← Chapters

အခန်း ၁၇၂၁

Vol. 123 Ch. 1721

အခန်း ၁၇၂၁

Vol. 123 Ch. 1721

အခန်း (၁၇၂၁) မင်းရဲ့ ခေါင်းကိုးလုံးကိုပဲ ရိုက်ခွဲပစ်ချင်တာ

ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်းကိုးလုံးက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မျက်လုံး (၁၈)လုံးကလည်း ပြူးကျယ်လျှက် ရက်စက်သည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

“မာန်တက်နေတဲ့ ကောင်စုတ် ၊ ငါ့ကို လာစွပေးမနေနဲ့ ၊ မင်းရဲ့ ကလေးကွက်တွေကိုရပ်ပြီး ငါ့ဆီက သင်ခန်းစာယူဖို့ ပြင်ထားလိုက်စမ်း”

ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲနှင့် အရိပ်နတ်ဆိုး၊ ချွိစုတို့၏ တိုက်ပွဲများကို မြင်တွေ့ခဲ့သည့်တိုင် သူ၏ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောက လျော့ပါးသွားခြင်းမရှိပေ။

သူက ရန်ကျောက်ကဲကို မျက်လုံးစွေကာ ကြည့်လိုက်ရင်း...

"မင်းက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်ကို စိန်ခေါ်နေတာဆိုတာ မင်းကိုယ်တိုင် ကောင်းကောင်းသိပါတယ် ၊ ဒါကြောင့် မင်းရဲ့ရတနာပစ္စည်းတွေနဲ့ လောင်းကြေးထပ်လိုက်စမ်းပါ ၊ မဟုတ်ရင် အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဆိုပြီး ငါ သိက္ခာကျမှာစိုးရိမ်လို့”

ထိုစကားကြားတော့ နီကျားက အော်ဟစ်ရယ်မောလိုက်ပြီး...

“မင်းကလာပြီး မောက်မာနေသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“မင်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တုန်းက ကောင်းကင်နတ်ဘုရား ဘယ်နှစ်ပါးကို အနိုင်ယူခဲ့ဖူးလို့လဲ ၊ မင်းတောင်မလုပ်နိုင်တဲ့အလုပ်ကို သူကလုပ်နိုင်တာ သူ့ကို အားနည်းတဲ့သူလို့ ပြောခွင့်မရှိဘူး”

ခေါင်းကိုးလုံးပိုးကောင်က ထူးဆန်းစွာ ရယ်မောလိုက်သည်။

“ဓားဗုဒ္ဓက မင်းကို ရှုံးသွားပေမယ့် သူက ငါနဲ့မတူဘူး”

သူက ဓားဗုဒ္ဓကိုသာထည့်ပြောပြီး အရိပ်နတ်ဆိုးအကြောင်းကိုတော့ ထည့်မပြောဘဲ ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။

“ငါ တခြား ဘာမှမလိုချင်ဘူး ၊ မင်းဘက်က ကြာပန်းစိမ်းရတနာအလံကို လောင်းကြေးထပ်မယ်ဆိုရင် ငါ မင်းရဲ့စိန်ခေါ်မှုကို လက်ခံမယ် ၊ လောင်းရဲလား"

ထိုစကားကြားတော့ ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများ မျက်ဝန်းများ အရောင်တောက်သွားကြသည်။

သူတို့က ရှေ့သို့ ထွက်မလာကြသည့်တိုင် လူအုပ်ကြီးတစ်ခုလုံးထံမှ ထွက်ပေါ်လာသည့် စွမ်းအားရောင်ဝါများဖြင့် ဖိအားပေးလိုက်သည့်အလား ဖြစ်သည်။

ဖန်းယွင်ရှန်းနှင့် တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများမှာ ရန်သူများ၏အငွေ့အသက်ကို ချက်ချင်း အာရုံခံမိပြီး ရုတ်တရက်ပင် အခြေအနေက တင်းမာသွားသည်။

ရန်ကျောက်ကဲကတော့ ရယ်မောလိုက်ပြီး...

