အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁) အခက်တွေ့အောင်လုပ်ခြင်း
ထိုအချိန်၌ ဟွမ်ဇီ ရောက်လာပြီး ချန်ဖုန်းက ပွဲတော် များကို ဆက်တိုက်ပေးပို့နေသည်ကို မြင်လိုက်ရသဖြင့် သူ၏မေးရိုး ပြုတ်ကျမတတ် အံ့အားသင့်သွားလေ၏။
"ဝါး နည်းပြချန် ခင်ဗျား ဘယ်လောက်တောင် ပေးလိုက်ပြီလဲ"
"အများကြီး မဟုတ်ပါဘူး တစ်ယောက်ကို ဆယ်ခုနှုန်းနဲ့ အခုဆိုရင် အမျိုးသမီး Live လွှင့်သူ အယောက်နှစ်ဆယ်ကျော်လောက်ပဲ ကြည့်ရသေးတယ်"
ချန်ဖုန်းက ပွဲတော် များကို ဆက်လက် ပေးပို့နေရင်း ပြောလိုက်သည်။
"အယောက်နှစ်ဆယ်ကျော်ပဲ ရှိသေးတယ် ဟုတ်လား"
ဟွမ်ဇီ လုံးလုံးလျားလျား ဆွံ့အသွားခဲ့၏။
သူ သေချာတွက်ကြည့်လိုက်ရာ စုစုပေါင်း ခြောက်သိန်းတိတိ ဖြစ်နေပေသည်။
ချန်ဖုန်း ချမ်းသာမှန်း သူ သိထားပေ၏။
လွန်ခဲ့သော လအနည်းငယ်က ချန်ဖုန်းသည် လက်ဆောင်များပေးပို့ရာမှ လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးသွားခဲ့ပြီး Douyin မှ အမျိုးသမီး Live လွှင့်သူတစ်ဦးက သူ့အား သူဌေးအစ်ကိုဖုန်း ဟုပင် ခေါ်ဆိုခဲ့ကြောင်းကိုလည်း သူ သိထားလေသည်။
သို့သော် ထိုအချိန်က ဖုန်းထဲမှသာ သူ မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။
ယခု တစ်ဖက်လူက လက်ဆောင်များ ပေးပို့နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင် ထိုအံ့အားသင့်မှုက သူ၏အာရုံကြောများကို တုန်လှုပ်သွားစေလောက်အောင် ပြင်းထန်လွန်းလှပေကာ
၎င်းက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့၏။
ထို့နောက် သူက သတိထားကာ မေးလိုက်သည်။
"ချန်... နည်းပြချန် ကျွန်တော် ကူပြီး ပေးပေးရမလား"
"ကောင်းပြီလေ"
ချန်ဖုန်းက သိပ်ဂရုမစိုက်ခဲ့ချေ။
သူက ဖုန်းကို ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်သည်။
"ငါ့အကောင့်ထဲမှာ ယွမ် တစ်ဘီလီယံ ရှိတယ် မင်း ကြိုက်သလောက် ပေးလို့ရတယ်... အမျိုးသမီး Live လွှင့်သူ တစ်ယောက်ကို ပွဲတော် ဆယ်ခုစီ ပေးလိုက်"
"တစ်ဘီလီယံ"
ဟွမ်ဇီ၏ လက်များ တုန်ရီသွားပေ၏။
ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် နဖူးပြင်တစ်ခုလုံး ချွေးစေးများ ပျံထွက်လာခဲ့လေ၏။
‘ဖုန်း မပြုတ်ကျသွားလို့ ကံကောင်းတာပဲ…’ ဟု ဟွမ်ဇီ တွေးလိုက်သည်။
ထိုသို့မဟုတ်ပါက သူကိုယ်တိုင် ဤဖုန်းအတွက် လျော်ပေးနိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဖုန်းကို ကိုင်လိုက်သည့် အခိုက်အတန့်မှာပင် ဟွမ်ဇီသည် ဖုန်း၏ ထူးခြားသော အထိအတွေ့ကို ရှင်းလင်းစွာ ခံစားလိုက်ရသောကြောင့် ဖြစ်ပေ၏။
ပြီးတော့ အင်တာနက် အမြန်နှုန်းကလည်း အလွန် မြန်ဆန်လွန်းလှသည်။
သူသည် ဖုန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး မျက်နှာပြင်ပေါ်တွင် သူ သဘောကျသော အမျိုးသမီး Live လွှင့်သူ ဖန်ရှီဝူ ရှိနေပေ၏။
"ပွဲတော် လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း..."
