← Chapters

အခန်း ၅၀၅

Vol. 51 Ch. 505

အခန်း ၅၀၅

Vol. 51 Ch. 505

အခန်း ၅၀၅

သူအား သေဘေးရန်သူအဖြစ် သတ်မှတ်ကာ ဝန်းရံထားကြသော နတ်ဆိုးဗိုလ်ချုပ်များ၏ ရှေ့မှောက်၌ လုံယီ၏ မျက်နှာအမူအရာမှာ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။

သူသည် သူပတ်ဝန်းကျင်အား အကွာအဝေး တိုင်းတာသည့် စွမ်းရည်တစ်ခုဖြင့် စစ်ဆေးကြည့်ရှုရန်ပင် အချိန်ရနေသေးသည်။

သူ့ကို ဗဟိုပြု၍ မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပြန့်ကားထွက်သွားသည်။

မကြာမီတွင် မိုင်အနည်းငယ်အတွင်းရှိ သတင်းအချက်အလက်များဖြစ်သည့် မည်သည့်သစ်ပင်၌ နတ်ဆိုးပုန်းအောင်းနေကာ မည်သည့်ကျောက်တုံးအောက်တွင် ထူးခြားသော ဆေးမြစ်များ ရှိနေပြီး မည်သည့်နေရာတွင် စမ်းချောင်းလေး စီးဆင်းနေသည် စသည့်အချက်အလက်များအားလုံးက လုံယီ၏ စိတ်ထဲတွင် သုံးဘက်မြင် မြေပုံတစ်ခုကဲ့သို့ အသေးစိတ် ထင်ရှားလာတော့သည်။

"အင်း..."

လုံယီ၏ အကြည့်မှာ ရုတ်တရက် သတ်မှတ်ထားသည့် နေရာတစ်ခုဆီသို့ ရောက်သွားသည်။

[အမည် - လိပ်ပြာနတ်ဆိုး]

[အသက် - ၆၉၈ နှစ်]

[အဆင့် - အလယ်အလတ်တန်း နတ်ဆိုးဗိုလ်ချုပ်]

[ပါရမီ - အနံ့ခံခြင်း]

[ဂုဏ်သတ္တိ - လေထဲတွင်ပြေးခြင်း]

[အနံ့ခံခြင်း - မတူညီသော အနံ့များကို ခွဲခြားနိုင်ပြီး လေထု၏ သိမ်မွေ့သော လှုပ်ရှားမှုများမှတစ်ဆင့် ကျူးကျော်ဝင်ရောက်လာသူများကို ဖော်ထုတ်နိုင်စွမ်းရှိခြင်း...]

ဒါ သူတို့ရဲ့ နောက်ဆုံးလက်ကျန် အားကိုးရာပေါ့လေ။

လုံယီသည် နတ်ဆိုးမျိုးနွယ်စုတို့၏ နည်းဗျူဟာများကို ကောင်းစွာ သိရှိပြီးဖြစ်သည်။

ဤနေရာသို့ လှို့ဝှက်စွာ ခိုးဝင်မလာခြင်းမှာလည်း သူလာရောက်မီက ပြုလုပ်ခဲ့သော ဟောကိန်းအရ ဖြစ်သည်။

သူ၏ အသွင်ပြောင်းခြင်း ပါရမီကို ဖုံးကွယ်ထားခြင်းကသာ ကြီးမားသော ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်ဟု ခံစားမိသဖြင့် အများသိအောင် ပေါ်ပေါ်ထင်ထင် လာရောက်ရန် ရွေးချယ်ခဲ့ခြင်းပင်။

ထို့ပြင် သူ၏ အသွင်ပြောင်းခြင်း ပါရမီကို ဖော်ထုတ်နိုင်စွဲရှိသည့် ထိုသို့သော ရှားပါးနတ်ဆိုးမျိုးကို ပထမဆုံး သုတ်သင်ရှင်းလင်းပစ်ရမည်မှာ မလွဲဧကန်ပင်။

ထိုသို့ တွေးတောပြီးနောက် လုံယီမှာ မည်သို့မျှ တွန့်ဆုတ်မနေတော့ပေ။

သူ၏ ခန္ဓာကိုယ်မှာ လိပ်ပြာနတ်ဆိုး ပုန်းအောင်းနေသည့် နေရာဆီသို့ အသံထက် ၃.၅ ဆမျှ မြန်သောနှုန်းဖြင့် မြားတစ်စင်းအလား ပြေးဝင်သွားသည်။

ဝှီး

လိပ်ပြာနတ်ဆိုးနှင့် ပေတစ်ရာခန့်သာ လိုတော့သည့်အချိန်တွင်...

