← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

"ကျွန်တော့်နာမည်က ဂျင်ဟွန်းပါ"

"ငါကတော့ ဂျူဂီလ်ယွန်းပါ။ ဒီမှာရှိနေတာကြာပြီပေမဲ့... မင်းလိုမျိုး ချောမောတဲ့... မဟုတ်ပါဘူး မင်းလို အမျိုးသားမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

ဂျင်ဟွန်းက သူမကို မမလေးဟု ခေါ်လိုက်သည့်အခါ ဂျူဂီလ်ယွန်း၏ ရင်ခုန်သံမှာ မြန်ဆန်လာသည်။

ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် တောင့်တင်းကာ သူ၏ လူမှုအဆင့်အတန်းကို ဖယ်လိုက်လျှင် သူသည် အရာအားလုံးတွင် ပြီးပြည့်စုံနေသည့် အမျိုးသားတစ်ဦးပင်။

ဟီဘေဒေသ၏ အရုပ်ဆိုးဆုံးလူသား ဂိုချောလ်ဂျီနှင့် ယှဉ်လိုက်လျှင်တောင် သူက အလွန်တရာကို ချောမောလွန်းနေသည်။ ဂျူဂီလ်ယွန်းမှာ အသက်ရှူပင် ကြပ်လာရသည်။

"မင်းက တံမြက်စည်းလှဲတဲ့ အစေခံသက်သက်ပဲလား"

"ဟုတ်ပါတယ်။ တစ်ခုခု များ လိုအပ်လို့လားခင်ဗျ"

"မဟုတ်ပါဘူး... ဘာမှ မဟုတ်ပါဘူး"

ဂျူဂီလ်ယွန်းမှာ သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

သူမ၏ အာဏာနှင့် ဘဝအတွက် တွက်ချက်မှုများဖြင့်သာ အချိန်ဖြုန်းနေကျဖြစ်သည့် သူမအတွက် ထိုကဲ့သို့ ရိုးရှင်းသော အစေခံလေးတစ်ယောက်၏ ရှေ့တွင် မည်သို့ ပြုမူရမည်ကို မသိတော့ပေ။

ဂျင်ဟွန်းမှာမူ သူမ၏ တုန်လှုပ်နေသော အကြည့်ကို သတိပြုမိပုံ မရဘဲ တံမြက်စည်းကို ပြန်ကိုင်လိုက်သည်။

"ကျွန်တော် အလုပ် ဆက်လုပ်လိုက်ပါဦးမယ် မမလေး"

သူက သူမကို ကျောခိုင်းပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ဂျူဂီလ်ယွန်းမှာ သူမကိုယ်သူမ မထိန်းနိုင်ဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်မိသည်။

"နေ... နေဦး။ မင်း နာမည်က ဂျင်ဟွန်း ဟုတ်လား"

သူက ခပ်ပြုံးပြုံးဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအပြုံးက သူမ၏ စိတ်အေးစက်နေသော ကမ္ဘာကို အရည်ပျော်စေမည့်အလား ဂျူဂီလ်ယွန်းမှာ အံ့ဩသွားမိသည်။

"ဟုတ်ပါတယ် မမလေး။ တစ်ခုခု ထပ်မေးစရာ ရှိလို့လားခင်ဗျ"

ဂျူဂီလ်ယွန်း၏ နှလုံးသားမှာ လှုပ်ခတ်နေသည်။

ဒီအစေခံကောင်လေးက တကယ်တော့ ဘယ်သူမို့လို့လဲ...

ဘာဖြစ်လို့ ငါ့စိတ်တွေကို ဒီလောက်အထိ ဆွဲဆောင်ပြီး ညှို့ယူထားနိုင်ရတာလဲ...။

ငါ့ရဲ့ ဘဝတစ်လျှောက်လုံး၊ လုပ်ငန်းခွင် ဖြတ်သန်းမှုတစ်လျှောက်လုံးမှာ ဒီလောက်အထိ စိုးရိမ်စရာကောင်းပြီး အန္တရာယ်ရှိတဲ့ စိတ်လှုပ်ရှားမှုကို တစ်ခါမှ မကြုံဖူးခဲ့ပါဘူး...

ဂျင်ဟွန်းနှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း ဂျူဂီလ်ယွန်း၏ စိတ်အာရုံတို့မှာ လွင့်ပါးသွားတတ်သည်။

"မင်းက အစေခံဆိုတော့ ငါ့နောက်ကို လိုက်ခဲ့။ မင်း လုပ်စရာ ရှိတယ်"

"ဟုတ်ကဲ့"

ဂျူဂီလ်ယွန်းသည် ဂျင်ဟွန်းကို ခေါ်ဆောင်ကာ သူမ၏ အိပ်ဆောင်ဆီသို့ ဦးတည်ခဲ့သည်။ အေးအေးဆေးဆေး ပြန်တွေးကြည့်မှပင် ထူးဆန်းမှုတို့က ပေါ်လာသည်။

လူတစ်ကာကို လှည့်ကြည့်စေလောက်အောင် ချောမောသည့် အမျိုးသားတစ်ယောက်က အစေခံအဖြစ် လုပ်ကိုင်နေခြင်း၊ ညဉ့်နက်သန်းခေါင်တွင် တံမြက်စည်းလှဲနေခြင်းတို့မှာ လွန်စွာ ထူးဆန်းလှသည်။

သို့သော် ဂျူဂီလ်ယွန်းမှာ ထိုအရာတို့ကို ဆင်ခြင်နိုင်လောက်သည့် အခြေအနေတွင် မရှိတော့ပေ။

သူမ၏ အိပ်ဆောင်အတွင်းသို့ ရောက်သောအခါ ဂျင်ဟွန်းကို ရပ်ခိုင်းပြီး တစ်ကိုယ်လုံးကို အပေါ်အောက် အသေးစိတ် ကြည့်ရှုလိုက်သည်။

