← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း။ ၁၀၁

"လမ်းပြပေးဖို့ဆိုတာ တကယ်ကို ခေါင်းခဲစရာ ကိစ္စပဲ"

တချို့အရာတွင် အကြံဉာဏ်ပေးရမည်ဖြစ်ကာ တစ်ခါတစ်ရံတွင်မူ ကိုယ်တိုင် သရုပ်ပြပေးရပြန်သည်။

ငါ့လို အဆင့်သုံးပဲရှိသေးတဲ့ အဆင့်နိမ့်ကျင့်ကြံသူက ဘယ်သူ့ကို သွားသင်ပေးနိုင်မှာလဲ။

ဂျင်ဆိုဟွန်းမှာ သူ၏ သိုင်းပညာအဆင့်မှာ အဆင့်သုံးမျှသာဖြစ်ကြောင်း မပေါက်ကြားစေလိုသဖြင့် ဟန်မွန်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

အမှန်စင်စစ်မှာမူ အလုပ်ရှုပ်မည်ကို ပို၍ စိုးရိမ်ခြင်းသာ ဖြစ်သည်။

"အစ်ကိုကလည်း သိုင်းလောကအဖွဲ့ချုပ်က လူတွေဆိုတာ သတ္တိရှိပြီး သန်မာကြတယ်လို့ ကြားဖူးတာကို"

"ဟုတ်လား အဲဒါတော့ အံ့သြစရာပဲ"

"ကျွန်တော် ပိုသန်မာလာရမယ်"

ဟန်မွန်မှာ အတင်းကပ်တွယ်ရန် ပြေးလာသော်လည်း ဂျင်ဆိုဟွန်းမှာမူ သူနှင့် အဝေးကြီးကို ရောက်နှင့်နေပြီဖြစ်သည်။

အရမ်းမြန်တာပဲ။

ဟန်မွန်၏ မေးရိုးပင် ကျွတ်ကျလုမတတ် ဖြစ်သွားသည်။

သူ တစ်ခါမျှ မမြင်ဖူးသော အံ့မခန်း မြန်နှုန်းနှင့် ကိုယ်ရည်ကိုယ်သွေးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခြင်းပင်။

"အစ်ကို အစ်ကိုက တကယ်သန်မာတာပဲ"

"ငါကတော့ သာမန်ပါပဲ"

"အာ"

အဖွဲ့ချုပ်မှာ အစ်ကိုလောက် သန်မာတာက သာမန်ပဲလား

ဟန်မွန်၏ မျက်နှာမှာ ငိုချင်စိတ်ပင် ပေါက်လာသည်။

သူ့ကိုတောင် မမှီနိုင်တဲ့ အဆင့်ဖြစ်နေမှတော့ ဘယ်လောက်အထိ လေ့ကျင့်မှ အဖွဲ့ချုပ်ထဲ ဝင်နိုင်မှာလဲ။

ဟန်မွန် ရှိုက်ငိုနေစဉ် ဂျင်ဆိုဟွန်းက အနားသို့ တိုးကပ်လာသည်။

"ဘာလို့ အဲလောက် သန်မာချင်နေတာလဲ"

"ကျွန်တော်က သိုင်းသမားမို့လို့ပါ"

"အော်"

"ပြီးတော့... ဂိုဏ်းကို ကာကွယ်ချင်လို့ပါ။ ဟုန်ဂျုံဂိုဏ်းလို ဆိုးသွမ်းတဲ့သူတွေဆီကနေ..."

"ဟင် ဟုန်ဂျုံဂိုဏ်းနဲ့ အဆင်ပြေသွားပြီ မဟုတ်ဘူးလား"

"ဘာလဲ အဲဒါက... အာ ဟုတ်တယ်... ဟုတ်ပါတယ်။ ကျွန်တော် မှားသွားတာ ထင်တယ်ဗျာ"

ဟန်မွန်က အိပ်ချိန်တန်ပြီဟု ပြောကာ လေ့ကျင့်ရေးကွင်းမှ အလျင်အမြန် ထွက်သွားသည်။ ဂျင်ဆိုဟွန်းက သူ့နောက်ကျောကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ခုခုတော့ လွဲနေတယ်"

နောက်တစ်နေ့ နံနက်၌ ဂျင်ဆိုဟွန်းတို့ အဖွဲ့မှာ ဟန်ဆိုအွန်ထံမှ နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ကြသည်။

အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ပြန်မည့် ခရီးလမ်းမှာ ပို၍ပင် ပေါ့ပါးနေသည်။

"ဟွမ်းဂူး ကောင်းကောင်းနေခဲ့နော်"

လှည်းပေါ်သို့ တက်ကာ ပျော့ပျောင်းသော ကောက်ရိုးပုံပေါ် လှဲလိုက်သည့်အခါ ဂျင်ဆိုဟွန်းအတွက် ထိုထက်ပိုသော သုခဘုံမရှိတော့ပေ။

"အာ... ဒါမျိုးမှ စားမြိန်တာ"

ပန်အိုဂျောင်က သူ့ဘေးတွင် လှဲလိုက်ရင်း...

"အစကတော့ အစ်ကိုနဲ့အတူ လိုက်ရတာ တွန့်ဆုတ်နေခဲ့ပေမဲ့ လှဲလိုက်တော့ တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ"

"မဟုတ်ဘူးလား"

"အစ်ကိုက တကယ့်ကို ပညာရှိပဲ"

"ဟဲဟဲ... ဟုတ်ပါပြီ"

ပန်အိုဂျောင်၏ ကြည်လင်တောက်ပသော မျက်ဝန်းများကို ကြည့်ရသည်မှာ ဂျင်ဆိုဟွန်းအတွက် ဝန်လေးစရာ ဖြစ်လာသည်။

သို့သော် အဆင်ပြေအောင် ဆက်ဆံရသည်မှာလည်း မခက်ခဲပေ။

"သွားကြရအောင် ဘန်"

"အွန်းဘန်ပါ"

အွန်းဘန်က ကြိမ်လုံးကို ကိုင်ကာ ဟွမ်းဂူးကို မောင်းလိုက်သည်။

ဒီကောင်နဲ့တော့ နောက်ဆုံးတော့ ခွဲရတော့မှာပဲ။

အွန်းဘန်မှာ တာအိုကျောင်းတော်သို့ အမြန်ဆုံး ပြန်ရောက်ချင်နေသည်။

"ဒီလိုကြီး ပြန်သွားလို့ ဖြစ်ပါ့မလား ဘာမှလည်း အလုပ်မလုပ်လိုက်ရဘဲ..."

ယူအူဆွန်း၏ စိုးရိမ်တကြီး မေးခွန်းကို ဆန်ဆွတ်က ခနဲ့လိုက်သည်။

"ဟမ့် ဒွန်ဟိုဂိုဏ်းကပဲ အကူအညီ မလိုဘူးလို့ ပြောတာလေ။ သူတို့က မလိုချင်ရင် ငါတို့ ဘာတတ်နိုင်မှာလဲ။ အနည်းဆုံးတော့ ငါတို့ လုပ်စရာရှိတာ လုပ်ခဲ့ပြီးပြီ"

"အဲဒါလည်း ဟုတ်တာပဲနော်"

အွန်းဘန်နှင့် ဆန်ဆွတ်တို့မှာ ဂျင်ဆိုဟွန်းဆိုသည့် ဘုံရန်သူကို ရရှိထားသဖြင့် ပို၍ စည်းလုံးနေကြသည်။ ထိုစဉ် လှည်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။

"ဟင်"

လှည်းရှေ့တွင် လူတစ်ဒါဇင်ခန့် ရောက်နေသည်။ သူတို့မှာ အဝါရောင် သိုင်းဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

"ဒီလှည်းကို ဖယ်စမ်း"

"မင်းတို့ ဘာပြောလိုက်တယ်"

အွန်းဘန်က နောက်မဆုတ်ဘဲ ရင်ဆိုင်သည်။

သူတို့၏ အရှိန်အဝါကို ကြည့်ရသည်မှာ အဆင့် ၂ ရှိသော သိုင်းသမားများ ဖြစ်ကြောင်း အွန်းဘန် ရိပ်မိလိုက်သည်။

ငါတို့က သိုင်းလောကအဖွဲ့ချုပ်ကလေ။ ကြောက်စရာ မလိုဘူး။

ခေါင်းဆောင်ဟု ထင်ရသော လူက ရှေ့သို့ တိုးလာသည်။

"ငါက ဟုန်ဂျုံဂိုဏ်းက ဂျူဂီလ်တေးပဲ။ မင်းတို့ ဘယ်သူတွေလဲ ဒီနွားလှည်းက ဘာလဲ"

"ကျွန်တော်ကတော့..."

