← Chapters

အခန်း ၁၇၁၉

Vol. 123 Ch. 1719

အခန်း ၁၇၁၉

Vol. 123 Ch. 1719

အခန်း (၁၇၁၉) သံသရာလည်ခြင်းဓားသိုင်း

ချွိစု၏ဓားမှာ သံသရာလည်ခြင်း လမ်းခြောက်သွယ်အဖြစ်သို ပြောင်းလဲသွားသော ဓားဗုဒ္ဓ၏ ဓားဝိညာဉ်နှင့် ကွဲပြားခြားနားသည်။

သူ၏ဓားသိုင်းက ပြိုင်ဘက်နှင့် သံသရာလည်ခြင်းကြားရှိ သတ်ဖြတ်လိုသည့် အငွေ့အသက်ကို နှိးဆွပေးပြီး ပြိုင်ဘက်ကို လမ်းခြောက်သွယ် သံသရာလည်ခြင်းထဲတွင် ပိတ်မိစေကာ ကမ္ဘာလောကကြီးတစ်ခုလုံးအား ပြိုင်ဘက်၏ ရန်သူဖြစ်လာစေသည်။

ချွိစု၏တိုက်ကွက်သာ အောင်မြင်သွားမည်ဆိုပါက သူကိုယ်တိုင်က ဆုတ်ခွာသွားပြီး ရန်ကျောက်ကဲအား ဤကမ္ဘာ၏ သံသရာလည်ခြင်းနိယာမနှင့် ဆန့်ကျင်ဘက်ဖြစ်စေကာ တစ်လောကလုံး၏ရန်သူ ဖြစ်သွားစေပေလိမ့်မည်။

ပတ်ဝန်းကျင်ရှိ တန်ခိုးစွမ်းအားရှင်များက တိုက်ပွဲကို စူးစိုက်ကြည့်နေကြသည်။

ရန်ကျောက်ကဲက အရိပ်နတ်ဆိုးအား အနိုင်ယူပြီး သူ၏တန်ခိုးစွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်သော်လည်း ယခုအခြေအနေအရ ဤတိုက်ပွဲက သေချာပေါက် အနိုင်ရမည့်ပွဲဟု မဆိုနိုင်သေးပေ။

သူပြုလုပ်ခဲ့သည့် သတ်ဖြတ်မှုများ များပြားလေ ကံကြမ္မာအကျိုးပေးက ပို၍လေးလံလေဖြစ်သည်။

လူတစ်ဦး၏ ကံကြမ္မာအကျိုးပေး အတိုင်းအဆမှာ သူ၏ စွန့်စားခန်းများနှင့် အတွေ့အကြုံများမှ လာသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အဆင့်တူညီနေရန် မသေချာပေ။

သိုသော်လည်း လောကတွင် ကံကြမ္မာများစွာကို မကျူးလွန်ဘဲ ကောင်းကင်နတ်ဘုရားအဆင့်နှင့် ထိုက်ရွှးမူလနတ်ဘုရားအဆင့်သို ရောက်ရှိနိုင်သူမှာ အနည်းငယ်သာ ရှိသည်။

တန်ခိုးစွမ်းအားကြီးမားလေ ကံကြမ္မာကြွေးများလည်း ပိုမိုလေးလံလေ ဖြစ်သည်။

ဤသည်က ယေဘူယျအားဖြင့် မှန်ကန်သည်။

ထိုကြောင့် ပြိုင်ဘက်၏ ကံကြမ္မာကြွေးများ ပိုလေးလံလေ ချွိစု၏ ဓားသိုင်းက ပို၍အားကောင်းလေ ဖြစ်သည်။

ချွိစု၏ ဓားသိုင်းကို သိသူများက ပြိုင်ဘက်က အားကောင်းလေ သူ၏ဓားသိုင်းပို၍အားကောင်းလေဟု ဆိုလေ့ရှိကြသည်။

ချွိစု ကျော်ကြားလာချိန်မှစ၍ သူသည် မိမိထက်အားသာသူကို အနိုင်ယူခဲ့သည့် မှတ်တမ်းများစွာ ရှိခဲ့ပြီး ယင်းကြောင့်ပင် ယခုကဲ့သို ဂုဏ်သတင်းကြီးမားခဲ့ခြင်း ဖြစ်၏။

