အခန်း ၅၇၇
Vol. 58 Ch. 577
အခန်း (၅၇၇)
ရှန်းယန်မြို့၏ အထက်တွင် ရုတ်တရက် ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။ ယခင်က တည်ငြိမ်နေသော ကောင်းကင်က ရုတ်တရက် မိုးကြိုးမုန်တိုင်းများ ထွက်ပေါ်လာပြီး အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။ ယခင် မမြင်ရသော ပြည်နယ်ကိုးခုအကာအကွယ်က ထိုစွမ်းအားအောက်တွင် တိုက်ရိုက်ပေါ်လာပြီး ချင်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ချင်ကမ္ဘာတစ်ဝန်းရှိ မရေတွက်နိုင်သော ပြည်သူများက ရုတ်တရက် မဲမှောင်သွားသော ကောင်းကင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ အနက်ရောင်ကောင်းကင်တွင် တိမ်တိုက်များ မိုးကြိုးများ ပြည့်နှက်နေပြီး ၎င်းက ချင်ကမ္ဘာတစ်ဝက်နီးပါးကို လွှမ်းခြုံထားသည်။
ရှန်းယန်မြို့တော်၏ နန်းတော်အတွင်း ရင်ကျန့်က ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ " နောက်ဆုံးတော့ ရောက်လာပြီပေါ့။ "
" ဧကရာဇ်မင်းမြတ် အင်ပါယာတပ်ဖွဲ့ကို အသင့်ပြင်ထားပါပြီ။ " ရန်ရှောင်က လေးနက်သော အမူအရာနှင့် ခန်းမထဲသို့ ဝင်လာသည်။
" အင်မော်တယ်တွေနဲ့ လူသားတွေကြား ကွာဟချက်က အရမ်းကြီးမားတာ ကြိုတင်ပြင်ဆင်ထားလို့ ဘာအသုံးဝင်မှာလဲ။ " ရင်ကျန့်က ရန်ရှောင်ကို တစ်ချက်ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အရည်အချင်းမရှိပါဘူး။ " ရန်ရှောင်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
" အိမ်ရှေ့စံမင်းသားက ဒီတိုက်ပွဲကို ဝင်စွက်ဖက်စရာမလိုဘူးလို့ ပြောထားတယ်။ သူ့ရဲ့ ဆန္ဒအတိုင်း ဖြစ်ပါစေ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ရန်ရှောင်က ရိုသေစွာ ပြန်ပြောလိုက်သည်။
" ဝန်ကြီးတို့ အိမ်ရှေ့စံမင်းသားသာ မရှိရင် ချင်က အကြိမ်ပေါင်းများစွာ ပျက်စီးပြီးသွားပြီ။ အဲ့ဒီကောင်းကင်စစ်သည်တိုင်းက အင်မော်တယ်တွေပဲ။ တစ်ယောက်တည်းဆိုရင်တောင် ချင်ကို ထိခိုက်အောင် လုပ်နိုင်တယ်။ ဝန်ကြီးတို့ ဒီအချက်ကို တွန်းအားတစ်ခုအဖြစ် မှတ်ယူကြပါ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ အစွမ်းကုန် ကျင့်ကြံပါမယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။ ကောင်းကင်စစ်သည်များ ကျူးကျော်လာသည်ကို ဘာမှမကူညီနိုင်ဘဲ ငေးကြည့်နေရခြင်းက သူတို့အတွက် ရှုံးနိမ့်မှုတစ်ခုသာ ဖြစ်သည်။
ကောင်းကင်အထက် ဟင်းလင်းပြင်တွင် မိုးခြိမ်းသံများကြားမှ အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော အင်မော်တယ်စွမ်းအားများက လူသားဘုံသို့ ဆင်းသက်လာသည်။ ကောင်းကင်စစ်သည်တစ်သိန်းက တိမ်တိုက်များပေါ်တွင် စနစ်တကျ ရပ်နေပြီး သူတို့၏ သတ်ဖြတ်လိုစိတ်နှင့် မကောင်းသော သွေးချီများက ပထမအကြိမ် ဝင်ရောက်လာသော စစ်သည်ငါးထောင်ထက် ပိုသန်မာသည်။ ထို့အပြင် သူတို့ထဲတွင် ကောင်းကင်အင်မော်တယ်များနှင့် ရွှေအင်မော်တယ်များလည်း ပုဝင်သည်။
