← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅ လျှို့ဝှက် အေးဂျင့်လား

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ မှ ထွက်ခွာလာပြီးနောက် အပြင်ဘက် စင်္ကြံလမ်း အတိုင်း လျှောက်သွားစဉ် ဒီအီးအေ ၏ အထူး စုံစမ်းစစ်ဆေးရေး စုံထောက် မာလန် ၏ မျက်နှာထား မှာ အတော်လေး ကြည့်ရဆိုး နေလေသည်။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မာလန် က အနောက်သို့ လှည့်ကြည့်လိုက်ရာ သြဂတ်စ် က ရိုအန် ၏ ပခုံးကို ဖက်ကာ ဟားဟား ရယ်မောနေသည်ကို မြင်တွေ့လိုက်ရသဖြင့် မာလန် ၏ နှုတ်ခမ်းထောင့်များ ချက်ချင်း အောက်သို့ ကွေးကျ သွားတော့သည်။

"အရင်တုန်းက ငါ မင်းကို ပြောသားပဲ မာလန်..."

ဘေးနားရှိ သူငယ်ချင်း ဖြစ်သူ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်တွေ့လိုက်ရသောအခါ အက်ဖ်ဘီအိုင် အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနမှ စုံထောက် နော်တန် က မာလန် ၏ ပခုံးကို ပုတ်ကာ ရယ်မောလျက် ဆိုသည်။

"ရိုအန် က အလုပ်သင် စုံထောက် ဘဝ ကနေ အမြဲတမ်း စုံထောက် အဖြစ် ပြောင်းလဲ သွားတာ တစ်ပတ်တောင် မပြည့်သေးပေမဲ့... ရိုအန် က ကွင်းဆက် လူသတ် အလောင်းဖျောက်မှု ကြီး တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီးပြီ... ရိုအန် က မင်း စကား နည်းနည်းလောက် ပြောပြီး ဖြားယောင်းလိုက်ရုံ နဲ့... လူမိုက် ဂိုဏ်း ထဲကို လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက်ဖို့ သဘောတူလိုက်မယ့် အရင်က အရူး ကောင်လေး တွေလို မျိုး လုံးဝ မဟုတ်ဘူး..."

"ဟေ့... နော်တန်... လျှို့ဝှက် အေးဂျင့် လုပ်တယ် ဆိုတာ အရူး လုံးဝ မဟုတ်ဘူး... အိုကေ..."

နော်တန် ၏ စကားကို ကြားလိုက်ရသောအခါ မာလန် ချက်ချင်း မကျေမနပ် ဖြစ်သွားပြီး ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် နော်တန် က လက်နှစ်ဖက်ကို ဖြန့်ပြကာ မေးမြန်းလိုက်သည်။

"မင်းတို့ ဒီအီးအေ က လျှို့ဝှက် အေးဂျင့် အဖြစ် စေလွှတ်လိုက်တဲ့ လူတွေထဲမှာ... အသက်ရှင်လျက် ပြန်လာနိုင်တဲ့ သူ ဘယ်နှယောက် များ ရှိလို့လဲ... သူတို့ လျှို့ဝှက် အေးဂျင့် လုပ်ခဲ့တဲ့ အချိန်ကရော ဘယ်လောက် ကြာခဲ့လဲ... လျှို့ဝှက် အေးဂျင့် လုပ်ငန်းစဉ် ပြီးဆုံးသွားလို့ ပြန်လာတဲ့ အခါကျတော့ရော ရာထူး တိုးပေးခဲ့လား... ပြန်လာပြီးတဲ့ နောက်မှာရော ဆုကြေးငွေ တွေ ပေးခဲ့လား... မင်းတို့ ဒီအီးအေ က လူတွေကို လျှို့ဝှက် အေးဂျင့် အဖြစ် စေလွှတ်တဲ့ နည်းလမ်း တွေက အရမ်းကို ကြမ်းတမ်းလွန်းတယ်... ရိုအန် ဂရင်းဝုဒ် က အနာဂတ် အလားအလာ အရမ်း ကောင်းတဲ့ အက်ဖ်ဘီအိုင် စုံထောက် တစ်ယောက်ပဲ... အဲ့ဒါကြောင့် ရိုအန် က ဒီလိုမျိုး အလုပ်ကို လုံးဝ သဘောတူမှာ မဟုတ်ဘူး လို့ ငါ မင်းကို အစကတည်းက ပြောထားခဲ့တယ် လေ..."

