← Chapters

အခန်း ၁၃၈၆

Vol. 122 Ch. 1386

အခန်း ၁၃၈၆

Vol. 122 Ch. 1386

အခန်း ၁၃၈၆

“အဲဒီဆန်းစစ်ချက်က တကယ် ဖြစ်နိုင်ခြေရှိတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို သေချာပေါက် သေစေချင်တာမှ မဟုတ်တာ။ သူတို့ ငါတို့အတွက် မျှော်လင့်ချက်အရိပ်အယောင်လေးတော့ ချန်ထားပေးဦးမှာပဲ။”

“ကမ္ဘာ့စည်းမျဉ်းတွေက မျှော်လင့်ချက်အရိပ်အယောင်တော့ ချန်ထားပေးလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ သိပ်များနေတာကို သူတို့တွေ့ရင်တော့ ချက်ချင်းပဲ ဝိုင်းပြီး နှိပ်ကွပ်ကြလိမ့်မယ်။ အဲဒါက ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ယုတ်မာတဲ့ အချက်ပဲ။”

“အပေါ်ကလူ စကားကို ဆင်ခြင်ပြောစမ်းပါ။ ကမ္ဘာ့စည်းမျဉ်းတွေက မင်းကို ပစ်မှတ်ထားသွားရင် မင်းအတွက် အခြေအနေတွေ ခက်ခဲအောင် လုပ်လိမ့်မယ်။”

“ဘာကြောက်စရာရှိလဲ။ အဆိုးဆုံးဖြစ်လှရင် ပြုတ်ထွက်သွားရုံပေါ့။ ငါ ဂရုမစိုက်ဘူး။ ပြုတ်ထွက်သွားရတယ်ဆိုတာ ဒီဆင်းရဲဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်သွားသလိုပဲ။”

“မင်းကတော့ တကယ်ကို အမြင်မှန်ရနေပြီပဲ။ ဒါပေမဲ့ ငါကတော့ ဆက်ပြီး အသက်ရှင်ချင်သေးတယ်...”

ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

“လူတွေက သူတို့ခြေထောက်အောက်က ပုရွက်ဆိတ်တွေ သူတို့အကြောင်း ဘာပြောနေလဲဆိုတာ ဂရုမစိုက်သလိုပဲ။ ကမ္ဘာ့စည်းမျဉ်းတွေကလည်း ငါတို့ပြောသမျှကို ဘာမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။”

ထိုအခိုက်အတန့်တွင် အာကာသချိတ်ထံမှ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့သည်။

“ရိက္ခာသေတ္တာကို ဖမ်းဆွဲမိပါပြီ။”

ရှောင်းယီသည် ရိက္ခာစုဆောင်းရေးခန်းသို့ မျောပါသွားပြီး ရိက္ခာသေတ္တာကို ဖွင့်လိုက်သည်။

[“ရရှိသော ပစ္စည်းများ - ... ၊ လေးဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီး။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၃၂၊ အနက်ရောင်ရွှေ ၁၆၊ ပြောင်းဖူးမျိုးစေ့ (B အဆင့်) ၃၂။”]

ပြောင်းဖူးမျိုးစေ့များကို မြင်သောအခါ ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်မိ၏။

“နောက်ဆုံးတော့ တခြားအရာတစ်ခု ထွက်လာပြီပဲ။”

သူ့ထံတွင်လည်း B အဆင့် ဗာမီကျူလိုက်ရှိနေသည်နှင့် ကွက်တိပင် ဖြစ်သည်။

ရှောင်းယီသည် ပြောင်းဖူးမျိုးစေ့များကို စိုက်ပျိုးရေးခန်းသို့ ယူဆောင်သွားကာ ပျိုးထောင်လိုက်ပြီး အပင်ပေါက် လျင်မြန်စေရန်အတွက် S အဆင့် ရေသန့်အချို့ လောင်းပေးလိုက်သည်။

