← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁ အလောင်းအသစ်

"အဲ့ဒါကြောင့် အပြင်ဘက် နေရာတွေမှာ အလွယ်တကူ သွားမရှုပ်ဖို့ ပြောတာ..."

မြေပြင်ပေါ်တွင် ခြေထောက်များ ပျော့ခွေစွာ ထိုင်နေပြီး ငိုကြွေးနေသော ရေဗင်ကို တင်းကြပ်စွာ ဖက်ထားသည့် ကန်ကို ကြည့်ရင်း ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။

"ခြင်တွေ ပိုးကောင်တွေ ကိုက်တာကို အသာထားဦး... ဖက်ဒရယ် နိုင်ငံတော် ကြီးမှာ နှစ်စဉ် ထွက်နေတဲ့ သရဲကား တွေ အများကြီး ထဲက ဇာတ်လမ်း တွေကို မင်းတို့ နည်းနည်းလေးတောင် မမှတ်မိကြဘူးလား..."

ကန်က တံတွေး တစ်ချက် မျိုချလိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"အဲ့ဒါတွေ အကုန်လုံး က စိတ်ကူးယဉ် ဇာတ်လမ်း တွေလို့ပဲ ကျွန်တော် ထင်ထားခဲ့တာ..."

"ဇာတ်လမ်း တွေရဲ့ အခြေခံ အကြံဉာဏ် တွေက လက်တွေ့ ဘဝ တွေထဲကနေ လာတာပဲ လူငယ်လေး..."

ရိုအန်က ခေါင်းခါယမ်းလိုက်ပြီး ထိုလူငယ် နှစ်ဦးကို အက်စ်ယူဗီ ကားပေါ်သို့ တက်ရောက် အနားယူစေလိုက်သည်။ ထို့နောက် ဖုန်းထုတ်ကာ လူငယ် နှစ်ဦး၏ မိဘများထံ ဆက်သွယ်၍ အမြန်ဆုံး လာရောက် ခေါ်ဆောင်ရန် အကြောင်းကြားလိုက်သည်။

"လူတစ်ယောက်တည်း ရဲ့ လက်ချက် ဖြစ်ဖို့ များတယ် ရိုအန်..."

ရေကန်၏ အစွန်အဖျား ရေစီးကြောင်းကြောင့် ဖြစ်ပေါ်နေသော တွင်းနက်ကြီး တစ်ခု အတွင်း၌ အမျိုးသမီး ရုပ်အလောင်း တစ်လောင်းက ခေါင်းကို ရေထဲ နှစ်လျက် တိတ်ဆိတ်စွာ လှဲလျောင်းနေလေသည်။

လေစီက တွင်းနက်ကြီး၏ အစွန်းတွင် ရပ်ကာ အကြမ်းဖျင်း ကြည့်ရှု အကဲခတ်လိုက်သည်။ အမျိုးသမီး အလောင်း၏ လည်ပင်းပေါ်ရှိ ကြိုးညှစ်ခံထားရသော ဒဏ်ရာများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ် များတွင်လည်း ချည်နှောင်ခံထားရသည့် ခြေရာလက်ရာများ ရှိနေလေသည်။ ညှပ်ရိုး ပတ်ဝန်းကျင်တွင် ညိုမည်း စွဲကျန်နေသော ဒဏ်ရာ အချို့ကို ခပ်ရေးရေး မြင်တွေ့နေရပြီး ရုပ်အလောင်း၏ ဘောင်းဘီ မှာလည်း အနည်းငယ် တွန့်လိမ် စောင်းရွဲ့ နေလေသည်။

အထင်ရှားဆုံး အချက်မှာ ရုပ်အလောင်း၏ လက်ပေါ်ရှိ လက်စွပ်လေး ပျောက်ဆုံးနေခြင်း ပင် ဖြစ်လေသည်။

"ကောင်းပါပြီ..."