"ကျွန်တော်တို့က လယ်သမားတွေပါ။ ရိတ်သိမ်းချိန် နီးလာပြီမို့ လယ်ကွင်းတွေကို သွားကြတာပါ"

"လယ်သမားတွေ ဟုတ်လား"

လှည်းပေါ်မှ ခေါင်းပြူထွက်လာကာ ဖော်ရွေသော အပြုံးဖြင့် မိတ်ဆက်လိုက်သော ဂျင်ဆိုဟွန်းကို ကြည့်ကာ ဂျူဂီလ်တေးနှင့် အဖွဲ့ဝင်များမှာ ရယ်မောလိုက်ကြသည်။

"လယ်သမားလို အောက်ခြေလူတန်းစားက ဟုန်ဂျုံဂိုဏ်းရဲ့ လမ်းကို ပိတ်ရဲတဲ့အထိ သတ္တိကောင်းလှချည်လား"

"အာ... တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုချက်ချင်း လမ်းဖယ်ပေးပါ့မယ်"

ဂျင်ဆိုဟွန်းက သူ့ဘေးကို တွတ်လိုက်သောအခါ အွန်းဘန်မှာ မတတ်သာဘဲ ဟွမ်းဂူးကို မောင်းကာ လှည်းကို လမ်းဘေးသို့ ရွှေ့လိုက်ရသည်။

"ဟမ့် ကံကောင်းတယ်လို့ပဲ မှတ်ပေတော့။ ငါတို့ အရေးတကြီး ကိစ္စမရှိရင် ရိတ်သိမ်းချိန်ကို မမြင်ရခင်မှာပဲ နတ်ပြည်ကို ရောက်သွားကြမှာ"

"အခုလို သဘောထားကြီးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"

ဂျင်ဆိုဟွန်း၏ ချောမောသော မျက်နှာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သောအခါ ဂျူဂီလ်တေးမှာ ကဲ့ရဲ့ပြုံး ပြုံးကာ ထွက်ခွာသွားသည်။

သူတို့ လုံးဝ ထွက်ခွာသွားပြီဟု အတည်ပြုပြီးနောက် အွန်းဘန်က ဒေါသတကြီး ပြောလိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ အပြာရောင်နဂါး တာအိုကျောင်းတော်ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာ မရှိဘူးလား"

"ဟုတ်တယ် ငါတို့က တာအိုကျောင်းတော်ရဲ့ အရာရှိတွေဖြစ်သလို သိုင်းလောကအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေလေ"

အွန်းဘန်နှင့် ဆန်ဆွတ်တို့၏ မေးခွန်းများကြောင့် ဂျင်ဆိုဟွန်းက လျှာသပ်လိုက်သည်။

"ငါတို့ ဘာလို့ သာမန်အဝတ်အစားတွေ ဝတ်ပြီး နွားလှည်းစီးနေတာလဲဆိုတာ မေ့သွားကြပြီလား"

"အဲဒါက..."

ဂျင်ဆိုဟွန်း၏ စကားကြောင့်မှ သူတို့နှစ်ဦးမှာ ချက်ချင်းပင် သဘောပေါက်သွားကြသည်။

ငါတို့က လယ်သမားတွေပဲလေ။

သူတို့ ဖုံးကွယ်ထားသော အသွင်အပြင်ကို မေ့လျော့နေမိသည်။ မိစ္ဆာမဟာမိတ်လမ်းစဉ်၏ ရန်မှ လွတ်မြောက်ရန် အထောက်အထားကို ဖုံးကွယ်ထားခြင်းပင်။

တကယ်လို့သာ သူတို့က သိုင်းလောကအဖွဲ့ချုပ်မှ ဖြစ်ကြောင်း ကြွားဝါလိုက်မိလျှင် တာအိုကျောင်းတော်၏ လူငယ်မျိုးဆက်သစ်များ ဤနေရာတွင် ရှိနေကြောင်း ရန်သူအား အသိပေးလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။

သူက အဲဒီအထိ တွေးထားတာလား

အွန်းဘန်နှင့် ဆန်ဆွတ်တို့မှာ သူတို့၏ အပြုအမူအတွက် ရှက်ရွံ့သွားကြသည်။

"အစ်ကိုကြီးကတော့ တကယ့်ကို အမြော်အမြင်ရှိတာပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတယ်"

