အခန်း ၅၇၆
Vol. 58 Ch. 576
အခန်း (၅၇၆)
" ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအားက ရှန်းကျိုးထက်တောင် ပိုထူထပ်သေးတယ်။ ထျန်းရွှမ်ကြေးမုံကနေ ဆေးလုံးတွေနဲ့ အရင်းအမြစ်တွေကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်တာ အံ့ဩစရာမရှိပါဘူး။ ချင်ရဲ့ အရင်းအမြစ်အားလုံးက ဒီကလာတာပဲ။ ဖုန်းအာ ချင်က မင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီ။ " ရင်ကျန့်က ခံစားချက်များဖြင့် ပြောလိုက်သည်။
" ဘယ်လိုလုပ်ဝန်ထုပ်ဝန်ပိုးလို့ ခေါ်လို့ရမှာလဲ။ ချင်သာမရှိရင် သားတော်လည်း ဒီအဆင့်ကို ရောက်လာမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ငါဘာလုပ်ပေးရမလဲ။ " ရင်ကျန့်က တိုက်ရိုက်မေးလိုက်သည်။
" အခုလောလောဆယ်တော့ ဘာမှလုပ်စရာမရှိသေးပါဘူး။ အင်မော်တယ်ဘုံကို တိုက်ခိုက်မယ်ဆိုတာကလည်း လုံလောက်တဲ့ စစ်သည်တွေ လိုအပ်သေးတယ်။ ပြင်ဆင်မှုတွေ လုပ်ရဦးမယ်။ ကောင်းကင်ဘုံမှာ တစ်ရက်က လူသားဘုံမှာတစ်နှစ်။ သားတော် စစ်သည်ငါးထောင်ကို ရွေးချယ်ပြီး ကမ္ဘာငယ်ထဲ ဝင်ခိုင်းမယ်။ ရှန်းကျိုးရဲ့ အချိန်နဲ့ နှစ်အတော်ကြာ ကျင့်ကြံပြီးမှ အင်မော်တယ်ဘုံကို သွားမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းရဲ့ အစီအစဉ်အတိုင်းပဲလုပ်ပါ။ မင်းရဲ့ ယောက္ခမကို စစ်သည်ငါးသိန်း စုစည်းခိုင်းပြီး ကမ္ဘာငယ်ထဲ စေလွှတ်လိုက်မယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" ဒါ့အပြင် ခမည်းတော် ကမ္ဘာငယ်ထဲကို ဝင်နိုင်မယ့် ကောင်းကင်တာအိုအာဏာကို ပေးလိုက်မယ်။ ဒါဆို သားတော် အင်မော်တယ်ဘုံရောက်လို့ လူအင်အားလိုရင်လည်း ကမ္ဘာငယ်ထဲကနေ တိုက်ရိုက်ခေါ်သုံးလို့ရတယ်။ "
ကျောက်ဖုန်းက အာကသမျိုးစေ့ကို မရခင် ဝင်ပေါက်ဖွင့်ခွင့်ကို အခြားသူအား မပေးနိုင်ခဲ့ပေ။ အာကာသနိယာမမျိုးစေ့ကို ရရှိပြီးနောက် ကမ္ဘာငယ်က အာကာသနိယာမကို ပိုင်ဆိုင်သွားမှသာ ထိုအခွင့်အာဏာကို ရရှိခဲ့သည်။ ထိုအချက်ကြောင့် ကမ္ဘာငယ်က ပို၍ အသုံးဝင်လာခဲ့သည်။
" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
ကမ္ဘာငယ်မှ ထွက်လာပြီးနောက် ကျောက်ဖုန်းက ရင်ကျန့်ကို ကမ္ဘာငယ်ဖွင့်ခွင့်အာဏာကို ပေးလိုက်သည်။
အိမ်ရှေ့စံနန်းတော်။
" အလယ်အလတ်အဆင့် အင်ပါယာမင်းဆက်ကို ရောက်သွားပြီဆိုတော့ ရွှမ်ငှက်ရဲ့ နောက်ထပ်စွမ်းရည်တစ်ခုကို ရွေးလို့ရပြီ။ " ကျောက်ဖုန်းက ပြန်ရောက်လာပြီးနောက် ထိုအချက်ကို တွေးမိလိုက်သည်။
