← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) - ကျုပ်က လူသားတစ်ယောက်ပါ

ထူထူ ရုတ်တရက် ထွက်သွားသည်ကို မြင်သောအခါ လေ့ဟောက်ကျန့်က မေးလိုက်သည်။

"ထူထူ ဘယ်ကိုထွက်သွားတာလဲ..."

ကျူးလင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒီဖုတ်ကောင်တွေ မရောက်လာခင် ထူထူက သူတို့ကို သွားစုံစမ်းပေးလိမ့်မယ်..."

“တစ်ချိန်တည်းမှာပဲ အဆိုးဆုံးအခြေအနေအတွက် ကျွန်မတို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ထင်တယ်... အဲဒီဖုတ်ကောင်တွေ ဒီကိုလာတဲ့ရည်ရွယ်ချက်က မကောင်းဘူးလို့ ကျွန်မရဲ့ အလိုလိုသိစိတ်က ပြောနေတယ်..."

သူမ၏ လေးနက်နေသော မျက်နှာအမူအရာကို ကြည့်ကာ လေ့ဟောက်ကျန့်က မေးလိုက်သည်။

"မိန်းကလေးကျူး... ကျွန်တော်တို့ မသိတဲ့ကိစ္စတစ်ခုခုကို ခင်ဗျား သိထားလို့လား..."

"မသိပါဘူး... ဒီဖုတ်ကောင်တွေနဲ့ပတ်သက်ပြီး မကောင်းတဲ့ ကြိုတင်နိမိတ်တစ်ခုကို ခံစားမိရုံတင်ပါ..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြန်ဖြေလိုက်သည်။

သူမ၏အဖြေကို ကြားပြီးနောက် ရန်ကျားရှန်က အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"မိန်းကလေးကျူးက ဒီလိုပြောနေမှတော့ အဲဒီဖုတ်ကောင်တွေ မရောက်လာခင် ကြိုတင်ပြင်ဆင်ထားဖို့ ကျွန်တော့်သူငယ်ချင်းတွေကို အသိပေးလိုက်ပါ့မယ်..."

လေ့ဟောက်ကျန့်ကလည်း သဘောတူညီစွာဖြင့် ပြောလိုက်သည်။

"ဒီကိစ္စကို တခြားဖုတ်ကောင်တွေကိုလည်း ကျွန်တော် ကြေညာပေးထားပါ့မယ်..."

သူတို့၏ လေးနက်နေသော မျက်နှာအမူအရာများကို မြင်သောအခါ ယွီယင်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"ရှင်တို့အားလုံးက ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်နေရတာလဲ... တကယ်လို့ သူတို့က ပြဿနာရှာရဲရင် အကုန်လုံးကို သုတ်သင်ပစ်လိုက်မယ်... စိတ်မပူကြပါနဲ့..."

သူမ၏ မောက်မာပြီး ယုံကြည်မှုလွန်ကဲနေသော စကားများကို ကြားသောအခါ ကျူးလင်က ပြုံးရုံသာပြုံးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

'ကံကောင်းလို့ သခင်လေးလေ့ကို ဒီဖုတ်ကောင်တွေရဲ့ ခေါင်းဆောင်လုပ်ဖို့ တောင်းဆိုခဲ့တာ... ဒါမှမဟုတ်ရင် ဒီမိန်းကလေးရဲ့ စရိုက်နဲ့ဆို အနှေးနဲ့အမြန် ပြဿနာတက်တော့မှာပဲ...'

ထိုသို့ တွေးတောပြီးနောက် ကျူးလင်က သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မတို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဒီကိစ္စကို သခင်လေးလေ့ဆီပဲ အပ်ထားလိုက်ပါ့မယ်... ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ကို ရှို့ဝူနဲ့ တခြားသူတွေကို အခုပဲ သွားပြောလိုက်ပါ့မယ်..."

လေ့ဟောက်ကျန့်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မိန်းကလေးကျူး... အရှေ့ဘက်ဇုန်က ပြင်ဆင်မှုတွေကို ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်..."

"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မ အရင်သွားနှင့်ပါ့မယ်..."

စကားဆုံးသည်နှင့် ကျူးလင်သည် မတ်တတ်ရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားတော့သည်။

တံခါးပိတ်သွားပြီးနောက် ယွီယင်းက လေ့ဟောက်ကျန့်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုကြီးလေ့... ဒီလူသားတွေအတွက် ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ဖို့ သေချာပြီလား..."

လေ့ဟောက်ကျန့်က သူမကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျုပ်က လူသားတစ်ယောက်ပါ... ကျုပ်ကိုယ်ကျုပ် ဖုတ်ကောင်လို့ တစ်ခါမှ မတွေးဖူးဘူး... ဒါ့အပြင် မိန်းကလေးကျူးက ကျုပ်ရဲ့ သူငယ်ချင်းပဲ... သူမက ကျုပ်အကူအညီလိုတယ်ဆိုရင် တုံ့ဆိုင်းမနေဘဲ ကူညီပေးရမှာပဲ..."

