← Chapters

အခန်း ၁၇၁၈

Vol. 123 Ch. 1718

အခန်း ၁၇၁၈

Vol. 123 Ch. 1718

အခန်း (၁၇၁၈) မင်းမှာ အခွင့်အရေးမရှိဘူး

ချွိစုက ရန်ကျောက်ကဲအား စိန်ခေါ်လိုက်သည်နှင့် သူ အဘယ့်ကြောင့် ရောက်လာမှန်း လူတိုင်း သိနှင့်ပြီးဖြစ်သည်။ သို့တိုင် နေရာတွင်ရှိနေသူတိုင်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

မူလဇစ်မြစ်ကို ထည့်မတွက်လျှင်ပင် လမ်းခြောက်သွယ်ဓားသခင် 'ချွိစု' က ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိထားသည့် ဗုဒ္ဓတစ်ပါး ဖြစ်သည်။

နတ်ဘုရားအဆင့်၏ စတုတ္ထအဆင့်ဖြစ်သော ကောင်းကင်နတ်ဘုရားအဆင့်က တာအိုအဆင့်နှင့် အနီးစပ်ဆုံး ဖြစ်သည်။

ဤအဆင့်၏ထူးခြားချက်က မသေနိုင်သည့်နတ်ဘုရားခန္ဓာကိုရရှိပိုင်ဆိုင်ပြီး အဆုံးမရှိ ရှင်သန်တည်ရှိနေနိုင်ခြင်း ဖြစ်သည်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ရောက်ရန် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရမည်ဖြစ်ရာ ကျင့်ကြံခြင်းတွင် အလွန်ထူးချွန်ထက်မြက်မှသာ ဤအဆင့်သို့ ရောက်ရှိနိုင်ကြသည်။

ချွိစုက ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ၏ အရည်အချင်းနှင့် တန်ခိုးစွမ်းအားက အနောက်ဘက်သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓများနှင့်ပင် ကောင်းစွာယှဉ်ပြိုင်နိုင်ကြောင်း အသိအမှတ်ပြု ခံထားရသူ ဖြစ်သည်။

ထို့ပြင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် တိုက်ခိုက်စွမ်းရည်ကလည်း အံ့အားသင့်စရာ ကောင်းလွန်းအောင် ထက်မြက်သည်။

ရန်ကျောက်ကဲကတော့ မူလကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ရသေးသည့် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး ဖြစ်သည်။

ယခု ‌ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ‘ချွိစု’ က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်’ရန်ကျောက်ကဲ’ ကို စိန်ခေါ်နေခြင်း ဖြစ်၏။

ယခင်က ရန်ကျောက်ကဲက ပတ္တမြားတံခွန်ဗုဒ္ဓကို သတ်ဖြတ်ခဲ့ပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကိုလည်း အနိုင်ယူခဲ့သည်။

ယခုလည်း သူက ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းများ၏ အကူအညီဖြင့် အရိပ်နတ်ဆိုးကို အနိုင်ယူခဲ့သည်။

ဤအချက်များကို ကြည့်ခြင်းအားဖြင့် သူက သာမန် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးမဟုတ်ကြောင်း သက်သေပြနေသည်။

သူ့အနေဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို အနိုင်ယူရန် မလွယ်ကူလှပေ။

သို့သော် သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးရန်စက အလွန်နက်ရှိုင်းသည်ဖြစ်ရာ တိုက်ခိုက်ကြရပေတော့မည်။

ချွိစုက ဤကိစ္စနှင့် ပတ်သက်ပြီး အတော်လေး အလေးအနက်ထားပုံရသည်။

သူက ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ဂုဏ်သိက္ခာထိခိုက်ခံပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ရန်ကျောက်ကဲကို တရားဝင် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဤတိုက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ၊ ရန်ကျောက်ကဲ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ချွိစုက သူ၏သိက္ခာကို ဘေးဖယ်ထားလိုက်ပြီ ဖြစ်၏။

သို့သော် သူစိန်ခေါ်သည့်သူက ရန်ကျောက်ကဲ ဖြစ်နေသည့်အတွက် မည်သူကမှ ထူးဆန်းသည်ဟု မခံစားခဲ့ကြပေ။

မူလစိတ်ဝိညာဉ်နတ်ဆိုးက တာအိုသခင်'လုယာ'ကို ကြည့်လိုက်ပြီး...

