← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃ စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး

လှေကားအတိုင်း အောက်ဘက်သို့ ဆင်းသွားသောအခါ ကျဉ်းမြောင်းသော မြေအောက်ခန်း တစ်ခုကို တွေ့ရသည်။

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် သစ်သား ကုတင်ငယ် တစ်လုံးက ထောင့်တွင် ရှိနေသည်။ လက်ချောင်းထက် ပိုမို တုတ်ခိုင်သော ကြိုးလေးချောင်းက ကုတင်၏ ခြေထောက် လေးခုတွင် တစ်ဖက်စီ တင်းကြပ်စွာ ချည်နှောင်ထားပြီး အခြား တစ်ဖက်ကိုမူ ကုတင်ပေါ်တွင် လှဲလျောင်းနေသော လူဖြူ အမျိုးသမီး၏ ကိုယ်ပေါ်တွင် ချည်နှောင်ထားလေသည်။

မြေအောက်ခန်း၏ အခြား ထောင့်တစ်နေရာတွင် ဟောင်းနွမ်းနေသော စာရေးစားပွဲ တစ်လုံး ရှိနေပြီး ၎င်းအပေါ်တွင် အဖြူရောင် မှုန့်ထုပ်ငယ် တစ်ထုပ်နှင့် အသုံးပြုပြီးသား ဆေးထိုးအပ် အချို့ကို တင်ထားလေသည်။

ဤတစ်ကြိမ် ရောက်လာသူ၏ အသံများက မတူညီကြောင်း ကြားလိုက်ရသဖြင့် အမျိုးသမီးက မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်ပြီး ခြောက်သွေ့ အက်ကွဲနေသော နှုတ်ခမ်းများဖြင့် အသံတိုးတိုးလေး အကူအညီ တောင်းလိုက်သည်။

"ကယ်ကြပါဦး..."

အိမ်၏ ဧည့်ခန်း အတွင်း၌ ရက်ဒ်က အိမ်ကို သေချာစွာ ရှင်းလင်း ရှာဖွေနေသည်။ ရိုအန်က အနီးဆုံး ဆေးရုံသို့ ဖုန်းဆက်၍ လူနာတင်ယာဉ် လွှတ်ပေးရန် အကြောင်းကြားပြီးနောက် ဆိုဖာဘေးသို့ ပြန်လာခဲ့သည်။ ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ပြီးစလွယ် ဝတ်ဆင်ထားသော အမျိုးသမီး အတွက် ရေတစ်ခွက် ငဲ့ပေးလိုက်လေသည်။

တစ်ဖက်လူ၏ အားနည်းနေသော အခြေအနေ အနည်းငယ် သက်သာသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်က ဟေလီအား တကယ်တမ်း မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း ဟု တီးတိုး မေးမြန်းလိုက်သည်။

"ကျွန်မ နာမည် က ဟေလီ ပါ..."

ဟေလီ က ရေသောက်ပြီးနောက် ဧည့်ခန်း စားပွဲပေါ်တွင် ဘယ်အချိန် ကတည်းက ကျန်ရစ်နေမှန်း မသိသော ပေါင်မုန့် တစ်ဝက်ကို ကောက်ယူကာ စားသောက်လိုက်သည်။ ပေါင်မုန့် စားရင်း စကားဆိုလေသည်။

"အီလိုက်တ် ဒေသ က အားကစားရုံ မှာ အလုပ်လုပ်ပါတယ်... လကုန်လို့ ဘဏ်က ချေးငွေ တွေ ပြန်ဆပ်ဖို့ ပိုက်ဆံ မရှိတော့တဲ့ အချိန်မျိုး ကျရင်... ဒီရပ်ကွက် ကို လာပြီး အချိန်ပိုင်း အလုပ် လာလုပ်ရင်း ပိုက်ဆံ ရှာလေ့ ရှိပါတယ်..."

