← Chapters

သိုင်းကွက်တစ်ကွက်

Vol. 37 Ch. 513

သိုင်းကွက်တစ်ကွက်

Vol. 37 Ch. 513

အခန်း (၅၁၃) သိုင်းကွက်တစ်ကွက်

ကျန်းဟောက်ချန်နှင့် လီရှန်၏ စိန်ခေါ်ပွဲက လူပေါင်းများစွာကို ဆွဲဆောင်နိုင်စွမ်း ရှိခဲ့သည်။

သူတို့ (၂)ယောက်က အလွန်တရာကျော်ကြားသော အမတဝိညာဉ်သိုင်းဆရာသခင်များ ဖြစ်ကြပြီး သူတို့နှစ်ယောက်ကြားတိုက်ပွဲဆိုသည်က သမုဒ္ဒရာကမ္ဘာတွင် အဓိကဖြစ်ရပ်ကြီးတစ်ခု ဖြစ်၏။

သက်ဆိုင်ရာသိုင်းဂိုဏ်းများမှ အကြီးအကဲများသာမက အခြာသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များလည်း ရောက်ရှိလာကြသည်။ ထိုလူများက အနည်းငယ်နောက်ကျမှရောက်လာကြသော်လည်း ရေသလင်းနန်းတော် ၊ ကျန်လုန်ဂိုဏ်းမှလူများနှင့် အချိန်အတူတူ ရောက်လာကြခြင်း ဖြစ်သည်။

သို့သော် ဤ အဆုံးအဖြတ်တိုက်ပွဲတွင် ယခုလိုအလှည့်အပြောင်းမျိုး ဖြစ်လာမည်ဟု မည်သူမှ မခန့်မှန်းခဲ့ကြပေ။

တောက်ပနေသော ပင်လယ်ရေပြင်ထက်တွင် မလှုပ်မယှက် ငြိမ်သက်စွာရှိနေသော ရန်ကျောက်ကဲကိုကြည့်ရင်း အးလုံးက စိတ်လှုပ်ရှားစွာဖြင့် အမျိုးမျိုးသောမှတ်ချက်များ ပေးကြသည်။

“သူက တကယ်ပဲ မိစ္ဆာသူတော်စင်ဂိုဏ်းကဆိုရင်တောင်မှ စွမ်းအားအပြင်းထန်ဆုံး မိစ္ဆာသူတော်စင်သခင်လေး ဖြစ်မှာပဲ”

“ဝိညာဉ်သစ်ရွက် (၁၀)ရွက်ကနေ အမတနတ်ပန်း (၁၀)ပွင့်ပွင့်တာက ချက်ချင်းကြီး ပြိုင်ဘက်ကင်းဖြစ်သွားတာမျိုး မဟုတ်ပေမယ့် သူ့ပုံစံက အရမ်းပေါ့ပါးနေတော့... ကြည့်ရတာ သူ့ကို ကျန်းဟောက်ချန်နဲ့ လီရှန်တို့ ယှဉ်နိုင်မယ် မထင်ဘူး”

“ကျန်းဟောက်ချန်နဲ့ လီရှန်က သူ့ကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ထင်လဲ”

“အဲဒါပြောဖို့ခက်တယ် ၊ ဒါပေမဲ့ သူတို့ အပြင်းအထန် တိုက်ခိုက်ကြမယ်ထင်တယ်”

“သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ရင်တော့ ဒီလူငယ်ကို အနိုင်ယူနိုင်မှာပဲ ၊ ဒါပေမဲ့ သူတို့က အဲဒီလိုလုပ်မှာ မဟုတ်ဘူး”

“သေချာတာပေါ့”

ဆူညံနေသည့် ဝေဖန်ဆွေးနွေးမှုများကြားတွင် ကျန်းဟောက်ချန်နှင့် လီရှန်တို့ကတော့ မသက်ဆိုင်သည့်အတွေးများကို ဘေးဖယ်ထားပြီး အလွန်တည်ငြိမ်စွာဖြင့် အာရုံစူးစိုက်နေသည်။

အရင်ဆုံး စတင်တိုက်ခိုက်လိုက်သူက ကျန်းဟောက်ချန် ဖြစ်သည်။

သူ၏ ဦးခေါင်းထက်တွင် အလင်းတန်းများ တောက်ပလာပြီး အမတနတ်ပန်း (၉)ပွင့် ထွက်ပေါ်လာပြီး ပင်လယ်နက်စင်္ကြံပတ်ဝန်းကျင်တစ်ခုလုံးမှ လူအများကို တုန်လှုပ်စေခဲ့သည်။