"ကိုယ်ခန္ဓာဓားအသွင်"

အခြားမည်သည့် အနှောင့်အယှက်မှ မရှိစေရန်အတွက် လုံယီမှာ သူ၏ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်း နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

သူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ကို ဖောက်ထွက်သွားပြီး ဧရာမ ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းနေသော လိပ်ပြာနတ်ဆိုးကို အားမာန်အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

ဘုန်း

ကျောက်တုံးကြီးမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။

လိပ်ပြာနတ်ဆိုး၏ ခန္ဓာကိုယ်မှာလည်း အလင်းတန်း၏ ရိုက်ခတ်မှုကြောင့် သွေးမိုးများအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်အစအနပင် မကျန်ရစ်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။

အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်တစ်ဦးကိုပင် သတ်ဖြတ်နိုင်သည့် လုံယီ၏ လက်ချက်ကို အဆင့်

မြင့် နတ်ဆိုးဗိုလ်ချုပ်တစ်ဦး မဟုတ်သည့် လိပ်ပြာနတ်ဆိုးမှာ ဘယ်လိုမှ ခံနိုင်ရည်မရှိနိုင်ပေ။

လိပ်ပြာနတ်ဆိုးမှာ သေဆုံးသည်အထိ ပြိုင်ဘက်က သူ့ကို ပစ်မှတ်ထား၍ တိုက်ရိုက်သတ်ဖြတ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုနေရာရှိ အခြားသော နတ်ဆိုးဗိုလ်ချုပ်များမှာ အံ့အားသင့်သွားကြသည်။

အနီရောင်သူရဲကောင်းက လွတ်အောင် ထွက်ပြေးဖို့ မကြိုးစားဘဲနဲ့ အဲဒီ လိပ်ပြာနတ်ဆိုးရဲ့ ပုန်းကွယ်နေတဲ့ တည်နေရာကို ဘယ်လိုနည်းနဲ့ သိသွားပြီး တစ်ချက်တည်းနဲ့ အပြတ်သတ်ပစ်

နိုင်ခဲ့တာလဲဟု သူတို့အားလုံးက ဘယ်လိုမှ နားမလည်နိုင်ကြပေ။

ဒီကောင်က လိပ်ပြာနတ်ဆိုး ဒီနေရာမှာ ရှိနေတာကို ဘယ်လိုလုပ် သိသွားတာလဲ။

ပြီးတော့ ငါတို့ရဲ့ ဝိုင်းရံတိုက်ခိုက်ရေး ဗျူဟာတစ်ခုလုံးမှာ ဘယ်သူက အဓိက ထောက်ပံ့ပေးနေတဲ့ ခေါင်းကိုင်လဲဆိုတာကိုရော သူက ဘယ်လိုနည်းနဲ့ သိသွားတာလဲ။

သို့သော်လည်း သူတို့မှာ စဉ်းစားရန် အချိန်များများစားစား မရှိတော့ပေ။

လိပ်ပြာနတ်ဆိုးမှာ သေဆုံးသွားပြီဖြစ်ပြီး ပြန်လည်ပြင်ဆင်၍ မရတော့ပေ။

နတ်ဆိုးဗိုလ်ချုပ်များမှာ ဒေါသထွက်လွန်း၍ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားကြသည်။

"သူ အဲဒီအဆုံးစွန် နည်းစနစ်ကို အကြိမ်များများ သုံးနိုင်မှာ မဟုတ်ဘူး"

တောင်ကုန်းမိစ္ဆာက စတင်လှုပ်ရှားလိုက်သည်။

၎င်း၏ လက်မောင်းမှာ နဂါးတစ်ကောင်ကဲ့သို့ ဝေ့ခတ်လာပြီး ဧရာမလက်ဝါးကြီးမှာ အထက်မှ အောက်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။

ထိုလက်ဝါးရိုက်ချက်ကြောင့် လေထုမှာ အပြင်ဘက်သို့ ပြင်းထန်စွာ ပျံ့လွင့်သွားပြီး ၎င်း၏ စွမ်းအားမှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။

အကယ်၍ လုံယီသာ ယခင်က ဤတောင်ကုန်းမိစ္ဆာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဆိုပါက ခက်ခဲစွာ ရှောင်တိမ်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာဓားအသွင်ကို သုံး၍ အတင်းတိုးဝင်ခြင်းသာ ပြုလုပ်နိုင်မည်ပင်။

"လှိုင်းလုံးကြီး"

လုံယီသည် လက်သီးဖြင့် ထိုးလိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားသွားပြီး လေထဲတွင် မြင်သာသော အနီရောင် လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။

