← Chapters

အခန်း ၅၇၈

Vol. 58 Ch. 578

အခန်း ၅၇၈

Vol. 58 Ch. 578

အခန်း (၅၇၈)

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စစ်သည်တစ်သိန်းရဲ့ စွမ်းအားနဲ့တောင် ဒီအစီအရင်ကို မဖျက်ဆီးနိုင်ဘူးလား။ " ဝမ်လင်းကွမ်က မျက်မှောင်ကြုတ်သွားသည်။ စစ်သည်တစ်သိန်း၏ စုပေါင်းစွမ်းအားက မဟာရွှေအင်မော်တယ်အဆင့်ဖြစ်သော သူ့အတွက်ပင် ခုခံရန် ခက်ခဲသည်။

" မင်းတို့တိုက်ခိုက်ပြီးပြီဆိုတော့ ငါ့အလှည့်ပဲ။ " ကျောက်ဖုန်းက သူတို့၏ အံ့ဩမှုကို ဂရုမစိုက်ဘဲ နိယာမယွမ်စွမ်းအားများကို ထုတ်ဖော်ပြီး ဓားအစီအရင်၏ သတ်ဖြတ်ခြင်းအရှိန်အဝါများကို စတင်လှုံ့ဆော်လိုက်သည်။

ကျူးရှန်းဓား၊ လုရှန်းဓား၊ ရှန်းရှန်းဓား၊ ကျွဲရှန်းဓားများမှ ဓားချီများပေါ်လာပြီး အတွင်းမှ ကောင်းကင်စစ်သည်များကို ခုတ်ပိုင်းလိုက်သည်။

" အား... အား..."

ဓားအစီအရင်ထဲတွင် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကောင်းကင်စစ်သည်များက ရုပ်ခန္ဓာမရှိသော်လည်း ဓားချီက သံချပ်ကာများကို ထိုးဖောက်လာသောအခါ သူတို့၏ ဝိညာဉ်များကို နာကျင်စေခဲ့သည်။

" အရင်စစ်သည်ငါးထောင်က တစ်ယောက်မှ ပြန်မလာနိုင်တာ အံ့ဩစရာမရှိပါဘူး။ အကြောင်းရင်းက ဒီဓားအစီအရင်ကြောင့်ပဲ။ ချင်ကို ချေမှုန်းဖို့ဆိုရင် ဒီဓားအစီအရင်ကို မဖြစ်မနေ ဖျက်ဆီးရမယ်။ " ဝမ်လင်းကွမ်းက ထိတ်လန့်စွာဖြင့် တွေးလိုက်သည်။ သူက သူ၏ စွမ်းအားကို ထိန်းချုပ်ခြင်းမရှိဘဲ မဟာရွှေအင်မော်တယ်အဆင့်၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

သူက နတ်ဆိုးနှိမ်နင်းဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ဓားအစီအရင်ကို ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းက လူသားဘုံ၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားသည်။ သို့သော် အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က တည်ဆောက်ပြီးသည်နှင့် ၎င်း၏ ကိုယ်ပိုင်နယ်ပယ်တစ်ခု ဖြစ်သွားသည်ကိုတော့ ဝမ်လင်းကွမ်းမသိခဲ့ပေ။ ထိုဓားချက်က စစ်သည်များ၏ စုပေါင်းတိုက်ခိုက်မှုထက်ပင် အနည်းငယ် အားနည်းနေသေးသည်။ ၎င်းက ဓားအစီအရင်ကို အနည်းငယ်သာ တုန်ခါစေသည်။

ဓားလေးလက်မှ ဓားချီများက အဆက်မပြတ် ထွက်ပေါ်နေပြီး ကောင်းကင်စစ်သည်များ၏ ဝိညာဉ်များက ချက်ချင်း ပျက်စီးသွားသည်။

" အင်မော်တယ်အဆင့် ကောင်းကင်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "

" အင်မော်တယ်အဆင့် ကောင်းကင်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "

" ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "

" ရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀၀ မှတ် ရရှိပါတယ်။ "

ကျောက်ဖုန်းက ဓားအစီအရင်ကို အသုံးပြုပြီး ကောင်းကင်စစ်သည်များကို သတ်ဖြတ်နေချိန်တွင် စနစ်မှ အသိပေးချက်များကလည်း ဆက်တိုက်ထွက်ပေါ်နေသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ရန်သူများကို တစ်စုတစ်စည်းတည်း ချေမှုန်းနိုင်သော အကောင်းဆုံး လက်နက်ဖြစ်သည်။