"လှပလိုက်တာ။ မင်းလောက် ချောမောတဲ့ အမျိုးသားမျိုးကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး"

"ချီးကျူးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဂျင်ဟွန်းက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည့်အခါ ဂျူဂီလ်ယွန်းမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

"ဒီလို ကျောက်မျက်ရတနာမျိုးက ဘာလို့ ဒီလိုနေရာမှာ ရောက်နေရတာလဲ။ ဟုန်ဂျုံဂိုဏ်းမှာက ယောက်ျားတွေချည်းပဲဆိုတော့လည်း နားလည်ပေးလို့ရပါတယ်လေ"

ဂျူဂီလ်ယွန်း၏ လက်ဖမိုးက ဂျင်ဟွန်း၏ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်လိုက်သည်။

"မင်း ဒီမှာ လုပ်တာ ကြာပြီလား"

"တစ်လလောက်ပဲ ရှိပါသေးတယ်ခင်ဗျ"

"လစာအတွက်ရော ကျေနပ်ရဲ့လား"

"ရတာလေးနဲ့တင် ကျေနပ်ပါတယ်"

"မင်းရဲ့ ရုပ်ရည်နဲ့ဆို ဘယ်နေရာမှာမဆို ကောင်းကောင်းစား၊ ကောင်းကောင်းနေလို့ ရပါရဲ့။ ဘာလို့ ဒီလိုနေရာမျိုးမှာ နေနေရတာလဲ"

"လောကကြီးက ကျွန်တော် ထင်သလောက် မလွယ်ကူပါဘူး မမလေး"

ဂျင်ဟွန်း၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သန်းလာသည့်အခါ ဂျူဂီလ်ယွန်းမှာ ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာသည်။

"ဒီအချိန်ကစပြီး မင်းက ငါ့လူပဲ။ နားလည်လား"

"ဗျာ ဒါပေမဲ့ ကျွန်တော်က ဟုန်ဂျုံဂိုဏ်းရဲ့..."

"ပြန်မပြောနဲ့။ ငါ့ကို ပြန်ပြောတဲ့သူတွေကို ငါ မကြိုက်ဘူး"

"အာ... နားလည်ပါပြီ"

ဂျင်ဟွန်းက ခေါင်းငုံ့လိုက်သည့်အခါ ဂျူဂီလ်ယွန်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ပျော်ရွှင်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။

ဒီလောက် မထင်မှတ်ထားတဲ့ ရတနာတစ်ခုကို ရလိုက်မယ်လို့ မထင်ထားခဲ့ဘူး။

ဂျူဂီလ်ယွန်း၏ တပ်မက်မှုတို့ဖြင့် ပြည့်နှက်နေသည့် လက်ချောင်းထိပ်တို့က ဂျင်ဟွန်း၏ လည်ပင်းကို ထိလိုက်သည့် ခဏမှာပင် အခန်းပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"အစ်မ အထဲမှာလား"

"ဂျူဂီလ်ဆော့ ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ"

"အဖေက အားလုံးကို ခေါ်ခိုင်းလိုက်တယ်။ အခုချက်ချင်း ဒွန်ဟိုဂိုဏ်းကို သွားဖို့ စီစဉ်နေပုံပဲ"

"အခုလား မနက်ဖြန်မှ သွားရမှာ မဟုတ်ဘူးလား"

"လေးဓားတပ်ဖွဲ့ ခေါင်းဆောင်နဲ့ တိုင်ပင်ပြီးတဲ့နောက်မှာတော့ နေ့ခင်းထက် ညနေပိုင်းမှာ အလစ်ဝင်တိုက်တာ ပိုကောင်းမယ်လို့ အဖေ တွေးလိုက်ပုံပဲ"

တံခါးပွင့်လာပြီး ဂျူဂီလ်ယွန်း မျက်နှာပြလိုက်သည်။

"တကယ်ပဲ တိုင်ပင်ဆွေးနွေးခြင်း တစ်စုံတစ်ရာ မပါဘဲနဲ့"

"အဲဒါကြောင့် အခုချက်ချင်း ပြင်ဆင်ဖို့ အဖေရဲ့ အမိန့်ပါ"

"နားလည်ပြီ"

ဂျူဂီလ်ယွန်း စိတ်တိုတိုဖြင့် အဝတ်အစား လဲလှယ်နေစဉ် ဂျူဂီလ်ဆော့၏ အကြည့်တို့က ဂျင်ဟွန်းဆီသို့ ရောက်သွားသည်။

"ဒီလူက ဘယ်သူလဲ"

သူမေးလိုက်သည့်အခါ ဂျူဂီလ်ယွန်းက ဂျင်ဟွန်းကို သူမနောက်သို့ အမြန်ဆွဲခေါ်လိုက်ပြီး...

"သူက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာအစေခံလေ။ မင်းကိစ္စ မဟုတ်ရင် ဝင်မစွက်ဖက်နဲ့"

ဂျူဂီလ်ဆော့က ဂျင်ဟွန်းကို ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ ဖူးစားဘက် ဂိုချောလ်ဂျီမှာ ဟီဘေဒေသ၏ အရုပ်ဆိုးဆုံးလူသားဟု နာမည်ကျော်သည်မို့ သူမ အစေခံကို ချောမောသူ ခန့်ထားခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။

ဒါပေမဲ့... ဂျူဂီလ်ယွန်းရဲ့ စရိုက်နဲ့ဆိုရင်တော့ ဒီလောက် ရုပ်ဆိုးတဲ့သူနဲ့ စေ့စပ်ထားရတာ သူမအတွက်တော့ အတော်လေး စိတ်ညစ်စရာ ဖြစ်မှာပဲ။

"ကျွန်တော် အရင်ဆုံး လေ့ကျင့်ရေးကွင်းကို သွားနှင့်မယ်"

