အခန်း ၁၁၁၂
Vol. 53 Ch. 1112
အခန်း(၁၁၁၂) တောင်ကို ပိတ်ပင်ခြင်း
“သံယုကြယ်ရဲ့ ကြယ်အရှင်သခင် ဖြစ်ရမယ်” ချင်ယွမ်ဖုန်းက ချန်ယွီအား ပြောလိုက်သည်။
သံယုကြယ်၏ ကြယ်အရှင်သခင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူသည်လည်း ခပ်မြင့်မြင့်အရပ်ရှိ အလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး နက်မှောင်သော အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်ဝန်းတို့မှာ ထည်ဝါခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ ချက်ချင်းပင် ခရမ်းရောင် အရိပ်တစ်ခု နီးကပ်လာရာ ၎င်းမှာ ဤနေရာသို့ ရောက်ရှိလာသည့် သံယုကြယ်၏ ဂိုဏ်းချုပ်ပင် ဖြစ်သည်။
ထို့နောက်တွင်တော့ အသင်္ချေသော ပညာရှင်တို့သည် ဤနေရာတွင် စုဝေးရောက်ရှိလာကြသည်။ ကွီရှူးအပါအဝင် ကွီလင်းနှင့် အခြားသူများ အပါအဝင် နတ်ဘုရားနယ်ပယ်အထက်ရှိ ပညာရှင် ဒါဇင်ပေါင်းများစွာကို ချင်ယွမ်ဖုန်း တွေ့လိုက်ရသည်။
“သခင်လေးချင်၊ ဒီနေရာမှာ ဘာဖြစ်တာလဲ” ကွီရှူး ရောက်ရှိလာပြီးနောက် အက်ကြောင်းရာ ထင်နေသော တောင်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်ယွမ်ဖုန်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်သည်။ သူတို့သည် ဤတောင်ကို အရင်ကတည်းက စစ်ဆေးခဲ့ဖူးပြီး ထူးခြားသည်ဟု မတွေ့ခဲ့ရသော်လည်း ချင်ယွမ်ဖုန်းကို ပေးအပ်လိုက်ပြီးနောက် သူက ဤနေရာကို မကြာခဏ လာရောက်နေခဲ့သည်။ သူတို့သည် စောင့်ကြည့်ရန် လူများ စီစဉ်ထားသော်လည်း အကြိမ်တိုင်းတွင် သူတို့၏ ခြေရာကို ပျောက်ဆုံးသွားခဲ့ရသည်။ ဤနေရာမှာ ရိုးရှင်းမည်မဟုတ်ကြောင်း ကွီရှူး ရိပ်မိပြီးသား ဖြစ်သည်။
ယခုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေကြောင့် သူချက်ချင်းပင် သံသယ ဝင်လာရတော့သည်။
ချင်ယွမ်ဖုန်းက မတတ်နိုင်ဟန်ဖြင့် “အထဲမှာ တကယ့်ကို အစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင် ရှိနေတာပါ” ဟု ပြောသည်။
“မင်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာလား” ကွီရှူးက မေးသည်။
ချင်ယွမ်ဖုန်းက “ဟုတ်ပါတယ်၊ ကျွန်တော် မြန်မြန်မပြေးသာရင် အောက်မှာတင် အသက်ပျောက်သွားလောက်ပြီ” ဟု ဆိုသည်။
ကွီရှူး ပြုံးလိုက်ပြီး ဤနေရာတွင် ဝှက်ထားသောအရာကို သိရှိသွားသည့်အတွက် သူ့စိတ်အခြေအနေမှာ ချက်ချင်းပင် ပေါ့ပါးသွားကာ “သခင်လေးချင်၊ မကြောက်ပါနဲ့။ အခု ကျွန်တော့်အဖေဖြစ်တဲ့ သံယုကြယ်ရဲ့ ကြယ်အရှင်သခင်နဲ့ ကျွန်တော့်ဆရာ နှစ်ယောက်လုံး ရောက်နေပြီ။ အဲဒီမိစ္ဆာသားရဲက ဘယ်လောက်ပဲ သန်မာပါစေ ကျွန်တော်တို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
