ကံကြမ္မာကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ တပည့်တော်တို့ ဘာလုပ်သင့်ပါသလဲ။ " ဗုဒ္ဓအရှင်တစ်ပါးက မေးလိုက်သည်။
" အော်မိတော်ဖု ကောင်းကင်ဘုံက ပျက်စီးဖို့ ကံပါလာပြီးသားပါ။ ငါတို့ ဗုဒ္ဓဂိုဏ်းက ကြည့်နေရုံပါပဲ။ " တထာဂတက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
" တထာဂတအရှင်မြတ်ရဲ့ အမိန့်တော်ကို လိုက်နာပါတယ်။ " ဗုဒ္ဓအရှင်အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
တိုးရွှိုက်ကောင်းကင်။
" ကောင်းကင်စစ်သည်ငါးထောင်နဲ့ ရွှေအင်မော်တယ်က လူသားဘုံမှာ သေဆုံးသွားပြီ။ ကြည့်ရတာ ငါ ဒီကံကြမ္မာပိုင်ရှင်ကို အထင်သေးမိတဲ့ပုံပဲ။ အနာဂတ်မှာ သူက ဒီကမ္ဘာရဲ့ ကံကြမ္မာကို တကယ်ပဲ ပြန်ရေးနိုင်လောက်ပါတယ်။ " မီလဲ့ဗုဒ္ဓက ကြာပန်းပလ္လင်ပေါ်တွင် ထိုင်ပြီး တွေးလိုက်သည်။
အိမ်ရှေ့စံမင်းသားစံအိမ်။
ထျန်းရွှမ်ကြေးမုံ၏ ကျင့်ကြံခြင်းနေရာထဲတွင်။
" ရတနာသေတ္တာတွေ ရယူမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" အဆင့်ခြောက် ရတနာသေတ္တာခြောက်ခုကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။ ၎င်းက သူ၏ စွမ်းရည်များ တိုးတက်လာခြင်း၏ ရလဒ်ဖြစ်သည်။
" သိုင်းတာအိုနိယာမပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားလို့ အဆင့်ခြောက်ရတနာသေတ္တာတွေ ရလာတာပဲ။ ပိုမြင့်တဲ့ ရတနာသေတ္တာတွေအတွက် ပိုကြီးမားတဲ့ တိုးတက်မှုတွေ လိုအပ်လိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" အဆင့်လေးတစ်လုံး၊ အဆင့်ငါးတစ်လုံးနဲ့ အဆင့်ခြောက်ခုနှစ်လုံး။ ရတနာတွေ ရယူဖို့ အချိန်ကျပြီ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြုံးလိုက်သည်။ " ရတနာသေတ္တာအားလုံး ဖွင့်မယ်။ "
" အဆင့်လေးရတနာသေတ္တာကို ဖွင့်နေပါပြီ။ "
" နတ်ဘုရားအဆင့် စိတ်ဝိညာဉ်သစ်သီး ငါးလုံးကို ရရှိပါတယ်။ "
" အဆင့်ငါး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "
" အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြောတစ်ခုကို ရရှိပါတယ်။ "
" အဆင့်ခြောက်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "
" ယင်ယန်နိယာမမျိုးစေ့ကို ရရှိပါတယ်။ "
" နတ်စွမ်းရည် ကောင်းကင်မြေကြီးအသွင်ခန္ဓာကို ရရှိပါတယ်။ "
" ဝိညာဉ်နိယာမမျိုးစေ့ကို ရရှိပါတယ်။ "
" ကြာပန်းနီကံမီးတောက်ကို ရရှိပါတယ်။ "
" အသက်နိယာမမျိုးစေ့ကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် အဆင့်မြင့် ဖန်ဆင်းခြင်းအိုးကို ရရှိပါတယ်။ "
" ဟောက်ထျန်းအဆင့် ပြောင်းလဲခြင်းခြောက်မျိုးရွှေဆေးလုံးကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့