ဆူဇန်၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဖွဲ့ခေါင်းဆောင် သြဂတ်စ်ထံသို့ ဖုန်းဆက်၍ ဤနေရာရှိ အခြေအနေများကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

သြဂတ်စ် ကလည်း ခြေရာခံ စစ်ဆေးရေး အဖွဲ့ကို ချက်ချင်း အကြောင်းကြားလိုက်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ လာရောက် စစ်ဆေးရန် စုံထောက်များကို အမြန်ဆုံး စေလွှတ်ပေးလိုက်လေသည်။

ဖုန်းချလိုက်ပြီးနောက် ရိုအန်က ဘေးပတ်ဝန်းကျင်ကို စတင် အကဲခတ်လိုက်ရာ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များ ကြားတွင် နက်ရှိုင်းသော ခြေရာ တစ်တန်းကို တွေ့ရှိသွားလေသည်။

"ကြည့်ရတာ လူသတ်သမား ရဲ့ မူလ ရည်ရွယ်ချက် က သေဆုံးသူ ကို ကျောပိုးပြီး ရေကန် ထဲ ပစ်ချဖို့ စဉ်းစားထားခဲ့ပုံပဲ..."

ဘေးနားရှိ လေစီက ရိုအန်၏ အနားသို့ လျှောက်လာပြီး ခြေရာများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဤနေရာနှင့် အလှမ်းဝေးသော လမ်းငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရေကန်ဆီသို့ သွားရန် ခရီး အနည်းငယ် လိုသေးသည်ကို အကဲခတ်ကာ ပခုံးတွန့်လိုက်သည်။

"ဒါပေမဲ့ သူ လမ်းတစ်ဝက် လောက် ရောက်တဲ့ အချိန်မှာ ဆက်မပိုးနိုင်တော့လို့... ဒီနေရာ မှာပဲ သေဆုံးသူ ကို ပစ်ချခဲ့တာ ဖြစ်မယ်..."

"မဟုတ်ဘူး... အဲ့ဒီလို မဖြစ်နိုင်ဘူး..."

မြေပြင်ပေါ်ရှိ ခြေရာများကို သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် ရိုအန်၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားသည်။ ကိုယ်ကို ကိုင်းကာ ထိုင်ချလိုက်ပြီး ခြေရာ၏ အလျားကို အကြမ်းဖျင်း တိုင်းတာလိုက်ပြီးနောက် ရှင်းပြလေသည်။

"ဒီခြေရာ ရဲ့ အလျား က သေချာပေါက် ၂၅ စင်တီမီတာ ထက် ကျော်လွန်တယ်... အတိအကျ က ၂၆ လား ၂၇ လား ဆိုတာ ကိုတော့ မသိရသေးဘူး... အနည်းဆုံး ကိန်းဂဏန်း ဖြစ်တဲ့ ၂၅ ကို ယူပြီး... ခြေရာ အလျား ကနေ အရပ်အမြင့် ကို တွက်ချက်တဲ့ ပုံသေနည်း အရ ၆.၈ နဲ့ မြှောက်ကြည့်လိုက်ရင်... ခန့်မှန်းခြေ ၁၇၀ စင်တီမီတာ လောက် ရတယ်... အဲ့ဒါကြောင့် လူသတ်သမား ရဲ့ အရပ် က ၁၇၀ ထက် သေချာပေါက် ပိုမြင့်တယ်..."

ထောက်လှမ်းရေး ဌာနမှ ဆင်းသက်လာသော လေစီ တစ်ယောက် မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာများ ပေါ်ထွက်လာပြီး အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သေးမီမှာပင် ရိုအန်က ဆက်လက် ရှင်းပြလေသည်။

"လူးဝစ်စ် ပဲ ဖြစ်ဖြစ်... အဲ့ဒီ အမှိုက်ကောက်တဲ့ သူပဲ ဖြစ်ဖြစ်... အဲ့ဒီ လူဖြူ အမျိုးသား က ခန္ဓာကိုယ် အနေအထား အလတ်စား လောက် ရှိတယ် လို့ ပြောကြတယ်... အရင်က ဆူဇန် ရဲ့ ကိုယ်အလေးချိန် ကို ငါ မေးကြည့်တော့ ၄၅ ကီလိုဂရမ် ဝန်းကျင် လောက်ပဲ ရှိတာ..."