မာလန် ၏ ပြန်လည် ဖြေကြားမှုကိုပင် မစောင့်ဆိုင်းတော့ဘဲ နော်တန် က ဟင်းဟင်း ရယ်မောလိုက်ပြီး မာလန် ၏ ပခုံးကို ပုတ်ကာ ဓာတ်လှေကား အတွင်းသို့ ကြီးမားသော ခြေလှမ်းများဖြင့် ဝင်ရောက်သွားလေသည်။

အက်ဖ်ဘီအိုင် အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ၏ လုပ်ငန်း တာဝန် မှာလည်း လူမိုက် ဂိုဏ်းများ နှင့် ပတ်သက်နေသဖြင့် ဒီအီးအေ ၏ လျှို့ဝှက် အေးဂျင့် များ အောင်မြင်မှု ရာခိုင်နှုန်း ကို အပြည့်အစုံ မသိရှိနိုင်သော်လည်း အကြမ်းဖျင်း ကိုတော့ နော်တန် ခန့်မှန်းနိုင်လေသည်။

မည်သို့ပင် ဖြစ်စေ အောင်မြင်မှု ရာခိုင်နှုန်း မြင့်မားမှု တော့ လုံးဝ မရှိချေ။

"ဟွန့်..."

အေးစက်စွာ နှာမှုတ်သံ တစ်ချက် ပြုလုပ်လိုက်ပြီးနောက် မာလန် က အပိုစကားများ ဆက်မပြောတော့ဘဲ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ဓာတ်လှေကား အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။

"တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ရိုအန်..."

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးဝ တွင် နော်တန် နှင့် မာလန် တို့ ဓာတ်လှေကား အတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် သြဂတ်စ် က ရိုအန် ၏ ပခုံးကို ပုတ်ကာ အလွန် ကျေနပ်အားရစွာဖြင့် ဟားဟား ရယ်မောရင်း ခေါင်းညိတ် လိုက်သည်။

"စောစောက မင်း ချက်လက်မှတ် ကို လှမ်းယူလိုက်တဲ့ အချိန်တုန်းက... မင်းကို သတိပေးဖို့ ငါ တောင် ပြင်နေသေးတာ... ဒါပေမဲ့ မင်းကိုယ်တိုင် ဒီအီးအေ ရဲ့ အကြံအစည် ကို ကြိုတင် ရိပ်မိသွားလိမ့်မယ် လို့ ငါ မထင်ထားခဲ့ဘူး... ကောင်းတယ်... ဉာဏ်ကောင်းတယ်... အရမ်း ထက်မြက်တယ်..."

"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်..."

ရိုအန် က ဟီးဟီးဟားဟား ရယ်မောလိုက်ပြီး အပိုစကားများ ထပ်မပြောတော့ချေ။

လူသတ်သမား တစ်ယောက် အနေဖြင့် အရေးကြီးဆုံး အချက်မှာ မိမိ၏ မွေးရာပါ အသိစိတ် ကို ယုံကြည်ရန် ပင် ဖြစ်သည်။ စောစောက ဒီအီးအေ မှ စုံထောက် မာလန် ကို စတင် တွေ့ဆုံစဉ် ကတည်းက တစ်ဖက်လူ ပေးစွမ်းသော ခံစားချက် မှာ သက်သောင့်သက်သာ မရှိကြောင်း ရိုအန် ခံစားခဲ့ရလေသည်။