စစ်သည် - အင်ပါယာကံကြမ္မာစွမ်းအား၏ ကောင်းချီးအောက်တွင် စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားက ၈၀ ရာခိုင်းနှုန်း တိုက်တက်စေသည်။
ရာသီဥတု - အင်ပါယာအတွင်း ရာသီဥတုသာယာပြီး သီးနှံအထွက်နှုန်း ၈၀ ရာခိုင်နှုန်း တိုးတက်စေမည်။
ကျင့်ကြံမှု - အင်ပါယာအတွင်း ပြည်သူအားလုံး၏ ကျင့်ကြံမှုကို ၈၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။ (ရွေးချယ်ပြီး)
စိတ်ဝိညာဉ် - အင်ပါယာအတွင်း မွေးလာသော ကလေးများ၏ အရည်အချင်းကို ၈၀ ရာခိုင်နှုန်းတိုးမြှင့်ပေးသည်။ (ရွေးချယ်ပြီး)
" ချင်အင်ပါယာအတွင်းမှာ ရာသီဥတုက သာယာနေပြီးသား။ ဒီတစ်ခုကို ထားလိုက်လို့ရတယ်။ ဒါကြောင့် ဒီတစ်ခါ စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအား ၈၀ ရာခိုင်နှုန်းတိုးတက်လာတာကို ရွေးချယ်မယ်။ ငါကိုယ်တိုင် စစ်တပ်ကို ဦးမဆောင်ရင်တောင် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးနိုင်တယ်။ " ကျောက်ဖုန်းက စစ်သည်ကို ရွေးချယ်လိုက်သည်။
စစ်သည်များအပြင် ကျင့်ကြံမှုကလည်း ချင်နယ်မြေအတွင်းမှ ပြည်သူများ၏ ကျင့်ကြံမှုကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သည်။ ပို၍ အရေးပါသည်မှာ မွေးကင်းစကလေးများ၏ ကျင့်ကြံမှုအရည်အချင်းကို ၈၀ ရာခိုင်နှုန်း တိုးမြှင့်ပေးခြင်းဖြစ်သည်။ နောင်တစ်ချိန်တွင် ချင်အင်ပါယာအတွင်း မွေးဖွားလာသော ကလေးတိုင်းက ကျင့်ကြံနိုင်မည်ဖြစ်သည်။
" ဆုလာဘ်တွေ ရယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ချင်က အင်ပါယာမင်းဆက်အဖြစ်သို့ တက်လှမ်းပြီး အဆင့်ခြောက်ရတနာသေတ္တာကို ရရှိပါတယ်။ လူသားတာအို၏ တုန့်ပြန်မှု စွမ်းရည်အားလုံး ၅၀၀၀၀၀ မှတ်ရရှိပါတယ်။ ရယူလိုပါသလား။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
ထိုမျှများပြားသော စွမ်းရည်မှတ်များကို ကျောက်ဖုန်းက အံ့ဩခြင်းမရှိပေ။ ကံကြမ္မာမင်းဆက်အဆင့်တက်တိုင်း ကြီးမားသော ဆုလာဘ်များကို ရရှိသည်။ ချင်က အင်ပါယာမင်းဆက်ဖြစ်နေပြီး နောက်တစ်ဆင့်တက်လျှင် လူသားဘုံ၏ အထွတ်အထိပ်ဖြစ်သော ကောင်းကင်မင်းဆက်အဆင့်သို့ ရောက်မည်ဖြစ်သည်။ ကံကြမ္မာမင်းဆက်အဆင့်တက်တိုင်း ကျောက်ဖုန်းက လူသားတာအိုမှ ပေးသော စွမ်းရည်များကို ရရှိနိုင်သည်။
" ရယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက သူ့ဆီသို့ ရောက်လာပြီး ကိုးဆင့်ပြောင်းလဲခြင်းသိုင်းတာအိုကျင့်စဉ်က စတင်လည်ပတ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ စွမ်းရည်များက လျင်မြန်စွာ တိုးတက်လာသည်။
ကျင့်စဉ်ကို တစ်ရက်ကျင့်ကြံခြင်းကလည်း သူ၏ စွမ်းရည်များကို ၃၀၀ တိုးတက်စေသည်။ တစ်နှစ်ကျင့်ကြံပြီးနောက် သူ၏ စွမ်းရည်များက တစ်သိန်းကျော် တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် စွမ်းရည်အားလုံးက ကျောက်ဖုန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ဖရိုဖရဲနိယာမစွမ်းအားများ စီးဆင်းလာပြီး ဓာတ်ငါးမျိုး၊ အချိန်၊ အာကာသ၊ မိုးကြိုး၊ ဝိညာဉ်၊ အသက် နိယာမမျိုးစုံက လည်ပတ်နေသည်။ ထို့အပြင် သူ၏ ရုပ်ခန္ဓာကလည်း ကြောက်စရာကောင်းအောင် တိုးတက်လာသည်။
နာမည် - ကျောက်ဖုန်း
အသက် - ၃၇ နှစ်
အထူးစွမ်းရည်....
နိယာမယွမ်စွမ်းအား - ၈၁၃၄၅၃ မှတ်
အစစ်အမှန်နဂါးစွမ်းအား - ၈၀၅၅၆၀ မှတ်
နတ်ဘုရားအလင်း - ၈၀၄၃၄၅ မှတ်
ဟောက်ထျန်းတာအိုခန္ဓာ - ၈၀၃၉၄၅ မှတ်
နတ်ဘုရားအာရုံ - ၈၁၂၃၄၅ မှတ်
နိယာမမူလစိတ်ဝိညာဉ် - ၈၃၈၅၄၇ မှတ်
သက်တမ်း - ၂၀၀၈၆၄ နှစ်
ကုသိုလ် - ၅၀၂၃၀၄ မှတ်
ကံကြွေး - ၁၀၂၀၃ မှတ်
သိုလှောင်နေရာ - ၈သန်း ကုဗမီတာ
ကျင့်စဉ် - ကိုးဆင့်ပြောင်းလဲခြင်းသိုင်းတာအိုကျင့်စဉ်
" စွမ်းရည်အားလုံး ရှစ်သိန်းကျော်သွားပြီး တစ်သန်းရောက်ရင်တော့ အဆင့်တစ်ခု မြင့်တက်သွားလိမ့်မယ်။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ မဟာရွှေအင်မော်တယ်ကိုတောင် အလွယ်တကူ သတ်နိုင်တယ်။ ခြေတစ်လှမ်းနဲ့ မိုင်ရှစ်သိန်းရောက်နိုင်တော့ ကျွမ်းတစ်ချက်ပစ်ရင် မိုင်တစ်သိန်းကျော်ရောက်နိုင်တဲ့ ကျွမ်းပစ်တိမ်တိုက်က ဟာသတစ်ခု ဖြစ်သွားပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
" စွမ်းရည်အားလုံး ရှစ်သိန်းကျော်သွားပြီး အဆင့်ခြောက်ရတနာသေတ္တာငါးလုံးကို ရရှိပါတယ်။ " စနစ်မီ အသိပေးချက် ထွက်ပေါ်လာသည်။
" ဒီငါးလုံးနဲ့ဆို ရတနာသေတ္တာခြောက်လုံးဖြစ်သွားပြီ။ ကဲ ဆုကြီးတွေပေါက်စမ်း။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ရတနာသေတ္တာများကို ဖွင့်လိုက်သည်။
" အဆင့်ခြောက်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "
