← Chapters

အခန်း ၁၃၈၅

Vol. 122 Ch. 1385

အခန်း ၁၃၈၅

Vol. 122 Ch. 1385

အခန်း ၁၃၈၅

ရှောင်းယီသည် အစားအစာများကို စားရန်သင့်တော်ရုံ အပူချိန်အထိသာ နွေးလိုက်ပြီး ၎င်းကို ပါးစပ်ထဲသို့ တိုက်ရိုက် ညှစ်ထည့်ကာ စားသုံးလိုက်သည်။

“အရသာကတော့ သာမန်ပါပဲ။”

ရှောင်းယီက စားရင်းနှင့် ဝေဖန်လိုက်၏။

သို့သော် ဤအခိုက်အတန့်တွင် အခြား အသက်ရှင်ကျန်ရစ်သူများမှာမူ ဝမ်းဗိုက်ကို မနည်းဖြည့်တင်းနေရဆဲ ဖြစ်ပြီး အချို့မှာ ငတ်မွတ်နေကြရတုန်းပင် ဖြစ်သည်။

ကစဉ့်ကလျားကြယ်မှ ကုန်သွယ်ရရှိလာသော အစားအစာများကို စားနေစဉ်မှာပင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ မျောပါသွားပြီး အများသုံးချန်နယ်ပေါ်ရှိ မက်ဆေ့ခ်ျများကို လှန်လှောကြည့်ရှုလိုက်သည်။

“ဒီရက်ပိုင်း အစားအသောက်တွေ ပိုပြီး ရှားပါးလာသလိုပဲ။”

“ဟုတ်တယ်။ ငါ ရိက္ခာသေတ္တာ မရတာ နှစ်ရက်ရှိပြီ။ အရင်က ဖွင့်ထားတဲ့ အစားအစာတွေရှိလို့သာ မနည်းတောင့်ခံထားနိုင်တာ။ မဟုတ်ရင် အခုလောက်ဆို ငတ်သေနေလောက်ပြီ။”

“မဖြစ်နိုင်တာ...။ ငါ မနေ့က အစားအစာနည်းနည်း ရလာသေးတယ်။ ပမာဏက သိပ်မများပေမဲ့ပေါ့။”

“ငါ့အထင်တော့ လူနည်းစုပဲ အစားအစာ ရတာဖြစ်မယ်။ ပမာဏကလည်း အလွန်အမင်း ကန့်သတ်ချက်ရှိနေပုံပဲ။ ကမ္ဘာ့စည်းမျဉ်းတွေက အစားအစာတွေ ထပ်ထွက်လာမယ့် နှုန်းထားကို ကန့်သတ်ဖို့ ပြင်ဆင်နေတာ ထင်တယ်။”

“မဖြစ်နိုင်တာ။ ဒီလိုအချိန်မျိုးမှာ အစားအစာထွက်နှုန်းကို ကန့်သတ်တယ်ဟုတ်လား။ ငါတို့က ဘယ်လိုဆက်ပြီး ကစားရမှာလဲ။ အောက်ဆီဂျင်ပြတ်လို့ အသက်ရှူကျပ်ပြီး မသေဘဲ အစားအစာရှားပါးလို့ ငတ်သေကြရတော့မှာလား။”

“ဟုတ်ပါရဲ့။ ငါ့ရဲ့ နောက်ဆုံး ပေါင်မုန့်အပိုင်းအစလေးကိုတောင် စားပစ်လိုက်ပြီ။ နောက်ထပ် အစားအစာတွေ ထပ်ရလာဦးမလား မသိတော့ဘူး။”

အများသုံးချန်နယ်ထဲရှိ အော်ဟစ်ငိုကြွေးသံများကို မြင်သောအခါ ရှောင်းယီသည် သူ့လက်ထဲရှိ အစားအစာကို ကြည့်ရင်း နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့သည်။

“အစားအစာ ထွက်လာနိုင်ခြေ နှုန်းထားက တကယ်ပဲ ကျဆင်းသွားတာလား။”