အစပိုင်းတွင် လူမည်း ဂျွန် ထံတွင် ပြဿနာ တစ်ခုခု ပေါ်လာခြင်း သို့မဟုတ် မပြောသင့်သော စကားများ ပြောဆိုလိုက်ခြင်း ကြောင့် မာလန် က ပြဿနာ လာရှာခြင်း ဖြစ်မည်ဟု ရိုအန် ထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူ က ချက်လက်မှတ် လာပေးခြင်း ဖြစ်မည်ဟု ရိုအန် လုံးဝ မမျှော်လင့်ထားခဲ့ချေ။

သို့သော် ချက်လက်မှတ်ကို လက်ခံ ရယူပြီးနောက် တွင်လည်း မာလန် က ရိုအန် အား သက်သောင့်သက်သာ မရှိသော ခံစားချက်ကို ဆက်လက် ပေးစွမ်း နေဆဲ ပင် ဖြစ်သည်။ ဒီအီးအေ ၏ လုပ်ငန်း တာဝန် များကို စဉ်းစား တွေးတော လိုက်သောအခါ ရိုအန် က တစ်ဖက်လူ ၏ ရည်ရွယ်ချက် ကို အလွယ်တကူပင် ခန့်မှန်းမိသွားတော့သည်။

အလွန် ကြီးမားသော ဖြစ်နိုင်ချေ အရ ၎င်းတို့က ရိုအန် ကို လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက် လုပ်ကိုင်ရန် ဆွဲဆောင်ခြင်း ပင် ဖြစ်လေသည်။

သေချာပေါက် ရိုအန် သည် နယူးယောက် ရုပ်မြင်သံကြား တွင် ပါဝင်ခဲ့ဖူးကြောင်း ကို ထည့်သွင်း စဉ်းစားပါက လျှို့ဝှက် အေးဂျင့် အဖြစ် လုပ်ကိုင်ရမည့် နေရာမှာ နယူးယောက် လုံးဝ မဖြစ်နိုင်ချေ။

ဒီအီးအေ ၏ လုပ်ပိုင်ခွင့် နယ်ပယ် မှာ ဖက်ဒရယ် နိုင်ငံတော် တစ်ခုလုံး ဖြစ်ရာ အခြား မြို့တစ်မြို့ ဥပမာ- ချီကာဂို သို့မဟုတ် တောင်ဘက်သို့ အနည်းငယ် ပို၍ ဝေးကွာသော နေရာများ သို့ သွားရောက်ရခြင်း ကတော့ ပြဿနာ မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူများသည် နယူးယောက် သတင်းစာ များကို ဖတ်ရှုလေ့ မရှိသောကြောင့် ပင် ဖြစ်လေသည်။

လျှို့ဝှက် အေးဂျင့် အဖြစ် လုပ်ကိုင်ရမည့် ကိစ္စနှင့် ပတ်သက်၍ ရိုအန် ၏ ရင်ထဲတွင် အတွေး တစ်ချက်သာ ရှိလေသည်။

'ဟင်း... ဟင်း...'

လျှို့ဝှက် အေးဂျင့် အလုပ် ဆိုသည်မှာ ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး အလုပ်များထဲမှ တစ်ခု ပင် ဖြစ်လေသည်။

နောက်ဆုံး အချိန်အထိ အသက်ရှင်လျက် နေနိုင်ရန် အတွက် ဉာဏ်ရည်ဉာဏ်သွေး၊ စွမ်းရည်၊ ကံကြမ္မာ နှင့် ယုံကြည် အားထားရသော အထက်လူကြီး စသည်တို့ အားလုံးမှာ မရှိမဖြစ် လိုအပ်လှလေသည်။ တစ်ခုခု လိုအပ်သွားပါက အိပ်ရာမှ နိုးလာချိန်တွင် မိမိကိုယ်ကို ဟက်ဒ်ဆန် မြစ် အောက်ခြေ သို့ ရောက်ရှိ နေကြောင်း တွေ့ရှိရမည်မှာ အသေအချာ ပင် ဖြစ်သည်။

