အခန်း ၆၆
Vol. 7 Ch. 66
အခန်း ၆၆ အမှု စုံစမ်းစစ်ဆေးရေး လမ်းကြောင်း
"မှန်တယ်... အရင်က ငါ အဲ့ဒီလို တကယ် ပြောခဲ့တာ..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒါပေမဲ့ သေဆုံးသူ တွေရဲ့ မင်္ဂလာဆောင် တဲ့ အချိန်ကို သက်သက် ရှာဖွေနေရုံ နဲ့ အသုံးဝင်မှာ မဟုတ်ဘူး လို့ ငါ ထင်တယ်... လူသတ်သမား ဆီကနေပဲ အစပျိုး ရလိမ့်မယ်..."
လေစီနှင့် ရက်ဒ်တို့၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပြည့်နှက်သွားသည်။
နားမလည်နိုင် ဖြစ်နေသော လေစီနှင့် ရက်ဒ်တို့က အစည်းအဝေးခန်းမ အတွင်းမှ ထွက်လာကြသည်။ ရိုအန်က သူ၏ စားပွဲတွင် ထိုင်ကာ သေဆုံးသူများ၏ အချက်အလက် မှတ်တမ်း ဖိုင်တွဲကို ထုတ်ယူလိုက်သည်။
ဘေးနားတွင် ကီးဘုတ် ခေါက်နှိပ်နေဆဲ ဖြစ်သော မိုနာကို လှမ်းခေါ်လိုက်ပြီးနောက် ရိုအန်က ဘောပင်ကို ထုတ်ယူကာ သေဆုံးသူ လေးဦး၏ ပျောက်ဆုံးချိန်များ အပေါ်တွင် စက်ဝိုင်း အကြီးကြီး တစ်ခု ဆွဲလိုက်သည်။
"သေချာ ကြည့်..."
ရိုအန်က မှတ်တမ်း ဖိုင်တွဲကို လေစီ၊ ရက်ဒ်နှင့် မိုနာတို့ သုံးဦး၏ အရှေ့တွင် ချထားလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ပထမဆုံး သေဆုံးသူ က လွန်ခဲ့တဲ့ ရှစ်လ က ပျောက်ဆုံးသွားတယ်... အပတ်စဉ် အနေနဲ့ တွက်ကြည့်မယ် ဆိုရင် လွန်ခဲ့တဲ့ သုံးဆယ့်နှစ် ပတ် က ပေါ့..."
"ဒုတိယ သေဆုံးသူ က လွန်ခဲ့တဲ့ နှစ်လ က ပျောက်ဆုံးတယ်... အပတ်စဉ် နဲ့ တွက်ရင် လွန်ခဲ့တဲ့ ရှစ်ပတ် က ပေါ့..."
"တတိယ သေဆုံးသူ က လွန်ခဲ့တဲ့ တစ်လ က ပျောက်ဆုံးတယ်... အပတ်စဉ် နဲ့ တွက်ရင် လွန်ခဲ့တဲ့ လေးပတ် က ပေါ့..."
"စတုတ္ထ သေဆုံးသူ က လွန်ခဲ့တဲ့ နှစ်ပတ် က ပျောက်ဆုံးတယ်..."
"ဒါပေမဲ့ ဒီအချိန် တွေ က အမှု ကို ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ လက်ထဲ အပ်လိုက်တဲ့ အချိန်ကို ပြောတာ... ဒီနေ့ကို ပြောတာ မဟုတ်ဘူး..."
"သောက်ကျိုးနည်း..."
"ခွေးမသား..."
မှတ်တမ်းပေါ်တွင် ရိုအန် ရေးသားထားသော ဂဏန်းများကို မြင်တွေ့လိုက်ရသောအခါ လေစီနှင့် ရက်ဒ်တို့က ပြိုင်တူ ဆဲရေးတိုင်းထွာ လိုက်ကြသည်။ မိုနာ၏ မျက်လုံးများကမူ ချက်ချင်း အရောင်တောက်ပ သွားပြီး အသံထွက်ကာ ပြောလိုက်သည်။
"အချိုးကျ ကိန်းစဉ်တန်း တွေလား..."
"မကျဘူး..."
