အခန်း ၅၇၄
Vol. 58 Ch. 574
အခန်း (၅၇၄)
" နိယာမမျိုးစေ့ သုံးခု ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာတစ်ခု၊ ကောင်းကင်မြေကြီးအသွင်ခန္ဓာက ဓမ္မခန္ဓာထက် ပိုသန်မာတယ်။ နိယာမမျိုးစေ့တွေကို ကမ္ဘာငယ်နဲ့ ပေါင်းစပ်ရမယ်။ " ကျောက်ဖုန်းက အလွန်ကျေနပ်သွားသည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ထဲသို့ ပို့လွှတ်လိုက်သည်။ ကမ္ဘာငယ်၏ လူဦးရေက ခုနှစ်သန်းကျော်သွားပြီဖြစ်သည်။
" ကမ္ဘာငယ်မှာ ယင်ယန်နိယာမရှိရင် နေ့နဲ့ညလည်း ရှိလာလိမ့်မယ်။ အသက်နိယာမက အသက်စွမ်းအားကို ဖြစ်ပေါ်စေလိမ့်မယ်။ ဝိညာဉ်နိယာမကတော့ ကမ္ဘာငယ်ထဲက နိယာမတွေကို ပိုပြီး ထိန်းချုပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူက နိယာမမျိုးစေ့များကို ကမ္ဘာငယ်ထဲသို့ ထည့်လိုက်သည်။
" ဆက်ပြီးကျင့်ကြံရမယ်။ ကောင်းကင်ဘုံက နောက်ထပ်လူတွေ စေလွှတ်လိမ့်ဦးမယ်။ ပြီးတော့ ကောင်းကင်ဧကရာဇ်ကလည်း နည်းလမ်းတစ်ခုခု သုံးနိုင်တယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ကောင်းကင်ဘုံ၏ တိုက်ခိုက်မှုများက သက်ရောက်မှုမရှိလျှင် သူတို့က အခြားနည်းလမ်းများကို အသုံးပြုပေလိမ့်မည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံခြင်းနယ်မြေတွင် လူပေါင်းသုံးသိန်းကျော် ကျင့်ကြံနေကြသည်။ ကျောက်ဖုန်းက ကောင်းကင်တာအိုအာဏာကို သုံးပြီး စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သောကြောင့် ကျင့်ကြံသူများစွာ အဆင့်တက်နိုင်ခဲ့သည်။ ချင်က သူတို့၏ အင်အားကို တိုးမြှင့်ရန် အချိန်နှင့်အမျှ ကြိုးစားနေကြသည်။
ကောင်းကင်ဘုံတွင် ကောင်းကင်ဧကရာဇ်၏ အမိန့်အတိုင်း ကောင်းကင်စစ်သည်တစ်သိန်းက စုစည်းနေကြပြီး လူသားဘုံကို ချီတက်ရန် ပြင်ဆင်နေကြစည်။
သို့သော် မြေကြီးအင်မော်တယ်ဘုံအတွင်း အင်မော်တယ်များနှင့် နတ်ဘုရားများကို တိုက်ခိုက်မည့် မမြင်ရသော အဆိပ်များက လျင်မြန်စွာ ပျံ့နှံ့နေသည်။ အဆိပ်က သက်ရောက်မှုမရှိသေးသော်လည်း အဓိကက အချိန်သာလိုအပ်သည်။ အင်မော်တယ်လူသားအဆိပ် ပေါက်ကွဲလာလျှင် ကောင်းကင်ဘုံနှင့် ဗုဒ္ဓဂိုဏ်းက အရင်ဆုံးခံရမည်ဖြစ်သည်။
ချင်အင်ပါယာ၊ ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ် စစ်သေနာပတိချုပ်တွေရဲ့ အစီအရင်ခံစာတွေကို ရရှိထားပါပြီ။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ရင်ကျန့်ကလည်း ဝမ်ကျန့်၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