“ဘာတွေ အလှုပ်ရှုပ်ခံနေတာလဲ ၊ တိုက်ပွဲမှာအနိုင်ရတဲ့သူက အသက်ရှင်ကျန်ရစ်မှာပဲလေ ၊ ဒီတော့ မင်းသာ ငါ့ကိုသတ်နိုင်ရင် ကြာပန်းစိမ်းရတနာအလံမပြောနဲ့ ငါပိုင်တဲ့အရာအားလုံး မင်းအပိုင်ဖြစ်မှာပဲ”

သူက ခေါင်းကိုးလုံးပိုးကောင်ကို လက်ညှိုးညွှန်ပြလိုက်ရင်း...

“မင်းရဲ့ အမှိုက်သရိုက်တွေကိုတော့ မင်းပဲသိမ်းထားလိုက် ၊ ငါ စိတ်မဝင်စားဘူး ၊ ငါက မင်းရဲ့ ခေါင်းကိုးလုံးကိုပဲ ရိုက်ခွဲပစ်ချင်တာ ၊ ဒီပွဲမှာ တစ်ယောက်ပဲ အသက်ရှင်ကျန်စေရမယ် ၊ မင်း လောင်းရဲလား”

ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

“လာခဲ့စမ်း... ငါ မင်းကို ငရဲပိုးပေးမယ်”

စကားဆုံးသည်နှင့် သူက ကောင်းကင်ကိုးထပ်လေပြင်းကို ဆင့်ခေါ်လိုက်ပြီး ရန်ကျောက်ကဲရှေ့သို့ ရုတ်ချည်းပင် ရောက်ရှိလာသည်။

နီကျားက ခေါင်းကိုးလုံးပိုးကောင်၏ အလစ်တိုက်ခိုက်မှုအတွက် ရွံရှာမုန်းတီးစွာဖြင့် အော်ဟစ်လိုက်သည်။

သူက ရန်ကျောက်ကဲကိုယ်စား တိုက်ပွဲထဲဝင်ရောက်ရန် ကြိုးပမ်းသော်လည်း တာအိုသခင်'လုယာ'က တားဆီးလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်ကတော့ နီကျား၏ ဆဲဆိုသံကို ခေါင်းထပင်မထည့်ပေ။

ခေါင်းကိုးလုံးပိုးကောင်က စတင်တိုက်ခိုက်သည်နှင့် သူ၏မောက်မာရိုင်းပျမှုများကိုစွန့်လွှတ်လိုက်ပြီး အေးစက်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသာလျှင် ကျန်ရစ်ခဲ့သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“နောက်မှ ထွက်မပြေးနဲ့နော်...”

စကားဆုံးသည်နှင့် သူ၏မျက်ဝန်းထဲတွင် အစိမ်းရောင်အင်းသင်္ကေတပုံစံများ ထွက်ပေါ်လာသည်။

ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲအား လခြမ်းလှံရှည်ဖြင့် ထိုးနှက်လိုက်ချိန် သူက နောက်မဆုတ်ဘဲ ရှေ့သိုသာ တိုးဝင်သွားပြီး ခြေလှမ်းတစ်လှမ်းရွှေ့ကာ လှံရှည်၏တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်သည်။

ထို့နောက် သူက လှံရိုးကိုဆွဲကိုင်မြှောက်လိုက်ပြီး ရန်သူ၏တိုက်ကွက်ကို ရပ်တန့်စေလိုက်သည်။

နှစ်ဖက်ထိပ်တိုက်တွေ့သည်နှင့် ပတ်ဝန်းကျင်ဗလာနယ်တုန်ခါသွားပြီး ရန်ကျောက်ကဲက လခြမ်းလှံရှည်ကို အားကုန်သုံးကာ တွန်းဖယ်ပစ်လိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်၏ရင်ဘတ် အကာအကွယ်မဲ့သွားချိန် သူက ကျန်လက်တစ်ဖက်ဖြင့် ချက်ချင်းပင် ရိုက်ချလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကိုကာကွယ်ရန် လက်တစ်ဖက်အား ရင်ဘတ်ထက်တွင် ကန့်လန့်ဖြတ်ထားလိုက်သည်။

ကျယ်လောင်သည့်အသံများအောက်တွင် တန်ခိုးစွမ်းအားရှင်နှစ်ယောက် ထပ်မံအားပြိုင်ကြပြန်သည်။