ပြောင်းဖူးများကို စိုက်ပျိုးပြီးနောက် ရှောင်းယီသည် ပန်းသီးတစ်လုံးကို ယူကာ ဆေးကြောပြီး ၎င်းကို တစ်ကိုက်ချင်း ကိုက်ဝါးရင်း ယာဉ်မောင်းခန်းဆီသို့ မျောပါသွားလိုက်သည်။

“ဘီး ဘီး... ကျူးဝူထံမှ သီးသန့်မက်ဆေ့ခ်ျတစ်ခု ပေးပို့လာပါသည်။ ကြည့်ရှုလိုပါသလား။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ သီးသန့်မက်ဆေ့ခ်ျကို ကြည့်ရှုရန် ရွေးချယ်လိုက်သည်။

“သူဌေး ကျွန်တော် ရိက္ခာသေတ္တာတစ်လုံးကို မြင်နေရသလိုပဲ။”

ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလာ၏။

“ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ နည်းနည်း ဝေးနေတယ်။”

ရှောင်းယီသည် စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ သူ၏ အာကာသချိတ်ကို ကျူးဝူထံသို့ ချက်ချင်း ငှားရမ်းပေးလိုက်သည်။

“အာကာသချိတ်ဆး (SSS အဆင့်) ၁ နာရီ အသုံးပြုခွင့် ၁ - အခမဲ့လဲလှယ်ခြင်း။”

ကျူးဝူသည် ထိုစက်ပစ္စည်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားတော့သည်။

“အမြန် သဘောတူလိုက်။ အခု ပစ်မှတ်ကို ရိက္ခာသေတ္တာအဖြစ် သတ်မှတ်ထားပြီးသား။ မင်းရဲ့ အာကာသယာဉ်ပေါ်မှာ တပ်ဆင်လိုက်ပြီး အလိုအလျောက် ဖမ်းဆွဲတဲ့စနစ်ကို ဖွင့်လိုက်ရုံပဲ။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။ ရှောင်းယီ၏ တိုက်တွန်းသံကို ကြားမှ ကျူးဝူတစ်ယောက် ချက်ချင်း သတိဝင်လာတော့သည်။ သူသည် စကားအများကြီး ပြောမနေတော့ဘဲ ကုန်သွယ်မှုကို ချက်ချင်း သဘောတူလိုက်ပြီး ၎င်းကို တပ်ဆင်ကာ ချက်ချင်းဖမ်းဆွဲခြင်းလိုက်တော့သည်။

ပစ်မှတ်က ရှင်းလင်းနေပြီး အာကာသချိတ်၏ ဖမ်းဆွဲနိုင်စွမ်း အကွာအဝေးအတွင်းမှာသာ ရှိနေသရွေ့ လွဲချော်သွားရန် လုံးဝ မဖြစ်နိုင်ပေ။

အာကာသချိတ်သည် လျင်မြန်စွာ ပျံထွက်သွားပြီး ၎င်း၏နောက်မှ ကြိုးသည်လည်း ပို၍ပို၍ ရှည်လျားစွာ ဆန့်ထွက်သွားခဲ့သည်။

ကျူးဝူသည် ပို၍ပို၍ ဝေးကွာသွားနေသော ရိက္ခာသေတ္တာကို ကြည့်ရင်း စိတ်ထဲမှ ဆုတောင်းနေမိသည်။

“ကျေးဇူးပြုပြီး မလွဲပါစေနဲ့။”

ကံကောင်းထောက်မစွာဖြင့် ရိက္ခာသေတ္တာသည်လည်း ဆွဲငင်အား၏ ဆွဲခေါ်မှုကို ခံနေရပုံရပြီး ၎င်းဝေးကွာသွားသည့် အရှိန်မှာ သိပ်မမြန်လှပေ။

ကျူးဝူ၏ ဆုတောင်းပြည့်ဝသွားသော မျက်ဝန်းများအောက်တွင် အာကာသချိတ်သည် ရိက္ခာသေတ္တာကို အောင်မြင်စွာ ဖမ်းဆွဲမိသွားပြီး နောက်သို့ ပြန်လည်ဆွဲယူလာခဲ့သည်။