"မင်းသဘောအတိုင်းပဲ လုပ်ပါ"

ဂျူဂီလ်ဆော့ ထွက်သွားပြီးနောက် ပြင်ဆင်မှု ပြီးစီးသွားသော ဂျူဂီလ်ယွန်းက ဂျင်ဟွန်းကို ဝတ်ရုံကြီးတစ်ထည် ပေးလိုက်သည်။

"ဒါကို ဝတ်ထား။ ပြီးတော့ ဒီနေ့ကစပြီး ငါ့ဘေးကနေ တစ်လက်မလေးတောင် မခွာနဲ့"

"နားလည်ပါပြီ မမလေး"

ဂျင်ဟွန်းမှာ နာခံစွာ ဝတ်ရုံကို ဝတ်ဆင်ပြီး ဂျူဂီလ်ယွန်းနောက်သို့ လိုက်ပါသွားသည်။ သူတို့ ရောက်ရှိသွားသည့်နေရာမှာ ဟုန်ဂျုံဂိုဏ်း၏ ကြီးမားလှသော လေ့ကျင့်ရေးကွင်းကြီး ဖြစ်သည်။

ထိုနေရာတွင် ပြင်ဆင်မှုပြီးစီးသွားသော ဟုန်ဂျုံဂိုဏ်းသား ရာကျော်နှင့် ဘေးတွင် လေးဓားတပ်ဖွဲ့ဝင် ငါးဆယ်တို့ စုရုံးနေကြသည်။ ထိုမြင်ကွင်းကို ကြည့်နေသည့် ဂျင်ဟွန်း၏ မျက်ဝန်းတို့မှာ အပြာရောင်အလင်းတန်းလေး ဖြတ်ခနဲသန်းသွားသည်။

"တတ်နိုင်သမျှ မြန်မြန် တတ်နိုင်သမျှ တိတ်တဆိတ် လှုပ်ရှားရမယ်။ နားလည်လား"

"ဟုတ်ကဲ့"

ပြင်ဆင်မှုပြီးစီးသွားသော ဂျူဟျောလ်က မမြင်ရသေးသည့် ဂျူဂီလ်တေးကို လိုက်ရှာသည်။

"ဂီလ်တေးကို မတွေ့ပါလား"

"သူ နောက်ထပ် အရက်သောက်နေပြန်ပြီ ဖြစ်မှာပါ။ ဒီကိစ္စအတွက် ဂျူဂီလ်တေး မလိုအပ်ပါဘူး"

"တောက်... ဂီလ်ဆော့။ ဒီတစ်ခါ မင်းပဲ ဦးဆောင်ရလိမ့်မယ်။ အလစ်ဝင်တိုက်မှာမို့လို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားရမယ်"

"ကျွန်တော် မှတ်သားထားပါ့မယ်"

ဂျူဂီလ်ဆော့က သိုင်းသမားများကို ဦးဆောင်လိုက်သည်။

သူ့အမိန့်အတိုင်း ဟုန်ဂျုံဂိုဏ်းသားများ ထွက်ခွာသွားကြပြီး အနောက်မှ လေးဓားတပ်ဖွဲ့က လိုက်ပါသွားသည်။

ဂျူဂီလ်ယွန်းက သူမ စီးလာသည့် လှည်းပေါ် တက်လိုက်ပြီး ဂျင်ဟွန်းလည်း သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဘယ်ကို သွားကြမှာလဲခင်ဗျာ"

ဂျင်ဟွန်းက စိုးရိမ်သော အသံဖြင့် မေးလိုက်သည့်အခါ ဂျူဂီလ်ယွန်းက သူမ၏ ထုံးစံအတိုင်း အဆိပ်ပြင်းသော အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

"ဒွန်ဟိုဂိုဏ်းကိုလေ"

"ဒွန်ဟိုဂိုဏ်း... အဲဒါ သိုင်းဂိုဏ်းတစ်ခုလားခင်ဗျ"

"ဟုတ်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ဂိုဏ်း မီးလောင်ကျွမ်းတော့မှာမို့လို့ မင်း မှတ်ထားဖို့ မလိုတော့ပါဘူး"

"စစ်ဖြစ်တော့မလို့လား"

သူ စစ်ကို ကြောက်နေတာလား။

ဂျင်ဟွန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်။ တုန်ယင်နေသည်ကို ခံစားမိသော ဂျူဂီလ်ယွန်းက ကလေးလေးတစ်ယောက်ကို ချော့သလိုမျိုး ဂျင်ဟွန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီစစ်ပွဲမှာ ငါတို့ပဲ နိုင်မှာပါ။ ဒွန်ဟိုဂိုဏ်း ဒီညကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

"ဘာလို့ စစ်တိုက်ကြတာလဲ မမလေး"

"ရိုးရှင်းပါတယ်။ ဒွန်ဟိုဂိုဏ်းမှာ ငါတို့ လိုချင်တာ ရှိတယ်။ ပြီးတော့ ငါ အဲဒါကို ရချင်တယ်"

ဂျင်ဟွန်း၏ မျက်ဝန်းတို့က ဂျူဂီလ်ယွန်းနှင့် ဆုံသွားသည်။

အကြည့်ချင်း ဆုံလိုက်သည့် ခဏမှာပင် ဂျူဂီလ်ယွန်းက တောက်ပစွာ ပြုံးပြလိုက်သည်။

"ဘာကို လိုချင်တာလဲဆိုတာ သိချင်လား"

ဂျူဂီလ်ယွန်း၏ အဓိပ္ပာယ်ပါသော မေးခွန်းကြောင့် ဂျင်ဟွန်းက တွန့်သွားပြီး သူတို့ စတွေ့စဉ်က ပြသခဲ့သည့် အဆင်မပြေသော အပြုံးမျိုးဖြင့် ပြန်ပြုံးလိုက်သည်။

