← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈ စံအိမ် မြေအောက်ခန်း

ရက်ဒ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ လုံးဝ မရှိပေ။ ရက်ဒ် သတိလစ် မေ့မြောသွားရခြင်း၏ အဓိက အကြောင်းရင်းမှာ မျက်နှာပေါ်ရှိ အဖြူရောင် အမှုန်အမွှားများ ကြောင့်သာ ဖြစ်ကြောင်း ထင်ရှားလှလေသည်။

ရက်ဒ်၏ မျက်ခွံများကို ဆွဲဖွင့် ကြည့်လိုက်ရာ ရက်ဒ်၏ မျက်နှာ တစ်ခုလုံး ခရမ်းရောင် သန်းနေပြီး အသက်ရှူ ကျပ်နေကြောင်း မြင်တွေ့လိုက်ရသည်။ မျက်လုံးအိမ် နှစ်ဖက်စလုံးမှာ သိသိသာသာ ကျဉ်းမြောင်း နေပြီး အပ်ပေါက် အရွယ်အစား ခန့်သာ ရှိတော့သည်ကို တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားတော့သည်။

ရက်ဒ်၏ မျက်နှာပေါ်ရှိ အမှုန်အမွှား အနည်းငယ် မျှဖြင့် ရိုးရိုး မူးယစ်ဆေးများက ဤမျှ မြန်ဆန်စွာ သတိလစ် စေနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်ကို ဤမျှ လျင်မြန်စွာ သတိလစ် သွားစေနိုင်သည့် အရာမှာ ယခင်က ရိုအန်နှင့် ရက်ဒ်တို့ စကားပြော ခဲ့ကြသော ဖန်တနိုင်း သာလျှင် ဖြစ်နိုင်လေသည်။

ဖန်တနိုင်း၏ အဆိပ်သင့်မှု အာနိသင်က ဟီးရိုးအင်း ထက် အဆ ရှစ်ဆယ် ပိုမို ပြင်းထန်လေသည်။ မည်သည့် ကာကွယ် ကုသမှု မျိုးကိုမျှ မပြုလုပ်ဘဲ စစ်ဆင်ရေး ပြီးဆုံးချိန် အထိ စောင့်ဆိုင်းကာ ရက်ဒ်ကို ဆေးရုံသို့ ပို့ဆောင်မည် ဆိုပါက အရာအားလုံး နောက်ကျ သွားမည်ပင် ဖြစ်လေသည်။

"သောက်ကျိုးနည်း..."

ရိုအန်က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ စနစ် မျက်နှာပြင် ထဲမှ အဆိပ်ဖြေ ဆေးရည် ပုလင်းကို ချက်ချင်း ထုတ်ယူ လိုက်သည်။

တစ်ချိန်တည်းမှာပင် မိမိကိုယ်တိုင် အဆိပ် မသင့်စေရန် အတွက် ရိုအန်က ရက်ဒ်၏ မျက်နှာပေါ်ရှိ အဖြူရောင် အမှုန်အမွှားများကို လက်ဖြင့် ထိတွေ့ခြင်း မပြုခဲ့ချေ။ သေနတ် ပြောင်းဝဖြင့် ရက်ဒ်၏ ပါးစပ်ကို အတင်းအကျပ် ဆွဲဟကာ ဆေးရည်များကို လောင်းထည့် လိုက်လေသည်။

"ရက်ဒ် ကို စံအိမ် ထဲကနေ အခု ချက်ချင်း ခေါ်ထုတ် သွားကြ... လူနာတင်ယာဉ် ကို အမြန်ဆုံး ခေါ်လိုက်..."

ထိုအချိန်တွင် စုံထောက် နော်တန်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးက လှေကားပေါ်မှ ပြေးဆင်း လာကြသည်။ ရိုအန်က လှည့်ကာ ရက်ဒ်ကို ထိုလူများထံသို့ အပ်နှံ လိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာထားဖြင့် စကားဆိုလေသည်။

"ရက်ဒ် က အကိုက်အခဲ ပျောက်ဆေး အဆိပ်သင့် တာ... ဒီအခြေအနေ ကို လူနာတင်ယာဉ် ပေါ်က သူနာပြု တွေ ဆီ မဖြစ်မနေ အသိပေး ရမယ်..."

"အိုကေ..."

အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးက ထိုစကားကို ကြားလိုက်ရသောအခါ တုံ့ဆိုင်းနေခြင်း မရှိဘဲ ရက်ဒ်၏ ဘယ်ညာ နှစ်ဖက်မှ အလျင်အမြန် တွဲကူ လိုက်ကြသည်။ ထို့နောက် လှေကား ဘက်သို့ လှည့်ကာ စံအိမ် အပြင်ဘက်သို့ ပြေးထွက် သွားကြလေသည်။

"တောင်းပန်ပါတယ် ရိုအန်..."

ထွက်ခွာသွားကြသော လူသုံးဦး၏ ကျောပြင်များကို ကြည့်ပြီးနောက် နော်တန်က နည်းဗျူဟာ အနေအထားဖြင့် ရိုအန်၏ အရှေ့သို့ တိုးလာသည်။ လေးနက်သော မျက်နှာထားဖြင့် တစ်စုံတစ်ရာကို ဆက်လက် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ရိုအန်က လက်ယမ်းကာ တားမြစ် လိုက်သည်။ တစ်ချိန်တည်းမှာပင် မြေအောက်ခန်း၏ အဆုံးရှိ အခန်းကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။

"ရန်သူ ကို အရင် ဖမ်းမိအောင် လုပ်ကြတာပေါ့..."

"အိုကေ..."

ထိုစကားကို ကြားလိုက်ရသောအခါ နော်တန်က အပိုစကားများ မပြောတော့ဘဲ စင်္ကြံလမ်း အတွင်းပိုင်းတွင် အခန်း တစ်ခန်းကို သေနတ်ဖြင့် ချိန်ရွယ် ထားကြသော အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦး ရှိရာ နေရာသို့ အလျင်အမြန် ရွှေ့ပြောင်း သွားလေသည်။

ရိုအန်၏ လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့် သွားပြီးနောက် စနစ် ထဲမှ ခွန်အားတိုး ဆေးရည်နှင့် အမြန်နှုန်းတိုး ဆေးရည်တို့ကို ထုတ်ယူကာ ခေါင်းမော့၍ သောက်ချ လိုက်သည်။ ထိုသို့ သောက်သုံး ပြီးမှသာ ရိုအန်က စုံထောက် နော်တန်၏ အနောက်မှ ကပ်လျက် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ ရှိရာ အခန်းသို့ ရွှေ့ပြောင်း သွားလေသည်။

"အခု အခြေအနေ က ဘယ်လို ရှိလဲ..."

စုံထောက် နော်တန်၏ မေးမြန်းမှုကို ကြားလိုက်ရသောအခါ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးက လေးနက်သော မျက်နှာထားဖြင့် မျက်နှာချင်းဆိုင် ဒေါင့်ဖြတ်ရှိ တံခါး တင်းကျပ်စွာ ပိတ်ထားသော အခန်းကို လက်ညှိုးထိုးပြကာ ပြန်လည် ဖြေကြားလေသည်။

"အခန်း ထဲမှာ ရန်သူ သုံးယောက် ရှိတယ်... ဟိုင်အီးနား ဂိုဏ်း ခေါင်းဆောင် နဲ့ ဂိုဏ်းခေါင်းဆောင် ရဲ့ လူယုံ နှစ်ယောက် ဖြစ်တယ်..."

ရန်သူ သုံးဦးမှာ မျက်နှာချင်းဆိုင် ဒေါင့်ဖြတ်ရှိ အခန်း အတွင်း၌ အသေ ပိတ်မိ နေပြီ ဖြစ်သည်။ သို့သော် ရန်သူ သုံးဦး စလုံး၏ လက်ထဲတွင် ရိုင်ဖယ် သေနတ်များ ရှိနေကြပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုမှာ ခုလေးတင် ပြီးဆုံး သွားခဲ့ခြင်း ပင် ဖြစ်လေသည်။

တစ်ဖက် ရန်သူများ၏ အခန်း တံခါးကို အတင်းအကျပ် ဝင်တိုက်ကာ တိုက်ရိုက် ထိုးဖောက် ဝင်ရောက် ပါက အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ရိုင်ဖယ် သေနတ်များဖြင့် ပစ်ခတ် ခံရနိုင်ချေ အရမ်း များလေသည်။

