← Chapters

စစ်မာမို၏လျှို့ဝှက်ချက်

Vol. 91 Ch. 1248

စစ်မာမို၏လျှို့ဝှက်ချက်

Vol. 91 Ch. 1248

ဝမ်လင်းက ခုနစ်ရောင်စုံလက်သည်းခွံကို ဖမ်းဆုပ်၍ ဖိသိပ်အား၏ အကူအညီဖြင့် နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ သူက တောင်အောက်သို့ ကျဆင်းသွား၏။ သိမ်းငှက်သုံးကောင်က ဟိန်းသံပေး၍ လိုက်လာကြသည်။

ဝမ်လင်းသည် တုံ့နှေးမနေဘဲ ဥမင်လမ်းထဲ တရကြမ်း သွား၏။ သူက ခန္ဓာကိုယ် အပြင်းအထန် နာကျင်မှုကို အံတင်းခံရင်း ရှေ့သို့ သွားနေ၏။

သိမ်းငှက်သုံးကောင်၏ ဟိန်းသံများက သူ့နားထဲ ပဲ့တင်ထပ်နေသည်။ သို့သော် ၎င်းတို့က ဥမင်ထဲသို့ မဝင်လာကြပေ။ ဥမင်အပြင်ဘက်တွင်သာ လှည့်ပတ်၍ ကြမ်းကြုတ်စွာ ကြည့်၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သိမ်းငှက်သားရဲသုံးကောင်သည် တောင်ထိပ်ထံ ဖြည်းဖြည်းချင်း ပြန်လှည့်ကာ မြူများအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားကြသည်။

ဝမ်လင်းက ဥမင်ထဲတွင် ပုန်းကွယ်ရနေရာ တစ်ခုရှာ၍ ထိုင်ချလိုက်သည်။ အတားအဆီးများစွာကို နေရာချပြီးနောက် သူက ဆေးလုံးများကို ထုတ်ယူ၍ သောက်ပြီး စတင်ကျင့်ကြံတော့သည်။

သူ့ခန္ဓာကိုယ်က အပြင်းအထန် ဒဏ်ရာ ရထားခဲ့၏။ သို့သော် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် အစွမ်းထက်ရုံမျှသာမက ပြန်ကောင်းမွန်နှုန်းကလည်း အံ့မခန်းပင်။ နာရီအတော်အတန်ကြာမြင့်ပြီးသည့်နောက် သူ့ဒဏ်ရာများကို ကုသပြီး ဖြစ်၏။

သို့ရာတွင် ဝမ်လင်းက ထွက်မသွားပေ။ သူက ထိုင်လျက် ရှေးဟောင်းနတ်ဘုရားစွမ်းအင်များကို ခန္ဓာကိုယ်အနှံ့အပြားသို့ လှည့်ပတ်စေသည်။ သူက ကုသနေရင်း သူ့မူလစွမ်းအင်များသည်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ခပ်သွက်သွက် စီးဆင်းလေ၏။

ခုနစ်ရောင်စုံလက်သည်းခွံ မရှိတော့သဖြင့် ဝမ်လင်း၏ပြန်ကောင်းမွန်နှုန်းကို ဟန့်တားသည့်အရာ ဘာတစ်ခုမှ မရှိတော့ပေ။

အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးလျက် မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာ ကုန်လွန်သွားခဲ့ပေပြီ။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက မတ်တပ်ထရပ်ကာ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်သည်။ သူ့ဒဏ်ရာအားလုံးမှာ ပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့ပေပြီ။ သူ့မူလစိတ်ဝိညာဉ်သည်လည်း ဆက်၍ အားနည်းနေခြင်း မရှိတော့ပေ။

သူက သူ့အင်ပြည့်အားပြည့်အနေအထားသို့ ပြန်ရောက်ရှိလာ၏။ အရှင်ဟွေစုန် ဒဏ်ရာမရထားခဲ့ဘူးဆိုလျှင်ပင် သူသည် ထိုလူနှင့် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