ဟုတ်ပေ၏။

ကံကြမ္မာအကျိုးပေး လေးလံလေ လမ်းခြောက်သွယ် သံသရာလည်ခြင်းထဲသို ဆွဲချခံရရန် ပိုမိုလွယ်ကူလေ ဖြစ်သော်လည်း ထိုသိုဖြစ်တိုင်း ရန်သူက လုံးဝပျက်စီးသွားလိမ့်မည်ဟု မဆိုလိုပေ။

လောက နိယာမများနှင့် စည်းမျဉ်းများကို ရင်ဆိုင်ရချိန်တွင် တာအိုအဆင့်အောက်ရှိ မည်သူမဆို ကြီးမားလှသော ဖိအားကို ခံစားရမည်ဖြစ်သည်။

သိုသော်လည်း ထိုမတိုင်မီကပင် သံသရာလည်ခြင်း၏ ချုပ်နှောင်မှုများကို ရှောင်ရှားနိုင်ခြင်း သိုမဟုတ် ရုန်းထွက်နိုင်ခြင်း ရှိခဲ့ပါက အခြေအနေမှာ ကွဲပြားသွားပေမည်။

ချွိစု၏ဓားကို ရင်ဆိုင်ရသည်နှင့် ရန်ကျောက်ကဲက သူ၏ညစ်ညမ်းချီစွမ်းအားများကို ပါးစပ်မှတစ်ဆင့် မှုတ်ထုတ်ပစ်လိုက်သည်။

ထိုနောက် သူ၏ခေါင်းထက်တွင် လျှိဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အလင်းတန်းတစ်ခု ထွန်းလင်းလာသည်။

စိတ်ဝိညာဉ်သရဖူက ဦးခေါင်းထက်တွင် စုစည်းသွားပြီး သူ၏မျက်ဝန်းများနှင့် စိတ်အစဉ်က ကြည်လင်သွားသည်။

ချွိစု၏ဓားဝိညာဉ်က ဆင့်ခေါ်ထားသော ပုံပျက်နေသည့် အချိန်နှင့်နေရာများ၊ ထူးဆန်းသော မြင်ကွင်းများက ဆက်လက်တည်ရှိနေပြီး ပို၍ပင် တည်ငြိမ်လာသည်။

မျက်စိတစ်ဆုံး အကွာအဝေးတွင် အနီရောင်ဖုန်မှုန့်များ၊ ထောင်သောင်းမကသော တစ္ဆေသရဲများ၏ အော်ဟစ်သံများနှင့် အဆုံးမရှိသော ငရဲပင်လယ်ကြီးများကို ရောထွေးလျှက် တွေ့မြင်ရသည်။

ထူးဆန်းသော မြင်ကွင်းများအားလုံး ရောယှက်လျှက် ရှိကြသည်။

ရန်ကျောက်ကဲ အောက်ဘက်သို့ ငုံ့ကြည့်လိုက်တော့ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ချီများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအနက်ရောင်ချီများက အမျှင်တန်းများကဲ့သို့ ရစ်ပတ်တွဲဆက်နေပြီး သူ့ရှေ့မှ လမ်းခြောက်သွယ် သံသရာလည်ခြင်းထဲသို့ ကျရောက်သွားကြသည်။

ထိုအနက်ရောင်ချီ အမျှင်တန်းများက သူ့ကို သံသရာလည်ခြင်းထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းနေဟန်ပင်။

ဤအရာအားလုံးမှာ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို တပြိုင်တည်း ဖြစ်ပေါ်နေစေသကဲ့သို့ ရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ကြီးမားသည့်တ်ခိုးစွမ်းအားကို အသုံးပြုရုံဖြင့် ဤအမျှင်တန်းများကို ဖြတ်တောက်နိုင်မည် မဟုတ်ပေ။

ထို့ပြင် ကျင့်ကြံသူတစ်ယောက် သတ်ဖြတ်ခဲ့သည့်အသက်များ များပြားလေ ကံကြမ္မာကြွေး အကျိုးပေး၏ ရစ်ပတ်ဆွဲငင်မှုက ပိုမိုပြင်းထန်လေ ဖြစ်သည်။

ထိုရစ်ပတ်မှုများ ပိုမိုနက်ရှိုင်းပြီး တင်းကျပ်လာလေ သံသရာလည်ခြင်းထဲသို့ ပိုမိုမြန်ဆန် ပြင်းထန်စွာ ကျရောက်သွားလေ ဖြစ်သည်။

