အခန်း ၅၈၀
Vol. 58 Ch. 580
အခန်း (၅၈၀)
" လူသားဘုံက ဘယ်သူလဲ။ ဘယ်အဆင့်ထိ ကျင့်ကြံထားတာလဲ။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး လူသားဘုံကို ရောက်တော့ နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်ပါတယ်။ လူသားဘုံမှာ အသန်မာဆုံးက ရွှေအင်မော်တယ်အဆင့်တစ်ယောက်နဲ့ အင်မော်တယ်အဆင့် နည်းနည်းပဲ ရှိပါတယ်။ ဒါ့အပြင် အင်မော်တယ်အဆင့်ကို မရောက်သေးတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လူသားဘုံမှာ အင်မော်တယ်လမ်းစဉ်ကို အဓိကထားတာမဟုတ်ပါဘူး။ အခြားကွပြားတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုကို ကျင့်ကြံနေကြတာပါ။ " ဝမ်လင်းကွမ်းက လေးစားစွာ ပြန်ဖြေလိုက်သည်။
" အခြားကျင့်ကြံခြင်းလမ်းစဉ်တစ်ခုလား။ " ကောင်းကင်ဧကရာဇ်က သံသယများဖြင့် မျက်ခုံးပင့်သွားသည်။ " မင်းရဲ့ စွမ်းအားက လူသားဘုံရဲ့ ကန့်သတ်ချက်ကို ရောက်နေတာ အဲ့ဒီကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အစွမ်းထက်သူက မင်းကို သတ်ခဲ့တာလား။ "
" ဟုတ်ပါတယ်။ " ဝမ်လင်းကွမ်းက ခါးသီးစွာ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ သူက ရှုံးနိမ့်သွားသော်လည်း ကျောက်ဖုန်းအပေါ် မုန်းတီးမှုမရှိပေ။ ရှုံးနိမ့်ခြင်းမှာ တစ်ဖက်လူက သူ့ထက်သာလွန်နေသောကြောင့်ဖြစ်သည်။
"စစ်သည်တစ်သိန်း၊ ကောင်းကင်အင်မော်တယ်တစ်ထောင်၊ ရွှေအင်မော်တယ်တစ်ရာနဲ့ မဟာရွှေအင်မော်တယ်တစ်ယောက်။ သူက ဘယ်လိုလုပ်ပြီး မင်းတို့စစ်တပ်တစ်ခုလုံးကို ဒီလောက်မြန်မြန် ချေမှုန်းနိုင်တာလဲ။ သူက တလျိုရွှေအင်မော်တယ်လား။ " ကောင်းကင်ဧကရာဇ်က ဝမ်လင်းကွမ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" အစီအရင်ပါ။ သူ့မှာ အရမ်းအစွမ်းထက်တဲ့ ဓားအစီအရင်တစ်ခုရှိပါတယ်။ သူက အဲ့ဒီဓားအစီအရင်နဲ့ ကျွန်တော်မျိုးတို့ အားလုံးကို ဖုံးလွှမ်းပြီး ချေမှုန်းခဲ့တာပါ။ သူ့ရဲ့ စွမ်းအားက မကုန်ခမ်းနိုင်ပါဘူး။ ဓားအစီအရင်ကို သုံးပြီး ဆက်တိုက်သတ်ဖြတ်နေတာပါ။ ကျွန်တော်မျိုးက နတ်ဆိုးနှိမ်နင်းဓားကို သုံးပြီး အစွမ်းကုန်တိုက်တာတောင် အဲ့ဒီဓားအစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ဘူး။ "
" ဒါအပြင် အဲ့ဒီဓားအစီအရင်က ကျွန်တော်မျိုးတို့ ကောင်းကင်ဘုံရဲ့ မှတ်တမ်းထဲက သူတော်စင်တစ်ယောက်ရဲ့ ဓားအစီအရင်နဲ့ ဆင်တူပါတယ်။ ဓားလေးလက်နဲ့ ဟင်းလင်းပြင်ကို လွှမ်းခြုံပြီး သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့ တိုက်ခိုက်တာပါ။ " ဝမ်လင်းကွမ်းက ခါးသီးစွာ ပြောလိုက်သည်။
ထိုအင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ထဲတွင် ဝမ်လင်းကွမ်းက ငရဲခန်းတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။ အထူးသဖြင့် ဓားချီလေးခုက သူ့ဆီသို့ ကျရောက်လာသည်ကို ကြည့်ပြီး ဘာမှမတုန့်ပြန်နိုင်ခဲ့ပေ။ သူ၏ အစစ်အမှန်ဝိညာဉ်က နတ်ဘုရားခန့်အပ်ခြင်းနှင့် ပေါင်းစပ်မထားလျှင် သူ၏ ဝိညာဉ်က လုံးဝပျက်စီးသွားပြီဖြစ်သည်။