ရိုအန် က မိမိကိုယ်ကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ ငွေကြေး ရှိသည်၊ ရုပ်ရည် သွင်ပြင် ရှိသည်၊ အနာဂတ် အလားအလာ လည်း ရှိနေပါလျက် နှင့် ဤမျှလောက် ပင်ပန်းဆင်းရဲပြီး အကျိုးမရှိသော အလုပ်ကို ဘာဖြစ်လို့ သွားလုပ်ရမည်နည်း။

ထို့အပြင် ၎င်းမှာ အက်ဖ်ဘီအိုင် ၏ အလုပ် လည်း မဟုတ်ပေ။

ထို့ကြောင့် စောစောက ရိုအန် က စကားများဖြင့် တစ်ဖက်လူ ၏ ပါးစပ်ကို ကြိုတင် ပိတ်ထားခဲ့ခြင်း ပင် ဖြစ်သည်။

'ခင်ဗျား တို့ရဲ့ ချက်လက်မှတ် အတွက် ကျေးဇူးတင်ပါတယ်... နောက်ပိုင်း လိုအပ်လာမယ် ဆိုရင် အကူအညီကလွဲပြီး ကျန်တဲ့ ထောက်ပံ့မှု တွေ အကုန်လုံး ကို ကျွန်တော် သေချာပေါက်ပေါ့ ပေးစွမ်း သွားမှာပါ...'

ရိုအန် နှင့် သြဂတ်စ် တို့ နှစ်ဦး အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် သြဂတ်စ် က ခေါင်းစောင်းကာ မေးမြန်းလိုက်သည်။

"ဘယ်လိုလဲ... ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး နဲ့ ပတ်သက်ပြီး သဲလွန်စ လေး ဘာလေး ရနေပြီလား..."

"နည်းနည်းတော့ ရနေပါပြီ..."

ရိုအန် က ခေါင်းညိတ်ပြလိုက်ပြီး ယခု လက်ရှိ ရှာဖွေ တွေ့ရှိထားသော သေဆုံးသူ လေးဦး အကြားရှိ ဆက်စပ်မှု ဖြစ်သည့် စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး တွင် မင်္ဂလာပွဲ ကျင်းပခဲ့သော အတွေ့အကြုံ များကို သြဂတ်စ် အား ပြောပြလိုက်သည်။ ထို့နောက် ဆက်လက် ပြောဆိုလေသည်။

"အဲ့ဒီ ဘုရားကျောင်း မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ဇနီးမောင်နှံ တွေရဲ့ စာရင်း ကို ကျွန်တော် အခု ဆက်ပြီး စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်... သေဆုံးသူ အသစ် တွေကို ထပ်ပြီး ရှာတွေ့နိုင်မလား လို့ ကြည့်မလို့ပါ... အဲ့ဒီကနေ တစ်ဆင့် လူသတ်သမား နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေ ပိုပြီး ထွက်ပေါ် လာနိုင်တယ် လေ..."

"အိုကေ..."

ရိုအန် ၏ အကြံအစည် ကို သြဂတ်စ် က အပိုစကားများ မပြောတော့ဘဲ အတည်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အကူအညီ လိုအပ်ပါက ချက်ချင်း သတင်းပို့ရန် မှာကြားပြီးနောက် ဗီရိုနီးစ် ၏ ရုံးခန်း ဆီသို့ လှည့်ထွက်သွားလေသည်။ ဗီရိုနီးစ် က သြဂတ်စ် ကို ခေါ်ခိုင်းထားသည်ဟု ကြားသိရသည်။

မိမိ၏ ခုံတွင် ပြန်လည် နေရာယူလိုက်ပြီးနောက် ဘေးနားရှိ မိုနာ ၏ လက်ဆယ်ချောင်း က ကီးဘုတ် ပေါ်တွင် လျင်မြန်စွာ လှုပ်ရှား နေသည်ကို မြင်တွေ့လိုက်ရသည်။ မိုနာ က ရိုအန် ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း အလုပ် ရပ်နားလိုက်ပြီး ကွန်ပျူတာ ကို လက်ညှိုးထိုးပြကာ ခေါင်းစောင်း၍ မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"သတင်းကောင်း တစ်ခု နဲ့ သတင်းဆိုး တစ်ခု ရှိတယ် ရိုအန်... နင် ဘယ်တစ်ခု ကို အရင် နားထောင်ချင်လဲ..."