ရန်ကျောက်ကဲသာ တကယ်တမ်း ဆွဲခေါ်ခံလိုက်ရပါက သူရင်ဆိုင်ရမည့်ရန်သူမှာ ချွိစုမဟုတ်တော့ဘဲ နှစ်ပေါင်းများစွာ လည်ပတ်နေသည့် သံသရာနှင့်ပြည့်နက်သော လောကတစ်ခု ဖြစ်သွားပေလိမ့်မည်။

ရန်ကျောက်ကဲက ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နတ်ဘုရားထောင်ချောက်ဓားကို သိမ်းပိုက်စဉ်က ဓားဗုဒ္ဓကို သတ်ဖြတ်ပြီး ချွိစုနှင့်လည်း တိုက်ခိုက်ခဲ့ဖူးသည်။

နတ်ဘုရားသုတ်သင်ဓားကို ပိုင်ဆိုင်ထားသည့် ကောင်းချင်းရွှမ်သည်ပင် ချွိစု၏ဓားချက်အား သီသီလေးသာ ရှောင်တိမ်းနိုင်ခဲ့သည်။

ရန်ကျောက်ကဲအနေဖြင့် မဟာသူတော်စင်ရွှေခန္ဓာကို ထုတ်ဖော်ပြီး ရူယိရွှေတုတ်ကို ကိုင်ဆောင်ထားလျှင်ပင် ဤအခြေအနေမျိုးကိုရင်ဆိုင်ရန် အလွန်ခက်ခဲပေမည်။

ကြီးမားသည့်စွမ်းအားကို အသုံးပြုပြီး လက်ရှိအခြေအနေကို ကျော်ဖြတ်ရန် ကြိုးပမ်းပါက ပိုမိုဆိုးရွားသွားမည် ဖြစ်သည်။

တန်ခိုးစွမ်းအား မလုံလောက်လျှင်လည်း လမ်းခြောက်သွယ် သံသရာလည်ခြင်းကို တန်ပြန်တွန်းလှန်ရန် အလွန်ခက်ခဲမည် ဖြစ်၏။

ရန်ကျောက်ကဲက သူ့ကို သံသရာစက်ဝန်းထဲ ဆွဲသွင်းနေသည့် အနက်ရောင်ချီများကို ကြည့်လိုက်သည်။

သူက ထိုအရာများမှ ရုန်းထွက်ရန်ကြိုးစားမည့်အစား လမ်းခြောက်သွယ် သံသရာလည်ခြင်း၏ ထူးဆန်းသော မြင်ကွင်းများဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ဤသည်ကိုမြင်တော့ ချွိစုရင်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

သူ သေချာစူးစိုက်ကြည့်လိုက်တော့ ရန်ကျောက်ကဲ၏ မျက်ဝန်းများတွင် အစိမ်းရောင်အလင်းများ တောက်ပနေကြောင်း တွေ့မြင်လိုက်ရပြီး ထိုအလင်းရောင်များက တဖြည်းဖြည်း သူ၏န္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

အစိမ်းရောင်အလင်းတန်းများက ပိုးချည်မျှင်တန်းများပမာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ရန်ကျောက်ကဲအား ဝန်းရံထားသော မြူနှင်းများပမာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက သူ၏လက်ကို ပင့်မြှောက်လိုက်ပြီး လမ်းခြောက်သွယ် သံသရာလည်ခြင်းဆီသို့ ဦးတည်လျှက် လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

သူ၏လက်သီးက ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ အချိန်ကိုသိမ်းပိုက်လျှက် အတိတ်နှင့်အနာဂတ်ကို ပိုင်စိုးကာ ပုံရိပ်ယောင်ပမာ လွှမ်းခြုံသွားသည်။

သို့သော် ရန်ကျောက်ကဲ၏လက်သီးချက် ထိုးစိုက်ချလိုက်သည့်အချိန်မှာပင် အဖြူရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုဓားအလင်းတန်းက နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း အရာအားလုံးကို ညှိုးနွမ်းပျက်ဆီးသွားစေသည့် ကြောက်မက်ဖွယ်ရာစွမ်းအားကို ဆောင်ကြဉ်းထားသည်။

လောကနိယာမ အခြေခံများအားလုံး ပြိုလဲပျက်ဆီးသွားပြီး အဆုံးသတ်သို့ ဦးတည်သွားသည်။ ထိုအချိန် စွမ်းအားများ အပြည့်အဝ ရောစပ်သါားပြီး အပြောင်းအလဲသစ်တစ်ခု ဖြစ်ပေါ်လာသည်။