“ဒါက သမိုင်းမှာ ဒုတိယမြောက်ဖြစ်ရပ်ပဲ မဟုတ်လား ၊ ရှေးခေတ်ကာလက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ယန်ကျန်းရဲ့ ဖြစ်ရပ်ကလွဲရင် ဒီလိုမျိုး တစ်ခါမှ ထပ်မဖြစ်ခဲ့ဖူးဘူး"

ထိုစကားကြားတော့ တာအိုသခင် 'လုယာ' ခေါင်းညိတ်လိုက်သည်။

သူက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲနှင့် ချွိစုကိုသာ စူးစမ်းသော မျက်ဝန်းများဖြင့် အကဲခတ်နေသည်။

ရန်ကျောက်ကဲက ချွိစုကို အကဲခတ်လိုက်ပြီး...

"ဒီနေ့ မတိုက်ဖြစ်ဘူးဆိုရင် မင်းရဲ့ဓားက ထက်မြက်မှု လျော့သွားလိမ့်မယ်"

သူက ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် စိန်ခေါ်မှုကို ငြင်းပယ်ခြင်းမပြုခဲ့ပေ။

ချွိစုက တည်ငြိမ်စွာဖြင့်...

“အမှန်ပဲ ၊ လက်ရှိအချိန်က ငါ့ဓားရဲ့ အထက်မြက်ဆုံး အချိန်ပါပဲ”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“မင်းရဲ့ ပွင့်လင်းမှုကိုတော့ လေးစားပါတယ် ၊ ဒါပေမဲ့ မင်းနဲ့ငါက မိတ်ဆွေတွေမဟုတ်ဘဲ ရန်ငြိုးရှိတဲ့သူတွေလေ ၊ မင်း အထွတ်ထိပ်ရောက်နေတဲ့အချိန်မှာ ငါက ဘာလို့ မင်းနဲ့တိုက်ပေးရမှာလဲ ၊ မင်းက တဖြည်းဖြည်းအားနည်းလာမှာဆိုတော့ မင်းပိုအားနည်းလာလေ ငါ့အတွက် အနိုင်ယူရ ပိုလွယ်လေပဲ ၊ အချိန်ဆွဲထားလေ ငါ့အတွက် ပိုကောင်းလေပေါ့ ၊ ဒီတော့ ငါက ဘာလို့ မစောင့်ရမှာလဲ”

ရန်ကျောက်ကဲက ချွိစုနှင့် အဆင့်တူညီသည့် ပတ္တမြားတံခွန်ဗုဒ္ဓ၊ အရိပ်နတ်ဆိုး၊ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓတို့ကို အနိုင်ယူခဲ့ဖူးသော်လည်း သူက ထိုက်ရွှီးနတ်ဘုရားတစ်ပါးသာ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားတစ်ပါး၏စိန်ခေါ်မှုကို ငြင်းပယ်ခြင်းမှာ သူ့အတွက် လုပ်သင့်သည့်အရာပင် ဖြစ်သည်။

ရန်ကျောက်ကဲက ချွိစုကိုကြည့်ကာ လက်နှစ်ဖက် ဖြန့်ကားလိုက်ပြီး...

“ငါက ရန်သူကို အသိအမှတ်ပြုတတ်ပေမယ့်... သူတို့ကို ကူညီပေးဖို့တော့ စိတ်မဝင်စားဘူး”

ချွိစုက အေးဆေးစွာဖြင့်...

“မိတ်ဆွေလေး’ရန်’ က ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးစရာ အကြောင်းမရှိပါဘူး ၊ ငါကလည်း ဆရာနဲ့ပတ်သက်တဲ့ ကံကြမ္မာကြွေးကို ပြန်ယူချင်တာကလွဲပြီး တခြားအကြောင်းရင်း မရှိဘူး ၊ ဒီတိုက်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ငါ့လက်နဲ့အဆုံးသတ်ချင်တာပဲ ရှိတာပါ”

သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...