ဝမ်လင်းက ဥမင်လမ်းကနေ ဖြတ်၍ လာကာ တောင်ကြားတစ်ခုတွင် ပေါ်လာ၏။ သူက အသက်ဝဝရှုသွင်းကာ သူရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များကို ပြန်တွေးကြည့်၏။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းရာ ခုနစ်ရောင်စုံလက်သည်းခွံသည် သူ့လက်ဝါးထက်၌ ပေါ်လာလေသည်။

သူက ထိုလက်သည်းခွံကို ကြောက်လန့်နေမိဆဲ ဖြစ်၏။ သူ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၍သာ ကံကောင်းခဲ့သည်ဟု ဆိုနိုင်ပေ၏။ သူ့ခန္ဓာကိုယ်ကြောင့်သာ သူက ထိုလက်သည်းခွံ သူ့အရိုးများအား ခုနစ်ရောင်စုံအလင်း ချက်ခြင်း ဖြစ်လာစေခြင်းကနေ ဟန့်တားနိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက အကျိုးဆက်သည် မတွေးဝံ့စရာပေ။သည့်အပြင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကြောင့်သာ သူက သူ့ကိုယ်သူ ဒဏ်ရာရစေပြီး ပြင်ပအားကို ယူ၍ သည်လက်သည်းခွံကို ပြန်ထုတ်ပစ်နိုင်ခဲ့ခြင်းပင်။

အခြား ကျင့်ကြံသူများဆို ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် မပိုင်ဆိုင်ထားပါက သူတို့သည် ခုနစ်ရောင်စုံလက်သည်းခွံကြောင့် သေဆုံးရပေလိမ့်မည်။

“ဒီပစ္စည်းက တကယ့်ကို သာမန်မဟုတ်ဘူး။ ဒါက သံဓားကို ထက်ပိုင်းခြမ်း ပစ်နိုင်ရုံသာမက ငါ့ခန္ဓာကိုယ်ကိုလည်း ထွင်းဖောက်လာနိုင်ခဲ့တယ်။ သံဓားကသာ ဒီလက်သည်းခွံကို နည်းနည်းလောက် ဟန့်တားမပေးခဲ့ဘူးဆိုရင် ဒီဟာက ငါ့အရိုးတွေကို တိုက်ရိုက် ထွင်းဖောက်သွားပြီး ခုနစ်ရောင်စုံအလင်းအဖြစ် ချက်ခြင်း ပြောင်းသွားမှာ စိုးမိတယ်…”

ဝမ်လင်းက သူ့လက်ထဲရှိ ခုနစ်ရောင်စုံလက်သည်းခွံကို စူးစိုက်ကြည့်၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ၎င်းပေါ်တွင် သူ့ကိုယ်ပိုင်အမှတ်အသားကို ချန်သည်။

“ငါ သံဓားကို ဆုံးရှုံးခဲ့ရပေမဲ့လည်း ငါဟာ ပိုကြမ်းတဲ့ ဒီခုနစ်ရောင်စုံလက်သည်းခွံကို ရရှိခဲ့တယ်။ ဒါဟာ အနာဂတ်မှာ ငါ့ဝှက်ဖဲ ဖြစ်လာလိမ့်မယ်။ ဒီလက်သည်းခွံနဲ့ဆိုရင် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတောင် သေသွားနိုင်တယ်…”

စဉ်းစားနေရင်း ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်၍ သိုလှောင်နေရာလွတ်ထဲမှ အဘိုးအိုဖန်း၏ ကွင်းကို ယူ၍ သူ့ဘယ်လက်မတွင် စွတ်သည်။ ထိုရတနာ၏ ခုခံမှုစွမ်းရည်က ကောင်းမွန်လွန်းပေသည်။ ၎င်းကို ကောင်းမွန်သည့်အကာအကွယ်တစ်ခုအဖြစ်ပင် မှတ်ယူနိုင်ပေ၏။

ထို့နောက် သူက တစ်ခုခုကို ထပ်ထုတ်ယူ၏။ ၎င်းမှာ လှိုဏ်ဂူထဲရှိ သားရဲအရိုးပေါ်တွင် စိုက်ဝင်နေခဲ့သည့် ဓားတိုတစ်ချောင်းပင်။ ကံမကောင်းစွာဖြင့် သူက ထိုဓားတိုပေါ်ရှိ ချိပ်ပိတ်မှုကို အခုထိ မဖွင့်နိုင်သေးပေ။ ထို့ကြောင့် သူက ၎င်းကို သေချာကြည့်ရှုပြီးနောက် ပြန်သိမ်းဆည်းလိုက်သည်။