တကယ်တော့ ရှောင်းယီအနေဖြင့် ထူးခြားမှုများကို အများကြီး မခံစားရပေ။ ယခင်ကာလတစ်ခုအတွင်း သူသည် အောက်ဆီဂျင်နှင့် လောင်စာကဲ့သို့သော အရင်းအမြစ်များကို အသုံးပြုကာ အခြားအသက်ရှင်ကျန်ရစ်သူများထံမှ အစားအစာ အမြောက်အမြားကို စုဆောင်းရယူထားခဲ့ပြီး ဖြစ်သည်။

သူ့ထံတွင် ရိက္ခာပြတ်လုနီးပါးဖြစ်နေချိန်၌ ကစဉ့်ကလျားဂြိုဟ်နှင့် ချိတ်ဆက်မိသွားပြီး အစားအစာ ခြောက်တန်ကို ကုန်သွယ်နိုင်ခဲ့သည်။

လေးဆတိုးပွားခြင်း အခြေအနေ ဆုလာဘ်ကြောင့် ယခုအခါ သူ၏လက်ထဲတွင် အစားအစာ ၂၄ တန် တိတိ ရှိနေပြီဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ရှောင်းယီသည် ကျူးဝူကိုပါ ထောက်ပံ့နေရသော်လည်း သူကိုယ်တိုင်မှာမူ အစားအစာ ဘယ်တုန်းကမှ မပြတ်လပ်ခဲ့ဖူးပေ။

သူကိုယ်တိုင်မှာ ရိက္ခာသေတ္တာ ဖွင့်သည့်နေရာတွင် ကံကောင်းလေ့မရှိဘဲ အများအားဖြင့် အနက်ရောင်ရွှေနှင့် အုတ်မြစ်ကျောက်များသာ ရရှိပြီး အခြားအရာ ဘာမှမရတတ်ချေ။ ထို့ကြောင့် အစားအစာနှင့် ရေ ထွက်လာမည့်နှုန်းထား အမှန်တကယ် ကျဆင်းသွားခြင်း ရှိ၊ မရှိကိုမူ သူလည်း အသေအချာ မပြောနိုင်ပါချေ။

အများသုံးချန်နယ်ထဲရှိ ဆွေးနွေးမှုများက ဆက်လက် ဖြစ်ပွားနေဆဲပင်။

“ငါ အစားအစာမရတာ သုံးရက်ရှိပြီ။ ဘယ်သူ အစားအစာနည်းနည်းလောက် ထုတ်ရောင်းပေးနိုင်မလဲ။ ငါ့မှာရှိတဲ့ စည်းစိမ်ဥစ္စာ အမြောက်အမြားကို သုံးပြီး ဝယ်ဖို့ အသင့်ပါပဲ။”

“ငါလည်း အတူတူပဲ။ ငါ့လက်ထဲမှာ အနက်ရောင်ရွှေတွေ အများကြီးရှိနေတာကို ငတ်တော့ မသေနိုင်ပါဘူး ဟုတ်တယ်မလား။”

၎င်းကို မြင်သောအခါ ရှောင်းယီသည် ကစဉ့်ကလျားဂြိုဟ်မှ ရရှိထားသော အစားအစာများကို ချက်ချင်း ရောင်းချရန် ပြင်ဆင်လိုက်သည်။ ယခု သူ့လက်ထဲတွင် အစားအစာ အလွန်အမင်း အလျှံပယ်ရှိနေပြီး ထိုအတိုင်းထားပါက သက်တမ်းကုန်ဆုံးသွားမည်လားဆိုသည်မှာ မသေချာပေ။

ကစဉ့်ကလျားကြယ်မှ လူများသည် သူ၏အာကာသယာဉ်ထဲတွင် အဖွဲ့သားတစ်စုလုံး ရှိနေသည်ဟု ထင်မှတ်ထားကြခြင်းကြောင့် အစားအစာ ခြောက်တန်အထိ သယ်ဆောင်လာပေးခြင်း ဖြစ်သည်။

သို့သော် ဤအသေးစား အာကာသယာဉ်တစ်စီးလုံးတွင် ရှောင်းယီတစ်ဦးတည်းသာ စားသောက်ရန် လိုအပ်သည်။ ဤမျှများပြားသော အစားအစာများကို သူတစ်ယောက်တည်း စားပါက ဘယ်လောက်တောင် ကြာမြင့်မည်ကို မသိနိုင်ပေ။