ရန်ကျောက်ကဲ အနည်းငယ်ယိမ်းယိုင်သွားပြီး ခေါင်းကိုးလုံးပိုးကောင်ကတော့ နောက်သို့ အနည်းငယ် ခြေတစ်လှမ်းဆုတ်သွားရသည်။

"ယွိချင်အဆက်အနွယ် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၊ ထိုက်ချင်အဆက်အနွယ် သိုင်းပညာ ၊ နတ်ဘုရားသုတ်သင်ဓားသိုင်း”

ခေါင်းကိုးလုံးပိုးကောင်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည်။

"ဒါဟာ စန်းချင်း(၃)ပါး သိုင်းပညာရပ်တွေကို ပေါင်းစပ်ပြီး မူလကောင်းကင်ကျမ်းစာနဲ့ ဖြည့်စွက်ဖန်တီးထားတဲ့ အသစ်စက်စက် ထိပ်တန်းသိုင်းပညာတစ်ရပ်ပဲ”

ခေါင်းကိုးလုံးပိုးကောင်အတွက် ယနေ့တိုက်ပွဲက ရန်ကျောက်ကဲနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း မဟုတ်ပေ။

ရန်ကျောက်ကဲ ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းကို အောင်မြင်ခဲ့သည့် အစောပိုင်းအချိန် ၊ နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲမတိုင်ခင် သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့ဖူးကြသေးသည်။

ထိုအချိန်က ရန်ကျောက်ကဲက ခေါင်းကိုးလုံးပိုးကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် နတ်ဘုရားဓားများကို အားကိုးခဲ့ရသည်။

ယခုတော့ ရန်ကျောက်ကဲက ခေါင်းကိုးလုံးမဟာသူတော်စင်အား လက်ဗလာဖြင့် တိုက်ခိုက်နေပြီ ဖြစ်၏။

တိုက်ပွဲကို အသာစီးရယူပြီးသည်နှင့် ရန်ကျောက်ကဲက ပြိုင်ဘက်ကို လုံးဝ အခွင့်အရေး မပေးတော့ပေ။ သူက ရှေ့ဆက်တိုးပြီး ခေါင်းကိုးလုံးပိုးကောင်အား အရှိန်အဟုန်ပြင်းစွာ လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

ခေါင်းကိုးလုံးပုံးကောင်၏စွမ်းအားက သာမန်မဟုတ်ပေ။

သူက အန္တရယ်နှင့်ကြုံတွေ့ရသည့်တိုင် တုန်လှုပ်ခြင်းမရှိဘဲ ကောင်းကင်ကိုးထပ်လေပြင်းကို ဆင့်ခေါ်လိုက်သည်။

မိုးကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သည့် မုန်တိုင်းများက အရပ်မျက်နှာပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ရန်ကျောက်ကဲထံသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသော ချီစွမ်းအားများကို မြှင့်တင်လိုက်ပြီး ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာတို့ကို တပြိုင်တည်း ထုတ်ဖော်ကာ ကြောက်မက်ဖွယ်ရာ လေပြင်းများကို ခုခံလိုက်သည်။

“ဟင်...”

ခေါင်းကိုးလုံးပိုးကောင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာတို့က တာအိုဝါဒ၏ အကောင်းဆုံး ခံစစ်သိုင်းပညာရပ်များ ဖြစ်သည်။

သို့သော် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါး၏တိုက်ခိုက်မှုကို ခုခံနိုင်သည်အထိ လူတိုင်းအသုံးပြုနိုင်သည်တော့ မဟုတ်ပေ။

ခေါင်းကိုးလုံးပိုးကောင် အာရုံစူးစိုက်ကြည့်လိုက်သည့်အခါ ရန်ကျောက်ကဲ၏ချီစွမ်းအားများအောက်တွင် ယွိချင်အဆက်အနွယ် ကနဦးကောင်းကင်ကျမ်းစာ (၆)စောင် ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော အခြေခံအုတ်မြစ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူနှင့် မူလကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခြင်းမှာ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိခြင်း၏ မှတ်တိုင် ဖြစ်သည်။