ဟွမ်ဇီသည် စစ်ဘက်ဆိုင်ရာဌာနမှ ဖြစ်သော်လည်း ယောကျာ်းတစ်ယောက် ဖြစ်နေဆဲပင်။
သူလည်း လှပသော အမျိုးသမီးများကို သဘောကျပေသည်။
မျက်နှာပြင်ပေါ်မှ ကြည်လင်ပြတ်သားသော ကျေးဇူးတင်စကားများကို ကြားလိုက်ရချိန်တွင် ၎င်းမှာ ချန်ဖုန်းအတွက် ဖြစ်သော်လည်း သူ့ကို ပျော်ရွှင်မှု ခံစားချက်တစ်ခု ပေးစွမ်းနေဆဲ ဖြစ်လေ၏။
[ဖန်ရှီဝူ ထံမှ ကျေးဇူးတင်စကား ရရှိပါသည်... စနစ်ပွိုင့် ၁၀မှတ်… ရရှိပါသည်။ ]
[ ချန်ရှောင်ယွီ ထံမှ ကျေးဇူးတင်စကား ရရှိပါသည် ... စနစ်ပွိုင့် ၁၂ မှတ် ရရှိပါသည်။ ]
[ ရှောင်ထျန်ထျန် ထံမှ ကျေးဇူးတင်စကား ရရှိပါသည် ... စနစ်ပွိုင့် ၈ မှတ် ရရှိပါသည်။ ]
…
[ဒင်... ပိုင်ရှင်က စနစ်ပွိုင့်တွေကို အရမ်း မကြာခဏ လက်ခံရရှိနေပါတယ်... စနစ်က စနစ်ပွိုင့် ရယူတဲ့ လုပ်ဆောင်ချက်ကို ယာယီ ပိတ်ထားလိုက်ပါပြီ]
…
ချန်ဖုန်း ထပ်မံ၍ အံ့အားသင့် မှင်တက်သွားပြန်ပေသည်။
‘ဘာတွေဖြစ်နေတာလဲ’ ဟု သူ တွေးလိုက်၏။
‘စနစ် မင်းက ဘာတွေ လာဖြစ်နေတာလဲ... အလိုအလျောက်တောင် ပိတ်သွားနိုင်သေးတာလား... ချီးပဲ... မင်းက တော်တော် မိုက်တာပဲ…’ ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
သူ၏ စနစ်ပွိုင့်များကို စစ်ဆေးကြည့်လိုက်ရာ စောစောက စနစ်ပွိုင့် ၇၀၀ သာ ရရှိခဲ့သေးပေ၏။
နည်းနည်းတော့ နစ်နာသွားသလိုပဲ ဟု သူ တွေးလိုက်မိသည်။
အထူးသဖြင့် ဟွမ်ဇီက ဖုန်းဖြင့် ပွဲတော်များကို အရူးအမူး ဆက်တိုက်ပေးပို့နေသည်ကို မြင်လိုက်ရချိန်တွင် ပို၍ပင် ဆိုးရွားလှပေ၏။
ထွက်သွားသော ငွေများအားလုံးမှာ တလက်လက် တောက်ပနေသော ငွေများပင်။ ယခုအခါ စနစ်က လုပ်ဆောင်ချက်ကို ပိတ်ချလိုက်ပြီ ဖြစ်ရာ လက်ဆောင်များ မည်မျှပင် ပေးပို့စေကာမူ မည်သူကမျှ ကျေးဇူးတင်စကား ပြောမည် မဟုတ်တော့ချေ။
ချန်ဖုန်းက ဖုန်းကို အလျင်အမြန် ပြန်လုယူကာ ပြောလိုက်၏။
"ဟိုလေ... ငါ့မှာ အလုပ်လေးရှိသေးလို့ အရင်သွားနှင့်တော့မယ်"
"ဟင်... နည်းပြချန် ကျွန်တော် အရှိန်တောင် မရသေးဘူး..."
