← Chapters

အခန်း ၁၃၈၉

Vol. 122 Ch. 1389

အခန်း ၁၃၈၉

Vol. 122 Ch. 1389

အခန်း ၁၃၈၉

လူအများ၏ ကျိန်ဆဲသံများကြားမှာပင် ထိုလမ်းညွှန်စာစောင်ကို ရောင်းချခဲ့သူက လူတိုင်း၏ ဒေါသအာရုံကြောများကို အဆက်မပြတ် ဆွပေးနေဆဲပင်။

“အနက်ရောင်ရွှေတွေ ဒီလောက်အများကြီးနဲ့ဆိုရင် ပျက်စီးနေတဲ့ အာကာသယာဉ်တွေကို အခြေခံအားဖြင့် အကုန်ပြုပြင်လို့ ရပြီ။”

“သေစမ်း.. မင်းရဲ့ အာကာသယာဉ် အမြန်ဆုံး ပေါက်ကွဲပါစေလို့ ငါဆုတောင်းတယ်ကွ။”

“ချီးပဲကွာ.. မင်း အာကာသယာဉ်ကြီးတစ်စီးနဲ့ အမြန်ဆုံး ထိပ်တိုက်တိုးပါစေလို့ ငါ ဆုတောင်းတယ်ကွ။”

“ဟွန်း..မင်း ပြုပြင်ပြီးရင်တောင် သေချာပေါက် ပျံသန်းနိုင်မှာ မဟုတ်ဘူး။”

“မင်းတို့ကတော့ မနာလို၊ ဝန်တို၊ မုန်းတီးနေကြတာပဲ။ ဒါပေမဲ့ အဲဒါက ငါနဲ့ဘာဆိုင်လဲ။ မကြာခင်မှာ ငါ အာကာသယာဉ်ကြီးထဲကို ပြောင်းရွှေ့ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေရတော့မှာကွ...ဟားဟားဟား။”

“တောက်... မသမာတဲ့နည်းနဲ့ ပိုက်ဆံရှာထားတာကိုများ။ ဒီလောက်ထိ ဘဝင်မြင့်မနေနဲ့။”

“ဟုတ်တယ်။ မင်း သေချာပေါက် ဝဋ်လည်လိမ့်မယ်။”

“ဝဋ်ဆိုတာ ဘာလဲ။ စားလို့ရလို့လား။ ငါ ဂရုမစိုက်ဘူး။”

“လူတိုင်းပဲ.. သူနဲ့ စကားများပြီး အချိန်မဖြုန်းကြနဲ့တော့။ ဒီလို အရှက်မရှိတဲ့လူမျိုးကို စကားပြောနေလို့လည်း အပိုပဲ။ လူတိုင်း အမြန်ဆုံး ဥက္ကာခဲတွေပဲ သွားကောက်ကြရအောင်။ အဲဒါက သူနဲ့ စကားနိုင်လုနေတာထက်စာရင် ပိုပြီး အဓိပ္ပာယ်ရှိတယ်။”

“မှန်တယ်။ ဒါပေမဲ့ ငါ စိတ်တိုနေတုန်းပဲ။ မသွားခင် နောက်ထပ် နှစ်ခွန်းလောက် ထပ်ဆဲလိုက်ဦးမယ်။”

ကွက်တိ ဤအချိန်တွင် ထိုလမ်းညွှန်ရောင်းချသူက အများသုံးချန်နယ်တွင် ရုတ်တရက် ပြောလာခဲ့သည်။

“ဘာဖြစ်တာလဲ။ ငါ့ဆီကို အာကာသယာဉ်ကြီးတစ်စီး ဦးတည်မောင်းနှင်လာတာကို တကယ်ကြီး မြင်နေရတယ်။”

“ဟားဟားဟား.. ငါပြောသားပဲ။ ဝဋ်ဆိုတာ နောက်ကျချင်နောက်ကျမယ်၊ မလာဘဲတော့ မနေဘူးကွ။”

“တကယ့်ကို စိတ်ကျေနပ်စရာပဲ။ ဒီတစ်ကြိမ်တော့ အဲဒီအာကာသယာဉ်ကြီးက သူ့ရဲ့ ယာဉ်ငယ်နဲ့ အာကာသယာဉ်ကို သေချာပေါက် ကျော်သွားမှာတော့ မဟုတ်ဘူးမလား။”