မိမိ မသိစိတ်၏ စေ့ဆော်မှုအရ ဝင်ရောက် ပြောဆိုလိုက်သော စကားကို လျစ်လျူရှုလိုက်ပြီး ရိုအန်က မိုနာကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"အချိုးကျ ကိန်းစဉ်တန်း တွေ ဖြစ်နိုင်ချေ များတယ်... ဒါပေမဲ့ အလယ်မှာ တစ်ဆယ့်ခြောက် ဆိုတဲ့ ဂဏန်း တစ်ခု လိုနေတယ်... အဲ့ဒါကြောင့် လွန်ခဲ့တဲ့ လေးလ လောက်က နောက်ထပ် သေဆုံးသူ တစ်ယောက် ရှိနေနိုင်တယ် လို့ ငါတို့ ရဲရဲကြီး ခန့်မှန်းလို့ ရတယ်... လောလောဆယ် ဘယ်သူမှ အလောင်းကို မရှာတွေ့သေးတာ ပဲ ဖြစ်ရမယ်... ဒါမှမဟုတ် နယူးဂျာစီ က ရဲတွေက အလောင်းကို ရှာတွေ့ပြီးသား ဖြစ်နေပေမဲ့ တခြား အမှု တွေထဲမှာ ရောနှော ထည့်သွင်း ထားတာမျိုး လည်း ဖြစ်နိုင်တယ်..."
"သောက်ရူးတွေ..."
လေစီက နယူးဂျာစီမှ ရဲများကို တီးတိုး ဆဲရေးတိုင်းထွာ လိုက်သည်။ ထို့နောက် မှတ်တမ်းပေါ်မှ အကြည့်များကို ရွှေ့ပြောင်းလိုက်ပြီး ရိုအန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဒါပေမဲ့ အချိုးကျ ကိန်းစဉ်တန်း ထဲမှာ နှစ် က အငယ်ဆုံး ဂဏန်း ဖြစ်နေပြီလေ... အဲ့ဒါက လူသတ်သမား နောက်ထပ် လူထပ်မသတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ် လား..."
"အချိုးကျ ကိန်းစဉ်တန်း ဖြစ်နိုင်တယ် လို့ပဲ ပြောတာ... ရာနှုန်းပြည့် သေချာတာတော့ မဟုတ်ဘူး..."
ရိုအန်က ခေါင်းခါယမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"တခြား ရှုထောင့် တစ်ခု ကနေ စဉ်းစား ကြည့်မယ်... နှစ် နှစ်ခါ ပေါင်းရင် လေး ရတယ်... လေး နှစ်ခါ ပေါင်းရင် ရှစ် ရတယ်... ဒါဆိုရင် ဘယ်ဂဏန်း နှစ်ခု ပေါင်းရင် နှစ် ရမလဲ..."
"တစ် နှစ်ခါ ပေါင်းရင်ပေါ့..."
"ခွေးမသား..."
လေစီက စကားဝင်ပြောလိုက်ပြီး မိုနာက တီးတိုး ဆဲရေးတိုင်းထွာ လိုက်သည်။ ရက်ဒ်၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားပြီး ခါးသက်သော ကော်ဖီကို အားရပါးရ တစ်ငုံ သောက်လိုက်လေသည်။
ဤသည်မှာ လူသတ်သမားက ယခုအပတ် အတွင်း နောက်ထပ် လူထပ်သတ်နိုင်ချေ ရှိနေကြောင်း အဓိပ္ပာယ် သက်ရောက်နေလေသည်။
ရွှပ်ခနဲ အသံ ထွက်ပေါ်လာသည်။
ရိုအန်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အရှေ့ဆုံးသို့ လျှောက်သွားလိုက်သည်။ သင်ပုန်းဖြူ တစ်ခုကို ဆွဲယူလိုက်ပြီး သြဂတ်စ် ရေးသားထားသော စာသားများကို အကုန် ဖျက်ပစ်လိုက်သည်။ ထို့နောက် သေချာစွာ စတင် ရေးသား နေလေသည်။
ခဏအကြာတွင် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ၏ လေးနက် တည်ကြည်သော အကြည့်များ အောက်တွင်ပင် ရိုအန်က ယခု လက်ရှိ သူ ရရှိထားသော သဲလွန်စများနှင့် ခွဲခြမ်းစိတ်ဖြာချက် အားလုံးကို ရေးသား ပြီးစီးသွားလေသည်။
ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် အားလုံးကို စတင် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် သြဂတ်စ်နှင့် ဗီရိုနီးစ်တို့ ရုတ်တရက် ဝင်ရောက်လာကြသည်။
"ခေါင်းဆောင်..."