"နောက်တစ်ခါပေါ့... နောက်တစ်ခါကျမှ ထပ်လုပ်ကြတာပေါ့"
ချန်ဖုန်း သည် အလျင်အမြန် လစ်ထွက်သွားတော့သည်။
အပြင်သို့ ရောက်သွားချိန်တွင် သူသည် စနစ်၏ ကျောပိုးအိတ်ထဲမှ ရှယ်ယာစာချုပ်တစ်ခုကို ထုတ်ယူလိုက်၏။
Great Wall Real Estate မှ ဖြစ်ပေသည်။
"စိတ်ဝင်စားစရာပဲ"
…
တစ်ချိန်တည်းမှာပင်။
Great Wall Real Estate ၏ ရုံးခန်းအတွင်း၌။
နန်ကုန်းမိသားစုမှ သခင်လေး နန်ကုန်းရိ သည် ပါးစပ်တွင် ဆေးပြင်းလိပ်ကို ကိုက်ထားကာ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေခဲ့၏။
"ဥက္ကဋ္ဌကျန်း ခင်ဗျားတို့ရဲ့ ဗီလာစီမံကိန်းတစ်ခု ပြီးတော့မယ်လို့ ကြားတယ်... ကျွန်တော့်အတွက် နှစ်လုံးလောက် ဖယ်ထားပေးဖို့ မမေ့နဲ့နော်" ဟု နန်ကုန်းရိက ပြောလိုက်သည်။
"သခင်လေးနန်ကုန်း စိတ်ချပါ... အချိန်ကျရင် လာပြီး ကြိုက်တာရွေးလို့ ရပါတယ်"
ကျန်းစီတာ က အတင်းအကျပ် ပြုံးလျက် ပြောဆိုလိုက်သည်။
Great Wall Real Estate သည် ဈေးကွက်တန်ဖိုး ယွမ် ဘီလီယံ ၆၀ မှ ၇၀ အထိ ရှိသော်လည်း ရှယ်ယာရှင် တစ်ဦးတည်းသာ ရှိခြင်းမဟုတ်ချေ။
ထို့အပြင် သခင်လေး နန်ကုန်းရိ သည် နန်ကုန်းမိသားစုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေ၏။
သူ့တွင် သတ္တိမည်မျှပင် ရှိစေကာမူ ထိုသူကို မစော်ကားရဲချေ။
"ဒါမှပေါ့..."