" ဒီလောက်သန်မာတဲ့ ကံကြမ္မာစွမ်းအား။ ဒါပေမယ့် လူသားဘုံမှာ ရွှေအင်မော်တယ်တစ်ယောက်နဲ့ လူသားအင်မော်တယ်နည်းနည်းပဲရှိတာ။ သူတို့က စစ်သည်ငါးထောင်ကို ဘယ်လိုလုပ် ချေမှုန်းနိုင်တာလဲ။ " ဝမ်လင်းကွမ်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ရှန်းယန်အပါအဝင် ချင်နယ်မြေတစ်ဝက်က သူ၏ အာရုံထဲသို့ ရောက်လာသည်။
အင်မော်တယ်ဘုံတွင် ရွှေအင်မော်တယ်တစ်ယောက်က သခင်တစ်ယောက်ကဲ့သို့ သတ်မှတ်သည်။ မဟာရွှေအင်မော်တယ်အဆင့်ရောက်လျှင် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ပြီဖြစ်သည်။ ဝမ်လင်းကွမ်းက ကောင်းကင်ဘုံမှ အစစ်အမှန်နတ်ဘုရားဖြစ်သည်။ နတ်ဘုရားခန့်အပ်ခြင်းတွင် ခန့်အပ်ခံခဲ့ရသောကြောင့် သူ၏ အစစ်အမှန်စိတ်ဝိညာဉ်သာရှိပြီး ရုပ်ခန္ဓာက ကျန်နေခဲ့သည်။ ကောင်းကင်ဧကရာဇ်က သူ့ကို စေလွှတ်ခြင်းမှာ သူက မဟာရွှေအင်မော်တယ်များထဲတွင် သူ၏ စွမ်းအားက အလွန်သန်မာသောကြောင့်ဖြစ်သည်။
" သာမန်ကံကြမ္မာစွမ်းအားအကာအကွယ်တစ်ခုပါပဲ။ ကောင်းကင်ဘုံကို ဆန့်ကျင်နေချင်တုန်းလား။ " ဝမ်လင်းကွမ်းက အေးစက်စွာ ပြုံးလိုက်သည်။ " အကာအကွယ်ကို ဖျက်ဆီးကြ၊ ချင်ကို ချေမှုန်းကြ။ "
" သတ်ကြ " ရွှေအင်မော်တယ်တစ်ရာက သူတို့၏ အော်ရာများကို ထုတ်လွှတ်လိုက်ကြပြီး လူသားဘုံတစ်ခုလုံး တုန်ခါသွားသည်။ ပြည်နယ်ကိုးခုအကာအကွယ်ကလည်း ထိုကြောက်စရာကောင်းသော အင်မော်တယ်စွမ်းအားအောက်တွင် တုန်ခါနေသည်။
ထိုအချိန်တွင် ရှန်းယန်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖြတ်ကာ ကောင်းကင်ဆီသို့ တက်လာသည်။ သူက ကောင်းကင်အထက်တွင် ရပ်ပြီး ကောင်းကင်စစ်သည်တစ်သိန်းကို ရင်ဆိုင်လိုက်သည်။ ကောင်းကင်စစ်သည်များ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများအောင်တွင် ကျောက်ဖုန်းက တည်ငြိမ်စွာ ရပ်နေသည်။
" အင်မော်တယ်လည်းမဟုတ်၊ ဗုဒ္ဓလည်းမဟုတ်၊ နတ်ဘုရားလည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်။ မင်းက ဘယ်သူလဲ။ " ဝမ်လင်းကွမ်းက ကျောက်ဖုန်း၏ အော်ရာကို ချက်ချင်း ခံစားမိလိုက်သည်။
" လူသေတွေက သိစရာမလိုဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ဖြေပြီး လက်ဝှေ့ရမ်းလိုက်သည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားလေးလက်က သူ၏ ရှေ့တွင် ပေါ်လာသည်။
" ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာတွေလား။ " ဝမ်လင်းကွမ်းက မျက်နှာပျက်သွားသည်။ သူက ကျောက်ဖုန်း၏ ရှေ့မှ ဓားလေးလက်၏ အော်ရာကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုသတ်ဖြတ်ခြင်းအော်ရာက ကောင်းကင်ဧကရာဇ်ပေးလိုက်သော နတ်ဆိုးနှိမ်နင်းဓားထက်ပင် ပိုသာနေသည်ဟု ထင်ရသည်။