တပ်ဖွဲ့ဝင် နှစ်ဦး၏ လက်ထဲရှိ သာမန် ဒိုင်းကာများက ရိုင်ဖယ် သေနတ်၏ တိုက်ခိုက်မှုကို မကာကွယ် နိုင်ချေ။ အလင်းရောင် ဖျက်ဗုံးများမှာလည်း အစောပိုင်း ကတည်းက ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တပ်ဖွဲ့ဝင် နှစ်ဦးက အတင်းအကျပ် မလှုပ်ရှားတော့ဘဲ စံအိမ် အပြင်ဘက်ရှိ အသင်းဖော်များ ထံသို့ အထူစား ထိုးစစ်ဆင် ကျည်ကာ ဒိုင်းများကို ဤနေရာသို့ ပို့ဆောင်ပေးရန် အကြောင်းကြား ထားကြလေသည်။ ဒိုင်းကာများ ရောက်ရှိ လာချိန်မှသာ ပြင်းထန်သော ထိုးစစ်ဆင်မှုကို ပြုလုပ်ရန် ပြင်ဆင် ထားကြခြင်း ပင် ဖြစ်လေသည်။

ထိုအခြေအနေ များကို ရှင်းပြပြီးနောက် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးက ရက်ဒ်၏ လက်ရှိ အခြေအနေကို မေးမြန်း လိုက်ကြပြီး ရိုအန် ထံသို့ တောင်းပန်စကား ဆိုကြလေသည်။ စောစောက ရက်ဒ်သည် တပ်ဖွဲ့ဝင် နှစ်ဦးကို ကာကွယ် ပေးရန် အတွက် ညာဘက် မျက်ခုံးတွင် အမာရွတ် ရှိသော အမျိုးသား တစ်ဦး၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ပင် ဖြစ်လေသည်။

"နေပါဦး... ခင်ဗျား တို့ မေးခွန်း တစ်ခု ကို စဉ်းစား မိကြလား..."

အခန်း အတွင်း၌ ညာဘက် မျက်ခုံးတွင် အမာရွတ် ရှိသော အမျိုးသား တစ်ဦး ရှိနေကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ တစ်ချက် ပင့်တက် သွားသည်။ သို့သော် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးတော့ဘဲ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်း လိုက်သည်။

"ဒီလူ သုံးယောက် က ငါတို့ ရဲ့ တိုက်ခိုက်မှု ကို ခံရပြီးတဲ့ နောက်မှာ... ဘာဖြစ်လို့ ဒီအခန်း ထဲကို ပြေးဝင် ဖို့ ရွေးချယ် ခဲ့ကြတာလဲ..."

နော်တန်က အမြန်ဆုံး တုံ့ပြန် လိုက်နိုင်ပြီး ရိုအန် ဘက်သို့ လှည့်ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် မေးမြန်း လိုက်သည်။

"မင်း ရဲ့ ဆိုလိုရင်း က ဒီအခန်း ထဲမှာ စံအိမ် ကနေ ထွက်ပြေး နိုင်မယ့် နည်းလမ်း ရှိနေတာလား... လျှို့ဝှက် လမ်းကြောင်း တစ်ခုခု များ ရှိနေတာလား..."

ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။

"ဖြစ်နိုင်ချေ အရမ်း များတယ်..."

"သောက်ကျိုးနည်း..."

စုံထောက် နော်တန်က တီးတိုး ဆဲရေးတိုင်းထွာ လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ် ပူပန်သည့် အမူအရာများ စတင် ထွက်ပေါ် လာတော့သည်။

နော်တန်၏ လျှို့ဝှက် အေးဂျင့်က စံအိမ် အတွင်း၌ ဓာတ်လှေကား ရှိကြောင်းကိုသာ သိရှိပြီး စံအိမ် အတွင်း လျှို့ဝှက် လမ်းကြောင်း ရှိမရှိ ကိုမူ လုံးဝ မသိရှိ ခဲ့ပေ။

နော်တန်က အထူစား ထိုးစစ်ဆင် ကျည်ကာ ဒိုင်းများ ရောက်ရှိ လာရန် အချိန် မည်မျှ ကြာဦးမည်ကို အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးအား မေးမြန်းရန် ပြင်လိုက်သည်။ ယခု အချိန်တွင် ရန်သူများ တံခါး ပိတ်ကာ အခန်း အတွင်းသို့ ပုန်းအောင်း နေခဲ့သည်မှာ ဆယ်စက္ကန့် ခန့်ပင် ကြာမြင့် နေပြီ ဖြစ်လေသည်။

