← Chapters

အခန်း ၁၃၈၇

Vol. 122 Ch. 1387

အခန်း ၁၃၈၇

Vol. 122 Ch. 1387

အခန်း ၁၃၈၇

လူအများအပြား မျှဝေသုံးစွဲ၍ မရနိုင်ခြင်းကြောင့် ၎င်းကို တစ်ဦးချင်းသာ ဝယ်ယူနိုင်ပြီး တစ်ဦးချင်းဝယ်ယူသူများသည်လည်း အလွန်မြင့်မားသော ဈေးနှုန်းကို ပေးကြမည်မဟုတ်ပေ။

ထို့အပြင် လူတိုင်းသည် မိမိတို့ယာဉ်ငယ်၏ ပတ်ဝန်းကျင်ကို အမှန်တကယ် ကျင့်သားရနေကြပြီဖြစ်သည်။ အနည်းငယ် အနံ့အသက်ဆိုးထွက်နေသော်လည်း အနည်းဆုံးတော့ သူတို့ ဆက်လက်ရှင်သန်နေထိုင်နိုင်ရေးကို မထိခိုက်ပေ။ ဤအချက်ကလည်း မည်သူမျှ ဤမစင်နှင့် ဆီး စုဆောင်းစနစ်ကို ဈေးကြီးပေးပြီး ဝယ်ယူမည်မဟုတ်ကြောင်း အဆုံးအဖြတ်ပေးနေလေသည်။

“ဆရာကြီးက ဘာမှမတုံ့ပြန်ဘူးဆိုတော့ သူ ထုတ်ရောင်းပေးမှာ မဟုတ်လောက်ဘူး။”

“ဒါဆိုရင်တော့ ငါ့ဘာသာငါ တစ်ခုရအောင် လုပ်ဖို့ပဲ ရှိတော့တယ်။ ဒီနေ့ ရိက္ခာသေတ္တာက ငါ့ကို အံ့ဩစရာတစ်ခုခု ပေးပါစေလို့ပဲ မျှော်လင့်ရတော့မယ်။”

“သေစမ်း.. ငါ အာကာသယာဉ်ကြီးတစ်စီး ဖြတ်သွားတာကို မြင်လိုက်ရတယ်။ အရင်က ငါမြင်ဖူးတဲ့ အာကာသယာဉ်တွေထက်တောင် ပိုပြီး ကြီးပုံရတယ်။”

“ကြီးပုံရတယ် ဟုတ်လား။ မင်းမြင်လိုက်တယ်ဆိုမှတော့ အရွယ်အစားချင်း မနှိုင်းယှဉ်ကြည့်ဘူးလား။”

“ညီအစ်ကိုရာ.. အကွာအဝေးတွေက မတူဘူးလေ။ အခုချိန်မှာ ဘာတိုင်းတာရေးကိရိယာမှ မရှိတော့ ငါ့ရဲ့ အာရုံခံစားမှုအတိုင်းပဲ ပြောနိုင်တာပေါ့။”

“ဒီဂလက်ဆီရဲ့ ဒေသခံလား။ ကစဉ့်ကလျားကြယ်လို့ ခေါ်တဲ့လူတွေလား။”

ရှောင်းယီသည်လည်း ဤအချိန်တွင် စကားဆိုလာခဲ့သည်။

“မဖြစ်နိုင်လောက်ဘူး။ ဒီက ဒေသခံတွေရဲ့ လေကြောင်းအာကာသလုပ်ငန်းက အခုမှ စတင်ခါစပဲ ရှိသေးတယ်။ အကယ်၍ တကယ် ကြီးမားတဲ့ အာကာသယာဉ်ကြီးသာ ရှိနေရင် သူတို့ ငါ့ကို တန်းတူရည်တူ ရပ်တည်ချက်မျိုးနဲ့ စကားပြောနေမှာတောင် မဟုတ်ဘူး။”

“ဆရာကြီးကတော့ တကယ်ကို တည်ငြိမ်တာပဲ။ ဒီလောက်အထိ ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေတာတောင် ဒေသခံတွေ သူ့ကို တန်းတူရည်တူ ဆက်ဆံနေရတဲ့ အခြေခံအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သတိပြုမိသေးတယ်။”

“ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးဆိုပြီး ဘဝင်မမြင့်နေသရွေ့တော့ ဘယ်သူမဆို ဒါကို သတိပြုမိနိုင်မှာပဲ။”

“မှန်တယ်။ အကယ်၍ ကိုယ့်ရဲ့ အင်အားက တစ်ဖက်လူကို လုံးဝ ဖိနှိပ်ခြေမှုန်းနိုင်တယ်ဆိုရင် ဘယ်သူကမှ သူတို့နဲ့ တန်းတူရည်တူ စကားပြောဖို့ ရွေးချယ်မှာ မဟုတ်ဘူး။”

ရှောင်းယီသည် ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်း မြင်လိုက်ရတဲ့ အာကာသယာဉ်ရဲ့ ပုံသဏ္ဌာန်ကို ဖော်ပြပေးနိုင်မလား။”

“အဲဒါက တော်တော်ရှည်တဲ့ အာကာသယာဉ်ပဲ။ သူ့ရဲ့ အပြင်ဘက်က သတ္တုနဲ့ လုပ်ထားတဲ့ ပုံစံမျိုးပဲ။ ပြီးတော့ အရှိန်ကလည်း အရမ်းမြန်တယ်။ ကျုပ်ဘေးကနေ ဖျတ်ခနဲ ဖြတ်မောင်းသွားတာ... အားးးး..”

“အား.. အပေါ်က ညီအစ်ကို ရုတ်တရက်ကြီး အော်ဟစ်တာမျိုး မလုပ်ပါနဲ့လား။”

“ဟုတ်တယ် ဘာဖြစ်လို့လဲ။”

“ငါ အဲဒီအာကာသယာဉ်ရဲ့ ရှေ့တည့်တည့်မှာ ဥက္ကာခဲကြီးတစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ ငါက သူ အဲဒါကို ကွေ့ရှောင်သွားလိမ့်မယ်လို့ ငါထင်နေတာ။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီအာကာသယာဉ်ဆီကနေ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး အဲဒီဥက္ကာခဲကြီးကို တိုက်ရိုက် အပိုင်းပိုင်း မှုတ်ထုတ်ပစ်လိုက်တာပဲ။”

“အဲလောက်တောင် ကြမ်းတာလား။”

“သေစမ်း.. ငါ့အထင်တော့ အဲဒီဥက္ကာခဲက ငါ့ရဲ့ယာဉ်ထက် အဆတစ်ရာမက ကြီးလိမ့်မယ်။”

“တစ်ဖက်လူရဲ့ တိုက်ခိုက်မှုက အဲလောက်တောင် စွမ်းအားကြီးတာလား။”

“တိုက်ခိုက်မှုက စွမ်းအားကြီးရုံတင် မကဘူး။ အာကာသယာဉ်ကို ပိတ်ဆို့နေတဲ့ ဥက္ကာခဲကို တိတိကျကျ ခြေမှုန်းပစ်နိုင်တယ်ဆိုကတည်းက သူတို့ အာကာသယာဉ်ရဲ့ အမျိုးမျိုးသော စနစ်တွေက အတော်လေး ပြီးပြည့်စုံနေပြီဆိုတာကို ဖော်ပြနေတာပဲ။”

“ဟုတ်တယ်။ အခု ငါတို့အနေနဲ့ ဥက္ကာခဲတစ်ခုနဲ့ တိုးတိုင်း ကွေ့ပတ်ပြီး ရှောင်နေကြရတာ။ တွေးကြည့်ရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်။”

“ဒါက ကမ္ဘာ့စည်းမျဉ်းတွေ ငါတို့အတွက် စီစဉ်ပေးထားတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်မလား။”

“လုံးဝ မဟုတ်နိုင်လောက်ပါဘူး။ အကယ်၍ ဒီလိုအာကာသယာဉ်မျိုးသာ ဝင်လာရင် ဒီဂလက်ဆီထဲက အသက်ရှင်ကျန်ရစ်သူတွေ အားလုံး လက်လျှော့လိုက်ကြရုံပဲ။ ငါတို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး။”

“ဒါဆိုရင် ဘာလို့ ငါတို့ကို ဒီလိုအချိန်မျိုးမှာ ဒီလောက်အစွမ်းထက်တဲ့ အာကာသယာဉ်မျိုး ထုတ်ပြလာတာလဲ။”