" ဒီနေ့ ငါပါ ဒီမှာ သေရတော့မှာလား။ ဒီကောင်လေးက တကယ်သန်အာတာပဲ။ သူ့ရဲ့ စွမ်းအားက ဓားအစီအရင်ကို အချိန်အတော်ကြာထိ ထိန်းထားနိုင်တာလား။ " ဝမ်လင်းကွမ်းက ကောင်းကင်စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ကြည့်နေသည်။ ၎င်းက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှူဖြစ်သည်။

" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်နဲ့ ငါ့ရဲ့ ဖရိုဖရဲနိယာမနယ်ပယ်ကို ပေါင်းစပ်လိုက်ရင် ဘယ်လိုဖြစ်လာမလဲ။ " ကျောက်ဖုန်းက ဓားအစီအရင်ကို ကြည့်ပြီး တွေးလိုက်သည်။ သူ၏ နိယာမယွမ်စွမ်းအားများက မကုန်ခမ်းနိုင်အောင် ရှိနေသည်။ ဓားအစီအရင်၏ စွမ်းအားကို အပြင်းအထန် အသုံးပြုလျှင်တောင် သူက ထိန်းချုပ်နိုင်သည်။

" နိယာမနယ်ပယ် " ကျောက်ဖုန်းက နယ်ပယ်ကို အသက်သွင်းပြီး ချက်ချင်း စမ်းသပ်လိုက်သည်။ နယ်ပယ်ပေါ်လာသည်နှင့် သူ၏ ထိန်းချုပ်မှုအောက်တွင် ဘာပြဿနာမှမရှိဘဲ ဓားအစီအရင်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။

" ဒါဆိုရင်တော့ မိုးကြိုး၊ မီး..." ကျောက်ဖုန်းက နိယာမစွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်သည်။

ကောင်းကင်မှ သွေးနီရောင်မိုးကြိုးများ ကျဆင်းလာပြီး စစ်သည်များကို ထိမှန်သွားသည်။ စစ်သည်တစ်သိန်းအတွက် ဓားအစီအရင်က ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူတို့က ဝိညာဉ်များဖြစ်နေလျှင်တောင် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားနေရသည်။ ဓားအစီအရင်ထဲတွင် သေဆုံးသွားလျှင် ကောင်းကင်ဘုံက သူတို့ကို ပြန်အသက်မသွင်းနိုင်တော့ပေ။

ကျောက်ဖုန်း၏ တိုက်ခိုက်မှုအောက်တွင် စစ်သည်တစ်သိန်းက လျင်မြန်သော အရှိန်နှင့် လျော့နည်းသွားသည်။ တစ်နာရီလောက်ကြာပြီးနောက် ဓားအစီအရင်ထဲတွင် ဝမ်လင်းကွမ်းတစ်ယောက်သာ ကျန်နေခဲ့သည်။

" မဟာရွှေအင်မော်တယ် ကောင်းကင်ဘုံက ချင်ကို ဖျက်ဆီးဖို့ တကယ်လုပ်နေတာပဲ။ ဒါပေမယ့် လူသားဘုံက ကောင်းကင်ဘုံရဲ့ ကစားကွင်းမဟုတ်ဘူး။ " ကျောက်ဖုန်းက ဝမ်လင်းကွမ်း၏ ရှေ့သုံး ဆင်းသက်လာပြီး ပြုံးလိုက်သည်။

" မင်းကဘယ်သူလဲ။ လူသားဘုံမှာ ဒီလိုရတနာမျိုးတွေ မရှိနိုင်ဘူး။ မင်းလောက်သန်မာတဲ့သူလည်း မရှိနိုင်ဘူး။ " ဝမ်လင်းကွမ်းက သူ၏ အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်ပြီး ဓားချီများကို ခုခံနေသည်။

" မင်းက သေမှာမကြောက်ဘူးလား။ ကြည့်ရတာ မင်းရဲ့ အစစ်အမှန်ဝိညာဉ်က နတ်ဘုရားခန့်အပ်ခြင်းစာရင်းမှာ မှတ်တမ်းတင်ထားတော့ လူသားဘုံမှာ သေသွားရင်တောင် ပြန်လည်ရှင်သန်လာနိုင်မှာထင်တယ်။ " ကျောက်ဖုန်းက ဝမ်လင်းကွမ်းကို ပြုံး၍ ကြည့်လိုက်သည်။