"မသိချင်ပါဘူး။ ကျွန်တော်လို လူက ဒါတွေ သိပြီး ဘာလုပ်မလဲ။ မမလေး ပျော်ရွှင်ရင် ကျွန်တော်လည်း ပျော်ရွှင်ပါတယ်"

"ဟားဟားဟား"

ဂျူဂီလ်ယွန်းမှာ အားရပါးရ ရယ်မောလိုက်ပြီး ဂျင်ဟွန်း၏ ပါးပြင်ကို ဖွဖွလေး ဆိတ်လိုက်သည်။

"မင်းကို ကြည့်လေ ပိုသဘောကျလေပဲ။ ဒီကိစ္စပြီးသွားရင် ဆာဆောင်ဂိုဏ်းကို အတူတူသွားကြမယ်။ အဲဒီမှာ မင်းနဲ့ငါ ပြိုင်စံရှားတဲ့ ဂုဏ်ကျက်သရေတွေကို ခံစားကြရလိမ့်မယ်"

"ကျွန်တော်လို လူက ဂုဏ်ကျက်သရေတွေကို ခံစားရမှာလားခင်ဗျ"

ဂျင်ဟွန်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် မေးလိုက်သောအခါ ဂျူဂီလ်ယွန်းမှာ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

"ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ငါတို့က မဟာမိတ်အဖွဲ့ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိတော့မှာမို့လို့လေ"

ဂျူဂီလ်ယွန်း၏ မျက်ဝန်းတို့မှာ ဝေဝါးသွားသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူမဘေးတွင် ထိုင်နေသော ဂျင်ဟွန်း၏ မျက်ဝန်းတို့မှာမူ လေးလံစွာ နစ်မြုပ်သွားသည်။ ဂျင်ဟွန်းသည် စကားလုံးတစ်လုံးကို အဓိပ္ပာယ်ဖွင့်ဆိုရင်း ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

"မဟာမိတ်အဖွဲ့..."

တောင် တောင် တောင် တောင်….

ရန်သူလာရောက်ကြောင်း သတိပေးသည့် ခေါင်းလောင်းသံမှာ ဒွန်ဟိုဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

တစ်ညလုံး မျက်လုံးမမှိတ်ဘဲ စောင့်ကြည့်နေခဲ့ကြသည့် ဟန်ဆိုအွန်နှင့် ဂိုဏ်းအကြီးအကဲများမှာ ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားကြသည်။

"ဘာဖြစ်တာလဲ"

ဟန်ဆိုအွန်၏ မေးခွန်းကြောင့် ပင်မတံခါးကို စောင့်ကြပ်နေသည့် သိုင်းသမားများမှာ အလောတကြီး ပြေးလာပြီး အော်ဟစ်လိုက်သည်။

"ဟုန်ဂျုံဂိုဏ်းက သူတို့ရဲ့ သိုင်းသမားတွေနဲ့ အတူ ရောက်လာပါပြီ"

"လူအရေအတွက်က ဘယ်လောက်လဲ"

"တစ်ရာကျော်လောက် ရှိပါတယ်"

"ခွေးကောင်တွေ လာပြီပဲ... ဒွန်ဟိုဂိုဏ်းသားတို့ နားထောင်ကြ လက်နက်တွေကို ချက်ချင်းယူပြီး ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ"

"ဟုတ်ကဲ့"

ဟန်ဆိုအွန်၏ ကျယ်လောင်သော အမိန့်သံကြောင့် ဒွန်ဟိုဂိုဏ်းသားအားလုံး စုရုံးရောက်ရှိလာကြသည်။ သို့သော် သူတို့၏ အရေအတွက်မှာ ရှစ်ဆယ်ပင် မပြည့်ပေ။

"ဘာဖြစ်တာလဲ"

ခေါင်းလောင်းသံကြောင့် နိုးလာကြသည့် အဖွဲ့ ၃ မှ ယူအူဆွန်းနှင့် ကျန်အဖွဲ့ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

"ဟုန်ဂျုံဂိုဏ်း ရောက်လာပုံပဲ"

အခြေအနေကို သဘောပေါက်သွားသည့် အွန်းဘန်မှာ ဂျင်ဆိုဟွန်းကို အလောတကြီး လိုက်ရှာသည်။ သို့သော် အဖွဲ့ခေါင်းဆောင် ဂျင်ဆိုဟွန်းကိုမူ မတွေ့ရပေ။

"ဂျင်ဆိုဟွန်း ဘယ်ရောက်သွားတာလဲ"

"သူ့အိပ်ခန်းမှာ မရှိဘူး"

"အစ်ကို့ကို ဘယ်မှာမှ မတွေ့ဘူး"

ဂျင်ဆိုဟွန်းကို လိုက်ရှာနေသည့် ပန်အိုဂျောင်ကလည်း မတွေ့ရကြောင်း ပြောလာသောအခါ အွန်းဘန်မှာ အလွန်ဒေါသထွက်သွားသည်။

"အဲဒီကောင်... ဟုန်ဂျုံဂိုဏ်းလာမယ်ဆိုတာ သိလို့ တစ်ယောက်တည်း ထွက်ပြေးသွားတာများလား"

"ဟေ့ အစ်ကိုက အဲဒီလိုလူမျိုးလို့ ထင်နေတာလား"

ပန်အိုဂျောင်က အလောတကြီး ခုခံကာကွယ်လိုက်သောအခါ အွန်းဘန်မှာ ပို၍ ပြင်းထန်စွာ ပြန်ပြောလိုက်သည်။

"ဒါဆို သူ ဘယ်မှာလဲ ဂျင်မျိုးနွယ်စုက အဲဒီကောင် ဘယ်မှာလဲ"

"အဲဒါက..."

