← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း (၂၈၃) အားလုံးကို အလုပ်ထုတ်ပစ်လိုက်သည်

ရုံးခန်းအတွင်း၌။

ချန်ဖုန်း သည် ဥက္ကဋ္ဌ၏ နေရာတွင် ထိုင်လိုက်သည်။

ထို့နောက်သူက ဘေးရှိ ဝူတန်တန် ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

"ဝူတန်တန် နင်က အခု ဘယ်ဌာနမှာ စာရေးအလုပ် လုပ်နေတာလဲ"

"ငါ ဒီကိုရောက်တာ လအနည်းငယ်ပဲ ရှိသေးတယ်... ပြီးတော့ အတွေ့အကြုံ သိပ်မရှိဘူးလေ... အခုတော့ ငါ မားကက်တင်းဌာနမှာ စာရေးလုပ်နေတယ်"

ဝူတန်တန် က သက်ပြင်းချလျက် ပြောဆိုလိုက်သည်။

သူမလို အတွေ့အကြုံမရှိသော ဘွဲ့ရတစ်ဦးအတွက် အလုပ်ရှာရန်မှာ အမှန်တကယ် ခက်ခဲလှပေ၏။

‘စာရေးအလုပ်ရတာပဲ တော်တော်လေး ကောင်းနေပါပြီ…’ ဟု သူမ တွေးလိုက်သည်။

ချန်ဖုန်း က ဖျော့တော့စွာ ပြုံးလျက် ပြလိုက်၏။

"အခုကစပြီး နင်က ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးပဲ"

"ဟင်..."

ဝူတန်တန် ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားလေသည်။

ဥက္ကဋ္ဌ၏ အတွင်းရေးမှူး ရာထူးသည် ဥက္ကဋ္ဌ၏ ယုံကြည်ရသော လူယုံတစ်ဦးနှင့် ညီမျှပေ၏။

သူမသည် ကုမ္ပဏီတွင် အလွန် အရေးပါနေဆဲဖြစ်ပြီး သူမ၏ လစာမှာလည်း လက်ရှိရာထူးထက် များစွာ မြင့်မားပေသည်။

‘ဒါပေမဲ့...ဥက္ကဋ္ဌ ကျန်းစီတာ ဆိုရင်... သူက အရမ်း နှာဘူးကျတာ... တကယ်လို့ ငါက သူ့ရဲ့ အတွင်းရေးမှူးသာ ဖြစ်လာမယ်ဆိုရင်…’ ဟု သူမ တွေးမိသည်။

‘အဲဒါက လုပ်စရာကိစ္စရှိရင် အတွင်းရေးမှူးအလုပ်ကို လုပ်ပြီး... လုပ်စရာကိစ္စမရှိရင် အတွင်းရေးမှူးကို လုပ်တာမျိုး မဟုတ်ဘူးလား...

အို ဘုရားရေ…’

ထိုမြင်ကွင်းကို တွေးမိရုံဖြင့် ဝူတန်တန် သည် ခေါင်းကို ခါယမ်းလိုက်မိပေ၏။

"ဟင့်အင်း... ဟင့်အင်း... ဟင့်အင်း... ငါ အတွင်းရေးမှူး မလုပ်ဘူး"

"ဘာလို့လဲ"

ချန်ဖုန်း ဇဝေဇဝါ ဖြစ်သွားရလေသည်။

"ဥက္ကဋ္ဌကျန်း က..."

ဝူတန်တန် ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားတော့၏။ ဤကဲ့သို့သော စကားမျိုးကို ချန်ဖုန်း ၏ရှေ့တွင် ပြောထွက်ရန် သူမ မဝံ့မရဲ ဖြစ်နေခဲ့သည်။

ချန်ဖုန်း ကလည်း အရူးမဟုတ်ချေ။

သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် တစ်ခုခုကို ချက်ချင်း နားလည်သွားလေ၏။

"စိတ်မပူပါနဲ့... ငါက ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် ဖြစ်နေပြီဆိုတော့ အခုကစပြီး ဥက္ကဋ္ဌ ကျန်းစီတာ က ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မဟုတ်တော့ဘူး..."

"ဥက္ကဋ္ဌအတွက် ငါ့မှာ တခြား အစီအစဉ်တွေ ရှိတယ်"

ထိုသို့ ပြောဆိုရင်း သူသည် ဝူတန်တန် ကို ထပ်မံကြည့်ရှုကာ ပြုံးလျက် ပြောလိုက်၏။

"အခု နင့်ကို ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးအဖြစ် ငါ ခန့်အပ်လိုက်တယ်... ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေ အကုန်လုံးဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပါ..."