နေ့စဉ်နှင့်အမျှ တိုးပွားလာသော ပန်အိုဂျောင်၏ ချီးမွမ်းစကားကို လျစ်လျူရှုကာ ဂျင်ဆိုဟွန်း လှည်းစောင်းတွင် ထိုင်လိုက်သည်။

တကယ်တော့ အလုပ်ရှုပ်မှာ စိုးလို့ပါကွာ။

သူတို့နှင့် ထိပ်တိုက်မတွေ့အောင် ရှောင်လိုက်ခြင်းမှာ အမှန်စင်စစ် အလုပ်ရှုပ်မည်ကို မလိုလားခြင်းကြောင့်ပင်။

တိုက်ပွဲတစ်ခု ဖြစ်လာပါက ဂျင်ဆိုဟွန်းမှလွဲ၍ ကျန်လေးဦးမှာ ပြင်းထန်စွာ ဒဏ်ရာရနိုင်ကြောင်း သူ ကြိုတင် ရိပ်မိလိုက်သည်။ ဟုန်ဂျုံဂိုဏ်း၏ လူများမှာ သူတို့၏ သိုင်းပညာကိုဖုံးကွယ်ထားကြခြင်းပင်။

ဂျင်ဆိုဟွန်းမှာ သူတို့ ဦးတည်သွားသော လမ်းကြောင်းကို အကဲခတ်လိုက်သည်။

သူတို့ ဦးတည်သွားသည့် နေရာမှာ သူ အခုလေးတင် ထွက်ခွာလာခဲ့သော ဒွန်ဟိုဂိုဏ်းပင်။

"တစ်ခုခုတော့ လွဲနေပြီဆိုတာ ငါ သိလိုက်သင့်တာ"

ဂျင်ဆိုဟွန်းမှာ ကောက်ရိုးပုံများကို ဖယ်ရှားကာ အတွင်းတွင် ဝှက်ထားသော သေတ္တာကို ဖွင့်ကြည့်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော် ဂိုဏ်းခေါင်းဆောင်ဟန်"

"...မတွေ့ရတာ ကြာပါပြီ။ ဒါပေမဲ့ ကတိပေးထားတဲ့ရက်က ဒီနေ့ မဟုတ်သေးဘူးလို့ ထင်ပါတယ်"

"ဟားဟားဟား သိတာပေါ့ ငါလည်း သိတာပေါ့။ ဂိုဏ်းခေါင်းဆောင်က ငါတို့ဂိုဏ်းနဲ့ ပေးထားတဲ့ ကတိကို မေ့သွားမှာ စိုးရိမ်လို့ လာကြည့်တာပါ"

ဟန်ဆိုအွန်မှာ ဒွန်ဟိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ တစ်ဖက်တွင်မူ ဟုန်ဂျုံဂိုဏ်းခေါင်းဆောင်၏ တတိယသား ဂျူဂီလ်တေး ရှိနေသည်။

သူတို့၏ အဆင့်အတန်းမှာ လုံးဝ မတူညီသော်လည်း ဂျူဂီလ်တေး၏ အပြုအမူမှာ လေးစားမှု ကင်းမဲ့လှသည်။

"ဒါနဲ့ ဒီနေရာကတော့ လာတိုင်း လာတိုင်း အနံ့အသက်က မကောင်းဘူး"

ဂျူဂီလ်တေးက လက်ဝှေ့ယမ်းကာ မျက်မှောင်ကြုတ်လိုက်သောအခါ သူ့နောက်မှ လူတစ်ယောက်က ဖြည့်စွက် ပြောလိုက်သည်။

"တိရစ္ဆာန်ချေးနံ့တွေ မဟုတ်ဘူးလား"

"ဟုတ်တာပေါ့ ငါလည်း အဲဒီအနံ့က ဘာအနံ့လဲလို့ စဉ်းစားနေတာ"

"ဟားဟားဟား"

ဟုန်ဂျုံဂိုဏ်းမှ သိုင်းသမားများမှာ အော်ဟစ်ကာ ရယ်မောကြသည်။

လူပုံအလယ်တွင် စော်ကားခံနေရသော်လည်း ဟန်ဆိုအွန်မှာ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

ဒီသိုင်းသမားတွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူတို့ရဲ့ သိုင်းပညာက တော်တော်လေး မြင့်မားတာပဲ။