"အခုလို အချိန်ဖြုန်းနေလို့ မရဘူး ဟုန်ဂျုံဂိုဏ်းကို ရင်ဆိုင်ဖို့ နည်းလမ်းရှာရမယ်"

နဂါးပြာအရာရှိလေးဦးမှာ ရှုပ်ထွေးသွားသည်။

သူတို့၏ အဖွဲ့ခေါင်းဆောင် ဂျင်ဆိုဟွန်း ပျောက်ဆုံးနေပြီး ဟုန်ဂျုံဂိုဏ်းက သိုင်းသမားများဖြင့် ရောက်လာသည့်အတွက် အခြေအနေမှာ အလွန်အရေးတကြီး ဖြစ်နေသည်။

အခြေအနေမှာ ပိုမိုတင်းမာလာသည်နှင့်အမျှ သူတို့လေးဦးမှာ အဝတ်အစားများ အမြန်လဲကာ ဒွန်ဟိုဂိုဏ်းသားများနှင့် ပူးပေါင်းလိုက်သည်။

"အို ရောက်လာကြပြီလား"

ဟန်ဆိုအွန်သည် သူတို့လေးဦးကို တစ်ယောက်ချင်းစီ ကြည့်ရှုလိုက်ပြီး ဂျင်ဆိုဟွန်း မပါလာသည်ကို သဘောပေါက်သွားသည်။

"လူငယ်သူရဲကောင်းဂျင် ဘယ်မှာလဲ"

"အဲဒါက... ဂျင်ဆိုဟွန်းကို မတွေ့ရပါဘူး"

"လူငယ်သူရဲကောင်းဂျင် ထွက်ပြေးသွားတာများလား"

အွန်းဘန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"အခုလောလောဆယ်မှာတော့ အဲဒီအတိုင်းပဲ ထင်ရပါတယ်ဗျာ"

"ဟို"

မျက်နှာကို ဝမ်းနည်းပက်လက်ဖြင့် သုတ်လိုက်သော ဟန်ဆိုအွန်သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့် ဟန်မွန်းကို တွေ့လိုက်ရသည်။

"မွန်း။ လူငယ်သူရဲကောင်းဂျင်ကို မင်း တစ်စုံတစ်ရာ မြင်မိသေးလား"

"အဲဒါ... တကယ်တော့..."

ဟန်မွန်းသည် ဂျင်ဆိုဟွန်းကို နောက်ဆုံးမြင်ခဲ့ရသည့် အကြောင်းကို ပြောပြလိုက်သည်။

"မင်းပြောတာ... လူငယ်သူရဲကောင်းဂျင်က အနက်ရောင်အဝတ်အစား၊ မျက်နှာဖုံးနဲ့ နမ်ဆိုဟွန်းမြေပုံကို ယူသွားတယ်လို့ ပြောတာလား"

"ဟုတ်ပါတယ်..."

"သေပါရောလား"

အကယ်၍ ဒါသာ အမှန်ဆိုလျှင် ဂျင်ဆိုဟွန်းသည် ဟုန်ဂျုံဂိုဏ်း၏ အလစ်ဝင်တိုက်မှု မတိုင်ခင်ကတည်းက ဒွန်ဟိုဂိုဏ်းမှ မည်သူမျှ မသိအောင် ထွက်သွားခဲ့ခြင်းပင်။

"သူရဲဘောကြောင်တဲ့ကောင်"

"အခု ဘာလုပ်ကြမလဲ မဟာမိတ်အဖွဲ့ရဲ့ အမှတ်တံဆိပ်က သူ့ဆီမှာလေ"

"ခွေးကောင်"

သူတို့ကို ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သော မဟာမိတ်အဖွဲ့၏ အမှတ်တံဆိပ်မှာ အဖွဲ့ခေါင်းဆောင် ဂျင်ဆိုဟွန်းထံတွင် ရှိနေသည်။ မည်သို့မျှ မတတ်နိုင်တော့သည့် အခြေအနေတွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ရား……

ကြီးမားသော ပေါက်ကွဲသံနှင့်အတူ သိုင်းသမားများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ဟုန်ဂျုံဂိုဏ်းမှ သိုင်းသမားများမှာ ဒွန်ဟိုဂိုဏ်း၏ ပျက်စီးသွားသော ပင်မတံခါးမှတစ်ဆင့် အတင်းဝင်ရောက်လာကြသည်။

"တိုက်ပွဲအတွက် ပြင်ဆင်ကြ"

ဟန်ဆိုအွန်၏ အော်ဟစ်သံနှင့်အတူ ဒွန်ဟိုဂိုဏ်းသားများမှာ ဓားများကို ထုတ်ကာ ဟုန်ဂျုံဂိုဏ်းသားများကို ချိန်ရွယ်လိုက်ကြသည်။ မကြာမီတွင် ဟုန်ဂျုံဂိုဏ်းမှ လူတစ်ယောက် ထွက်လာသည်။ သူမှာ ဟုန်ဂျုံဂိုဏ်း၏ ဂိုဏ်းချုပ် ဂျူဟျောလ် ဖြစ်သည်။

"ဂါရဝပြုပါတယ်"

"ဂျူဟျောလ်..."

ဟန်ဆိုအွန်သည် ရှေ့သို့ တိုးလာပြီး ဂျူဟျောလ်၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။

"ဂိုဏ်းချုပ် ဒါ ဘာအဓိပ္ပာယ်လဲ"

"ဘာအဓိပ္ပာယ်လဲ ဟုတ်လား မင်းတို့က ဟုန်ဂျုံဂိုဏ်းရဲ့ သိုင်းသမားတွေကို တစ်ဖက်သတ် တိုက်ခိုက်ခဲ့တာကို မေ့သွားပြီလား"

"ဒီ... ဒါက နားလည်မှုလွဲတာပါ"

"နားလည်မှုလွဲတာ ဟုတ်လား အဆင်ပြေလွန်းတဲ့ ဆင်ခြေပဲ။ မင်းတို့က အမှားတစ်ခုကို ကျူးလွန်ပြီးမှ နားလည်မှုလွဲတာလို့ ပြောလိုက်ရင် အရာအားလုံးက မဖြစ်ပျက်ခဲ့သလို ဖြစ်သွားမှာလား"

"မင်းတို့ ဘာလိုချင်တာလဲ"

"သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်။ ဒွန်ဟိုဂိုဏ်းကို စွန့်လွှတ်မလား ဒါမှမဟုတ် ဒွန်ဟိုတောင်ကို ပေးမလား... ရွေးလိုက်တော့ ဂိုဏ်းချုပ်"

"..."