" နတ်ဆိုးနှိမ်နင်းဓား " ဝမ်လင်းကွမ်းက တုန့်ဆိုင်းခြင်းမရှိဘဲ နတ်ဆိုးနှိမ်နင်းဓားကို မြှောက်ပြီး ကျောက်ဖုန်းကို ခုတ်ပိုင်းလိုက်သည်။ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်စွမ်းအားများ ပါဝင်သော ဓားအလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး ကျောက်ဖုန်းဆီသို့ ရောက်လာသည်။
ထိုတိုက်ခိုက်မှုက လူသားဘုံ၏ ခံနိုင်ရည်အကန့်အသတ်ထိ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ သူက အလွန်သတိကြီးသော လူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။ မဟာရွှေအင်မော်တယ်အဆင့်စွမ်းအားကြောင့် အင်မော်တယ်ဘုံသို့ ပြန်တွန်းမပို့ခင် တစ်ချက်သာ တိုက်ခိုက်ခွင့်ရှိသည်။
သို့သော် ကျောက်ဖုန်းက တုန်လှုပ်ခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကိုးဆင့်အစိမ်းရောင်ကြာပန်းက ပွင့်လန်းလာပြီး ကျောက်ဖုန်းကို ကာကွယ်ထားသည်။ ကြောက်စရာကောင်းသော ဓားအလင်းတန်းကို အစိမ်းရောင်ကြာပန်းက တားဆီးလိုက်ပြီး အစိမ်းရောင်ကြာပန်းက အနည်းငယ်သာ တုန်ခါသွားသည်။
" ကိုးဆင့်အစိမ်းရောင်ကြာပန်း၊ အဆင့်မြင့် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဝမ်လင်းကွမ်းက ကျောက်ဖုန်းက အံ့ဩစွာ ကြည့်လိုက်သည်။
ကျောက်ဖုန်းတွင် ရတနာများ ယခုလောက်ထိ ပိုင်ဆိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ကိုးဆင့်အစိမ်းရောင်ကြာပန်း၏ အကာအကွယ်နှင့်ဆိုလျှင် သူ၏ စွမ်းအားမကုန်ခမ်းသရွေ့ အကာအကွယ်ကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်။ " ကျောက်ဖုန်းက အေးစက်စွာ အော်လိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
နိယာမယွမ်စွမ်းအားများက ဓားလေးလက်ထဲသို့ စီးဝင်သွားပြီး အစီအရင်မြေပုံပေါ်လာသည်။ ဓားလေးလက်က လေထဲသို့ ပျံတက်သွားပြီး အရပ်လေးမျက်နှာသို့ ဦးတည်သွားသည်။ ဓားလေးလက်က မိုင်တစ်ရာကျော်ကို ဝန်းရံသွားပြီး တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ ၎င်းက အတုအယောင် အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်၏ အကန့်အသတ်မဟုတ်ဘဲ ကောင်းကင်စစ်သည်တစ်သိန်းသာ ရှိသောကြောင့်ဖြစ်သည်။ အစီအရင်က ပိုကျဉ်းမြောင်းလေ ဓားစွမ်းအားများက ပိုအားကောင်းလေဖြစ်သည်။
" ဓားအစီအရင်။ ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာတွေနဲ့ ခင်းကျင်းထားတဲ့ ဓားအစီအရင်။ ဒါ ဒါက..." ဝမ်လင်းကွမ်းက ကျောက်ဖုန်းကို လေးနက်စွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်လု ပေါ်လာသည်။ အကြောင်းမှာ သူက ကမ္ဘာလောကကြီးထဲတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားသော ပုဂ္ဂိုလ်တစ်ယောက်ကို သတိရသွားသောကြောင့် ဖြစ်သည်။ အင်မော်တယ်ဘုံ၏ သက်တမ်းအရှည်ဆုံးဖြစ်သော ကောင်းကင်ဘုံက ထိုပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ်မသိဘဲနေမှာလဲ။