“ယာဉ်ငယ်လေး သက်သက်ပဲ ဆိုရင်တော့ အာကာသယာဉ်ကြီးက တိုက်ရိုက် လျစ်လျူရှုသွားနိုင်တယ်။ ဒါပေမဲ့ အာကာသယာဉ်ပါ ရှိနေရင်တော့ ဒါက တစ်မျိုးဖြစ်သွားပြီ။”

“ကယ်ကြပါဦး။ အဲဒီအာကာသယာဉ်ကြီးက ငါ့ရဲ့ အာကာသယာဉ်ကို တကယ်ကြီး တိုက်ခိုက်နေပြီ။”

“မိုက်တယ်ဟေ့။ စောစောက မင်း သောက်ရမ်း ဘဝင်မြင့်နေတာ မဟုတ်ဘူးလား။ ဆက်ပြီး ဘဝင်မြင့်ဦးလေ။ အိမ်ကြီးအိမ်ကောင်းထဲ ပြောင်းနေတော့မယ်ဆို။ အခု ဘယ်ရောက်သွားလဲ။”

“ဒါကိုမှ ‘ပျော်ရာကနေ တော်ရာဆင်း’ ရတယ်လို့ ခေါ်တာ ဟားဟားဟား။”

လူတိုင်းက သူ လဲနေတုန်း ဝိုင်းနင်းနေကြ၏။ ထိုစဉ် ရှောင်းယီက ရုတ်တရက် မေးလိုက်သည်။

“မင်း အဲဒီအာကာသယာဉ်ကို ရှာတွေ့ပြီးကတည်းက တစ်နေရာတည်းမှာပဲ ရှိနေပြီး လုံးဝ မရွေ့လျားခဲ့ဘူးလား။”

“ပေါက်ကရတွေ။ ငါရှာတွေ့တဲ့ အာကာသယာဉ်တွေက အကုန် ပျက်စီးနေတာ။ ဘယ်လိုလုပ် သုံးလို့ရမှာလဲ။”

ဤအခြေအနေသို့ ရောက်နေသည့်တိုင် ထိုလူ၏ လေသံမှာ အတော်လေး ရန်လိုနေဆဲ ဖြစ်သည်။

ရှောင်းယီက သူ၏လေသံကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ချက်ချင်း ပြန်ဖြေလာမှုကို မြင်သောအခါ စဉ်းစားခန်း ဝင်သွားခဲ့သည်။

အများသုံးချန်နယ်ထဲတွင်မူ လူအများ၏ လှောင်ပြောင်သရော်သံများက ဆက်လက် ဖြစ်ပွားနေဆဲပင်။

“မင်းကတော့ တကယ့်ကို ထိပ်တန်းပဲ။ ဒီလိုအခြေအနေမျိုးမှာတောင် ဆရာကြီးကို ပြန်ပက်ရဲသေးတယ်။ ဆရာကြီးက မင်းရဲ့ တစ်ခုတည်းသော အသက်ကယ်ကြိုးလေး ဖြစ်နေနိုင်တာကို။”

“ဟုတ်ပါ့။ ဆရာကြီးက မင်းရဲ့ လက်ရှိအခြေအနေကို စိတ်ပူလို့ မေးပေးတာကို မင်းက အဲလို ပြန်ဟောင်လိုက်တာပဲ။ ဆရာကြီးဆီကနေ ဘာအကြံဉာဏ်မှ ထပ်ရဖို့ မမျှော်လင့်နဲ့တော့။”

“ဟားဟား.. ငါ့အထင်တော့ သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ ဘာပဲဖြစ်ဖြစ် သေရတော့မှာဆိုတော့ ပါးစပ်အရသာ ခံသွားတာ နေမှာပါ။”

အခြားအသက်ရှင်ကျန်ရစ်သူများ အများသုံးချန်နယ်တွင် ပြောဆိုနေကြသည်ကို မြင်သောအခါ ထိုလူသည် ရှောငယီထံ ချက်ချင်း အကူအညီတောင်းခံလာတော့သည်။

“ဆရာကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး။ စောစောက ကျွန်တော် စကားပြောတာ တုံးတိကြီး ဖြစ်သွားလို့ပါ။ ဆရာကြီးက စိတ်သဘောထားကြီးမြတ်ပါတယ်။ ကျွန်တော့်ကို စိတ်မကွက်ပါနဲ့။ အခုချိန်မှာ ဆရာကြီးတစ်ယောက်ပဲ ကျွန်တော့်ကို ကယ်နိုင်တော့တာပါ။ ဒါက ကျွန်တော့်ရဲ့ တည်နေရာပါ။”

