အခန်း ၅၇၅
Vol. 58 Ch. 575
အခန်း (၅၇၅)
" လူသားဘုံတစ်ခုလုံးက အခု ချင်လက်အောက်ကို ရောက်သွားပြီး ကံကြမ္မာစွမ်းအားကိုလည်း ချင်က ထိန်းချုပ်နိုင်ပါတယ်။ အနာဂတ်မှာ ချင်က ကံကြမ္မာစွမ်းအားကို ပိုသန်မာအေယင် လုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ လူဦးရေအပေါ် မူတည်တယ်။ ဒုတိယက ပြည်သူတွေရဲ့ ကျင့်ကြံမှုအပေါ် မူတည်တယ်။ သားတော်က သိုင်းဘိုးဘေး သိုင်းတာအိုကို အုပ်ချုပ်တယ်။ သိုင်းတာအိုကျင့်ကြံသူတိုင်းက သားတော်ရဲ့ ဖိနှိပ်မှုအောက်မှာ ရှိတယ်။ ဒါကြောင်း တိုင်းတစ်ပါးမျိုးနွယ်စုတွေကိုလည်း သိုင်းတာအိုကျင့်ကြံခိုင်းလို့ရတယ်။ ချင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သူတို့ကိုလည်း အလကားထားလို့မရဘူး။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ယခင် တိုင်းတစ်ပါးမျိုးနွယ်စုများ ကျင့်ကြံပြီးလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို သူက စိုးရိမ်ခဲ့သည်။ သို့သော် သူက သိုင်းတာအိုဘိုးဘေး အထူးစွမ်းရည်ရှိနေပြီဖြစ်သောကြောင့် စိုးရိမ်စရာမလိုတော့ပေ။ သူက တိုင်းတစ်ပါးမျိုးနွယ်စုများ သိုင်းတာအိုကျင့်ကြံခြင်းကို အပြည့်အဝ ထိန်းချုပ်နိုင်သည်။
သိုင်းတာအိုကျင့်ကြံသူပိုများလေ ကျောက်ဖုန်း ပိုင်ဆိုင်သော ကံကြမ္မာစွမ်းအားက ပိုသန်မာလေဖြစ်သည်။ ထို့အပြင် သူက သိုင်းတာအိုကျင့်ကြံသူအားလုံး၏ စွမ်းအားကို ပေါင်းစပ်တိုက်ခိုက်နိုင်သည်။
" ဒါ့အပြင် ငါတို့ချင်က လူသားဘုံမှာပဲ ကန့်သတ်ထားမှာမဟုတ်ဘူး။ ကောင်းကင်ဘုံက ချင်ကို ကျူးကျော်လာပြီး ပြည်သူတွေကို စားသောက်ဖို့ ကြိုးစားရင် အနာဂတ်မှာ ချင်ကလည်း အင်မော်တယ်ဘုံကို သိမ်းပိုက်ပြီး လက်တုန့်ပြန်သင့်တယ်။ အင်မော်တယ်ဘုံမှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မျိုးနွယ်စုတွေ ရှိတယ်။ အနာဂတ်မှာ သူတို့က ချင်ရဲ့ လက်အောက်ကို ဝင်ရောက်လာလိမ့်မယ်။ ချင်တိုးတက်ဖို့ဆိုရင် အားလုံးကို အသုံးချရမယ်။ ဒါပေမယ့် အရာအားလုံးကို ထိန်းချုပ်မှုအောက်မှာပဲ ထားရမယ်။ " ကျောက်ဖုန်းက အရာရှိအားလုံးကို ကြည့်ပြီး ပြောလိုက်သည်။
" ဝန်ကြီးတို့ မင်းတို့ရဲ့ အမြင်ကို လူသားဘုံမှာပဲ ကန့်သတ်မထားနဲ့။ ချင်က အခု ကံကြမ္မာမင်းဆက်ဖြစ်နေပြီ။ တစ်နေ့ကျရင် ကောင်းကင်ဘုံကို အစားထိုးနိုင်လိမ့်မယ်။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
အရာရှိအားလုံးကလည်း စိတ်လှုပ်ရှားသွားကြသည်။ " ကောင်းကင်ဘုံကို အစားထိုးမယ်။ ဒါဆို ချင်ရဲ့ ဝန်ကြီးတွေကလည်း နတ်ဘုရားတွေ ဖြစ်လာမှာပေါ့။ "
" ချင်က အနာဂတ်မှာ အင်မော်တယ်ဘုံကို သိမ်းပိုက်ပြီး ကောင်းကင်ဘုံကို အစားထိုးမယ်။ ဝန်ကြီးတို့ ကြောက်ကြသလား။ " ရင်ကျန့်က အားမာန်အပြည့်ဖြင့် မေးလိုက်သည်။