" အခု စစ်ဆင်ရေးစတာ တစ်နှစ်ပြည့်ပါပြီ။ ညီလာခံမတိုင်ခင် စစ်သေနာပတိချုပ်တုဆွေက သတင်းပို့လာပါတယ်။ အနောက်ဘက်အစွန်ဆုံးက နောက်ဆုံးကျန်တဲ့ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ကျွန်တော်မျိုးတို့ ချင်က အပြည့်အဝ သိမ်းပိုက်လိုက်ပါပြီ။ အရှေ့ပင်လယ်ကနေ မြောက်ဘက်ထိ တောင်ပင်လယ်ကနေ အနောက်ဘက်ထိ အားလုံးကို ချင်က သိမ်းပိုက်လိုက်ပါပြီ။ ကောင်းကင်အောက်က မြေပြင်အားလုံးက ချင်ရဲ့ နယ်မြေတွေဖြစ်ပြီး လူသားဘုံကို ချင်က သိမ်းပိုက်လိုက်ပါပြီ။ ကျွန်တော်မျိုးတို့ ချင်က ကမ္ဘာကြီးကို စုစည်းလိုက်ပါပြီ။ ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ကမ္ဘာကြီးကို စုစည်းနိုင်တဲ့အတွက် ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး အော်ဟစ်လိုက်ကြသည်။
ရင်ကျန့်က ပြုံး၍ ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ဝန်ကြီးတို့ ငါတို့ ကမ္ဘာတစ်ခုလုံးကို စုစည်းနိုင်ခဲ့တယ်။ တစ်ချိန်တုန်းက ငါတို့က နိုင်ငံခြောက်ခုကို ဖျက်ဆီးပြီး ကမ္ဘာကို စုစည်းဖို့ ရည်ရွယ်ခဲ့တယ်။ ငါတို့ထင်ခဲ့တာ ရှန်ကျိုးက ကမ္ဘာဖြစ်ပြီး ကမ္ဘာက ရှန်းကျိုးဖြစ်တယ်။ ငါတို့အမြင်က ရှန်းကျိုးမျဖာပဲ ကန့်သတ်ခဲ့တယ်။ နောက်တော့ နိုင်ငံခြောက်ခုကို ဖျက်ဆီးပြီး သမိုင်းမှာ ပထမဆုံးလူဖြစ်လာပြီလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ငါ အိမ်ရှေ့စံမင်းသားကို ခန့်အပ်ပြီးတဲ့နောက်မှာ သူ့ကြောင့်ပဲ ငါ့ရဲ့ အမြင်တွေ ကျယ်ပြန့်လာခဲ့တယ်။ အဲ့ဒီနောက်မှာ ရှန်းကျိုးဆိုတာ ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာဖြစ်ပြီး ကမ္ဘာကြီးက ကျယ်ပြောတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့်...."
" ဒီနေ့မှာတော့ ငါ ကောင်းကင်အောက်က လူအားလုံးကို ပြောလိုက်မယ်။ ငါ့ရဲ့ ချင်ဟာ ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့ပြီ။ ဒီနေ့ကစပြီး ကမ္ဘာဆိုတာ ချင်ပဲ၊ ချင်ဆိုတာ ကမ္ဘာပဲ။ "
အရာရှိအားလုံးက လေးစားမှုများဖြင့် ဦးညွှတ်လိုက်ကြသည်။ " ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ "
" ကမ္ဘာကြီးကို စုစည်းပြီးသွားပြီဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်ရှေ့စံမင်းသားနဲ့ ငါ စခန်းအသီးသီးအတွက် ကိစ္စအတော်များများ ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒါတွေကို အကောင်အထည်ဖော်ရမယ့်အချိန်ရောက်ပြီ။ " ရင်ကျန့်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် စစ်ရေးစွမ်းဆောင်မှုစနစ်ကို ပြောင်းလဲတော့မှာလား။ " ဝမ်ကျန့်က ချက်ချင်း နားလည်သွားသည်။