သံယုကြယ်၏ ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့သည် တောင်ဘက်သို့ ကြည့်လိုက်ကြသည်။ ထို့နောက် ကြယ်အရှင်သခင်၏ အချက်ပြမှုနှင့်အတူ ဂတိုက်ရိုက် ပျံသန်းသွားကာ လက်ဝါးကို မြှောက်၍ အောက်သို့ ရိုက်ချလိုက်သည်။
သူ၏ လက်ဝါးထုတ်လွှတ်လိုက်သည့် ခဏ၌ပင် ထိတ်လန့်ဖွယ် လက်ဝါးစွမ်းအင်သည် မြစ်ကြီးတစ်စင်းကဲ့သို့ ရေစီးကြောင်းအသွင် ပြောင်းလဲသွားပြီး အောက်သို့ တဟုန်ထိုး ပြင်းထန်စွာ စီးဆင်းသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည်။
ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုသည် တောင်တစ်လုံးလုံးကို ချက်ချင်း ဖောက်ထွင်းသွားပြီး တောင်ပေါ်တွင် လက်ဝါးပုံစံ အပေါက်တစ်ခု ဖြစ်ပေါ်သွားစေသည်။ ထိုအချိန်၌ အေးစိမ့်သော ချီစွမ်းအင်များ တိုက်ရိုက် ထွက်ပေါ်လာပြီး ထိုအေးစိမ့်သော ချီစွမ်းအင်အောက်တွင် ခေါင်းသုံးလုံးပါသော မိစ္ဆာသားရဲတစ်ကောင်ကို မှေးမှိန်စွာ မြင်လိုက်ရသည်။
ဆရာသခင်သည် အနည်းငယ် တုန်လှုပ်သွားကာ “ကြယ်အရှင်သခင်၊ အောက်က မိစ္ဆာသားရဲက ခေါင်းသုံးလုံးပါတဲ့ ရေခဲမြွေကြီး ဖြစ်နေသလိုပဲ” ဟု ပြောသည်။
“ခေါင်းသုံးလုံးပါတဲ့ ရေခဲမြွေလား” ကြယ်အရှင်သခင်သည် မျက်မှောင် မကြုတ်ဘဲ မနေနိုင်ပေ။ “ဒီအမျိုးအစားက မျိုးသုဉ်းသွားပြီလို့ ကြားဖူးတယ်။ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး၊ ပြီးတော့ ရေခဲဓာတ်ကို ထိန်းချုပ်နိုင်စွမ်းကလည်း အလွန်သန်မာတယ်” ဟု ပြောရင်း နောက်တစ်ဆင့် ဘာလုပ်ရမည်ကို စဉ်းစားနေသည့်နှယ် ခဏတာ တိတ်ဆိတ်သွားသည်။
ထိုအချိန်၌ပင် ဟိန်းသံကြီးတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။
ချက်ချင်းပင် ရေခဲအပိုင်းအစ အသင်္ချေတို့သည် ရေခဲစူးများအဖြစ် ပြောင်းလဲသွားပြီး အောက်မှနေ၍ တဟုန်ထိုး ပျံတက်လာကြသည်။ ကြယ်အရှင်သခင်နှင့် အခြားသူတို့သည် မျက်မှောင် မကြုတ်ဘဲ မနေနိုင်ကြ။ ဤခေါင်းသုံးလုံးပါ ရေခဲမြွေသည် ဤနေရာတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်သင့်ပြီး သံယုကြယ်၏ ကြယ်အရှင်သခင်ပင် မသိရှိခဲ့ပေ။
၎င်းကို ပိတ်လှောင်ထားရန် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦးက ကြီးမားသော နတ်ဘုရားတန်ခိုးကို သုံးခဲ့ခြင်း ဖြစ်ရမည်။ နှစ်များကြာလာသည်နှင့်အမျှ ခေါင်းသုံးလုံးပါ ရေခဲမြွေ၏ စွမ်းအားမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ မဟုတ်ပါက ရွှေရောင်နတ်ဘုရားအဆင့် ပညာရှင်များပင် ၎င်းကို မကိုင်တွယ်နိုင်ကြပေ။
ထို့အပြင် ပိတ်လှောင်သည့် နည်းလမ်းမှာလည်း ပို၍ ထူးခြားနေပြီး ခေါင်းသုံးလုံးပါ ရေခဲမြွေနှင့် ဂုဏ်သတ္တိချင်း တူညီသော ရေခဲဓာတ်ဖြင့် ပိတ်လှောင်ထားခြင်း ဖြစ်သည်။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဤပိတ်လှောင်မှုမှာ ရုတ်တရက် လျော့ရဲသွားခြင်း ဖြစ်သည်။ မဟုတ်ပါက ဤအရာ ပေါ်လာသည်ကို သူတို့ သိရှိကြမည် မဟုတ်ပေ။