" ဓားလေးလက်၊ ဓားအစီအရင်၊ သတ်ဖြတ်ခြင်းအရှိန်အဝါ။ " ကောင်းကင်ဧကရာဇ်က မျက်လုံးပြူးသွားပြီး တစ်ယောက်ယောက်ကို ချက်ချင်း သတိရသွားသည်။
အတိတ်တွင် ဓားချီများ ကောင်းကင်ထိ တက်ပြီး သူတော်စင်လေးယောက်ကို တစ်ယောက်တည်းရင်ဆိုင်ခဲ့သူ။ ထိုတိုက်ပွဲကြောင့် တိုင်ကြီးလေးခုဖြစ်လာခဲ့ခြင်းဖြစ်သည်။
ထုံထျန်းသူတော်စင်။
အထွတ်အမြတ်သူတော်စင်သုံးပါးထဲမှ တစ်ပါး။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ကောင်းကင်အောက်တွင် အစွမ်းထက်ဆုံးသတ်ဖြတ်ခြင်းအစီအရင်ဖြစ်ပြီး သူတော်စင်တစ်ပါးအသုံးပြုလျှင် သူတော်စင်လေးပါးပူးပေါင်းမှသယ ဖျက်ဆီးနိုင်သည်။ နတ်ဘုရားခန့်အပ်ခြင်းတိုက်ပွဲက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
" လူသားဘုံက လူက ထုန်ထျန်းသူတော်စင်ရဲ့ အမွေကို ဆက်ခံထားတာလား။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ရထားတာလား။ " ကောင်းကင်ဧကရာဇ်က ရုတ်တရက် တွေးလိုက်သည်။
သူက ကောင်းကင်စစ်သည်တစ်သိန်း လျင်မြန်စွာ သေဆုံးသွားခြင်း၏ အကြောင်းရင်းကို နားလည်သွားသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို အသုံးပြုသူက စွမ်းအားရှိနေသရွေ့ စစ်သည်တစ်သိန်းမဟုတ် တစ်သန်းလည်း သတ်ဖြတ်နိုင်သည်။ ဓားအစီအရင်ထဲတွင် သေဆုံးသွားလျှင် ဝိညာဉ်ပါပျက်စီးသွားမည်ဖြစ်သောကြောင့် ပြန်လည်မွေးဖွားရန် မဖြစ်နိုင်တော့ပေ။
" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ဘယ်လိုလုပ်လူသားဘုံမှာ ပေါ်လာတာလဲ။ ထုန်ထျန်းက ရှုံးနိမ့်ပြီးတဲ့နောက်မှာ သူ့ကို ကောင်းကင်အလွန်မှာ ထိန်းချုပ်ထားခဲ့တယ်။ ပြီးတော့ အခြားသူတော်စင်တွေနဲ့အတူ ပျောက်ကွယ်သွားတာ။ ပြီးတော့ သူရှုံးနိမ့်ပြီးတဲ့နောက်မှာ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က ချန်ဂိုဏ်းကို ရောက်သွားတာမဟုတ်ဘူးလား။ လူသားဘုံထဲ ဘယ်လိုလုပ်ရောက်သွားတာလဲ။ ချန်ဂိုဏ်းက လူသားဘုံရဲ့ နောက်ကွယ်မှာ ရှိနေတာလား။ မဖြစ်နိုင်ဘူး။ သူတော်စင်တွေ မရှိတော့တဲ့နောက်မှာ ချန်ဂိုဏ်းက အားကိုးစရာမရှိတော့ဘူး။ သူတို့က ဘယ်လိုလုပ် ငါ့ကို ဆန့်ကျင်ရဲမှာလဲ။ " ကောင်းကင်ဧကရာဇ်၏ စိတ်ထဲတွင် ဆူပွက်နေသည်။
အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်။
ကောင်းကင်အောက်တွင် နံပါတ်တစ် သတ်ဖြတ်ခြင်းအစီအရင်။ လူသားဘုံ၏ အကန့်အသတ်က မဟာရွှေအင်မော်တယ်အဆင့်ဖြစ်သည်။ ထိုစွမ်းအားက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်နှင့် တွေ့လျှင် မလုံလောက်တော့ပေ။ စစ်သည်မည်မျှ စေလွှတ်သည်ဖြစ်စေ နတ်ဘုရားမည်မျှ စေလွှတ်သည်ဖြစ်စေ အကုန်အသတ်ခံရမည်ဖြစ်သည်။ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်နှင့် ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဧကရာဇ်က ဘာမှမလုပ်နိုင်ပေ။