အရပ် ၁၇၀ ကျော်ပြီး ခန္ဓာကိုယ် အလတ်စား အရွယ်အစားရှိသော လူဖြူ အမျိုးသားကြီး တစ်ဦး အနေဖြင့် ပုံမှန် အခြေအနေ မျိုးတွင် အရပ် ၁.၆ မီတာ နှင့် ပေါင် ၉၀ ကျော်ခန့်သာ ရှိသော အမျိုးသမီး တစ်ဦးကို မပိုးနိုင်စရာ အကြောင်း လုံးဝ မရှိပေ။ လူးဝစ်စ် နှင့် အမှိုက်ကောက်သူ တို့ကလည်း ဤလူသတ်သမား ၏ ခန္ဓာကိုယ် တွင် ဒဏ်ရာ ရှိနေသည် ဟု တစ်ခါမျှ မပြောခဲ့ဖူးချေ။

လက်ကို ခါထုတ်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် ရိုအန်က ခေါင်းလှည့်လိုက်ရာ လေစီ၏ မျက်နှာပေါ်ရှိ အံ့ဩ မှင်သက်နေသော အမူအရာကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် အံသွားများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။

"အက်ဖ်ဘီအိုင် လေ့ကျင့်ရေး သင်တန်းကျောင်း မှာ တက်တုန်းက သင်ခဲ့ရတာ..."

အတိတ်ဘဝ က လူသတ်သမား တစ်ယောက် အနေဖြင့် မိမိ၏ ခြေရာများကို ဖျောက်ဖျက်ခြင်းနှင့် ခြေရာတု ဖန်တီးကာ နောက်ယောင်ခံ လိုက်သူများကို လှည့်စားခြင်းတို့မှာ မသင်မနေရ သင်ခန်းစာများ ပင် ဖြစ်လေသည်။ ဥပမာ အားဖြင့် အခြေခံ အသိပညာ အချို့ ဖြစ်သော...

လူငယ်လေး များသည် ခြေလှမ်းတိုပြီး ခြေရာ သေးသွယ်ကြသည်။ ခြေလှမ်း တစ်လှမ်းနှင့် တစ်လှမ်း အကြား အကွာအဝေးမှာ မညီညာဘဲ လမ်းလျှောက်သည့် လမ်းကြောင်းမှာလည်း ကွေ့ကောက် နေတတ်သည်။ လူရွယ် များသည် ခြေလှမ်းကျယ်ပြီး ခြေရာ ကြီးမားကြသည်။ ခြေလှမ်း အကွာအဝေးမှာ ပုံမှန် ဖြစ်ပြီး ဖြောင့်တန်းစွာ လမ်းလျှောက်လေ့ ရှိကြသည်။ သက်ကြီးရွယ်အို များသည် ခြေလှမ်းတိုပြီး တည်ငြိမ်စွာ လမ်းလျှောက်တတ်ကြသည်။ ခြေလှမ်း အကွာအဝေး တိုတောင်းပြီး ခြေရာတွင် ခြေဖနောင့်၏ ဖိအားက ခြေဖဝါးထက် ပိုမို ကြီးမား နေတတ်သည် အစရှိသဖြင့် ပင် ဖြစ်လေသည်။

အခြေခံ အသိပညာ များကို သင်ယူ ပြီးဆုံးသွားပြီးနောက် ဝါရင့် လူသတ်သမားကြီး က ရိုအန်အား ခြေလှမ်း အနေအထားနှင့် ခြေရာ များမှ တစ်ဆင့် မိမိ၏ တကယ့် အသက်အရွယ် ကို မည်သို့ ဖုံးကွယ်ရမည် ဆိုသည့် နည်းလမ်း ပေါင်းမြောက်မြားစွာ ကို သင်ကြား ပေးခဲ့သေးသည်။

"အိုကေ..."

လေစီက အသေးစိတ် ဆက်လက် မမေးမြန်းတော့ချေ။ လေစီမှာ ထောက်လှမ်းရေး ဌာနမှ ဆင်းသက်လာသူ ဖြစ်ရာ ဤဗဟုသုတ များကို အတိုင်းအတာ တစ်ခု အထိ နားလည်ထားသော်လည်း သိပ်ပြီး မကျွမ်းကျင်ခြင်းသာ ဖြစ်ပြီး လတ်တလောတွင် ချက်ချင်း သတိမရလိုက်ခြင်း ပင် ဖြစ်လေသည်။

"ဒါဆို နင့်ရဲ့ ဆိုလိုရင်း က ဘာလဲ..."