ဟန်ဆိုအွန်၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများမှာ တုန်ယင်နေသည်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဟုန်ဂျုံဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက ရှုံးနိမ့်မှာ သေချာသည်။ ပို၍ဆိုးသည်မှာ သူတို့နှင့်အတူ တစ်ခါမျှ မမြင်ဖူးသည့် သိုင်းသမားများ ပါလာခြင်းပင်။ အထူးသဖြင့် လေးဓားတပ်ဖွဲ့ဝင် ငါးဆယ်ကို ဦးဆောင်လာသူမှာ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

တကယ်ပဲ လမ်းမရှိတော့တာလား။

ဟန်ဆိုအွန် စိတ်ပျက်နေစဉ်မှာပင် အွန်းဘန်မှာ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

"အဲ... အဲဒါ ဂျင်ဆိုဟွန်း မဟုတ်လား"

"ဟုတ်ပုံပဲ"

"လူငယ်သူရဲကောင်းဂျင်က ဘာလို့ ဟိုဘက်မှာ ရောက်နေတာလဲ"

"အစ်ကို"

သူတို့လေးဦးသည် ဒွန်ဟိုဂိုဏ်းထဲသို့ ဝင်ရောက်လာသည့် ဟုန်ဂျုံဂိုဏ်းသားများကြားတွင် ဂျင်ဆိုဟွန်းကို မြင်လိုက်ရသည်။

သူသည် အဆိပ်ပြင်းသည့် အရိပ်အယောင်များရှိသည့် လှပသော အမျိုးသမီးတစ်ဦးဘေးတွင် ရပ်နေကာ ဟုန်ဂျုံဂိုဏ်းဝင်တစ်ယောက်လိုမျိုးပင်။

"ခွေးကောင် သူ ဘယ်သွားလဲလို့ လိုက်ရှာနေတာ ဟုန်ဂျုံဂိုဏ်းနဲ့ ကပ်နေတာကိုး"

"သစ္စာဖောက်ကောင်"

"သူ ကိုယ်တိုင် ပြဿနာရှာပြီးမှ ဟုန်ဂျုံဂိုဏ်းနဲ့ သွားပေါင်းတယ်... မယုံနိုင်စရာပဲ"

"အစ်ကိုက အဲဒီလိုလူမျိုး မဟုတ်ပါဘူး..."

ပန်အိုဂျောင်က မယုံကြည်နိုင်သည့် အမူအရာကို ပြသနေဆဲတွင် အွန်းဘန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

"သတိထားစမ်း အဲဒီခွေးကောင်က ငါတို့ကို သစ္စာဖောက်ပြီး ဟုန်ဂျုံဂိုဏ်းနဲ့ ပူးပေါင်းသွားတာကို မျက်မြင်ကိုယ်တွေ့ပဲလေ"

"ကျွန်တော်... ကျွန်တော် မေးကြည့်မယ်..."

ပန်အိုဂျောင် ရှေ့သို့တိုးလာစဉ် အွန်းဘန်နှင့် ဆန်ဆွတ်တို့က သူ့ကို တားလိုက်သည်။

"နေဦး အခု အခြေအနေက ငါတို့ လက်လွန်သွားပြီ"

"ဘာကို ဆိုလိုတာလဲ"

အွန်းဘန်က ပန်အိုဂျောင်၏ ပုခုံးကို ဆွဲကိုင်ကာ ပြောလိုက်သည်။

"အနာဂတ်အတွက်ပဲ စဉ်းစားရတော့မယ်။ ဒီကိစ္စကိုတော့ ဒွန်ဟိုဂိုဏ်းလက်ထဲပဲ ထားခဲ့ရတော့မယ်"

"ဒွန်ဟိုဂိုဏ်း အကျပ်အတည်းကို မျက်ကွယ်ပြုရမယ်လို့ ပြောတာလား"

"မတတ်နိုင်ဘူးလေ။ ဒီမှာ ငါတို့ပါ သေသွားရင် အားလုံး ပြီးသွားမှာပဲ။ ဒါကြောင့် အခုလောလောဆယ် ဆုတ်ခွာရမယ်"

အခြေအနေကို အေးဆေးစွာ အကဲခတ်နေသော အွန်းဘန်က ပန်းအိုဂျောင်ကို နားချရန် ကြိုးစားသည်။ သို့သော် ပန်အိုဂျောင်မှာ နောက်မဆုတ်ခဲ့ပေ။

"ငါတို့က ဘယ်သူတွေလဲ"

"ဘာလဲ"

"ငါတို့က တာအိုသိုင်းလောကကို ကာကွယ်ပေးတဲ့ သိုင်းမဟာမိတ်အဖွဲ့ဝင်တွေလေ။ ငါတို့သာ ထွက်ပြေးရင် သူတို့ကို ဘယ်သူ ကူညီမလဲ"

"အခုချိန်မှာ အဲဒါကို စိတ်ပူနေရမယ့် အချိန်လား"

"ကျွန်တော်က ဟီဘေပန်မျိုးနွယ်စုမှ ပန်အိုဂျောင်ပါ"

အွန်းဘန်၏ လက်ကို ပုတ်ထုတ်လိုက်သည့် ပန်အိုဂျောင်မှာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ အရှေ့ဆုံးတွင် ရပ်လိုက်သည်။ သူ ပေါ်လာသောအခါ ဟုန်ဂျုံဂိုဏ်းနှင့် လေးဓားတပ်ဖွဲ့တို့၏ အကြည့်များမှာ သဘာဝအတိုင်းပင် သူ့ဆီ ရောက်သွားသည်။