ထို့အပြင် ရှောင်းယီ၏ စိုက်ပျိုးရေးခန်းသည် ယခုအခါ သူ့အတွက် အစားအစာများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ပြီဖြစ်ရာ အရသာ သာမန်သာရှိသော ကစဉ့်ကလျားကြယ်၏ အာကာသအစားအစာ အချို့ကို ရောင်းချခြင်းက ဘာသက်ရောက်မှုမှ ရှိလာမည်မဟုတ်ပေ။

ယခုအခါ ရှောင်းယီတွင် လေးဆတိုးပွားခြင်း အခြေအနေ ဆုလာဘ် ရှိနေသဖြင့် အနက်ရောင်ရွှေများကို တတ်နိုင်သမျှ များများစုဆောင်းရန်အတွက် ဤလေးဆတိုးပွားမည့် အခွင့်အရေးကို သေချာပေါက် ကောင်းကောင်းအသုံးချရမည် ဖြစ်သည်။

ထိုသို့ တွေးတောပြီးနောက် ရှောင်းယီက အများသုံးချန်နယ်ထဲတွင် စကားဆိုလိုက်သည်။

“အသက်ရှင်သန်ကျန်ရစ်သူ အပေါင်းတို့... လူတိုင်း အစားအစာ ပြတ်လပ်နေတယ်လို့ ငါ ကြားသိရပါတယ်။ ငါ့ဆီမှာ ရောင်းချပေးနိုင်တဲ့ အာကာသအစားအစာ တစ်သုတ် ရှိတယ်။ ကုန်ပစ္စည်းတွေကို အလွန်အကျွံ သိုလှောင်တာမျိုး မဖြစ်စေဖို့အတွက် ဤတစ်ကြိမ်မှာ အကောင့်တစ်ခုကို တစ်စုပဲ ဝယ်ယူခွင့် ကန့်သတ်ထားပါမယ်။ စုစုပေါင်း အိတ်ပေါင်း ၂၀၀၀၀ တင်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင် ဈေးကွက်ခန်းမကို သွားပြီး အပြိုင်စနစ်နဲ့ ဝယ်ယူနိုင်ပါပြီ။”

“သေစမ်း.. ဆရာကြီးက တကယ် ရက်ရောတာပဲ။ ငါတို့ ငတ်လုနီးပါး ဖြစ်နေချိန်မှာ ဆရာကြီးက ချက်ချင်း လက်တွေ့အရေးယူပေးတာပဲ။”

“လန်းတယ်ဟေ့။ နောက်ဆုံးတော့ ငတ်စရာ မလိုတော့ဘူး။ ဆရာကြီးရေ အမြန်လေး တင်ပေးပါတော့။ ကျုပ် အနက်ရောင်ရွှေတွေကို ပြင်ထားပြီးပြီ။”

“ဈေး သိပ်မကြီးဖို့ပဲ မျှော်လင့်တယ်။ ငါ့ဆီက အနက်ရောင်ရွှေနဲ့ဆို လောက်ငှလောက်မှာပါ။”

“အခုချိန်မှာ လူတိုင်းဆီမှာ အနက်ရောင်ရွှေတွေ အများကြီးရှိနေတာပဲ။ ဆရာကြီးက ကောင်းကင်အထိ ခေါင်ခိုက်နေတဲ့ ဈေးနှုန်းမျိုး သတ်မှတ်မထားသရွေ့တော့ ပြဿနာမရှိနိုင်ပါဘူး။”

“ငါ ဆရာကြီးသတ်မှတ်ထားတဲ့ ဈေးနှုန်းကို မြင်ပြီးပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင်တော့ ဒါက ကောင်းကင်အထိ ခေါင်ခိုက်နေတဲ့ ဈေးနှုန်း ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာတော့ လူတိုင်း ဝယ်နိုင်ကြပါတယ်။ ဝယ်ဖို့ လက်တွန့်နေကြတာပဲ ရှိမှာ။”

“ငါလည်း မြင်တယ်။ အာကာသအစားအစာ ၁ ကီလိုဂရမ်ကို အနက်ရောင်ရွှေ ၅၀ တောင် ကျသင့်တယ်။ အဲဒါက နည်းနည်းတော့ ဈေးကြီးလွန်းတယ်။”