အကူအညီတောင်းခံရင်းနှင့် ထိုသူသည် အချိန်နဲ့တစ်ပြေးညီ တည်နေရာကိုပါ ပေးပို့လာခဲ့သည်။

ရှောင်းယီသည် ထိုတည်နေရာကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

“မင်းပေးတဲ့ သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ဆီမှာ အဆင့်မြင့်လက်နက်တွေ မရှိသေးတဲ့အချိန်မှာ အာကာသယာဉ်ကြီးတစ်စီးကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ကံတရားကိုပဲ အားကိုးလိုက်ပါ။”

ဘာပတ်သက်မှုမှ မရှိသည့် လူတစ်ယောက်အတွက် ရှောင်းယီအနေဖြင့် ထိုသူ၏ သေရေး၊ ရှင်ရေးကို ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော် ထိုသူပေးပို့လာသော သတင်းအချက်အလက်မှာမူ အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေဆဲပင်။

မိမိနှင့် ထိုသူ၏ အကွာအဝေးကို ကြည့်ရှုလိုက်ပြီးနောက် ရှောင်းယီက ၎င်းကို မြေပုံပေါ်တွင် မှတ်သားထားလိုက်သည်။ ထိုသူသည် ထိုနေရာတွင် အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ပြီး အာကာသယာဉ်ကြီးနှင့် ဆုံတွေ့ခဲ့သည်။

ဒါဆိုရင်.. ငါတို့ရဲ့ လက်ရှိတည်နေရာက အတိုင်းအတာတစ်ခုအထိ ဘေးကင်းဇုန် ဖြစ်ပြီး ဒီအပျက်အစီးတွေ အားလုံးက ဘေးကင်းဇုန်ရဲ့ ပြင်ပမှာ ရှိနေတယ်လို့ ကောက်ချက်ချလို့ ရနိုင်မလား။

အကယ်၍ အပျက်အစီးများကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့လျှင် ကိုယ်ရရှိထားသော အကျိုးအမြတ်များကို ယူဆောင်ပြီး ဘေးကင်းဇုန်ဆီသို့ အချိန်မီ ပြန်လာသင့်သည် မဟုတ်ပါလော။

ဤနည်းလမ်းသည် အာကာသယာဉ်ကြီးများကို ရှောင်ရှားနိုင်မည့် နည်းလမ်း ဖြစ်နေနိုင်မည်လော။

ရှောင်းယီတစ်ယောက် ထိုအချက်ကို စဉ်းစားတွေးတောနေမိသည်။

ရှောင်းယီထံမှ ကူညီမည့် အရိပ်အယောင် လုံးဝမတွေ့ရသောအခါ ချန်နယ်ထဲရှိ ထိုလူသည် ထပ်မံ၍ ရိုင်းစိုင်းစွာ ဆဲဆိုလာပြန်သည်။

“မင်းက အန္တရာယ်ကြုံနေရတဲ့လူကို တကယ်ကြီး လက်ပိုက်ကြည့်နေရက်တာပဲ။ မင်းက တကယ့်ကို နှလုံးသားမရှိတဲ့ကောင်ပဲ။ မင်းက ဆရာကြီးဆိုတဲ့ ဘွဲ့ထူးနဲ့ လုံးဝ မထိုက်တန်ဘူး။ မင်းက လူယုတ်မာပဲကွ။”

“ဟဲဟဲ.. ဆရာကြီးက မင်းကို ဘာလို့ ကယ်ရမှာလဲ။ မင်းက မျက်နှာပြောင်ပြီး နှလုံးသား မည်းလို့လား။ ဒါမှမဟုတ် မင်းရဲ့ အရေပြားက ထူလွန်းလို့လား။”

“မှန်တယ်။ မင်းက ငါတို့နဲ့ ဘယ်လောက်တောင် ဝေးကွာတဲ့နေရာမှာ ရှိနေလဲဆိုတာ ထည့်မပြောနဲ့ဦး။ အကွာအဝေးကို ခဏဖယ်ထားရင်တောင် မင်းကို သွားကယ်ဖို့ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ဆရာကြီးပြောသလိုပဲ မင်းရဲ့ ကံတရားကိုပဲ မင်း အားကိုးလိုက်တော့။”