" လူသားဘုံကို စုစည်းပြီးသွားပြီဆိုတော့ ငါတို့ ချင်အနေနဲ့ ပြောင်းလဲမှုတွေ လုပ်ရတော့မယ်။ ချင်က အနာဂတ်မှာ သာမန်လူတွေကို ရင်ဆိုင်ရမှာမဟုတ်ဘဲ အင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေကို ရင်ဆိုင်ရမှာ။ ချင်စစ်တပ်က ကောင်းကင်စစ်သည်တွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ဒီနေ့ကစပြီး သိုင်းတာအိုအမြစ် အလယ်အလတ်အဆင့်ရှိတဲ့သူတွေ စစ်မှုထမ်းရမယ်။ အဆင့်မြင့် သိုင်းတာအိုအမြစ်ရှိတဲ့သူတွေကို အထူးလေ့ကျင့်ပေးရမယ်။ စစ်တပ်၊ အင်ပါယာကျောင်းတော် အားလုံးကို ဒီနည်းလမ်းအတိုင်း ဆောင်ရွက်ရမယ်။ သိုင်းတာအိုအမြစ် အလယ်အလတ်အဆင့်အောက်တွေကတော့ စစ်တပ်ထဲ မဝင်ရဘူး။ ဒါပေမယ့် အင်ပါကျောင်းတော်မှာ ကျင့်ကြံခွင့်ရှိတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
သိုင်းတာအိုအမြစ်ကို အဆင့်သုံးဆင့်ရှိပြီး အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ ရှိသည်။ ထို့အပြင် ဟောက်ထျန်းစိတ်ဝိညာဉ်ခန္ဓာ၊ ရှန်ထျန်းစိတ်ဝိညာဉ်ခန္ဓာ၊ တာအိုခန္ဓာ စသည့်ခန္ဓာကိုယ်များလည်း ရှိသေးသည်။ သို့သော် ၎င်းတို့က အလွန်ရှားသည်။
" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်စပါ။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ရှောက်ဖူ အခု စစ်တပ်နဲ့ အင်ပါယာကျောင်းတော်မှာ ဆရာသခင်အဆင့်အထက် သိုင်းတာအိုကျင့်ကြံသူ ဘယ်လောက်ရှိလဲ။ ချီသန့်စင်ခြင်းအဆင့်အထက် အင်မော်တယ်ကျင့်ကြံသူနှင့် ဗုဒ္ဓကျင့်ကြံသူဘယ်လောက်ရှိလဲ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဧကရုဇ်မင်းမြတ် ကျွန်တော်မျိုးတို့ ချင်မှာ လန်ထျန်း၊ ဟန်ကု၊ မြောက်ဘက်နယ်စပ်၊ မြောက်ဘက်ခံတပ်နဲ့ ဝူအန်း စခန်းငါးခုရှိပါတယ်။ သူတို့ထဲမှာ စစ်သည် ၃၅၀၀၀၀က ဆရာသခင်အဆင့်ကို ရောက်နေပါပြီ။ မဟာဆရာသခင်အဆင့်က ၂၈၀၀၀ ယောက်၊ ရှန်းထုံအဆင့်က ၃၇၅၈ ယောက်၊ ကောင်းကင်ဖြစ်စဉ်အဆင့်က ၃၀၀ ကျော်ရောက်ရှိသွားပါပြီ။ "
" အင်မော်တယ်လမ်းစဉ်က သိုင်းတာအိုလမ်းစဉ်ထက် ပိုခက်ခဲပါတယ်။ စစ်တပ်နဲ့ အင်ပါယာကျောင်းတော်မှာ ချီသန့်စင်ခြင်းအဆင့်က ၁၇၀၀၀၀ ရှိပါတယ်။ စိတ်ဝိညာဉ်သန့်စင်ခြင်းက ၁၁၀၀၀ နဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်က ၁၅၀၀ ပဲရှိပါတယ်။ ဗုဒ္ဓကျင့်ကြံသူတွေက ဉာဏ်အလင်းကို အဓိကထားတာမလို့ သးတို့အရေအတွက်က အင်မော်တယ်ကျင့်ကြံသူတွေထက် နည်းပါတယ်။ ဗုဒ္ဓလမ်းစဉ်မှာ ၁၀၀၀၀ က ချီသန့်စင်ခြင်းအဆင့်ကို ရောက်ပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်က ၁၀၀ ကျော်လောက်ပဲ ရှိပါတယ်။ "
" ကျွန်တော်မျိုးတို့ ချင်က ကျင့်ကြံခြင်းကို ဖြန့်ဝေခဲ့တာ ခြောက်နှစ်ပဲရှိပါသေးတယ်။ ချင်ရဲ့ ဒီနေ့အင်အားက အိမ်ရှေ့စံမင်းသားရဲ့ ကျင့်ကြံခြင်းနယ်မြေကြောင့် ဒီရလဒ်တွေ ထွက်လာတာပါ။ " ယွီလျောင်က ရိုသေစွာ ပြောလိုက်သည်။
ထိုအရေအတွက်က သာမန်အင်မော်တယ်အဆင့်ကို ရင်ဆိုင်ရလျှင် ရင်ကျန့်က ယုံကြည်မှုရှိသော်လည်း ချင်က အင်မော်တယ်အဆင့်ထက် သာလွန်သော နတ်ဘုရားများနှင့် ဗုဒ္ဓများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ချင်၏ အင်အားက များစွာ တိုးတက်လာသော်လည်း မလုံလောက်သေးပေ။