လူတိုင်း၏ ရှေ့တွင် ရပ်နေသော ပန်အိုဂျောင်မှာ အသက်ပြင်းပြင်းရှူကာ တတ်နိုင်သမျှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"ကျွန်တော်က ဟီဘေပန်မျိုးနွယ်စုမှ ပန်အိုဂျောင်ပါ"

"ဟီဘေပန်မျိုးနွယ်စု"

ဂျူဟျောလ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ ထို့နောက် ပန်အိုဂျောင်၏ ညာဘက်တွင် လူသစ်များ ပေါ်လာသည်။

"ကျွန်တော်က ချန်လုံဂိုဏ်းမှ ဆန်ဆွတ်ပါ"

"ကျွန်တော်... ကျွန်တော်က ယူမျိုးနွယ်စုမှ ယူအူဆွန်းပါ"

ထို့နောက် ဆန်ဆွတ်နှင့် ယူအူဆွန်းတို့က ပန်အိုဂျောင်ဘေးတွင် ရပ်ကာ သူတို့၏ ဂိုဏ်းနှင့် နာမည်များကို ဖော်ပြလိုက်သည်။ နောက်ဆုံးတွင် အွန်းဘန်မှာ လျှောက်လာပြီး သူတို့ဘေးတွင် ဓားကို ဆွဲထုတ်လိုက်သည်။

"ကျွန်တော်က ဂေါင်တုန်းဂိုဏ်းက တပည့် အွန်းဘန်ပါ"

ဂေါင်တုန်းဂိုဏ်းနှင့် ချန်လုံဂိုဏ်းတို့မှ တပည့်များ ပေါ်လာသည့်အခါ ဂျူဟျောလ်၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ပျက်သွားသည်။

ဟီဘေပန်မျိုးနွယ်စုနဲ့ ဂေါင်တုန်းဂိုဏ်း

ခေါင်းကိုက်စရာ လူတွေ ရောက်လာပြီ။

အထူးသဖြင့် ဟီဘေပန်မျိုးနွယ်စုမှာ ဟဲနန်ဒေသ၏ အရှင်သခင်များပင်။ သူတို့က ဟဲနန်၏ တကယ့်ပိုင်ရှင်များဖြစ်နေသဖြင့် ထိုသူမှာ တကယ်ပင် ပန်မျိုးနွယ်စု၏ သွေးသားဆိုပါက သူတို့အပေါ် အမှတ်တမဲ့ မလုပ်ရဲပေ။

"ဟီဘေပန်မျိုးနွယ်စုက ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"

ဂျူဟျောလ်၏ မေးခွန်းကို ပန်အိုဂျောင်က ရင်ကော့ကာ ဂုဏ်ယူစွာ ဖြေလိုက်သည်။

"ကျွန်တော် ဒီကို ရောက်လာတာက ဒွန်ဟိုဂိုဏ်းရဲ့ ဧည့်သည်အနေနဲ့ပါ။ မင်းတို့ကရော ဒီလောက်ညဉ့်နက်မှ ဘာကိစ္စနဲ့ ရောက်လာတာလဲ"

"ငါတို့က ရစရာရှိတာကို လာယူတာပါ"

ဂျူဟျောလ်က ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် ဖြစ်နေစဉ် ချောလ်ဂျွမ်းက အနားသို့ ကပ်လာသည်။

"သူတို့ကိုပါ သတ်ပြီး အသံတိတ်ခိုင်းလိုက်ရင်ရော"

"မင်းက ပန်မျိုးနွယ်စုရဲ့ သွေးသားတွေကိုပါ သတ်ခိုင်းနေတာလား"

"ပန်မျိုးနွယ်စုရဲ့ သွေးသား ဒီမှာရှိတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး"

ဂျူဟျောလ်က ချီတုံချတုံ ဖြစ်နေဆဲတွင် ချောလ်ဂျွမ်းက ပိုမိုပြတ်သားစွာ ပြောလိုက်သည်။

"ရွေးလိုက်တော့။ ဒွန်ဟိုတောင်ကို ရမယ့် အခွင့်အရေးကို လက်လွှတ်ပြီး ဆာဆောင်ဂိုဏ်းကို ရန်သူလုပ်မလား... ဒါမှမဟုတ် ဒီမှာရှိတဲ့သူ အကုန်သတ်ပြီး ဒွန်ဟိုတောင်နဲ့ ဆာဆောင်ဂိုဏ်းရဲ့ ကျေးဇူးကိုပါ ရယူမလား"

လေးအိမ်က ထွက်သွားတဲ့ မြှားတစ်စင်းလိုပင်။ ချောလ်ဂျွမ်းပြောသည့်အတိုင်း အားလုံးကိုသတ်ပြီး မြေမြှုပ်လိုက်ပါက အမှန်တရားကို သိသူ မကျန်တော့ပေ။

"ဂိုဏ်းချုပ်ဟန်။ ဆုံးဖြတ်ချက် ချပြီးပြီလား"

ဟုန်ဂျုံဂိုဏ်းက ပေးလိုက်သည့် နောက်ဆုံးသတိပေးချက်။ ဟန်ဆိုအွန်က သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

"ငါတို့ ဘာကမ်းလှမ်းချက်ကိုမှ လက်မခံဘူး"

ဟန်ဆိုအွန်၏ မယိမ်းယိုင်သော အမူအရာကြောင့် ဂျူဟျောလ်က လျှာသပ်လိုက်သည်။

"မိုက်မဲတဲ့လူ... မင်း အသက်ရှင်ဖို့ အခွင့်အရေးကို လွှင့်ပစ်လိုက်တာပဲ"