ရိုအန် ၏ လှုပ်ရှားမှု များ ရပ်တန့်သွားပြီး ဘာပြောရမှန်း မသိသည့် လေသံဖြင့် ဆိုသည်။

"သတင်းဆိုး ကို အရင် ပြောပါ..."

မိုနာ ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ကွန်ပျူတာ ကို လက်ညှိုးထိုးပြကာ ရှင်းပြလေသည်။

"သတင်းဆိုး ကတော့... နင် က ငါ့ကို စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို ဗဟိုပြုပြီး... လူသတ်မှု... မုဒိမ်းမှု... နောက်ယောင်ခံ လိုက်တဲ့ အမှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို ရှာဖွေခိုင်းတယ်... အဲ့ဒါက လုံးဝ ရှာလို့ မရနိုင်ဘူး ဖြစ်နေတယ်... နယ်မြေ ဒေသ က အရမ်း ကျယ်ဝန်းလွန်းတယ်... အမှုအခင်း တွေ ကလည်း ရေတွက်လို့ မရနိုင်အောင် များပြားလွန်းတယ်... နယူးဂျာစီ ရဲတွေ မဖော်ထုတ်နိုင်သေးတဲ့ လူသတ်မှု တွေချည်းပဲ ဆယ်ဂဏန်း ကျော်လောက် ရှိတယ်... ဒါတောင်မှ အထက်ကို တရားဝင် အစီရင်ခံထားတဲ့ အမှုတွေပဲ ရှိသေးတာ... တချို့ လူတွေ က လမ်းမပေါ်မှာ သေဆုံး နေခဲ့ရင်တောင်... နယူးဂျာစီ ရဲတွေ က အလောင်းကို သွားကောက် ပြီးတာနဲ့... ဘာကောက်ချက် မှ မချတော့ဘဲ အမှုပိတ် လိုက်တာ တွေလည်း အများကြီးပဲ..."

မိုနာ ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်နှာပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းများ ပေါ်လာတော့သည်။

တစ်နေ့လျှင် သေနတ် ပစ်ခတ်မှု ကြောင့် လူပေါင်း တစ်ရာ့နှစ်ဆယ်ခန့် သေဆုံးနေရသော အမေရိကန် နိုင်ငံ ပီသပါပေသည်။ လူတစ်ယောက် သေဆုံးသွားခြင်း ဆိုသည်မှာ နယူးယောက် နှင့် နယူးဂျာစီ ကဲ့သို့သော လူဦးရေ ထူထပ်လှသည့် ဒေသများတွင် တကယ့်ကို ကြီးမားသော ကိစ္စရပ် တစ်ခု လုံးဝ မဟုတ်ချေ။

"ဒါဆို သတင်းကောင်း ကရော..."

မိုနာ ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ကီးဘုတ် ကို အကြိမ်အနည်းငယ် ခေါက်နှိပ်လိုက်ပြီးနောက် ကွန်ပျူတာ မျက်နှာပြင် ပေါ်တွင် စက်ဝိုင်း တစ်ခု ပေါ်လာလေသည်။

"နင့်ရဲ့ တောင်းဆိုချက် အရ... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို ဗဟိုပြုပြီး အနီးအနား က အမှုအခင်း တွေကို ရှာဖွေတဲ့ အခါမှာ... ငါ က အချင်းဝက် သုံးမိုင် ပတ်လည် စက်ဝိုင်း တစ်ခု ဆွဲလိုက်တယ်... အဲ့ဒီမှာ သေဆုံးသူ လေးယောက် ရဲ့ အလောင်းကို တွေ့ခဲ့ရတဲ့ နယ်စပ် ရေကန် နဲ့... သေဆုံးသူ လေးယောက် ရဲ့ နေရပ်လိပ်စာ တွေက... အဲ့ဒီ စက်ဝိုင်း ထဲမှာ ကွက်တိ သွားကျနေတာကို ငါ ရှာတွေ့ခဲ့တယ်..."