"ငါ့ရဲ့ ဆိုလိုရင်း က အရမ်း ရိုးရှင်းပါတယ်... လူသတ်သမား ရဲ့ မူလ ရည်ရွယ်ချက် က အလောင်းကို ရေကန် ထဲ ပစ်ချဖို့ ဆိုတာ သေချာတယ်... ဒီအချက် ကတော့ နင် ပြောတာ မမှားပါဘူး..."

ရိုအန်က အလှမ်းမဝေးလှသော ရေကန်ကို လက်ညှိုးထိုးပြလိုက်ပြီး တွင်းနက်ကြီး ဘေးရှိ အနည်းငယ် ရှုပ်ထွေးနေသော ခြေရာများကိုပါ ထပ်မံ ညွှန်ပြကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ သူ ဒီနေရာ ကို ရောက်တဲ့ အချိန်မှာ... မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုခု နဲ့ ကြုံတွေ့သွားပြီး အလောင်းကို ဒီတွင်းနက်ကြီး ထဲမှာ မဖြစ်မနေ ပစ်ချခဲ့ရတာ ဖြစ်နိုင်တယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ လေစီ၏ မျက်မှောင်များ ကြုတ်သွားလေသည်။

"ဘယ်လို မျှော်လင့်မထားတဲ့ အခြေအနေ မျိုးလဲ..."

ရိုအန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ငါ လည်း မသိဘူး... ဒါက ခန့်မှန်းကြည့်တာ သက်သက်ပဲ... လူသတ်သမား ရပ်ထားတဲ့ ကားကို တစ်ယောက်ယောက် ကများ တွေ့သွားလို့ ဖြစ်နိုင်တယ်..."

"ကောင်းပါပြီ..."

လေစီက ခေါင်းညိတ်ပြလိုက်ပြီး အပိုစကားများ ထပ်မပြောတော့ဘဲ ရိုအန်နှင့် အတူ အခင်းဖြစ်ပွားရာ နေရာ၏ အပြင်ဘက် ပတ်ဝန်းကျင်ကို သတိထား၍ စတင် ရှာဖွေ လိုက်ကြသည်။

တွင်းနက်ကြီးနှင့် ရေကန် ကြားရှိ မြောင်းကျဉ်းလေး အတွင်းမှ စောင်းရွဲ့ ပေါက်ရောက်နေသော သစ်ပင် တစ်ပင် ပေါ်တွင် ရိုအန်က အလင်းပေါက် ပလတ်စတစ် အိတ်ငယ်လေး တစ်ခုကို မမျှော်လင့်ဘဲ ရှာတွေ့သွားလေသည်။

"ဒါက ဘာကြီးလဲ..."

ရိုအန်က သစ်ရွက်များ ပေါ်မှ ထိုအိတ်ငယ်လေးကို သတိထား၍ ကောက်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ လေစီ ကလည်း အနားသို့ တိုးလာပြီး ခေါင်းစောင်းကာ မေးမြန်းလိုက်သည်။

"မူးယစ်ဆေး မှုန့် တွေ ထည့်တဲ့ အိတ်လေး နဲ့ တူတယ်..."

"ဖြစ်နိုင်ချေ ရှိတယ်..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး ထိုအိတ်ငယ်လေးကို သေချာစွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် အခင်းဖြစ်ပွားရာ နေရာ၏ အပြင်ဘက် ပတ်ဝန်းကျင်ကို ဆက်လက် ရှာဖွေ နေလိုက်သည်။

မကြာမီမှာပင် ခြေရာခံ စစ်ဆေးရေး အဖွဲ့မှ စုံထောက် အချို့ ကားတစ်စီးဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ရိုအန်က သူတို့နှင့် အခြေအနေများကို အကြမ်းဖျင်း လွှဲပြောင်း ပြောဆိုလိုက်ပြီး ထိုအလင်းပေါက် အိတ်ငယ်လေး ကိုပါ အပ်နှံလိုက်သည်။ ထို့နောက် ခြေရာခံ စစ်ဆေးရေး အဖွဲ့မှ စုံထောက် နှစ်ဦးက တွင်းနက်ကြီး အတွင်းသို့ ခုန်ဆင်းသွားကြပြီး ရုပ်အလောင်း၏ ပတ်ဝန်းကျင်ကို အသေအချာ စတင် စစ်ဆေး လိုက်ကြလေသည်။

ခဏအကြာတွင် ထိတ်လန့် ကြောက်ရွံ့ နေကြသော လူငယ် စုံတွဲကိုလည်း သက်ဆိုင်ရာ မိဘများက လာရောက် ခေါ်ဆောင်သွားကြသည်။

မိဘ နှစ်ဖက်စလုံး၏ ဒေါသတကြီးဖြင့် လက်ဟန်ခြေဟန် ပြသကာ ဆူပူ ကြိမ်းမောင်း နေကြသည့် တုံ့ပြန်မှု များကို မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားမှု ရှာဖွေချင်သော ဤလူငယ် နှစ်ဦး ယနေ့ညတွင်တော့ အိပ်ပျော်နိုင်တော့မည် မဟုတ်ဟု ရိုအန် ခံစားလိုက်ရသည်။

အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေး ပြီးစီးသွားပြီးနောက် ရုပ်အလောင်းကို သေချာစွာ ထုပ်ပိုး၍ ကားပေါ်သို့ တင်လိုက်ကြသည်။ ယခင် ပျောက်ဆုံးမှု အမှုအခင်း တုန်းက ရေခဲသေတ္တာ အတွင်းမှ အမျိုးသမီး အလောင်း တွေ့ရှိမှုကြောင့် ရိုအန်နှင့် တစ်ကြိမ် ဆုံတွေ့ဖူးသော ခြေရာခံ စစ်ဆေးရေး အဖွဲ့မှ စုံထောက် နိုင်ရယ် က အနားသို့ လျှောက်လာလေသည်။

"မင်္ဂလာပါ နိုင်ရယ်... ခင်ဗျား တို့တွေ ပင်ပန်းသွားကြပြီ..."

ရိုအန်က လက်ကမ်းပေးကာ နိုင်ရယ် ကို ပြုံးလျက် နှုတ်ဆက်လိုက်ပြီး မေးမြန်းလိုက်သည်။

"ဘယ်လိုလဲ... ထူးခြားတဲ့ သဲလွန်စ လေး ဘာလေး ရှာတွေ့တာ ရှိလား..."

"ဒါက ငါတို့ ရဲ့ အလုပ်ပဲလေ..."

စုံထောက် နိုင်ရယ် ၏ ဝိုင်းစက်နေသော မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာသည်။ ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ အခင်းဖြစ်ပွားရာ နေရာ၏ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် ဆက်လက် ပြောဆိုလေသည်။

"သေဆုံးသူ က မသေခင် မှာ လူသတ်သမား ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တာကို ခံခဲ့ရနိုင်တယ် လို့ သံသယ ရှိရတယ်... ဒါပေမဲ့ ရုပ်အလောင်း စစ်ဆေးချက် မထွက်ခင် အထိ တော့ အတည်ပြု လို့ မရသေးဘူး... သေဆုံးရတဲ့ အကြောင်းရင်း ကတော့ လည်ပင်း ပေါ်က ကြိုးညှစ်ခံထားရတဲ့ ဒဏ်ရာ ကြောင့်ပဲ ဖြစ်ဖို့ အလားအလာ အရမ်း များတယ်..."

ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။

"အိုကေ... ရုပ်အလောင်း စစ်ဆေးချက် အစီရင်ခံစာ ထွက်လာတာ နဲ့ တစ်ပြိုင်နက်... ကျွန်တော့်ကို အရင်ဆုံး အကြောင်းကြားပေးပါ..."

"ပြဿနာ မရှိပါဘူး..."

နိုင်ရယ် က ပြုံးလျက် ရိုအန်ကို ကတိပေးလိုက်သည်။ သူတို့ နှစ်ဖွဲ့စလုံး ကိုယ့်ကားကိုယ် အသီးသီး ပြန်တက်လိုက်ကြပြီး အက်ဖ်ဘီအိုင် နယူးယောက် ဌာနချုပ် အဆောက်အအုံ သို့ အတူတကွ ပြန်လည် ထွက်ခွာ လာခဲ့ကြတော့သည်။

အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ။

"အဲ့ဒီ ခဲရောင် ကားရဲ့ ခြေရာ ကို အခုထိ ရှာလို့ မရသေးဘူး ရိုအန်..."