ဂျူဂီလ်တေး ခေါ်လာသော သိုင်းသမား ၁၄ ဦးမှာ တစ်ဦးချင်းစီတိုင်းက အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြောင်း ဟန်ဆိုအွန် ရိပ်မိလိုက်သဖြင့် လည်ပင်းတွင် ချွေးစက်များ စို့လာသည်။

"ဂိုဏ်းခေါင်းဆောင်ဟန်။ ခင်ဗျားမှာ တစ်ပတ်အချိန် ရှိသေးတယ်။ အဲဒီအချိန်ကျရင် စာချုပ်ကို ယူလာခဲ့ပါ"

"ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပြီလေ။ အဲဒါ ကျွန်တော် ချုပ်ခဲ့တဲ့ စာချုပ် မဟုတ်ပါဘူး..."

"တောက်"

ဂျူဂီလ်တေးက မျက်မှောင်ကြုတ်ကာ လျှာသပ်လိုက်သည်။

"ဒါဆို ဘယ်သူ့ လက်မှတ်လဲ။ စာချုပ်မှာ တံဆိပ်တုံး ထုထားတဲ့ လက်ချောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ လက်ချောင်း မဟုတ်ဘူးလား"

"ဟေ့ ဒီလူက ဒွန်ဟိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကွ သင့်တော်တဲ့ လေးစားမှု ပြစမ်း"

"ဟင် မင်းက ဘယ်သူလဲ"

ဂျူဂီလ်တေး၏ မေးခွန်းကြောင့် အသက် ၃၀ ကျော်အရွယ်ရှိ၊ တည်ကြည်သော ရုပ်ရည်ရှိသည့် အလတ်စား သိုင်းသမားတစ်ဦး ရှေ့သို့ ထွက်လာသည်။

"ကျွန်တော်က အိုအင်ဆော့ပါ"

"အော်... အိုအင်ဆော့တဲ့လား။ လာခဲ့လေ အနားကို တိုးလာခဲ့စမ်း"

အိုအင်ဆော့မှာ စိုးရိမ်စိတ်ဖြင့် ရင်ခုန်နေသော်လည်း ယုံကြည်မှုရှိရှိ ရှေ့သို့ တိုးလာခဲ့သည်။

ဤသည်မှာ ဒွန်ဟိုဂိုဏ်း၏ နယ်မြေဖြစ်သည်။ ဟုန်ဂျုံဂိုဏ်းဟုပင်ဆိုစေကာမူ သူတို့၏ နယ်မြေထဲတွင် အကြမ်းဖက်ရဲလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။

အိုအင်ဆော့က ဂျူဂီလ်တေး၏ ရှေ့တွင် ရပ်လိုက်သည့်ခဏ၌ပင် လက်သီးချက်တစ်ခုက လေကိုခွင်းကာ ရောက်လာသည်။

"ဖုန်း"

မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်ပျက်သွားသည်။

"အူး"

ရုတ်တရက် အတိုက်ခံလိုက်ရသော အိုအင်ဆော့မှာ ယိုင်သွားပြီး ဂျူဂီလ်တေးက အမိန့်ပေးလိုက်သည်။

"ဒီအမှိုက်သရိုက်ကို ရှင်းလိုက်စမ်း"

ဂျူဂီလ်တေး၏ စကားနှင့်အတူ ဟုန်ဂျုံဂိုဏ်းသားများက အိုအင်ဆော့ကို ဝိုင်းရံကာ ရက်ရက်စက်စက် ထိုးကြိတ်တော့သည်။ ခုခံချိန်ပင် မရလိုက်ဘဲ အိုအင်ဆော့မှာ အလူးအလဲ ခံလိုက်ရသည်။

"ရပ် ရပ်လိုက်ကြစမ်း"

နောက်ကျမှ ရောက်လာသော ဟန်မွန်က တားဆီးရန် ကြိုးစားသော်လည်း ဟန်ဆိုအွန်က သူ့ကို ဆွဲထားလိုက်သည်။

"သား စောင့်ဦး။ အဖေ ပြောပါ့မယ်"

"ဒီအတိုင်းဆိုရင် ဦးလေးကြီးအို သေသွားလိမ့်မယ်"

ဟန်ဆိုအွန်မှာ အတွင်းအားကို စုစည်းကာ ရှေ့သို့ တိုးထွက်လာသည်။

"ဒါ ဘာလုပ်တာလဲ ချက်ချင်း မရပ်ရင်တော့..."