ဗီရိုနီးစ်က လက်ယမ်းပြလိုက်သည်။ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး ရိုအန်၏ ဘေးတွင် ဝိုင်းအုံနေကြသည်ကို မြင်တွေ့လိုက်ရသောအခါ အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
"ဘာတွေ ဖြစ်နေကြတာလဲ..."
"ဘာမှ မဖြစ်ပါဘူး... အားလုံး ကို အမှု အခြေအနေ နဲ့ ပတ်သက်ပြီး ခွဲခြမ်း စိတ်ဖြာ ပြမလို့ ပြင်နေတာပါ..."
ရိုအန်က လက်ထဲရှိ ဘောပင်ကို ဘေးသို့ ပစ်ချလိုက်ပြီး ဗီရိုနီးစ်ကို ကြည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
"ခေါင်းဆောင် က ကျွန်တော်တို့ အတွက် တာဝန် အသစ် တွေများ ပေးစရာ ရှိလို့လား..."
ဗီရိုနီးစ်က ရိုအန်၏ မေးခွန်းကို ပြန်လည် မဖြေကြားခဲ့ပေ။ သင်ပုန်းဖြူ ဘေးသို့ လျှောက်သွားပြီး ခေတ္တမျှ သေချာစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် ခေါင်းစောင်းကာ မေးမြန်းလိုက်သည်။
"ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှု ကြီးလား..."
ဗီရိုနီးစ် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ ဘာလာလုပ်သနည်း ဟု သြဂတ်စ်ကို မျက်စိ မျက်နှာ ပျက်ပြကာ မေးမြန်းနေသော ရိုအန်က ဗီရိုနီးစ်၏ အေးစက်သော အသံကို ကြားလိုက်ရသောအခါ အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။
"မှန်ပါတယ်... အဲ့ဒီ အမှု ပါပဲ... ခုလေးတင် သဲလွန်စ အသစ် နည်းနည်း ရထားလို့... အားလုံး နဲ့ ဆွေးနွေး တိုင်ပင် မလို့ပါ..."
ဗီရိုနီးစ်က ခေါင်းညိတ်ပြလိုက်ပြီး အပိုစကားများ ဆက်မပြောတော့ချေ။ စုံထောက် တစ်ဦး၏ ကုလားထိုင်ကို အလွယ်တကူ ဆွဲယူလိုက်ပြီး ခြေချိတ်ကာ ထိုင်ချလိုက်လေသည်။
"ပြောလေ..."
"အိုကေ..."
သြဂတ်စ် ကလည်း ကုလားထိုင် တစ်လုံးကို ဆွဲယူကာ ဗီရိုနီးစ်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မိမိကို မည်သည့် အရာမျှ မပြောပြသည်ကို မြင်လိုက်ရသောအခါ ရိုအန်က နှုတ်ခမ်းကို သပ်လိုက်သည်။ ထို့နောက် ဂရုမစိုက်တော့ဘဲ ဘောပင်ကို ယူကာ စတင် ရှင်းပြ လေတော့သည်။
ဖျောက်ခနဲ အသံ ထွက်ပေါ်လာသည်။
သင်ပုန်းဖြူ ဘောပင်ဖြင့် ဘယ်ဘက် အပေါ်ထောင့်ကို ခေါက်လိုက်ပြီးနောက် ရိုအန်က သင်ပုန်းဖြူ ပေါ်ရှိ အချက်အလက် များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ပထမဆုံး သေဆုံးသူ လင်ဒါ ချီပို က အိမ်ထောင်သည် ဖြစ်ပြီး အသက် နှစ်ဆယ့်ရှစ်နှစ် ရှိပြီ... ဒုတိယ သေဆုံးသူ ဘီထရစ် လီယွန် က အိမ်ထောင်သည် ဖြစ်ပြီး အသက် သုံးဆယ့်လေးနှစ် ရှိပြီ... တတိယ သေဆုံးသူ နာတာလီ ကာလိုင်း က အိမ်ထောင်သည် ဖြစ်ပြီး အသက် နှစ်ဆယ့်ငါးနှစ် ရှိပြီ... စတုတ္ထ သေဆုံးသူ တာမာရာ တယ်ရီ က အိမ်ထောင်သည် ဖြစ်ပြီး အသက် သုံးဆယ် ရှိပြီ..."