ယွီယင်း၏ မျက်နှာအမူအရာမှ သိမ်မွေ့သော မကျေနပ်မှုများကို အာရုံခံမိသွားသောကြောင့် သူက သတိပေးလိုက်သည်။

"မင်း ပြဿနာမရှာတာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ မင်းကို ကျုပ် အလွတ်ပေးမှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် သူသည် ကုလားထိုင်မှထကာ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားလေသည်။

သူထွက်သွားပြီးနောက် ဘဲဥပုံမှန်စားပွဲပတ်လည်တွင် ထိုင်နေကြသော အခြားဖုတ်ကောင်ခေါင်းဆောင်များသည် ၎င်းတို့ မျက်လုံးများနီနီများထဲ၌ အကြောက်တရားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ချန်ကျန့်ဟုန်က သူ၏ တောင့်တင်းနေသော လည်ပင်းကို ပွတ်သပ်ကာ အသံပြုလိုက်သည်။

"ဂါး... ဂါး..."

'ငါ့ရဲ့ အာရုံငါးပါး ပြန်ကောင်းလာပြီလို့တောင် ထင်လိုက်မိတယ်... ဒီသတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်က အရမ်းကြောက်စရာကောင်းတာပဲ...'

သူ၏စကားကို ကြားပြီးနောက် ယွီယင်းက လက်ကိုဆုပ်ကာ မျက်လွှာချထားလိုက်သည်။ ထိုအချိန်တွင် သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

တစ်ချိန်တည်းမှာပင် ကျူးလင်သည် အရှေ့ဘက်ဇုန်မှ ထွက်လာပြီးနောက် ရှို့ဝူကို သွားရှာလေသည်။ အတန်ကြာ ရှာဖွေပြီးနောက်တွင် သူမသည် ရှို့ဝူအစား ထန်ဝေ့ကို တွေ့လိုက်ရသည်။ ကျူးလင်က သူ၏ မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။

"ထန်ဝေ့... တစ်ခုခုဖြစ်လို့လား..."

သူမ၏အမေးကို ကြားသောအခါ ထန်ဝေ့က ခြေလှမ်းရပ်တန့်သွားပြီး သူမဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"ရှောင်လင်... တောင်းပန်ပါတယ်... ငါ နည်းနည်းအလျင်လိုနေလို့... နောက်မှပဲ စကားပြောကြတာပေါ့..."

သူ ထိုမျှလောက် အလျင်လိုနေသည်ကို မြင်သောအခါ ကျူးလင်က သူ၏ဘေးမှ လိုက်လျှောက်ရင်း ထပ်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘီမြို့က ဖုတ်ကောင်တွေ ရောက်လာပြီလား..."

သူမ၏အမေးကို ကြားပြီးနောက် သူက ဖြေလိုက်သည်။

"မဟုတ်ဘူး... ရောက်လာတာ လူသားတွေ..."

ကျူးလင်သည် ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်သည်။

"လူသားတွေ... ဘယ်သူတွေလဲ..."

သတင်းထုတ်ပြန်ချိန်တွင် သူမက အစည်းအဝေးလုပ်နေသည်ကို တွေးမိကာ ထန်ဝေ့က ရှင်းပြလိုက်သည်။

"အရည်အချင်းပြည့်မီတဲ့သူတွေကို လက်ခံမယ်ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ ၃ နာရီလောက်က ငါတို့ ထုတ်ပြန်ခဲ့တယ်... သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသရွေ့ သူတို့ကို ငါတို့စခန်းမှာ နေထိုင်ခွင့်ပြုမှာ..."

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါ သတင်းကောင်းပဲလေ..."

ထန်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။

"တခြားသူတွေအတွက်ကတော့ သတင်းကောင်း ဟုတ်ပါတယ်... ဒါပေမဲ့ ငါတို့အတွက်တော့ မဟုတ်ဘူး..."

"ဘာသဘောလဲ..."

ကျူးလင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ထန်ဝေ့က သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"သတင်းထုတ်ပြန်ပြီး ၃ နာရီအကြာမှာ မရေမတွက်နိုင်တဲ့ လူတွေ ငါတို့စခန်းကို ရောက်လာကြတယ်..."

“လက်ရှိမှာ မြူခိုးတွေရဲ့အပြင်ဘက်မှာ လူတွေ အများကြီးရှိနေတယ်... သူတို့ကို လမ်းညွှန်ခေါ်ဆောင်ပေးမယ့်သူ မလုံလောက်လို့ သူတို့အနေနဲ့ အပြင်ဘက်မှာ အကြာကြီး စောင့်နေရတယ်...”