စွမ်းအင်လှိုင်းများမှာ တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွားကာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ ကြီးမားသော မိစ္ဆာလက်ဝါးကြီးကို အဆက်မပြတ် ရိုက်ခတ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်းဟူသော အသံများသာ တရစပ် ထွက်ပေါ်လာသည်။

ပထမဦးစွာ မိစ္ဆာလက်ဝါး၏ အပြင်ဘက် အခွံများမှာ ကွာကျသွားပြီးနောက် အတွင်းပိုင်း တည်ဆောက်ပုံများမှာလည်း အလွယ်တကူ ပြိုကွဲသွားကာ မီးခိုးရောင် အမှုန့်များအဖြစ် လေထဲတွင် လွင့်ပျံ့သွားတော့သည်။

တောင်ကုန်းမိစ္ဆာမှာ အော်ဟစ်လိုက်ပြီး လက်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။ နောက်ထပ် တစ်ခဏမျှသာ ကြာဦးမည်ဆိုပါက လက်ဝါးပြိုကွဲမှုမှာ သူ၏ လက်မောင်းတစ်ခုလုံးအထိ ကူးစက်သွားမည်ကို သူ စိုးရိမ်မိသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အနီရောင် သူရဲကောင်းက ရုတ်တရက် ဒီလောက်အထိ ဘာလို့ ပိုသန်မာလာရတာလဲ။

တောင်ကုန်းမိစ္ဆာမှာ ထပ်မံ တိုက်ခိုက်ရန် တွန့်ဆုတ်နေမိသည်။

"ဝေါင်း... သေစမ်း"

ဆံပင်နီရောင်များဖြင့် ဖုံးလွှမ်းနေသော သုံးခေါင်းပါ ခြင်္သေ့နတ်ဆိုးမှာ ဒေါသတကြီးဖြင့် ရှေ့သို့ ခုန်ဝင်လာပြီး ၎င်း၏ ဧရာမ အနက်ရောင် လက်သည်းကြီးဖြင့် လုံယီကို ရက်စက်စွာ လှမ်းဖမ်းလိုက်သည်။

ဘုန်း….

ဧရာမ လက်သည်းကြီးမှာ ဟင်းလင်းပြင်ကိုပင် ဖောက်ခွဲပစ်မည့်အလား နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လုံယီ ရပ်နေသည့်နေရာမှာလည်း ဖိအားများကြောင့် အလုံပိတ်မိသွားပြီး သာမန်ကိုယ်ခန္ဓာဆိုလျှင် ပေါက်ကွဲသွားလောက်သည့်အထိ ပြင်းထန်သည်။

လုံယီသည် လက်သီးချက်ပေါင်း အမြောက်အမြားကို ထပ်မံ ထိုးလိုက်ပြန်သည်။

စွမ်းအင်လှိုင်းများမှာ ရေလှိုင်းများကဲ့သို့ ပြန့်ကားသွားသည်။

လှိုင်းတွန့်တစ်ခုချင်းစီတိုင်းမှာ အနည်းဆုံး ပေါင်သောင်းဂဏန်းမျှရှိသော အားကို ကိုယ်စားပြုသည်။

အလွန်မြန်ဆန်ပြီး ချောမွေ့သော လှိုင်းထပ်ဆင့်ခြင်းများကြောင့် သူ၏ တိုက်ခိုက်မှုမှာ တုန်လှုပ်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

"ဝေါင်းး…."

ခြင်္သေ့နတ်ဆိုးမှာ အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ ၎င်း၏ မာကျောလွန်းသော အနက်ရောင် လက်သည်းများမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး လက်သည်းတစ်ဝက်ခန့် ပျက်စီးကာ အတွင်းရှိ အရိုးဖြူများပင် ထွက်ပေါ်လာပြီး သွေးများ တစက်စက် စီးကျနေသည်။

နောက်တစ်ခဏမျှသာ နောက်ကျခဲ့မည်ဆိုပါက လက်ဝါးတစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်အထိ ဖြစ်သွားမည်ပင်။

ဝူးဝူး

ဝက်ရိုင်းနတ်ဆိုးမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ အပေါင်းအဖော်များကဲ့သို့ အဖြစ်မျိုး မကြုံလိုတော့ပေ။

သူသည် အနီးသို့ မကပ်တော့ဘဲ ဝေးရာမှနေ၍ နတ်ဆိုးစွမ်းအားများကို အမြန်စုစည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆူးချွန်ပေါင်း ထောင်ချီကို လုံယီဆီသို့ မြားများအလား ပစ်လွှတ်လိုက်သည်။