" နတ်ဘုရားခန့်အပ်ခြင်းကိုတောင် မင်းက သိနေတာလား။ " ဝမ်လင်းကွမ်းက ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။

" ကောင်းကင်ဧကရာဇ်ဆီ ပြန်သွားပြီး ပြောလိုက်။ ချင်ကို ဆန့်ကျင်တဲ့ ပြစ်မှုကို ငါ အကုန်မှတ်ထားတယ်။ တစ်နေ့ကျရင် ချင်က ကောင်းကင်ဘုံကို ချီတက်လာမယ်။ လင်းရှောင်နန်းတော်ကို ဖျက်ဆီးပြီး အဲ့ဒီနေရာမှာ အစားထိုးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောပြီး လက်ဝှေ့ရမ်းလိုက်သည်။ ဓားချီထောင်ပေါင်းများစွာက ကျဆင်းလာပြီး ဝမ်လင်းကွမ်းကို တိုက်ရိုက်သတ်ပစ်လိုက်သည်။

" မဟာရွှေအင်မော်တယ် ဝမ်လင်းကွမ်ကျု သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀၀ ရရှိပါတယ်။ " စနစ်မှ အသိပေးထွက်ပေါ်လာသည်။

" လင်းယွင်ပုလင်း " ကျောက်ဖုန်းက ကောင်းကင်စစ်သည်များ၏ အလောင်းများကို လင်းယွင်ပုလင်းထဲသို့ ထည့်လိုက်သည်။

" စွမ်းရည်တွေ ရယူမယ်။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

ဤတိုက်ပွဲတွင် ကောင်းကင်စစ်သည်တစ်သိန်းကျော်က ကျောက်ဖုန်း၏ ဓားအစီအရင်ထဲတွင် သေဆုံးသွားခဲ့သည်။ ၎င်းက ရက်စက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းက သံချပ်ကာထဲတွင် ပိတ်မိနေသော ဝိညာဉ်များအတွက် လွတ်မြောက်မှုတစ်ခုလည်း ဖြစ်သည်။

ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အော်ရာများ ပေါက်ကွဲထွက်လာသည်။ ယွမ်စွမ်းအားများနှင့် နိယာမများ၏ အရှိန်အဝါများက ဟင်းလင်းပြင်တစ်ခုလုံး လွှမ်းခြုံသွားသည်။ နောက်ဆုံးတွင် ထိုအော်ရာက မိုင်ပေါင်းတစ်သိန်းအထိ ပျံ့နှံ့သွားပြီး လူသားဘုံတစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ဤတိုက်ပွဲတွင် ကျောက်ဖုန်းက ကောင်းကင်စစ်သည်တစ်သိန်းအပြင် ကောင်းကင်အင်မော်တယ်တစ်ထောင်၊ ရွှေအင်မော်တယ်တစ်ရာနှင့် မဟာရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး သူ၏ စွမ်းရည်အားလုံးက အဆမတန် မြင့်တက်သွားခဲ့သည်။

ကြောက်စရာကောင်းသော ဖိအားများက ညီလာခံခန်းမထဲအထိ ရောက်လာပြီး အရာရှိများအားလုံးက မော့ကြည့်လိုက်ကြသည်။

" ဧကရာဇ်မင်းမြတ် ဒီအော်ရာက ကြောက်စရာကောင်းလွန်းတယ်။ အိမ်ရှေ့စံမင်းသား ထိန်းနိုင်ပါ့မလား။ " လွီပုဝေက လေးနက်စွာ မေးလိုက်သည်။

" ကျုံးဖု ဒါက အိမ်ရှေ့စံမင်းသားရဲ့ အော်ရာမှန်းမသိဘူးလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ သူက သူသား၏ အော်ရာကို မသိဘဲမနေပေ။

" ကြည့်ရတာ ဖုန်းအာက ထပ်ပြီး တိုးတက်လာတဲ့ပုံပဲ။ " ရင်ကျန့်က စိတ်သက်သာရာရသွားပြီး ရယ်မောလိုက်သဘ်။

" ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ " အရာရှိအားလုံးက အသိပြန်ဝင်လာပြီး ဂုဏ်ပြုစကား ပြောလိုက်ကြသည်။

" ဖုန်းအာ ခမည်းတော် အခုတော့ မင်းကို မကူညီနိုင်သေးပေမယ့် ဒီအခြေအနေက သိပ်မကြာတော့ပါဘူး။ တစ်နေ့ မင်းနဲ့အတူ တိုက်ခိုက်နိုင်အောင် ခမည်းတော် ကြိုးစားမှာပါ။ " ရင်ကျန့်က စိတ်ထဲမှ ကတိပြုလိုက်သည်။

ကောင်းကင်ထက်တွင် ကျောက်ဖုန်းက ရွှေရောင်အလင်းများ ဖုံးလွှမ်းနေပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၄၀ နှစ်

အထူးစွမ်းရည်....