“သူဌေး ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေလဲဆိုတာ မဆန်းတော့ဘူး။ ဒီလို အဆင့်မြင့်ပစ္စည်းမျိုးနဲ့ ဒီလောက်ကြီးမားတဲ့ ဖမ်းဆွဲမှု အကွာအဝေးရှိနေမှတော့ ရိက္ခာသေတ္တာ မရမှာကို စိုးရိမ်စရာကို မလိုတော့တာဘူး။”

ကျူးဝူက မှတ်ချက်ချလိုက်သည်။ အခြား အသက်ရှင်ကျန်ရစ်သူများမှာမူ အနီးနားတွင် ရိက္ခာသေတ္တာ ရှိ၊ မရှိ သိနိုင်ရန်အတွက် သေးငယ်သော ပြတင်းပေါက်များတွင် မျက်နှာကပ်ပြီး ကြည့်ရှုကြရကာ ရိက္ခာသေတ္တာနှင့် နီးကပ်သွားအောင် အာကာသယာဉ်ငယ်ကို အနားသို့ ကပ်မောင်းပြီးမှ ယာဉ်ငယ်ပေါ်ရှိ စက်ရုပ်လက်တံများကို အသုံးပြုကာ ဖမ်းဆွဲကြရခြင်း ဖြစ်သည်။

သို့သော် ရှောင်းယီမှာမူ ထိုသို့လုပ်ရန် လုံးဝ မလိုအပ်ပေ။ သူသည် ပစ်မှတ်ကို သတ်မှတ်ပေးလိုက်ရုံဖြင့် ကျန်ရှိသောအရာများကို စိုးရိမ်စရာမလိုတော့ဘဲ အာကာသယာဉ်ထဲတွင် ဂျွမ်းထိုးမှောက်ခုံပင် လုပ်နေနိုင်သေးသည်။

“သူဌေး ကျွန်တော် ဖမ်းမိသွားပြီ။ သူဌေးရဲ့ ဒီပစ္စည်းက တကယ်ကို သုံးလို့ကောင်းတာပဲ။”

ကျူးဝူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သတင်းပို့လာ၏။

“ပစ္စည်းကတော့ သုံးလို့ကောင်းပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ကံက အရမ်းဆိုးလွန်းတယ်။ ရိက္ခာသေတ္တာထဲကနေ ဘာပစ္စည်းကောင်းမှ မရဘူး။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်သည်။ ကျူးဝူသည် အနည်းငယ် မှင်တက်သွား၏။ အကယ်၍ သူဌေးက ရိက္ခာသေတ္တာထဲမှ ပစ္စည်းကောင်းများ မရဘူးဆိုလျှင် ဤသည်မှာ သူဌေးဆီ၌ ပစ္စည်းများ ရရှိနိုင်မည့် အခြား နည်းလမ်းများ ရှိနေသည်ကို သက်သေပြနေခြင်း မဟုတ်ပါလော။

“ငါ တကယ်ပဲ သိချင်မိတယ်။ သူဌေးက ဒီလောက်အဆင့်မြင့်တဲ့ ပစ္စည်းတွေကို ဘယ်ကနေ ရနေတာလဲ။”

ကျူးဝူက တီးတိုးရေရွတ်လိုက်သည်။

ကျူးဝူ စကားမပြောနိုင်ခင်မှာတင် ရှောင်းယီက ဆက်ပြောလိုက်သည်။

“မင်းရဲ့ ပတ်ဝန်းကျင်ကို နောက်ထပ် ရိက္ခာသေတ္တာတစ်လုံး ဘယ်အချိန်မှာ ထပ်ပေါ်လာမလဲဆိုတာ ပိုပြီးတော့ သတိထား စောင့်ကြည့်ထား။။”

“စိတ်ချပါ သူဌေး။”