"မရပ်ရင် ဘာဖြစ်မလဲ"

ဂျူဂီလ်တေး၏ အကြည့်များမှာ အေးစက်သွားသည်။

"ခင်ဗျားက ဘာလုပ်မလို့လဲ"

"ငါ့ဂိုဏ်းသားတစ်ယောက် ဒီလိုမျိုး အထိုးအကြိတ်ခံနေရတာကို ငါ ဒီအတိုင်း ရပ်ကြည့်နေရမှာလား"

"ဟားဟားဟား အမှိုက်ဂိုဏ်းနဲ့ လိုက်ဖက်တဲ့ အမှိုက်ဂိုဏ်းခေါင်းဆောင်ပဲလို့ ငါ ထင်ခဲ့တာ..."

ဂျူဂီလ်တေး၏ နှုတ်ခမ်းတွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ငါ ထင်တဲ့အတိုင်းပဲ"

"ဒီကောင်..."

ဒေါသကို မထိန်းနိုင်တော့သည့် ဒွန်ဟိုဂိုဏ်း အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြသည်။

ဂိုဏ်းသားများကလည်း ဓားများကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်ကြသည်။ ထိုသူတို့၏ ပြင်းထန်သော အရှိန်အဝါကြောင့် ဂျူဂီလ်တေး အနည်းငယ် တွန့်ဆုတ်သွားသည်။

"အို... ကြောက်စရာကောင်းလိုက်တာ။ ဒွန်ဟိုဂိုဏ်းက ဟုန်ဂျုံဂိုဏ်းကို အခု ခြိမ်းခြောက်နေတာလား"

"ဒွန်ဟိုဂိုဏ်းရဲ့ နယ်မြေမှာ အရင်ဆုံး အကြမ်းဖက်တာ ဟုန်ဂျုံဂိုဏ်းပဲလေ"

"အာ... ဟုတ်သားပဲ"

ဂျူဂီလ်တေးသည် နောက်လှည့်ကာ သူ့နောက်ပါလာသော သိုင်းသမား ၁၄ ဦးကို တစ်ယောက်ချင်း ကြည့်လိုက်ပြီးနောက်

"မင်းတို့ သုံးယောက်... လာခဲ့"

အတွင်းအား ပြည့်ဝနေသော သူ့လက်သီးချက်များမှာ လက်အောက်ငယ်သားများကိုပင် ရက်စက်စွာ ထိုးကြိတ်သည်။

ထိုမျှနှင့် မပြီးသေးဘဲ နောက်တစ်ဦးကို ရွေးကာ ထပ်မံ ထိုးကြိတ်ပြန်ကာ စုစုပေါင်း သုံးဦးမှာ သွေးအိုင်ထဲတွင် လဲကျသွားသည်။

မျှော်လင့်မထားသော သူ၏ လုပ်ရပ်ကြောင့် ဒွန်ဟိုဂိုဏ်းသားများမှာ ကြောင်သွားကြသည်။

"မ…မင်း ဘာလုပ်နေတာလဲ"

"ဒီလို ဇာတ်လမ်းမျိုး ဆိုရင်ကော"

ဂျူဂီလ်တေးက သွေးများစွန်းပေနေသော လက်ဖြင့် ဆံပင်ကို နောက်သို့ သပ်တင်လိုက်သည်။

"ဒွန်ဟိုဂိုဏ်းခေါင်းဆောင် ဟန်ဆိုအွန်က သူကိုယ်တိုင် ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ကျေနပ်မှုမရှိတာကြောင့် ဟုန်ဂျုံဂိုဏ်းကို ရန်ငြိုးထားပြီး အဖွဲ့ဝင်တွေကို အရင် စတင် တိုက်ခိုက်ခဲ့တယ်"

"မဖြစ်နိုင်တာ"

"ဟားဟားဟား ဒါက မဖြစ်နိုင်တာလား။ အမှန်တရားလားဆိုတာ လောင်းကြေးထပ်ကြမလား အရင်တစ်ခါလိုမျိုးပေါ့"

ဟန်ဆိုအွန်၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

ဒါတွေအားလုံးက အစကတည်းက ထောင်ချောက်ပဲ။

အတိတ်ကာလကတည်းက ယနေ့အထိ သူသည် ဂျူဂီလ်တေး ဆိုသည့် လူ၏ ထောင်ချောက်ထဲသို့ အမှန်တကယ် ကျရောက်ခဲ့ခြင်းပင်။