" ဟောက်ထျန်းအဆင့် အဆင့်မြင့် ကိုးဆင့်အနက်ရောင်ကြာပန်းကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် အဆင့်နိမ့် အင်မော်တယ်ချည်နှောင်ခြင်းကြိုးကို ရရှိပါတယ်။ "
" ဟောက်ထျန်းအဆင့် အဆင့်မြင့် ကိုးဆင့်အနီရောင်ကြာပန်းကို ရရှိပါတယ်။ "
" နတ်စွမ်းရည် ကောင်းကင်လျို့ဝှက်ချက်များကို တွက်ချက်ခြင်းကို ရရှိပါတယ်။ "
" ရှန်ထျန်း အဆင့်နိမ့် စိတ်ဝိညာဉ်ရတနာ နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ရရှိပါတယ်။ "
" အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "
" ဒါက တကယ်ကို ကိုးဆင့်ကြာပလ္လင်ကို ဖျက်ဆီးလိုက်တာပဲ။ အရင်က အစိမ်းရောင်ကြာပန်းရတယ်။ အခု အနက်ရောင်ကြာပန်းနဲ့ အနီရောင်ကြာပန်းထပ်ရတယ်။ ဒီလိုသာ ဆက်ပြီးတိုးတက်လာရင် တလျိုရွှေအင်မော်တာ်တွေတောင် ငါ့ရဲ့ ကာကွယ်ရေးကို ထိုးဖောက်ဖို့ ခက်လိမ့်မယ်။ ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ အင်မော်တယ်ချည်နှောင်ကြိုး ဒါက တကယ်အစစ်ပဲ။ ပြီးတော့ ဒီနတ်ဆိုးချုပ်နှောင်မျှော်စင်က ရှန်ထျန်းအဆင့်ရောက်နေတော့ အင်မော်တယ်ဘုံထဲဝင်တဲ့အခါအသုံးဝင်လိမ့်မယ်။ အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြော မဆိုးဘူး။ ဒါကို ကမ္ဘာငယ်ထဲက ကျင့်ကြံခြင်းနယ်မြေမှာ သုံးလို့ရတယ်။ " ကျောက်ဖုန်းက အကျိုးအမြတ်များကို စစ်ဆေးနေသည်။
ကောင်းကင်ဘုံ၊ တောင်ဘက်ကောင်းကင်တံခါး။
ကောင်းကင်ဧကရညဇ်၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူ၏ ရှေ့မှ တိမ်တိုက်များပေါ်တွင် ကောင်းကင်စစ်သည်တစ်သိန်းက စုဝေးနေကြသည်။ သူတို့က အင်မော်တယ်ဘုံမှ နတ်ဆိုးများကိ နှိမ်နင်းလာသူများဖြစ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေသည်။ ထိုစစ်သည်တစ်သိန်းထဲတွင် ကောင်းကင်အင်မော်တယ် ၁၀၀၀၊ ရွှေအင်မော်တယ် ၁၀၀နှင့် မဟာရွှေအင်မော်တယ်တစ်ယောက် ပါဝင်သည်။
" ဧကရာဇ်မင်းမြတ် စစ်သည်တစ်သိန်းကို စုစည်းပြီးပါပြီ။ အောက်ဘုံကို ဆင်းပြီး လူသားတွေကို ချေမှုန်းဖို့ အဆင်သင့်ပါပဲ။ " မဟာရွှေအင်မော်တယ်က ပြောလိုက်သည်။