သခင်လေး နန်ကုန်းရိ က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
နန်ကုန်းမိသားစု၏ အမှတ်အသားဖြင့် ကျိုတိုတွင် ကိစ္စရပ်များကို ကိုင်တွယ်ရန်မှာ သူ၏အတွက် အမှန်တကယ် ပိုမို လွယ်ကူလှပေ၏။
ထိုအချိန်၌
အနက်ရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသော အတွင်းရေးမှူးမလေးသည် ပြာယာခတ်လျက် ပြေးဝင်လာကာ အော်ပြောလိုက်သည်။
"ဥက္ကဋ္ဌကျန်း ပြဿနာတက်နေပြီ"
"ဘာတွေ လောနေတာလဲ... သိက္ခာရှိရှိ နေစမ်းပါ"
ကျန်းစီတာ က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အကယ်၍ ဤအတွင်းရေးမှူးမလေးသည် အိပ်ရာပေါ်တွင် ထူးချွန်သော စွမ်းရည်များ မရှိခဲ့ပါက သူမကို သူ အလုပ်ထုတ်ပစ်ပြီးလောက်ပြီ ဖြစ်သည်။
‘လုံးဝ အသိဉာဏ် မရှိဘူး…’ ဟု သူ တွေးလိုက်၏။
“ဒီမှာ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ရှိနေတာကို မမြင်ဘူးလား…”
"ရပါတယ်... ကိစ္စရှိရင် အရင် ဖြေရှင်းလိုက်ပါ... ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး"
သခင်လေး နန်ကုန်းရိ က အတွင်းရေးမှူးမလေး၏ လမ်းလျှောက်သွားတိုင်း လှုပ်ခါနေသော တင်ပါးများကို အမှတ်တမဲ့ ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။ ၎င်းက ထိုကောင်မလေး ကျီရွှယ်အာ ထက် များစွာ သာလွန်နေပေ၏။
ထိုအချိန်မှသာ ဥက္ကဋ္ဌ ကျန်းစီတာ သည် ခေါင်းလှည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ပြောလေ... ဘာကိစ္စလဲ"
"ဥက္ကဋ္ဌကျန်း တစ်ယောက်ယောက်က ကျွန်မတို့ ကုမ္ပဏီရဲ့ ပြန့်ကျဲနေတဲ့ ရှယ်ယာတွေကို ဝယ်သွားတယ်... အခု သူတို့က ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကုမ္ပဏီမှာ အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေပြီ"
ထိုသို့ ပြောဆိုရင်း သူမသည် ဥက္ကဋ္ဌ ကျန်းစီတာ အား ခိုးကြည့်ကာ သတိပေးလိုက်၏။
"ဥက္ကဋ္ဌကျန်းရဲ့ ၂၀ ရာခိုင်နှုန်းထက်တောင် များနေတယ်..."
"ဟင်..."
ဥက္ကဋ္ဌ ကျန်းစီတာ ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေသည်။
ဤကိစ္စသည် သူ့အတွက် အမှန်တကယ် ကြီးမားသော အဖြစ်အပျက်တစ်ခုပင်။
အရင်က သူသည် ကုမ္ပဏီတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါတွင် ရုတ်တရက် နံပါတ်နှစ် နေရာသို့ ရောက်ရှိသွားခဲ့လေပြီ။
‘ပြီးတော့ ဥက္ကဋ္ဌ နေရာကလည်း အစားထိုးခံရတော့မယ်…’ ဟု သူ တွေးကာ စိုးရိမ်သွား၏။
သို့သော်လည်း တစ်ဖက်လူသည်
ကုမ္ပဏီ၏ ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ခြင်းက ၎င်းတို့တွင် ခိုင်မာသော အင်အားအချို့ ရှိနေသေးကြောင်း ဖော်ပြနေပေသည်။
အတွင်းရေးမှူးမလေးက ဆက်ပြောလိုက်၏။
"ပြီးတော့ ခုနလေးတင် တစ်ဖက်လူက ဖုန်းဆက်ပြီး ကုမ္ပဏီကို လာလည်မယ်လို့ ပြောတယ်"
ဥက္ကဋ္ဌ ကျန်းစီတာ က ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းပြီ... သိပြီ... တစ်ဖက်လူရဲ့ အချက်အလက် မိတ္တူတစ်စောင် ငါ့ကို ပေးထား... သူရောက်လာရင် ငါ့ကို ကြိုပြော"
"ဟုတ်ကဲ့ပါ..."
အတွင်းရေးမှူးမလေးက သူမလက်ထဲရှိ စာရွက်စာတမ်းများကို အလျင်အမြန် ကမ်းပေးလိုက်၏။
ထို့နောက် ရုံးခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
ဥက္ကဋ္ဌ ကျန်းစီတာ သည် စာရွက်စာတမ်းများကို ကောက်ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
"ချန်ဖုန်း..."