“ပစ္စည်းဆိုတာ ရှားမှ တန်ဖိုးရှိတာလေ။ အခုလိုအချိန်မှာ ဆရာကြီးက အစားအစာတွေ ထုတ်ရောင်းပေးဖို့ လိုလားနေတာနဲ့တင် တော်တော်ကောင်းနေပြီ။ ပြီးတော့ သူက ဈေးနှုန်းကို အလွန်အကျွံကြီး သတ်မှတ်ထားတာလည်း မဟုတ်ဘူး။ အကယ်၍ ဒါက အသက်ကယ်ဖို့အတွက်သာဆိုရင် အနက်ရောင်ရွှေ တစ်ရာ၊ နှစ်ရာ သတ်မှတ်ထားရင်တောင် လူတွေက သေချာပေါက် လုဝယ်ကြမှာပဲ။”

“ဟုတ်တယ်ဟေ့။ အစားအသောက်တွေ အားလုံး အလုခံလိုက်ရပြီဟ။”

“မဖြစ်နိုင်တာ...ငါ ဝေခွဲမရ ဖြစ်နေတုန်းပဲ ရှိသေးတယ်လေ။ ကုန်သွားပြီလား။”

“မင်း ဇဝေဇဝါ ဖြစ်နေတယ်ဆိုကတည်းက မင်း သိပ်မငတ်သေးလို့ပေါ့။”

“ဟုတ်တယ်။ ငါ့လို သုံးရက်လုံးလုံး ဝဝလင်လင် မစားရသေးတဲ့လူကျတော့ ချက်ချင်းကို လုဝယ်ရတာပဲ။”

ဈေးကွက်ခန်းမတွင် သူတင်ထားသော အစားအစာများ မျက်စိတစ်မှိတ်အတွင်း အလုအယက် အဝယ်ခံလိုက်ရသည်ကို မြင်သောအခါ ရှောင်းယီသည် အနက်ရောင်ရွှေအားလုံးကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

[“ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆရိတ်သိမ်းခြင်းကို အသက်သွင်လိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - အနက်ရောင်ရွှေ ၄ သန်း။”]

“အင်း.. မဆိုးဘူး။”

ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။ သူ၏လက်ထဲတွင် မမျှော်လင့်ထားသော အရေးပေါ်အခြေအနေများကို ရင်ဆိုင်နိုင်ရန်အတွက် အစားအစာ လေးတန်ကိုမူ သူ ချန်ထားဆဲပင်။

အများသုံးချန်နယ်ထဲတွင်မူ ရှောင်းယီကို တောင်းပန်တိုးလျှိုးနေကြသူများစွာ ရှိနေဆဲပင်။

“ဆရာကြီး...အစားအသောက်တွေ နောက်ထပ် နည်းနည်းလောက် ထပ်ထုတ်ပေးလို့ ရဦးမလား။ ကျုပ် မလုမလိုက်ရဘူး။”

“ဆရာကြီး...ကျုပ် နောက်တစ်ခါ ဇဝေဇဝါ မဖြစ်တော့ပါဘူး။ ဆရာကြီး အစားအသောက် တင်ပေးတာနဲ့ ကျုပ် ချက်ချင်းကို လုဝယ်ပစ်မယ်။”

“ဟုတ်ပါတယ် ဆရာကြီး...ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ငတ်သေသွားမှာကိုတော့ ဒီအတိုင်း ထိုင်ကြည့်မနေပါနဲ့။”

ထိုလူ၏ စကားကို မြင်သောအခါ ရှောင်းယီက တိုက်ရိုက် ပြန်လည်ဖြေကြားလိုက်သည်။

“ငါ မျက်စိပိတ်ထားလိုက်ပါ့မယ်။”

“ဆရာကြီးက တကယ် ဟာသဉာဏ်ရှိတာပဲ။ ဒါပေမဲ့ တကယ်ပဲ အစားအသောက် နောက်ထပ် နည်းနည်းလောက် ထပ်ထုတ်ပေးလို့ မရဘူးလား။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ငါ့လက်ထဲမှာလည်း အစားအသောက်က ကန့်သတ်ချက်ရှိတယ်။ စောစောက အစားအစာ တန် ၂၀ ထုတ်ပေးလိုက်တာက ငါ့လက်ထဲက အစားအသောက်တွေ အကုန်လုံးပဲ။”