“ငါ့အထင်တော့ ငါတို့ကို အရင်ဆုံး မျက်စိပွင့်စေပြီး အဆင့်မြှင့်တင်ဖို့အတွက် တွန်းအားတစ်ခု ပေးချင်လို့ ဖြစ်လိမ့်မယ်။”

“မှန်တယ်။ အကယ်၍ အနာဂတ်မှာ ငါတို့ရဲ့ ယာဉ်ငယ်တွေကို အဲဒီလို အာကာသယာဉ်မျိုး အရွယ်အစားအထိ အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် တွေးကြည့်ရုံနဲ့တင် အရမ်းလန်းနေပြီ။”

“ဟုတ်တယ်။ ပထမအဆင့်တုန်းက သမုဒ္ဒရာကြီးပေါ်မှာ ကျွန်းငယ်လေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ရတယ်။ ဒီအဆင့်ကျတော့ ကြယ်တာရာပင်လယ်ကြီးထဲက သီးခြားကျွန်းလေးတွေဖြစ်တဲ့ ယာဉ်ငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရတာပဲ။”

“ဒါပေမဲ့ အဆင့်မြှင့်တင်ဖို့က အရမ်းခက်ခဲလွန်းတယ်။ ပထမဆုံး အဆင့်မြှင့်ဖို့တင် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ သန်းပေါင်းများစွာ လိုအပ်နေပြီ။ ဆရာကြီးအချို့က ပထမအဆင့်မှာ အုတ်မြစ်ကျောက်တွေ အလုံအလောက် စုမိထားနိုင်ပေမဲ့ အနက်ရောင်ရွှေကျတော့ ဘယ်လိုလုပ်မလဲ။ ဟူး.. အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်ဖို့တောင် လက်လှမ်းမမီနိုင်သေးဘူးလို့ ငါ ခံစားရတယ်။ ဒီလို အစွမ်းထက်တဲ့ အာကာသယာဉ်ကြီးအကြောင်းကိုတော့ ပြောမနေနဲ့တော့။”

“ဟုတ်တယ်။ နောက်ထပ် ပြဿနာတစ်ခုလည်း ရှိသေးတယ်လို့ ငါ ခံစားရတယ်။ အကယ်၍ ငါတို့ တကယ်ပဲ အဲဒီလို အစွမ်းထက်တဲ့ အာကာသယာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ရင်တောင် လူအင်အား အများကြီး လိုအပ်မှာမဟုတ်ဘူးလား။ မဟုတ်ရင် တစ်ယောက်တည်း ပျင်းစရာကြီး ဖြစ်မနေဘူးလား။”

“အပေါ်က ညီအစ်ကို အများကြီး လျှောက်မတွေးပါနဲ့။ ဖြည်းဖြည်းချင်းပဲ သွားစမ်းပါ။ မင်းက အဆင့်တောင်မမြှင့်ရသေးဘဲ အဆင့်မြှင့်ပြီးနောက်ပိုင်း ဘဝအကြောင်းကို စဉ်းစားနေပြီလား။”

“ဟုတ်ပါ့။ မင်းက ထီလက်မှတ်တောင် မဝယ်ရသေးဘဲ သိန်းငါးထောင်ဆုပေါက်ရင် ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားနေသလိုမျိုးပဲ။”

“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ပထမအဆင့်တုန်းကလိုမျိုး ဒေသခံတချို့ကို ရှာပြီး စာချုပ်ချုပ်လို့ ရရင်ရမှာပေါ့။”

“ချီး.. မင်းက အာကာသယာဉ်ကြီး ရလာရင် လူဦးရေတိုးပွားအောင် လုပ်မယ့်ကိစ္စကို တကယ်ပဲ ထည့်စဉ်းစားနေတာလား။”

အများသုံးချန်နယ်ထဲရှိ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ရုတ်တရက် ပေါ်လာသော ဤကြီးမားသည့် အာကာသယာဉ်သည် မည်သည့်အဆင့်ရှိသော ယာဉ်မျိုးနည်း။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ရှိနေလျှင် ၎င်းသည် ယခင်က ကြုံတွေ့ခဲ့ရသည့် လူမဲ့ထောက်လှမ်းရေးယာဉ်၏ နောက်ကွယ်မှ အင်အားစု ဖြစ်နေနိုင်မည်လော။