" ဧကရာဇ်မင်းမြတ် အဲ့ဒီလူက ဓားအစီအရင်ကို မကုန်ခမ်းနိုင်တဲ့ စွမ်းအားနဲ့ ထိန်းချုပ်ထားတာပါ။ ဒါက ကျွန်တော်မျိုးတို့ စစ်တပ်ပျက်စီးရတဲ့ အကြောင်းရင်းပါပဲ။ ဒီလောက်ကြီးတဲ့ အစီအရင်က စွမ်းအားအများကြီး ကုန်ခမ်းပေမယ့် သူက တစ်နာရီကျော် အသုံးပြုခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့ စွမ်းအားနဲ့တောင် ဘာမှမလုပ်နိုင်ပါဘူး။ " ဝမ်လင်းကွမ်းက ပြောလိုက်သည်။
" သူက ဘယ်လောက်သန်မာလဲ။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ မေးလိုက်သည်။
" သူက အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံတာမဟုတ်တော့ ကျွန်တော်မျိုး မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် သူ့ဆီမှာ နိယာမတွေ အများကြီး ရှိနေတယ်။ " ဝမ်လင်းကွမ်းက ပြန်ဖြေလိုက်သည်။
" ဧကရာဇ်မင်းမြတ် လူသားဘုံရဲ့ အခြေအနေတွေက ထူးဆန်းလွန်းနေပါတယ်။ လူသားဘုံအကြောင်း သေချာမသိခင် စစ်တပ်တွေ မစေလွှတ်ဖို့ အကြံပြုချင်ပါတယ်။ " လီကျင်းက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ လူသားဘုံက အရမ်းထူးဆန်းနေပါတယ်။ ကျွန်တော်မျိုးတို့ ကောင်းကင်စစ်သည်တွေလည်း အများကြီး ဆုံးရှုံးပြီးပါပြီ။ " အခြားသူများကလည်း ထောက်ခံလိုက်ကြသည်။
" လူသားဘုံကို တိုက်ခိုက်မယ့်အစီအစဉ်ကို နောက်မှ ထပ်ဆွေးနွေးကြတာပေါ့။ ဒါပေမယ့် ဆုံးရှုံးသွားတဲ့ ကောင်းကင်စစ်သည်တွေကို မြန်မြန်ဖြည့်တင်းရမယ်။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
" စီမင်ကြယ်နတ်ဘုရား "
" ကျွန်တော်မျိုး ရှိပါတယ်။ " စီမင်ကြယ်နတ်ဘုရားက ရှေ့ထွက်လာသည်။
" စစ်သည်တွေအတွက် လိုအပ်တဲ့ ဝိညာဉ်တွေကို ဝမ်လင်းကွမ်းက တာဝန်ယူလိမ့်မယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဝိညာဉ်အနှစ်သာရကို မင်းကိုယ်တိုင် ကြီးကြပ်ရမယ်။ ဆုံးရှုံးသွားတဲ့ စစ်သည်တွေကို ဖြည့်တင်းရမယ့်အပြင် စစ်တပ်ကိုလည်း တိုးချဲ့ရမယ်။ " ကောင်းကင်ဧကရာဇ်က ပြတ်သားစွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " စီမင်ကြယ်နတ်ဘုရားက ဦးညွှတ်ပြီး ပြောလိုက်သည်။
သို့သော် အခြားအင်မော်တယ်များနှင့် နတ်ဘုရားများက တုန်လှုပ်သွားကြသည်။ ဝိညာဉ်အနှစ်သာရက ကောင်းကင်ဘုံအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခု ဖြစ်သော်လည်း တိုက်ကြီးလေးခုမှ သက်ရှိများအတွက်တော့ အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ဖမ်းဆီးခံထားရသော လူသားများစွာ၏ အသွေးအသားနှင့် ဝိညာဉ်များကို ပေးဆပ်ရမည်ဖြစ်သည်။
" ငါ အနောက်ဘက်နယ်မြေကို သွားရမယ်။ တစ်ယောက်တည်းဆို လူသားဘုံကို မနိုင်ဘူး။ တထာဂတနဲ့ ဆွေးနွေးပြီး လူသားဘုံကို အင်မော်တယ်ဘုံထဲ ပြန်ထည့်ရမယ်။ အဲ့ဒါမှ အဲ့ဒီလူကို ရင်ဆိုင်နိုင်လိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က တွေးလိုက်သည်။
အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ရှိနေသောကြောင့် လူသားဘုံကို စစ်သည်များ စေလွှတ်ခြင်းက အချည်းနှီးသာဖြစ်သည်။ သူတို့ကို အနိုင်ယူရန် အနောက်ဘက်နယ်မြေနှင့် ပူးပေါင်းရပေလိမ့်မည်။
အရှေ့တိုက်ကြီး။