သူနောက်ဆုံးထုတ်ယူလိုက်သည့် အရာက အရှင်ဟွေစုန် ပိုင်ဆိုင်သည့် စဦးစိတ်ဝိညာဉ်ငယ်ပင် ဖြစ်သည်။၎င်းက အားနည်းနေခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ၎င်းမှာ ကြမ်းကြုတ်သောဟန်ပန် ရှိနေဆဲ ဖြစ်ကာ ဝမ်လင်းကို ဟိန်းဟောက်သည်။

“ဒီအရာက စိတ်ဝင်စားစရာပဲ…” ဝမ်လင်းသည် မူလစွမ်းအင်များကို ထွေးထုတ်၍ ၎င်းစဦးစိတ်ဝိဉာဉ်လိုအရာကို ခြုံလွှမ်းစေလိုက်သည်။ ထို့နောက် သူက ၎င်းကို ဝါးမြိုကာ သူ့မူလစိတ်ဝိညာဉ်အတွင်း၌ သန့်စင်ရန် ချန်ထားလိုက်၏။ စဦးစိတ်ဝိညာဉ်နှင့်တူသည် ဤအရာသည် ရတနာတစ်ခုနှင့်လည်း တူနေသေးကာ အမှန်အကန် ထူးဆန်းလှပေသည်။ ဝမ်လင်းက ၎င်း မည်သည့်နေရာက‌နေ ဖြစ်ပေါ်လာခဲ့မှန်းကိုလည်း မသိပေ။

သူက သူ့မူလစိတ်ဝိညာဉ်နှင့် ၎င်းကို သန့်စင်ပစ်ပြီး အရှင်ဟွေစုန်၏ အမှတ်အသားကို ဖယ်ရှားပစ်ပေမည်။ သည့်နောက်တွင်တော့ ၎င်းဟာ ဝမ်လင်း၏အပိုင် ဖြစ်လာပေမည်။ သို့ဆိုလျှင် သူက ၎င်းကို သေချာလေ့လာကြည့်နိုင်ပြီ ဖြစ်၏။

“အရှင်ဟွေစုန်နဲ့ ငါ့တိုက်ပွဲမှာ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့်လည်း ငါ့အတွက် အတော်လေး အကျိုးအမြတ် ရခဲ့တယ်။ ဒီအနက်ရောင်အရည်နဲ့ ကျောက်စိမ်းပုလင်း၊ ခုနစ်ရောင်စုံလက်သည်း၊ သွေးစဦးစိတ်ဝိညာဉ်နဲ့ သလင်းဓား တို့ကို ငါ ရခဲ့တယ်…”

ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် သုံးမြှောင့်ခရင်းခွ ပေါ်လာ၏။ သူက ၎င်းကို လှုပ်ခါလိုက်ရာ သေးငယ်သော သလင်းဓားတစ်လက် ပျံသန်းထွက်လာ လေ၏။

သူက ထိုဓားကို ဆုပ်ကိုင်ထားချိန်တွင် အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခု၏ အော်ရာ ပေါ်လာတော့သည်။ ၎င်းက သံဓားကို မယှဉ်နိုင်သော်လည်း ၎င်း၏စွမ်းအားကတော့ သာမန် မဟုတ်ပေ။

သူ့ရတနာများကို သေချာခွဲခြားပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အရှင်ဟွေစုန် ရတနာများစွာ ပိုင်ဆိုင်နေပုံကို‌ ထောက်ကြည့်၍ ဝမ်လင်းအဖို့ ဤခုနစ်ရောင်စုံနယ်မြေတွင် ရတနာများစွာ ရှိနေကြောင်းကို ခန့်မှန်းနိုင်ရန်မှာ မခက်ခဲတော့ချေ။ အရှင်ဟွေစုန်၏ ရတနာအများစုက ဤနေရာကနေ ရလာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မန္တာန်များကို ဆင့်ခေါ်နိုင်သည့် ပုတီးစေ့များပင်။