သို့သော် ထိုဆူးချွန်တစ်ခုချင်းစီမှာ ထိပ်တန်းအဆင့် မှော်လက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် ထက်မြက်လှသည်။

ထိုဆူးချွန်များမှာ လုံယီကို ဝန်းရံထားသည့် စွမ်းအင်လှိုင်းလုံးကြီးများနှင့် ထိမိသည်နှင့် ဖြောင်း၊ ဘုန်းဟူသော အသံများနှင့်အတူ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။ အချို့မှာမူ လုံယီ၏ ခန္ဓာကိုယ်နှင့်ပင် မထိတွေ့လိုက်ရဘဲ အမှုန့်များအဖြစ် ကြိတ်ချေခံလိုက်ရသည်။

ဖားနတ်ဆိုး၏ မီးခိုးရောင် အဆိပ်ငွေ့တိမ်တိုက်များမှာလည်း လုံယီ၏ အနီရောင် စွမ်းအင်လှိုင်းလုံးကြီးများအတွင်းသို့ စုပ်ယူသန့်စင်ခြင်း ခံလိုက်ရသည်။

ရေခဲနတ်ဆိုး၏ ရေခဲဆူးချွန်များမှာလည်း စွမ်းအင်လှိုင်းများအောက်တွင် ကြီးမားသော အပြာရောင် ရေနွေးငွေ့များအဖြစ် ပျော်ဝင်သွားကြသည်။

ကင်းခြေများနတ်ဆိုး၏ ထက်မြက်သော ဓားသွားများနှင့် တူသည့် ခြေထောက်ပေါင်း ထောင်ချီမှာလည်း လှိုင်းလုံးကြီး၏ အရှိန်အဝါရှေ့တွင် အသုံးမဝင်သော သံတိုသံစများကဲ့သို့သာ ဖြစ်ပြီး တစ်ခုပြီးတစ်ခု ကျိုးပဲ့ကုန်ကာ ၎င်း၏ ကိုယ်ခန္ဓာမှ အမြစ်ပါမကျန် ဆွဲနှုတ်ခံလိုက်ရသဖြင့် အော်ဟစ်ညည်းတွားသံများမှာ တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

နတ်ဆိုးများမှာ လုံယီ၏ အနီးသို့ပင် ကပ်၍ မရတော့ပေ။

လုံယီ၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းလုံးကြီးမှာ တိုက်ခိုက်မှုရော၊ ကာကွယ်မှုပါ ပြီးပြည့်စုံနေပြီး မည်သည့်အားနည်းချက်မျှ မရှိတော့ပေ။

သူတို့၏ ယခင်က ကြံစည်ထားသည့် နည်းဗျူဟာများမှာ ယခုအခါ၌ ရယ်စရာတစ်ခုသဖွယ် ဖြစ်နေသည်။ အကြွင်းမဲ့ စွမ်းအားကြီးမားသည့် ရှေ့မှောက်တွင် မည်သည့် အကွက်ဆင်မှုမျိုးမဆို အလကားသာ ဖြစ်သည်။

လုံယီသည် အခြားနတ်ဆိုးများကို လျစ်လျူရှုကာ ဧရာမ အရိပ်မည်းကြီးတစ်ခုဆီသို့ ချဉ်းကပ်သွားပြီး နောက်ထပ် လက်သီးချက်တစ်ခုကို အားမာန်အပြည့်ဖြင့် ထိုးလိုက်သည်။

"လှိုင်းလုံးကြီး"

အဆုံးမဲ့ လှိမ့်ဝင်လာသော အနီရောင် စွမ်းအင်လှိုင်းကြီးမှာ ထိုနတ်ဆိုးဗိုလ်ချုပ်ဆီသို့ ဦးတည်သွားသည်။

ထိုအရိပ်မည်းမှာ ပုံသဏ္ဍာန် မမှန်ကန်ဘဲ အနက်ရောင် တရွတ်ဆွဲနေသည့် လက်တံများဖြင့် ပြည့်နှက်နေသော ရေနတ်ဆိုးဖြစ်သည်။

စွမ်းအင်လှိုင်း လှိမ့်ဝင်လာသည်နှင့် ရေနတ်ဆိုး၏ လက်တံ အမြောက်အမြားမှာ ပြတ်တောက်သွားပြီး လေထဲတွင် နွားသငယ်အရွယ်ရှိ ရေနတ်ဆိုး ပုံတူအကောင်များ ဒါဇင်နှင့်ချီ၍ ပြောင်းလဲသွားသည်။