ရန်ကျောက်ကဲမှာ အစိမ်းရောင်မြူခိုးများနှင့် ဖုံးလွှမ်းခံထားရပြီး အခိုးအငွေ့ဟင်းလင်းပြင်းတစ်ခုဖြင့် လွှမ်းခြုံခံထားရသည့်ပမာ ဖြစ်နေသည်။

အခိုးအငွေ့ဟင်းလင်းပြင်ထဲမှ ကြယ်စင်များက မှေးမှိန်သည့်အလင်းရောင်ဖြင့် လင်းလက်လျှက် ရှိသည်။ အခိုးအငွေ့ဟင်းလင်းပြင်က အစိမ်းရောင်မှ အဖြူရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် အဖြူရောင်မြူခိုးများက ရှေ့သို့ ရွေ့လျားသွားပြီး သူသွားလေရာနေရာတိုင်းတွင် လမ်းခြောက်သွယ် သံသရာလည်ခြင်း မြင်ကွင်းများမှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြီး အလုံးစုံ ပျက်သုဉ်းသွားသည်။

တစ်လောကလုံးအား တုန်လှုပ်စေမည့် တိုက်ကွက်များ ၊ ပြင်းထန်သော တုံ့ပြန်မှုများလုံးဝမရှိဘဲ အဖြူရောင် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုသာ ရှိနေသည်။

အခိုးအငွေ့ဟင်းလင်းပြင်က ချွိစု၏ဓားအလင်းတန်းနှင့် ထိတွေ့မိသည့်အခါ ရွှပ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။

ဤသည်က စက္ကန့်ပိုင်းအတွင်း နှစ်ဖက်ကြား အကြိမ်ထောင်ပေါင်းများစွာ ရိုက်ခတ်မိခြင်း၏ရလဒ် ဖြစ်သည်။

ရန်ကျောက်ကဲက သူ၏လျှို့ဝှက်ပညာရပ်များကို အသုံးပြုပြီး လမ်းခြောက်သွယ် သံသရာလည်ခြင်း မြင်ကွင်းများနှင့် ဓားဝိညာဉ်တို့ကို သန်းပေါင်းများစွာသော အစိတ်အပိုင်းများဖြစ်အောင် ခွဲခြမ်းကာ တစ်ခုချင်းစီကို ချိုးဖျက်ပစ်လိုက်သည်။

"ယွိချင်အဆက်အနွယ်ရဲ့ မူလကောင်းကင်ကျမ်းစာ၊ ထိုက်ချင်အဆက်အနွယ်ရဲ့ ထိုက်ယိလက်ဝါးသိုင်း၊ စန့်ချင်အဆက်အနွယ်ရဲ့ နတ်ဘုရားအဆုံးသတ်ဓား..."

မြင်ကွင်းကိုကြည့်ရင်း အရိပ်နတ်ဆိုးက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“သူက ကောင်းကင်နတ်ဘုရားအဆင့်တောင် မရောက်သေးဘူး ၊ တာအိုဝါဒရဲ့ အထွတ်ထိပ်ပညာရပ်တွေကို ပေါင်းစပ် အသုံးပြုနိုင်နေပြီပဲ”

မူလစိတ်ဝိညာဉ်နတ်ဆိုးက ဖြည်းညင်းသည့်လေသံဖြင့်...

“သူက ချွိစုရဲ့ သံသရာလည်ခြင်းဓားသိုင်းကို အတိအကျပဲ ဖိနှိပ်ထားနိုင်တာပဲ"

ရန်ကျောက်ကဲ၏ပုံရိပ်အား အဖြူရောင် အခိုးအငွေ့ဟင်းလင်းပြင်နှင့် ဖုံးအုပ်ထားသည်ဖြစ်ရာ သူ့အား သံသရာလည်ခြင်းထဲသို့ ဆွဲသွင်းနေသည့် အနက်ရောင်ကြိုးမျှင်တန်းများ ပြတ်တောက်သွားသည်။

အဖြူရောင်အလင်းတန်းမျးက အနက်ရောင်အမျှင်တန်းများအားလုံးကို တားဆီးထားသည်။

ဤသည်ကိုမြင်သည့်တိုင် ချွိစု၏မျက်ဝန်းများက ခံစားချက်ကင်းမဲ့ကာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူက ဗလာနယ်ထဲတွင် မတ်တတ်ရပ်ရင်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။