အကယ်၍ တကယ်ဖြစ်နေပြီး ထိုအာကာသဓားပြများ ဤဂလက်ဆီထဲတွင် လှည့်လည်သွားလာနေကြသည်ဆိုပါက ၎င်းတို့အတွက် အလွန်အမင်း အန္တရာယ်ကြီးပေသည်။

“အဲဒီအာကာသယာဉ်က အာကာသဓားပြတွေရဲ့ယာဉ်တော့ မဟုတ်လောက်ဘူး။ အကယ်၍ သူတို့ယာဉ်သာဆိုရင် သူတို့ရဲ့လူမဲ့ထောက်လှမ်းရေးယာဉ် ဘယ်နေရာမှာ ပျက်စီးသွားလဲဆိုတာ သူတို့ သိနေသင့်တယ်။”

ရှောင်းယီက စိတ်ထဲမှ တွေးလိုက်သည်။

“ဒါဆို စတုတ္ထမြောက် အင်အားစုတစ်ခု ထပ်ရှိနေတာလား။”

ရှောင်ယီ ပိုမိုတွေးတောလေ ဂမ်မာဂလက်ဆီ၏ အခြေအနေမှာ ပို၍ ရှုပ်ထွေးဆန်းကြယ်သည်ဟု ခံစားရလေဖြစ်သည်။

သို့သော် ရှုပ်ထွေးသောအခြေအနေသည် အသက်ရှင်ကျန်ရစ်သူများအတွက် သတင်းကောင်းတစ်ခုလည်း ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အင်အားစုကြီးများကြားရှိ အက်ကြောင်းများထဲ၌ အသက်ဆက်ရန် လုံးဝ ရှာဖွေနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ အင်အားစုတစ်ခုတည်းသာ အမှန်တကယ် ရှိနေပါက တစ်ဖက်လူသည် ဤဂလက်ဆီအတွင်း မည်သည့်အတားအဆီးမှမရှိဘဲ လွှမ်းမိုးခြေမှုန်းနိုင်မည်ဖြစ်ရာ ၎င်းမှာ ရှင်သန်ကျန်ရစ်သူများအတွက် ပို၍ပင် ခုခံနိုင်စွမ်းမရှိ ဖြစ်သွားစေလိမ့်မည်။

ဤအချက်ကို သဘောပေါက်သွားပြီးနောက် ရှောင်းယီက အများသုံးချန်နယ်တွင် ဝင်ပြောလိုက်သည်။

“ဒီဂလက်ဆီထဲမှာ အင်အားစု သုံးခုထက်မက ရှိနေနိုင််တယ်။ ပြီးတော့ သူတို့အချင်းချင်းကြားမှာ အပြန်အလှန် ထိန်းကျောင်းမှု အတိုင်းအတာတစ်ခုအထိ ရှိနေလိမ့်မယ်။ ငါတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ပဲ ရှိတယ်။ တစ်နေ့နေ့မှာ ဒီမျှခြေ ပျက်ပြားသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသေးဘူးဆိုရင်တော့ အန္တရာယ်ရှိလာလိမ့်မယ်။”

“ဆရာကြီးပြောတာ လုံးဝမှန်တယ်။ အခုချိန်မှာ ဒါတွေကို စိုးရိမ်နေလည်း အပိုပဲ။ အကယ်၍ အဲဒီလို အစွမ်းထက်တဲ့ ရန်သူမျိုး တကယ်ရှိနေရင် စိုးရိမ်နေလည်း သေမှာပဲ။ မစိုးရိမ်လည်း သေမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားတာကမှ ပိုကောင်းဦးမယ်။”

“ငါလည်း ကြိုးစားချင်တာပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝ လမ်းစမရှိဘူး ဖြစ်နေတာ။”

“ငါ မင်းတို့ကို ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ပြပေးမယ်။ မင်းတို့ ပတ်ပတ်လည်မှာရှိတဲ့ ဂြိုဟ်ခါးပတ်ထဲက ဥက္ကာခဲတွေကို တတ်နိုင်သမျှ တူးဖော်ကြည့်ကြ။ အံ့ဩစရာတွေ ရှိလိမ့်မယ်။”

“အံ့ဩစရာတွေ ရှိမယ် ဟုတ်လား။ ဘာအံ့ဩစရာလဲ။ ငါတို့ကို ပြောပြလို့ ရမလား။”