လေစီက သေဆုံးသူ ဆူဇန်၏ မိသားစုဝင်များကို သတင်းပို့ရန်နှင့် နှစ်သိမ့်ပေးရန် ထွက်သွားပြီး ရိုအန် ကမူ လက်နက် ကိရိယာများကို ချွတ်ထားလိုက်ကာ မိမိ၏ ခုံရှိ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်သည်။

အကြောဆန့်ရန် ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ မိုနာက ကီးဘုတ် ခေါက်နှိပ်နေသည့် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ရိုအန်၏ အနားသို့ တိုးလာကာ ညည်းတွား ပြောဆိုလိုက်သည်။

"အဲ့ဒီ နယ်မြေ မှာ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေး ကင်မရာ တွေက အရမ်း နည်းလွန်းတယ်... လက်တစ်ဖက်တည်း နဲ့တောင် ရေတွက်လို့ ရတယ်... အပြင်ဘက် က အဓိက လမ်းမကြီး တွေ ကျပြန်တော့လည်း အရမ်း များလွန်းပြီး... ကား အသွားအလာ တွေကလည်း အရမ်း ကြိတ်ကြိတ်တိုး ဖြစ်နေတာ ဆိုတော့... မသင်္ကာစရာ ခဲရောင် ကားတွေကို လုံးဝ စစ်ဆေး ဖယ်ရှားလို့ မရနိုင်ဘူး ဖြစ်နေတယ်..."

ထိုခဲရောင် ကားသည် သစ်တောအုပ် အပြင်ဘက်ရှိ အိမ်ငယ်လေး၏ လုံခြုံရေး ကင်မရာ ရှေ့မှ ကန့်လန့်ဖြတ် မောင်းနှင်သွားခြင်း ဖြစ်သည်။ ထောင့်ချိုး အနေအထားကြောင့် ဗီဒီယို မှတ်တမ်းထဲတွင် ခဲရောင် ကား၏ နံပါတ်ပြား ကို မမြင်ရသလို ကားရှေ့မှန် တွင်လည်း မည်သည့် ထူးခြားချက်မျှ မတွေ့ရချေ။ ထို့ကြောင့် အဓိက လမ်းမကြီးများမှ တစ်ဆင့် ထိုကားကို စစ်ဆေး ရှာဖွေရန် လုံးဝ မဖြစ်နိုင်ပေ။

တစ်ခုတည်းသော အတည်ပြုနိုင်သည့် အချက်မှာ ထိုခဲရောင် ကားတွင် ဘီးလေးဘီး ပါရှိပြီး ကားတံခါးများမှာလည်း အကောင်းပကတိ ဖြစ်နေခြင်း ပင် ဖြစ်လေသည်။

"စိတ်ဓာတ် မကျပါနဲ့ မိုနာ... မရပ်မနား ဆက်ပြီး ကြိုးစားနေသရွေ့... သေချာပေါက် ရလဒ် တစ်ခုတော့ ထွက်လာမှာပါ..."

မိုနာ၏ ဦးနှောက်ထဲသို့ ပူနွေးသော အားပေးစကားများ လောင်းထည့်ပေးလိုက်ရာ မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထို့နောက် ရိုအန်က မိုနာကို ကွန်ပျူတာ အရှေ့သို့ ပြန်လည် တွန်းပို့ လိုက်လေသည်။

"နင်..."

မိုနာက တစ်စုံတစ်ခု ဆက်လက် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ရက်ဒ်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီး ရိုအန်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကြီး အော်ဟစ်လိုက်သည်။

"ရိုအန်... မင်း ငါ့ကို သွားလုပ်ခိုင်းတဲ့ မျက်နှာ ပုံကြမ်း က ရလဒ် ထွက်လာပြီ... အဲ့ဒီ ဘုရားကျောင်း ထဲမှာ ပေါ်လာခဲ့တဲ့ ယောကျ်ား က ဘယ်သူလဲ ဆိုတာ မင်း လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး…”

All Chapters