“ဒီနေရာဟာ ရတနာတွေနဲ့ ပြည့်နှက်နေတာ။ အရှင်ဟွေစုန်တောင် ရတနာတွေ ရနိုင်သေးရင် ငါရော ဘာလို့ မရနိုင်ရမှာလဲ…”

“လာမယ့် တိုက်ပွဲက ငါတို့ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ပေးနိုင်တဲ့ ဆေးလုံးတွေနဲ့ ပိုအားကောင်းတဲ့ ရတနာတွေကို ပိုင်ဆိုင်မှု အပေါ် မူတည်နေပြီ…”

ဝမ်လင်းက နှုတ်ခမ်းသပ်ကာ ရှေ့တည့်တည့်ရှိ တောင်ကြားထဲသို့ ဦးတည်သွားလေ၏။

သူ့ပထမဆုံး ဦးတည်ချက်က ဖန်းသဲချိုက်၏ မှတ်ဉာဏ်တွေထဲက စစ်မာမို၏ လှိုဏ်ဂူ ဖြစ်သည်။

ဖန်သဲချိုက်၏ မှတ်ဉာဏ်ထဲတွင် သူတို့ဟာ စစ်မာမို၏ လှိုဏ်ဂူကို ရှာတွေ့ခဲ့ပြီးနောက် အပြည့်အဝ မဖွင့်လှစ်နိုင်သေးဘဲ အစိတ်အပိုင်းတစ်ချို့ကိုသာ ဖွင့်လှစ်ခဲ့ကြသည်ဟု ဆို၏။ သည်တစ်ခေါက်တွင်တော့ သူတို့က သားရဲစိတ်ဝိညာဉ်များကို ရယူကာ ဆေးလုံးများအဖြစ် သန့်စင်မွန်းမံဖို့အတွက် ပြင်ဆင်လာခဲ့ကြပေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့် သူတို့က စစ်မာမို၏ လှိုဏ်ဂူကို အပြည့်အဝ ဖွင့်လှစ်ရန် သွားရောက် ချိုးဖျက်ကြမည် ဖြစ်သည်။

“အလုံးစုံ မဖွင့်လှစ်ရသေးတဲ့ လှိုဏ်ဂူ…” ဝမ်လင်းသည် ဖန်းသဲချိုက်၏ မှတ်ဉာဏ်များကို အခြေခံ၍ မြန်ဆန်စွာ သွားနေ၏။ သူက တောင်ကြားကို ခပ်မြန်မြန် ဖြတ်ကျော်လာခဲ့သည်။

သည်နေရာမှာ အလွန်ကျယ်ပြောပေ၏။ တောင်ကြားထဲတွင် အတားအဆီးများ ပြည့်နှက်နေသည်။ အများစုကတော့ ပျက်စီးသွားခဲ့ပြီး ဖြစ်၏။ တောင်ကြားသည်လည်း လှိုဏ်ဂူတစ်ခုခု ရှိမနေဘဲ အလွတ်ကြီး ဖြစ်နေ၏။

တစ်ရက်ကြာပြီးနောက် ဝမ်လင်းက တောင်ကြားတစ်ခု အပြင်ဘက်တွင် ရပ်၏။ ထိုတောင်ကြားက သာမန်သာ ဖြစ်၏။ သို့သော် သူ မျက်လုံးမှိတ်လိုက်ချိန်၌ သုန်မှုန်သောစိတ်ဆန္ဒတစ်ခု သူ့စိတ်ထဲ ဝင်ရောက်လာသည်ဟု ခံစားမိသည်။

ထိုတောင်ကြားက ပေါင်းပင်များနှင့် ပြည့်နှက်ကာ ဖျက်စီးခံထားရသည့် အတားအဆီးများ၏ အရိပ်လက္ခဏာတို့လည်း ရှိသည်။ ဤနေရာမှာ ဖန်းသဲချိုက်၏ မှတ်ဉာဏ်များအရ စစ်မာမို၏ လှိုဏ်ဂူ တည်နေရာ ဖြစ်ပေသည်။