" မလုံလောက်သေးဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။
" ဧကရာဇ်မင်မြတ် ချင်ရဲ့ အင်အားကို ပိုပြီးတိုးတက်စေချင်ရင် ကျင့်ကြံခြင်းနယ်မြေရဲ့ သတ်မှတ်ချိန်ကို ပိုတိုးရပါမယ်။ " ယွီလျောင်က ထပ်ပြောလိုက်သည်။
" လွန်ခဲ့တဲ့ တစ်နှစ်က အိမ်ရှေ့စံမင်းသားက ကျင့်ကြံမှုတိုးတက်စေဖို့ ဆေးလုံးငါးထောင်ပေးခဲ့တယ်။ ဆေးလုံးရဲ့ စွမ်းအားကို သန့်စင်လိုက်ရင် သိုင်းတာအိုနတ်အသွင်အဆင့်နဲ့ ဟင်းလင်းပြင်ပြန်ခြင်းအဆင့်ကို ရောက်ရှိနိုင်တယ်။ ကျင့်ကြံခြင်းနယ်မြေကိုတော့ ခြောက်လတစ်ကြိမ်ပဲလုပ်မယ်။ အရေအတွက်ကို ငါးသိန်းအထိ တိုးမြှင့်မယ်။ စည်းမျဉ်းကတော့ အရင်အတိုင်းပဲ။ ရှန်ထျန်းအဆင့်ကို ရောက်ပြီးတဲ့သူတွေပဲ ဝင်ရမယ်။ " ရင်ကျန့်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ခမည်းတော် ဒီနေ့ ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့ပြီ။ ဒါက ချင်အတွက် ဝမ်းသာစရာကိစ္စပါ။ သားတော်တို့ ပြည်သူတွေနဲ့အတူ ဂုဏ်ပြုသင့်ပါတယ်။ " ခန်းမအပြင်ဘက်မှ ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။ ရင်ကျန့်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " ဝန်ကြီးအားလုံးက ဦးညွှတ်လိုက်ကြသည်။
" ဖုန်းအာပြောတာမှန်တယ်။ ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့တာက ချင်အတွက် ဂုဏ်ယူစရာပဲ။ ငါ့ရဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်ပါ။ ကမ္ဘာတစ်ဝန်းက စပါးခွန်ကို ၂၀ ရာခိုင်နှုန်း လျှော့ချမယ်။ ဟွာရှနဲ့ ကျူးလီ မျိုးနွယ်စုတွေကိုတော့ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်။ အခြားမျိုးနွယ်စုတွေကိုတော့ ၅၀ ရာခိုင်နှုန်း ကောက်ခံမယ်။ ဒါက ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့တဲ့အတွက် ပြည်သူတွေအားလုံးကို ဂုဏ်ပြုတာပဲ။ " ရင်ကျန့်က ချက်ချင်း ကြေညာလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ကမ္ဘာတစ်ဝန်းတွင် ဝိညာဉ်စပါးများ ပျံ့နှံ့နေပြီး ချင်၏ ဘဏ္ဍာတိုက်ကလည်း ပြည့်လျှံနေပြီဖြစ်သောကြောင့် အခွန်လျှော့ချခြင်းက ဘာဆိုးကျိုးမှ မရှိပေ။
" ခမည်းတော် ကျင့်ကြံမှုကို ဖြန့်ဝေခဲ့တာ ခြောက်နှစ်ရှိပြီ။ သားတော်တို့ ဟွာရှနဲ့ ကျိုးလီအပြင် အခြားမျိုးနွယ်စုတွေကိုလည်း သိုင်းတာအို ကျင့်ကြံခွင့်ပေးသင့်တယ်။ " ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ အရာရှိအားလုံးက ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်ကြသည်။
" ဖုန်းအာ မင်းဘယ်လိုစဉ်းစားထားလို့လဲ။ " ရင်ကျန့်က ချက်ချင်း မေးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့