"ဟားဟား ငါတို့ဂိုဏ်းက လူတွေကို တိုက်ခိုက်တယ်ဆိုတာ သိသွားရင် ငါတို့ဂိုဏ်းချုပ်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး... အဲဒါကိုကော ခင်ဗျားတို့ ရင်ဆိုင်ရဲလား"

ဟန်ဆိုအွန်၏ မျက်ဝန်းများမှာ တုန်လှုပ်စွာဖြင့် လှုပ်ရှားနေသည်။ ဂျူဂီလ်တေးက ထိုမြင်ကွင်းကို နှစ်သက်နေသည်။

"ခင်ဗျားနဲ့ ဒွန်ဟိုဂိုဏ်း အသက်ရှင်ဖို့ တစ်လမ်းပဲ ရှိတယ်။ စာချုပ်မှာ ရေးထားတဲ့ ဈေးနှုန်းရဲ့ ထက်ဝက်နဲ့ ခင်ဗျားတို့ရဲ့ ဘိုးဘွားပိုင် တောင်တန်းကို ပေးလိုက်ပါ"

ဟုန်ဂျုံဂိုဏ်း၏ ကစားကွက်ထဲတွင် ကစားခံလိုက်ရသော ဟန်ဆိုအွန်မှာ အမြင်အာရုံများ ဝါးတားသွားသည်။

တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။

ဂိုဏ်းကို ကယ်တင်ဖို့ တစ်လမ်းတည်းသာ ရှိတော့သည်။ နှစ်ပေါင်းတစ်ရာကျော် ဒွန်ဟိုဂိုဏ်း၏ အားကိုးရာဖြစ်ခဲ့သည့် ဘိုးဘွားပိုင် တောင်တန်းကို လက်လွှတ်ပေးရန်ပင်။

ဟန်ဆိုအွန်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာသည်။ ဘိုးဘွားတို့ ကာကွယ်ပေးခဲ့သော မြေကို လက်လွှတ်ပေးရမည်မှာ အလွန်တရာ ရှက်ရွံ့စရာနှင့် ဝမ်းနည်းစရာ ကောင်းလှသည်။

"မနက်ဖြန် ငါ ပြန်လာမယ်။ သေချာ စဉ်းစားထားပါ။ ဒါမှ ဒွန်ဟိုဂိုဏ်း အသက်ရှင်နိုင်မှာ။ ဟားဟား"

ဂျူဂီလ်တေးက နောက်လှည့်ကာ...

"ပြန်ကြမယ်"

"ဟုတ်ကဲ့"

အလုပ်ကိစ္စ ပြီးဆုံးသွားသော ဟုန်ဂျုံဂိုဏ်းသားများမှာ ပြန်လည် ထွက်ခွာရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့ ဝင်လာခဲ့သော ဒွန်ဟိုဂိုဏ်း၏ ပင်မတံခါးကြီးမှာ "ကြွပ်" ဟူသော အသံနှင့်အတူ ပိတ်သွားသည်။ ထိုတံခါးဝတွင် သူတို့ အခုလေးတင်ကမှ ကျော်ဖြတ်လာခဲ့သည့် လယ်သမားငါးဦး ရပ်နေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

ဂျူဂီလ်တေး၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက တောက်ပစွာ ပြုံးလိုက်သည်။

"ကျွန်တော်တို့လား ပြောပြီးသားပဲ လယ်သမားတွေပါ"

"လယ်သမားတွေဆိုရင် လယ်ထွန်ဖို့သွားကြလေ ဘာလို့ ဒီမှာ ရောက်နေတာလဲ တကယ်ပဲ သေချင်နေတာလား"

ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော ဟုန်ဂျုံဂိုဏ်းသားများကို ကြည့်ကာ ဂျင်ဆိုဟွန်းက ပြောလိုက်သည်။

"ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ပေါင်းသင်ဖို့ လာတာပါ"

"ပေါင်းသင်ရမယ်"

"ဟုတ်တယ်"

ဂျင်ဆိုဟွန်းက ခေါင်းညိတ်လိုက်ပြီး လက်ခုပ်တီးကာ ပြောလိုက်သည်။

"ကဲ ဒါဆိုရင် အလုပ်စကြရအောင်"

All Chapters