← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) - အခြေစိုက်စခန်းအား တိုးချဲ့ခြင်း

လူတိုင်းကို ချီစွမ်းအင် ဘယ်ရီသီးတစ်လုံးစီ ပေးပြီးနောက် ကျူးလင်သည် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသော လူများကို ကြည့်လိုက်သည်။ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထူထူကို ခေါ်လိုက်လေသည်။

'ထူထူ... ခဏလောက် ထွက်လာလို့ရမလား...'

သူမ၏စကားကို ကြားသောအခါ ထူထူသည် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ ထွက်လာခဲ့ပြီး ပခုံးပေါ်တွင် ရပ်လိုက်သည်။ ထူထူသည် မြေပြင်ပေါ်မှ သတိလစ်နေသော လူများကို ကြည့်လိုက်သည်။

"သခင်မ... သူတို့က ဘယ်သူတွေလဲ..."

ကျူးလင်သည် ထူထူ၏ခေါင်းလေးကို သူမ၏လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"မသိဘူးလေ... သူတို့က ငါ့ကို ပြန်ပေးဆွဲဖို့ လာကြတာ..."

ထိုစကားကို ကြားသောအခါ ယုန်လေးသည် သတိလစ်နေသော လူများကို လေးစားအားကျသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။ ထူထူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

"သခင်မ... ကျွန်တော် ဘာလုပ်ပေးရမလဲ..."

ကျူးလင်သည် သတိလစ်နေသော လူများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီလူတွေကို ဖမ်းချုပ်ဖို့ လုံခြုံရေးတွေကို သွားခေါ်ပေးနိုင်မလား..."

ထူထူက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ သခင်မ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်..."

ထူထူသည် ထန်ဝေ့ကို အကြောင်းကြားရန် ထွက်ခွာသွားပြီးနောက် ကျူးလင်သည် ဝင်္ကပါအစီအရင်ပြား ရှစ်ချပ်ကို ထုတ်ယူလိုက်ပြီး မြေပြင်နှင့် လေထုထဲရှိ စွမ်းအင်စီးဆင်းမှုများကို စတင်တွက်ချက်လေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမသည် အစီအရင် တည်ဆောက်လိုသော ပထမဆုံးနေရာသို့ လျှောက်သွားလိုက်သည်။

ပထမနေရာသို့ ရောက်ရှိလာသောအခါ ကျူးလင်သည် ပထမဆုံး အစီအရင်ပြားကို အသက်သွင်းရန် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အစီအရင်ပြားသည် အလင်းရောင်များ တောက်ပလာပြီး လေထဲသို့ မြောတက်သွား၏။

အစီအရင်ပြားသည် လေထဲတွင် လွင့်မျောနေချိန်၌ အစီအရင်ပြားထဲမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

စက္ကန့်သုံးဆယ်ခန့် အကြာတွင် အပူချိန်ထိန်းချုပ်မှု အစီအရင်၏ ပထမအပိုင်း ပြီးစီးသွားသောအခါ ကျူးလင်သည် လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ဒုတိယနေရာသို့ ဦးတည်သွားလေသည်။

သူမသည် အပူချိန်ထိန်းချုပ်မှု အစီအရင်၊ ယင်ယန်အစီအရင်နှင့် နတ်ဘုရားသားရဲလေးကောင် အစီအရင်တို့ကို တစ်ခုပြီးတစ်ခု စီစဉ်ချိတ်ဆက်နေစဉ် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

နှစ်နာရီကြာပြီးနောက် နောက်ဆုံးအစီအရင်ပြားကို အသက်သွင်းနိုင်ခဲ့သည်။ အစီအရင်သည် မူလအစီအရင်နှင့် ချိတ်ဆက်မိရန် စောင့်ဆိုင်းနေစဉ် ကျူးလင်သည် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ လက်ဝါးအရွယ်အစားရှိသော အလံလေးခုကို ထုတ်ယူလိုက်သည်။

သူမသည် အလံများကို လေထဲသို့ ပစ်တင်လိုက်ပြီး ရှုပ်ထွေးသော လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်လေသည်။

သူမက လက်သင်္ကေတကို ပြီးစီးသွားသောအခါ အလံများသည် မတူညီသော လမ်းကြောင်းလေးခုဆီသို့ ရုတ်တရက် ဝင်‌ရောက်သွားတော့၏။