"ဒီအမှု ကို ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ လက်ထဲ စပြီး အပ်လိုက်တဲ့ အချိန်တုန်းက... သေဆုံးသူ တွေ ကြားထဲမှာ အောက်ပါ တူညီတဲ့ အချက် အနည်းငယ် ကိုပဲ ငါတို့ ရှာတွေ့ခဲ့တယ်..."
"ပထမ အချက် အနေနဲ့ သူတို့ အားလုံးက အိမ်ထောင်သည် အမျိုးသမီး တွေ ဖြစ်နေတယ်..."
"ဒုတိယ အချက် အနေနဲ့ လူသတ်သမား က သေဆုံးသူ တွေကို ပြန်ပေးဆွဲ သွားပြီးတဲ့ နောက်မှာ... အချိန် အတိုင်းအတာ တစ်ခု အထိ ညှဉ်းပန်း နှိပ်စက် ခဲ့တယ်... အဲ့ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ် အထက်ပိုင်း မှာ ညိုမည်း စွဲကျန်နေတဲ့ ဒဏ်ရာ တွေ ရှိနေပြီး... အောက်ပိုင်း မှာလည်း ပြဲကွဲနေတဲ့ ဒဏ်ရာ တွေ ရှိနေခဲ့တာပဲ..."
"တတိယ အချက် အနေနဲ့ လူသတ်သမား က သူတို့ကို သတ်ဖြတ်တဲ့ နေရာမှာ... အားလုံးကို ကြိုး နဲ့ တိုက်ရိုက် လည်ပင်း ညှစ်ပြီး သတ်ဖြတ် ခဲ့တယ်..."
"စတုတ္ထ အချက် အနေနဲ့ လူသတ်သမား က သူတို့ကို သတ်ဖြတ် ပြီးတဲ့ နောက်မှာ... သေဆုံးသူ တွေရဲ့ လက်ပေါ်က လက်စွပ် တွေကို အကုန်လုံး ချွတ်ယူ သွားခဲ့တယ်..."
ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မိုနာ၊ လေစီ အစရှိသော စုံထောက်များ အားလုံးက ပို၍ အာရုံစိုက် လာကြသည်။ သြဂတ်စ်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်ပြီး ဗီရိုနီးစ်က ချိတ်ထားသော ခြေထောက်များကို အပေါ်အောက် ပြောင်းချိတ်လိုက်သည်။ နှုတ်ခမ်းကို အနည်းငယ် စေ့ထားပြီး မျက်နှာ အမူအရာ မပြောင်းလဲဘဲ မည်သည့် စကားမျှ မဆိုချေ။
"သေဆုံးသူ တွေရဲ့ ရုပ်အလောင်း တွေက ရေကန် ထဲမှာ အချိန် အတော်ကြာ စိမ်ခံ ထားရတဲ့ အတွက်... မှုခင်း ဆရာဝန် က လူသတ်သမား ရဲ့ ဒီအန်အေ ကို ရှာမတွေ့ခဲ့ဘူး... အထက်ပါ အချက်အလက် တွေ နဲ့လည်း လူသတ်သမား ရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း ကို အတည်မပြုနိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ငါတို့က နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှု တွေကို ဆက်လုပ်ခဲ့တယ်..."
ရိုအန်က သင်ပုန်းဖြူ ဘောပင်ကို ကိုင်ကာ သင်ပုန်းဖြူ ၏ အလယ်ဗဟို ရှိ စာသားများကို ခေါက်လိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"စုံစမ်း စစ်ဆေးတဲ့ လုပ်ငန်းစဉ် အတွင်းမှာ... သေဆုံးသူ တွေ ကြားထဲက ဆက်စပ်မှု အသစ် တွေကို ငါတို့ ရှာတွေ့ခဲ့တယ်..."