“ဟုတ်ပါ့။ ပဟေဠိဆန်ဆန် စကားဝှက်တွေ လုပ်မနေစမ်းပါနဲ့။ ပြီးခဲ့တဲ့အကြိမ်က စကားဝှက်လုပ်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူရဲ့ သင်္ချိုင်းက မြက်ပင်တွေတောင် သုံးမီတာလောက် မြင့်နေလောက်ပြီ။”

“ပစ္စည်းကောင်းတွေ ကျပန်းထွက်လာနိုင်ခြေ ရှိလို့ပါ။ မင်းတို့ဘာသာမင်းတို့ သွားတူးကြည့်ကြ။ ဥက္ကာခဲမိုးထဲက ဥက္ကာခဲတွေတင် မဟုတ်ဘူး။ ငါတို့ဘေးနားက ဥက္ကာခဲတွေမှာလည်း ထွက်လာနိုင်ခြေ ရှိတယ်။”

“တကယ်လား ညီအစ်ကို မင်း ဘာပစ္စည်းကောင်းတွေ ရခဲ့လို့လဲ။”

“သိပ်တော့ အများကြီးမဟုတ်ပါဘူး။ ပထမအဆင့် ယဉ်ကျေးမှုရဲ့ အပျက်အစီးမြေပုံတစ်ခု ရခဲ့တာပါ။”

“ဘာ.. မင်းလည်း တစ်ခု ရလာတာလား။ ပြီးခဲ့တဲ့အကြိမ်က တစ်ယောက်ယောက် ရိက္ခာသေတ္တာထဲကနေ ရခဲ့တယ် ထင်တယ်။ ဘာလို့ အခုမှ အများကြီး ပေါ်လာရတာလဲ။”

“ငါတို့ကို ပိုပြီး မြန်မြန် ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးတာမျိုး ဖြစ်နိုင်မလား။”

“ဖြစ်နိုင်တယ်။ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိပြီးရင် ငါတို့ ကောင်းကင်ပေါ် ပျံတက်သွားနိုင်မလားပဲ။ အနည်းဆုံးတော့ အခုလိုမျိုး အာကာသခရီးစဉ်ကို သုညကနေ စတင်နေရတာမျိုး မဖြစ်တော့ဘူးပေါ့။”

“အမှန်ပဲ။ ဒါပေမဲ့ ငါတို့ အခုရှိနေတဲ့ အခြေအနေနဲ့ အပျက်အစီးတွေကို သွားရှာလို့ ရနိုင်ပါ့မလား။”

“မရနိုင်လောက်ဘူး မဟုတ်လား။ ကယ်ဆယ်ရေးယာဉ်လေးနဲ့ ဂြိုဟ်တစ်ခုပေါ်ကို ဆင်းသက်ရမှာလား။”

“အဲဒီယဉ်ကျေးမှုရဲ့ အပျက်အစီးတွေက ဂြိုဟ်တစ်ခုပေါ်မှာ ရှိနေရမယ်လို့ မင်းကို ဘယ်သူပြောလဲ။”

“အပျက်အစီးတွေက တကယ်ပဲ ဒီကျယ်ပြောလှတဲ့ အာကာသထဲမှာ ရှိနေနိုင်တာလား။”

“ဘာလို့ မရှိနိုင်ရမှာလဲ။ ငါတို့ လက်ရှိမှာ အာကာသထဲ အသက်ရှင် နေထိုင်နေကြတာပဲ။ ဒါတွေကို အာကာသထဲမှာ စီစဉ်ထားတယ်ဆိုတာက မဖြစ်နိုင်တာမှ မဟုတ်တာ ဟုတ်တယ်မလား။”

“အဲဒါလည်း ဟုတ်သလိုပဲ။ ဒါပေမဲ့ စောစောက ညီအစ်ကိုက ယဉ်ကျေးမှုအပျက်အစီးတွေက ဂြိုဟ်ပေါ်မှာ မဟုတ်ဘူးလို့ တရားသေ ပြောနေတာဆိုတော့ မင်း တစ်ခုခုကို ရှာဖွေတွေ့ရှိပြီး တူးဖော်ပြီးသွားပြီမို့လို့လား။”

All Chapters