အင်မော်တယ်ဂိုဏ်းများ၏ စုဝေးရာဖြစ်ပြီး သူတော်စင်များ ပျောက်ကွယ်သွားပြီးနောက် အရှေ့တိုက်ကြီးမှ အင်မော်တယ်ဂိုဏ်းများက ကောင်းကင်ဘုံ၏ လက်အောက်သို့ ရောက်သွားကြသည်။ သူတို့က ရှင်သန်နိုင်ရန် ကောင်းကင်ဘုံမှ ကောင်းကင်တံဆိပ်ကို ယူရပြီး နှစ်စဉ်နှစ်တိုင်း ဝိညာဉ်အနှစ်သာရများ ပေးရန် လိုအပ်သည်။
အရှေ့တိုက်ကြီး၏ ရှုရှန်းတောင်တွင် ရှုရှန်း၊ ခွန်လွန်၊ ခုန်တုန်နှင့် ယခင်သူတော်စင်များ၏ ဂိုဏ်းများမှ ခေါင်းဆောင်များက စုဝေးနေကြသည်။ ထိုအချိန်တွင် ခေါင်းလောင်းသံထွက်ပေါ်လာပြီး ဂိုဏ်းချုပ်များနှင့် ခေါင်းဆောင်များက လေးစားသော အမူအရာများဖြင့် ထရပ်လိုက်ကြသည်။ ရွှေရောင်အလင်းတန်းတစ်ခု ခန်းမထဲသို့ ဝင်ရောက်လာပြီး ဖိနှိပ်ခြင်းအော်ရာတစ်ခုက ပျံ့နှံ့လာသည်။
" ကောင်းကင်တမန်တော် ရောက်လာပါပြီ။ " အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
" ကောင်းကင်တမန်တော်ကို ဂါရဝပြုပါတယ်။ " ဂိုဏ်းချုပ်များက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
" ဒီနေ့ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်နဲ့ ငါ လာခဲ့တာပဲ။ အမိန့်တော် ဒီနှစ်အတွက် ဝိညာဉ်အနှစ်သာရကို သုံးဆတိုးပြီး ပေးရမယ်။ " စီမင်ကြယ်နတ်ဘုရားက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဂိုဏ်းချုပ်များက မျက်နှာပျက်သွားကြသည်။
" ကောင်းကင်တမန်တော် ဝိညာဉ်အနှစ်သာရကို သုံးဆတိုးရင် လူသားတွေ ပေးဆပ်ရတာလည်း သုံးဆတိုးသွားမှာပေါ့။ ဒါက အရမ်းမများလွန်းဘူးလား။ " ဂိုဏ်းချုပ်တစ်ယောက်က လေးစားစွာ မေးလိုက်သည်။
သို့သော် သူပြောပြီးသည်နှင့် စီမင်ကြယ်နတ်ဘုရားက မျက်မှောင်ကြုတ်သွားသည်။ " မင်းက ငါတို့ ကောင်းကင်ဘုံကို စျေးစစ်ချင်နေတာလား။ "
" မလုပ်ရဲပါဘူး။ " စကားပြောခဲ့သော ဂိုဏ်းချုပ်က ထိတ်လန့်စွာ ပြောလိုက်သည်။
" အင်မော်တယ်ဂိုဏ်းတွေက ဝိညာဉ်အနှစ်သာရကို မြန်မြန်ပေးရမယ်။ နောက်ကျတဲ့သူတွေက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။ " စီမင်ကြယ်နတ်ဘုရားက ပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ခွာသွားသည်။
" တာအိုရောင်းရင်းတို့ ဝိညာဉ်အနှစ်သာရ သုံးဆတိုးတော့ ပြည်နယ်တစ်ခုစီက လူသားရာပေါင်းများစွာ ပေးရတော့မယ်။ " ခွန်လွန်ဂိုဏ်းချုပ်က ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။
" ဝိညာဉ်အနှစ်သာရသုံးဆထုတ်ယူရင် လူသားရာချီနဲ့ မလုံလောက်ဘူး။ စိတ်ဝိညာဉ်အမြစ်ရှိတဲ့ လူသားတွေကိုပါ ထုတ်ယူရလိမ့်မယ်။ "
" ဟူး ကောင်းကင်ဘုံက ဝိညာဉ်အနှစ်သာရတောင်းတာ တဖြည်းဖြည်း ပိုများလာတယ်။ "
" ငါတို့က လိုက်နာရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ "
အင်မော်တယ်ဂိုဏ်းချုပ်များက စိတ်ပျက်စွာ ဖြင့် ပြောလိုက်သည်။ သူတို့ လူသားများ၏ အသက်ကို နှမြောသောကြောင့်မဟုတ်ဘဲ သူတို့အတွက် ဝိညာဉ်အနှစ်သာရများ လျော့နည်းသွားသောကြောင့်ဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်း ဝိညာဉ်အနှစ်သာရများကို သုံးပြီး ကျင့်ကြံနေကြခြင်းဖြစ်သည်။