နိယာမယွမ်စွမ်းအား - ၁၁.၅ သန်း (သိုင်းတာအိုနိယာမသခင်အဆင့် အဆင့်တစ်)

အစစ်အမှန်နဂါးစွမ်းအား - ၁၁.၂ သန်း

နတ်ဘုရားအလင်း - ၁၀.၉ သန်း

ဟောက်ထျန်းတာအိုခန္ဓာ - ၁၁.၀၂ သန်း

နတ်ဘုရားအာရုံ - ၁၁.၂၃ သန်း

နိယာမမူလစိတ်ဝိညာဉ် - ၁၂.၃၄ သန်း

သက်တမ်း - ၄၀၀၈၆၁ နှစ်

ကုသိုလ် - ၂၃၀၂၃၀၄ မှတ်

ကံကြွေး - ၁၀၀၂၀၃ မှတ်

သိုလှောင်နေရာ - အကန့်အသတ်မရှိ

ကျင့်စဉ် - ကိုးဆင့်ပြောင်းလဲခြင်းသိုင်းတာအိုကျင့်စဉ် (အဆင့်ငါးပြောင်းလဲခြင်း)

" စွမ်းရည်အားလုံးက သန်းချီပြီး တိုးတက်လာတာပဲ။ ဒီစွမ်းရည်တွေနဲ့ဆို တလျိုရွှေအင်မော်တယ်​တစ်ယောက်နဲ့ တိုက်ခိုက်နိုင်မလားမသိဘူး။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။ ယခုအချိန်တွင် သူက မည်မျှသန်မာလာသည်ကို မခန့်မှန်းနိုင်သေးပေ။ ယခင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလာသည်မှာ ထင်ရှားသည်။ အဆင့်အားဖြင့် ကြည့်လျှင် သူက ရွှေအင်မော်တယ်အဆင့်ဖြစ်သည်။ သို့သော် သူ၏ စွမ်းအားကို အဆင့်ဖြင့် တိုင်းတာ၍ မရပေ။

သိုင်းတာအိုလမ်းစဉ်က သတ်မှတ်ပြီးသား ဖြစ်သည်။ ရှန်ထျန်း၊ ဆရာသခင်၊ မဟာဆရာသခင်၊ ရှန်းထုံ၊ ကောင်းကင်ဖြစ်စဉ်ဘ ဟင်းလင်းပြင်ချိုးဖျက်ခြင်း၊ သိုင်းတာအိုနတ်အသွင်။ သိုင်းတာအိုက အင်မော်တယ်လမ်းစာည်နှင့် အဆင့်တူလျှင်တောင် ပိုမိုသန်မာပြီး အဆင့်မြင့်သူများနှင့် တိုက်ခိုက်နိုင်သည်။

သိုင်းတာအိုနတ်အသွင်အဆင့်အထက်တွင် သိုင်းတာအိုနိယာမပေါင်းစည်းခြင်းအဆင့်၊ သိုင်းတာအိုနိယာမနယ်ပယ်အဆင့်နှင့် ကျောက်ဖုန်း ယခုရောက်ရှိနေသော သိုင်းတာအိုနိယာမသခင်အဆင့်တို့ ရှိသည်။ သိုင်းတာအိုနိယာမသခင်အဆင့်အထက်တွင် သိုင်းတာအိုဘုရင်အဆင့်၊ သိုင်းတာအိုအရှင်သခင်အဆင့်နှင့် သိုင်းတာအိုမဟာဧကရာဇ်အဆင့်တို့ ရှိသည်။

ထို့အပြင် သူက အဆင့်တစ်ခုကို တက်လှမ်းနေခြင်းသာမက ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ နိယာမ စသည်ဖြင့် ကဏ္ဍအားလုံးကို မြှင့်တင်နေသည်။ ကျောက်ဖုန်းက အသိပြန်ဝင်လာသောအခါ အင်မော်တယ်သတ်ဖြတ်ခြင်း ဓားအစီအရင်ကို သိမ်းဆည်းပြီး ညီလာခံခန်းမသို့ ပြန်သွားခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters