အခန်း ၅၇၉
Vol. 58 Ch. 579
အခန်း (၅၇၉)
" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " အရာရ်ဖိအားလုံးက ကျောက်ဖုန်းကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
" ဖုန်းအာ တိုက်ပွဲက ဘယ်လိုလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ကောင်းကင်စစ်သည်တစ်သိန်းလုံး ချေမှုန်းခံလိုက်ရပြီ။ ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးလည်းပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ခန်းမတစ်ခုလုံးက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
" အရှင်မင်းသားက အင်အားကြီးပါတယ်။ " အရာရှိအားလုံးက ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။
" ကောင်းကင်စစ်သည်တစ်သိန်းလုံး ချေမှုန်းခံလိုက်ရတာဆိုတော့ ကောင်းကင်ဘုံက အနည်းဆုံး ဆယ်နှစ်လောက်တော့ အောက်ဘုံကို စစ်တပ်စေလွှတ်မှာမဟုတ်တော့ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားပြောတာကို မင်းတို့နားလည်တယ်မဟုတ်လား။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး မေးလိုက်သည်။
" စိတ်ချပါ ဧကရာဇ်မင်းမြတ်။ ချင်က ဒီအခွင့်အရေးကို အသုံးချပြီး စွမ်းအားကို မြှင့်တင်ပါမယ်။ အနာဂတ်မှာ ချင်စစ်သည်တွေနဲ့ ပြည်သူတွေက ရန်သူတွေကို သေချာပေါက် တားဆီးနိုင်ပါလိမ့်မယ်။ " ဝမ်ကျန့်က ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ စိတ်မပျက်စေရပါဘူး။ " အရာရှိများက ပြောလိုက်ကြသည်။
" စစ်ဦးစီးချုပ် ငါရွေးချယ်ခိုင်းထားတဲ့ စစ်တပ်ထဲက ကျင့်ကြံမှုအမြင့်ဆုံး စစ်သည်တစ်သိန်းကို ရွေးချယ်ပြီးပြီလား။ " ကျောက်ဖုန်းက ဝမ်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းသား သူတို့ကို ရွေးချယ်ပြီးပါပြီ။ ဒီနှစ်တွေမှာကျင့်ကြံပြီးတဲ့နောက် သူတို့အားလုံးက မဟာဆရာသခင်အဆင့်ကို ရောက်သွားပြီး သက်တမ်းက နှစ်ငါးရာရှိသွားပါပြီ။ သူတို့က သေချာပေါက် အသုံးဝင်မှာပါ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
ယခင်ကတည်းက ကျောက်ဖုန်းက ဝမ်ကျန့်ကို စစ်တပ်ထဲမှ ကျင့်ကြံမှုအမြင့်ဆုံး စစ်သည်တစ်သိန်းကို ရွေးချယ်ခိုင်းထားခဲ့သည်။ ယခု ကောင်းကင်စစ်သည်တစ်သိန်း၏ ဝိညာဉ်အနှစ်သာရကို သုံး၍ ချင်စစ်သည်တစ်သိန်းကို အားကောင်းအောင်လုပ်ပြီး ကျောက်ဖုန်းနှင့်အတူ အင်မော်တယ်ဘုံကို ခေါ်သွားမည်ဖြစ်သည်။
" တပ်မှူးတွေကရော " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" ဒီတစ်ခါ တပ်စခန်းငါးခုကနေ တပ်မှူးတစ်ရာကျော်ကို စုစည်းထားပါတယ်။ တပ်မမှူးတွေက ရှန်းထုံအဆင့်၊ တပ်မှူးတွေက ကောင်းကင်ဖြစ်စဉ်အဆင့်နဲ့ စစ်သူကြီးတွေက ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်ကို ရောက်နေပါပြီ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ကောင်းတယ်။ ဒီစုစည်းမှုက စစ်တပ်ရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘူးမလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" စိတ်ချပါ အရှင်မင်းသား။ ဝိညာဉ်အနှစ်သာရဆေးလုံး သောက်သုံးထားတဲ့ စစ်သည်တွေနဲ့ ကျင့်ကြံသူတွေလည်း စစ်တပ်ထဲမှာ ရှိနေပါသေးတယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" အင်ပါယာဆရာ " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ကွေ့ကူကျိက ပြန်ဖြေလိုက်သည်။
" ကောင်းကင်ဘုံက နတ်ဘုရားကို အနိုင်ယူလိုက်တုန်းက ဓားတစ်လက်ရတယ်။ ဒါက နတ်လက်နက်တစ်ခုဖြစ်လောက်တယ်။ အင်ပါယာဆရာက ဒီဓားကို ယူထားပြီး ကျုပ်ကိုယ်စား ချင်ရဲ့ လူသားဘုံကို ကာကွယ်ပေးပါ။ " ကျောက်ဖုန်းက နတ်ဆိုးနှိမ်နင်းဓားကို ကွေ့ကူကျိအား ပေးလိုက်သည်။
" အဆင့်မြင့် စိတ်ဝိညာဉ်ရတနာ။ ဒါက တကယ်နတ်လက်နက်တစ်ခုပါ။ အရှင်မင်းသား ဒါက တန်ဖိုးကြီးလွန်းပါတယ်။ " ကွေ့ကူကျိက ဓားကို ကြည့်ပြီး ပြောလိုက်သည်။
" ဒီဓားနဲ့ လူသားဘုံကို ကာကွယ်ဖို့ ပေးတာပါ။ အင်ပါယာဆရာ ငြင်းလို့မရဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်ပြီး နတ်ဆိုးနှိမ်နင်းဓားကို ကွေ့ကူကျိအား ပစ်ပေးလိုက်သည်။
" အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းသားကို စိတ်ပျက်အောင် မလုပ်ပါဘူး။ ဒီဓားနဲ့ဆိုရင် ကျွန်တော်မျိုးက မဟာရွှေအင်မော်တယ်ကိုတောင် စိန်ခေါ်နိုင်လောက်ပါတယ်။ " ကွေ့ကူကျိက လေးစားစွာ ပြောလိုက်သည်။
" အရှင်မင်းသား အင်ပါယာဆရာကို လူသားဘုံကို စောင့်ကြပ်ဖို့ ဘာလို့ပြောနေတာလဲ။ အရှင်မင်းသား စီစဉ်ထားတာတစ်ခုခုရှိလို့လား။ " ဟန်ဖေးက တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။
ထိုစကားများကြောင့် အရာရှိများကလည်း ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။
" ချင်က ကမ္ဘာကို မစည်းလုံးခင်ကတည်းက ငါ့ရဲ့ မူဝါဒက ရန်သူတွေလာနိုင်ရင် ငါလည်း သွားနိုင်ရမယ်ဆိုတာပဲ။ ကောင်းကင်ဘုံက ချင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီတစ်ခါ စစ်တပ်ကို ချေမှုန်းလိုက်ပေမယ့် သူတို့ ထပ်လာဦးမှာပဲ။ ချင်ကမ္ဘာငြိမ်းချမ်းဖို့အတွက် ခုခံတာကို တိုက်ခိုက်တဲ့ဘက်ပြောင်းရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းသားက စစ်သည်တစ်သိန်းကို စုစည်းခိုင်းတာ အဲ့ဒါကြောင့်လား။ " ဝမ်ကျန့်က ရုတ်တရက် နားလည်သွားသည်။
" ကောင်းပြီ။ ချန်ဖျင် ငါ ကောင်းကင်စစ်သည်တစ်သိန်းကို ချေမှုန်းပြီး သူတို့ရဲ့ ချပ်ဝတ်နဲ့ လက်နက်တွေ ရထားတယ်။ အဲ့ဒီထဲက ကောင်းကင်ဘုံရဲ့ အမှတ်အသားတွေကို ဖျက်လိုက်ပါ။ ပြီးရင် ကောင်းကင်စစ်သည်တွေရဲ့ လှံတွေကို မိုဓားအဖြစ် လုပ်ပြီး ချပ်ဝတ်တွေကို အနက်ရောင်ပြောင်းလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ချန်ဖျင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဝန်ကြီးတို့ အခြားတင်ပြစရာရှိသေးလား။ " ကျောက်ဖုန်းက အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းသား ကျွန်တော်မျိုးတို့ အရှင်မင်းသားနဲ့အတူ အင်မော်တယ်ဘုံကို လိုက်ချင်ပါတယ်။ " စစ်သေနာပတိချုပ်အချို့က ကျောက်ဖုန်းကို ဦးညွှတ်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်ကြသည်။
" အင်မော်တယ်ဘုံကို သွားဖို့က ငါ စီစဉ်ထားပြီးသားပါ။ အခုတော့ ဝိညာဉ်အနှစ်သာရဆေးလုံးတွေကို အပြည့်အဝ စုပ်ယူပြီး သိုင်းတာအိုနတ်အသွင်အဆင့်ကို ရောက်အောင်လုပ်ကြ။ အဲ့ဒီအဆင့်ရောက်မှ အင်မော်တယ်တွေနဲ့တိုက်ခိုက်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " စစ်သေနာပတိချုပ်များက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
ကောင်းကင်ဘုံ၊ လင်းရှောင်နန်းတော်။
ကောင်းကင်ဧကရာဇ်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ အမူအရာက အေးစက်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်။ ခန်းမထဲတွင် အင်မော်တယ်များနှင့် နတ်ဘုရားများလည်း ရှိနေကြသည်။
ထိုအချိန်တွင် အရာရှိတစ်ယောက်က ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။