အတိတ်တုန်းက သူတော်စင်ခြောက်ပါးထဲတွင် သူတော်စင်တစ်ပါးက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ခင်းကျင်းခဲ့ပြီး နတ်ဘုရားခန့်အပ်ခြင်းတိုက်ပွဲတွင် သူတော်စင်လေးပါး ပူးပေါင်းပြီး မဖျက်ဆီးခဲ့လျှင် အဖြေက အခြားတစ်မျိုး ဖြစ်သွားနိုင်သည်။
ယခု ထိုဓားအစီအရင်ကလည်း ထိုအချိန်က သူတော်စင်၏ ဓားအစီအရင်နှင့် တူညီနေသည်။ အဆုံးမရှိသော ဓားစွမ်းအားများနှင့် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေသည်။ သို့သော် ၎င်းက ဒဏ္ဍာရီထဲမှ အင်မော်တယ်ဓားအစီအရင်အစစ်မဟုတ်သည်ကိုတော့ ဝမ်လင်းကွမ်က သိထားသည်။
" ဒီလူက သူတော်စင်ရဲ့ အမွေကို ရသွားတာလား။ " ဝမ်လင်းကွမ်းက ထိတ်လန့်စွာ တွေးလိုက်သည်။
ထိုအချိန်တွင် ဓားအစီအရင်ထဲမှ ဟင်းလင်းပြင်တစ်ခုလုံးက သတ်ဖြတ်ခြင်းအရှိန်အဝါများအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်မိုးကြိုးများကလည်း သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ဓားအစီအရင်ထဲမှ ကောင်းကင်စစ်သည်များ၏ ဝိညာဉ်များပင် ရှုပ်ထွေးသွားကြသည်။ သူတို့က သဘာဝစိတ်ဝိညာဉ်စွမ်းအားများနှင့် မဆက်သွယ်နိုင်တော့ဘဲ သူတို့၏ အင်မော်တယ်စွမ်းအားများကို ထုတ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများကို ကာကွယ်ထားနေကြသည်။
" အစီအရင်ကို အစွမ်းကုန်တိုက်ခိုက်ပြီး ဖျက်ဆီးကြ။ " ဝမ်လင်းကွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူအော်ဟစ်လိုက်သည်နှင့် ကောင်းကင်စစ်သည်တစ်သိန်းကျော်က သူတို့၏ အင်မော်တယ်စွမ်းအားများကို စုစည်းလိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း....
ကောင်းကင်စစ်သည်တစ်သိန်း ပူးပေါင်းထားသော စွမ်းအားက အလွန်ကြောက်စရာကောင်းလှသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က အင်မော်တယ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများပင် အနည်းငယ် ဖိနှိပ်ခံလိုက်ရသည်။ ထို့နောက် ဓားအလင်းတန်းများနှင့် လှံအလင်းတန်းများ ပေါ်လာပြီး အစီအရင်ကို တိုက်ခိုက်လိုက်ကြသည်။
" ဒီစစ်သည်တွေသာ စစ်ဝိညာဉ်အစီအရင်ကို သိရင် ငါ့ရဲ့ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို တကယ်ထိလိုက်အောင် လုပ်နိုင်လောက်တယ်။ နှမြောစရာပဲ။ မင်းတို့က စစ်တပ်တစ်ခုဆိုပေမယ့် မင်းတို့ဆီမှာ စစ်မှန်တဲ့ စစ်ဝိညာဉ်မရှိဘူး။ " ကျောက်ဖုန်းက ကောင်းကင်စစ်သည်များ၏ တိုက်ခိုက်မှုကို ကြည့်ပြီး ပြုံး၍ ခေါင်းခါလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့