အပေါ်တွင် အခြေခံ အချက်အလက် အချို့သာ ပါဝင်ပေ၏။
ဥပမာအားဖြင့် နာမည်၊ အသက်၊ ဖုန်းနံပါတ်၊ လိပ်စာ စသည်တို့ ဖြစ်သည်။
အခြား ကိုယ်ရေးကိုယ်တာ အချက်အလက်များကို နောက်ခံမရှိဘဲ ရှာဖွေရန်မှာ မဖြစ်နိုင်ချေ။
ဥက္ကဋ္ဌ ကျန်းစီတာ သည် ထိုစကားလုံး နှစ်လုံးကို ရေရွတ်လိုက်ချိန်တွင်။
အနီးတွင် ထိုင်နေသော သခင်လေး နန်ကုန်းရိ ၏ မျက်နှာသည် ရုတ်တရက် မှောင်မိုက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော ဒေါသများ ပြန့်နှံ့သွားလေ၏။
ချန်ဖုန်း…
သူသည် မကြာသေးမီနှစ်များအတွင်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲသော ပထမဆုံးလူပင်။
ပြီးတော့ သူ၏ လက်ထဲမှ သေနတ်ပစ်ကွင်း ကို လုယူရဲသော ပထမဆုံးလူလည်း ဖြစ်လေသည်။
"ဥက္ကဋ္ဌကျန်း ခင်ဗျားတို့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်သွားတာ ချန်ဖုန်း လား"
"ဟုတ်တယ်... သူက ဘယ်သူလဲဆိုတာ ကျွန်တော် သိချင်နေတာ"
ဥက္ကဋ္ဌ ကျန်းစီတာ မှာ အလွန်အမင်း စိုးရိမ်ပူပန်နေလျက် ပြန်ဖြေလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက လက်ရှိမှာ အဓိက ရှယ်ယာရှင်လေ... အကယ်၍ တစ်ဖက်လူကသာ ဥက္ကဋ္ဌ ဖြစ်ချင်တယ်ဆိုရင်... ငါ နေရာဖယ်ပေးရတော့မှာပေါ့…’ ဟု သူ တွေးလိုက်မိသည်။
သခင်လေး နန်ကုန်းရိ က အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်သည်။
"ဥက္ကဋ္ဌကျန်း ကျွန်တော် ဝေဖန်နေတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ခင်ဗျားက ဒီကုမ္ပဏီကို ဒီအရွယ်အစားအထိ ရောက်အောင် ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာလေ... တခြားသူတွေကို လွှဲပေးရမှာကို ခင်ဗျား တကယ်ပဲ ကျေနပ်နေလို့လား... ချန်ဖုန်း ဆိုတာကို ကျွန်တော် သိတယ်... သူက လူသစ်လေး တစ်ယောက်ပါ... တကယ်လို့ ခင်ဗျားက ဥက္ကဋ္ဌ နေရာကို ဆက်ယူထားချင်ရင် ဒီနေ့ သူ့ကို ပညာပေးမှ ရမယ်"
"ခင်ဗျား ဆိုလိုတာက..."
ဥက္ကဋ္ဌ ကျန်းစီတာ အနည်းငယ် အံ့အားသင့်သွားပေ၏။
သခင်လေး နန်ကုန်းရိ က ရယ်မောလျက် ပြောဆိုလိုက်သည်။
"ဒီကုမ္ပဏီအတွက် ခင်ဗျား ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူ သိလာအောင် လုပ်ရမယ်... ခင်ဗျားမရှိရင် ကုမ္ပဏီက ပြန်လည်မပတ်နိုင်ဘူး ဆိုတာကိုပေါ့... လာပါ... ခင်ဗျားရဲ့ အမှုဆောင်အရာရှိတွေ အကုန်လုံးကို ခေါ်လိုက်... ကျွန်တော် ခင်ဗျားတို့ကို အရက်တိုက်မယ်... ပြီးတော့ ကုမ္ပဏီက အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးကိုလည်း ခေါ်ခဲ့"
"ဟင်..."
ဥက္ကဋ္ဌ ကျန်းစီတာ ၏ ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။
"ဒါပေမဲ့ ချန်ဖုန်း က မကြာခင် ရောက်လာတော့မှာလေ..."