“ငါက ဗုဒ္ဓအဆင့်ရောက်ပြီဆိုပေမယ့် ရန်သခင်လေးက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ် ၊ ဒါကြောင့် မင်း ဘယ်လောက်ပဲတော်တော် ဒီစိန်ခေါ်ပွဲက မင်းအတွက် မမျှတဘူးဆိုတာ ဝန်ခံပါတယ်”

ချွိစုက စကားပြောရင်း အဖြူရောင်ကြာပန်းထက်မှ မတ်တတ်ရပ်လိုက်သည်။

သူက ဒူးထက်တွင်တင်ထားသည့်ဓားရှည်ကို ကြာပန်းထက်သို့ပစ်ချလိုက်ပြီး ကြာပလ္လင်ထက်မှ ဆင်းသက်လိုက်သည်။

“မိတ်ဆွေလေး’ရန်’ မှာ ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းတွေ အများကြီးရှိနေတာ ငါသိပါတယ် ၊ ဒါကြောင့် ငါက မင်းကို လက်ဗလာနဲ့ပဲ တိုက်ခိုက်ပါ့မယ်”

သူက ဆက်ပြောလိုက်သည်။

“နေရာကိုလည်း မင်းကြိုက်တဲ့နေရာ ရွေးနိုင်ပါတယ်”

နီကျားက မောက်မာထောင်လွှားသည့် စရိုက်ရှိသူ ဖြစ်သည်။

ထို့‌ကြောင့် ချွိစုက ရန်ကျောက်ကဲအား စိန်ခေါ်သည့်အခါ ၊ နီကျားက ရန်ကျောက်ကဲအပေါ် ယုံကြည်မှုရှိသော်လည်း ချွိစုကို လှောင်ပြင်ချင်စိတ် ရှိခဲ့သည်။

သို့သော် ယခု ချွိစုစကားကိုကြားသည်နှင့် သူ၏မျက်ဝန်းများက တည်ကြည်လေးနက်သွားသည်။

အထွတ်ထိပ်အဆင့် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းများ ပိုင်ဆိုင်ထားသည်ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းရည်က ကောင်ကင်နတ်ဘုရားတစ်ပါးနှင့် ညီမျှပေသည်။

ရန်ကျောက်ကဲကဲ့သို့ ထူးခြားသူတစ်ယောက်အတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။

ထို့ပြင် ချွိစု၏တန်ခိုးစွမ်းအားက နီကျားကိုပင် ယှဉ်နိုင်ခြင်း မရှိပေ။

သူက ပါရမီထူးခြားသည့်တိုင် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်သည့်အတွက် ကန့်သတ်ချက်များ ရှိနေမည်သာပင်။

ထို့ပြင် ချွိစုက လက်နက်အသာစီးရရှိမှုအပြင် မြေပြင်အနေအထား အသာစီးရရှိမှုကိုပါ ရန်ကျောက်ကဲအတွက် စွန့်လွှတ်ပေးခဲ့သည်။

ဤသည်မှာ ချွိစုက အနိုင်ရမည်ဟု ယုံကြည်မှုလွန်ကဲခြင်းကြောင့် မဟုတ်ခဲ့ပေ။

သူ၏ကျင့်ကြံခြင်း အထွတ်ထိပ်အဆင့် ဖြစ်နေချိန်တွင် ဆရာဖြစ်သူအတွက် ကိုယ်တိုင်လက်စားချေမည်ဆိုသော ပြတ်သားသည့်ဆုံးဖြတ်ချက်ကြောင့်သာ ဖြစ်သည်။

အမှန်တော့ ချွိစုအတွက် မဖြစ်မနေ ဤလမ်းကိုလျှောက်ရန် မလိုအပ်ပေ။

နောက်တစ်ချိန် သူ၏ဓား ထက်မြက်မှုလျော့ကျသွားပြီး ကျင့်ကြံခြင်းစွမ်းအား လျော့နည်းသွားလျှင်ပင် သူက လူပေါင်းများစွာအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။

ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့် မိမိကိုယ်တိုင် လက်စားမချေနိုင်လျှင်တောင်မှ ရန်သူကို အနှောက်အယှက်ပေးနေနိုင်သေးသည်။

သို့သော် ချွိစုက ဤနေရာသို့ ရောက်လာခဲ့ပြီး အရာအားလုံးကို စွန့်လွှတ်ကာ တိုက်ပွဲတစ်ခုကိုသာ တောင်းဆိုခဲ့သည်။

နေရာတွင်ရှိနေသူအားလုံးက တိတ်ဆိတ်စွာဖြင့် ချွိစုကို ကြည့်နေကြသည်။

ရန်ကျောက်ကဲက ချွိစုကို တစ်ချက်အကဲခတ်လိုက်ပြီး ရယ်မောလိုက်သည်။

“ကောင်းပြီ ၊ ဒါဖြင့် မင်းရဲ့စိန်ခေါ်မှုကို လက်ခံပါတယ်”

သူက ပေါ့ပါးသည့်လေသံဖြင့်...

“မင်းကိုယ်မင်း ကန့်သတ်ထားဖို့ မလိုပါဘူး ၊ မင်းက ဓားသိုင်းကျင့်ကြံသူဖြစ်တဲ့အတွက် မင်းရဲ့ဓားက မင်းဘဝနဲ့ ဆက်စပ်နေတယ် ၊ ဒီတိုက်ပွဲမှာ နောင်တမကျန်ဘဲ အစွမ်းကုန်တိုက်ခိုက်ရမှာဖြစ်လို့ မင်းရဲ့ဓားကို အသုံးပြုသင့်ပါတယ်”

“ငါ ဘာလက်နက်သုံးမလဲဆိုတာကတော့ ငါ့ကိစ္စပါပဲ ၊ အချိန်နဲ့နေရာ ရွေးချယ်တာကလည်း အလုပ်ရှုပ်လွန်းပါတယ် ၊ ဒီနေရာ ဒီအချိန်မှာပဲ အားလုံးကို အဆုံးသတ်လိုက်ကြတာပေါ့”

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး...

“ဒီမှာရှိနေတဲ့ တာအိုရောင်းရင်းတို့က ငါတို့နှစ်ယောက်ရဲ့တိုက်ပွဲကို သက်သေအဖြစ် ကြည့်ရှုပေးနိင်ပါတယ်”

ထို့နောက် ရန်ကျောက်ကဲက ချွိစုကို လှမ်းကြည့်လိုက်သည်။

“ငါ လိုက်လျောပေးနိုင်တာ ဒါအကုန်ပဲ ၊ ဓားဗုဒ္ဓအတွက် လက်စားချေဖို့ကတော့ မင်းမှာ အခွင့်အရေး မရှိနိုင်ပါဘူး”

ပြောပြီးသည်နှင့် သူက ချွိစုထံသို့ လျှောက်လှမ်းသွားလိုက်လေသည်။

ဤသည်က ထိုက်ရွှီးမူလနတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားတို့၏ ထိပ်တိုက်တွေ့ဆုံမှုပင် ဖြစ်သည်။

ရန်ကျောက်ကဲက ကမ္ဘာလောကသို့ ဆင်းသက်လာသော နတ်ဒေဝါတစ်ပါးပမာ လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာဖြင့် ရှေ့သို့ တိုးဝင်လာသည်။

"တာအိုရောင်းရင်း’ရန်’"

ချွိစုက အဖြူရောင်ကြာပလ္လင်ထက်တွင် ကျန်ရစ်ခဲ့သည့်ဓားရှည်ကို ပြန်မယူတော့ဘဲ ရန်ကျောက်ကဲကိုရင်ဆိုင်ရန် ရှေ့သို့ တိုးလာခဲ့သည်။

