အခန်း ၁၃၈၄
Vol. 122 Ch. 1384
အခန်း ၁၃၈၄
“စကင်ဖတ်ခြင်း ပြီးဆုံးပါပြီ။ ဆန်းစစ်နေပါသည်...”
“ဆန်းစစ်ခြင်း ပြီးဆုံးပါပြီ။ သတ္တုကွန်တိန်နာအတွင်း မဂ္ဂနီဆီယမ် ၃၀၀ ကီလိုဂရမ်၊ အလူမီနီယမ် ၁၀၀၀ ကီလိုဂရမ်၊ တိုက်တေနီယမ် ၈၅ ကီလိုဂရမ် ပါဝင်ပါသည်...”
“ကွန်တိန်နာထဲတွင် အမျိုးမျိုးသော အစားအသောက်များနှင့် ဓာတုဗေဒသုံးပစ္စည်းများ ပါရှိပြီး အသေးစိတ် ပါဝင်ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်...”
အဆင့်မြင့် စကင်ဖတ်စစ်ဆေးရေးစက်မှ ပြသပေးသော ရလဒ်များကို မြင်သောအခါ ရှောင်းယီက ခေါင်းကို အသာအယာညိတ်လိုက်မိသည်။ အနည်းဆုံးတော့ တစ်ဖက်လူက အစားအသောက်ထဲတွင် မသမာမှုတစ်ခုမျှ လုပ်မထားခဲ့ပေ။
ရှောင်းယီသည် စနစ်မှ ဆုလာဘ်အဖြစ် ပေးထားသော ဤအဆင့်မြင့် စကင်ဖတ်စစ်ဆေးရေးစက်ကို အကြွင်းမဲ့ ယုံကြည်သည်။ ၎င်းရှိနေသရွေ့ သူလက်ခံရရှိသည့် ရိက္ခာများထဲတွင် အန္တရာယ်ရှိသော ပါဝင်ပစ္စည်း ပါလာမည်ကို စိုးရိမ်စရာမလိုတော့ပေ။
ရှောင်းယီက သူတို့ဂြိုဟ်မှ ပြင်ဆင်ပေးလိုက်သော ရိက္ခာများကို အာကာသယာဉ်ထဲသို့ တိုက်ရိုက် ဆွဲယူသွားသည်ကို မြင်သောအခါ ယောက်ဆော့စ်ကြယ်မှ အာကာသယာဉ်မှူးများသည် အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။
“ဒီကမ္ဘာမြေသားက သိပ်ပြီးနိုးနိုးကြားကြားမရှိလှဘူးပဲ။”
“ဟုတ်ပါ့၊ သူက အဲဒီအတိုင်း တန်းပြီး ဆွဲသွင်းသွားတာပဲ။ ငါတို့သာ အထဲမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တိုက်ရိုက် ထည့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။”
“အားလုံးပဲ။ ကမ္ဘာမြေသားတွေရဲ့ နည်းပညာကို လျှော့မတွက်ကြနဲ့။ ဖြစ်နိုင်တာက သူတို့တွေ စစ်ဆေးပြီးသွားလောက်ပြီ။ ဒါပေမဲ့ သူတို့ရဲ့ စစ်ဆေးမှုက ငါတို့ မရိပ်မိနိုင်တဲ့အရာမျိုး ဖြစ်နေလို့လည်း ဖြစ်နိုင်တယ်။”
“ဒါကတော့ တကယ်ဖြစ်နိုင်တယ်။ စကြဝဠာထဲမှာ ခရီးသွားနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုက အဲလောက်အထိတော့ ကလေးမဆန်နိုင်ပါဘူး။”
သတ္တုကုန်တင်ကွန်တိန်နာကို အာကာသယာဉ်ထဲသို့ ဆွဲသွင်းပြီး ကြားခံဇုန်ကို ဖြတ်သန်းကာ အပြင်ဘက်မျက်နှာပြင်ကို ရိုးရှင်းသော သန့်စင်မှုများ ပြုလုပ်ပြီးနောက် ရှောင်းယီသည် ယာဉ်တွင်းနေရာသုံး အာကာသဝတ်စုံကို ဝတ်ဆင်ကာ မျောပါရောက်ရှိလာခဲ့သည်။
သူသည် သတ္တုကုန်တင်ကွန်တိန်နာကို ဖွင့်လိုက်သည်။
[“ရရှိသော ရိက္ခာများ - အာကာသအစားအစာ ၆၀၀၀ ကီလိုဂရမ်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၁၀၀၀ ကီလိုဂရမ်၊ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်...”]