အီလိုက်တ် ဒေသ သည်လည်း နယူးဂျာစီ ပြည်နယ် အတွင်း၌ပင် ပါဝင်ပြီး နော့သ်ဗေးလ် ဒေသ၏ တောင်ဘက်တွင် တည်ရှိကာ နော့သ်ဗေးလ် ဒေသ မှနေ၍ ကားမောင်းသွားလျှင် မိနစ် နှစ်ဆယ်ခန့် ကွာဝေးလေသည်။

ဟေလီ ပြောသော အချိန်ပိုင်း အလုပ် ဆိုသည်ကို ကားစီးလာစဉ် လမ်းဘေး၌ တွေ့ခဲ့ရသည့် အဝတ်အစား ခပ်ဟော့ဟော့ ဝတ်ဆင်ထားသော အမျိုးသမီးများကို တွေးတောမိလိုက်သဖြင့် ရိုအန်၏ မျက်ခုံးများ တစ်ချက် လှုပ်ရှားသွားသည်။ မည်သည့် စကားမျှ မဆိုတော့ဘဲ ခွက်ထဲသို့ ရေအနည်းငယ် ထပ်ငဲ့ပေးလိုက်လေသည်။

ပေါင်မုန့် စားနေသော ဟေလီ သည် ထိုစကားများကို ပြောပြီးနောက် ရိုအန်၏ မျက်နှာပေါ်တွင် ရွံရှာ အထင်သေးသည့် အမူအရာများကို မတွေ့ရသဖြင့် ရင်ထဲတွင် သက်ပြင်းချနိုင်သွားတော့သည်။

ယနေ့ နေ့စွဲကို မေးမြန်း အတည်ပြုပြီးနောက် ဟေလီ က ဆက်လက် ပြောဆိုလေသည်။

"လွန်ခဲ့တဲ့ လေးရက် က ညဘက်... ကျွန်မ ဒီကို အချိန်ပိုင်း အလုပ်လုပ်ဖို့ လာတဲ့ အချိန်မှာ... ဂျွန် လို့ ခေါ်တဲ့ အဲ့ဒီ လူမည်း နဲ့ ဆုံခဲ့တာပါ... မူလ ကတော့ ကျွန်မ လူမည်း တွေ အလုပ် မလက်ခံပါဘူး... ဒါပေမဲ့ အဲ့ဒီ လူမည်း က ပုံမှန် ထက် သုံးပုံ တစ်ပုံ ပိုပေးမယ် လို့ ပြောတယ်... ပြီးတော့ အဲ့ဒီ အချိန်က နေ့ခင်းဘက် ကြီး လည်း ဖြစ်နေတာကြောင့်... ကျွန်မ သဘောတူ လိုက်မိတာပါ... အဲ့ဒီနေ့က အလုပ်လုပ်နေတဲ့ အချိန် အတွင်းမှာ... အဲ့ဒီ လူမည်း က ကျွန်မ အနောက် ကနေ ညာဘက် လက်နဲ့ လည်ပင်းကို အတင်း ညှစ်ပြီး သတိလစ် အောင် လုပ်သွားခဲ့တယ်... ကျွန်မ သတိပြန်ရလာတဲ့ အချိန်ကျတော့... အောက်ဘက် မြေအောက်ခန်း ထဲမှာ ချည်နှောင် ခံထားရတာကို တွေ့လိုက်ရတယ်... ပြီးတော့ အဲ့ဒီ လူမည်း က ကျွန်မကို မူးယစ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေပြီး... နောက်ရက် အနည်းငယ် နေရင် ကျွန်မကို ရောင်းစား ပစ်မယ် လို့ ပြောနေခဲ့တယ်..."