ဆရာသခင် ယခုလေးတင် ထုတ်လွှတ်လိုက်သော လက်ဝါးတိုက်ခိုက်မှုမှာလည်း ပိတ်လှောင်မှုကို ထိခိုက်မှု အနည်းငယ် မဟုတ်ဘဲ ပျက်စီးမှုကို ပို၍ မြန်ဆန်စေခဲ့သည်။ ယခုအချိန်တွင် ခေါင်းသုံးလုံးပါ ရေခဲမြွေမှာ ထွက်ပြေးလွတ်မြောက်တော့မည့် အခြေအနေ ဖြစ်နေပြီး သူ၏ ဟိန်းသံများသည် ကောင်းကင်ကိုပင် ကွဲအက်သွားစေကာ လူအများအပြားကို ထိတ်လန့် ကြောက်ရွံ့စေသည်။
“မြန်မြန် ပိတ်ပင်လိုက်ကြ” ကြယ်အရှင်သခင်က ခဏတာ စဉ်းစားပြီးနောက် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးသည်။ “ဒီကောင် ဒီနယ်မြေကနေ ထွက်ပြေးသွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် ကျွန်တော့်ရဲ့ သံယုကြယ်ကို ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ်”
စကားပြောပြီးနောက် သူသည် ဤနေရာကို ပိတ်ပင်ရန် အစီအရင်များ စတင် ချမှတ်တော့သည်။
ထိုအချိန်၌ ဆရာသခင်က “ကြယ်အရှင်သခင်၊ ဒီနေရာမှာပဲ ပိတ်လှောင်ထားရင် လုံလောက်ပါပြီ။ အခုလောလောဆယ် သူ့ကို မတိုက်ခိုက်ပါနဲ့ဦး။ လက်ရှိ ကျင့်စဉ်အဆင့်က စစ်မှန်သော နတ်ဘုရားအဆင့်ထက် လျော့နည်းသွားပေမဲ့ သူက ရှေးခေတ်က အရိုင်းစိုင်းဆုံးသားရဲ တစ်ကောင်ပါ။ သူ ဝှက်ထားတဲ့ စွမ်းအား ဘယ်လောက်ရှိလဲ ကျွန်တော်တို့ မသိဘူး။ သူ့ကို သွားဆွရင် မခန့်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
သံယုကြယ်၏ ကြယ်အရှင်သခင်သည် ကြားပြီးနောက် ခေါင်းညိတ်ကာ ချမှတ်ထားသော အစီအရင်များကို ကြည့်ပြီးနောက် သူ၏ အရိပ်မှာ တဖျပ်ဖျပ် လက်သွားပြီး ကြယ်အရှင်သခင်၏ နန်းတော်ကြီးဆီသို့ တိုက်ရိုက် ပြန်သွားတော့သည်။
ကြယ်အရှင်သခင် ထွက်သွားပြီးနောက် ကွီရှူးသည် ဆရာသခင်ဆီသို့ လာရောက်ပြီး “ဆရာ၊ ဒီကောင်ရဲ့ စွမ်းအားက အဆင့်မြင့် နတ်ဘုရားအဆင့်လောက် ရှိပုံရတယ်။ ဆရာ့ရဲ့ စစ်မှန်သော နတ်ဘုရားအဆင့်နဲ့တောင် သူ့ကို မကိုင်တွယ်နိုင်ဘူးလား” ဟု မေးသည်။
ဆရာသခင်က ခေါင်းခါ၍ “သူ့ရဲ့ လက်ရှိ ကျင့်စဉ်အဆင့်ကို ကြည့်ပြီး အထင်မသေးပါနဲ့။ တကယ်လို့ ပိတ်လှောင်ထားတဲ့ အစီအရင်သာ လုံးဝ ပျက်စီးသွားရင် သူ ဘယ်လောက်အထိ သန်မာလာမလဲ ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် အခုအချိန်မှာ အလောတကြီး မလုပ်တာ အကောင်းဆုံးပဲ။ နောက်ပြီး ဒီနေရာကို ကောင်းကောင်း စောင့်ကြပ်ဖို့ လူအချို့ ချန်ထားလိုက်ပါ။ ဘယ်သူ့ကိုမှ ချဉ်းကပ်ခွင့် မပေးရဘူး၊ မဟုတ်ရင် သံယုကြယ်ရဲ့ စည်းကမ်းအရ အပြစ်ပေးခံရလိမ့်မယ်” ဟု ပြောသည်။
ထိုအချိန်၌ပင် ချင်ယွမ်ဖုန်းက ရှေ့သို့ တိုးလာပြီး “သခင်လေးကွီရှူး၊ ဒီတောင်က ကျွန်တော့်ကို ပေးထားတာလေ။ ကျွန်တော်ရော ဒီနေရာကို ချဉ်းကပ်လို့ မရဘူးလား” ဟု ပြောသည်။