" ကျွန်တော်မျိုးတို့က ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားအပေါ် သေတဲ့အထိ သစ္စာရှိပါမယ်။ တစ်နေ့ကျရင် ချင်က အင်မော်တယ်ဘုံကို သိမ်းပိုက်ပြီး ကောင်းကင်ဘုံကို အစားထိုးပါလိမ့်မယ်။ " အရာရှိအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
ရင်ကျန့်က အရာရှိများအားလုံးကို ပန်းတိုင်တစ်ခု သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။ လူသားဘုံကို သိမ်းပိုက်ပြီး အရာရှိများက တာဝန်များ ပေါ့လျော့သွားနိုင်သောကြောင့် မျှော်လင့်ချက်ပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
" တစ်နှစ်ရှိသွားပြီ။ ကောင်းကင်ဘုံက လူသားဘုံကို စစ်သည်တွေ မလွှတ်သေးဘူး။ ဒီတစ်ခေါက် သူတို့က အရေအတွက် ပိုများလိမ့်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ခမည်းတော် လူသားဘုံရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းပြီး အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် စုစည်းလိုက်ပါ။ အင်ပါယာကံကြမ္မာစွမ်းအား ပိုသန်မာလာရင် အရာရှိတွေလည်း ပိုမြန်မြန် ကျင့်ကြံနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်း " ရင်ကျန်၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များပေါ်လာပြီး ကျင့်စဉ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
ကောင်းကင်တွင် အင်ပါယာကံကြမ္မာစွမ်းအားများ စုစည်းလာပြီး အနက်ရောင်ရွှမ်ငှက်ပေါ်လာသည်။ အရွယ်အစား ကျန့် ၄၇၀ ရှိသော နတ်ဝိညာဉ်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
" ကမ္ဘာကို ချင်က ပိုင်ဆိုင်သွားပြီ။ ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာအဖြစ် ပြောင်းလဲမယ်။ " ရင်ကျန့်က အော်ဟစ်လိုက်သည်။
ထို့နောက် လူသားဘုံတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားများက ရွှမ်ငှက်ဆီသို့ စုဝေးလာသည်။ ကံကြမ္မာစွမ်းအားများ ပေါင်းစပ်လာသည်နှင့် ရွှမ်ငှက်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာသည်။
" အင်ပါယာမင်းဆက်အဆင့်ရောက်ရင် ချင်က လူသားဘုံရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး ကံကြမ္မာမင်းဆက်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို အသုံးပြုနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ရွှမ်ငှက်က လျင်မြန်စွာ ကြီးထွားလာပြီး ကျန့် ၈၃၀ တွင် ရပ်တန့်သွားကာ အလယ်အလတ်အဆင့် အင်ပါယာမင်းဆက်သို့ ရောက်ရှိသွားသည်။
" ဒီနေ့ လူသားဘုံတစ်ခုလုံးရဲ့ ကံကြမ္မာစွမ်းအားက ချင်နဲ့ ပေါင်းစပ်လိုက်ပြီ။ " ရင်ကျန့်က ရွှမ်ငှက်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် ဧကရာဇ်တံဆိပ်တော်က သူ၏ လက်ထဲတွင် ပေါ်လာသည်။