ဟေလီ၏ စကားများထဲမှ အချို့သော အမှားအယွင်း ကွက်လပ်လေးများကို ရိုအန်က မကြားလိုက်သကဲ့သို့ သဘောထားလိုက်သည်။

မေးခွန်း အချို့ ဆက်လက် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရက်ဒ်က ဘေးဘက် အိပ်ခန်း အတွင်းမှ ရုတ်တရက် ထွက်လာခဲ့ပြီး သူ၏ လက်ထဲတွင် အဖြူရောင် တီရှပ် တစ်ထည် ကိုပါ ကိုင်ဆောင်လာလေသည်။

တီရှပ် ကို ခါယမ်း ဖွင့်ချလိုက်ပြီးနောက် ရက်ဒ်က အင်္ကျီ၏ ညာဘက် အောက်ခြေ ထောင့်ရှိ လက်မှတ် ကို လက်ညှိုးထိုးပြကာ ဆိုသည်။

"ရိုအန်... ဒါက ဟိုင်အီးနား ဂိုဏ်း က ရီကာဒို ရဲ့ အင်္ကျီ ပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ဟိုင်အီးနား ဂိုဏ်း က ဘာကြီးလဲ။ ရီကာဒို ဆိုတာ ကကော ဘယ်သူလဲ။

"ဟိုင်အီးနား ဂိုဏ်း ဆိုတာ နယူးဂျာစီ ပြည်နယ် ပါဆက်ခ် ဒေသ က လူဖြူ ဂိုဏ်း တစ်ခု ပဲ..."

ရိုအန်၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သည့် အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရက်ဒ်က ရှင်းပြလေသည်။

"ဂိုဏ်း က သိပ်မကြီးပေမဲ့... မူးယစ်ဆေး... လက်နက် တွေ နဲ့ ပြည့်တန်ဆာ လုပ်ငန်း တွေ အကုန်လုံး လုပ်ကိုင်ကြတယ်... မကြာသေးခင် နှစ်တွေ ကမှ နယူးဂျာစီ ပြည်နယ် မှာ အသစ် ထွက်ပေါ်လာတဲ့ အင်အားစု တစ်ခုပေါ့... ပြီးတော့ ဒီ ရီကာဒို ဆိုတာ ကလည်း ဟိုင်အီးနား ဂိုဏ်း ထဲမှာ ပြည့်တန်ဆာ တွေကို အုပ်ချုပ်ရတဲ့ ခေါင်းဆောင် တွေထဲက တစ်ယောက်ပဲ..."

"အိုကေ..."

ရိုအန်က အမေရိကန် နိုင်ငံရှိ လူမိုက် ဂိုဏ်းများအကြောင်းကို သိပ်နားမလည်ပေ။ သို့သော် လူမည်းနှင့် လူမည်း အချင်းချင်း ပေါင်းသင်း၍ လူဖြူနှင့် လူဖြူ အချင်းချင်း ပေါင်းသင်းလေ့ ရှိကြသည် ဆိုသည့် အခြေခံ စည်းမျဉ်း ကိုတော့ သူ ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် မေးမြန်းလိုက်သည်။

"ဂျွန် လို လူမည်း တစ်ယောက် က... ဘယ်လို လုပ်ပြီး လူဖြူ ဂိုဏ်း နဲ့ ပတ်သက် ဆက်နွှယ် နေရတာလဲ..."

"သိသာပါတယ်... ဂျွန် က အချိန်ပိုင်း ပြည့်တန်ဆာ ခေါင်းဆောင် လုပ်နေတာလေ... ရီကာဒို ဆိုတဲ့ ကောင် ကကျတော့ ပြည့်တန်ဆာ ရဲ့ အသားအရောင် ကိုပဲ ဂရုစိုက်ပြီး ပြည့်တန်ဆာ ခေါင်းဆောင် ရဲ့ အသားအရောင် ကို ဂရုမစိုက်ဘူး..."

ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရက်ဒ်က ဆိုဖာပေါ်ရှိ ဟေလီကို တစ်ချက် ကြည့်လိုက်ပြီး ရှင်းပြလေသည်။

"အထူးသဖြင့် ဟိုင်အီးနား ဂိုဏ်း က အခု လတ်တလော မှာ ပြည့်တန်ဆာ အရမ်း လိုအပ်နေတာလေ..."

