← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂ လိမ်လည်ခြင်း

"အိုကေ..."

ဂျွန် ၏ စကားကို ရက်ဒ် က ခေါင်းညိတ် သဘောတူလိုက်သည်။ သို့သော် ရိုအန် ၏ မျက်ခုံးများ တစ်ချက် ပင့်သွားပြီး ဂျွန် ၏ တံတောင်ဆစ် တွင် ရှိနေသော ဒဏ်ရာများကို လက်ညှိုးထိုးကာ မေးမြန်းလိုက်သည်။

"မင်းရဲ့ တံတောင်ဆစ် က ဘာဖြစ်ထားတာလဲ..."

ဂျွန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ညာဘက် တံတောင်ဆစ် တွင် သွေးစများ ခဲနေပြီး လုံးဝ မပျောက်ကင်းသေးသော ဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ပေါ့ပါးသော မျက်နှာထားဖြင့် ဖြေကြားလိုက်သည်။

"သူနာပြု လူးစီယာ ရဲ့ ကြောင် ကုတ်ထားတာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ် က သူနာပြု လူးစီယာ ရဲ့ ကား ပျက်သွားလို့ ဒီကို လာပြင်တုန်းက... ကားရဲ့ ခရီးသည် ထိုင်ခုံ မှာ ကြောင် တစ်ကောင် ပါလာတာကို ငါ သတိမထားမိ လိုက်ဘူး... အဲ့ဒါနဲ့ မတော်တဆ အကုတ်ခံ လိုက်ရတာ..."

ထိုအချိန်မှာပင် အဖြူရောင် ကားတစ်စီး က ကားပြင် ဝပ်ရှော့ ရှေ့တွင် ရပ်တန့်သွားသည်။ ဂျွန် ၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် လှုပ်ရှားသွားပြီး တီးတိုး ဆဲရေးတိုင်းထွာ လိုက်သော်လည်း အဖြူရောင် ကားပေါ်မှ ဆင်းလာသူကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"အဲ့ဒါ လူးစီယာ ပဲ... လူးစီယာ က ဘေးနားက မာရီယာ ဆေးရုံ က သူနာပြု တစ်ယောက်လေ..."

ရိုအန် နှင့် ရက်ဒ် တို့ က ဂျွန် လက်ညှိုးထိုးပြရာ သို့ လှမ်းကြည့်လိုက်ကြသည်။ ထွားကျိုင်း တုတ်ခိုင်သော လူဖြူ အမျိုးသမီးကြီး တစ်ဦး က ကားပေါ်မှ ခက်ခဲစွာ ဆင်းလာပြီး ကားပြင် ဝပ်ရှော့ ဘက်သို့ အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။

"သူဌေး... ကား လာပြင်တာ..."

သူနာပြု လူးစီယာ ၏ တုတ်ခိုင်သော ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသောအခါ ရက်ဒ် ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသော်လည်း ရိုအန် ၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားသည်။ ရိုအန် ၏ ဦးနှောက်ထဲတွင် သစ်လုံးကြီးများကို ထမ်းနေသော ရုရှား အမျိုးသမီးကြီး တစ်ဦး၏ ပုံရိပ် က ချက်ချင်း ပေါ်လာတော့သည်။

"အခု လာပြီ..."

ဂျွန် က အလျင်အမြန် ပြန်ထူးလိုက်ပြီး ရိုအန် နှင့် ရက်ဒ် တို့ ဘက်သို့ လှည့်ကာ ပခုံးတွန့်ပြလိုက်သည်။

"ဘာမှ မရှိတော့ဘူး ဆိုရင်... ငါ အလုပ် သွားလုပ်တော့မယ်... မင်းတို့ သွားပြီးရင် သူဌေး ဆူမှာကို ငါ ကြောက်လို့..."

ရက်ဒ် က ခေါင်းညိတ် ခွင့်ပြုရန် ပြင်လိုက်စဉ်မှာပင် ရိုအန် က ခေါင်းခါယမ်းလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

"မရဘူး ဂျွန်... မင်း သွားလို့ မရဘူး... မင်း ငါတို့ကို အမှန်အတိုင်း မပြောဘူး..."