ကျူးဝူက ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် အာကာသယာဉ်၏ အပြင်ဘက်ကို အကဲခတ်ကြည့်ရာ ဒုတိယမြောက် ရိက္ခာသေတ္တာကို မတွေ့ရပေ။ ထို့ကြောင့် သူယခုလေးတင် ဖမ်းဆွဲရရှိထားသော ရိက္ခာသေတ္တာဆီသို့ မျောပါသွားပြီး ၎င်းကို ဖွင့်ကြည့်လိုက်သည်။

အတွင်းတွင် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေတို့အပြင် စာလိပ်တစ်ခု၊ အစားအစာ နှစ်အိတ်နှင့် ရေတစ်အိတ်တို့ ပါရှိသည်။

“ကြည့်ရတာ ငါ့ရဲ့ ကံကတော့ အတော်လေး ကောင်းပုံပဲ။”

ကျူးဝူသည် ထိုပစ္စည်းများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ယူဆောင်သွားလိုက်သည်။

ရှောင်ယီတွင်မူ စနစ်၏ ညွှန်ကြားချက်များ ရှိနေသဖြင့် ရိက္ခာသေတ္တာကို ဖွင့်လိုက်သည်နှင့် သူဘာတွေ ရရှိသည်ကို ချက်ချင်း သိနိုင်သော်လည်း အခြား အသက်ရှင်ကျန်ရစ်သူများအတွက်မူ ထိုမျှ မလွယ်ကူပေ။

၎င်းတို့သည် ထင်ရှားသော ပစ္စည်းအချို့ကို မှတ်မိနိုင်သော်လည်း အများစုမှာမူ ခွဲခြား၍မရသေးချေ။ ၎င်းတို့ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ယူဆောင်လာပြီးမှသာ သူတို့ ဘာတွေ ရရှိခဲ့သည်ကို အတည်ပြုနိုင်ကြခြင်း ဖြစ်သည်။

[“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၈၊ အနက်ရောင်ရွှေ ၉၊ အာလူးအမဲသားချက် ၅၀၀ ဂရမ်၊ ခရမ်းချဉ်သီး ကြက်ဥမွှေကြော် ၅၀၀ ဂရမ်၊ ရေသန့် ၅၀၀ မီလီလီတာ၊ မစင်နှင့် ဆီး စုဆောင်းစနစ် ထုတ်လုပ်မှုပုံစံ ၁။”]

“ငါ ပြောသားပဲ။ ငါ့ကံက ကောင်းပါတယ်လို့။”

ကျူးဝူသည် ဤရရှိမှုများကို သီးသန့်ချက်တင်မျက်နှာပြင်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ပေးပို့လိုက်သည်။

ကျူးဝူတစ်ယောက် ရိက္ခာသေတ္တာတစ်လုံးတည်းမှ ဤမျှများပြားသော ပစ္စည်းများအား ရရှိသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့ရ၏။

၎င်းတို့ထဲတွင် အဆင့်မြင့်ပစ္စည်း တစ်ခုမှ မပါဝင်သော်လည်း ပမာဏ အမြောက်အမြား ရှိနေသဖြင့် ကြည့်ရသည်မှာ စိတ်ကျေနပ်စရာ ကောင်းလှသည်။

ရှောင်းယီက ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။

“အဲဒီထုတ်လုပ်မှုပုံစံကို အရင်ဆုံး ငါ့ဆီ ပေးလိုက်။ ကျန်တာတွေကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ။”

“[မစင်နှင့် ဆီး စုဆောင်းစနစ် ထုတ်လုပ်မှုပုံစံ ၁ - အခမဲ့လဲလှယ်ခြင်း။”

ကျူးဝူသည် ထိုထုတ်လုပ်မှုပုံစံကို ရှောင်းယီထံ ချက်ချင်း ပို့ပေးလိုက်သည်။

[“ရရှိသော ပစ္စည်းများ... လေးဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - မစင်နှင့် ဆီး စုဆောင်းစနစ် ထုတ်လုပ်မှုပုံစံ ၄။”]

သူသည် ထိုမစင်နှင့် ဆီး စုဆောင်းစနစ်အတွက် လိုအပ်သော ကုန်ကြမ်းများကို ဈေးကွက်ခန်းမတွင် အပြိုင်စနစ်ဖြင့် တင်သွင်းလိုက်၏။ ထိုလုပ်ရပ်ကြောင့် အသက်ရှင်ကျန်ရစ်သူများအကြား ချက်ချင်းပင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာတော့သည်။