သည်နေရာကို သေချာ စမ်းစစ်ကြည့်နေပြီးနောက် ဝမ်လင်းက ရှေ့ဆက်လာ၏။ သူက တောင်ကြားဝင်ပေါက် အနား ရောက်လာသည့်အခါ ရပ်၏။ သူ့မျက်လုံးထဲတွင် ကောက်ချက်ချမှုများ ပြည့်နှက်လာသည်။ ခဏအကြာတွင် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အတားအဆီးတစ်ခုကို ရှေ့တည့်တည့် ထိုးထွက်သွားစေသည်။

ချက်ခြင်းလိုလို ဤတောင်ကြားက တုန်ယင်လာ၏။ ဝမ်လင်းရှေ့ရှိ အရာများက ပြောင်းလဲလာသည်။ သာမန်ဆန်လွန်းသော တောင်ကြားက ခရမ်းရောင် ဖြစ်လာ၍ မြေပြင်ထက်ရှိ ပေါင်းပင်များသည်လည်း အနက်ရောင်မြေတို့က အစားထိုး သွားသည်။တောင်ကြား ဝင်ပေါက်သည်ပင် စောနကနှင့် ကွဲပြားသွားခဲ့ပေပြီ။ အနက်ရောင်အလင်းတစ်ခုက လူများ ရှေ့ဆက်မတိုးလာနိုင်အောင် ဟန့်တားထားလေ၏။

တောင်ကြားထဲတွင် အတားအဆီးအလွှာနှစ်ထပ် ရှိ၏။ ပထမအလွှာသည် ပုံရိပ်ယောင် ဖြစ်သည်။ ဖန်းသဲချိုက်နှင့်တခြားသူများ ရောက်ခဲ့သည်က ပထမအလွှာ၏ အက်ကြောင်းထဲ ဖြစ်၏။

သို့ရာတွင် ဝမ်လင်း၏ အတားအဆီးပညာရပ်အပေါ် နားလည်မှုအရ သူက သည်အချက်ကို ချက်ခြင်း မြင်သည်။ သူက သူ့လက်ကို ပင့်မြှောက်၍ ဒုတိယအလွှာပေါ်လာရန် ပြုလုပ်လိုက်ရာ သည်လှိုဏ်ဂူ၏ အစစ်အမှန်ပုံပန်းအသွင် ထွက်ပေါ်လာခြင်းသာ။

အနက်ရောင်အလင်းကို စူးစိုက်ကြည့်နေလျက် ဝမ်လင်းက မချီပြုံး ပြုံးမိ၏။ သည်အနက်ရောင်အလင်းက အရှင်ဟွေစုန် ကျောက်စိမ်းပုလင်းကို ရရှိရန် သွားရောက်ခဲ့သော နေရာကို ကာကွယ်ထားသည့် အတားအဆီးနှင့် အတူတူပင်။နှစ်ခုလုံးက အချိန်အတားအဆီးများ ဖြစ်ကြသည်။

ဝမ်လင်းက သူ့ညာလက်ကို အလင်းပေါ်သို့ တင်၍ တစ်ခဏတာ စဉ်းစားနေ၏။ အတားအဆီးပညာရပ်အပေါ် သူ့နားလည်မှုအရ သူက ဤအတားအဆီးမှာ နှစ်ပေါင်းနှစ်သောင်းနီးပါး သက်တမ်း ရှိပြီဟု တွက်ချက်မိသည်။ ၎င်းသည် ကျောက်စိမ်းပုလင်းပတ်လည်ရှိ အတားအဆီးနှင့် မယှဉ်နိုင်သော်လည်း ရတနာများစွာ မစတေးဘဲ အားဖြင့်အတင်း ချိုးဖျက်ဖို့တော့ ခက်ခဲနေဆဲပင်။

အနက်ရောင်အလင်းကို ကြည့်၍ ဝမ်လင်း စတင် စဉ်းစားနေ၏။ ခဏအကြာတွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ညာလက် လှုပ်ရှားသည်။ ကျောက်စိမ်းပြားတစ်ခု သူ့လက်ထဲတွင် ချက်ခြင်း ပေါ်လာ၏။ သည်ကျောက်စိမ်းပြားက စစ်မာမို ပိုင်ဆိုင်ပြီး အရိုင်းကုန်းမြေတွင် သူ ရရှိခဲ့သော ကျောက်စိမ်းပြား ဖြစ်သည်။