ဟိုင်အီးနား ဂိုဏ်း သည် အသစ် ပေါ်ပေါက်လာသော ဂိုဏ်း တစ်ခု အနေဖြင့် ယခု အချိန်တွင် နယ်မြေ လုယူ တိုးချဲ့နေသည့် ကာလ သို့ ရောက်ရှိနေသည်။ ဤအချိန်မျိုးတွင် သူတို့အတွက် ငွေရှာပေးရန် ပြည့်တန်ဆာ အများအပြား အရေးပေါ် လိုအပ်နေလေသည်။ သို့သော် ပြည့်တန်ဆာ ဆိုသည်မှာ လိုချင်တိုင်း ရနိုင်သော အရာ မဟုတ်သလို ပြည့်တန်ဆာ ခေါင်းဆောင် များကလည်း လေထဲမှ လူဖန်တီးနိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် ဟိုင်အီးနား ဂိုဏ်း ၏ ပြည့်တန်ဆာ ခေါင်းဆောင် များသည် အမျိုးသမီး များကို လိမ်လည် ဖြားယောင်း၍ လမ်းမှား သို့ ရောက်ရှိစေသည့် တစ်ချိန်တည်းမှာပင် အပြင်လောကရှိ အခြား ပြည့်တန်ဆာ ခေါင်းဆောင် များထံမှ လည်း ပြည့်တန်ဆာ များကို ဝယ်ယူ နေကြလေသည်။

ဂျွန် က ဤကိစ္စကို ဘယ်နေရာမှ ကြားသိခဲ့သနည်း မသိပေ။ တိုက်တိုက်ဆိုင်ဆိုင် ပင် သူက လွန်ခဲ့သော ကာလ က စူပါမားကတ် မှ အလုပ်ထုတ် ခံထားရသဖြင့် ငွေကြေး အလွန် လိုအပ်နေချိန် လည်း ဖြစ်နေသည်။ ထို့ကြောင့် သူက ယာယီ အချိန်ပိုင်း အလုပ် တစ်ခု အနေဖြင့် လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ပြီး ထိုဒေသ အတွင်း၌ တစ်ယောက်တည်း သွားလာနေတတ်ကာ ယခင်က တစ်ခါမှ မမြင်ဖူးသော မျက်နှာစိမ်း အမျိုးသမီးများ ဆီသို့ ပစ်မှတ် ထားလိုက်တော့သည်။

ထိုသို့သော အမျိုးသမီး များ၏ နောက်ကွယ်တွင် ပြည့်တန်ဆာ ခေါင်းဆောင် များ မရှိတတ်ကြဘဲ အများစုမှာ အချိန်ပိုင်း လုပ်ကိုင်သူများသာ ဖြစ်ကြသည်။ အချိန်ပိုင်း လုပ်ကိုင်သည့် အခါမျိုးတွင် သူတို့က အခြားသူ များကို မည်သည့် နေရာသို့ သွားမည် ဆိုသည်ကို ပြောပြလေ့ မရှိဘဲ တိတ်တဆိတ် ဖြင့် အခြား ဒေသများသို့ သွားရောက်ကာ အလုပ် လုပ်ကိုင်တတ်ကြလေသည်။

ဤအချက်ကပင် ဂျွန် အတွက် အလွန် ကြီးမားသော အခွင့်အရေး တစ်ရပ် ဖြစ်လာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အမျိုးသမီး များကို သူ ဖမ်းဆီး သွားပြီးနောက် ချက်ချင်း ရဲတိုင်မည့်သူ ရှိမည်ကို စိုးရိမ်ရန် မလိုသလို အခြား ပြည့်တန်ဆာ ခေါင်းဆောင် များက အိမ်တိုင်ရာရောက် လာရောက် ရိုက်နှက်မည် ကိုလည်း ပူပန်စရာ မလိုသောကြောင့် ပင် ဖြစ်လေသည်။