“သူ့မှာ ထည့်ပြောစရာ ကံကောင်းခြင်းမျိုး မရှိပါဘူး။ ဆုတောင်းနေရင်တောင် ဒါက ဘေးဒုက္ခတစ်ခုပဲ ဖြစ်လာမှာ။”

“ဟူး.. ငါတို့အားလုံးက အသက်ရှင်ကျန်ရစ်သူ အချင်းချင်းတွေပဲ။ ဒီလိုမျိုးတော့ ဝိုင်းပြီး မကျိန်ဆဲကြပါနဲ့။”

“တောက်.. အပေါ်ကလူက မာသာထရီဆာ ဝင်ပူးနေတာလား။ အရမ်း သူတော်စင်လုပ်ချင်နေတာပဲ။ ပထမအဆင့်ကို ဘယ်လိုများ ဖြတ်ကျော်လာခဲ့လဲ မသိဘူး။”

“ငါက အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပိုရှိနေတာကိုပဲ လိုချင်တာ။”

“ဒီလို နှလုံးသားမည်းတဲ့ အသင်ရှင်ကျန်ရစ်သူမျိုးကျတော့ သူ့ဘာသာသူ သေခွင့်ပေးလိုက်တာကမှ ပိုကောင်းဦးမယ်။”

“ဟုတ်တယ်။ မင်း ထွက်ပြေးလို့ရတာပဲ။ အာကာသယာဉ်ကိုလည်း ပြုပြင်ပြီးပြီ မဟုတ်ဘူးလား။”

တစ်စုံတစ်ယောက်က စေတနာစိတ်ဖြင့် အကြံပြုလိုက်ခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ အခုချက်ချင်း ယာဉ်မောင်းခန်းကို သွားတော့မယ်။”

ထိုလူသည် အာကာသယာဉ်ကို မောင်းနှင်ကာ ထွက်ပြေးရန်အတွက် ယာဉ်မောင်းခန်းဆီသို့ ပျာပျာသလဲ မျောပါသွားတော့သည်။

သူ အာကာသယာဉ်ကို စက်နှိုးရန် ပြင်ဆင်လိုက်သည့်အချိန်တွင်မှ အာကာသယာဉ်၏ လောင်စာမှာ 0.05% သာ ကျန်ရှိတော့သည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

“သေစမ်း.. ငါ့ရဲ့ လောင်စာတွေ ဘယ်ရောက်ကုန်တာလဲ။”

သူ၏ ယာဉ်ငယ်လေးတွင် လောင်စာ 50% ရှိနေခဲ့ခြင်းဖြစ်၏။ ဤအာကာသယာဉ်ကြီးနှင့် ပေါင်းစပ်ပြီးနောက်တွင် ဘာကြောင့် 0.05% သာ ဖြစ်သွားရသနည်း။

“လောင်စာ မလုံလောက်ပါ။ ပျံသန်းခြင်းကို မစတင်နိုင်ပါ။”

အာကာသယာဉ်စနစ်က ညွှန်ကြားချက် ပေးလာခဲ့သည်။

ထိုလူသည် ယာဉ်ငယ်ဆီသို့ ပြန်လည်မျောပါလာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပြောလိုက်သည်။

“သေစမ်း.. ငါ့ဆီမှာ မူလက လောင်စာ 50% ရှိတာ...အခု 0.05% ပဲ ကျန်တော့တယ်။ ဒါက ဘယ်လိုမှ ပျံသန်းလို့ မရဘူး။”

“ဒါဆိုရင်လည်း လောင်စာ အမြန်ဝယ်လိုက်လေ။”

“အပေါ်က ညီအစ်ကို...မင်းက သူ့ကို တကယ် စိတ်ပူပေးနေတာလား။ စောစောက သူ့ဆီမှာ အနက်ရောင်ရွှေ အလိမ်ခံလိုက်ရတာ မေ့သွားပြီလား။”

“ငါလည်း အလိမ်ခံလိုက်ရတာပါပဲ။ ဒါပေမဲ့ ကုန်သွားတဲ့ အနက်ရောင်ရွှေက တန်ဖိုးတစ်ခုခုတော့ ရှိရမယ်လေ။ နောင်တစ်ချိန်ကျရင် ငါတို့လည်း ဒီလို အာကာသယာဉ်ကြီးတွေကို သေချာပေါက် ရင်ဆိုင်ရမှာပဲ။ သူ့ကို သွားပြီး စမ်းသပ်ခိုင်းတာက ငါတို့ အလိမ်ခံလိုက်ရတဲ့ အနက်ရောင်ရွှေတွေအတွက် အရှုံးမရှိတော့ဘူးလို့ မင်းမထင်ဘူးလား။”