ထို့နောက် ကျန်း‌ဟောက်ချန်၏ ခန္ဓာကိုယ်က အောက်သို့အနည်းငယ်ကွေးညွှတ်သွားပြီးနောက် အထက်သို့ ဖြောင့်တန်းစွာတက်သွားပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ပင်လယ်ရေများထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အပြာနုရောင်အလင်းတန်းတစ်ခုကို ရန်ကျောက်ကဲ တွေ့မြင်လိုက်ရပြီး အလင်းနဂါးတစ်ကောင်က သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။

ကျန်းဟောက်ချန် ထုတ်ဖော်အအသုံးပြုလိုက်သည်မှာ “နဂါးအသွင်ပြောင်းခြင်းပညာ (၆) ရပ်” မှ အလင်းနဂါးအသွင်ပြောင်းပညာ ဖြစ်သည်။ ထိုပညာက ရေသလင်းနန်း‌တော်မှ ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်ပြီး ကျန်းဟောက်ချန်က ပြီးပြည့်စုံစွာ အသုံးပြုနိုင်စွမ်း ရှိ၏။

ကျန်းဟောက်ချန် စတင်တိုက်ခိုက်လိုက်သည်ကိုမြင်တော့ လီရှန်က ရပ်တန့်သွားပြီး စိတ်ထဲမှာလည်း အနည်းငယ် လေးလံသွားသည်။ အနည်းဆုံးတော့ ကျန်းဟောက်ချန်က စိတ်ပိုင်းဆိုင်ရာတွင် သူ့ထက်သာလွန်သူ ဖြစ်သည်။

ပတ်ဝန်းကျင်ပင်လယ်ရေပြင်တ်ခုလုံး တဟုန်းဟုန်းထသွားပြီး အပြာရောင်အလင်းနဂါးကြီးတစ်ကောင်က ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။ ရန်ကျောက်ကဲကတော့ မြင်ကွင်းကို တည်ငြိမ်စွာပင် ကြည့်နေ၏။

ထိုအခိုက်အတန့်တွင် ကျန်းဟောက်ချန်က သမုဒ္ဒရာကိုအုပ်စိုးသူတစ်ယောက်ပမာဖြစ်ပြီး သူ၏တိုက်ခိုက်မှုက ပင်လယ်ကိုမှောက်လှန် ကောင်းကင်ကိုဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားများဖြင့် ပြည့်နက်နေသည်။

ပတ်ဝန်းကျင်လေထုတစ်ခုလုံးအေးခဲသွားပြီး အဆုံးမရှိသောပင်လယ်ရေများက သံမဏိရေစည်းကြောင်းများပမာ စုစည်းပြီး ရန်ကျောက်ကဲထံသို့ တစ်ပြိုင်နက်တည်း ဖိအားပေး ဝင်ရောက်လာသည်။

သံမဏိရေစီးကြောင်းများက ရန်ကျောက်ကဲကို နောက်ပြန်ဆုတ်ရန်လည်းခွင့်မပြုဘဲ လမ်းကြောင်းပေါင်းစုံမှ ဝင်ရောက်လာခြင်းပင်။

ထိုခဏတွင် ပင်လယ်ရေပြင်ထက်၌ မရေမတွက်နိုင်သောအလင်းတံခါးများထွက်ပေါ်လာပြီး အရပ်မျက်နှာပေါင်းစုမှ ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်သည်။

တိုက်ပွဲကြည့်ရှုနေသူများအားလုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။  ဤသို့ထိုးနှက်တိုက်ခိုက်နိုင်စွမ်းရှိသော ကျန်းဟောက်ချန်၏အစွမ်းကို သူတို့အားလုံး နားလည်ကြ၏။

ရန်ကျောက်ကဲကိုတိုက်ခိုက်ရန်အတွက် ကျန်းဟောက်ချန်က သူ၏သိုင်းစွမ်းရည်အားလုံးကို ပြသခဲ့သည်။  ထို ရိုးရှင်းသော်လည်း အစွမ်းထက်လှသော တိုက်ကွက်ကိုကြည့်ရုံဖြင့် သူက အမတဝိညာဉ်အဆင့် နံပါတ် (၁) ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။ အမတလက်ဖွဲ့အဆင့်ရှိသော လန်ခွင်းကို သတ်ဖြတ်နိုင်ခြင်းအတွက် သံသယဝင်စရာ မရှိတော့ပေ။