“စစ်မာမိုရဲ့ အမွေအနှစ်ကို အရိုင်းကုန်းမြေပေါ်ကနေ ငါ ရရှိခဲ့တယ်။ ဒီနေရာမှာလည်း စစ်မာမိုရဲ့ လှိုဏ်ဂူကို ငါ တွေ့နေရပြီ။ စိတ်ဝင်စားစရာပဲ…”

ဝမ်လင်း၏အမူအရာက ပျော်နေဟန်လည်း မဖြစ်သလို ဒေါသထွက်နေဟန်လည်း မပေါ်ပေ။

ကျောက်စိမ်းပြားကို ကိုင်ထားလျက် သူက ၎င်းကို အနက်ရောင်အလင်းထံ ဖြည်းဖြည်းချင်း တွန်း၏။ သည်အခိုက်တွင် အနက်ရောင်အလင်းသည် အပြင်းအထန် တုန်ခါ်လာပြီး ၎င်းအပေါ်၌ မရေမတွက်နိုင်သော လှိုင်းတွန့်များ ဖြစ်ပေါ်သည်။ တဖြည်းဖြည်းဖြင့် အလင်းသည် ဝမ်လင်း လက်ထဲရှိ ကျောက်စိမ်းပြားထံ လာရောက် စုဝေးကြသည်။ ထို့နောက် ဘန်းခနဲ ပေါက်ကွဲကာ အနက်ရောင်အလင်းသည် ကျောက်စိမ်းပြားကြောင့် စတင် လွင့်ပြယ်လာလျက် ဝင်ပေါက်တစ်ခု ပေါ်လာ၏။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။ ထို့နောက် သူက ဝင်ပေါက်ထဲသို့ ခြေလှမ်း၏။ သူ ဝင်လာပြီးနောက် အနက်ရောင်အလင်းပေါ်ရှိ အက်ကြောင်းက ပြန်ပိတ်ဆို့သွားသည်။ ထို့နောက် လှိုင်းတွန့်များ ပြန်လွင့်ပြယ်ကာ အရာရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ပုံရိပ်ယောင်သည် နောက်တစ်ကြိမ် ထပ်မံ ပေါ်လာ၏။ ခရမ်းရောင်တောင်ကြားက ပုံမှန် ပြန်ဖြစ်ကာ အနက်ရောင်မြေကြီးများသည်လည်း ပေါင်းပင်များဖြင့် တစ်ဖန် ပြန်ဖုံးအုပ်သွားလေ၏။

အနက်ရောင်အလင်းကို ဖြတ်ကျော်လာပြီးနောက် ဝမ်လင်းရှေ့တွင် ပေါ်လာသည်က အစိမ်းရောင်သမ်းနေသော မြက်ပင်များစွာ ‌ပေါက်နေသည့် တောင်ကြားတစ်ခုပင်။ ယင်းတောင်ကြားက မကြီးလှ၊ ပေတစ်ထောင် အကျယ်လောက်သာ ရှိသည်။ ထိုတောင်ကြားပတ်လည်ရှိ တောင်များပေါ်တွင်တော့ လှိုဏ်ဂူ ကိုးခု ရှိ၏။ တစ်ခုစီကို ကျောက်တုံးတစ်တုံးဖြင့် ချိပ်ပိတ်ထားသည်။

တောင်ကြားထဲရှိ မြက်ခင်းပြင်တွင် အရိုးစုတစ်ခု ရှိလေ၏။ ၎င်းက ဝမ်လင်းရှေ့ရှိ တောင်ကြားနံရံကို မှီလျက် ထိုင်နေသည်။ ၎င်း၏ ခေါင်းက အောက်စိုက်လျက် သူ့ညာလက်ညှိုးက မြေပြင်ထက်သို့ ညွှန်ပြထားသည်။

သူ့ခန္ဓာကိုယ်ရှေ့တွင် ကျောက်စိမ်းပြားသုံးခု ရှိ၏။

ဝမ်လင်းသည် ထိုအရိုးစုကို ငြိမ်သက်စွာ ကြည့်နေရင်း မျက်မှောင်ကြုတ်မိ၏။ ထိုအရိုးစုထံကနေ ခပ်ဖျော့ဖျော့ ခုနစ်ရောင်စုံအလင်းကို ပေးစွမ်းနေသည်။