အမတချီစွမ်းအားကို အမတပန်းပွင့်သရဖူအဖြစ် အဆင့်မြှင့်တင်ကာ နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးခြင်း ဖြစ်၏။

ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်၏ အမတချီစွမ်းအားမှာ ကောင်းကင်နတ်ဘုရားအဆင့်၏ အမတပန်းပွင့်သရဖူကို ထိုးဖောက်ရန် ခက်ခဲလှသည်။

ဆန့်ကျင်ဘက်အနေဖြင့် အမတပန်းပွင့်သရဖူကတော့ အမတချီစါမ်းအားကို ထက်မြက်စွာ ချိုးဖျက်နိုင်စွမ်းရှိသည်။

သို့ဖြစ်ရာ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးအနေဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို ခုခံနိုင်မည် ဖြစ်သော်လည်း တန်ခိုးစွမ်းအားကိုတော့ ပိုမိုသုံးစွဲရမည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏ အမတချီစွမ်းအားများကတော့ ကုန်ခမ်းနိုင်ခြင်း မရှိပေ။

သူကိုယ်တိုင် တီထွင်ဖန်တီးထားသည့် သိုင်းပညာများနှင့် သူပိုင်ဆိုင်ထားသည့် အသိပညာရပ်များကြောင့် သူ၏တန်ခိုးစွမ်းအားသည်လည်း ပိုမိုသာလွန်သောအဆင့်တွင် ရှိနေသည်။

သူက ခေါင်းကိုးလုံးပိုးကောင်ထက်ပင် တန်ခိုးစွမ်းအားကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

အမတချီစွမ်းအားမှာ အမတပန်းပွင့်သရဖူကို ထိခိုက်စေရန် ခက်ခဲသော်လည်း ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရချိန်မှာတော့ ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် ခေါင်းကိုးလုံးပိုးကောင်မှာ သူ့အား သိသိသာသာ ထိခိုက်အောင် ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။

ခံစစ်စွမ်းအားနှစ်ခုကို ပေါင်းစပ်အသုံးပြုပြီးနောက်က ရန်ကျောက်ကဲက အခြေအနေကို အသာစီးရယူပြီး လေပြင်းများကိုချေဖျက်ကာ ခေါင်းကိုးလုံးပိုးကောင်၏ရင်ဘတ်ကို ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။

တိုက်ပွဲ၏ ကနဦးပိုင်း အသာစီးရမှုကို အပြည့်အဝအသုံးချပြီး အမြင့်ဆုံးအထိ ဆွဲတင်လိုက်နိုင်သည်။

ခေါင်းကိုးလုံးပိုးကောင်မှာ ရွေးချယ်စရာမရှိဘဲ နောက်သို့သာ ဆက်တိုက်ဆုတ်ခွာပေးနေရသည်။

ရန်ကျောက်ကဲကတော့ ရှေ့သို့ ဆက်တိုက်တိုးဝင်တိုက်ခိုက်ရင်း ခေါင်းကိုးလုံးပိုးကောင်အား အရှိန်အဟုန်ဖြင့် ဖိအားပေးလျှက် ရှိသည်။

ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လက်သီးချက်တစ်ချက်ထိုးသွင်းတိုင်း ခေါင်းကိုးလုံးပိုးကောင်၏အားနည်းချကက ပိုမိုကြီးမားလာသည်။

ဟုတ်ပေ၏။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်မှာ သူ၏ ကြွယ်ဝသော တိုက်ခိုက်စွမ်းရည် ၊ အတွေ့အကြုံနှင့် ထူးချွန်သည့်သိုင်းပညာကြောင့်သာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ အသာစီးရနေသည်ကိုတော့ သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

တဖြည်းဖြည်း ခေါင်းကိုးလုံးပိုးကောင်၏ခံစစ်စွမ်းအားတွင် အားနည်းချက်များ ပိုမိုများပြားလာသည်။

တိုက်ပွဲကိုကြည့်ရှုနေသူအားလုံး၏ မျက်နှာများက တည်ကြည်လေးနက်နေကြသည်။

မဟာဉာဏ်အလင်းဗောဓိသတ္တက လက်အုပ်ချီလိုက်ရင်း...