သူမ၏ နတ်ဘုရားအာရုံသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားစဉ် ကျူးလင်သည် လွင့်ပျံနေသော အလံလေးခုကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် နတ်ဘုရားစွမ်းအင်ဖြင့် ထိန်းချုပ်လိုက်သည်။

အလံငယ်များသည် သူမအလိုရှိသော နေရာသို့ ရောက်ရှိသွားသောအခါ ကျူးလင်သည် လက်သင်္ကေတကို ပြောင်းလဲလိုက်ပြီး အလံငယ်များသည် မြေကြီးထဲသို့ ထိုးစိုက်ဝင်သွားလေသည်။

ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…

အလံများသည် မြေကြီးထဲသို့ ထိုးစိုက်ဝင်သွားသည့် အခိုက်အတန့်တွင် လေထုထဲရှိ နတ်ဘုရားစွမ်းအင်များသည် ဂယက်ရိုက်ခတ်သွားတော့သည်။

အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြင်သောအခါ ကျူးလင်သည် သူမ၏ နတ်ဘုရားစွမ်းအင်ဖြင့် လက်ညှိုးကို သွေးဖောက်လိုက်ပြီး လေထဲတွင် သွေးများဖြင့် ရှေးဟောင်းဂါထာတစ်ခုကို ရေးဆွဲလိုက်သည်။

သူမက ရှေးဟောင်းဂါထာကို ရေးဆွဲပြီးစီးသွားသည်နှင့် အလံများသည် တောက်ပစွာ လင်းလက်လာလေသည်။

ထို့နောက် သူမ၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းဂါထာသည် အလင်းအပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး အလံလေးခုဖြင့် ဝန်းရံထားသော ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

အရာအားလုံး ငြိမ်သက်သွားသောအခါ ကျူးလင်သည် ထိုနေရာတွင် ရပ်နေကာ မြေဆီလွှာနှင့် လေထုကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာနေသည်။

ဆယ်မိနစ်ကြာပြီးနောက် သူမသည် ဝူလင်စခန်း၏ တောင်ဘက်ဇုန်မှ ထွက်ခွာသွားခဲ့သည်။ သူမ၏နောက်တွင် မြေဆီလွှာသည် နူးညံ့သော ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေလေသည်။

တောင်ဘက်ဇုန်မှ ထွက်ခွာလာပြီးနောက် သူမသည် စိုက်ပျိုးရေးခြံအနီးရှိ အုပ်ချုပ်ရေးအဆောက်အအုံသို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။

သူမ ရောက်ရှိလာသောအခါ အလုပ်သမားများသည် သီးနှံများကို ရိတ်သိမ်းပြီးစီးသွားကြပြီး ကောက်နှံများကို ထုပ်ပိုးကာ စပါးကျီထဲတွင် သိုလှောင်ရန် အလုပ်ရှုပ်နေကြသည်။

အုပ်ချုပ်ရေးအဆောက်အအုံထဲသို့ ဝင်လိုက်သည်နှင့် ကျူးလင်သည် ရုံးခန်းထဲမှ ထွက်လာသော ကျီယန်ကို မြင်လိုက်ရသည်။

"ကျီယန်... အကာအကွယ်အတားအဆီးကို တိုးချဲ့ပြီးသွားပြီ... ရှင် နောက်မှ သွားစစ်ကြည့်လို့ရတယ်..."

“ကျွန်မတို့က စားနပ်ရိက္ခာ အများကြီး လိုအပ်လို့ နောက်တစ်ကြိမ်မှာ သီးနှံနှစ်ဆ ရိတ်သိမ်းနိုင်ဖို့အတွက် မြေဆီလွှာပေါ်မှာ စွမ်းအင်စုဆောင်းခြင်း အစီအရင် နောက်ထပ်တစ်လွှာကို ထပ်ဖြည့်ထားတယ်..."

သူမ၏စကားကို ကြားသောအခါ ကျီယန်သည် ပြုံးလိုက်သည်။

"အရမ်းကောင်းတယ်... ဒါဆိုရင် ငါ မြေနေရာကို အရင်သွားစစ်ကြည့်လိုက်မယ်... ပြီးမှ ငါတို့နဲ့ ပူးပေါင်းချင်တဲ့ စခန်းတွေကို စတင်အကြောင်းကြားကြတာပေါ့..."

ထိုသို့ပြောပြီးနောက် သူသည် သူမထံသို့ ချောကလက်အိတ်တစ်အိတ်ကို ကမ်းပေးလိုက်လေသည်။

"ကျေးဇူးပါပဲ ရှောင်လင်... ဒါက မင်းနဲ့ ထူထူအတွက် ငါ ချန်ထားတဲ့ ချောကလက်တွေပါ..."