အမတလက်ဖွဲ့ ကနဦးအဆင့်ဖြင့် ကျန်းဟောက်ချန်ကို အနိုင်ယူ၍ မရနိုင်ကြောင်း ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ အပါအဝင် သမုဒ္ဒရာကမ္ဘာမှ အမလက်ဖွဲ့ကနဦးအဆင့် သိုင်းဆရာသခင်များအားလုံး သဘောပေါက်သွားကြသည်။

တိုက်ပွဲကိုကြည့်ရင်း ဖူအန်းစု၏ မျက်ဝန်းများလည်း တောက်ပလျှက်ရှိသည်။ သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများ၏ သိုင်းစွမ်းရည်ကို နားလည်ခဲ့ရပြီး သူတို့ကို လျှော့တွက်ရဲခြင်း မရှိတော့ပေ။

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာသာဆိုရင် ဒီလူရဲ့ သိုင်းစွမ်းက ကျင့်ကြံခြင်းအဆင့်တူတွေကြားမှာ တကယ့်ထိပ်တန်းတစ်ယောက် ဖြစ်မှာပဲ ၊ အားလုံးရဲ့အထက်မှာရှိနေမယ့် လူတစ်ယောက်ပဲ”

ကျန်းဟောက်ချန်၏ ထိုးနှက်ချက်ကိုကြည့်ရင်း သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများအားလုံး စိတ်ဓာတ်များ ပြင်းထန်လာသည်။

“သူ ရန်ကျောက်ကဲကို အနိုင်ယူချင် ယူနိုင်မှာ”

ဟု ထင်မှတ်မိကြသည်။

ရန်ကျောက်ကဲကတော့ ခေါင်းတစ်ချက်ညိတ်ကာ ပြုံးရင်း....

“မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက တကယ်နက်နဲတာပဲ”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ကိုပင့်မြှောက်ပြီး ရှေ့သို့တွန်းထုတ်လိုက်ရာ လေးနက်ပြီး ပိုင်းခြားဖော်ပြရန်ခက်ခဲသော ပရမ်းပတာစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်ပင်လယ်ရေပြင်မှ အလင်းနဂါးများစွာသည် တစ်ပြိုင်နက်ထဲအက်ကွဲသွားပြီး ရေပူပေါင်းများပမာ ပေါက်ကွဲထွက်သွားကြသည်။

မူလက ကြီးကျယ်ခမ်းနားသောရောင်ဝါများဖြင့် ပင်လယ်ကို မှောက်လှန်တော့မည့်ပမာ ထင်မှတ်ရသော ကျန်းဟောက်ချန်၏ လက်သီးသိုင်းဝိညာဉ်ဖြင့် ဖန်ဆင်းထားသော အပြုနုရောင်နဂါးသည် ယခုတော့ ရန်ကျောက်ကဲက အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။

လီရှန်အပါအဝင် အားလုံးက မြင်ကွင်းကို ထိတ်လန့်တခြား ကြည့်လိုက်မိကြသည်။

ရန်ကျောက်ကဲက လီရှန်ကို လှမ်းကြည့်ရင်း...

“မင်းတို့နှစ်ယောက်လုံး အတူတူဝင်ကြ...”

သူက ဆက်ပြောသည်။

“ဒီလိုပြောတာ မင်းတို့နှစ်ယောက်ကို လျှော့တွက်လို့ မဟုတ်ဘူးနော် ၊ ဒီတိုက်ပွဲက ငါ့ရဲ့ အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်အဖြစ် နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် မင်းတို့ကို ထိန်းချုပ်မထားဘဲ ပါဝင်စေချင်တာပါ”

ထို့နောက် ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ပြီးတော့ မင်းတို့နှစ်ယောက်က ဘယ်တော့မှလက်တွဲတိုက်ခိုက်မယ့်လူတွေ မဟုတ်ဘူးလေ ၊ ဒီတော့ ဒီတစ်ခေါက်က အတူလက်တွဲတိုက်ခိုက်မယ့် တစ်ခုတည်းသောအခွင့်အရေး ဖြစ်နိုင်တယ် ၊ စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံဘဲ မဟုတ်လား”

လီရှန်က ရန်ကျောက်ကဲကို စိုက်ကြည့်လိုက်ပြီးနောက် ကျန်းဟောက်ချန်ကို သူ့လက်တစ်ဖက်ဖြင့် တားဆီးရင်း ပြုံးပြလိုက်သည်။