"နင် ဘာပြောလိုက်တယ်..."

ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ စက်ဝိုင်း ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အမင်း အံ့ဩသွားရသည်။

သို့သော် ကွန်ပျူတာ မျက်နှာပြင် ပေါ်တွင် ဆွဲချ၍ မဆုံးနိုင်အောင် ရှည်လျားလှသော အမှုအခင်း စာရင်းကြီး ကို မြင်လိုက်ရသောအခါ ရိုအန် ၏ နှုတ်ခမ်းထောင့်များ ချက်ချင်း တွန့်ကွေးသွားတော့သည်။ ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် ညွှန်ကြားလိုက်သည်။

"ပထမဆုံး သေဆုံးသူ လင်ဒါ ချီပို ရဲ့ ပျောက်ဆုံးမှု နဲ့ သေဆုံးတဲ့ အချိန် က လွန်ခဲ့တဲ့ ရှစ်လ က ဖြစ်တာ ဆိုတော့... နင် နောက်ထပ် အမှုအခင်း တွေကို ရှာဖွေတဲ့ အခါကျရင် အချိန် ကာလ ကို လွန်ခဲ့တဲ့ တစ်နှစ် အတွင်း အဖြစ် သတ်မှတ်လိုက်... တစ်ချိန်တည်းမှာပဲ... အဲ့ဒီ အမှု တွေ ထဲက လူသတ်သမား ကို ဖမ်းမိပြီး ထောင်ထဲ ရောက်နေတဲ့ အမှုတွေကို ရှာစရာ မလိုတော့ဘူး... အဓိက အားဖြင့် လူသတ်သမား က တစ်နှစ် အတွင်း ထောင်က လွတ်လာပြီး... အခု လက်ရှိ အချိန်မှာ စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို ဗဟိုပြုထားတဲ့ အချင်းဝက် သုံးမိုင် အတွင်း နေထိုင်နေတဲ့ လူတွေကို အဓိကထား ရှာဖွေပေးပါ..."

"ကောင်းပါပြီ..."

ရိုအန် ၏ ညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ မိုနာ က သက်ပြင်း တစ်ချက် ချလိုက်ပြီး ခါးသက်သော ကော်ဖီ တစ်ငုံကို သောက်ကာ ပါးပြင်ကို ပုတ်လိုက်သည်။ ထို့နောက် ကီးဘုတ် ခေါက်နှိပ်သံများ ထပ်မံ ဆူညံစွာ ထွက်ပေါ် လာပြန်သည်။

အချိန်အတော်ကြာ ပြီးနောက် စက္ကူဖာကြီး နှစ်ဖာ ကို ပိုက်လာသော ရက်ဒ် နှင့် စက္ကူဖာကြီး တစ်ဖာ ကို ပိုက်လာသော လေစီ တို့ ပြန်လည် ရောက်ရှိလာကြသည်။

"ဟူး..."

စက္ကူဖာ များကို အစည်းအဝေး ခန်းမ ၏ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လေစီ နှင့် ရက်ဒ် တို့ က သက်ပြင်းရှည်ကြီး တစ်ချက် ကို ချလိုက်ကြသည်။

"ပင်ပန်းသွားကြပြီ..."

ရိုအန် က လေစီ နှင့် ရက်ဒ် တို့ နှစ်ဦး အတွက် ကော်ဖီ တစ်ခွက်စီ ငဲ့ပေးလိုက်ပြီးနောက် မင်္ဂလာမောင်နှံ များ၏ ကိုယ်ရေး အချက်အလက် များ ရေးမှတ်ထားသော စာရွက် များကို စတင် လှန်လှော ကြည့်ရှု နေလိုက်သည်။

"ရိုအန်... ဒီစက္ကူဖာ သုံးဖာ ထဲမှာ... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ အတွင်း က မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ဇနီးမောင်နှံ တွေရဲ့ အချက်အလက် မှတ်တမ်း တွေပဲ ရှိသေးတာ နော်..."