"ဘာ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဂျွန် ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ထို့နောက် ဂျွန် ၏ မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်နေသော အမူအရာများ ပြည့်နှက်လာတော့သည်။ ရက်ဒ် ၏ သံသယ ဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရင်း ရိုအန် က ညာဘက် လက်ကို မြှောက်လိုက်ပြီး တံတောင်ဆစ် ကို မိမိ၏ လည်ပင်း အရှေ့တွင် ထားကာ ဂျွန် ကို စူးစိုက်ကြည့်ရင်း ရှင်းပြလေသည်။

"တံတောင်ဆစ် နဲ့ လူတစ်ယောက်ရဲ့ လည်ပင်းကို ဒီလိုမျိုး အတင်းအကျပ် ညှစ်ထားမှသာ... တစ်ဖက်လူ ရုန်းကန်တဲ့ အချိန်ကျရင် ညှစ်ထားတဲ့ သူရဲ့ လက်မောင်း ပေါ်မှာ မင်းရဲ့ လက်မောင်း ပေါ်ကလို ဒဏ်ရာမျိုး ကျန်ရစ်ခဲ့မှာ... အဲ့ဒါကြောင့် ဂျွန်... ငါ့ကို ဖြေစမ်း... မင်း လက်မောင်း ပေါ်က ဒဏ်ရာ က ဘယ်က ရလာတာလဲ... ကြောင် ကုတ်တာ လို့ မင်း သေချာ ပြောရဲလား... ဘယ်ကြောင် ကများ တိုတောင်းတဲ့ ကန့်လန့်ဖြတ် ဒဏ်ရာ ခြောက်ချက် တိတိ ရအောင် ကုတ်နိုင်မှာလဲ..."

ရိုအန် ၏ ရှင်းပြချက်ကို ကြားလိုက်ရမှသာ ရက်ဒ် တစ်ယောက် သဘောပေါက် နားလည် သွားတော့သည်။ ထို့ကြောင့် ဂျွန် ကို အလျင်အမြန် စူးစိုက်ကြည့်လိုက်ပြီး မသိစိတ်၏ စေ့ဆော်မှုအရ ခါးတွင် ချိတ်ဆွဲထားသော သေနတ် ပေါ်သို့ လက်တင်လိုက်လေသည်။

"မင်း ဘာတွေ လျှောက်ပြော နေတာလဲ..."

ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ ဂျွန် ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး ရက်ဒ် ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ရင်ထဲ ပို၍ လေးလံသွားရသည်။ သို့သော် ဒေါသထွက်နေသည့် မျက်နှာထားဖြင့် အသံကျယ်ကြီး အော်ဟစ်လိုက်သည်။

"ငါ စောစောက ပြောပြီးပြီလေ... ဒီဒဏ်ရာ တွေက ကြောင် ကုတ်ထားတာ လို့... ငါ က လူမည်း ဖြစ်နေလို့ မင်းတို့ က ငါ့ကို လိမ်နေတယ် လို့ ထင်နေကြတာလား... သောက်..."

"မင်းရဲ့ အသားအရောင် နဲ့ ဘာမှ မဆိုင်ဘူး... မင်း လိမ်နေတာ သက်သက်ပဲ..."

ရိုအန် က ဘာဖြစ်နေမှန်း မသိဘဲ ဘေးသို့ အလိုအလျောက် ရှောင်ဖယ်သွားသော သူနာပြု လူးစီယာ ဘက်သို့ လှည့်ကာ လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

"သူနာပြု လူးစီယာ... မင်္ဂလာပါ... ကျွန်တော် က အက်ဖ်ဘီအိုင် က စုံထောက် ရိုအန် ပါ... ဂျွန် က သူ့လက်မောင်း ပေါ်က ဒဏ်ရာ တွေက ခင်ဗျား ရဲ့ ကြောင် ကုတ်ထားတာ လို့ ပြောတယ်... တကယ်ပဲ အဲ့ဒီလို ဖြစ်ခဲ့တာလား..."

ရိုအန် ၏ မေးခွန်းကို ကြားလိုက်ရသောအခါ လူးစီယာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ ဂျွန် ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ရက်ဒ် ထံသို့ တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ ပြေးဝင်သွားတော့သည်။ ဂျွန် က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရက်ဒ် ၏ ခါးရှိ သေနတ်ကို လုယူရန် ရည်ရွယ်ထားလေသည်။

“ဒိုင်း”ခနဲ သေနတ်သံ ထွက်ပေါ်လာသည်။

"အား..."

သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ဂျွန် က ညာဘက် လက်ကို အုပ်ကာ အော်ဟစ် ငိုယိုရင်း မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။ ဂျွန် ၏ လှုပ်ရှားမှုကို သတိထားမိသော်လည်း နောက်သို့ တစ်လှမ်း ဆုတ်ပြီးမှ သေနတ် ထုတ်ရန် ပြင်ဆင်နေသော ရက်ဒ် က ရိုအန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာထား လေးနက်သွားသည်။ ရိုအန် ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု ရက်ဒ် မထင်မှတ်ထားခဲ့ပေ။

ဂလော့ခ် ၁၈ သေနတ်ကို တည်ငြိမ်စွာ ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ရိုအန် က ဂျွန် ကို လက်ထိတ်ခတ်ရန် ရက်ဒ် အား မျက်စိဖြင့် အချက်ပြလိုက်သည်။ ထို့နောက် အေးစက်သော လေသံဖြင့် ဆိုသည်။

"ဖက်ဒရယ် ဥပဒေ အရ... အက်ဖ်ဘီအိုင် ကို လိမ်လည် ပြောဆိုခြင်း က ကြီးလေးတဲ့ ပြစ်မှုပဲ... အက်ဖ်ဘီအိုင် စုံထောက် ရဲ့ လက်နက် ကို လုယူဖို့ ကြိုးစားတာ က ပိုပြီး ကြီးလေးတဲ့ ပြစ်မှုပဲ... ဂုဏ်ယူပါတယ် ဂျွန်... အကျဉ်းထောင် လက်ဆောင် ထုပ်ကြီး ကို မင်း ရရှိသွားပါပြီ... အထဲမှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်..."

"အမှိုက်ကောင်... ခွေးမသား..."

ရက်ဒ် ၏ လက်ထိတ်ခတ်ခြင်း ကို ခံထားရသော ဂျွန် က မြေပြင်ပေါ်တွင် လှဲလျောင်းရင်း အဆက်မပြတ် ဆဲရေးတိုင်းထွာ နေပြီး နောင်တရသည့် အမူအရာ လုံးဝ မရှိချေ။ ရိုအန် က ဂျွန် ကို သတိလစ်သွားသည် အထိ ခြေထောက်ဖြင့် ကန်လိုက်ပြီး ကားထဲသို့ ထည့်ရန် ရက်ဒ် ကို အချက်ပြလိုက်သည်။ ထို့နောက် နိုကီယာ ဖုန်းကို ထုတ်ယူကာ ဖုန်းဆက်လိုက်တော့သည်။

နာရီဝက် ကြာပြီးနောက် လေစီ က အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင် အချို့ကို ခေါ်ဆောင်လာပြီး ဂျွန် ကို အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ ရုံးချုပ် သို့ ခေါ်ဆောင်သွားလေသည်။ ရိုအန် နှင့် ရက်ဒ် တို့ ကမူ ဂျွန် ၏ အိမ်သို့ ထွက်ခွာသွားကြသည်။

လမ်းတစ်လျှောက်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ရက်ဒ် က ရိုအန် ကို စကားဆိုလေသည်။

"ကျေးဇူးပဲ ရိုအန်..."

"ရပါတယ်..."

ခရီးသည် ထိုင်ခုံ တွင် ထိုင်နေသော ရိုအန် က ပေါ့ပေါ့ပါးပါး ပြန်လည် ဖြေကြားလိုက်သည်။ ထိုအချိန်တွင် ရိုအန် ၏ အာရုံစိုက်မှု က လက်ထဲရှိ သေဆုံးသူ နှင့် သက်ဆိုင်သော အချက်အလက် များအပေါ်သို့ ရောက်ရှိနေဆဲ ဖြစ်သည်။ ရက်ဒ် ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် က အလိုက်သင့် မေးမြန်းလိုက်သည်။

"ရက်ဒ်... ဂျွန် က ဒီကွင်းဆက် လူသတ်မှုကြီး ရဲ့ တရားခံအစစ် ဖြစ်နိုင်တယ် လို့ မင်း ထင်လား..."

"မဖြစ်နိုင်ဘူး..."