"ဆယ်မိနစ်အတွင်း ကုမ္ပဏီကို ပြန်လာကြဖို့ သေချာပြောလိုက်... အဲဒီလိုမှမဟုတ်ရင် အကျိုးဆက်တွေကို သူတို့ဘာသာ တာဝန်ယူရလိမ့်မယ်"

"ဟင်...ကောင်းပါပြီ… ငါ အခုချက်ချင်း သွားလိုက်မယ်"

ဝူတန်တန် သည် ရုံးခန်းထဲမှ အလျင်အမြန် ထွက်သွားလေသည်။

သူမသည် အတွင်းရေးမှူးမလုပ်ဘူးဟု ခုနလေးတင် ပြောခဲ့သည်ကို မေ့သွားပုံရပေ၏။

ကုမ္ပဏီ၏ အမှုဆောင်အရာရှိများ၏ ဆက်သွယ်ရန် အချက်အလက်များကို အုပ်ချုပ်ရေးဌာနတွင် မှတ်ပုံတင်ထားပေသည်။

၎င်းကို ရှာဖွေနိုင်မည်မှာ သေချာလှ၏။

သူမ အလုပ်နေရာသို့ ပြန်ရောက်လာချိန်တွင် သူမ၏ လုပ်ဖော်ကိုင်ဖက်များက အလျင်အမြန် ဝိုင်းရံလာကြသည်။

"ဝူတန်တန် ခုနက လူက တကယ်ပဲ သူဌေးကြီးလား"

"တန်တန် နင်တို့နှစ်ယောက်က ရယ်ရယ်မောမော စကားပြောနေကြတာကို ငါ မြင်တယ်... နင်တို့ သိကြတာလား"

"ဟုတ်တယ်... ဟုတ်တယ်... လာပါ... ငါတို့ကို ပြောပြပါဦး... ဘာတွေ ဖြစ်နေတာလဲ"

…

တစ်ချိန်တည်းမှာပင်။

ဘားတစ်ခုအတွင်း၌။

ဘားတစ်ခုလုံးသည် နားကွဲမတတ် ဆူညံသံများဖြင့် ပြည့်နှက်နေပေ၏။

ဤဘားကို နန်ကုန်းမိသားစုက ပိုင်ဆိုင်ခြင်း ဖြစ်သည်။

Great Wall Real Estate မှ အမှုဆောင်အရာရှိများသည် ဤနေရာတွင် ပျော်ရွှင်စွာ အနားယူနေကြပြီး လွတ်လပ်စွာ ကခုန်ကာ အရက်ကို အဝသောက်ရင်း ၎င်းတို့၏ စိတ်တိုင်းကျ ပျော်ပါးနေကြလေ၏။

‘ပုံမှန်ဆိုရင် အလုပ်မှာ အရမ်း ဖိအားများတယ်လေ…’ ဟု သူတို့ တွေးကြသည်။

ယခုအချိန်တွင် သူတို့ ဤနေရာသို့ ရောက်နေပေ၏။

အရက်၏ အကူအညီဖြင့် အချို့လူများသည် ၎င်းတို့ကိုယ်တိုင် လုံးဝ လွတ်လပ်ခွင့် ပေးထားကြလေသည်။

ထိုအချိန်၌ လူတိုင်း မက်ဆေ့ခ်ျတစ်ခုစီ လက်ခံရရှိလိုက်ကြ၏။

အတွင်းရေးမှူးမလေးသည် သူမ၏ သေးသွယ်သော ခါးကို လှုပ်ခါကာ ဥက္ကဋ္ဌ ကျန်းစီတာ ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူမ၏ တောက်ပသော အနီရောင်နှုတ်ခမ်းများကို သူ၏ နားအနီးသို့ ကပ်ကာ ပြောလိုက်၏။

"ဥက္ကဋ္ဌကျန်း ကုမ္ပဏီက ဝူတန်တန် ဆိုတဲ့ ကောင်မလေးက ကျွန်မတို့ဆီ တကယ်ပဲ မက်ဆေ့ခ်ျ ပို့လာတယ်... ဆယ်မိနစ်အတွင်း ပြန်မလာရင် အကျိုးဆက်တွေကို ကိုယ်တိုင် တာဝန်ယူရမယ်လို့ သူက ပြောတယ်"