စနစ်၏ ညွှန်ကြားချက်ကို မြင်လိုက်ရသဖြင့် ဤအရာများမှာ သေချာပေါက် ပြဿနာမရှိကြောင်း ရှောင်းယီ သိလိုက်သည်။
[“လေးဆ ရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ရိက္ခာများ - အာကာသအစားအစာ ၂၄၀၀၀ ကီလိုဂရမ်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၄၀၀၀ ကီလိုဂရမ်၊ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်...”]
ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်မျောပါသွားပြီး အစောပိုင်းက စုဆောင်းထားသော ရိက္ခာများကို အသုံးပြုကာ လေဆာပစ္စတို အလက်ငါးဆယ်ကို ဖန်တီးလိုက်သည်။
[“ဖန်တီးခြင်း အောင်မြင်ပါသည်။ ရရှိသော ရိက္ခာများ - လေဆာပစ္စတို (S အဆင့်) ၅၀။”]
[“လေးဆ ရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ရိက္ခာများ - လေဆာပစ္စတို (S အဆင့်) ၂၀၀။”]
ထို့နောက် သူသည် ၎င်းတို့ထဲမှ အလက်ငါးဆယ်ကို ယခင်က ရိက္ခာများ သယ်ဆောင်လာသော သတ္တုကုန်တင်ကွန်တိန်နာထဲသို့ ထည့်လိုက်သည်။
“ဒီမှာ လေဆာပစ္စတို အလက်ငါးဆယ်။”
ရှောင်းယီက ပြောလိုက်ရင်း အာကာသယာဉ်ပြင်ပရှိ စက်ရုပ်လက်တံကို အသုံးပြုကာ သတ္တုကုန်တင်ကွန်တိန်နာကို နောက်သို့ တွန်းထုတ်ပေးလိုက်သည်။
သေချာသည်မှာ ထိုသတ္တုကုန်တင်ကွန်တိန်နာသည်လည်း လေးခုအဖြစ် တိုးပွားသွားခဲ့ပြီးဖြစ်ရာ ရှောင်းယီသည် ၎င်းတို့ထဲမှ တစ်ခုကိုသာ ရွေးချယ်ပြီး ပြန်ပေးလိုက်ခြင်း ဖြစ်သည်။
ကစဉ့်ကလျားဂြိုဟ်၏ အာကာသယာဉ်သည် ချဉ်းကပ်လာသော သတ္တုကုန်တင်ကွန်တိန်နာကို အလွယ်တကူ ဖမ်းဆွဲလိုက်သည်။
၎င်းကို အာကာသယာဉ်ထဲသို့ ဆွဲသွင်းပြီးနောက် ပိုးသတ်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီးကာမှ သတ္တုကုန်တင်ကွန်တိန်နာကို သတိကြီးစွာဖြင့် ဖွင့်လိုက်ကြသည်။
ကြီးမားသော သတ္တုကုန်တင်ကွန်တိန်နာ၏ အတွင်းဘက်တွင် လေဆာပစ္စတို အလက်ငါးဆယ်ကိုသာ ကွန်တိန်နာနံရံများ၌ သေချာစွာ တပ်ဆင်ထားသည်ကို တွေ့ရ၏။
“ကောင်းတယ်။ တစ်ဖက်လူက ငါတို့ကို လေဆာပစ္စတိုတွေ တကယ် ပေးလိုက်တာပဲ။ ကြည့်ရတာ ဒီကမ္ဘာမြေသားရဲ့ သစ္စာရှိမှုက လက်ခံနိုင်စရာ ရှိသားပဲ။”
“ဟုတ်တယ်။ ငါက သူတို့ ရိက္ခာတွေရသွားပြီးတော့ လေဆာပစ္စတိုတွေ ပြန်မပေးမှာကို တကယ် စိုးရိမ်နေခဲ့တာ။”
“ဒီလိုဆိုရင် နောက်ပိုင်းမှာ တခြားပစ္စည်းတွေကိုပါ ကုန်သွယ်လို့ရနိုင်တာပေါ့။”
ကစဉ့်ကလျားကြယ်တွင် လေဆာလက်နက်များ မရှိခြင်းကြောင့်မဟုတ်ဘဲ ပြီးခဲ့သည့်အကြိမ်က ရှောင်းယီ ပေးခဲ့သော လေဆာပစ္စတိုသည် နည်းပညာပါဝင်မှု အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင်လည်း လေဆာပစ္စတိုများ ရှိသော်လည်း စွမ်းအားမှာ အနည်းဆုံး အဆင့်တစ်ခုခန့် နိမ့်ကျနေသည်။