“ဆရာကြီး ရုတ်တရက် တင်လိုက်တဲ့ ကုန်သွယ်မှုက မစင်နဲ့ ဆီး စုဆောင်းစနစ်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ဖြစ်ပုံရတယ်။”

“ကျေးဇူးပြုပြီး ‘ဖြစ်ပုံရတယ်’ ဆိုတဲ့ စကားလုံးကို ဖြုတ်ပေးပါ။ ဒါက အဲဒီပစ္စည်း အစစ်ပဲ။ ငါ ဘယ်လိုသိလဲလို့ မမေးနဲ့။ ငါ့ဆီမှာလည်း တစ်ခု ရှိတယ်။”

“အပေါ်ကလူ...မင်းဆီမှာ မစင်နဲ့ ဆီး စုဆောင်းစနစ် ရှိနေပြီဆိုပြီး လာကြွားနေတာလား။”

“ဟုတ်တယ်လေ။ ငါ လာကြွားနေတာ။ မင်း သတိထားမိသွားတဲ့အတွက် စိတ်မကောင်းပါဘူး။”

“တကယ်တော့ အခုဆို ငါလည်း ကျင့်သားရနေပါပြီ။ ငါ့ရဲ့ ယာဉ်ငယ်ထဲမှာ ဘာအနံ့အသက်ဆိုးမှ မရှိတော့ဘူးလို့တောင် ခံစားနေရတယ်။”

“ပြောရရင်တော့ လူတိုင်းရဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းက အရမ်း အားကောင်းလွန်းတယ်။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ငါလည်း မစင်နဲ့ ဆီး စုဆောင်းစနစ်တစ်ခုလောက်တော့ ရချင်သေးတယ်။ ဆရာကြီး အခု ရထားတဲ့ပစ္စည်းတွေကို ရောင်းမှာလား မသိဘူး။”

“ဟုတ်တယ်။ ငါလည်း တစ်ခုလောက် လိုချင်တယ်။ ဒီရက်ပိုင်း ဆွဲငင်အား မရှိလို့လား မသိဘူး။ ငါ နည်းနည်း ဝမ်းချုပ်နေသလိုပဲ။”

“ကမ္ဘာဂြိုဟ်ရဲ့ ဆွဲငင်အားမရှိလို့ ဝမ်းမသွားနိုင်ဘူးလို့ အပြစ်ပုံချတဲ့လူတွေလည်း တကယ်ရှိနေတာပဲလား။”

“သီအိုရီအရတော့ အဲဒီအပိုင်းမှာ သက်ရောက်မှု ရှိတာ အမှန်ပဲ။ ဒီမစင်နဲ့ ဆီး စုဆောင်းစနစ်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်မလား မသိဘူး။”

“ဖြေရှင်းဖို့တော့ ခက်လိမ့်မယ် ထင်တယ်။ မင်းဘာသာ ပိုပြီးတော့ အားစိုက်ထုတ်ရမှာပေါ့။”

လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ခေါင်းကို အသာအယာခါယမ်းလိုက်မိသည်။ သူသည် ဤမစင်နှင့် ဆီး စုဆောင်းစနစ်များကို ရောင်းချရန် အစီအစဉ်မရှိပေ။

အဓိကအကြောင်းအရင်းမှာ ဤပစ္စည်းများသည် ငွေအမြောက်အမြား ရရှိနိုင်မည်မဟုတ်သည့်အပြင် ၎င်းတို့သည် အလွန်တရာ သီးသန့်ဆန်သော ပစ္စည်းများဖြစ်သောကြောင့် ဖြစ်သည်။ တစ်ဦးလျှင် တစ်ခုသာ သုံးစွဲရမည်ဖြစ်ပြီး မျှဝေသုံးစွဲ၍ မရနိုင်ပေ။

All Chapters