" ဝမ်လင်းကွမ်း မင်းရဲ့ ကျင့်ကြံမှုက သန်မာတယ်။ လူသားဘုံက မင်းရဲ့ စွမ်းအားကို မခံနိုင်ဘူး။ မင်းတိုက်ခိုက်ပြီးရင် လူသားဘုံမှာ ကြာကြာမနေနဲ့။ မင်းကို နတ်ဆိုးနှိမ်နင်းဓားကို ပေးလိုက်မယ်။ မင်း တစ်ချက်တည်းနဲ့ အဲ့ဒီနတ်ဆိုးကို ဖျက်ဆီးပစ်ရမယ်။ " ကောင်းကင်ဧကရာဇ်က ဝမ်လင်းကွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို စိတ်မပျက်စေရပါဘူး။ ဒီခရီးစဉ်က ချင်ကို ချေမှုန်းနိုင်မှာပါ။ ကောင်းကင်ဘုံကို တားဆီးသူတိုင်း သေရမယ်။ " ဝမ်လင်းကွမ်းက နတ်ဆိုးနှိမ်နင်းဓားကို ကိုင်ပြီး လေးနက်စွာ ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်က ခေါင်းညိမ့်ပြီး ခွန်လွန်ကြေးမုံကို ထုတ်လိုက်သည်။ သူက အင်မော်တယ်စွမ်းအားများဖြင့် ကြေးမုံကို ဟင်းလင်းပြင်ထဲသို့ ပစ်လွှတ်ပြီး အာကာသလမ်းကြောင်းကို ဖွင့်လိုက်သည်။
" ကောင်းကင်စစ်သည်တို့ တက်ကြ။ " ဝမ်လင်းကွမ်းက အာကာသလမ်းကြောင်းကို ညွှန်ပြပြီး အော်ဟစ်လိုက်သည်။
စစ်သည်တစ်သိန်းက တပ်မှူးများ၏ ဦးဆောင်မှုအောက်တွင် အာကာသလမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် ကောင်းကင်ဧကရာဇ်က သူ၏ စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီး အာကာသလမ်းကြောင်းလည်း ပိတ်သွားသည်။
" ဒီတစ်ခါ ဘာအမှားအယွင်းမှ မဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ " ကောင်းကင်ဧကရာဇ်က ရေရွတ်လိုက်သည်။
" ဧကရာဇ်မင်းမြတ် ဒီတစ်ခါ ကျွန်တော်မျိုးတို့ ချင်အင်ပါယာကို သေချာပေါက် ချေမှုန်းနိုင်မှာပါ။ " လီကျင်းက ရိုသေစွာ ပြောလိုက်သည်။
လီကျင်း၏ ဘေးတွင် လှံရှည်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က သူ့ကို မုန်းတီးစွာ ကြည့်နေသည်။ သို့သော် လီကျင်း၏ လက်ထဲမှ မျှော်စင်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပေါ်လာသည်။
" အဲ့လိုပဲ မျှော်လင့်ရမှာပဲ။ " ကောင်းကင်ဧကရာဇ်က လက်ဝှေ့ရမ်းပြီး လင်းရှောင်နန်းတော်သို့ ပြန်သွားရန် လှည့်လိုက်သည်။
" ဒီတစ်ခါ လူသားဘုံကို မချေမှုန်းနိုင်ရင်တော့ လူသားဘုံမှာ မဟာတန်ခိုးရှင်တစ်ယောက်ရှိတာ သေချာသွားပြီ။ ဒါဆို လူသားဘုံကို ဖြေရှင်းဖို့ ခက်လိမ့်မယ်။ အဲ့လိုသာဆိုရင် အရှင်လောင်ဇီဆီသွားရဦးမှာပဲ။ အခြားနည်းလမ်းမရှိရင် တထာဂတကိုပဲ အကျိုးခံစားခွင့် ပေးရတော့မှာပဲ။ ရှန်းကျိုးကို အင်မော်တယ်ဘုံကို ပြန်ဆွဲခေါ်နိုင်မှ လူသားဘုံကို ထိန်းချုပ်နိုင်လိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က တွေးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့