“ငါ တစ်ကွက်ပဲတိုက်မှာ”

ထို့နောက် သူ့မျက်ဝန်းမှ အေးစက်သည့်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ကြုံးဝါးသံတစ်သံ ပြုလိုက်သည်။

တစ်ခဏအတွင်းပင် ရက်စက်ကြမ်းတမ်းသော အနက်ရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ပင်လယ်ကို ကျော်ဖြတ်ကာ ရန်ကျောက်ကဲထံ ဝင်ရောက်သွားသည်။

ဓားအလင်းတန်းဖြတ်သန်းသွားသည်နှင့် ပင်လယ်ရေပြင်နှစ်ခြမ်းကွဲအက်သွားပြီး သက်ရှိသက်မဲ့အရာအားလုံး ပျက်ဆီးသွားသည်။ ဓားအလင်းတန်းကြောင့် ပင်လယ်ရေက နှစ်ခြမ်းကွဲသွားသည်သာမက လမ်းတစ်လျှောက်မှ အဟန့်အတားအားလုံးကိုလည်း ခြွင်းချက်မရှိ ဖျက်ဆီးပစ်လိုက်သည်။

သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများသာ လေ့ကျင့်နိုင်သော အပြင်းထန်ဆုံးဓားသိုင်းဖြစ်သည့် ကျန်လုန်ဓားသိုင်း (၇) ရပ်မှ ဆဋ္ဌမမြောက်ဓားသိုင်းဖြစ်သော ‘ထောင့်မှန်ချိုးဖျက်ဓားသိုင်း’ ကို အသုံးပြုလိုက်ခြင်းပင်။

ထိုဓားချက်က ကျန်းဟောက်ချန်၏တိုက်ခိုက်မှုကဲ့သို့ စွမ်းအားပြင်းထန်ခြင်းမရှိသော်လည်း ခံစစ်တိုက်စစ် နှစ်မျိုးလုံးပါဝင်ပြီး အပြစ်အနာအဆာကင်းကာ ပြီးပြည့်စုံသော ဓားသိုင်းဖြစ်၏။

လီရှန်၏ဓားချက်က “ရန်သူကို သတ်ဖြတ်ရန်” တစ်ခုတည်းသောဦးတည်ချက်သာလျှင် ရှိသည်။

ပြင်းထန်သောအဖျက်စွမ်းအားမှလွဲပြီး ဤဓားချက်တွင် မည်သည့်အရာမှ မပါဝင်ချေ။

သမုဒ္ဒရာကမ္ဘာမှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များထဲတွင် အမြင့်မားဆုံး ထိုးစစ်စွမ်းအားကို ပြသခဲ့သည်။

လီရှန်ထိုးစစ်ဆင်ချိန် ကျန်းဟောက်ချန်က သူ၏သိုင်းကွက်ကို ရုတ်သိမ်းပြီး နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်စွမ်းအားက သူ့ကို ထိန်းချုပ်ထားသဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခြင်း မရှိတော့ပေ။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စွမ်းအားကုန်သုံးကာ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်၏။

ကျယ်လောင်သည့် ကြုံးဝါးသံနှင့်အတူ အလင်းနဂါးကြီးတစ်ကောင်ထွက်ပါ်လာပြီး နဂါးကြီးက ဒေါသပေါက်ကွဲထွက်သည့်ပမာ အကြေးခွံများက ကောင်းကင်ထက်သို့ ထောင်လျှက်ရှိ၏။

“နဂါးအသွင်ပြောင်းခြင်းပညာ (၆) ရပ်” မှ “ကောင်းကင်ဖြိုခွင်းနဂါးအသွင်ပြောင်းပညာ” ဖြစ်ပြီး ကြီးမားသော ခံစစ်စွမ်းအားကို ပိုင်ဆိုင်သည်။

စွမ်းအားအမြင့်မားဆုံး အမတဝိညာဉ်သိုင်းဆရာသခင် (၂)ယောက်က ရန်ကျောက်ကဲကို တစ်ပြိုင်နက်တည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

သို့ပေသိ ရန်ကျောက်ကဲ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပင့်မြှောက်ထားသည့် ညာဘက်လက်ဖဝါးမှ လက်ဝါးရိုက်ချက်က ရုတ်တရက် ပြောင်းလဲသွားသည်။

ပရမ်းပတာစွမ်းအားများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး တည်ရှိမှုအားလုံးကို သုတ်သင်ပစ်လိုက်သည်။