ချင်ယွမ်ဖုန်းက ကွီရှူးကို မေးနေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအချိန်၌ ဆရာသခင်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းမော့၍ “မင်းက ဘာကောင်မို့လို့လဲ။ သံယုကြယ်တစ်ခုလုံးက အရာရာတိုင်းဟာ ကြယ်အရှင်သခင်ပိုင်တာပဲ” ဟု ပြောပြီးနောက် သူ၏ အရှိန်အဝါကို ချင်ယွမ်ဖုန်းဆီသို့ တိုက်ရိုက် ဖိအားပေးလိုက်သည်။
ချင်ယွမ်ဖုန်းက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး တစ်ဖက်လူ၏ အစွမ်းထက်သော ခွန်အားကို ခံစားလိုက်ရသည်။ ထိုအချိန်၌ ချန်ယွီက ချင်ယွမ်ဖုန်း တစ်ဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်ဟု ရိပ်မိသွားပုံရပြီး ရှေ့သို့ လှမ်းလာကာ ချင်ယွမ်ဖုန်းကို ကူညီ၍ တစ်ဖက်လူ၏ ခွန်အားကို ပိတ်ဆို့ပေးရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်၌ပင် ချန်ယွီသည် ကြီးမားသော တူကြီးနှင့် အထုခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ စွမ်းအားမှာ မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။
ဆရာသခင်သည် ချင်ယွမ်ဖုန်းကို ဖိအားပေးခံရစေရန် ရည်ရွယ်ချက်ဖြင့် တမင်သက်သက် ဖိအားပေးနေခြင်း ဖြစ်သည်။
ထိုအချိန်၌ ကွီရှူးလည်း တစ်ခုခု မှားယွင်းနေကြောင်း မြင်သွားပြီး “ဆရာ၊ သူက ကျွန်တော့်ရဲ့ မိတ်ဆွေပါ” ဟု အမြန် ပြောသည်။
“ဟွန်း” ဆရာသခင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချင်ယွမ်ဖုန်းနှင့် ချန်ယွီတို့ကို အထင်သေးစွာ ကြည့်လိုက်ကာ သူ၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။
ကွီရှူးက ချင်ယွမ်ဖုန်းကို ပို၍ပင် မတတ်နိုင်ဟန်ဖြင့် “သခင်လေးချင်၊ မြင်တဲ့အတိုင်းပါပဲ။ လက်ရှိ အခြေအနေက ကျွန်တော် ဆုံးဖြတ်လို့ မရတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ ပြီးတော့ ဒီနေရာကလည်း လုံခြုံမှု မရှိတော့ဘူး၊ ဒါကြောင့် နောက်ပိုင်း ဒီနေရာကို လာမလာပါနဲ့တော့” ဟု ပြောသည်။
စကားပြောပြီးနောက် ကွီရှူးသည် စိတ်ထဲတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ အဆုံးစွန်ထိတော့ ဤနေရာတွင် ရတနာများစွာ ဝှက်ထားဆဲဖြစ်ပြီး အရင်ကတည်းက ချင်ယွမ်ဖုန်းကို ပေးအပ်ခဲ့မိသည့်အတွက် ဒီကောင်လေးကပဲ အမြတ်ထွက်သွားခဲ့သည်။ ယခုတော့ ကောင်းသွားပြီ၊ သူသည် ဤအကြောင်းပြချက်ဖြင့် တောင်ကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည်လည်း အကြောင်းကို အများကြီး မပြောတော့ဘဲ သက်ပြင်းချကာ “ကောင်းပါပြီ” ဟု ဆိုလိုက်သည်။
ထို့နောက် ချန်ယွီကို ခေါ်ကာ တောင်အောက်သို့ လျှောက်သွားကြသည်။
ချင်ယွမ်ဖုန်း၏ အရိပ် ပျောက်ကွယ်သွားပြီးနောက် ဆရာသခင်က ကွီရှူးဘေးတွင် “ဒီကောင်လေးက ချင်ယွမ်ဖုန်းလား” ဟု မေးမြန်းလိုက်ခြင်းပင်။