ယခုတစ်ကြိမ်တွင် ရှောင်းယီနှင့် ကုန်သွယ်ရန် ရွေးချယ်ရခြင်းမှာ နမူနာပစ္စည်းများ ပိုမိုရရှိလိုသောကြောင့် ဖြစ်ပြီး ထိုနမူနာများကို အခြေခံကာ နည်းပညာကို လေ့လာဆန်းစစ်ပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်လေဆာလက်နက်များတွင် ပြန်လည်အသုံးပြုရန်အတွက် ဖြစ်သည်။
ကစဉ့်ကလျားကြယ်မှ လူများသည် ထိုလေဆာပစ္စတို အလက်ငါးဆယ်ကို ယူဆောင်ကာ ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရှောင်းယီဘက်မှ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့သည်။
“မင်းတို့ဆီမှာ ကောက်ပဲသီးနှံ စိုက်ပျိုးတဲ့နေရာမှာ သုံးတဲ့ အာဟာရဖျော်ရည် ရှိလား။”
ရှောင်းယီက မေးလိုက်သည်။ ကစဉ့်ကလျားကြယ်မှ အာကာသယာဉ်မှူးသည် အနည်းငယ် မှင်တက်သွား၏။ ပြီးနောက် အာကာသယာဉ်မှူးချုပ်က တည်ငြိမ်လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ခင်ဗျားပြောတာက မြေမဲ့စိုက်ပျိုးစနစ်မှာ သုံးတဲ့ အာဟာရဖျော်ရည် အမျိုးအစားကို ပြောတာလား။”
တစ်ဖက်လူ၏ ပြန်လည်ဖြေကြားမှုကို မြင်သောအခါ ရှောင်းယီက ခေါင်းကို အသာအယာညိတ်ပြီး ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒါကို ပြောတာပဲ။”
မြေမဲ့စိုက်ပျိုးစနစ်သုံး အာဟာရဖျော်ရည်သည် အပင်တစ်ပင်လုံး ကြီးထွားရန်လိုအပ်သော အာဟာရဓာတ်များကို ထောက်ပံ့ပေးနိုင်စွမ်းရှိသဖြင့် သေချာပေါက် အဆင်ပြေလိမ့်မည် ဖြစ်သည်။
“ကျုပ်တို့ဆီမှာ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ပြင်ဆင်ဖို့ အချိန်တော့ လိုလိမ့်မယ်။”
“ပြဿနာမရှိဘူး။ နောက်တစ်ခေါက် လာတဲ့အခါကျမှ ယူလာခဲ့လိုက်ပါ။ အဲဒီအချိန်ကျရင် ငါတို့ရဲ့ အာကာသယာဉ်ပေါ်မှာ သုံးတဲ့ အထူးဖန်သားပြင်တွေကို မင်းတို့ဆီ လဲလှယ်ပေးမယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ။”
အာကာသယာဉ်မှူးချုပ်က သဘောတူလိုက်ပြီးနောက် ယာဉ်မောင်းအား အမိန့်ပေးလိုက်သည်။
“အခုချက်ချင်း ပြန်ကြမယ်။”
“ဟုတ်ကဲ့။”
တစ်ဖက်လူ၏ ကတိကဝတ်ကို ရရှိပြီးနောက် ရှောင်းယီတစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိသည်။
“အရာအားလုံးသာ အဆင်ပြေချောမွေ့သွားရင် နောက်ပိုင်း စိုက်ပျိုးဖို့ လိုအပ်တဲ့ အာဟာရဖျော်ရည် ပြဿနာက စိုးရိမ်စရာ ရှိတော့မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် ရှောင်းယီသည် သူယခုလေးတင် ရရှိထားသော ရိက္ခာများကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးပြီး နေ့စဉ်သုံး ဓာတုဗေဒပစ္စည်းများ အားလုံးကို သန့်ရှင်းရေးခန်းသို့ ယူဆောင်သွားလိုက်သည်။