"ဝူတန်တန်"

ဥက္ကဋ္ဌ ကျန်းစီတာ က အေးစက်စွာ နှာမှုတ်လိုက်သည်။

"အကျိုးဆက်တွေကို ကိုယ်တိုင် တာဝန်ယူရမယ် ဟုတ်လား... သူ့ကို ဘယ်သူက အခွင့်အရေး ပေးထားလို့လဲ... အဓိက ရှယ်ယာရှင်သစ် ချန်ဖုန်း လား"

သူသည် ကျွမ်းကျင်သော ဝါရင့်တစ်ဦးဆိုသည့် နာမည်နှင့် အမှန်တကယ်ပင် ထိုက်တန်ပေ၏။

ဤမက်ဆေ့ခ်ျကို ချန်ဖုန်း က ပို့ခိုင်းလိုက်ခြင်းဖြစ်ကြောင်း သူ ချက်ချင်း ခန့်မှန်းမိသွားလေသည်။

ကုမ္ပဏီ၏ အခြား အမှုဆောင်အရာရှိများသည်လည်း ရောက်လာကြပြီး ၎င်းတို့ဘေးရှိ ခုံများတွင် ဝင်ထိုင်လိုက်ကြ၏။

အချို့လူများက ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်သွားကြသည်။

အချို့လူများကတော့ ဂရုမစိုက်ကြချေ။

အခြားသူများကတော့ ဆက်တိုက် သောက်နေကြဆဲပင်။

သိသာထင်ရှားလှပေ၏။

ဤသည်မှာ အသစ်ရောက်လာသော အဓိက ရှယ်ယာရှင်ကို အခက်တွေ့စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ သိရှိထားပြီး ဖြစ်လေသည်။

ဤလူများအနက် အများစုမှာ ဥက္ကဋ္ဌ ကျန်းစီတာ က ကိုယ်တိုင် ရာထူးတိုးပေးထားသူများ ဖြစ်ကြပေ၏။

ဥက္ကဋ္ဌ ကျန်းစီတာ သည် ထိုအဓိက ရှယ်ယာရှင်ကို ပစ်မှတ်ထားနေမှန်း သေချာပေါက် သိထားသော်လည်း ၎င်းတို့သည် ဥက္ကဋ္ဌ ကျန်းစီတာ ၏ဘက်တွင် ချွင်းချက်မရှိ ရပ်တည်နေကြဆဲ ဖြစ်ပေသည်။

အနည်းငယ်မျှသော လူများသာ တုံ့ဆိုင်းနေကြ၏။

‘ဘာလုပ်ရမှန်း မသိတော့ဘူး…’ ဟု သူတို့ တွေးကြသည်။

အကယ်၍ သူတို့ ထွက်သွားခဲ့ပါက အနာဂတ်တွင် ဥက္ကဋ္ဌကျန်း က သူ့ကို သေချာပေါက် ပစ်မှတ်ထားပေလိမ့်မည်။

သို့သော် အကယ်၍ ၎င်းတို့ ထွက်မသွားဘဲ ထိုအဓိက ရှယ်ယာရှင်က ကုမ္ပဏီကို ထိန်းချုပ်သွားခဲ့ပါက ၎င်းတို့လည်း ပစ်မှတ်ထားခံရမည် ဖြစ်ပေ၏။

ဥက္ကဋ္ဌ ကျန်းစီတာ သည် သူ၏အကြည့်ကို လူတိုင်းအပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။

ထို့နောက်သူက လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။

"အားလုံးပဲ... ချန်ဖုန်း က အဓိက ရှယ်ယာရှင် ဖြစ်နေပေမဲ့ ကုမ္ပဏီက ဆက်ပြီး ပိုက်ဆံရှာနိုင်ဖို့နဲ့ ဆက်ပြီး လည်ပတ်နိုင်ဖို့က ငါ့ကိုပဲ အားကိုးရမှာလေ..."

"တကယ်လို့ မင်းတို့ အခု ထွက်သွားရင် ငါ့ကို မျက်နှာမထောက်တာပဲ..."