"ပထမ အချက် အနေနဲ့ သေဆုံးသူ လေးယောက် လက်ထပ်ခဲ့တဲ့ ဘုရားကျောင်း က တစ်ခုတည်းပဲ... အားလုံးက စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာ..."
"ဒုတိယ အချက် အနေနဲ့ စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို ဗဟိုပြုပြီး... အချင်းဝက် သုံးမိုင် ပတ်လည် စက်ဝိုင်း တစ်ခု ဆွဲကြည့်လိုက်တဲ့ အခါ... အလောင်းတွေကို တွေ့ခဲ့ရတဲ့ ရေကန် နဲ့ သေဆုံးသူ လေးယောက် ရဲ့ အိမ်တွေ အားလုံး က အဲ့ဒီ စက်ဝိုင်း ထဲမှာ ရှိနေတယ်..."
"တတိယ အချက် အနေနဲ့ သေဆုံးသူ လေးယောက် ပျောက်ဆုံးသွားတဲ့ အချိန်... တစ်နည်းအားဖြင့် လူသတ်သမား စတင် လှုပ်ရှားခဲ့တဲ့ အချိန် တွေကို အပတ်စဉ် နဲ့ တွက်ကြည့်မယ် ဆိုရင်... အသီးသီး က လွန်ခဲ့တဲ့ သုံးဆယ့်နှစ် ပတ် က... လွန်ခဲ့တဲ့ ရှစ်ပတ် က... လွန်ခဲ့တဲ့ လေးပတ် က နဲ့ လွန်ခဲ့တဲ့ နှစ်ပတ် က ဆိုပြီး ဖြစ်နေတယ်... တစ်ဆယ့်ခြောက် ဆိုတဲ့ ဂဏန်း တစ်ခု လိုနေပြီး... အချိုးကျ ကိန်းစဉ်တန်း တွေ ဖြစ်ဖို့ များတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုနာနှင့် မိုနာ၏ ခါးကို ဖက်ထားသော လေစီတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲခြင်း မရှိပေ။ ရက်ဒ်က ခါးသက်သော ကော်ဖီကို ကောက်ယူကာ နောက်ထပ် တစ်ငုံ သောက်လိုက်ပြီး ကျန်ရှိသော စုံထောက်များ၏ မျက်နှာပေါ်တွင်မူ လေးနက် တည်ကြည်သော အမူအရာများ ပေါ်ထွက်လာသည်။ သြဂတ်စ်က မေးခွန်းမေးရန် ပါးစပ် ဟလိုက်သော်လည်း ဘေးနားရှိ ဗီရိုနီးစ်ကို မြင်လိုက်ရသောအခါ ပြန်လည် တိတ်ဆိတ် သွားတော့သည်။
ဗီရိုနီးစ်က သင်ပုန်းဖြူ ပေါ်ရှိ စာသားများကို ကြည့်ကာ မျက်လုံးအိမ်များ ကျဉ်းမြောင်း သွားသည်။ ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။
"မင်း နောက်ပိုင်း ဆက်ပြီး ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ..."
ရိုအန်က ဗီရိုနီးစ်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ သင်ပုန်းဖြူ ဘောပင်ဖြင့် ညာဘက် အပေါ်ထောင့်ရှိ စာသားများကို လက်ညှိုးထိုးပြကာ လေးနက်သော လေသံဖြင့် ဆိုသည်။
"ပထမဆုံး အနေနဲ့ စုံထောက် လေစီ နဲ့ စုံထောက် ရက်ဒ် တို့က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ အတွင်း မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ဇနီးမောင်နှံ တွေရဲ့ အချက်အလက် မှတ်တမ်း တွေကို ယူလာခဲ့ပါပြီ..."