ကျူးလင်သည် ကျီယန်၏လက်ထဲမှ ချောကလက်ကို ယူလိုက်ပြီး ခေါင်းညိတ်ပြကာ အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... နန်နန်က အခုထိ မနိုးသေးလို့ ငါ ပြန်သွားရဦးမယ်... ချောကလက်အတွက် ကျေးဇူးတင်ပါတယ်..."

ကျီယန်က သူမကို ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ..."

ကျူးလင် ထွက်ခွာသွားပြီးနောက် ကျီယန်သည် ဝန်ထမ်းများကို ကြည့်လိုက်သည်။

"နောက်နှစ်မိနစ်နေရင် အစည်းအဝေးခန်းထဲမှာ စုကြပါ..."

ထိုစကားထွက်လာသည်နှင့် ဝန်ထမ်းများသည် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပရန် လျင်မြန်စွာ ပြင်ဆင်ကြတော့သည်။

ကျီယန်နှင့် အုပ်ချုပ်ရေးဝန်ထမ်းများသည် ဝူလင်စခန်းနှင့် ပူးပေါင်းလိုသော အခြေစိုက်စခန်းများကို ဆက်သွယ်ရန် အလုပ်ရှုပ်နေချိန်တွင် ထန်ဝေ့မှာလည်း ယခုအချိန်၌ အလွန်အလုပ်ရှုပ်နေလေသည်။

အဆင့်မြင့် ဖုတ်ကောင်အုပ်စု တစ်စု၏ရှေ့တွင် ရပ်နေရင်း ထန်ဝေ့သည် သူ၏ပခုံးပေါ်၌ ထိုင်နေသော ထူထူကို ကြည့်ကာ မေးလိုက်သည်။

"ထူထူ... သူတို့ ခုနက ဘာပြောလိုက်တာလဲ..."

ထူထူသည် ၎င်း၏ အမွေးပွလက်ဖဝါးလေးဖြင့် သူ၏ပါးပြင်ကို ပုတ်လိုက်သည်။

"အဲဒီဖုတ်ကောင်က ပြောတယ်... သူနဲ့ သူ့သူငယ်ချင်းတွေက ဖုတ်ကောင်ဘုရင်က အခု ငါတို့စခန်းမှာ နေထိုင်နေတယ်လို့ ကြားလို့ နောက်ကို လိုက်ချင်ကြတာတဲ့... သူတို့ ငါတို့စခန်းမှာ နေလို့ရမလားလို့ မင်းကို မေးနေတာ..."

ထူထူ ပြောလိုက်သည်ကို ကြားပြီးနောက် ထန်ဝေ့က မေးလိုက်သည်။

"ငါ ပြောတာကိုရော သူတို့ နားလည်နိုင်လား..."

ထူထူက သူ့ကို အဖြေမပေးရသေးမီ ဖုတ်ကောင်ခေါင်းဆောင်သည် ခေါင်းညိတ်ပြလိုက်သည်။

"ဝေါင်း… ဝေါင်း… ဝူး…"

'မင်းပြောတာကို ငါတို့ နားလည်တာပေါ့... ငါတို့ကို ဦးနှောက်မရှိတဲ့ ကူးစက်ခံဖုတ်ကောင်တွေလို တုံးအတယ်လို့ မင်း ထင်နေတာလား...'

ထန်ဝေ့သည် ၎င်း၏ မကျေမနပ်ဖြစ်နေသော အမူအရာကို ကြည့်လိုက်သည်။

"သူ ခုနက ဘာပြောလိုက်လဲဆိုတာ ငါ သိပြီထင်တယ်..."

ထန်ဝေ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"မင်းတို့ကို ငါတို့စခန်းမှာ နေခွင့်ပြုလို့ရတယ်... ဒါပေမဲ့ ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမယ်... မင်း သဘောတူတယ်ဆိုရင် ငါတို့က ဖုတ်ကောင်တွေအတွက် အထူးပြင်ဆင်ပေးထားတဲ့ နေရာမှာ နေလို့ရတယ်..."

ထန်ဝေ့၏ စကားကို ကြားပြီးနောက် ဖုတ်ကောင်ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဝေါင်း..."

'ဖုတ်ကောင်ဘုရင်ကော အဲဒီနေရာမှာ နေတာလား...'

All Chapters