"မင်းတို့ တကယ်ပဲ ထွက်သွားချင်သေးတာ သေချာလို့လား"

ဤစကားများကို ကြားလိုက်ရချိန်တွင်။

လူတိုင်း ချက်ချင်း ပြန်ထိုင်လိုက်ကြလေ၏။

"ဥက္ကဋ္ဌကျန်း ခင်ဗျား နားလည်မှုလွဲနေပြီ... ကျွန်တော်တို့ အားလုံးက ခင်ဗျားဘက်မှာ ရပ်တည်နေတာပါ... ချန်ဖုန်း က သူ့ကိုယ်သူ ဘာကောင်လို့ ထင်နေတာလဲ... သူက ရှယ်ယာရှင်အဖြစ်ပဲ နေတာက ပိုမကောင်းဘူးလား... ကုမ္ပဏီရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့တောင် ကြိုးစားနေသေးတယ်"

"ဟုတ်တယ်... ကုမ္ပဏီမှာ သူတစ်ယောက်တည်း ရှယ်ယာရှင် ရှိတာမှ မဟုတ်တာ... ငါတို့ရဲ့ ဥက္ကဋ္ဌကျန်း ကလည်း ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ပဲလေ... ဥက္ကဋ္ဌကျန်း က ငါတို့နောက်မှာ ရှိနေမှတော့ ဘာကို ကြောက်နေရဦးမှာလဲ"

"ဟုတ်တယ်... ဟုတ်တယ်... ဥက္ကဋ္ဌကျန်း ငါတို့နောက်မှာ ရှိနေတာပဲ"

လူတိုင်းက ဝင်ပြောလိုက်ကြသည်။

ဥက္ကဋ္ဌ ကျန်းစီတာ က ခေါင်းခါကာ ပြောလိုက်၏။

"ကောင်းပြီ... ငါတို့နောက်မှာ တကယ် ရပ်တည်ပေးနိုင်တဲ့သူက သခင်လေး နန်ကုန်းရိ ပဲ... ဘာပဲဖြစ်ဖြစ် သူက နန်ကုန်းမိသားစုက အဖွဲ့ဝင်လေ"

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်။

လူတိုင်း ချက်ချင်း သက်ပြင်းချနိုင်သွားကြလေသည်။

ဥက္ကဋ္ဌ ကျန်းစီတာ က အတွင်းရေးမှူးမလေးကို ထပ်မံကြည့်လိုက်၏။

"သခင်လေးနန်ကုန်း ကို သွားကြည့်လိုက်... သူ ဘယ်အချိန် အောက်ဆင်းလာမလဲဆိုတာ ကြည့်ထား"

"ဟုတ်ကဲ့ပါ..."

အတွင်းရေးမှူးမလေးသည် ကြိုးတစ်ချောင်းပါသော ဂါဝန်ကို ဝတ်ဆင်ထားသည်။

သူမ လမ်းလျှောက်သွားတိုင်း ဖြတ်ခနဲ ပေါ်လာသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် အသားအရေက လူတိုင်း၏ အာရုံကို အဆက်မပြတ် ဆွဲဆောင်နေခဲ့၏။

ထိုမြင်ကွင်းကို ကြည့်နေသော ယောကျာ်းတစ်စုသည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြလေသည်။

အတွင်းရေးမှူးမလေးက အပေါ်ထပ်သို့ တက်သွား၏။

ဤနေရာသည် အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်းမရှိဘဲ သခင်လေး နန်ကုန်းရိ ပုံမှန် အနားယူလေ့ရှိသော နေရာ ဖြစ်ပေသည်။

အတော်လေး ကြီးမားသော အိပ်ခန်းတစ်ခန်း ရှိလေ၏။

အတွင်းရေးမှူးမလေးသည် အိပ်ခန်းတံခါးဝသို့ ရောက်ရှိသွားပြီး သော့ခတ်မထားကြောင်း တွေ့ရှိလိုက်ရသည်။

"သခင်လေးနန်ကုန်း..."

သူမက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သော်လည်း သခင်လေး နန်ကုန်းရိ ၏ ပုံရိပ်ကို မမြင်တွေ့ရချေ။

အလိုအလျောက်ပင် သူမ အထဲသို့ ဝင်သွားလိုက်၏။

အိပ်ခန်းတစ်ခုလုံးသည် စတုရန်းမီတာ ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ခန့် ကျယ်ဝန်းပြီး အပြင်ဘက် ရှုခင်းကို မြင်တွေ့နိုင်သော ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသည့် မှန်ပြတင်းပေါက်ကြီးတစ်ခု ရှိပေသည်။

သူမသည် ထိုမှန်ပြတင်းပေါက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

သူမ အပြင်ဘက်ရှိ ရှုခင်းများကို ခံစားကြည့်ရှုရန် ပြင်လိုက်ချိန်မှာပင် သူမ၏ နားထဲသို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"မင်း ငါ့ကို ရှာနေတာလား"