ထို့နောက်မှာတော့ သူ၏ဦးခေါင်းဆီမှ စိမ်းပြာရောင်ပိုးခြည်မျှင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။

မြင်ကွင်းကိုကြည့်ရင်း နေရာတွင်ရှိနေသူများအားလုံး မှင်တက်လျှက် ကြက်သေသေသွားကြသည်။

ချွိစုက နေရာမှာပင် မတ်တတ်ရပ်နေဆဲ ဖြစ်၏။

ဗုဒ္ဓဘာသာဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ဆံနွယ်ရှည်များက ပခုံးထက်သို့ကျဆင်းနေသဖြင့် သူ၏ပုံစံက အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များနှင့် မတူကွဲပြားလျှက် ရှိသည်။

ယခု သူ၏ဦးခေါင်းထက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းစက်ဝန်းတစ်ခု တောက်ပလာသည်။

သူ၏ဓားချီက မကြုံစဖူး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆုံးစွန်သော အမုန်းတရားနှင့် ဗုဒ္ဓအဆုံးအမကို နားလည်သဘောပေါက်ခြင်းမှာလည်း အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

ဤအရာနှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသော်လည်း အတူယှဉ်တွဲလျှက် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားကြသည်။

ဤသို့သော ပေါင်းစပ်ခြင်းက နှစ်ဖက်သွားဓားတစ်လက်နှင့် ဆင်တူသည်။

ချွိစုက လက်နှစ်ဖက်အား လက်အုပ်ချီသည့်ပုံစံ ပူးကပ်လိုက်ရာ သူ၏ဓားဝိညာဉ်က ရုတ်ချည်းပင် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

ရေက မီးကို ငြိမ်းသတ်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ရေကနည်းပြီး မီးက အားပြင်းနေပါက မီးကသာ ရေကို ပြန်လည်ဝါးမျိုသွားပေမည်။

ချွိစု၏ဓားဝိညာဉ်အောက်တွင် လမ်းခြောက်သွယ် သံသရာလည်ခြင်းက ပြန်လည်ဖြစ်ပေါ်လာပြီး ပိုမိုထူးဆန်းသော မြင်ကွင်းများကိုပင် ပြသလာသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်အမျှင်တန်းများစွာက မုန်တိုင်းတစ်ခုအလား ရန်ကျောက်ကဲထံသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

အဖြူရောင်အခိုးအငွေ့ဟင်းလင်းပြင်က ရန်ကျောက်ကဲ၏ခန္ဓာကိုယ်အား ဝန်းရံထားသည့်တိုင် ကံကြမ္မာကြွေးမှ ပြောင်းလဲလာသော အနက်ရောင်အမျှင်တန်းမျးက ကုန်ဆုံးခြင်းမရှိနိုင်အောင် များပြားလှသည်။

နောက်ဆုံး ရန်ကျောက်ကဲမှာ ထိုရေစီးကြောင်းများထဲသို့ စုပ်ယူခံလိုက်ရတော့၏။

ကြောက်မက်ဖွယ်ရာ လမ်းခြောက်သွယ် သံသရာလည်ခြင်းစွမ်းအားက ပါးစပ်ဟလိုက်ပြီး ရန်ကျောက်ကဲအား တစ်ချက်တည်းမျိုချရန် ကြိုးပမ်းလိုက်သည်။

အနက်ရောင်ချည်မျှင်တန်းများအောက်တွင် ထိုစွမ်းအားက ပါးစပ်ဟထားသည့် သားရဲကြီးတစ်ကောင်နှင့်ပင် ဆင်တူသည်။

ရန်ကျောက်ကဲရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။

သူ့ရှေ့တွင် သိပ်ပြီးရင်းနှီးခြင်းမရှိသည့်တိုင် စိမ်းသက်ခြင်းလည်းမရှိသော မျက်နှာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုသူများထဲမှအချို့မှာ အချိန်ရေစီးကြောင်း၏ မြစ်ကမ်းပါးတစ်လျှောက် ပျောက်ကွယ်သွားခဲ့သူများ ဖြစ်သော်လည်း ယခုအချိန်မှာတော့ ရန်ကျောက်ကဲရှေ့ ပြန်ပေါ်လာပြီး သူ့အား အတိတ်ကို ပြန်လည်သတိရသွားစေသည်။

All Chapters