သူက အရိုးစုနားထိ လျှောက်သွားပြီး ထိုင်ချကာ သေချာ စမ်းစစ်ကြည့်သည်။ ထို့နောက် သူက ပထမဆုံးကျောက်စိမ်းပြားကို ကောက်ယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်၏။

“ငါ ဒီနေရာကို ပြန်ရောက်လာခဲ့ ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ အတိတ်တုန်းက ငါ့ဆရာဦးလေး၊ ငါနဲ့ ငါ့ကလန်ဝင်တွေဟာ ဆန်းကြယ်တဲ့ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ်။ ဒီအက်ကြောင်းဟာ အတော်လေး ထူးဆန်းလှပြီး ခုနစ်ရောင်စုံအလင်းတို့နဲ့ ပြည့်နေခဲ့တယ်။ဒါဟာ အလွန်လှတယ်။ ဂျူနီယာညီမလေးဟာ ဒီအရောင်ကို အတော်လေး သဘောကျတဲ့အတွက် ငါက သူမအတွက် ဒီခုနစ်ရောင်စုံအလင်းကို ယူလာခဲ့ပေးမယ်လို့ ကတိပေးခဲ့တယ်…”

“ငါတို့ အက်ကြောင်းထဲ ဝင်လာပြီး ဒီခြောက်ခြားဖွယ် အိမ်မက်ဆိုးထဲ ရောက်သွား ခဲ့တော့တာပဲ။ ဒါဟာ အတိတ်တုန်းကပါ။ ရှေ့ကိုတော့ ငါ ကြို မမြင်နိုင်ဘူး…”

“ငါတို့ ဒီနေရာရဲ့ အတွင်းဘက်ကျဆုံး အပိုင်းထဲ ဝင်လာတော့ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုကို တွေ့ခဲ့ကြတယ်။ ဒီလျှို့ဝှက်ချက်ဟာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။ ငါတို့ တိမ်ပင်လယ်သာမက ၊အလုံးစုံကောင်းကင်၊ ဆင့်ခေါ်ခြင်းမြစ်နဲ့ တောက်ပသောဟင်းလင်းပြင် ကြယ်အဖွဲ့အစည်းသုံးခုကိုပါ တုန်လှုပ်သွားစေနိုင်တယ်…”

“ဒါပေမဲ့ နောက်ကျလွန်းခဲ့ပြီ။ ငါတို့ဟာ ငါတို့လက်နဲ့ ငါတို့မျှော်လင့်ချက်ကို ဖျက်စီးခဲ့ကြတာ။ ငါတို့ဟာ အပြစ်သားတွေပဲ။ ဆရာဟာ ငါတို့ကို ကလန်ကနေ မောင်းထုတ်ခဲ့တယ်။ သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့တာ ငါ သိတယ်။ ငါဟာ ငါ့ကလန်ဝင်တွေနဲ့အတူ ထွက်ခွာလာခဲ့ပြီး ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ မြူတွေကြားမှာ လမ်းပျောက်ခဲ့ကြတယ်။ မြူတွေကို ကြည့်နေပြီး ငါဟာ ဒီလျှို့ဝှက်ချက်ကြောင့် ကြောက်ရွှံ့မှု ခံစားခဲ့ရတယ်…”

“ဒီအတိုင်းမသိ ဘေးကပ်ဆိုးဟာ ငါတို့ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်ကြမှ ပြန်ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ငါတို့ဟာ ဒီခုနစ်ရောင်စုံနယ်မြေကိုပဲ ထပ်ရောက်လာခဲ့ကြရတယ်။ ဖြစ်နိုင်တာက ငါတို့ ဒီကနေ ထပ်ပြီး မထွက်ခွာနိုင်လောက်တော့ဘူး။ ဒါဟာ မျှတပါရဲ့လား။ ငါကတော့ ကံကြမ္မာကို ယုံကြည်တယ်။ ငါဟာ ကံကြမ္မာအလိုကျ ဖြစ်စေခဲ့တယ်…”

***

All Chapters