သခင်လေး နန်ကုန်းရိ သည် မှန်ပြတင်းပေါက်ကြီး၏ မှန်ပေါ်သို့ သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖိကပ်လိုက်လေသည်။

သူ၏ လက်ဖဝါးသည် သူမ၏ မွှေးပျံ့သော ပခုံးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

နှစ်ဖက်စလုံးရှိ ပခုံးကြိုးများသည် ချက်ချင်း လျှောကျသွားတော့သည်။

အခြားလက်တစ်ဖက်က အောက်ဘက်သို့ လှမ်းသွားပြီး ရယ်မောကာ ပြောလိုက်သည်။

"ဘာမှမပါဘူးပဲ... ဒါဆို ငါနဲ့ ခဏလောက် အရင်ကစားရအောင်... ပြီးမှ သွား..."

…

နာရီဝက် ကြာပြီးနောက်။

အတွင်းရေးမှူးမလေးသည် သခင်လေး နန်ကုန်းရိ ၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေပြီး သူ၏နားထဲသို့ ညင်သာစွာ သက်ပြင်းချလျက် ပြောလိုက်သည်။

"သခင်လေးနန်ကုန်း ရှင် အရမ်း ဆိုးတာပဲ... ကျွန်မ အာရုံလွင့်နေတုန်း အခွင့်အရေးယူတယ်..."

"မင်းက ငါ့ကို အရင် မြှူဆွယ်ခဲ့တာ မဟုတ်ဘူးလား"

သခင်လေး နန်ကုန်းရိ သည် သူမ၏ ပြည့်ဖြိုးသော တင်ပါးများကို ခပ်နာနာလေး ဆုပ်နယ်လိုက်ပြီး ရယ်မောလိုက်၏။

"ဒီလိုမျိုး ဝတ်ထားပြီး အောက်ပိုင်းကို တမင်တကာ ဘာမှမဝတ်ဘဲ ထားတာက အလုပ်လုပ်ရတာ ပိုလွယ်အောင်လို့ မဟုတ်ဘူးလား... ကဲ မြန်မြန် အဝတ်အစား ဝတ်လိုက်တော့... သူတို့ စောင့်နိုင်တော့မှာ မဟုတ်ဘူး"

"..."

အတွင်းရေးမှူးမလေးသည် နှုတ်ခမ်းကို တွန့်ကွေးခြင်းမှ မတားဆီးနိုင်ခဲ့ချေ။

‘သူက ဘောင်းဘီဝတ်ပြီးတာနဲ့ ဘယ်သူ့ကိုမှ မမှတ်မိနိုင်တော့တာပဲ…’ ဟု သူမ တွေးလိုက်မိသည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက နန်ကုန်းမိသားစုကလေ။

သခင်လေး နန်ကုန်းရိ ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအရ သူ၏ ပတ်ဝန်းကျင်တွင် လှပသော အမျိုးသမီး အများအပြား ရှိနေသင့်ပေသည်။

သူ့အတွက်တော့ သူမက ရံဖန်ရံခါ အရသာပြောင်းလဲမှုလေး တစ်ခုလောက်ပဲ ဖြစ်မှာပါ။

သူမ အဝတ်အစား ဝတ်ဆင်၍ ပြီးဆုံးချိန်မှာပင် သူမ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိလိုက်၏။

ပါဝင်သောအကြောင်းအရာကို ဖတ်ပြီးနောက် သူမ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"အလုပ်ထုတ်စာ..."

"ငါ အလုပ်ထုတ်ခံလိုက်ရပြီ..."

သူမ တစ်ယောက်တည်း မဟုတ်ချေ။

ဤအချိန်၌

Great Wall Real Estate မှ အမှုဆောင်အရာရှိများအားလုံးသည် အလုပ်ထုတ်စာတစ်စောင်ကို လက်ခံရရှိခဲ့ကြ၏။

ဥက္ကဋ္ဌ ကျန်းစီတာ အပါအဝင် ဖြစ်ပေသည်။

ယခင် မက်ဆေ့ခ်ျက ၎င်းတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပါက လက်ရှိ အလုပ်ထုတ်စာက လူတိုင်းကို ချက်ချင်းပင် ဒေါသထွက်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတွင် Great Wall Real Estate ၏ တရားဝင် တံဆိပ်တုံး ပါဝင်နေသောကြောင့် ဖြစ်ပေ၏။

All Chapters