“အရင်တိုက်ပွဲနှစ်ခု ဆက်တိုက် တိုက်ခိုက်ပြီးတာတောင် သူ့မှာ ဒီလောက် တန်ခိုးစွမ်းအားတွေ ကျန်နေသေးတာလား”

အရိပ်နတ်ဆိုးနှင့် တိုက်ခိုက်နိုင်ခြင်းမှာပင် အံ့အားသင့်စရာကောင်းနေပြီ ဖြစ်သည်။ အရိပ်နတ်ဆိုးသာ အမှားတစ်ခုခု လုပ်မိပါက ပြန်လည်နာလန်ထူရန် ခက်ခဲပေလိမ့်မည်။

သို့သော် ချွိစုနှင့် တိုက်ပွဲမှာတော့ အနိုင်အရှုံးကို အချက်အနည်းငယ်အတွင်း အဆုံးအဖြတ် ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုတိုက်ပွဲ၏စွန့်စားရမှုက လူတိုင်းစိတ်ကူးနိုင်သည်ထက် ကျော်လွန်သည်။

ချွိစု၏ သံသရာလည်ခြင်းဓားသိုင်းက ထူးခြားသည်သဘာဝရှိသည်ဖြစ်ရာ အနိုင်အရှုံးက ဆံချည်တစ်မျှင်ကဲ့သို့ နီးကပ်လွန်းလှသည်။

ရန်ကျောက်ကဲသာ ချွိစု၏ဓားကို မချိုးဖျက်နိုင်ခဲ့ပါက အဆုံးမရှိသော ဆင်းရဲဒုက္ခများဖြင့် သံသရာထဲသို့ ချက်ချင်းပင် ဆွဲသွင်းခံရပေလိမ့်မည်။

သို့သော် သံသရာလည်ခြင်းဓားကို ချိုးဖျက်ပြီး ကံကြမ္မာကြွေးကို နှိမ်နင်းလိုက်ခြင်းမှာ တစ်ခဏတာမျှသာ ဖြစ်သော်လည်း လူတစ်ဦးအတွက် တန်ခိုးစွမ်းအားသုံးစွဲရမှု အလွန်ကြီးမားလှသည်။

ဟုတ်ပေ၏။

ခေါင်းကိုးလုံးပိုးကောင်က သံသရာလည်ခြင်းဓားသိုင်းကို ချိုးဖျက်ခြင်းက စွမ်းအားများစွာကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိထားသည်။

ထို့ပြင် ရန်ကျောက်ကဲက အရိပ်နတ်ဆိုးနှင့် ချွိစုတို့ကို ဆက်တိုက်အနိုင်ယူထားသဖြင့် စွမ်းအားလျော့နည်းနေမည်ဟု ခန့်မှန်းမိသဖြင့် စိန်ခေါ်ပွဲကို လက်ခံခဲ့ခြင်း ဖြစ်သည်။

သူပါးနပ်စွာဖြင့် အလစ်တိုက်ခိုက်လိုက်ခြင်းမှာလည်း ဤအကြောင်းရင်းများကြောင့်ပင် ဖြစ်သည်။

ဤနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်က သူ့ရှေ့မှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ပြိုင်ဘက်ကို လုံးဝ အထင်မသေးရဲခဲ့ပေ။

ရန်ကျောက်ကဲက အခြားသူများ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုအားကောင်းနေသည် မဟုတ်ပါလား။

အရိပ်နတ်ဆိုးနှင့် ချွိစုတို့ကို ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ရန်ကျောက်ကဲက ယခင်ကတိုက်ခိုက်သည့်ပုံစံကို အသုံးမပြုဘဲ ပြင်းထန်သည့်စွမ်းအားဖြင့် ရန်သူကို ရင်ဆိုင်ခဲ့သည်။

သို့သော် ခေါင်းကိုးလုံးပိုးကောင်နှင့်တိုက်ပွဲမှာတော့ သူက ချဉ်းကပ်ပုံပြောင်းလဲလိုက်ပြီး ဒီရေလှိုင်းများကဲ့သို့ မရပ်နားသည့်တိုက်ခိုက်မှုများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။

ဟုတ်ပေ၏။

ချဉ်းကပ်ပုံကွဲပြားသည့်တိုင် ရလဒ်ကတော့ အတူတူပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

All Chapters