မြင့်မားသော ဈေးနှုန်း ပေးမည်ဟု ကတိပြုကာ အမျိုးသမီး များကို မိမိ၏ အိမ်သို့ လိမ်လည် ခေါ်ဆောင်လာပြီးနောက် ဂျွန် က သူတို့ကို သော့ခတ် ပိတ်လှောင်ထားလိုက်သည်။ မူးယစ်ဆေး အနည်းငယ် အသုံးပြု၍ တစ်နေ့ပြီး တစ်နေ့ အတင်းအကျပ် ထိန်းချုပ်ထားပြီး နောက်ဆုံးတွင် ဟိုင်အီးနား ဂိုဏ်း မှ ရီကာဒို ထံသို့ ရောင်းစား ပစ်လိုက်တော့သည်။

အမျိုးသမီး များကို မူးယစ်ဆေးဖြင့် ထိန်းချုပ်ရသည့် ကုန်ကျစရိတ် ပြဿနာ နှင့် ပတ်သက်၍မူ ဂျွန် သည် လူမည်း တစ်ယောက် ဖြစ်ရာ ဈေးပေါပြီး အရည်အသွေး နိမ့်ကျကာ အညစ်အကြေး များ ရောနှောနေသော မူးယစ်ဆေး များကို အမြဲတမ်း ရှာဖွေနိုင်စွမ်း ရှိလေသည်။ ဤရက် အနည်းငယ် အတွင်း အမျိုးသမီး များက မူးယစ်ဆေး လွန်ကဲပြီး သေဆုံးမသွားဘဲ ဆေးစွဲ သွားမည် ဆိုပါက ဂျွန် အနေဖြင့် လုံးဝ အရှုံးမရှိချေ။

ဆိုဖာပေါ်တွင် ထိုင်နေသော ဟေလီ က သမ်းဝေ လာပြီး နှာရည်များ ယိုကျကာ စိတ်ဓာတ်များ ထပ်မံ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က သက်ပြင်း တစ်ချက် ချလိုက်မိသည်။ ရက်ဒ် က လှည့်ကာ အိမ်ထဲတွင် ဆက်လက် ရှာဖွေ နေလေသည်။

ဆေးရုံ၏ လူနာတင်ယာဉ် ကို ထပ်မံ ဖုန်းဆက်၍ အလျင်လိုကြောင်း ပြောဆိုလိုက်ပြီးနောက် ရိုအန် က ကွင်းဆက် လူသတ်မှုကြီး ၏ ဖိုင်တွဲကို ထုတ်ယူလိုက်သည်။ ဓာတ်ပုံ အချို့ကို ဆွဲထုတ်ကာ ဟေလီ ထံသို့ ကမ်းပေးလိုက်ပြီး မေးမြန်းလိုက်သည်။

"ဒီလူတွေကို ရင်းနှီး သလား..."

ဟေလီ က မျက်လုံးများ ဖွင့်ကာ ကြည့်လိုက်ပြီး ခေါင်းခါယမ်း လိုက်သည်။

"မမြင်ဖူးပါဘူး... သူတို့ကို မသိဘူး..."

ရိုအန် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း အပိုစကားများ ဆက်မပြောတော့ချေ။ သူက ကြုံတုန်း ကြုံခိုက် အတည်ပြုကြည့်ခြင်း သက်သက်သာ ဖြစ်ပြီး သတင်း အချက်အလက် ရရှိလျှင် အကောင်းဆုံး ဖြစ်ကာ မရရှိလျှင် လည်း ကိစ္စ မရှိပေ။

“တီ... တီ…”

မိနစ် အနည်းငယ် ကြာပြီးနောက် လူနာတင်ယာဉ် က နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ လူနာတင်ယာဉ် ပေါ်မှ ဆင်းလာသော သူနာပြု အချို့ကို မြင်လိုက်ရသောအခါ ရိုအန် ၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားသည်။ ထိုအထဲမှ တစ်ယောက် မှာ ခန္ဓာကိုယ် တုတ်ခိုင် ထွားကျိုင်းလှသော သူနာပြု လူးစီယာ ပင် ဖြစ်လေသည်။ လူနာတင်ယာဉ် ဘာကြောင့် ဤမျှလောက် နှေးကွေးစွာ ရောက်ရှိလာသနည်း ဆိုသည်ကို သူ နားလည် သွားသလို ခံစားလိုက်ရသည်။

"မင်္ဂလာ နေ့လယ်ခင်း ပါ စုံထောက် ရိုအန်..."