သူတို့နှစ်‌ယောက် တစ်‌ယောက်နှင့်တစ်ယောက် နီးကပ်လာကြသည်။

သို့သော် သူတို့က မိမိတို့ကိုယ်ပိုင်သိုင်းပညာရပ်များကို အသုံးမပြုကြသေးပေ။

သာမန်သိုင်းသမားများ ညီညာသောမျက်နှာပြင်ထက်တွင် မျက်နှာချင်းဆိုင် ခြေလှမ်းလှမ်းလျှောက်လာကြသကဲ့သို့ ဖြစ်သည်။

သို့ပေသိ သူတို့နှစ်ယောက်ကြားမှ ဟင်းလင်းပြင်ဗလာနယ်ကတော့ သိသာစွာပုံပျက်သွားသည်။

ချွိစု၏လက်ထဲတွင် ဓားမရှိသော်လည်း သူ့ထံမှ ပြင်းထန်သော ဓားချီများထွက်ပေါ်လာပြီး ရောင်စဉ် (၆)မျိုးအလင်းတန်းများက စက်ဝိုင်းပုံစံ ထွက်‌ပေါ်လာသည်။

ထိုဓားချီစက်ဝန်း လှည့်ပတ်သွားသည်နှင့် အချိန်နှင့်နေရာ ပုံပျက်သွားပြီး တည်ရှိနေသော ရုပ်ဝတ္ထုများမှာလည်း ပုံရိပ်ယောင်ပမာ ပြောင်းလဲသွားသည်။

ဓားချီစက်ဝန်းက တွင်းနက်တစ်ခုနှင့်ဆင်တူပြီး အရာအားလုံးကို သူ့ထံသို့ ဆွဲယူနေသည့်ပမာ ဖြစ်သည်။

ထိုဓားချီစက်ဝန်းကို ရင်ဆိုင်ရသည်နှင့် ရန်ကျောက်ကဲ၏စိတ်အစဉ်သည်ပင် အနည်းငယ် ဝေဝါးသွားရသည်။

သူ့ရှေ့တွင် အလွန်ထူးဆန်းသည့် စိတ်ကူးယဉ်ကမ္ဘာတစ်ခု ထွက်ပေါ်လာသယောင်ရှိသည်။

လမ်းခြောက်သွယ် သံသရာလည်ခြင်း အပြည့်အစုံ ပေါ်ထွက်လာပြီး ရန်ကျောက်ကဲမှာ ထိုလမ်းခြောက်သွယ်ထဲမှ တစ်ခုထဲသို့ စုပ်ယူခံရတော့မည့်ပမာ ခံစားလိုက်ရသည်။

ချွိစုက မိမိကိုယ်ကို လမ်းခြောက်သွယ် သံသရာလည်ခြင်းထဲမှ ဆွဲထုတ်ကာ စွဲလမ်းမှုများကို ဖြတ်တောက်လိုက်ပြီး ရန်ကျောက်ကဲကို ထိုလမ်းကြောင်းထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းလိုက်သည်။

ပြိုင်ဘက်၏ သတ်ဖြတ်လိုစိတ် ပြင်းထန်လေ ချွိစု၏ဓားက ပိုမိုအားကောင်းလေ ဖြစ်သည်။

ပြိုင်ဘက်၏သိုင်းပညာ အားကောင်းလေ ဤသိုင်းပညာက ပိုမိုအားကောင်းလေဖြစ်သည်။

ထို့ကြောင့် ချွိစုက ဤသိုင်းပညာဖြင့်ပင် မိမိထက် စွမ်းအားသာလွန်သူများကို အနိုင်ယူခဲ့သည့် အံ့သြစရာ မှတ်တမ်းကောင်းများ ရှိခဲ့ဖူးသည်။

ချွိစု၏ဓားဝိညာဉ်ထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏စိတ်ဝိညာဉ်မှာ လမ်းခြောက်သွယ် သံသရာလည်ခြင်းထဲသို့ စုပ်ယူခံရမည့် အန္တရာယ်နှင့် ကြုံတွေ့လိုက်ရပြီး တစ်ချက်ပေါ့ဆမိပါက ချက်ချင်းပင် ရှုံးနိမ့်သွားနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်။

All Chapters