မြင်ကွင်းအားလုံးပျက်သုဉ်းသွားပြီး ကမ္ဘာဦးမတိုင်ခင် မိုးမြေမဖြစ်တည်ခင်ကာလသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

ယင်မရှိ ယန်မရှိ။

အတိတ်မရှိ အနာဂတ်မရှိ။

အစမရှိ အဆုံးမရှိ။

အကြောင်းမရှိ အကျိုးမရှိ။

ထို့နောက် ပရမ်းပတာစွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

အရာအားလုံး စကြာဝဠာမမွေးဖွားခင် ပရမ်းပတာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ လက်ဝါးရိုက်ချက်က ပြင်းထန်စွာ ဖြတ်သန်းသွားသည်။

အပြာရောင်နဂါးကြီး ငြိမ်သက်သွားသလို အနက်ရောင်ဓားအလင်းတန်းများလည်း ပျောက်ကွယ်သွား၏။

သမုဒ္ဒရာကမ္ဘာ၏ ကောင်းကင်ဘုံမှမျက်နှာပေးခံရသော သားတော် (၂)ယောက်ဖြစ်သည့် ကျန်းဟောက်ချန်နှင့် လီရှန်တို့ နောက်သို့ လွင့်ထွက်သွားကြသည်။

ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ က အလွန်တုန်လှုပ်သွားပြီး ကျန်းဟောက်ချန်ကို လျှင်မြန်စွာဆီးကြိုဖမ်းဆီးလိုက်သည်။ ကျန်းဟောက်ချန်မှာ သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး တစ်ကိုယ်လုံး ‌ပျော့ခွေကျသွား၏။

အကြီးအကဲ’တုန်း’ က ဒေါသတကြီးဖြင့် ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်စဉ် ကျန်းဟောက်ချန်က ဖျော့တော့သောလေသံဖြင့်...

“သူ သက်ညှာလိုက်တာပါ...”

သူက ဆက်ပြောသည်။

“တကယ်တော့ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ဖို့ပြောတာ သူ့ဘက်က မာန်တက်နေတာ မဟုတ်ဘူး ၊ ကျွန်တော်တို့က သူ့ကို မယှဉ်နိုင်တာပါ”

ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ ကလည်း လီရှန်ကို ဆီးဖမ်းလိုက်သည်။

လီရှန်က သက်ပြင်းချရင်း...

“ကျွန်တော်တို့ ဒဏ်ရာပြင်းထန်တာပဲရှိတာ ၊ ကျင့်ကြံခြင်းအခြေခံတွေ ပျက်ဆီးမသွားဘူး ၊ သူနဲ့တိုက်ခိုက်ချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ ရှိတာပါ ၊ အခု တိုက်ပွဲပြီးသွားတော့ သူ့ရဲ့သိုင်းစွမ်း ဘယ်လောက်နက်နဲကျယ်ပြန့်သလဲဆိုတာ သိခဲ့ရတယ်”

“ကျွန်တော်တို့အဆင့်က သူနဲ့ အရမ်းအလှမ်းဝေးနေသေးတယ်...”

လူတိုင်းအံ့အားသင့်လျှက် ရှိကြသည်။

ရန်ကျောက်ကဲကိုကြည့်ရင်း ကျန်းဟောက်ချန်၏မျက်နှာထက်မှ စိတ်ရှုတ်ထွေးသောအမူအရာက လေးစားမှုအဖြစ် ပြောင်းလဲသွားသည်။

ကျန်းဟောက်ချန်နှင့် လီရှန်တို့ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့‌သော ရန်ကျောက်ကဲအား လူတိုင်းက ထိတ်လန့်စွာ ကြည့်နေမိကြသည်။

ရန်ကျောက်ကဲက အေးဆေးစွာပင် ရယ်‌မောလိုက်ပြီး သူ၏ဦးခေါင်းထက်မှ အမတနတ်ပန်း (၁၀)ပွင့်က အမတအင်းသင်္ကေတအဖြစ် ပေါင်းစည်းခြင်းလုပ်ငန်းစဉ် နောက်တစ်ကြိမ် ပြန်လည်စတင်ခဲ့သည်။

များပြားလှစွာသော အင်းသင်္ကေတများ ပေါင်းစည်းသွားသည်နှင့် အဆုံးမရှိသော အလင်းတန်းများတောက်ပလာပြီး ပင်လယ်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေလေသည်။

All Chapters