"ဒုတိယ အနေနဲ့ မှတ်တမ်း တွေ အရ ဆိုရင်... ပထမဆုံး သေဆုံးသူ လင်ဒါ ချီပို က လွန်ခဲ့တဲ့ တစ်ဆယ့်တစ် လ က လက်ထပ်ခဲ့ပြီး လွန်ခဲ့တဲ့ ရှစ်လ က ပျောက်ဆုံး သွားခဲ့တယ်... ဒုတိယ သေဆုံးသူ ဘီထရစ် လီယွန် က လွန်ခဲ့တဲ့ ငါးလ က လက်ထပ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်လ က ပျောက်ဆုံး သွားခဲ့တယ်... တတိယ သေဆုံးသူ နာတာလီ ကာလိုင်း က လွန်ခဲ့တဲ့ လေးလ က လက်ထပ်ခဲ့ပြီး လွန်ခဲ့တဲ့ တစ်လ က ပျောက်ဆုံး သွားခဲ့တယ်..."
"စတုတ္ထ သေဆုံးသူ တာမာရာ တယ်ရီ က လွန်ခဲ့တဲ့ ရှစ်နှစ် က လက်ထပ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပတ် ကမှ ပျောက်ဆုံး သွားခဲ့တယ် ဆိုတာ ကလွဲရင်... ကျန်တဲ့ လူတွေ အားလုံးက လက်ထပ်ပြီး သုံးလ အကြာမှာ လူသတ်သမား ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာချည်းပဲ..."
"အဲ့ဒါကြောင့် ငါတို့ နောက်ထပ် လုပ်ရမယ့် အချက် လေးချက် ရှိတယ်..."
"ပထမ အချက် က... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ထဲက လူတွေကို သေချာ စစ်ဆေး ရမယ်... ဒီအမှု က သူတို့ နဲ့ လုံးဝ ပတ်သက်မှု မရှိဘူး ဆိုတာ မဖြစ်နိုင်ဘူး..."
"ဒုတိယ အချက် က... လွန်ခဲ့တဲ့ သုံးလ က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ လက်ထပ်ခဲ့ပြီး အခု လက်ရှိ အဲ့ဒီ စက်ဝိုင်း ထဲမှာ နေထိုင်နေတဲ့ ဇနီးမောင်နှံ တွေကို အဓိကထား စစ်ဆေး ရမယ်... ဒီအပတ် အတွင်းမှာ အဲ့ဒီ ဇနီးမောင်နှံ တွေ ထဲက တစ်ယောက်ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမျိုး ရှိမရှိ ကို စစ်ဆေး ရမယ်..."
"စုံစမ်း စစ်ဆေးတဲ့ အခါကျရင် ငါတို့ရဲ့ ဆက်သွယ်ရမယ့် လိပ်စာ ကို ချန်ထားခဲ့ရမယ်... တကယ်လို့ နောက်ပိုင်းမှာ အမှုအခင်း တစ်ခုခု ဖြစ်လာခဲ့ရင် သေဆုံးသူ ရဲ့ မိသားစုဝင် တွေက ငါတို့ဆီ အချိန်မီ ဆက်သွယ် လာနိုင်ဖို့ အတွက်ပေါ့..."
"တတိယ အချက် က... တစ်ဆယ့်ခြောက် ပတ် ရဲ့ အရင် သုံးလ... တစ်နည်းအားဖြင့် လွန်ခဲ့တဲ့ ခုနစ်လ တုန်းက စိန့် ဖီးလ် ဘုရားကျောင်း မှာ လက်ထပ်ခဲ့ပြီး... လက်ထပ်ပြီး လေးလ အတွင်း အဲ့ဒီ စက်ဝိုင်း ထဲမှာ နေထိုင်ခဲ့တဲ့ ဇနီးမောင်နှံ တွေကို စစ်ဆေး ရမယ်... သူတို့ အပေါ်မှာ ပျောက်ဆုံးမှု အမှုအခင်း တွေ ဖြစ်ခဲ့ဖူးသလား ဆိုတာ ကြည့်ရမယ်..."
"တကယ်လို့ ဒီလို အမှုအခင်း မျိုး ရှိခဲ့မယ် ဆိုရင်... ငါတို့ က လူသတ်သမား ရဲ့ ခြေရာလက်ရာ တွေကို ရှာတွေ့နိုင်ပြီး... အဲ့ဒီ ကနေ တစ်ဆင့် လူသတ်သမား ကို ဖမ်းဆီးနိုင်ဖို့ အလားအလာ ရှိတယ်..."