အမျိုးမျိုးသော ခေါင်းလျှော်ရည်များ၊ ဆပ်ပြာရည်များ စသည်တို့ကို သက်ဆိုင်ရာ စက်ပစ္စည်းများထဲသို့ ထည့်ပြီးနောက် ရှောင်းယီတစ်ယောက် ရေချိုးလိုက်ပြန်သည်။ သေချာသည်မှာ ဤတစ်ကြိမ်တွင် သူ၏ အဝတ်အစားများကိုပါ လျှော်ဖွတ်ဆေးကြောခဲ့ပြီး အဝတ်လျှော်ဆပ်ပြာရည်ကိုပါ ထည့်သုံးထားခဲ့သည်။
ရှောင်းယီ ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်တွင် ရေချိုးပြီးစ လတ်ဆတ်သော မွှေးရနံ့များ ထွက်ပေါ်နေခဲ့သည်။
“ဒီအာကာသ တစ်ကိုယ်ရေသန့်ရှင်းရေးစနစ်က တကယ် အစွမ်းထက်တာပဲ။ နောင်ကျရင် ကမ္ဘာမြေပေါ်မှာလည်း တစ်ခုလောက် တပ်ဆင်ထားရမယ်။ ဒါမှ အဝတ်လှန်းစရာ မလိုတော့မှာ။”
ရှောင်းယီက သူ၏ကိုယ်ပေါ်ရှိ အဝတ်အစားများကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်။
ရေချိုးပြီးသည်နှင့် တစ်ပြိုင်နက် အဝတ်အစားများကို လျှော်ဖွတ်ပြီးသား၊ အခြောက်ခံပြီးသား ဖြစ်သွားသည့်အတွက် လသာဆောင်တွင် အဝတ်အစားများ တန်းစီလှန်းထားရသည့် မြင်ကွင်းမျိုး ဘယ်တော့မှ ရှိလာတော့မည် မဟုတ်ပေ။
တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီးနောက် ရှောင်းယီသည် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူသည် ယခုလေးတင် ရရှိထားသော အစားအစာများကို စနစ်တကျ ခွဲခြားလိုက်ရာ အများစုမှာ အလူမီနီယမ်အိတ်များဖြင့် ပိတ်ဆို့ထားသော အစားအစာများဖြစ်ပြီး အချို့မှာ ပလတ်စတစ်ဘူးပျော့များ ဖြစ်ကြသည်။
ရှောင်းယီသည် ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုကို ရွေးထုတ်ကာ ကျူးဝူထံသို့ တစ်ပြိုင်နက်တည်း ကုန်သွယ်ပေးလိုက်သည်။
အမျိုးမျိုး အဖုံဖုံ စုံလင်လှသော အစားအစာ အမြောက်အမြားကို မြင်သောအခါ ကျူးဝူမှာ နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။
“သူဌေး.. ခင်ဗျား ကုန်သွယ်ရေးခန်းမထဲမှာ အစားအသောက်တွေ လိုက်စုနေတာကို ကျွန်တော် မတွေ့မိပါဘူး။”
ကျူးဝူက မနေနိုင်ဘဲ မေးလိုက်သည်။
“ဒါက ငါ ကစဉ့်ကလျားကြယ်က လူတွေနဲ့ ကုန်သွယ်ပြီး ရလာတာပဲ။”
ရှောင်းယီက ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ ကျူးဝူသည် အနည်းငယ် ကြောင်အသွားခဲ့ပြီးမှ ပြောလိုက်သည်။
“သူဌေးက တကယ် အံ့ဩဖို့ကောင်းတာပဲ ဒီနေရာမှာတောင် ကစဥ့်ကလျားကြယ်က လူတွေနဲ့ ကုန်သွယ်လို့ရသေးတာလား။ သူဌေး သူတို့ကို အောက်ဆီဂျင်တွေ ရောင်းနေတာလား။”
“မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ သူတို့က ဒီက ဒေသခံတွေလေ။ သူတို့မှာ ကိုယ်ပိုင်ဂြိုဟ် ရှိပြီးသား။ ငါ့ဆီက အောက်ဆီဂျင်ကို ဘာလို့ လာဝယ်မှာလဲ။”
ရှောင်းယီက မျက်လုံးတစ်ချက်လှန်ကာ ပြန်ပြောလိုက်သည်။
“အဟမ်း.. ကျွန်တော်တို့ဆီမှာ သူတို့ဝယ်လောက်စရာ တန်ဖိုးရှိတဲ့အရာ ဘာရှိမလဲဆိုတော့ ကျွန်တော် တကယ်ကို စဉ်းစားလို့မရလို့ပါ။”
ကျူးဝူက ခေါင်းကိုကုတ်ရင်း ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်သည်။ ရှောင်ယီက မျက်လုံးစွေကြည့်ကာ ပြန်ပြောလိုက်သည်။
“မင်းဆီမှာ မရှိပေမဲ့ ငါ့ဆီမှာ ရှိတယ်။”
“ဒါလည်း ဟုတ်တာပဲ။”
ကျူးဝူက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။
“သူဌေး ဟိုဘက်ကနေ အစားအသောက် ဘယ်လောက်တောင် ကုန်သွယ်လို့ ရခဲ့တာလဲ။ ကျွန်တော့်ကို တစ်ခါတည်းနဲ့ ဒီလောက်အများကြီး ပေးလိုက်တော့ သူဌေး စားဖို့ ရိက္ခာပြတ်မသွားဘူးလား။”
“မင်း ဘာတွေ တွေးနေတာလဲ။ မင်းကို ပေးလိုက်တဲ့ အစားအသောက်က စုစုပေါင်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ယူစရာရှိတာသာ ယူထားစမ်းပါ။”
ရှောင်းယီက စိတ်မရှည်သလို ပြန်ပြောလိုက်သည်။
“ပြီးတော့ မင်းက ငါ့ကို ဝက်များ ထင်နေလား။ အဲလောက်အများကြီး ငါ ဘယ်လိုလုပ် ကုန်အောင် စားနိုင်မှာလဲ။”
“သူဌေးသာ ဝက်တစ်ကောင် ဖြစ်ရင် ကောင်းမှာပဲ။ ကျွန်တော့်လို ချောမောခန့်ညားတဲ့ ဝက်မျိုးပေါ့။”
ကျူးဝူက အမှန်တကယ် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
သေလိုက်ပါလား။
ဖြစ်နိုင်သည်မှာ ကျူးဝူနှင့် သူ၏အမျိုးအနွယ်များ၏ အမြင်တွင် ဝက်များသည် လူသားများထက် များစွာ ရုပ်ရည် ပိုမိုချောမောလှပသည်ဟု ထင်နေကြခြင်း ဖြစ်ရမည်။
“ငါ မင်းလို ရုပ်မချောချင်ဘူးကွ။”
ရှောင်းယီက စကားဝိုင်းကို ပြတ်ပြတ်သားသား အဆုံးသတ်လိုက်သည်။ ကျူးဝူက တဟားဟား ရယ်မောလိုက်၏။
“ကြည့်ရတာ သူဌေးလည်း ငါ့ကို ရုပ်ချောတယ်လို့ ထင်နေတာပဲ။ မဆိုးဘူး၊ မဆိုးဘူး... သူဌေးရဲ့ အမြင်က တကယ်ကို ပိုပိုပြီး မြင့်မားလာပြီပဲ။”
ဟတ်ချိုး
ရှောင်းယီက နှာခေါင်းကို ပွတ်ရင်း တီးတိုးရေရွတ်လိုက်သည။
“ကျူးဝူတော့ ငါ့ကွယ်ရာမှာ ငါ့အတင်း ပြန်ပြောနေပြန်ပြီ ထင်တယ်။”
ထို့နောက် သူသည် အပူပေးစက်ထဲမှ အပူပေးထားသော အစားအစာများကို ထုတ်ယူလိုက်သည်။
“ကစဉ့်ကလျားကြယ်က စားဖိုမှူးရဲ့ လက်ရာ ဘယ်လိုရှိလဲဆိုတာ မြည်းစမ်းကြည့်ရတာပေါ့။”
ရှောင်းယီက တီးတိုးရေရွတ်ရင်း အလူမီနီယမ်အိတ်ကို သတိကြီးစွာဖြင့် ဆုတ်ဖြဲလိုက်တော့သည်။