“အပူချိန်ကလည်း ပိုကျဆင်းလာတာကြောင့် သူတို့ထဲက တချို့က အအေးမိမယ့် အန္တရာယ်ရှိနေပြီ... ဒီလောက်လူတွေအများကြီး ရောက်လာမယ်လို့ ငါတို့ မမျှော်လင့်ထားခဲ့တော့ အခု လူအင်အား အရမ်းလိုနေတယ်..."

သူ၏စကားကို ကြားပြီးနောက် ကျူးလင်က ခေတ္တမျှ စဉ်းစားကာ မေးလိုက်သည်။

"စောစောက နင် တစ်နေရာရာကို သွားမလို့မလား..."

ထန်ဝေ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... အဲဒီလူတွေအတွက် ဆရာဝန်သွားခေါ်ပေးဖို့ ဆေးရုံကို သွားမလို့..."

သူ၏အဖြေကို ကြားပြီးနောက် ကျူးလင်က ပြောလိုက်သည်။

"နင် ဆရာဝန်တွေ သွားခေါ်နေတုန်း ငါ မြူခိုးတွေရဲ့အပြင်ဘက်က အခြေအနေကို သွားကြည့်လိုက်မယ်..."

"ကောင်းပြီလေ... နောက်မှတွေ့မယ်..."

စကားဆုံးသည်နှင့် ထန်ဝေ့သည် ဆေးရုံဘက်သို့ အလျင်စလို ထွက်သွားလေသည်။

ထန်ဝေ့၏ အလျင်စလို ခြေလှမ်းများကို မြင်သောအခါ ကျူးလင်က သူမ၏ ဖီးနစ်ငှက်မွေးဝတ်ရုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် လတစ်ထောင်ခြေလှမ်း ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

နှစ်မိနစ်အကြာတွင် သူမသည် ထူထပ်သော မြူခိုးများ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ သူမ ရုတ်တရက် ပေါ်လာသောအခါ မြူခိုးပြင်ပတွင် စောင့်ဆိုင်းနေကြသော လူအားလုံး အလန့်တကြား ဖြစ်သွားကြသည်။

အနီရောင်ဝတ်ရုံနှင့် သူမကို ကြည့်ကာ လူတစ်ယောက်က အအေးဒဏ်ကြောင့် တုန်ယင်နေရင်းမှ သတ္တိမွေးကာ မေးလိုက်သည်။

"ခင်ဗျား... ခင်ဗျားက ဝူလင်စခန်းက စေလွှတ်လိုက်တဲ့ လမ်းပြလား..."

ကျူးလင်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏အသားအရေများ နှင်းကိုက်နေသည်ကို တွေ့လိုက်ရသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည်။

"ကျွန်မက လမ်းပြတော့ မဟုတ်ဘူး... ဒါပေမဲ့ ရှင်တို့ကို ခေါ်သွားပေးလို့ ရပါတယ်... ရှင်တို့အားလုံး အခု သွားလို့ရပြီလား..."

အမျိုးသားက လူအားလုံးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"အခု လူနည်းနည်းပဲ လှုပ်ရှားနိုင်တော့တယ်... ကျန်တဲ့သူတွေက အရမ်းပင်ပန်းပြီး ဆာလောင်နေတဲ့အပြင် အရမ်းချမ်းနေလို့ မလှုပ်နိုင်ကြတော့ဘူး..."

သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ကျူးလင်သည် သူတို့ထဲမှ အများစုမှာ သာမန်လူများဖြစ်ကြပြီး အနည်းငယ်သော ရာခိုင်နှုန်းခန့်သာ စွမ်းအင်ပိုင်ရှင်များ ဖြစ်ကြသည်ကို မြင်လိုက်ရသည်။

သူတို့၏ ဆိုးရွားလှသော အခြေအနေကို နားလည်သွားသောကြောင့် သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"သူတို့ကို တတ်နိုင်သမျှ နီးနီးကပ်ကပ် စုဝေးခိုင်းလိုက်ပါ..."

သူမ၏စကားကို ကြားပြီးနောက် အမျိုးသားက ခေါင်းညိတ်လိုက်ပြီး အခြားသူများကို သွားရောက်အသိပေးရန် ကမန်းကတန်း သွားလေသည်။

မလှုပ်ရှားနိုင်သူများကိုမလှုပ်ရှားနိုင်သူများကို ကူညီပေးရန် ထိုအမျိုးသားက စွမ်းအင်ပိုင်ရှင်များကို စောင့်ဆိုင်းနေစဉ် ကျူးလင်က သူမ၏ ဝိညာဉ်နန်းတော်ထဲမှ လက်ဝါးအရွယ်အစားရှိသော အနီရောင်ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။

All Chapters