ထိုအချိန်လေး အတွင်းမှာပင် ထိုလူများ၏ မျက်နှာချင်းဆိုင် ဒေါင့်ဖြတ်ရှိ အခန်း တံခါးက ရုတ်တရက် အဟလေး တစ်ခု ပွင့်လာခဲ့သည်။ စလင်ဒါ ပုံသဏ္ဍာန် မီးခိုးဗုံး နှစ်လုံးက မြေပြင်ပေါ်သို့ ကျလာပြီးနောက် ထူထပ်သော မီးခိုးလုံး ကြီးများက စင်္ကြံလမ်း အတွင်း၌ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ် လာတော့သည်။

“ဝှစ်”ခနဲ အသံ ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း..."

"ခွေးမသား..."

မီးခိုးဗုံးများ မျက်စိရှေ့တွင် မြေပြင်ပေါ်သို့ ကျလာသည့် အခိုက်အတန့်တွင် နော်တန်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးတို့က တီးတိုး ဆဲရေးတိုင်းထွာ လိုက်ကြတော့သည်။

သို့သော် ထိုလူသုံးဦး၏ ဆဲရေးတိုင်းထွာ သံများ အခန်း အတွင်း မထွက်ပေါ် လာမီမှာပင် ရိုအန်၏ လှုပ်ရှားမှု အမြန်နှုန်းက ပုံမှန် ထက် များစွာ သာလွန် လျက် ရှိနေလေသည်။ ရိုအန်၏ မျက်ခွံများ တစ်ချက် လှုပ်ရှား သွားပြီး အိတ်ကပ် ထဲမှ အသံဖမ်းဗုံး တစ်လုံးကို ချက်ချင်း ထုတ်ယူကာ အပြည့်အဝ မပိတ်ရသေးသော မျက်နှာချင်းဆိုင် အခန်း တံခါး ထဲသို့ ပြတ်သားစွာ ပစ်သွင်း လိုက်တော့သည်။

“ဘုန်း”ခနဲ အသံ ထွက်ပေါ်လာသည်။

"အား..."

အသံဖမ်းဗုံး ပေါက်ကွဲ သွားသည့် အခိုက်အတန့်တွင် မျက်နှာချင်းဆိုင် ဒေါင့်ဖြတ်ရှိ အခန်း အတွင်းမှ စူးရှသော အော်ဟစ်သံ တစ်သံ ချက်ချင်း ထွက်ပေါ် လာလေသည်။

နော်တန်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးတို့ လှုပ်ရှားမှု တစ်ခုခု မပြုလုပ် နိုင်မီမှာပင် ရိုအန်၏ ခန္ဓာကိုယ်က ထိုလူများ၏ ဘေးမှ နေ၍ ချက်ချင်း ပြေးထွက် သွားသည်။ မျက်နှာချင်းဆိုင်ရှိ အခန်း တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့် လိုက်ပြီး အပိုစကားများ မပြောတော့ဘဲ အသံဖမ်းဗုံး နှစ်လုံးကို ထပ်မံ ပစ်သွင်း လိုက်ပြန်သည်။

“ဘုန်း…”

“ဘုန်း”ခနဲ အသံက ထပ်မံ ထွက်ပေါ် လာပြန်သည်။

ထိုအချိန်မှသာ စုံထောက် နော်တန်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးတို့က သတိဝင် လာကြပြီး မျက်နှာချင်းဆိုင် ဒေါင့်ဖြတ်ရှိ အခန်း ဆီသို့ သေနတ်များ ချိန်ရွယ်ကာ အလျင်အမြန် ပြေးဝင် သွားကြလေသည်။

ထိုလူသုံးဦး အခန်း အတွင်းသို့ ဝင်ရောက် သွားချိန်တွင် အခန်း ထောင့်ရှိ မြေပြင်ပေါ်၌ ကြီးမားသော သစ်သား သေတ္တာကြီး တစ်လုံးကို မြင်တွေ့ လိုက်ကြရသည်။ သစ်သား သေတ္တာကြီး အတွင်း၌ လက်နက်များ အပြည့် ရှိနေပြီး သစ်သား သေတ္တာ၏ အနောက်ဘက် မြေပြင်ပေါ်တွင် တစ်ဝက်ခန့် ပွင့်နေသော သတ္တု တံခါး တစ်ချပ်ကိုပါ တွေ့လိုက်ရလေသည်။