" ဧကရာဇ်အမိန့်တော်နဲ့ ချင်အရာရှိတွေနဲ့ စစ်သည်တွေကို အင်ပါယာကံကြမ္မာနဲ့ ကောင်းချီးပေးလိုက်တယ်။ ချင်ရဲ့ အရာရှိတွေက အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းပြီး ရန်သူတွေကို တိုက်ခိုက်နိုင်လိမ့်မယ်။ " ရင်ကျန့်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
" အင်ပါယာကံကြမ္မာစွမ်းနဲ့ ဟွာရှအိုးကိုးလုံးကို အားဖြည့်ပြီး ပြည်နယ်ကိုးခုအကာအကွယ်က ကမ္ဘာတစ်ခုလုံးကို ကာကွယ်ထားမယ်။ " ကျောက်ဖုန်းက အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး ပြည်နယ်ကိုးခုအကာအကွယ်ကို လူသားဘုံတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
မကြာမီ ညီလာခံက ပြီးဆုံးသွားခဲ့သည်။ ခန်းမထဲတွင် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့သာ ကျန်နေခဲ့သည်။
" ဖုန်းအာ မင်း အင်မော်တယ်ဘုံကို သွားဖို့ စီစဉ်နေတာလား။ " ရင်ကျန့်က ကျောက်ဖုန်းကို မေးလိုက်သည်။
" ခမည်းတော် ဘာလို့အဲ့လိုမေးတာလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်မေးလိုက်သည်။
" ခံစားမိလို့ပါ။ " ရင်ကျန့်က ပြန်ဖြေလိုက်သည်။
" ခမည်းတော်ကတော့ ခမည်းတော်ပါပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ခုခံနေရုံနဲ့ သားတော် မကျေနပ်နိုင်ဘူး။ ဒီတစ်ခါ ကောင်းကင်ဘုံတိုက်ခိုက်လာတာကို စောင့်ပြီး သူတို့ကို အကုန်ချေမှုန်းလိုက်မယ်။ ပြီးရင် သားတော် အင်မော်တယ်ဘုံကို ဝင်တိုက်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ပေါ်တင်ကြီးမဟုတ်ပါလုး။ တစ်ဆင့်ချင်သိမ်းပိုက်သွားမှာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ။ " ရင်ကျန့်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" အရင်တုန်းက ချင်က နိုင်ငံခြောက်ခုကို ဘယ်လိုချေမှုန်းပြီး ရှန်းကျိုးကို စုစည်းခဲ့တာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အဝေးကလူနဲ့ မဟာမိတ်ဖွဲ့ပြီး အနီးကလူကို တိုက်ခိုက်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အင်မော်တယ်ဘုံက ကျယ်ပြောပြီး တိုက်ကြီးလေးခုအဖြစ် ပိုင်းခြားထားတယ်။ အဲ့ဒီရဲ့ ထောင့်တစ်နေရာလေးကတောင် လူသားဘုံနဲ့ ယှဉ်နိုင်တယ်။ အင်မော်တယ်ဘုံမှာ လူဦးရေတစ်သောင်းရှိနေပြီး လူဦးရေကလည်း အဆုံးမရှိဘူး။ သားတော်က အရင်ဆုံး ရှုပ်ထွေးနေတဲ့ တိုက်ကြီးတစ်ခုကို ရွေးချယ်ပြီး သိမ်းပိုက်မယ်။ ပြီးရင် ကံကြမ္မာစွမ်းအားကို စုစည်းပြီး သန်မာအောင် လုပ်ရမယ်။ ချင်ရဲ့ နယ်မြေကို အင်မော်တယ်ဘုံမှာ တည်ဆောက်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ရင်ကျန့်က ဘာမှမပြောသော်လည်း သူ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်နေသည်။ သူက သူ၏ သားကို စိုးရိမ်နေသည်မှာ ထင်ရှားသည်။