သူနာပြု လူးစီယာ က ဆိုဖာပေါ်ရှိ ဟေလီ ကို လက်တစ်ဖက်တည်း ဖြင့် အလွယ်တကူ ပွေ့ချီကာ တွန်းလှည်း ပေါ်သို့ တင်လိုက်သည်။ သူမ ၏ လုပ်ဖော်ကိုင်ဖက် များကို လူနာတင်ယာဉ် ထဲသို့ ပြန်တွန်းသွားရန် လက်ဝှေ့ယမ်း အချက်ပြလိုက်ပြီးနောက် ရိုအန် ဘက်သို့ လှည့်ကာ ကြီးမားသော အပြုံး တစ်ခုဖြင့် မေးမြန်းလိုက်သည်။

"စောစောက ကျွန်မ ကို ကာကွယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဖုန်းနံပါတ် လေး ပေးခဲ့လို့ ရမလား... ရှင် ကို ထမင်း တစ်နပ်လောက် ကျွေးချင်လို့ပါ..."

"ဖက်ဒရယ် နိုင်ငံသား တွေကို ကာကွယ်ပေးရတာ ကျွန်တော့်ရဲ့ တာဝန်ပါ..."

ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ရိုအန် က စကားလမ်းကြောင်း အလျင်အမြန် လွှဲလိုက်သည်။ ကွင်းဆက် လူသတ်မှုကြီး မှ သေဆုံးသူ လေးဦး ၏ ဓာတ်ပုံများကို ထုတ်ယူကာ လူးစီယာ ထံ ကမ်းပေးလိုက်ပြီး မေးမြန်းလိုက်သည်။

"ဒါနဲ့... ဒီလူတွေကို ခင်ဗျား သိသလား... ဒါမှမဟုတ် မြင်ဖူးတာမျိုး ရှိလား..."

စောစောက ကားပြင် ဝပ်ရှော့ တွင် ရိုအန် သေနတ် ပစ်ခတ်လိုက်ချိန်က လူးစီယာ က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ ဝပ်ရှော့ ၏ အနားယူခန်း အတွင်းသို့ ချက်ချင်း ဝင်ရောက် ပုန်းအောင်းသွားခဲ့ပြီး အပြင်သို့ လုံးဝ ထွက်မလာခဲ့ချေ။ ရိုအန် ကလည်း ဖုန်းဆက်ရန် အလုပ်များနေသဖြင့် လူးစီယာကို မေးမြန်းရန် အချိန် မရခဲ့ပေ။

"ကျွန်မ ကြည့်ကြည့်ရအောင်..."

လူးစီယာ က ဓာတ်ပုံများကို လှမ်းယူလိုက်ပြီး ခေတ္တမျှ ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ် သွားသည်။ ထိုအထဲမှ ပထမဆုံး သေဆုံးသူ လင်ဒါ ချီပို ၏ ပုံကို လက်ညှိုးထိုးပြကာ ဆိုသည်။

"လင်ဒါ ကို ဆေးရုံမှာ မြင်ဖူးသလိုပဲ... ဒါပေမဲ့ သေချာတော့ မမှတ်မိတော့ဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်ခုံးများ တစ်ချက် ပင့်သွားပြီး မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် လူးစီယာ က ချက်ချင်း လှည့်ထွက်သွားပြီး လူနာတင်ယာဉ် ဆီသို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ လူနာတင်ယာဉ် ယာဉ်မောင်း ထိုင်ခုံ ၏ ကားပြတင်းပေါက် ကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"တွမ်... ဒီမိန်းမ ကို သိလား..."