“ဝိုး.. ညီအစ်ကို မိုက်လှချည်လားကွ။ မင်းက ဒါကိုတောင် တွေးမိသေးတယ်ပေါ့။”

လူတိုင်း၏ စကားဝိုင်းကို မြင်သောအခါ ထိုလူမှာ မှင်တက်သွားခဲ့သည်။

“မင်းတို့က ငါ့ကို စမ်းသပ်ကွက်အဖြစ် သုံးနေကြတာလား။”

“မင်းတို့ အသက်ရှင်ကျန်ရစ်သူတစ်စု.. အသေဆိုးနဲ့ သေကြစမ်းကွာ။”

“ဘာပဲဖြစ်ဖြစ်.. အနည်းဆုံးတော့ ငါတို့က မင်းသေပြီးမှ သေရမှာ‌လေ။”

“မင်း စောစောက ငါတို့ရဲ့ အနက်ရောင်ရွှေတွေ အများကြီး မြိုထားတာပဲ။ အခု အဲဒါတွေကို ထုတ်ပြီး လောင်စာဝယ်လိုက်ပေါ့။”

“အခွင့်အရေး မရှိတော့ဘူး။ အာကာသယာဉ်ကြီး ရောက်လာပြီ။”

ထိုလူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ထိုအာကာသယာဉ်ကြီးသည် ဤအသေးစား အာကာသယာဉ်၏ အနီးနားသို့ ချဉ်းကပ်လာသောအခါ မက်ဆေ့ခ်ျတစ်ခု ပေးပို့ခဲ့သော်လည်း ထိုလူ၏ အာကာသယာဉ်အတွင်းရှိ စက်ပစ္စည်းများမှာ မပြည့်စုံသဖြင့် တစ်ဖက်လူ၏ မက်ဆေ့ခ်ျကို ဘာသာပြန်ဆိုနိုင်ခြင်း မရှိခဲ့ပေ။

ထိုအသေးစား အာကာသယာဉ်က မိမိတို့ကို ပြန်လည်တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ တစ်ဖက်လူက ချက်ချင်း တိုက်ခိုက်တော့သည်။

အာကာသယာဉ်ကြီးဆီမှ ထူထပ်သိပ်သည်းသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ငြိမ်သက်နေသော အသေးစား အာကာသယာဉ်ဆီသို့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။

ယခုလေးတင် ပြုပြင်ထားသော အာကာသယာဉ်သည် ချက်ချင်းပင် အပေါက်ကြီးဖြစ်ကာ ပွင့်ထွက်သွားပြီး ဘာကာကွယ်မှုမှ မရှိတော့သော အသက်ရှင်ကျန်ရစ်သူသည် အာကာသ ဟင်းလင်းပြင်ထဲသို့ ချက်ချင်း လွင့်ထွက်သွားကာ အလောင်းခြောက်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူသည် လေဆာရောင်ခြည်ကြောင့် သေဆုံးသွားခြင်း မဟုတ်ဘဲ အာကာသထဲရှိ အလွန်နိမ့်ပါးသော အပူချိန်နှင့် လေဟာနယ်ကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။

“နှလုံးသားမည်းတဲ့ ကုန်သည်ကြီးလား။ ဒါပဲလား။”

“ငါ စောစောက အဲဒီလူကို မန်းရှင်း ခေါ်ကြည့်သေးတယ်။ ခေါ်လို့မရတော့ဘူး။ ဒါက အခြေခံအားဖြင့်တော့ ဒီကောင် ပြုတ်ထွက်သွားပြီဆိုတာ အတည်ပြုနိုင်လိုက်ပြီ။”

“ကောင်းလိုက်တာ။ ကောင်းကင်ဘုံတာအိုရဲ့ ကံကြမ္မာစက်ဝန်းဆိုတာ ရှိတာပဲ။ ကောင်းကင်ဘုံတာအိုက ဘယ်သူ့ကိုများ ချမ်းသာပေးခဲ့ဖူးလို့လဲ။”

All Chapters