"စတုတ္ထ အချက် က... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ရဲ့ အနီးအနား... အဲ့ဒီ စက်ဝိုင်း ထဲမှာ နေထိုင်ပြီး... မုဒိမ်းမှု... နောက်ယောင်ခံ လိုက်တဲ့ အမှု... လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ နဲ့ ထောင်ကျခဲ့ဖူးပေမဲ့... လွန်ခဲ့တဲ့ တစ်နှစ် အတွင်း ကမှ ထောင်က လွတ်လာတဲ့ ရာဇဝတ်ကောင် တွေကို စစ်ဆေး ရမယ်..."
"ဘာလို့လဲ ဆိုတော့ မှုခင်း ဆရာဝန် ရဲ့ အစီရင်ခံစာ အရ... လူသတ်သမား က ပထမဆုံး အကြိမ် လူသတ်တာ မဟုတ်ဘူး ဆိုတာရယ်... ပြစ်မှု ကျူးလွန်တဲ့ ပုံစံ ကလည်း တဖြည်းဖြည်း နဲ့ အဆင့်မြင့် လာတယ် ဆိုတာရယ် ကြောင့်ပဲ... အဲ့ဒါကြောင့် ဒီလူတွေ ကလည်း သံသယ အများဆုံး ရှိနေတဲ့ သူတွေပဲ..."
ဤနေရာသို့ ရောက်သောအခါ ရိုအန်က လှည့်ကာ လူအားလုံးကို လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"လူသတ်သမား က ပြစ်မှု တွေ ပိုကျူးလွန်လေလေ... အမှား လုပ်မိနိုင်တဲ့ အခွင့်အရေး ကလည်း ပိုများလာလေလေ ပဲ... ငါတို့ အနေနဲ့ တစ်ဖက်လူ ကို ဖမ်းမိနိုင်တဲ့ ရာခိုင်နှုန်း ကလည်း ပိုမြင့်တက် လာမှာပဲ... ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ က စုံထောက်တွေ အားလုံး ဝိုင်းဝန်း ကြိုးစားကြမယ် ဆိုရင်... ဒီလူသတ်သမား ကို သေချာပေါက် ဖမ်းမိနိုင်မယ် လို့ ငါ ယုံကြည်တယ်..."
"ကောင်းတယ်..."
"ပြောတာ မှန်တယ်..."
"တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ..."
ရိုအန်၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး အလွန် စိတ်ဓာတ် တက်ကြွသွားကြပြီး အားတက်သရော လက်ခုပ်တီး လိုက်ကြလေသည်။
သြဂတ်စ် ကလည်း ကုလားထိုင် ပေါ်မှ ထလာပြီး ရိုအန်၏ ပခုံးကို အားပါးတရ ရိုက်လိုက်သည်။ အံသွားများ ပေါ်လာသည်အထိ ရယ်မောလိုက်ပြီးနောက် စုံထောက်များကို လှည့်ကြည့်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"အခု အချိန်က စပြီး အားလုံးပဲ ရိုအန် စောစောက ပြောသွားတဲ့ လူတွေကို သေချာ စစ်ဆေး ရှာဖွေ ကြစမ်း... ငါတို့ အမြန်ဆုံး အချိန် အတွင်း လူသတ်သမား ကို ထောင်ထဲ ပို့ပစ်ကြမယ်..."
စုံထောက်များ အားလုံးက စက္ကူဖာကြီး အတွင်းရှိ ဇနီးမောင်နှံ များ၏ အချက်အလက် များကို လှမ်းယူလိုက်ကြပြီး ကိုယ့်နေရာ အသီးသီးသို့ ပြန်ပြေးကာ အလုပ် စတင် လုပ်ကိုင် ကြတော့သည်။
ဗီရိုနီးစ်၏ မျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း ရင်ထဲတွင် အလွန် ကျေနပ် အားရ နေလေသည်။ ကုလားထိုင် ပေါ်မှ ထကာ သြဂတ်စ်၏ အဖွဲ့ခေါင်းဆောင် ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။
ရိုအန်၏ ဘေးမှ ဖြတ်သွားချိန်တွင် ဗီရိုနီးစ်က ရိုအန်ကို အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"အထဲ ဝင်ခဲ့..."
ရိုအန်၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပြည့်နှက်သွားတော့သည်။