ပုံတူအကောင်တစ်ခုစီ၏ ခန္ဓာကိုယ်မှာ ရှည်လျားပါးလွှာသော လက်တံများဖြင့် ဖုံးအုပ်ထားပြီး လုံယီဆီသို့ ဓားများအလား ထိုးစိုက်ရန် ပြေးဝင်လာသည်။

သို့သော် ထိုရေနတ်ဆိုး ပုံတူအကောင်များမှာ လုံယီ၏ အနီးသို့ မည်သည့်အခါမျှ မရောက်ရှိနိုင်ခဲ့ပေ။

ပေါက်... ပေါက်... ပေါက်...ဟူသော အသံများသာ အဆက်မပြတ် ထွက်ပေါ်လာသည်။

ရေနတ်ဆိုး ပုံတူအကောင်တိုင်းမှာ မှင်ကဲ့သို့ အရည်များနှင့် အပိုင်းအစများအဖြစ် ပေါက်ကွဲပျက်စီးသွားပြီး လုံယီ၏ အနီးသို့ မည်သည့်အခါမျှ မရောက်နိုင်ခဲ့ပေ။

ဤအခြေအနေကို မြင်လိုက်ရသော ရေနတ်ဆိုးမှာ နောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။

သို့သော် လုံယီမှာ ၎င်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် သူ၏ လှုပ်ရှားမှုများကို မဆုတ်တမ်း လိုက်လံတိုက်ခိုက်နေသည်။

သူ၏ မရပ်မနားသော စွမ်းအင်လှိုင်းလုံးကြီးများမှာလည်း ရေနတ်ဆိုးကို အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ရေနတ်ဆိုးမှာ လက်တံများကို အဆက်မပြတ် ဖြတ်တောက်ကာ အသေးစား ပုံတူများကို ဖန်တီး၍ လုံယီကို ပိတ်ဆို့ရန် ကြိုးစားသော်လည်း လုံယီ၏ စွမ်းအင်လှိုင်းများမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး အားလျော့သွားခြင်း အစအနပင် မရှိဘဲ ပုံတူအကောင်အားလုံးကို အပြီးတိုင် ချေမှုန်းပစ်လိုက်သည်။

"သံချပ်ကာ ဖောက်ထွင်းခြင်း"

လုံယီသည် သံချပ်ကာ ဖောက်ထွင်းခြင်းနည်းစနစ်မှာ လှိုင်းလုံးကြီးနှင့် ချောမွေ့စွာ ပေါင်းစပ်သွားနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

၎င်းက လှိုင်းလုံးတိုင်းတွင် ဝိညာဉ်ကို ထိခိုက်စေသည့် စွမ်းအားကို ပေါင်းစပ်ပေးလိုက်သဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်သွားတော့သည်။

"မဖြစ်နိုင်ဘူး"

နောက်ဆုံးတွင် ရေနတ်ဆိုးမှာ စွမ်းအင်လှိုင်းလုံးကြီးထဲသို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။

၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အပိုင်းအစများစွာ ပြိုကွဲသွားပြီး အပိုင်းအစတစ်ခုချင်းစီတိုင်းမှာလည်း အမှုန့်များအဖြစ် ပြိုကွဲပျက်စီးသွားသည်။

ထိုအမှုန့်များကြားတွင် ပုန်းအောင်းနေသည့် မည်သည့်ဝိညာဉ်မဆို သံချပ်ကာ ဖောက်ထွင်းခြင်း၏ အရှိန်အဝါဖြင့် အပြီးတိုင် ဖျက်ဆီးခံလိုက်ရသည်။

အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် ရေနတ်ဆိုးမှာ သေဆုံးသွားပြီဖြစ်သည်။

လုံယီသည် အရည်အချင်းပြမျက်နှာပြင်ပေါ်ရှိ အသိပေးချက်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ကျေနပ်မှုအရိပ်အယောင်များ ပေါ်လာသည်။

စီး…..

သူ၏ စိတ်ထဲတွင် လင်းယုန်ငှက်မှာ ရုတ်တရက် နားကွဲမတတ် အော်ဟစ်လိုက်ပြီး အတောင်ပံများကို ရူးသွပ်စွာ ခတ်ယမ်းလိုက်သည်။

လုံယီမှာ သူ၏ အကြည့်ကို အဝေးသို့ ရုတ်တရက် ပြောင်းလဲလိုက်သည်။

ကိုယ်ခံပညာရှင်၏ ဆဋ္ဌမအာရုံနှင့် ဟောကိန်းထုတ်ခြင်း ပါရမီ၏ အစွမ်းထက်သောစွမ်းရည်တို့က သူ့အား တစ်စုံတစ်ခုကို သတိပေးလိုက်သည်။

သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုမှာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေပြီ ဖြစ်သည်။

All Chapters