ဂျူဟျောလ်က လက်ကို မြှောက်လိုက်သည်။

"အကုန်သတ်လိုက်"

အမိန့်ပေးလိုက်သည့်အခါ ဟုန်ဂျုံဂိုဏ်းသားအားလုံး ဓားများကို မြှောက်လိုက်ကြသည်။ ဒွန်ဟိုဂိုဏ်းနှင့် ဟုန်ဂျုံဂိုဏ်းတို့၏ တိုက်ပွဲမှာ စတင်တော့မည့်အချိန်။

ဂိုဏ်းဝင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည့် ကျယ်လောင်သော အော်ဟစ်သံကြောင့် လူတိုင်း၏ လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားသည်။

"ရပ်ကြ"

ဂျင်ဆိုဟွန်း၏ ရုတ်တရက် အော်ဟစ်လိုက်မှုနှင့်အတူ မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူ၏ လက်ထဲတွင် တောက်ပနေသည့် ငွေရောင်အမှတ်တံဆိပ်ကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်သွားကြသည်။

"မင်း... မင်းက..."

ဂျူဂီလ်ယွန်း၏ မျက်နှာမှာ ဒေါသနှင့် ထိတ်လန့်မှုတို့ ရောထွေးသွားသည်။

သူမ၏ ဘေးတွင် အေးဆေးတည်ငြိမ်စွာ ရပ်နေခဲ့သည့် အစေခံလေးက မည်သူဖြစ်ကြောင်း ယခုအခါတွင် သူမ သိလိုက်ရသည်။

ဂျင်ဆိုဟွန်းမှာမူ သူမ၏ ဒေါသကို ဂရုမစိုက်ဘဲ တိုက်ပွဲ၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားလိုက်သည်။

သူ၏ အရှိန်အဝါမှာ လုံးဝ ပြောင်းလဲသွားသည်။ တံမြက်စည်းကို ကိုင်ထားသည့် အစေခံတစ်ယောက်၏ ပုံစံမဟုတ်တော့ဘဲ သိုင်းလောက၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် သိုင်းမဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်တစ်ယောက်အဖြစ် ပေါ်လွင်နေသည်။

"ငါပြောတာကို ကြားလား ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ ငါရောက်နေပြီ။ ဒါကြောင့်..."

ဂျင်ဆိုဟွန်းက လေးဓားတပ်ဖွဲ့ကို ဦးဆောင်နေသည့် ချောလ်ဂျွမ်းကို စူးစိုက်ကာ ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"မင်းတို့ လေးဓားတပ်ဖွဲ့အနေနဲ့ ဒီကိစ္စမှာ ဆက်လက်ပါဝင်မယ်ဆိုရင် အဲဒါက မဟာမိတ်အဖွဲ့ကို စိန်ခေါ်တာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီနေရာကနေ ချက်ချင်း ထွက်သွားကြ"

ဟုန်ဂျုံဂိုဏ်းသားများမှာ ဂျူဟျောလ်၏ အမိန့်ကို စောင့်ကြည့်နေကြသည်။ ချောလ်ဂျွမ်းမှာ ဂျင်ဆိုဟွန်းကို ဒေါသတကြီး ကြည့်နေသော်လည်း မဟာမိတ်အဖွဲ့၏ တံဆိပ်ကို မြင်လိုက်ရသည့်အခါတွင်မူ ချက်ချင်း လက်မမြှောက်နိုင်ဘဲ အခြေအနေကို ချိန်ဆနေရသည်။

"အစ်ကို..."

တစ်ဖက်တွင် ရပ်နေသည့် အွန်းဘန်နှင့် ပန်အိုဂျောင်တို့မှာ ဂျင်ဆိုဟွန်း၏ ပုံစံအစစ်ကို မြင်လိုက်ရသည့်အခါ အံ့ဩခြင်းနှင့်အတူ စိတ်သက်သာရာ ရသွားသည့်အမူအရာတို့ ဖြစ်ပေါ်လာသည်။

ဂျင်ဆိုဟွန်းမှာမူ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဂျူဟျောလ်နှင့် ချောလ်ဂျွမ်းတို့၏ မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကို မေးခွန်းတွေ မထုတ်ပါနဲ့။ အခုချက်ချင်း ဆုတ်ခွာမလား ဒါမှမဟုတ် သိုင်းလောကရဲ့ ဥပဒေကို ဖီဆန်လို့ ရင်ဆိုင်မလား။ ဆုံးဖြတ်ဖို့ အချိန် ၁၀ စက္ကန့်ပဲ ပေးမယ်"

သူ့စကားကြောင့် လေထုမှာ ပို၍ပင် တင်းမာသွားသည်။

တိုက်ပွဲတစ်ခု၏ အစပျိုးရာနေရာတွင် ယခုမူ ဂျင်ဆိုဟွန်းတစ်ယောက်တည်းက အားလုံးကို အမိန့်ပေးနေသကဲ့သို့ ဖြစ်နေသည်။

"မင်းက... မင်းက တကယ်ပဲ အသက်ကို မငဲ့တော့ဘူးပေါ့လေ"

ချောလ်ဂျွမ်းက လက်ထဲမှ လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဂျင်ဆိုဟွန်းရဲ့ အစီအစဉ်က ဘာလဲ...

သူက တစ်ယောက်တည်းနဲ့တင်... ဒီလောက်အထိ အင်အားကြီးမားလှတဲ့ ဟုန်ဂျုံဂိုဏ်းတစ်ခုလုံးကို ဘယ်လိုနည်းနဲ့ ရင်ဆိုင်တိုက်ခိုက်မယ်လို့ စဉ်းစားထားတာလဲ...

အားလုံး၏ အကြည့်တို့မှာ ဂျင်ဆိုဟွန်းထံသို့ အပြည့်အဝ ရောက်ရှိသွားတော့သည်။

All Chapters