" ခမည်းတော် စိတ်ချပါ။ သားတော်က အသက်ကို တန်ဖိုးထားတတ်တဲ့သူပါ။ သားတော်က အင်မော်တယ်ဘုံမှာ သေဆုံးသွားရင်တောင် တကယ်မသေနိုင်ပါဘူး။ သားတော်ရဲ့ နတ်ဝိညာဉ်က လူသားတာအိုနဲ့ ပေါင်းစပ်ထားတယ်။ ချင်မပျက်စီးသရွေ့ လူသားတာအိုတည်ရှိနေသရွေ့ သားတော်က မသေနိုင်ပါဘူး။ ပြီးတော့ သားတော် ချင်အတွက် ပြင်ဆင်ထားတဲ့ လမ်းကြောင်းတစ်ခုကို ခမည်းတော်ကို ပြမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး သူ၏ နတ်ဘုရားအာရုံက ရင်ကျန့်ကို လွှမ်းခြုံသွားသည်။
ကမ္ဘာငယ်အတွင်း ရင်ကျန့်က ကောင်းကင်တွင် ပေါ်လာသည်။ သူ၏ ရှေ့တွင် မြို့ကြီးတစ်မြို့ရှိနေပြီး လူဦးရေတစ်သန်းကျော် ရှိနေသည်။ ထို့အပြင် ကမ္ဘာငယ်တစ်ခုလုံးတွင် လူဦးရေဆယ်သန်းကျော်ရှိပြီး အားလုံးက ဟွာရှလူမျိုးများ ဖြစ်ကြသည်။
" ဒါက အခြားကမ္ဘာတစ်ခုလား။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။
" ခမည်းတော် ဒါက ချင်ရဲ့ နောက်ဆုံးအရန်နေရာဖြစ်သလို သားတော်တို့ ဟွာရှလူမျိုးတွေရဲ့ နောက်ဆုံးခံတပ်တစ်ခုပဲ။ ဒါက အခြားကမ္ဘာတစ်ခု သားတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ကမ္ဘာတစ်ခုပါ။ ဒီကမ္ဘာက ရှန်းကျိုးလောက် မကြီးသေးပေမယ့် သက်ရှိသန်းပေါင်းများစွာကို လက်ခံထားနိုင်တယ်။ ရှန်းကျိုးရဲ့ တစ်နှစ်က ဒီကမ္ဘာရဲ့ နှစ်ငါးဆယ်နဲ့ ညီမျှတယ်။ " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။
" ကျင့်ကြံခြင်းနယ်မြေက ဒီမှာရှိတာပေါ့။ " ရင်ကျန့်က ချက်ချင်း နားလည်သွားသည်။
" မှန်တယ်။ သားတော်က ဒီကမ္ဘာငယ်ရဲ့ အချိန်ကွာခြားမှုကို အသံချထားတာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒီကမ္ဘာရဲ့ သိုင်းတာအိုတိုးတက်မှာက ရှန်းကျိုးထက်တောင် ပိုသာသေးတယ်။ ရှန်းထုံအဆင့်၊ ကောင်းကင်ဖြစ်စဉ်အဆင့်နဲ့ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်နည်းနည်းတောင်ရှိနေတယ်။ " ရင်ကျန့်က သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ပြောလိုက်သည်။
" သူတို့က ကမ္ဘာငယ်ထဲကို အရင်ဆုံးဝင်လာတဲ့ ယန်ထင်ရဲ့ ဝူချန်တွေပါ။ ဒီကမ္ဘာငယ်ကို ရရှိပြီးတော့ ရှန်းကျိုးက ဒုက္ခသည်တွေကို ခေါ်လာပြီး ယန်ထင်ကို အုပ်ချုပ်ခိုင်းတယ်။ သိုင်းတာအိုဖြန့်ဝေတယ်။ ဆေးဖော်စပ်ခြင်း၊ ရတနာသန့်စင်ခြင်း၊ အစီအရင် အားလုံးကို သင်ကြားပေးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချိန်ကွာခြားမှုပေါ်လာပြီးတဲ့နောက်မှာ ဒီကမ္ဘာရဲ့ လူဦးရေက အလျင်အမြန်တိုးတက်လာပြီး အခုဆို ဆယ်သန်းကျော်သွားပြီ။ " ကျောက်ဖုမ်းက ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့