ပိတ်လှောင် နေသော အခန်း အတွင်း၌ အသံဖမ်းဗုံး ပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှလေသည်။ ဂိုဏ်း ခေါင်းဆောင်၊ ဆွန်းနှင့် အခြား လူယုံ တစ်ဦးတို့မှာ ယခု အချိန်တွင် မြေပြင်ပေါ်၌ လုံးဝ သတိလစ် မေ့မြော နေကြပြီ ဖြစ်လေသည်။

စောစောက တံခါးဖွင့်ကာ မီးခိုးဗုံး ပစ်ပေါက် ခဲ့ပြီး တံခါးဝတွင် ဝပ်နေခဲ့သော ခန္ဓာကိုယ် သေးသွယ်သည့် လူယုံ၏ နားရွက်များ ထဲမှ သွေးစများပင် စီးကျ လာသည်ကို မြင်တွေ့ နေရလေသည်။

သေနတ် ကိုင်ဆောင် ထားကြသော စုံထောက် နော်တန်နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် နှစ်ဦးတို့က ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ နေရာတွင်ပင် မှင်သက် သွားကြပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ကြသည်။ ထို့နောက် ရိုအန် ထံသို့ ပြိုင်တူ လှည့်ကြည့် လိုက်ကြရာ ထိုလူများ၏ မျက်လုံးများ အတွင်း၌ အံ့ဩ ထိတ်လန့် မှုများ ပြည့်နှက် နေတော့သည်။

"သောက်ကျိုးနည်း..."

"ဘုရားရေ..."

"ရိုအန်... မင်း ရဲ့ လှုပ်ရှားမှု တွေ က ဘယ်လို လုပ်ပြီး ဒီလောက် မြန်နေရတာလဲ..."

"ဒီအကြောင်း တွေကို အခု မပြောကြသေး နဲ့ဦး..."

ရိုအန်က မိမိ၏ ပတ်ဝန်းကျင်ရှိ မီးခိုးများကို လက်ဖြင့် ဝှေ့ယမ်း ဖယ်ရှား လိုက်သည်။ အပိုစကားများ မပြောတော့ဘဲ မြေအောက်ခန်း အတွင်းမှ ကြီးမားသော ခြေလှမ်းများဖြင့် အလျင်အမြန် လှည့်ထွက် သွားလေသည်။ ထိုလူသုံးဦး အတွက် ဆွဲဆောင်မှု ရှိသော ကျောပြင် တစ်ခုကိုသာ ချန်ရစ် ထားခဲ့ပြီး စကားဆိုလေသည်။

"မီးခိုး တွေ က ပိုပိုပြီး များလာပြီ... ဒီနေရာ ကနေ အမြန် ထွက်ကြရအောင်..."

စံအိမ်၏ အပြင်ဘက်တွင် ဖြစ်လေသည်။ ရက်ဒ်ကို လူနာတင်ယာဉ်က ခေါ်ဆောင် သွားခဲ့ပြီ ဖြစ်သည်။ ရိုအန်က မိမိ၏ ရှက်ဗရိုလက် ကားဆီသို့ ပြန်သွားပြီး ခန္ဓာကိုယ် ပေါ်ရှိ လက်နက် ကိရိယာများကို စတင် ချွတ်ချ နေလေသည်။

"တာဝန် ပြီးဆုံး ပါပြီ ခေါင်းဆောင်..."

စံအိမ် အတွင်းမှ ထွက်လာပြီးနောက် စုံထောက် နော်တန်က ရိုအန်ကို အလွန် ရှုပ်ထွေးသော အကြည့်များဖြင့် လှမ်းကြည့် လိုက်သည်။ သို့သော် အဖွဲ့ခေါင်းဆောင် ထံသို့ ဆက်သွယ်ကာ အစီရင်ခံ လိုက်လေသည်။

"ဟိုင်အီးနား ဂိုဏ်း ခေါင်းဆောင် နဲ့ ဂိုဏ်းဝင် တွေကို အကုန်လုံး ဖမ်းဆီး ပြီးပါပြီ... ပြန်လည် ခုခံဖို့ ကြိုးစားတဲ့ ဂိုဏ်းဝင် တချို့ ကိုတော့ ကျွန်တော်တို့ နေရာမှာတင် ပစ်သတ် ခဲ့ပါတယ်..."