ရိုအန် တစ်ယောက် ပါးစပ် ဟဟ ဖြင့် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ လူနာတင်ယာဉ် မောင်းနှင်ရသော တွမ် က တီးတိုး ဆဲရေးတိုင်းထွာ လိုက်ပြီးနောက် လူးစီယာ ကမ်းပေးသော ဓာတ်ပုံကို လှမ်းယူလိုက်သည်။

"သူမ ကို ငါ သိတယ်... လင်ဒါ လို့ ခေါ်မယ် ထင်တယ်..."

စက္ကန့် အနည်းငယ် ကြာပြီးနောက် တွမ် က ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ ရိုအန် ကို ရှင်းပြလေသည်။

"လင်ဒါ ရဲ့ ခင်ပွန်း နာမည် က ဘာလဲ ဆိုတာကိုတော့ ငါ မေ့သွားပြီ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ် က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ သူတို့ မင်္ဂလာဆောင် တုန်းက... ငါ အဲ့ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေခဲ့တယ်... အဲ့ဒီ မင်္ဂလာပွဲ မှာ လူတစ်ယောက် က ဝင်ရောက် နှောင့်ယှက်လို့ အချိန် တော်တော် ကြာသွားခဲ့တယ်... အဲ့ဒါကြောင့် ငါ အရမ်း မှတ်မိနေတာ..."

"ဟုတ်တယ်... မှန်တယ်... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ပဲ... ဆေးရုံ မဟုတ်ဘူး..."

တွမ် ၏ စကားကို ကြားလိုက်ရသောအခါ လူးစီယာ က လက်ခုပ် တစ်ချက် တီးလိုက်ပြီး ဝမ်းသာအားရ ပြောဆိုလိုက်သည်။

"စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ မင်္ဂလာပွဲ ကျင်းပတဲ့ အချိန်ကျရင်... အလှူဒါန အစီအစဉ် တွေ ရှိတယ်လေ... ဖြတ်သွားဖြတ်လာ တွေကို အစားအသောက် တွေ အခမဲ့ ကျွေးမွေး တာပေါ့... အဲ့ဒီ မင်္ဂလာပွဲ တုန်းက ကျွန်မ လည်း သွားခဲ့တယ်... ကိတ်မုန့် အကြီးကြီး တွေ အများကြီး စားခဲ့ရတယ်..."

ထိုစကားများကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်ခုံးများ ပင့်တက်သွားပြီး ကျန်ရှိသော သေဆုံးသူ သုံးဦး ၏ ဓာတ်ပုံများကို တွမ် ထံသို့ အလျင်အမြန် ကမ်းပေးလိုက်ကာ မေးမြန်းလိုက်သည်။

"ဒါဆိုရင် ခင်ဗျား က ဒီသုံးယောက် ကိုကော သိသလား..."

တွမ် က ဓာတ်ပုံများကို လှမ်းယူကာ သေချာစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် တာမာရာ တယ်ရီ ၏ ဓာတ်ပုံကို လက်ညှိုးထိုးပြကာ လေးနက်သော လေသံဖြင့် ဆိုသည်။

"ဒီတစ်ယောက် လည်း ပါသေးတယ်... လွန်ခဲ့တဲ့ ရှစ်နှစ် လား ကိုးနှစ် လား မသိဘူး... အချိန် အတိအကျ ကိုတော့ ငါ မမှတ်မိတော့ဘူး... ဒါပေမဲ့ တာမာရာ ရဲ့ မင်္ဂလာပွဲ ကိုလည်း စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာပဲ ကျင်းပခဲ့တာ... အဲ့ဒီ အချိန်တုန်းက ငါ့မှာ ပိုက်ဆံ မရှိလို့... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး က အလှူဒါန ပွဲတွေကို ခဏခဏ သွားစားလေ့ ရှိတယ်…”

All Chapters