ရိုအန် ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကားမောင်းနေသော ရက်ဒ် က ပြတ်ပြတ်သားသား ဖြေကြားလိုက်သည်။

"ဒီ ဂျွန် ဆိုတဲ့ ကောင် က လူသတ်ဖူးချင် သတ်ဖူးလိမ့်မယ်... ဒါပေမဲ့ ဒီအမှု က ကွင်းဆက် လူသတ်သမား တော့ သေချာပေါက် မဟုတ်နိုင်ဘူး..."

"အို... ဘာဖြစ်လို့လဲ..."

ရိုအန် က ခေါင်းမော့ကာ ရက်ဒ် ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ ရက်ဒ် အနေဖြင့် အဘယ်ကြောင့် ဤမျှလောက် သေချာနေရသနည်း ဆိုသည်ကို ရိုအန် နားမလည်နိုင် ဖြစ်သွားရသည်။ ရက်ဒ် သည် အမှု အခြေအနေ များကို ခွဲခြမ်း စိတ်ဖြာရာတွင် ကျွမ်းကျင်မှု မရှိဘဲ အမိန့်ကို နာခံရန်သာ တတ်ကျွမ်းကြောင်း ရိုအန် မှတ်မိနေသည်။ မှုခင်း စိတ်ပညာ ကို ခွဲခြမ်း စိတ်ဖြာခြင်း များနှင့် ပတ်သက်၍မူ ရက်ဒ် တစ်ယောက် လုံးဝ နားမလည်ချေ။

"အရမ်း ရိုးရှင်းပါတယ် ရိုအန်..."

ကားမောင်းနေသော ရက်ဒ် က ဖြူဖွေးသော သွားတန်းများကို ပေါ်လာသည် အထိ ပြုံးပြလိုက်သည်။

"အရင်တုန်းက ငါ သီအိုရီ တစ်ခု ကြားဖူးတယ်... အမေရိကန် နိုင်ငံ က ကွင်းဆက် လူသတ်သမား တွေရဲ့ ကိုးဆယ် ရာခိုင်နှုန်း က လူဖြူ တွေချည်းပဲ တဲ့... ငါတို့ရဲ့ ကံကြမ္မာ က အဲ့ဒီလောက် ကောင်းပြီး လူမည်း ကွင်းဆက် လူသတ်သမား တစ်ယောက် နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံမယ် လို့ ငါ မယုံဘူး..."

ရိုအန် တစ်ယောက် ဆွံ့အသွားရပြန်သည်။

ဂျွန် ၏ အိမ်မှာ ကားပြင် ဝပ်ရှော့ နှင့် သိပ်မဝေးလှချေ။ အပြင်ပန်းတွင် အတော်လေး ဟောင်းနွမ်းနေသော အညိုရောင် တိုက်ခန်းငယ် တစ်လုံး ပင် ဖြစ်လေသည်။

အမည်းရောင် အက်စ်ယူဗီ ကားကြီး က လမ်း တစ်ဖက်ခြမ်းတွင် ဖြည်းညင်းစွာ ရပ်တန့်သွားသည်။ ရိုအန် နှင့် ရက်ဒ် တို့ ကားပေါ်မှ ဆင်းလာပြီး အကာအကွယ် မရှိသလောက် ဖြစ်နေသော ပျက်စီးနေသည့် ခြံစည်းရိုး တံခါးကို ဖြတ်ကျော်ကာ ခြံဝင်း အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

သူတို့ နှစ်ဦး က ဂလော့ခ် သေနတ် များကို ကိုင်ဆောင်ကာ တိုက်ပွဲဝင် အနေအထား ဖြင့် အိမ်တံခါး ၏ ဘယ်ညာ နှစ်ဖက်တွင် နေရာယူလိုက်ကြသည်။ နောက်ပြန် သုံးစက္ကန့် ရေတွက်ပြီးနောက် ရက်ဒ် က အိမ်တံခါး ကို ခြေထောက်ဖြင့် အားကုန် ကန်ဖွင့်ကာ အထဲသို့ ပြေးဝင်သွားတော့သည်။

"အက်ဖ်ဘီအိုင်..."

ရိုအန် က အသံကျယ်ကြီးဖြင့် အော်ဟစ်ရင်း အိမ်ထဲရှိ အခန်း အသီးသီးကို အဆက်မပြတ် ရှင်းလင်း ရှာဖွေ လိုက်သည်။

"လုံခြုံတယ်..."

"လုံခြုံတယ်..."

အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း အစရှိသည့် နေရာ အားလုံးကို သူတို့ နှစ်ဦး သေချာစွာ စစ်ဆေးပြီးနောက် မည်သူမျှ ရှိမနေကြောင်း အတည်ပြုပြီးမှသာ ရိုအန် နှင့် ရက်ဒ် တို့ က ဧည့်ခန်း သို့ ပြန်လည် ရောက်ရှိလာကြသည်။

ဧည့်ခန်းရှိ လက်ဖက်ရည် သောက် စားပွဲ အောက်မှ အဖြူရောင် မှုန့်များ ပါဝင်သော အထုပ်ငယ် တစ်ထုပ်ကို ရက်ဒ် က နှိုက်ယူလိုက်သည်။ နှုတ်ခမ်းကို တွန့်ကာ ဘေးသို့ ပစ်ချလိုက်ပြီးနောက် လှည့်၍ မေးမြန်းလိုက်သည်။

"ခြေရာခံ စစ်ဆေးရေး အဖွဲ့ ကို ဖုန်းဆက် ခေါ်လိုက်ရမလား..."

"လောလောဆယ် မလိုသေးဘူး..."

ရိုအန် က ခေါင်းခါယမ်းကာ ရက်ဒ် ၏ အကြံပြုချက် ကို ငြင်းပယ်လိုက်သည်။ ထို့နောက် မျက်မှောင်များ တင်းတင်း ကြုတ်ကာ အခန်း အတွင်း ဘယ်ညာ လှည့်ပတ် ကြည့်ရှုနေပြီး အိပ်ခန်း နှင့် ဧည့်ခန်း ၏ အကျယ်အဝန်း ကို ခြေလှမ်းများဖြင့် တစ်လှမ်းချင်း တိုင်းတာ နေလေသည်။

"ဘာဖြစ်လို့လဲ..."

ရက်ဒ် တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။

"ဒီအိမ်ရဲ့ အရွယ်အစား က မူမမှန်ဘူး... မင်း သတိမထားမိ ဘူးလား..."

ရိုအန် က မီးဖိုချောင် နှင့် ဧည့်ခန်း အတွင်း တစ်ပတ် ပတ်လျှောက်လိုက်သည်။ ထို့နောက် အိမ်တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားပြီး မေးစေ့ကို ပွတ်သပ်ရင်း တစ်အိမ်လုံး ၏ အရွယ်အစား ကို သေချာစွာ အကဲခတ် နေလေသည်။

ရက်ဒ် က ထိုစကားကို ကြားလိုက်ရသောအခါ တစ်စုံတစ်ခုကို သဘောပေါက် သွားသော်လည်း အတိအကျ မရှာဖွေနိုင်ခဲ့ပေ။ ရိုအန် က အချိန်အတော်ကြာ သေချာစွာ အကဲခတ်ပြီးနောက် မီးဖိုချောင် အတွင်းသို့ ပြန်ဝင်သွားပြီး ရေခဲသေတ္တာ တစ်ခုလုံးကို မူလ နေရာမှ အားကုန် ဆွဲဖယ်လိုက်တော့သည်။

ရေခဲသေတ္တာ ၏ နောက်ကွယ်တွင် လူတစ်ဝက် အရွယ်အစားခန့် ရှိသော တံခါးငယ်လေး တစ်ခု ပေါ်ထွက်လာလေသည်။

"တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ရိုအန်..."

တံခါးငယ်လေး ကို သတိထား၍ တွန်းဖွင့်လိုက်သောအခါ အနောက်ဘက်တွင် လူတစ်ကိုယ်စာ အကျယ် ရှိပြီး အောက်ဘက်သို့ ဦးတည်နေသော အမှောင်အတိ ကျနေသည့် လှေကား တစ်ခု ကို တွေ့လိုက်ရသည်။ ဤလှေကား က အိမ်၏ နေရာ အနည်းငယ်ကို ယူထားခြင်း ပင် ဖြစ်လေသည်။

ရိုအန် ၏ အသံ က ပုံမှန် အချိန်များတွင် ဂျွန် ၏ အသံ နှင့် မတူညီ သောကြောင့် ဖြစ်နိုင်သည်... အမှောင်အတိ ကျနေသော လှေကား အောက်ခြေ မှ အလွန် အားနည်းသော အမျိုးသမီး အသံလေး တစ်ခု ထွက်ပေါ်လာတော့သည်။

"ကယ်ကြပါဦး…”

All Chapters