"ငါတို့ ဘက်က အသေအပျောက် အခြေအနေ ကရော ဘယ်လို ရှိလဲ..."

ဖုန်းတစ်ဖက်ခြမ်းရှိ ဒိုင်လွန်၏ လေသံက အနည်းငယ် စိုးရိမ် တကြီး ဖြစ်နေပြီး လေးနက်သော အသံဖြင့် မေးမြန်း လေသည်။

"ဒီအီးအေ ဘက် က ဟိုင်အီးနား ဂိုဏ်း ရဲ့ ဆေးဝါး စက်ရုံ ကို ဝင်ရောက် စီးနင်း တဲ့ အချိန် မှာ... ပြင်းထန်တဲ့ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့တယ်... အဲ့ဒီ နေရာ မှာ ထိခိုက် ဒဏ်ရာရ တဲ့ သူ နဲ့ သေဆုံး တဲ့ သူ တော်တော် များတယ်... ဥပမာ စုံထောက် မာလန် ဆိုရင် ရင်ဘတ် ကို သေနတ် မှန်သွားလို့ အခု ဆေးရုံ ကို ပို့လိုက်ရပြီ..."

အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနနှင့် ဒီအီးအေ တို့သည် မိမိတို့၏ သက်ဆိုင်ရာ တာဝန် ဝတ္တရားများ မတူညီမှု ကြောင့် တာဝန်ယူ ရသော နေရာများ လည်း ကွဲပြား ခြားနား ကြလေသည်။ စံအိမ်၊ ဘား အစရှိသော ဟိုင်အီးနား ဂိုဏ်းဝင်များ ရှိနေတတ်သည့် နေရာများကို အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနက တာဝန်ယူ ရလေသည်။ စက်ရုံ၊ ကုန်လှောင်ရုံ အစရှိသော ဟိုင်အီးနား ဂိုဏ်းက မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းတို့ ပြုလုပ်သည့် နေရာများကိုမူ ဒီအီးအေ က တာဝန်ယူ ရလေသည်။

"ကျွန်တော်တို့ ဘက်မှာတော့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ က စုံထောက် ရက်ဒ် တစ်ယောက် ပဲ... အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် တွေကို ကာကွယ် ပေးရင်း မတော်တဆ အဆိပ်သင့် ပြီး သတိလစ် သွားတာ ပါ..."

စောစောက ဖြစ်ပျက် ခဲ့သော အကြောင်းအရာများကို အကြမ်းဖျင်း ရှင်းပြ လိုက်ပြီးနောက် နော်တန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရ သွားကာ အလျင်အမြန် မေးမြန်း လိုက်သည်။

"ခေါင်းဆောင်... ဟိုင်အီးနား ဂိုဏ်း ရဲ့ ဘား ဘက်က အခြေအနေ ကရော ဘယ်လို ရှိလဲ... ဗုံး တွေများ တွေ့သေးလား လို့ သိချင်တယ်..."

"အဲ့ဒီ နေရာ မှာ တပ်ဆင် ပြီးသား အဝေးထိန်း ဗုံး လေးလုံး ကို တကယ်ပဲ ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ သတင်း ကို ကြိုတင် ရထားတဲ့ အတွက်... ငါတို့ ပြင်ဆင် ထားတဲ့ ဆက်သွယ်ရေး လှိုင်းဖြတ်စက် က အလုပ်လုပ် သွားပြီး ဗုံး တွေ မပေါက်ကွဲ ခဲ့ပါဘူး..."

ဒိုင်လွန်က အဖြစ်အပျက်များကို အကြမ်းဖျင်း ရှင်းပြ လိုက်ပြီး စံအိမ် ဘက်ရှိ တာဝန်များ အောင်မြင်စွာ ပြီးဆုံး သွားပြီ ဖြစ်ကြောင်း အတည်ပြု လိုက်ပြီးနောက် ဖုန်းချ လိုက်လေသည်။ မည်သို့ပင် ဖြစ်စေ ဒိုင်လွန်၏ အနောက်တွင် ဖြေရှင်း ရမည့် ကိစ္စရပ်များ အများအပြား ကျန်ရှိ နေသေးသည် မဟုတ်ပါလား။

All Chapters