" ဧကရာဇ်မင်းမြတ် စစ်သည်တစ်သိန်းရဲ့ ဝိညာဉ်ပြားတွေ ကွဲကြေသွားပြီး ကောင်းကင်ချပ်ဝတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်သွားပါပြီ။ " အရာရှိက စိုးရိမ်တကြီး ပြောလိုက်သည်။
" ဘာ... စစ်သည်တစ်သိန်းလုံး သတ်ခံလိုက်ရတာလား။ ဒီခဏလေးအတွင်းမှာလား။ " လင်းကျင်းက အံ့အားသင့်စွာ ပြောလိုက်သည်။
အင်မော်တယ်များနှင့် နတ်ဘုရားများက မျက်နှာပျက်သွားကြပြီး ကောင်းကင်ဧကရာဇ်၏ အမူအရာကလည်း အေးစက်သွားသည်။ စစ်သည်တစ်သိန်းကို မလွှတ်ခင်ကတည်းက စိုးရိမ်နေခဲ့သော်လည်း ယခုလောက်ထိ မြန်မြန်အဆုံးသတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ ဝိညာဉ်များက ပျက်စီးသွားပြီး ကောင်းကင်ဘုံကို ပြန်မလာနိုင်တော့ပေ။
" ဝမ်လင်းကွမ်းဘယ်မှာလဲ။ " ကောင်းကင်ဧကရာဇ်က ဒေါသကို ထိန်းချုပ်ပြီး မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ဝမ်လင်းကွမ်းက ကျဆုံးသွားပြီး အခု နတ်ဘုရားခန့်အပ်ခြင်းမှာ သူ့ရဲ့ နတ်ခန္ဓာကို ပြန်တည်ဆောက်နေပါတယ်။ " နောက်ထပ်အရာရှိတစ်ယောက်က ရောက်လာသည်။
" ဝမ်လင်းကွမ်းက လူသားဘုံမှာ ကျဆုံးသွားတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" ဝမ်လင်းကွမ်းက မဟာရွှေအင်မော်တယ်အဆင့်တစ်ယောက်ပဲ။ ပြီးတော့ သူနဲ့အတူ နတ်ဆိုးနှိမ်နင်းဓားလည်းပါသွားတယ်။ သူက လူသားဘုံမှာ ဘယ်လိုလုပ်ကျဆုံးသွားတာလဲ။ "
" အရင် သူက ရုပ်ခန္ဓာနဲ့ နတ်ဘုရားခန့်အပ်ခြင်းမှာ စာရင်းသွင်းထားတာဆိုတော့ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံပြီး တိုးတက်နိုင်သေးတယ်။ ဒါပေမယ့် အခု ကျဆုံးသွားတော့ အစစ်အမှန်ဝိညာဉ်နဲ့ ပြန်တည်ဆောက်ပြီး အခြားနတ်ဘုရားတွေလို ပူဇော်မှုကိုပဲ မှီခိုရတော့မယ်။ "
ထိုသတင်းကို ကြားသောအခါ ခန်းမထဲမှ နတ်ဘုရားအများစုက စိတ်မကောင်းဖြစ်သွားကြသည်။ ကောင်းကင်ဘုံတွင် အစစ်အမှန်ဝိညာဉ်နှင့် စားရင်းသွင်းခြင်းထက် ရုပ်ခန္ဓာနှင့် စာရင်းသွင်းခြင်းက အကောင်းဆုံးဖြစ်သည်။ ယခု ဝမ်လင်းကွမ်းက ကျဆုံးသွားပြီဖြစ်သောကြောင့် ကောင်းကင်ဘုံမှ အခြားနတ်ဘုရားများကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။
" နတ်ခန္ဓာကိုရတာနဲ့ ဝမ်လင်းကွမ်းကို ချက်ချင်း ခေါ်ရမယ်။ " ကောင်းကင်ဧကရာဇ်၏ အမူအရာက အလွန်အေးစက်နေသော်လည်း သူက ဒေါသကို ထိန်းထားဆဲ ဖြစ်သည်။ ဝမ်လင်းကွမ်း ပြန်လည်ရှင်သန်လာမှ သူက လူသားဘုံး၏ အခြေအနေကို သိနိုင်မည်ဖြစ်သည်။
" လူသားဘုံမှာ ဘယ်သူက ငါ့ကို ဒီလောက်ထိ စိန်ခေါ်ရဲတာလဲဆိုတာ ကြည့်ရသေးတာပေါ့။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ တွေးလိုက်သည်။
နတ်ဘုရားခန့်အပ်ခြင်းက ကောင်းကင်ကျမ်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးမှ ပြုစုပျိုးထောင်ထားသော အထွတ်အမြတ်ရတနာဖြစ်သည်။ ၎င်းက ကောင်းကင်တာအို၏ စွမ်းအားနှင့် ကောင်းကင်စည်းမျဉ်းများကို ပိုင်ဆိုင်ထားသည်။ နတ်ဘုရားခန့်အပ်ခြင်း၏ စွမ်းအားအောက်တွင် ဝမ်လင်းကွမ်းက နတ်ခန္ဓာကို လျင်မြန်စွာ ပြန်လည်တည်ဆောက်ပြီး လင်းရှောင်နန်းတော်သို့ ရောက်လာခဲ့သည်။
" ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " ဝမ်လင်းကွမ်းက ရိုသေစွာ ဦးညွှတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ စွမ်းအားများက မရှိတော့ဘဲ ရွှေအင်မော်တယ်အဆင့်လောက်သာ ကျန်တော့သည်။ သူ၏ စွမ်းအားများက များစွာလျော့ကျသွားပြီဖြစ်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့