ကော်ဖီ တစ်ငုံ သောက်လိုက်ပြီးနောက် လေစီ က ကုလားထိုင် ပေါ်သို့ ဝင်ထိုင်လိုက်ပြီး မျက်နှာထား တင်းကြပ်စွာဖြင့် ဆိုသည်။

"စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ အပတ်တိုင်း မင်္ဂလာမောင်နှံ တွေကို လက်ခံ ကျင်းပပေးတယ်... လူများတယ် ဆိုရင် တစ်နေ့ကို မင်္ဂလာမောင်နှံ လေးတွဲ လောက် ရှိပြီး... လူနည်းရင် တောင်မှ တစ်နေ့ကို နှစ်တွဲ လောက် ရှိတယ်... တကယ်လို့ နင် က လွန်ခဲ့တဲ့ ဆယ်နှစ် အတွင်း က မင်္ဂလာမောင်နှံ တွေရဲ့ အချက်အလက် အကုန်လုံးကို သေချာပေါက် စစ်ဆေးချင်တယ် ဆိုရင်တော့ မစစ်ဆေးတာ က အကောင်းဆုံးပဲ... ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ မှာ ရှိတဲ့ လူဆယ်ယောက် အကုန်လုံး ဝိုင်းရှာရင် တောင်မှ လုံးဝ ရှာလို့ ပြီးနိုင်မှာ မဟုတ်ဘူး..."

"ဟုတ်တယ်... မှန်တယ်..."

ဘေးနားရှိ ရက်ဒ် ကလည်း အဆက်မပြတ် ခေါင်းညိတ် ထောက်ခံလိုက်ပြီး ကော်ဖီခွက် ကို ချကာ ပြောလိုက်သည်။

"စောစောက ငါတို့ အသွားအပြန် လမ်းခရီး မှာတင်... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး က နောက်ထပ် မင်္ဂလာမောင်နှံ တစ်တွဲ ကို ထပ်ပြီး လက်ခံ ကျင်းပပေး လိုက်သေးတယ်..."

ထိုစကားများကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားတော့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရိုအန် က ရုတ်တရက် ခေါင်းကို ပုတ်လိုက်ပြီး နေရာမှ ထကာ လက်ထဲရှိ စာရွက် များကို လွှဲယမ်းပြရင်း ပြောလိုက်သည်။

"မဖြစ်ဘူး... ငါတို့ ဆက်ပြီး စစ်ဆေးရမယ်..."

လေစီ နှင့် ရက်ဒ် တို့ ၏ မျက်နှာ အမူအရာ များ ချက်ချင်း ညှိုးကျသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က ခေါင်းခါယမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ရှင်းပြလေသည်။

"ဒါပေမဲ့ ငါတို့ အခု နောက်ပိုင်း အဓိက ထားပြီး စစ်ဆေးရမှာက... လွန်ခဲ့တဲ့ ခုနစ်လ အတွင်း က မင်္ဂလာမောင်နှံ တွေရဲ့ မှတ်တမ်း တွေရယ်... ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပတ် အတွင်း က မင်္ဂလာမောင်နှံ တွေရဲ့ မှတ်တမ်း တွေကိုပဲ..."

"ဘာဖြစ်လို့လဲ..."

ရက်ဒ် တစ်ယောက် ချက်ချင်း တက်ကြွလာသော်လည်း လေစီ က သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒါပေမဲ့ အရင်က နင် ပြောခဲ့တယ်လေ... တာမာရာ တယ်ရီ က လွန်ခဲ့တဲ့ ရှစ်နှစ် က လက်ထပ်ခဲ့တာ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပတ် ကမှ သေဆုံးသွားခဲ့တယ် ဆို... ဒီ…”

All Chapters