“ဟုတ်တယ်။ ဆရာကြီး ဘာမှမပြောတုန်းကတော့ ဘာမှမခံစားရဘူး။ အခု သူ အဲလိုပြောလိုက်တော့မှ ဆရာကြီးဆီမှာ အစားအသောက်တွေ တကယ်ကို အများကြီး ရှိခဲ့တာပဲလို့ ခံစားရတယ်။”

“ဟုတ်တယ်။ အစားအစာ တန် ၂၀ ဆိုတာ ဘယ်လိုသဘောတရားမျိုးကြီးလဲ။ လူတစ်ယောက်တည်း စားမယ်ဆိုရင် ဘယ်နှစ်ရက်တောင် စားရမှာလဲ။”

“ညီနောင်တို့...အိပ်မက်မက်နေတာ ရပ်လိုက်ကြစမ်းပါ။ မင်းတို့ အခု ငတ်နေတုန်းပဲ။ ဒါက ဒီမေးခွန်းကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။”

“အဟမ်း.. ဘဝက ဒီလောက် ခက်ခဲနေရတဲ့ကြားထဲ ရက်စက်မနေပါနဲ့နော်...ဟုတ်ပြီလား။”

“ငါ့ရဲ့ စုစမ်းချင်စိတ်က ပြန်ကြွလာပြန်ပြီ။ ဆရာကြီးက အစားအသောက်တွေ ဒီလောက်အများကြီး ဘယ်ကနေ ရလာတာလဲ။”

“ဟုတ်တယ်။ ငါတို့ ဂလက်ဆီထဲကနေ လိုက်ဝယ်မယ်ဆိုရင်တောင် အဲလောက်အများကြီး စုမိမယ့်ပုံမပေါ်ဘူး။”

“ငါ ဆရာကြီးရဲ့ အရင်က အစားအသောက်ဝယ်ယူမှု ကုန်သွယ်မှုမှတ်တမ်းတွေကို ပြန်လှန်ပြီး ခန့်မှန်းကြည့်ဖူးတယ်။ ငါ့အထင်တော့ သူ ဝယ်ယူခဲ့တာ ခြောက်တန်၊ ခုနစ်တန် ထက်မပိုဘူး။ အဲဒီတော့ ပိုနေတဲ့ ဆယ်တန်ကျော်က ဘယ်ကနေ ရောက်လာတာလဲ။”

“အစ်ကိုကျူးက တခြားဂလက်ဆီကနေ ဆရာကြီးဆီ သယ်လာပေးတာများလား။”

“မဖြစ်နိုင်တာ။ ငါတို့ ဂလက်ဆီက ဒီလောက် ဖွံ့ဖြိုးတိုးတက်နေတာတောင် အစားအသောက် အဲလောက်အများကြီး မရှိဘူး။ သူတို့ဆီမှာဆိုရင် ပိုတောင် နည်းဦးမှာပေါ့။”

“အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ ဂလက်ဆီတစ်ခုချင်းစီရဲ့ အခြေအနေက မတူညီကြဘူးလေ။ ပြီးတော့ ရိက္ခာသေတ္တာထဲက ပစ္စည်းတွေ ထွက်လာနိုင်ခြေ နှုန်းထားကိုလည်း ညှိနှိုင်းထားတာမျိုး ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် ငါတို့ဂလက်ဆီမှာဆိုရင် ဆရာကြီး ရှိနေတာကြောင့် ရိက္ခာသေတ္တာထဲက အောက်ဆီဂျင်၊ လောင်စာနဲ့ လျှပ်စစ်ဓာတ်အားလို ရင်းမြစ်တွေက အတော်လေး ရှားပါးနေတာ။ တခြား ဂလက်ဆီတွေမှာတော့ အဲဒါတွေက အချိုးအစားအရ ပိုပြီးတော့ ကြွယ်ဝနေသင့်တယ်။ မဟုတ်ရင် သူတို့အားလုံး သေဖို့ပဲ စောင့်နေကြရမှာပေါ့။”

“ဒါဆိုရင်.. တခြားဂလက်ဆီတွေမှာ အစားအသောက် ရလာနိုင်ခြေက ဒီထက် ပိုမြင့်နေနိုင်တယ်ပေါ့ ဟုတ်လား။”

All Chapters